← Chapters

မိုးမြေဧကရာဇ်

Vol. 13 Ch. 1265

မိုးမြေဧကရာဇ်

Vol. 13 Ch. 1265

ပိုင်ရှောင်ချန်းမှာ အပြင်ဘက်ကမ္ဘာတွင် ဖြစ်ပျက်နေသော အရာကို မမြင်နိုင်သည်သာမက ယခုလောလောဆယ်တွင် စိတ်လည်းမဝင်စားပေ။ ဗဟိုဘိုးဘေးကြီးနှင့် သူ၏တိုက်ပွဲက သူ့ကို ပင်ပန်းနွမ်းနယ်စေခဲ့သော်လည်း ကံကောင်းထောက်စွာ သူ၏ပြန်လည်ကုစားခြင်းစွမ်းအားများက အလုပ်လုပ်နေပြီဖြစ်လေသည်။

တော်သေးသည်မှာ သူက ချုပ်နှောင်စာရွက်၏ပြုပြင်မှု ပြီးမြောက်စေရန် လိုအပ်လျှင် ဆို၍ ကျင့်ကြံခြင်းအခြေစွမ်းအားမြောက်မြားစွာ မဆုံးရှုံးအောင် ထိန်းသိမ်းနိုင်ခဲ့လေသည်။

" ဗဟိုဘိုးဘေးကြီးက ထာဝရအပိုင်းရဲ့ ခြောက်တွဲမြောက်ကို ငါ့ယင်အင်္ဂါငါးခုထဲ ထည့်ပေးခဲ့တာ ဖြစ်ရမယ် "

သူက တွေးတောကာ တဟုန်ထိုးသွားနေရင်း သူ၏ခန္ဓာကိုယ်ထဲ ငါးရောင်ခြယ်အလင်းမှုန်လေးများ ရှိကြောင်း အတည်ပြုလိုက်၏။

၄င်းတို့က နွေးထွေးသော်လည်း ထိုသည်ကလွဲ၍ သိပ်ထူးခြားပုံမရပေ။ ကံဆိုးစွာပင် ယခုအခိုက်အတန့်၌ ထိုအကြောင်း စဥ်းစားရန် အချိန်မရှိပေ။

လက်ကျန်ခရီးလမ်းက ပိုင်ရှောင်ချန်း ထင်ထားခဲ့သည်နှင့် များစွာ ခြားနားလေသည်။ အရိပ်တစ္ဆေတစ်ကောင်တလေမှ ပေါ်မလာခဲ့ပေ။ ၄င်းတို့မှာ ဤနေရာတွင် ဖြစ်ပေါ်နိုင်စွမ်းမရှိသည့်အလားပင်။

သို့သော် ထိုသည်က သူ့ကို စိတ်လေးနေသည်အား လျော့ကျသွားအောင် မစွမ်းဆောင်နိုင်ပေ။ သံယောဇဥ်မဲ့လူသား၏ဒန်တျန်နယ်ပယ်ထဲတွင် ကြောက်ခမန်းလိလိ စွမ်းအားကြီးသော ရန်သူတစ်ယောက်ကို ရင်ဆိုင်ရလိမ့်မည်ဟု သူ ခံစားနေရဆဲ ဖြစ်သည်။

၄င်းက လောကနတ်ဘုရားတစ်ပါးသာ စွမ်းဆောင်နိုင်သော ခံစားချက်တစ်ခု ဖြစ်ပြီး ထိုစိုးရိမ်မှုကြောင့် သူ၏အပြင်ခန္ဓာ ကောင်းကောင်းပြန်လည်သက်သာသွားသည့်တိုင်အောင် အတန်ငယ် အရှိန်လျှော့လိုက်၏။ သို့သော် အချိန်ဆွဲခြင်းက များသောအားဖြင့် ပြဿနာကို ဦးတည်တတ်ကြောင်း သိသဖြင့် နောက်ဆုံး အရှိန်တင်လိုက်တော့သည်။

အပြင်ဘက် ထာဝရအင်မော်တယ်နယ်မြေများရှိ လူများမှာ ပိုင်ရှောင်ချန်းကို ကိုယ်စားပြုသည့်အလင်းက ဒန်တျန်နယ်ပယ်ကို ရောက်နေကြောင်း မြင်ရလေသည်။ ပိုင်ရှောင်ချန်းအတွက်မူ သူ မြင်သမျှအားလုံးက ဧရာမဟင်းလင်းပြင်ကြီးတစ်ခုပင်။

၄င်းမှာ အမှောင်ထုသမုဒ္ဒရာတစ်စင်း သို့မဟုတ် မဟူရာကောင်းကင်တစ်ခုနှင့်အလားသဏ္ဍာန် တူလေသည်။ ၄င်းက အကန့်အသတ်မရှိ၊ အဆုံးအစမရှိဘဲ သူလုပ်ရန် လိုအပ်သည်မှာ ထိုဟင်းလင်းပြင်ထဲသာ သူ ဝင်ရောက်သွားပါက သွေးဆက်ချုပ်နှောင်စာရွက်က သံယောဇဉ်မဲ့လူသား၏နဖူးမှ သူ၏ဒန်တျန်နယ်ပယ်အထိ တောက်လျှောက်ပြုပြင်ပြီးသွားမည် ဖြစ်ကြောင်း သူ သိလေသည်။

သို့သော် သူ ထိုသို့လုပ်ရန် တွေးနေချိန်မှာပင် ရှေးပဝေသဏီကာလများဆီမှ သက်ပြင်းချသံအလား သူ့ကို စကားပြောနေသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်၏။

သက်ပြင်းချသံနှင့်အတူ ပိုင်ရှောင်ချန်းအား ဟင်းလင်းပြင်ထဲ ဝင်ရောက်ခြင်းမှ တားဆီးလိုက်သော အဟန့်အတားတစ်ခုသဖွယ် စွမ်းအားကြီး ရောက်ချလာ၏။

ပိုင်ရှောင်ချန်းမှာ ကွက်ခနဲ မျက်နှာပျက်သွားကာ ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း အဟန့်အတားကို ထိုးဖောက်မသွားနိုင်ကြောင်းသာ တွေ့လိုက်ရလေသည်။ ဤသည်မှာ ထာဝရပြုစားခြင်းသိုင်းက အတားအဆီးမန္တန်တစ်ခုကို ထိုးဖောက်ရာတွင် ပထမဆုံးအကြိမ် မအောင်မြင်ဖူးခြင်း ဖြစ်သည်။

အဟန့်အတားကို ထုနှက်ပြီးနောက် သူက ရင်တဒိန်းဒိန်းခုန်နေလျက် နောက်ပြန်ဆုတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် အဝေးတွင် ပုံရိပ်တစ်ခုပေါ်လာသည်ကို သူ သတိထားမိလိုက်၏။

၄င်းက ပိုင်ရှောင်ချန်းကို ကျောပေး၍ တင်ပျဥ်ခွေထိုင်နေသော အမျိုးသားတစ်ယောက် ဖြစ်သည်။ သူက တော်ဝင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး အင်ပါယာသရဖူကို ဆောင်းထားကာ ဥာဏ်မမီနိုင်လောက်အောင် နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းအခြေခံတစ်ခု ရှိလေသည်။ သူ့ကို ကြည့်ရုံလေးက ပိုင်ရှောင်ချန်း၏စိတ်ထဲအထိ နာကျင်မှုများ ပို့လွှတ်လိုက်ရာ သူ ရင်တဒိန်းဒိန်းခုန်လာေတာ့သည်။

အမှန်တွင် နောက်ထပ်ရန်သူတစ်ယောက် တွေ့မည်ဟု သူ မှန်းဆထားခဲ့ပြီးဖြစ်ပြီး မည်သူဖြစ်လိမ့်မည်ကိုပင် ခန့်မှန်းထားခဲ့ပြီး ဖြစ်လေသည်။ ကံဆိုးစွာပင် ထိုလူမှာ သူ လုံးဝမကြုံတွေ့ချင်သော လူတစ်ယောက် ဖြစ်နေတော့သည်။

သူက အလွန်အရုပ်ဆိုးသောအမူအရာဖြင့် ကြည့်နေစဥ် ထိုပုဂ္ဂိုလ်က သူ့ကိုလှည့်ကြည့်လိုက်ရာ လူသားတို့ထက်သာလွန်သော ဖြစ်တည်မှုတစ်ခု၏ အရှိန်အဝါများ ထုတ်လွှတ်နေသော ချောမောခန့်ညားပြီး ဖြောင့်မတ်တည်ကြည်သည့် မျက်နှာတစ်ခု ပေါ်လွင်လာလေသည်။

သူ့ရုပ်သွင်က ဒေါသမထွက်ပါလျက် ကြောက်မက်ဖွယ်ကောင်းပြီး ပထဝီမြေကြီးပျက်သုဥ်း၍ မိုးကောင်းကင်တို့ ဖျက်ဆီးခံနေရသည့်တိုင် မတုန်မလှုပ်စောင့်ကြည့်နိုင်စွမ်း ရှိပုံပေါ်လေသည်။ သူသည်ကား ....

" အင်မော်တယ်ဧကရာဇ် လောကတာအို … "

ပိုင်ရှောင်ချန်းက နာကျင်စွာ ဖြေးဖြေးချင်း ပြောသည်။ ဤကဲ့သို့ပြိုင်ဘက်တစ်ယောက်ကို အနိုင်မယူနိုင်ကြောင်း ကောင်းကောင်းသိဖြင့် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ လောကတာအိုအတွက် သူက ဘယ်နည်းနှင့်မှ ပြိုင်ဘက် မဖြစ်နိုင်ပေ။

သို့သော် သူ့နှလုံးသားထဲတွင် မျှော်လင်ချက်အနည်းငယ်တော့ ရှိနေသေးသည်။ သူ ရင်ဆိုင်ခဲ့သည့် ယခင်ပြိုင်ဘက်များအားလုံး သူတို့အသက်ရှင်စဥ်က ရှိခဲ့သည်ထက် များစွာ ပို၍အားနည်းသည် မဟုတ်ပါလော။ ထိုမျှသာမက လောကတာအို၏ ကျန်ရှိသောအသိစိတ်အနည်းငယ်ဖြင့် ဆက်သွယ်၍ရမည်လား ကြည့်ချင်လေသည်။

သူ စကားမပြောနိုင်ခင် လောကတာအို၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီး လက်ညှိုးကို ပိုင်ရှောင်ချန်းထံ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အလင်းတန်းတစ်တန်းက လေဟုန်ခွင်း၍ သူ့ထံ ပြေးဝင်သွားလေသည်။

" လောကနတ်ဘုရားအလင်း "

ပိုင်ရှောင်ချန်းက ရိပ်ခနဲနောက်ဆုတ်ကာ ပြောလိုက်၏။ တခဏကြာသော် ယခုလေးတင် သူ ရပ်နေခဲ့သည့်နေရာမှာ လောကနတ်ဘုရားအလင်း၏ ဖျက်စီးခြင်း ခံလိုက်ရတော့သည်။

" လောကနတ်ဘုရားအလင်းက ရတနာယပ်တောင်ထဲမှာရှိတဲ့ ကျားခုံက မှော်အတတ်တစ်ခု မဟုတ်ဘူးလို့ မပြောနဲ့နော်။ လောကတာအိုက အဲဒီနေရာမှာ ထားခဲ့တာလား။ ဒါဆို တကယ်ဆိုရင် အဲဒါကို မိုးမြေဧကရာဇ်အလင်းလို့ ခေါ်သင့်တာ၊ ဟုတ်တယ်မလား "

သူသည် လောကတာအို၏မှတ်ဉာဏ်တချို့ကို ရိပ်ခနဲ မြင်ခဲ့သော်လည်း သူအသုံးပြုနိုင်သော နတ်ဘုရားအစွမ်းများ၊ မှော်သိုင်းများနှင့်ပတ်သက်၍ မည်သည့်အချက်အလက်မှ မရရှိခဲ့ပေ။ သူမြင်နေရသော အရာအပေါ် အခြေခံ၍ ရတနာယပ်တောင်နှင့်ပတ်သက်သော သူ၏ထင်မြင်ချက်များအချို့ မှားနေပုံရလေသည်။

သူ နောက်သို့ ပျံလိုက်ချိန်မှာပင် လောကတာအိုက လက်ကိုဝှေ့ယမ်းကာ သေကွင်းသေကွက်များသို့ ဦးတည်၍ လောကနတ်ဘုရားအလင်းများ သူ့ထံ ပို့လွှတ်လိုက်တော့သည်။ အလင်းတန်းတစ်တန်းစီက အန္တရာယ်အငွေ့အသက်များကို ထုတ်လွှတ်နေရာ ၄င်းတို့ကို ရှောင်တိမ်းရန် သူ ဘယ်ညာယိမ်းနေရတော့သည်။ ဤအခိုက်အတန့်တွင် သူနှင့် တိုက်ခိုက်စဥ်က အယောင်ဆောင် မိစ္ဆာဧကရာဇ် ခံစားခဲ့ရသည့် တူညီသော မချင့်မရဲဖြစ်မှုများအား ကြုံတွေ့နေရလေသည်။

လောကနတ်ဘုရားအလင်းများမှာ များပြားလွန်းသည်။ လောကတာအို စိတ်တိုင်းကျဆင့်ခေါ်နိုင်သည့်အလား အဆုံးအစရှိဟန်မတူဘဲ လမ်းကြောင်းပေါ်ရှိ မည်သည့်အရာကိုမဆို ဖျက်စီးပစ်နိုင်သော ဖျက်စီးခြင်းမိုးပေါက်များအား ဖန်တီးနေတော့သည်။

ပိုင်ရှောင်ချန်းမှာ ထွက်သာပြေးနိုင်လေတော့၏။ သို့ပေမည့် တစ်ခဏကြာသော် သူက အော်လိုက်သည်။

" လောကနတ်ဘုရားအလင်း ဒီတော့ ဘာဖြစ်တုန်း "

သူက အိတ်ကိုပုတ်၍ ရောင်စုံမီးတောင်တချို့ကို ဆင့်ခေါ်လိုက်သည်။ အရောင်နှစ်ဆယ်။ နှစ်ဆယ့်တစ်။ နှစ်ဆယ့်နှစ် ... နှစ်ဆယ့်ခုနစ်အထိ တစ်လျှောက်။

ဤအရာများက သုံးဆယ်ရောင်ခြယ်မီးတောင်ကို ဖန်တီးနေခဲ့တုန်းက အကြွင်းအကျန်များ ဖြစ်သည်။ သူက တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ၄င်းတို့ကို ပစ်ပေါက်လိုက်ရာ လောကနတ်ဘုရားအလင်းကို လျော့ပါးသွားစေသော ဧရာမမီးတောက်ပင်လယ်ကြီးတစ်စင်းကို ဖန်တီးလိုက်တော့သည်။

ထိုသို့ဖြစ်ပျက်နေသည်အား မြင်သောအခါ သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

" ဒီတော့ ငါတွေးထားတဲ့အတိုင်းပဲ။ ပိုပြီးအားနည်းနေတယ်။ ကြည့်ရတာ ဒီတိုက်ပွဲကို ငါနိုင်နိုင်လောက်တယ် "

မှန်ကန်ကြောင်း သူ အခိုင်အမာယုံကြည်ကာ လှုပ်ရှားရန် ပြင်နေသည့်ဆဲဆဲ လောကတာအို၏မျက်လုံးများ လင်းလက်သွားပြီး ဘယ်လက်ဝါးကို တွန်းထုတ်လိုက်၏။ ချက်ချင်းပင် သူ့လက်သည် ရေဖြင့် ပြုလုပ်ထားသည့်အလား ထွင်းဖောက်၍ မြင်ရလုမတတ် ကြည်လင်သွား၏။ ထို့နောက် ၄င်းက မရေမတွက်နိုင်သော ရေစက်များကို ထုတ်လွှတ်လိုက်တော့သည်။

ရေစက်များက လျင်မြန်စွာ မြစ်တစ်စင်းအဖြစ်ပြောင်းသွားပြီး ဧရာမနဂါးကြီးတစ်ကောင်ပမာ ရှေ့နောက်ယိမ်းထိုးသွား၏။

ရေစက်တစ်စက်စီတိုင်းက မယုံကြည်နိုင်ဖွယ်စွမ်းအားများဖြင့် အသက်ဝင်နေပြီး ပတ်ဝန်းကျင်တွင် ပြင်းထန်သောဖိအားများ ထုတ်လွှတ်နေလေသည်။

ထို့ပြင် အေးစိမ့်ချီများသည်လည်း ရောင်စုံမီးပင်လယ်ကို တစ်ဝက်ကျော်ငြိမ်းသွားသည့်အထိ ဖိနှိပ်ကာ ထွက်ပေါ်လာသည်။

ထိုအချိန် လောကနတ်ဘုရားအလင်း နောက်တစ်ကျော့ ပြန်ထွက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ဒေါသူပုန်ထနေသောမြစ်၏ မြင်ကွင်းကြောင့် ခါးခါးသီးသီးရယ်ရင်း နောက်တစ်ဖန် နောက်ဆုတ်လိုက်ရပြန်သည်။ ဤအခိုက်အတန့်တွင် ဤသည်မှာ ရတနာယပ်တောင်၏မျက်နှာအတွင်း လောလောဆယ်တည်ရှိနေသော မြစ်ဖြစ်ကြောင်း ပြောနိုင်သဖြင့် သူ၏ယခင်ထင်မြင်ချက်များကို အတည်ပြုလိုက်တော့သည်။ စိတ်ပိုင်းဖြတ်ထားခြင်းဖြင့် သူ့မျက်လုံးများ တောက်ပနေလျက် လက်ကိုဝှေ့ယမ်းကာ လေးခုမြောက် အဓိကနတ်ဘုရားအတတ်ဖြစ်သော ဆွဲအားဇီဝိန်ခြွေအတတ်ကို ထုတ်လွှတ်လိုက်၏။

အချိန်များနှေးကွေးသွားကာ မြစ်ရေများ ချက်ချင်းငြိမ်ကျသွားပြီး မြစ်ရေစီးဆင်းမှု လျော့ကျသွားသည်။

သူ၏ဆွဲအားဇီဝိန်ခြွေအတတ်မှာ အနှစ်သာရမှော်ပညာတစ်ရပ်ဖြစ်ပြီး လောကတာအိုကဲ့သို့ ပြိုင်ဘက်တစ်ယောက်နှင့် ယှဥ်ပြိုင်ပါက သေချာပေါက် ခဏသာခံလိမ့်မည်ကို သူ သိသည်။ သူ ရင်ဆိုင်ရသည့် ရန်သူတွင် လောကတာအို၏ စစ်မှန်သော အတိုက်အခိုက်စွမ်းရည် မရှိလျှင်တောင်မှ သူ့ကိုချေမှုန်းရန် လုံလောက်သေး၏။ ထို့ကြောင့် သူက ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ လောကတာအိုထံ ပြေးဝင်လိုက်သည်။

" ခင်ဗျား ဒီမှာ တချိန်လုံး ထိုင်နေခဲ့တာပဲ။ ကျုပ်သာ ခင်ဗျားအနားကပ်နေရင် လောကနတ်ဘုရားအလင်းကို သုံးဖို့လွယ်မှာမဟုတ်တော့ဘူး။ အနီးကပ်တိုက်ဖို့...အချိန်ကျပြီ "

သူက အံတင်းတင်းကြိတ်၍ အနားကပ်သွားရာ လောကတာအို မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်ကိုသာ မြင်လိုက်ရလေသည်။ ညာလက်ကို ဝှေ့ယမ်းရင်း လောကတာအိုက ညာလက်ကို ဝှေ့ယမ်း၍ တောင်တစ်လုံးကို ဆင့်ခေါ်လိုက်၏။

" တာအိုအနှစ်သာရတောင် "

ပိုင်ရှောင်ချန်းသည် ဤအတွက် ပြင်ဆင်ထားခဲ့သော်လည်း ယပ်တောင်မျက်နှာထဲရှိ ရှင်သန်ခြင်းနှင့် သေခြင်းတရားတာအိုအနှစ်သာရ တည်ရှိရာ တောင်ထိပ်ကို မြင်ရခြင်းမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းနေသေးသည်။

" ဒီတော့ လောကတာအို ခင်ဗျားက ခင်ဗျားရဲ့ နတ်ဘုရားအစွမ်းတွေ အားလုံးကို ယူပြီး ယပ်တောင်ထဲမှာ ထားခဲ့တာမလား "

ကုန်လွန်သွားသည့်အခိုက်အတန့်တိုင်း ပိုင်ရှောင်ချန်းမှာ ပို၍ မချင့်မရဲ ဖြစ်လာတော့သည်။ မဖြစ်နိုင်သည့်အချက်ကြောင့်သာမဟုတ်ပါက ယပ်တောင်ကိုဆင့်ခေါ်ပြီး လောကတာအိုကို တိုက်ခိုက်ရန် သူ အသုံးပြုမည် မဟုတ်ပါလော။

All Chapters