← Chapters

သူတော်စင်ဧကရာဇ် ထွက်လာခြင်း

Vol. 13 Ch. 1285

သူတော်စင်ဧကရာဇ် ထွက်လာခြင်း

Vol. 13 Ch. 1285

ယခုအခါ ကောင်းကင်တံတားတာအိုမှာ သံယောဇဥ်မဲ့လူသားနှင့် လုံးဝနီးပါးတူညီနေပြီ ဖြစ်သည်။ သူ၏နဖူးပေါ်မှာပင် လေပွေတစ်ခုပေါ်ထွက်လာပြီး ထိုလေပွေထဲတွင် သံယောဇဥ်မဲ့လူသား၏ မျက်နှာကို မြင်နိုင်ပေသည်။

သူ၏အငွေ့အသက်မှာလည်း ယခင်ကနှင့် မတူညီတော့ပေ။ ၎င်းမှာ မျိုးတုန်းသုတ်သင်ခြင်းနှင့် ဆင်တူသော အငွေ့အသက်မျိုး ဖြစ်နေပြီး သူ ကြည့်လိုက်သည့်နေရာတိုင်းတွင် သေခြင်းတရားများဖြင့် ပြည့်နှက်သွားစေရန် ဆန္ဒရှိနေသည့်အလားပင်။

" ငါ့တာအိုကို ဖော်ပြနိုင်မဲ့ အဆုံးစွန်သောနည်းလမ်းက အရာရာတိုင်းကို ထာဝရပျက်သုဥ်းသွားစေဖို့ပဲ။ အဆုံးမှာ ငါတစ်ယောက်ပဲ ထာဝရ ကျန်ရှိနေခဲ့ရမယ် "

သူသည် တဟုန်းဟုန်းလောင်ကျွမ်းနေသည့် မကောင်းဆိုးဝါးတစ္ဆေများခြံရံလျက် ရှေ့သို့ လျှောက်လှမ်းလာတော့သည်။ ထို့နောက် သူ၏လက်ကို ဆန့်ထုတ်လိုက်သောအခါ တစ္ဆေများစွာ သူ၏ရှေ့တွင် စုပုံပေါင်းစည်းသွားကြပြီး မီးဟုန်းဟုန်းတောက်နေသည့် အမှောင်ထုကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။

၎င်းမှာ အနက်ရောင် မီးတောက်ပန်းပွင့်တစ်ပွင့် ဖြစ်သည်။

" မျိုးတုန်းသုတ်သင်ခြင်း "

သူက တည်ကြည်စွာ ရေရွတ်လိုက်သည်။ ထိုအခါ ထိုအနက်ရောင်မီးတောက်ပန်းပွင့်မှာ အရွယ်အစားကြီးမားလာပြီး လည်ပတ်ကာ တဂျုန်းဂျုန်းမြည်သံများ ထုတ်လွှတ်၍ မီးပင်လယ်တစ်စင်းအသွင် ပြောင်းလဲသွားပြီးနောက် ပြိုလဲပျက်စီးနေပြီဖြစ်သော မန္တန်အစီအရင်ဆီသို့ တည့်မတ်စွာ ပျံသန်းသွားလိုက်တော့သည်။

ထိုမီးတောက်များ ပြန့်ထွက်သွားသောအခါ ကောင်းကင်ကြီး မည်းမှောင်သွားပြီး နှစ်ပေါင်းများစွာ တည်တံ့နေခဲ့သည့် မန္တန်အစီအရင်ကြီးမှာ နောက်ဆုံးတွင် ပြိုလဲသွားရတော့သည်။

ထိုအခါ အစီအရင်ဆုံချက်များနှင့် ချိတ်ဆက်ထားသော ကျင့်ကြံသူအားလုံး မည်သည့်ကျင့်ကြံခြင်းအဆင့်တွင် ရှိနေစေကာမူ သွေးပွက်များ အန်ထွက်ကုန်ကြတော့သည်။ သူတို့မှာ အသားများတုန်ရီကာ မျက်နှာများဖြူဆုတ်သွားပြီး မျှော်လင့်ချက်များ ကုန်ဆုံးသွားသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကြသည်။ ထိုအခါ မန္တန်အစီအရင်၏ အကျိုးအပဲ့ မြောက်မြားစွာ မြေပြင်ပေါ်သို့ ပြုတ်ကျလာကြတော့သည်။

အနက်ရောင်မီးပင်လယ်ကြီးမှာ ၎င်း၏လမ်းတွင် တားဆီးမည့်အရာ မရှိတော့သဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြန့်ထွက်လာပြီး ၎င်း၏နောက်တွင် မကောင်းဆိုးဝါးတစ္ဆေများဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်ကြီးတစ်တပ်မှာလည်း လိုက်ပါလာသည်။ သူတို့က အော်ဟစ်မြည်တမ်းကာ ထာဝရအင်မော်တယ်နယ်မြေများဆီသို့ ဦးတည်ပျံသန်းလာကြသည်။ သူတို့၏နောက်တွင် မိုးမြေဧကရာဇ်တစ်ယောက်နှင့်တူသော တုန်လှုပ်ခြောက်ခြားဖွယ် အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည့် ကောင်းကင်တံတားတာအို လိုက်လာသည်။

သူ၏ပတ်ပတ်လည်တွင် အနက်ရောင်မီးတောက်များမှာ အမှောင်ထုဝတ်ရုံတစ်ခုကဲ့သို့ ဝန်းရံနေကြပြီး သူ၏ဆံနွယ်များမှာ လေထဲတွင် မျောလွင့်နေသည်။ သူ့ထံမှ မျိုးတုန်းသုတ်သင်ခြင်းအတတ်၏ ရေခဲတမျှ အေးစက်လှသော အငွေ့အသက်တစ်ခုလည်း ပေါ်ထွက်နေသည်။

သူ၏နောက်တွင် သံယောဇဥ်မဲ့လူသားမှာ ယခင်ကအတိုင်း မလှုပ်မယှက် ငြိမ်နေဆဲဖြစ်သော်လည်း သူ၏မျက်လုံးများဖွင့်နိုင်ရန် ကြိုးစားနေသည့်ပုံပေါ်နေသည်။

ပိုင်ရှောင်ချန်း ပြုပြင်ထားခဲ့သည့် ဝမ်းဗိုက်နေရာမှစ၍ နဖူးဆီသို့ ဖြည်းညင်းစွာတက်သွားသော အချုပ်အနှောင်စာရွက်မှာ ပျက်စီးစပြုလာသဖြင့် အောက်ဘက်ရှိ ကျင့်ကြံသူများမှာ ပို၍ပင် မျှော်လင့်ချက်များ ပျောက်ဆုံးကုန်ကြတော့သည်။ ထိုစာရွက် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် သံယောဇဥ်မဲ့လူသား နိုးထလာမည်ဖြစ်သည်။

ထာဝရအင်မော်တယ်နယ်မြေများမှာ စစ်မှန်သော အန္တရာယ်ကြီးတစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့ရင်ဆိုင်နေရပြီဖြစ်သည်။ အဝေးတစ်နေရာမှနေ၍ ကြည့်လိုက်လျှင် မီးပင်လယ်တစ်စင်းနှင့် ကောင်းကင်တံတားတာအို၏ ဦးဆောင်မှုအောက်တွင်ရှိသည့် မရေမတွက်နိုင်လောက်အောင် များပြားသော မကောင်းဆိုးဝါးတစ္ဆေများဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်ကြီးတစ်တပ်က ထာဝရအင်မော်တယ်နယ်မြေများပေါ်သို့ ဆင်းသက်လာနေသည်ကို မြင်နိုင်သည်။ သူတို့၏ ပစ်မှတ်မှာ ဗဟိုဧကရာဇ်မြို့တော်ဖြစ်သည်။

ထိုနေရာတွင် ပိုင်ရှောင်ချန်းရှိနေသောကြောင့် ၎င်းသည် သူတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်နေခြင်းပင် ဖြစ်သည်။

စုန့်ကျင်းဝမ်၊ ဟိုရှောင်မေ့၊ ကျိုးကျစ်မို၊ ကုန်းစွန်းဝမ်အာ .... မဟာကောင်းကင်သခင်၊ လီချင်းဟောက်၊ သရဲကြီးဘုရင် တို့ကဲ့သို့သော ဗဟိုဧကရာဇ်မြို့တော်ထဲရှိ စွမ်းအားကြီးမားသည့် ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်း၏ တရားမှတ်ရာအခန်းနားတွင် စုဝေးနေကြပြီး မျက်နှာများဖြူဆုတ်ကာ မျှော်လင့်ချက် ကင်းမဲ့နေသည့် မျက်ဝန်းများဖြင့် သူတို့အပေါ်သို့ ကျဆင်းလာနေသော မီးပင်လယ်ကြီးနှင့် တစ္ဆေများကို ကြည့်နေကြသည်။ ကောင်းကင်တံတားတာအိုကိုလည်း သူတို့ ကြည့်နေကြသည်။ သက်ပြင်းချသံပေါင်းများစွာကို ကြားနေရပြီဖြစ်သည်။

" နောက်ဆုံးတော့လည်း ... အချိန်မလောက်ပါလား... "

" သူ တံခါးပိတ်ကျင့်စဥ်ထဲကို ဝင်သွားတဲ့အချိန်က နောက်ဆုံးနှုတ်ဆက်ခြင်းပဲ တူပါရဲ့.... "

ရှောင်ရှောင်မှာ နောက်သို့လှည့်ကာ ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်အခန်းကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေးလေးရေရွတ်လိုက်သည်။

" ဖေဖေ... "

သူမ၏ စကားသံထဲတွင် ဝမ်းနည်းမှုများ၊ချစ်ခြင်းမေတ္တာများအပြင် နှုတ်ဆက်လိုက်သည့် လေသံတစ်သံပင် ပါဝင်နေတော့သည်။

မဟာကောင်းကင်သခင်မှာ နာကျည်းစွာ ရယ်မောနေပြီး သရဲကြီးဘုရင်မှာ သက်ပြင်းများချနေသည်။ အခြား ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာလည်း တစ်ယောက်ကိုတစ်ယောက် နီမြန်းနေသောမျက်ဝန်းများဖြင့် ကြည့်နေကြသည်။ ထွက်ပြေးစရာနေရာ လုံးဝမရှိကြောင်း သူတို့ကသိ၍ သူတို့၏ကျင့်ကြံခြင်းအခြေခံများကို မြှင့်တင်လိုက်ကြပြီး အသေအကျေတိုက်ခိုက်ရန် ပြင်လိုက်ကြတော့သည်။

ထိုအချိန်တွင် ထာဝရအင်မော်တယ်နယ်မြေများမှာ အပြင်းအထန်တုန်ရီသွားပြီး အငွေ့အသက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုအငွေ့အသက်မှာ လောကနတ်ဘုရားအဆင့်ထက် သာလွန်နေသဖြင့် လူတိုင်း အံ့အားသင့်သွားကြပြီး ကောင်းကင်တံတားတာအိုမှာ အရောင်လက်နေသည့် မျက်လုံးများဖြင့် ထာဝရပင်လယ်ရှိရာဘက်သို့ လှမ်း၍ကြည့်လိုက်တော့သည်။

ထိုအငွေ့အသက်မှာ ထာဝရအင်မော်တယ်နယ်မြေတစ်ခုလုံးတွင် ပြည့်နှက်နေသည့်ပုံပေါ်ပါသော်လည်း ၎င်း၏လားရာအစစ်အမှန်ကို ကောင်းကင်တံတားတာအိုက အတိအကျသိပေသည်။

ထာဝရပင်လယ်ထဲရှိ နက်ရှိုင်းသောအက်ကွဲကြောင်းတစ်ကြောင်းထဲတွင် ထာဝရမြစ်ဆီသို့ သွားနိုင်သည့် ဝင်ပေါက်တစ်ခု ရှိသည်။ ထိုထာဝရမြစ်ထဲ၏ နက်ရှိုင်းလှသောတစ်နေရာရှိ ထာဝရမယ်တော်ကို ကိုယ်စားပြုနေသော ခေါင်းလောင်းကြီးရှေ့တွင် ထိုင်နေသည့် သူတော်စင်ဧကရာဇ်မှာ မျက်လုံးများပွင့်လာပြီ ဖြစ်သည်။

ထိုသို့ မျက်လုံးများပွင့်လာပြီးနောက် သူ၏နဖူးပေါ်တွင် ထာဝရပန်းပွင့်ပုံစံရှိသည့် အမှတ်အသားသင်္ကေတတစ်ခု ပေါ်လာတော့သည်။

ကောင်းကင်တံတားတာအို၏ နဖူးပေါ်တွင်လည်း မိုးမြေဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ကိုယ်စားပြုနေသည့် ထိုကဲ့သို့အလားတူ အမှတ်အသားတစ်ခု ရှိသည်။ ထိုနှစ်ယောက်စလုံးမှာ မိုးမြေဧကရာဇ်တစ်ဝက်အဆင့် ရှိသော ကျင့်ကြံသူများဖြစ်ကြသဖြင့် ထိုအမှတ်အသားများသည် သူတို့၏ စစ်မှန်သောစွမ်းအားများမှာ အခြားရင်းမြစ်များဆီမှ ဖြစ်ကြောင်း ဖော်ပြနေကြခြင်းဖြစ်သည်။

သို့သော်လည်း သူတော်စင်ဧကရာဇ်မှာ သူ၏ကျင့်ကြံခြင်းအခြေခံကိုမြှင့်တင်ကာ မိုးမြေဧကရာဇ်တစ်ဝက်အဆင့်သို့ တက်လှမ်းသည့်လုပ်ငန်းစဥ်ကို မပြီးဆုံးသေးပေ။ သူသည် တည်ငြိမ်မှုမရှိသေးပါသော်လည်း အခြားရွေးချယ်စရာမရှိတော့သဖြင့် သူ၏ကျင့်ကြံခြင်းလုပ်ငန်းစဥ်ကို ရပ်တန့်လိုက်ရခြင်းဖြစ်သည်။

သူသည် သူတော်စင်ဧကရာဇ်ဖြစ်သည်။

ဤနယ်မြေမှာ သူ၏အိမ်ဖြစ်သည်။

သူ၏တာအိုမှာ ထာဝရမယ်တော်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။

သူသည် မတ်တတ်ထရပ်လိုက်ပြီး ကောင်းကင်မှမိုးခြိမ်းသံထက် များစွာပို၍ကျယ်လောင်သည့် အသံမျိုးဖြင့် ထာဝရအင်မော်နယ်မြေများအားလုံး ကြားရအောင် ဒေါသတကြီး အော်ပြောလိုက်တော့သည်။

" ဗဟိုဧကရာဇ်က ဒီမှာမရှိဘူး ကောင်းကင်တံတားတာအိုရေ။ အဲဒီေတာ့ သူတော်စင်ဧကရာဇ်ဆိုတဲ့ ငါက ဒီနယ်မြေတွေကို ကာကွယ်မယ် "

သူသည် ရှေ့သို့လှမ်းကာ ပျောက်ကွယ်သွားပြီး ဗဟိုဧကရာဇ်မြို့တော်၏အထက်ရှိ လေပေါ်တွင် ပြန်၍ပေါ်ပေါက်လာသည်။

ထိုအခါ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် မိုးသက်မုန်တိုင်းတစ်ခု တိုက်ခတ်လာသဖြင့် လေပြင်းမုန်တိုင်းတစ်ခု ဗဟိုဧကရာဇ်မြို့တော်အပေါ်တွင် စုဆုံဖြစ်တည်လာပြီး ချက်ချင်းပင် အနက်ရောင်မီးပင်လယ်ကြီးအား ခုခံတွန်းလှန်လိုက်တော့သည်။

ထိုအားနှစ်ခု ထိပ်တိုက်ဆုံတွေ့သောအခါ ကျယ်လောင်သော ထစ်ချုန်းသံများ ပေါ်ထွက်လာသဖြင့် ထာဝရအင်မော်တယ်နယ်မြေများထဲရှိ သက်ရှိများအားလုံး နားစည်များပင် ကွဲအက်လုမတတ်ဖြစ်သွားကြသည်။

သူတော်စင်ဧကရာဇ်က ရှေ့သို့လှမ်းလိုက်ပြီး သူတော်စင်ဧကရာဇ်မြို့တော်ဘက်သို့ လက်ကိုဆန့်ထုတ်၍ ဖမ်းဆုပ်သည့် အမူအရာတစ်ခု ပြုလုပ်လိုက်သောအခါ ကောင်းကင်ရေအိုင်ထဲရှိ ဧရာမကြာပန်းကြီးမှာ တစ်ခဏမျှ သိမ့်ခနဲ တုန်ရီသွားပြီး ပျောက်ကွယ်သွားတော့သည်။ ၎င်း ပြန်၍ပေါ်လာချိန်တွင် သူတော်စင်ဧကရာဇ်အောက်သို့ ရောက်နေပြီဖြစ်ပြီး ခပ်မှိန်မှိန် အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေတော့သည်။

ထိုအလင်းရောင်မှာ ဖြာထွက်သွားကာ ဗဟိုဧကရာဇ်မြို့တော်ကို ဖုံးလွှမ်းသွားသဖြင့် အနက်ရောင်မီးပင်လယ်ကြီးနှင့် မကောင်းဆိုးဝါးတစ္ဆေများမှာ မြို့တော်ထဲသို့ မဝင်နိုင်တော့ပေ။

သူတော်စင်ဧကရာဇ်မှာ ထိုပြဿနာအသေးစားလေးကို ဖြေရှင်းပြီးသွား၍ မော့ကြည့်လိုက်သောအခါ သူ၏နဖူးပေါ်မှ အမှတ်အသားလေးမှာ တောက်ပလာပြီး ကောင်းကင်တံတားတာအိုဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။

" ပျော်စရာ ကောင်းလှပါလား "

ကောင်းကင်တံတားအိုက ရယ်မောလိုက်ပြီး အေးစက်နေသောမျက်ဝန်းများဖြင့် သူတော်စင်ဧကရာဇ်အား လှမ်းကြည့်လိုက်သည်။

" ဒါပေမဲ့လည်း... မင်းရဲတာအိုက ဘာမှတန်ဖိုးမရှိတဲ့ ထာဝရပန်းဆီကနေ ဆင်းသက်လာတာ။ ငါ့တာအိုက စွမ်းအားကြီးမားတဲ့ မိုးမြေဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ သံယောဇဥ်မဲ့လူသားဆီက ဆင်းသက်လာတယကွ။ အဲဒီအချက်နဲ့တင် ငါကမင်းနဲ့မတူတဲ့ အဆင့်တစ်ခုကို ရောက်နေပြီ။ ပြီးတော့ မင်းက မင်းရဲ့ မိုးမြေဧကရာဇ်တစ်ပိုင်းအဆင့်ရှိတဲ့ ကျင့်ကြံခြင်းအခြေခံကို တည်ငြိမ်အောင် လုပ်ရသေးတာမဟုတ်ဘူး။ မင်းငါ့ကိုတားဆီဖို့ ဘောင်မဝင်သေးပါဘူးကွ... "

ကောင်းကင်တံတားတာအိုမှာ ရူးသွပ်စွာရယ်မောကာ ပျောက်ကွယ်သွားပြီး မှုန်ဝါးနေသည့် အနက်ရောင်အလင်းရောင်တစ်ခုအသွင်ဖြင့် သူတော်စင်ဧကရာဇ်၏ ရှေ့တည့်တည့်တွင် ပြန်၍ပေါ်ထွက်လာသည်။

သူတော်စင်ဧကရာဇ်အား ထိုအနက်ရောင် အလင်းက ဝင်တိုက်သွားသဖြင့် သူ မျက်နှာပျက်သွားကာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ ဒလိမ့်ကောက်ကွေး လူးလိမ့်သွားတော့သည်။ အနက်ရောင် အလင်းကြီးမှာမူ ထိုဝင်တိုက်မှုကြောင့် လုံးဝရပ်တန့်သွားသည့်ပုံ မပေါ်သည့်အပြင် ချက်ချင်းပင် သူ့ထံ ထပ်၍ဦးတည်လာပြန်တော့သည်။

ထိုအလင်းရောင်မှာ ၎င်း၏ပတ်ပတ်လည်ရှိ လေထုကို ဖျက်ဆီးပစ်ကာ အနီးအနားရှိ မည်သည့်သက်စောင့်အားကိုမဆို ပျက်သုဥ်းသွားစေပြီး ၎င်း၏နေရာတွင် သေခြင်းတရားအငွေ့အသက်ဖြင့် အစားထိုးလိုက်တော့သည်။ ထိုအလင်းရောင်ကြီး အနားသို့ရောက်လာသောအခါ သူတော်စင်ဧကရာဇ်မှာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်သဖြင့် သူ၏ပတ်ပတ်လည်တွင် ကြီးမားသော လမင်းကြီးတစ်စင်း ပေါ်ထွက်လာတော့သည်။

ဤလမင်းကြီးမှာ သူ၏စွမ်းအားအကြီးမားဆုံး နတ်ဘုရားအစွမ်းများထဲမှ တစ်ခုဖြစ်ပြီး ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အဆင့်မြင့်လာပြီဖြစ်၍ ၎င်းမှာ လခြမ်းတစ်ခုမဟုတ်တော့ပဲ ဝိုင်းစက်နေသော လမင်းကြီးတစ်စင်းဖြစ်သွားပြီ ဖြစ်သည်။ ၎င်းထံမှ စွမ်းအားကြီးမားသော ဖိအားများ ပေါ်ထွက်နေပါသော်လည်း ကောင်းကင်တံတားတာအိုက ရယ်မောလိုက်ပြီး လက်ကိုဆန့်ထုတ်၍ ထိုလမင်းကြီးအား တွန်းလိုက်သည်။

ထိုအခါ ထိုလမင်းကြီး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပြန့်ထွက်သွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။

သူတော်စင်ဧကရာဇ်၏ ပါးစပ်ထဲမှ သွေးများထပ်၍ ပန်းထွက်လာပြီး ကြံ့ကြံ့ခံကာ ရင်ဆိုင်မည့် အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းတစ်စုံဖြင့် နောက်သို့ ထပ်၍ ဆုတ်သွားတော့သည်။

" တကယ်လို့ ငါ နောက်ထပ် နှစ်နည်းနည်းေလာက် ထပ်ရခဲ့လို့ကတော့ကွာ … "

All Chapters