← Chapters

နန်ဖန်းကျောင်းတော်သို့ အပြန်.....

Vol. 2 Ch. 15

နန်ဖန်းကျောင်းတော်သို့ အပြန်.....

Vol. 2 Ch. 15

တစ်ပတ်တာမျှသာ ခွဲခွာခဲ့ရသော်လည်း ကျောင်းတော်သို့ ပြန်ရောက်လာချိန်တွင် တစ်သက်တာမျှ ခွဲခွာခဲ့ရသလို ခံစားနေရသည်။

လူငယ်ဆန်ဆန် ဗရွတ်ရွှတ်တက်စကားသံများနှင့် ဉဒဟို ဝင်ထွက် သွားလာနေသူများကို ကြည့်နေရင်းကနေ ငယ်ရွယ်သူတို့၏ အားမာန်တက်ကြွမှုများ တဟုန်ထိုးမြင့်တက်လာ၏။

တစ်ချိန်တည်းမှာပင်  မရေမတွက်နိုင်သော စူးစမ်းလိုစိတ်များဖြင့် သူ့အပေါ် အာရုံစိုက်နေသည်ကိုလည်း သူသတိပြုမိခဲ့သည်။သူ့ပတ်ဝန်းကျင်မှာ အတင်းအဖျင်းပြောသံတွေကိုလည်း ကြားနေရ၏။

" ဟိုမှာ လီလော့ မဟုတ်လား...နောက်ဆုံးတော့ ကျောင်းပြန်တက်ပြီပဲ.....

" သူ့ဆံပင်တွေ ဘာဖြစ်ကုန်တာလဲ...ဆေးဆိုးထားတာလား...."

" နောက်လထဲ စာမေးပွဲဖြေရမှာကိုတောင် တစ်ပတ်လောက် ခွင့်ယူလိုက်သေးတယ်ဆိုတော့....အခုထဲက ကြိုတင်လက်လျှော့လိုက်ပြီထင်တယ်...."

" လီလော့က နောက်ဆုံးစာမေးပွဲတောင် ဝင်မဖြေတော့ဘဲ ကျောင်းထွက်တော့မယ်လို့လဲ ကြားထားတယ်...."

" တကယ်ကြီးလား....."

"............"

ကြုံရာကြပန်း ကောလဟလတွေကြောင့် လီလော့ ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။တပတ်လောက်လေး ပျောက်သွားတာကို ချဲ့ကားပြီး ပြောဆိုနေကြသည်။

သို့သော်လည်း ထိုသူများကို လူပျက်တစ်ယောက်သဖွယ် ဖျော်ဖြေပေးမနေတော့ဘဲ လက်ဝှေ့ယမ်းပြကာ ဒုတိယကျောင်းတော်ဆီ ထွက်လာခဲ့သည်။

လေ့ကျင့်ရေးကွင်း တံခါးဝသို့ရောက်သောအခါ လီလော့၏ ​ခြေလှမ်းများနှေးကွေးသွားခဲ့လေသည်။ အကြောင်းမှာ ဆရာ ရှုရှန်ယွီတစ်ယောက် သူ့ကို စိုက်ကြည့်နေသောကြောင့်ပင်.....

ရှုရှန်ယွီသည် မပြိုလဲနိုင်သော တောင်တန်းကြီးသဖွယ် မတ်မတ်ရပ်နေပြီး လီလော့အား လေးလေးနက်နက် စိုက်ကြည့်နေသည်။

လီလော့သည် ခြေလှမ်းများကို အရှိန်မြှင့်ကာ ရှုရှန်ယွီကို ပြုံးပြလိုက်ပြီး.....

" ဆရာရှု....."

ရှုရှန်ယွီသည် စိတ်ပျက်သော အကြည့်များနှင့်သာ လီလော့ကို ဆက်ကြည့်နေသည်။

" လီလော့... ဗလာနန်းတော်ကြောင့် မင်း စိတ်ဆင်းရဲနေမှန်း ဆရာသိတယ်... နောက်ဆုံးချိန်ရောက်မှ လက်လျှော့လိုက်လို့ မဖြစ်ဘူး...."

" ကျွန်တော် လက်မလျှော့ပါဘူး...."

လီလော့ အလျင်စလို ပြန်ဖြေလိုက်သည်။

" ဒါဆို အရေးကြီးတဲ့ အချိန်ကျမှ ဘာလို့ဘကျောင်းပျက်ရတာလဲ.....လူတိုင်း အချိန်လုပြီး လေ့ကျင့်နေချိန်မှာ မင်းက အနားယူနိုင်သေးတယ်ပေါ့...."

ရှုရှန်ယွီ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်နေသည်။

လီလော့သည် အစပိုင်းတွင် အကူအညီမဲ့သလို ခံစားနေရသော်လည်း ဆရာ သူ့အပေါ် စေတနာထား ဆုံးမနေသည်ကို နားလည်သောကြောင့် ရှုရှန်ယွီ ဆူပူသမျှကို ခေါင်းတညိမ့်ညိမ့်နဲ့သာ နားထောင်ပေးနေလိုက်သည်။

တော်တော်လေး ဆူပူပြီးနောက် ရှုရှန်ယွီသည် သက်ပြင်းချလိုက်ပြီး လီလော့အား လေးနက်စွာ စိုက်ကြည့်လိုက်ပြီး လေ့ကျင့်ရေးကွင်းဘက်သို့ လှည့်ထွက်သွားလေသည်။

လီလော့လည်း ရှုရှန်ယွီနောက်သို့ ကသောကမြောလိုက်သွားခဲ့သည်။ လေ့ကျင့်ကွင်းအလယ်တွင် မီတာပေါင်းဆယ်ချီ ရှည်လျားသော ကျောက်သားစင်မြင့်ကြီးတစ်ခုရှိပြီး ဘေးပတ်လည်တွင် ကျောက်သားထိုင်ခုံပေါင်းများစွာရှိနေသည်။

ထိုခုံများထဲမှ တစ်ခုပေါ်တွင် မိန်းမပျိုလေးတစ်ယောက် တင်ပြင်​ခွေ ထိုင်နေ၏။

လီလော့ ဝင်လာကတည်းက ပတ်ဝန်းကျင်ရှိလူတိုင်းသည် လီလော့ကို ကြည့်ပြီး တီးတိုးပြောဆိုနေကြသည်။

လီလော့၏ တစ်ပတ်တာ ကျောင်းပျက်မှုသည် နန်ဖန်းကျောင်းတော်တွင် သတင်းထူးတစ်ခုဖြစ်နေလေသည်။

လီလော့တစ်ယောက် အတင်းပြောနေသူများကို လျစ်လျူရှူလိုက်ပြီး မိမိလေ့ကျင့်ရာနေရာတွင် ဝင်ထိုင်လိုက်သည်။သူ့နံဘေးတွင် ခန္ဓာကိုယ် တုတ်ခိုင်သော ကျောက်ခွော်ရှိနေသည်။

" မင်းဆံပင်တွေ ဘာဖြစ်ကုန်တာလဲ..."

လီလော့က ကျောက်ခွော်ကို တစ်ချက်ကြည့်လိုက်ပြီး......

" ဆေးဆိုးလိုက်တာ...ငွေမှင်ရောင်ဆိုတာ မကြားဖူးဘူးလား...မိုက်တယ်မလား..."

ဆွံ့အသွားရှာသော ကျောက်ခွော်သည် စကားလမ်းကြောင်းလွှဲရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ဆရာရှုရှန်ယွီ၏ အသံကို ကြားလိုက်ရသည်။

" မဂ်လာ နံနက်ခင်းပါ ကျောင်းသား ကျောင်းသူတို့....မကြာမှီမှာ နှစ်ကုန်စာမေးပွဲ ဖြေဆိုရတော့မှာမို့ မင်းတို့တွေ နှစ်ဆကြိုးစားကြပါ....အကယ်၍ အထက်တန်းစားကောလိပ်ကို တက်ရောက်နိုင်မယ်ဆို မင်းတို့ရဲ့ အနာဂတ်တွေ အကန့်အသတ်မဲ့ ကောင်းမွန်လာမှာ သေချာတယ်.....အားလုံးထဲမှာမှ စည်းတံဆိပ်ခြောက်ခုအဆင့်ရောင်နေပြီဖြစ်တဲ့ ကျောက်ခွော်နဲ့ ယွမ်ချူတို့ကို သေချာမှာ ချင်တယ်....မင်းတို့တွေ ဒီတိုင်းဆက်ကြိုးစားမယ်ဆို စည်းတံဆိပ်ခုနှစ်ခုအဆင့်ကို မရောက်နိုင်စရာအကြောင်း လုံးဝမရှိဘူး...."

ကျောက်ခွော်နှင့် ယွမ်ချူတို့ကို အားပေးသံများ ဆူညံကုန်သည်။ လီလော့သည်လည်း အတော်လေး အံသြနေ၏။ အစွမ်းကုန်ကြိုးစားနေသူသည် သူတစ်ယောက်တည်း မဟုတ်ခဲ့ပေ။

အားပေးသံတွေ တိတ်သွားမှသာ ရှုရှန်ယွီသည် ယနေ့အတွက် သင်ခန်းစာများကို စတင်ပို့ချနေခဲ့သည်။

လီလော့သည် ပို့ချချက်များကို အာရုံစိုက် နားထောင်နေခဲ့သည်။ ယနေ့တွင် အဆင့်နိမ့် ပဲ့တင်ထပ်သံ ပညာရပ်နှစ်ခုနှင့် အလယ်အလတ်အဆင့် ပညာရပ်တစ်ခုအကြောင်း ပို့ချနေခြင်းဖြစ်သည်။ရှုရှန်ယွီသည် ပညာရပ်တိုင်း၏ လျှိို့ဝှက်ဆန်းကြယ်မှုများနှင့် အသေးစိတ် သတိပြုရမည့် အချက်များကို စိတ်ရှည်လက်ရှည် ရှင်းပြပေးနေသည်။

ပဲ့တင်ထပ်သံ အသုံးပြုခြင်း ပညာရပ်များကို စွမ်းအားကျင့်စဉ်များကဲ့သို့ အဆင့်များခွဲခြားထားသည်။ တစ်ခုတည်းသော ခြားနားချက်မှာ စွမ်းအားကျင့်စဉ်များကို အဆင့်တစ်ခုတည်းသာ သတ်မှတ်ထားသော်လည်း ပညာရပ်များကိုမူ အဆင့်တစ်ခုခြင်းစီ၌ အဆင့်နိမ့်၊ အလယ်အလတ်နှင့်၊ အဆင့်မြင့် ဟူ၍ ထပ်မံခွဲခြားထားသည်။

ထိုအဆင့်သုံးခုအထက်တွင် စစ်သူကြီးအဆင့်၊ မြို့စားအဆင့်၊ ဘုရင်အဆင့်တို့ရှိကြသည်။

စည်းတံဆိပ်ဆယ်ခုအဆင့်အတွင်းသာရှိသေးသူတို့အဖို့ ထိုကဲ့သို့သော အဆင့်မြင့်ပညာရပ်များသည် လက်လှမ်းမမှီနိုင်သောအရာများသာပင်.....

အကယ်၍ ကံကောင်းထောက်မစွာ သငယူနိုင်ခဲ့သည့်တိုင် ထုတ်သုံးနိုင်မည်မဟုတ်ပေ။

လီလော့သည် ပဲ့တင်ထပ်သံ ပညာရပ်များကို သင်ယူရာ၌ သူမတူအောင် ထူးချွန်သူတစ်ယောက်ဖြစ်ပြီး နန်ဖန်းကျောင်းတော်တွင် လီလော့နှင့် ယှဉ်ပြိုင်နိူင်သူ သိပ်မရှိပေ။

ထို့ကြောင့် ရှုရှန်ယွီ သင်ကြားနေ

သော ပဲ့တင်ထပ်သံ ပညာရပ်သုံးခုကို လျင်မြန်စွာနားလည်သဘောပေါက်ပြီး သဘောတရားများကို  ဆုပ်ကိုင်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

နှစ်နာရီကြာပြီးနောက် ရှုရှန်ယွီသည် ပို့ချမှုကို အဆုံးသတ်လိုက်ပြီး......

" ကဲ ....ပဲ့တင်ထပ်သံ ပညာရပ် အကြောင်းကတော့ ဒီနေ့ဖို့ ဒီလောက်နဲ့ အဆုံးသတ်လိုက်တော့မယ်...နေ့လည်ပိုင်းအတန်းချိန်က ပဲ့တင်ထပ်သံ စွမ်းအားကျင့်ကြံချိန်ဖြစ်လို့ အားလုံးပဲ အေးအေးဆေးအေး ကျင့်ကြံကြပါ...."

လီလော့တစ်ယောက် ကြောင်ငပျင်းလေးလို ပျင်းကြောဆွဲသည်ကို မြင်လိုက်သည့် ကျောက်ခွော်က......

"လေးစားရပါသော အစ်ကိုကြီးလော့ ခင်ဗျ....ကျွန်တော်မျိုးကို ဒီနေ့သင်သွားတဲ့ ပညာရပ်သုံးခုအကြောင်း ကျေးဇူးပြုပြီး ရှင်ပြပေးပါဉီ...."

လီလော့သည် ပဲ့တင်ထပ်သံပညာရပ်များတွင် မည်မျှပညရမီကောင်းမှန်း ကျောက်ခွော်သိသည်။ ထို့ကြောင့် အခက်အခဲတစ်စုံတစ်ရာရှိလာတိုင်း လီလော့ကိုသာ မေးမြန်းလေ့ရှိသည်။

" ငါသာ ရှင်းပြပေးမယ်ဆို အခုချိန်ကစပြီး ငါ့ကို လေးစားရတဲ့အစ်ကိုကြီးအဖြစ် သတ်မှတ်ပေးမှာလား.... "

ကျောက်ခွော် မချိပြုံး ပြုံးပြနေသော်လည်း မျက်နှာအမူအရာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

" မင်း ဘာဖြစ်နေတာလဲ...."

" အဲ့တာတွေအကုန်လုံးက ပထမကျောင်းနော်က ဟိုလူ့အမှိုက်ကောင် ပိုင်ခွန်းကြောင့်ပဲ.....ဒီကောင် ဘယ်လိုရူးသွားလဲ မသိဘူး....ဒုတိယကျောင်းတော်မှာ ပြသာနာပတ်ရှာနေလို့ ငါနဲ့ နည်းနည်း ငြိကြတာ...."

ကျောက်ခွော်သည် မျက်နှာပေါ်ရှိ ဒဏ်ရာအချို့ကို လက်ညှိုးထိုးပြနေပြီး ဆက်ပြောသည်။

" အဲ့ကောင်က အသေထိုးတာလေ...ငါလဲ ဘယ်အလွတ်ပေးမလဲ ပြန်ဆော်တာပေါ့...အဲ့ကောင်ရဲ့မျက်နှာကို ဖူးယောင်နေအောင် ထိုးပစ်မိတော့မလို ဖြစ်သွားသေးတယ်..."

ထိုအချိန်တွင် ဒုတိယကျောင်းတော်မှ ကျောင်းသားများ ဝိုင်းအုံလာပြီး တစ်ယောက်တစ်ပေါက် ညီးညူးနေကြသည်။

" ဟုတ်တယ်....ပိုင်ခွန်က တကယ် ရက်စက်တယ်....သူက ငါတို့ကို ပြသာနာ လာလာရှာနေတာ....."

" ကျော်ခွော်ဝင်ရှင်း လိုက်လို့ပေါ့..နို့မို့ဆို သူ့ကို ဘယ်သူမှ ရင်ဆိုင်ရဲမှာမဟုတ်ဘူး...."

ကျောက်ခွော်က အကုန်လုံးကို လက်ခါပြလိုက်ပြီး လီလော့နားကို ကပ်ကာ အသံတိုးတိုးဖြင့်.....

" ပိုင်ခွန်ဒီကိုလာတယ်ဆိုတာ မင်းကို လာရှာတာကွ....."

ထိုအခါမှသာ အိမ်မပြန်ခင်တုန်းက ကျင်းဖန်းစားသောက်ဆိုင်မှာတွေ့ကြဖို့  တီဖာချင်းနဲ့တဆင့် ဖိတ်လိုက်တာကို ပြန်အမှတ်ရမိတော့သည်။

ငါက အပျော်အပျက်ထင်ခဲ့ပေမယ့် ဒီကောင်က အတည်ပေါက်နဲ့ စောင့်နေတယ်ပေါ့....

လီလော့ ခွင့်ယူနေစဉ်အတွင်း ပိုင်ခွန်တစ်ယောက် ဒုတိယကျောင်းတော်တွင် ပြသာနာပတ်ရှာပြီး ဒေါသဖြေနေခြင်းဖြစ်သည်။

လီလော့ ကျောက်ခွော်၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး......

" ဟုတ်တယ်...မင်းငါ့အစား အရိုက်ခံလိုက်ရတာ...."

" စိတ်ထဲမထားပါဘူးကွာ...ဒီကောင့်ကြောင့်သာ ငါလဲ စည်းတံဆိပ်ခြောက်ခုကို ရောက်နိုင်ခဲ့တာ.... အခု မင်း ပြန်ရောက်လာပြီဆိုတော့ ဒီကောင် မင်းကို နေ့လည်လောက်ကျရင် လာရှာလိမ့်မယ်...."

ကျောက်ခွော်တစ်ယောက် ပြောနေရင်းကနေ လက်ခုပ်ထတီးလိုက်ပြီး.....

" ဒီကောင် ရုတ်ရုတ်သဲသဲတွေ လုပ်လာရင် ငါ ဝင်ပါရလိမ့်မယ်...နည်းနည်းလောက် ထပ်အရိုက်ခံလိုက်ရင် စည်းတံဆိပ်ခုနှစ်ခုအဆင့် ရောက်ချင် ရောက်သွားနိုင်တယ်ကွ....."

လီလော့ ရယ်လိုက်မိသည်။ ကျောက်ခွော်ဝည် တည့်တိုးဆန်သူတစ်ယောက်ဖြစ်ပြီး ယုံကြည်စိတ်ချရသော သူငယ်ချင်းကောင်းတစ်ဉီးဖြစ်သည်။ သူသည် မည်ဝည့်အခါမျှ သူငယ်ချင်းနောက်တွက် ပုန်းနေမည့်သူမဟုတ်ပေ။

" အေးပါကွာ....ဟိုကောင်ရောက်လာမှ ဆက်ပြောကြတာပေါ့...."

................... ................... ...................

နေ့လည်ပိုင်း....ပဲ့တင်ထပ်သံစွမ်းအားကျင့်ကြံခြင်း အတန်းချိန်တွင်. ...........

နန်ဖန်းကျောင်းတော်၏ မြောက်ဘက်တွင် ကျယ်ပြောထူထပ်လှသော တောအုပ်တစ်ခုရှိသည်။စိမ်းစိုလှသော သစ်ပင်များသည်လေတိုက်သည့်အခါတိုင်းတွင် မြသားရောင် လှိုင်းလုံးများသဖွယ် အလွန်ပင်ကြည့်ကောင်းလှသည်။

တောအုပ်၏ အလယ်တွင် မီတာနှစ်ရာကျော် မြင့်မားသော အဝါရင့်ရောင် သစ်ပင်ကြီးတစ်ပင်ရှိနေသည်။ ထိုသစ်ပင်ကြီး၏ အကိုင်းအခက်များသည် သစ်သားဖြင့် ပြုလုပ်ထားသော ပိုက်ကွန်ကြီးသဖွယ် ဖြာထွက်နေသည်။

ထိုသစ်ပင်၏ အရွက်များသည် နှစ်မီတာခန့်ရှည်လျားကြပြီး အုတ်ခဲတစ်ခုသဖွယ် လေးလံထူးထဲလှသည်။

ထိုသစ်ပင်သည် ရှန်းလိ (ပဲ့တင်ထပ်သံ စွမ်းအား)သစ်ပင် ဖြစ်သည်။

ထိုသစ်ပင်သည် သဘာအတိုင်းပေါက်ရောက်နေသည့် သစ်ပင်မဟုတ်ဘဲ များစွာသော ရှားပါးရတနာများနှင့် တည်ဆောက်ထားသော သစ်ပင်ဖြစ်သည်။ ထိုသစ်ပင်သည် မြင်နေရဝည့်အတိုင်းမဟုတ်ပေ.....

သစ်ပင်အူတိုင်ထဲတွင် များစွာသော သဘာဝစွမ်းအင်များကို စုပ်ယူ သိုလှောင်ထားသည်။

ထူထဲကြီးမားလှသော သစ်ရွက်များပေါ်တွင် ကျောင်းသားများ ကျင့်ကြံနိုင်ကြသည်။

ရှန်းလိသစ်ပင် ပိုင်ဆိုင်ခြင်းသည် ကျင့်ကြံခြင်း ကျောင်းတော်တိုင်းအတွက် အ​​ခြေခံကျသော လိုအပ်ချက်ဖြစ်သည်။

ရှန်းလိသစ်ရွက်များသည် လီလော့မိဘများ၏ ကိုယ်ပိုင့် ကျင့်ကြံရေးအခန်းနှင့် ဆင်တူသည်။လီလော့မိဘများ၏ အခန်းသည် ကောင်းကင်ရွှေများဖြင့် တည်ဆောက်ထားသည့်အတွက် ရှန်းလိသစ်ပင်ထက် သိသိသာသာပိုကောင်းမွန်သည်။လီလော့သည်ပင် အံ့ဖွယ်ကောင်းသော မိဘနှစ်ပါးကြောင့်သာ ထိုအခန်းမျိုး ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။

ရှန်းလိသစ်ရွှက်များကို ရွေရောင်၊ ငွေရောင်၊ ကြေးရောင်ဟူ၍ အဆင့်သုံးမျိုးခွဲခြားထားသည်။

ရှန်းလိသစ်ပင်အား သေချာအနီးကပ်ကြည့်ပါက 60% သည် ကြေးရောင်သစ်ရွက်များဖြစ်ပြီး ငွေရောင်သစ်ရွက် 30% နှင့် ရွှေရောင်သစ်ရွက်များမှာ 10% ခန့်သာရှိသည်။

ရွှေရောင်သစ်ရွက်များသည် အရေအတွက် နည်းပါးပြီး အပင်ထိပ်ဖျားပိုင်းတွင်သာ တည်ရှိသည်။

ရွှေရောင်သစ်ရွက်များသည် အခြားသစ်ရွက်များထက် ပိုအကျိုးရှိပေသည်။

သို့သော် ထိုရွှေရောင်သစ်ရွက်များကို ပထမကျောင်းတော်ရှိ အားကောင်းသော ကျောင်းသားများကသာ လက်ဝါးကြီးအုပ် သိမ်းပိုက်ထားကြသည်။

ထို့ကြောင့်် ဒုတိယကျောင်းတော်အတွက် ရွှေရောင်သစ်ရွက် ဆယ်ရွက်သာ ရရှိထားပြီးတတိယ၊ စတုတ္ထကျောင်းတော်များအတွက်မူ ထိုသစ်ရွက်များအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေကြရသည်။

ထို့ကြောင့် အချက်ပေးသည် မြည်သည်နှင့် ကျောင်းသားများသည် မြွေလိမ်မြွေကောက်သဏ္ဍန် လှေကားမှတဆင့် သစ်ပင်ပေါ်သို့ အပြေးအလွှား လုတက်နေကြသည်။

လီလော့သည်လည်း ထိုလူများနှင့် အတူ သစ်ပင်ပေါ်တက်လိုက်ပြီး ဒုတိယကျောင်းတော်အတွက်ပေးထားသော ရွှေရောင်သစ်ရွက် ဆယ်ရွက်ကို ငေးကြည့်နေခဲ့မိသည်။ တစ်ချိန်တုန်းက လီလော့အတွက် သစ်ရွက်တစ်ရွက်စာ နေရာပေးထားခဲ့ဖူးသော်လည်း ယခုအခါတွင် ထိုနေရာအား ကျောက်ခွော်သို့ ပေးလိုက်ရပြီဖြစ်သည်။

သို့သော် ဗလာနန်းဆောင်ကြောင့် မိမိအတွက်ပေးထားသော ရွှေရောင်သစ်ရွက်အား စွန့်ပစ်ရန် အကြောင်းမရှိတော့ပေ။

ယခုချိန်တွင် သူ့အတွက် နေရာမရှိတော့ပေ...သို့သော်လည်း ပေးပြီးသားနေရာကို ပြန်တောင်းရန် အနည်းငယ် ရှက်ရွံ့နေသေးသည်။

" ထားလိုက်ပါတော့...တခြားမှာပဲ သွားလေ့ကျင့်လိုက်တော့မယ်..."

လီလော့တစ်ယောက် ဒုတိယကျောင်းတော်အတွက် ပေးထားသော ငွေရောင်သစ်ရွက်များဆီ သွားလိုက်သည်။

လီလော့ ငွေရောင်သစ်ရွက်များဆီ ချဉ်းကပ်သွားသည့်အခါ သစ်ပင်ထိပ်ဖျားပေါ်မှ ရှုပ်ထွေးလှသော အကြည့်များသည် သူ့ထံသို့ စုပြုံကျရောက်လာလေသည်။

All Chapters