ရှန်းလိသစ်ပင်.......
Vol. 2 Ch. 16
သစ်ပင် ထိပ်ဖျားပိုင်း၌ ကြီးမားသော သစ်သားစင်ကြီးတစ်ခုရှိပြီး ထိုသစ်သားစင်ထက်နေက လီလော့အား စိုက်ကြည့်နေကြသည်။
"လီလော့ တစ်ပတ်လောက်ကျောင်းပြေးပြီး အခုမှ ကျောင်းပြန်လာတက်တယ်ပေါ့...."
ကျောင်းဝတ်စုံကို လှပသေသပ်စွာ ဝတ်ဆင်ထားသော တီဖာချင်းသည် ကျောင်းသားများ၏ နှစ်သက်မှုကို ရယူထားသည်မှာ အံ့သြစရာမဟုတ်ပေ။
တီဖာချင်းက တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် နှုတ်ခမ်းဆူလိုက်ပြီး......
" သူ ပိုင်ခွန်ကို ရှောင်ချင်လို့များလား...."
" ရုပ်ချောပေမယ့်လဲ သနားဖို့ကောင်းတယ်နော်...."
တီဖာချင်း၏ နောက်လိုက်တစ်သိုက်ကလဲ ဝင်ရောက် မှတ်ချက်ပေးနေကြသည်။
" ဟဲ..ဟဲ...လီလော့ ပထမကျောင်းတော်မှာတက်နေတုန်းက နင်က သူ့ရဲ့ အကြီးစားပရိသတ်ကြီး ဖြစ်ခဲ့တယ်မဟုတ်လား..."
ကောင်မလေးတစ်ယောက်က ထိုသို့ စနောက်လိုက်သည့်အခါ စနောက်ခံရသည့် ကောင်မလေးသည် မျက်နှာနီရဲလာပြီး.....
"အဲ့တုန်းက နင်လဲ ပါတယ်လေ...."
ကောင်မလေးတွေက ရယ်မောနေသော်လည်း အကြည့်တွေထဲမှာ သနားသော အရိပ်အယောင်များရှိနေ၏။ အတိတ်ကလာတုန်းက လီလော့သည် ပထမကျောင်းတော်၏ တူနှိုင်းမရသော တည်ရှိမှုတစ်ခုဖြစ်ခဲ့ဖူးသည်။သူသည် ရုပ်ချောရုံသာမက ဉာဏ်ရည်ဉာဏ်သွေးပါ ထက်မြက်သေးသည်။ထို့အပြင် မိဘနှစ်ပါးရှိသေးသည့်အတွက် လော့လန်အိမ်တော်သည်လည်း အထွတ်အထိပ်အခြေနေတွင် ရှိနေသေးသည်။
ရုပ်ရည်၊ ပါရမီ ၊ နောက်ခံအင်အား....ဒီလိုအဖက်ဖက်က ပြည့်စုံသောသူမျိုးကို ဘယ်မိန်းမကလေးကများ သဘောမကျဘဲ လးနေနိုင်လိမ့်မလဲ.....
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ လီလော့၏ တောက်ပမှုများလည်း မှေးမှိန်လာခဲ့လေသည်။ မိဘနှစ်ပါး ပျောက်ကွယ်သွားသည့်အတွက် လော့လန်အိမ်တော် အကြီးအကျယ် ကျဆင်းခဲ့သည်။ နောက်ပိုင်းတွင် လီလော့၌ ဗလာနန်းတော်ရှိနေသည်ကို သိလိုက်ရပြန်သည်။
ထို့ကြောင့် တစ်ချိန်က ပထမကျောင်းတော်
၏ ဩဇာခံပုဂ္ဂိုလ်သည် ဒုတိယကျောင်းတော်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။
အမာခံပရိတ်သတ်များသည်လည်း ပျောက်ကွယ်သွားကြလေပြီ.....
တီဖာချင်းသည် သူမ၏ နောက်လိုက်သူငယ်ချင်းများ ပြောဆိုနေသည်ကို စိတ်ပျက်နေဟန်ဖြင့် ခေါင်းခါပြလိုက်ပြီး.....
"တကယ့်ကို သာပေါင်း ညာစား တစ်သိုက်ပဲ..."
........... .............. ............. .................
လီလော့ ငွေရောင်သစ်ရွက်ပေါ် ထိုင်လိုက်ချိန်တွင် ပိုင်ခွန်နှင့်အပေါင်းအပါတစ်သိုက် ရောက်လာပြီး ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။
ပိုင်ခွန်သည် အရပ်ရှည်ပြီး ခန့်ညားသော်လည်း မျက်လုံးများသည် တစ်ဖက်လူအား မှုန်မှိုင်းသော ခံစားချက်များပေးစွမ်းနေ၏။
" မင်း ကျောင်းပြန်မတက်တော့ဘူးထင်နေတာ....."
ပိုင်ခွန်သည် အပြုံးမမည်သော အပြုံးမျိုး ပြုံးလိုက်ပြီး လီလော့ကို စိုက်ကြည့်နေ၏။
လီလော့ကလည်း ပိုင်ခွန့်ကို ပြန်မဖြေဘဲ အကဲခတ်နေသည်။
လီလော့၏ ဂရုမစိုက်သော အပြုအမူသည် ပိုင်ခွန့်ကို ဒေါသထွက်စေသည်။လော့လန်အိမ်တော် ကောင်းစားစဉ်အခါက လီလော့ကို မျိုးစုံ မျက်နှာသာပေးခဲ့သော်လည်း အခုချိန်တွင် လီလော့သည် အဘယ့်ကြောင့်များ ယခင်အတိုင်း ပြုမုနေသေးသနည်း။
" ငါမင်းကို ချင်းဖန်မျှော်စင်မှာ တစ်နေကုန်စောင့်နေခဲ့တယ်...အဲ့အတွက် မင်းဘက်က ဖြေရှင်းချက် ကောင်းကောင်းပေးဖို့လိုတယ်...."
ပိုင်ခွန်က လက်သီးကို ကျစ်နေအောင်ဆုပ်ထားသည်။
" မင်းရဲ့ မိုက်မဲမှုကို ငါ့လာအပြစ်တင်မနေနဲ့.... ငါ့ကိုများ ချင်းဖန်းမျှော်စင်ကို လာစေချင်တယ်တဲ့..ဘယ်လိုတွေ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတာလဲ...."
လီလော့ကလဲ ပြန်ပက်လိုက်တယ်.....
ပိုင်ခွန်ရဲ့ မှုန်မှိုင်းသော အကြည့်များသည် ပို၍ပင် ကြောက်စရာကောင်းလာ၏။
"သတ္တိကောင်းနေတယ်ပေါ့....မင်းအခုချက်ချင်း တောင်းပန်မယ်ဆို ခွင့်လွှတ်ပေးမယ်....."
လီလော့က ယင်ကောင်မောင်းသလို လက်ဝှေ့ယမ်းလိုက်ပြီး......
"ထွက်သွားစမ်း...."
ဘေးနားတွင် ရှိနေသော ကျောင်းသားအားလုံး ရယ်မောနေကြသည်။ ပိုင်ခွန်သည် နမ်ဖန်းကျောင်းတော်တွင် လူမုန်းများသော ချဉ်ဖတ်ကောင် ဖြစ်သည်။လီလော့ သူ့အား အလျှော့မပေးချင်သည်မှာ သနားစဖွယ်ကောင်းနေသည်။
ပိုင်ခွန်က လီလော့ကို ချိန်းခြောက်လိုသော အကြည့်များဖြင့် ကြည့်လိုက်ပြီး.....
" လျှာစောင်းထက်နေတယ်ပေါ့...မင်းစကားတွေအတွက် တာဝန်ယူရဲလား ကြည့်ကြရအောင်....."
လီလော့က ခေါင်းခါပြလိုက်ပြီး.....
" စိတ်မဝင်စားဘူး..."
ပိုင်ခွန် ကြောင်အ သွားလေ၏။ အရင်တုန်းက လီလော့ကို မနှောက်ယှက်ရဲခဲ့သော်လည်း ယခုတွင်မူ ဒီအတိုင်းဆက်ထားလိုက်ပါက သူ့မျက်နှာ ဘယ်နားသွားထားရပါ့မလဲ....
ပိုင်ခွန်က အေးစက်သော အပြုံးမျိုးပြုံးလိုက်ပြီး သူ့နောက်လိုက်များကို ပြဇာတ် ဝင်ကရန် အချက်ပြလိုက်သည်။
"ဒုတိယကျောင်းတော်က ကောင်တွေ အကုန်လုံးက ကြောက်တတ်တဲ့ ကြောင်လေးတွေလား...."
ပိုင်ခွန်၏ နောက်လိုက်များထံမှ လှောင်ပြောင်သံများ ထွက်ပေါ်လာ၏။
အနီးအနားတွင် ရှိနေသော ဒုတိယကျောင်းတော်မှ ကျောင်းသားများအားလုံး ဝိုင်းအုံလာကြလေသည်။ ပိုင်ခွန်၏ မိုက်တိမိုက်ကန်း အပြုအမူကြောင့် ရှေ့ဆက်မတိုးရဲကြပေ။
" လီလော့ မင်းကြောင့်နဲ့တော့
ဒုတိယကျောင်းတော်တစ်ခုလုံးကို ဒုက္ခမရောက်စေချင်ဘူးမလား...."
ဤသည်မှာ သိသာထင်ရှားစွာ ရန်တိုက်လိုက်ခြင်းဖြစ်သည်။ ဒုတိယကျောင်းတော်မှ ကျောင်းသားများသည် ပိုင်ခွန့်ကို ပြန်မလှန်ရဲသည့်အတွက် ပြသာနာ ပြေလည်စေရန် လီလော့ကိုသာ ဖိအားပေးကြလိမ့်မည်။
" အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း.....မင်းတို့ဘက်က တိုက်ခိုက်ချင်တယ်ဆို ငါ တိုက်ခိုက်ပေးမယ်..."
ကျောက်ခွော်၏ ဒေါသတကြီး စိန်ဆခါ်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ပိုင်ခွန် မျက်မှောင်ကြုံ့လိုက်ပြီး.....
" မင်းကိုး....ကြည့်ရတာ အရင်တစ်ခေါက် အရိုက်ခံလိုက်ရတာ မလုံလောက်သေးဘူးထင်တယ်...
လီလော့က ကျောက်ခွော်ကို ခေါ်ထုတ်သွားလိုက်ပြီး....
" မင်း အဲ့ခွေးချေးတွေနားကို ဘာသွားလုပ်မလိုလဲ....."
လီလော့က ကျောက်ခွော်ကို ပြန်ဆွဲလိုက်ပြီး ပိုင်ခွန်တို့ အဖွဲ့ကို မျက်လုံးဝှေ့ကြည့်လိုက်ကာ.....
" ငါ့အစား မှတ်ထားပေးစမ်းပါဉီး.....ငါ့အတန်းဖော်တွေ အေးအေးဆေးဆေး နေလို့ရအောင် ငါ တစ်ယောက်ယောက်ကို သင်ခန်းစာပေးမှဖြစ်တော့မယ်...."
ယခုချိန်တွင် လော့လန်အိမ်တော်၌ အန္တာရာယ်များ ပတ်လည်ဝိုင်းနေသော်လည်း ရှပြည်ထောင်စုအတွင်းရှိ ထိပ်တန်းအိမ်တော်ငါးခု စာရင်းဝင်နေဆဲပင် ဖြစ်သည်။စံအိမ်ဟောင်းတွင် အားမနည်းသော ကာကွယ်စောင့်ရှောက်သူများရှိသေးသည်။အသေးအဖွဲ ပြသာနာများကို ဖြေရှင်းပေးရန် ကျင့်ကြံသူအနည်းငယ် လွှတ်ပေးနိုင်ပါသေးသည်။
ထိုစကားကြောင့် ကျောင်းသားများအားလုံး ပါးသပ်အဟောင်းသားဖြစ်ကုန်ကြပြီး ပိုင်ခွန်သည်ပင် တခဏမျှ ဆွံ့အနေခဲ့သည်။
အဲ့လိုတော့ မလုပ်ပါနဲ့ အစ်ကိုကြီးရယ်..ယကျွန်တော်တို့က ဒီအတိုင်း ဝင် အာချောင်လိုက်တာပါ...အစ်ကိုကြီးက ဘာကိစ္စကြောင့် အတည်ပေါက်ကြီးတွေ လုပ်ကုန်တာတုန်း.....ဒါကြီးက သိပ်နည်းလမ်းမကျဘူးနော်....
မျက်နှာချင်းဆိုင်နေကြသော နှစ်ဖွဲ့စလုံး ခြေတစ်လှမ်းဆီ နောက်ဆုတ်လိုက်ကြလေသည်။လီလော့တွင် ပြောသည့်အတိုင်း လုပ်နိုင်စွမ်းရှိသည်ကို အကုန်လုံးနားလည်ထားကြသည်။
လီလော့ထံတွင် ဗလာနန်းတော်ရှိနေသော်လည်း သူ့နောက်တွင် လော့လန်အိမ်တော်ကြီးတစ်ခုလုံးရှိနေသေးသည်။ထို့ကြောင့် အိမ်တော်မှ ကျင့်ကြံသူအချို့ကို ခေါ်ယူပြီး သူတို့အားလုံးကို မျက်စိတစ်မှိတ်အတွင်း အမှောက်သိပ်လိုက်နိုင်သည်။
ပိုင်ခွန်လည်း အတည်ပေါက် အခြေနေကြီးကြောင့် အတော်လေး အံ့အားသင့်နေခဲ့ရသည်။
" လက်ငှားပြီးရိုက်မယ့်နည်းလမ်းက ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ..."
" မင်းဘက်က မတရားဘူးထင်ရင် ပိုင်အိမ်တော်က ကျင့်ကြံသူတွေ ခေါ်လိုက်လေ...ချကြတာပေါ့..."
လီလော့ အပြောကြောင့် ပိုင်ခွန် တစ်ယောက် မေးရိုးပြုတ်ကျတော့မတတ် ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။လော့လန်အိမ်တော်သည် အတွင်းပိုင်းတွင်ကမောက်ကမဖြစ်နေသော်လည်း ဆင်ပိန် ကျွဲလောက်တော့ရှိပေသေးသည်။ပိုင်မိသားစုမှ ကျွမ်းကျင်သူများကို မည်သို့ ခေါ်ယူရမည်နည်း။ခေါ်ယူနိုင်သည့်တိုင် လီလော့အား တိုက်ခိုက်ရဲကြပါ့မလား....ဖြစ်လာမည့်အကျိုးဆက်ကို သူ့ အနေနဲ့ရော ခံနိုင်ရည်ရှိပါ့မလား...
ထို့ကြောင့် အခြေနေများသည် ရုတ်ချည်း ငြိမ်သက်ကုန်ပြီး ကို့ယို့ကားယား ဖြစ်ကုန်လေသည်။
သစ်ပင် ထိပ်များပိုင်းမှနေ၍ ကျောင်းသားများ၏ ရန်ပွဲကို တိတ်ဆိတ်ချောင်းကြည့်နေသူများရှိနေသည်။
"ဟားးဟားး လော့လန်အိမ်တော်က ကောင်လေးက စိတ်ဝင်စားစရာကောင်းသားပဲ...."
ဤသည်မှာ အဖြူရောင်နှင့် အနက်ရောင် ရောစပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆံဖြူအဖိုးအိုတစ်ယောက်၏ အသံဖြစ်သည်။
ဤအဖိုးအိုသည် နန်ဖန်းကျောင်းတော်၏ ဌာနမှူး ဝေရှပင်ဖြစ်သည်။ သူသည် ထျန်ရှုစီရင်စုအတွင်း နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သည်။
" ကလေး ကလေးချင်းဖြစ်တဲ့ ပြသာနာကို မိသားဟုအရှိန်သုံးပြီး ဖြေရှင်းတာကို ဘာများစိတ်ဝင်စားဖို့ကောင်းနေတာလဲ...လော့လန်အိမ်တော်သခင်နှစ်ပါးက ဘယ်လိုဖြစ်လို့ ဒီလို အဖျက်ကောင်ကို မွေးခဲ့တာပါလိမ့်...."
ဤသည်မှာ ခပ်ပိန်ပိန် ယောကျာ်းတစ်ယောက်ဆီက ထွက်လာသောစကားသံဖြစ်သည်။သူသည် ယဉ်ကျေးသိမ်မွေ့သော အမူအရာမျိုးရှိသော်လည်း သူ့မျက်နှာတွင် အတားအဆီးမရှိ မောက်မာမှုများ ထင်ဟဏ်နေသည်။
ထိုလူသည် ပထမကျောင်းတော်မှ လင်းဖန်ဖြစ်သည်။
သူသည် လီလော့အား ပထမကျောင်းတော်မှ ဒုတိယကျောင်းတော်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့သူများထဲမှ တစ်ဉီးဖြစ်သည်။
" ဆရာလင်းဖန် ပြောတာ နည်းနည်းတော့ရိုင်းတယ်...ပိုင်ခွန်က လီလော့မှာ ဗလာနန်းတော်ရှိနေမှန်း သိရက်နဲ့ ပြသာနာသွားရှာတာလေ....ပိုင်ခွန်က တော်တော်လေး စိတ်သဘောထားသေးသိမ်တာပဲ..."
ဘေးနားတွင် ရပ်နေသော ရှုရှန်ယွီက ရဲဝင့်စွာဝင်ပြောလိုက်သည်။
လင်းဖန်က အမူအရာမဲ့စွာနဲ့......
""ကျောင်းသားတွေကြားက ပြဿနာတွေကို သူတို့အချင်းချင်း ပြေလည်အောင် ဖြေရှင်းသင့်တယ်။ ဘာကြောင့် ပုံကြီးချဲ့နေတာလဲ..."
သို့တိုင် သူသည် ဤအသေးအမွှားကိစ္စနှင့်ပတ်သက်၍ ရှုရှန်ယွီနှင့် ဆက်လက်ငြင်းခုံရန် စိတ်မဝင်စားခဲ့ပေ။ သူ့ဘေးနားက ဌာနမှူးဘက်ကို လှည့်ကြည့်လိုက်ပြီး...
"ပိုအရေးကြီးတာက ကျူပ်အရင်က တောင်းဆိုထားတာကို ခင်ဗျား မှတ်မိသေးရဲ့လား....ကျူပ်ပြောခဲ့တာကို ခင်ဗျားသဘောတူပြီမလား..."
ဌာနမှူး ဝေရှက မျက်တောင်ခတ်လိုက်ပြီး....
" ဘာကို တောင်းဆိုထားတာလဲ...."
" နှစ်ကုန်စာမေးပွဲက ဘယ်လောက်မှ မလိုတော့ဘူး....ကျူပ်တို့ ပထမကျောင်းတော်အတွက် ရွှေရောင်သစ်ရွက် အရေးတကြီးလိုအပ်နေတယ်....အဲ့တော့ ပထမကျောင်းတော်အတွက် ရွှေရောင်သစ်ရွက် ငါးရွက် ထပ်ပေးဖို့ တောင်းဆိုထားတာလေ..."
" ကျူပ် သဘောမတူဘူး...."
ငြင်းဆိုလိုက်သူသည် ရှုရှန်ယွီ ဖြစ်သည်။ပထမကျောင်းတော်နှင့် ဒုတိယကျောင်းတော်တို့သာ ရွှေရောင်သစ်ရွက် ပိုင်ဆိုင်ထားပြီး ဒုတိယကျောင်းတော်အတွက် ဆယ်ရွက်သာ ခွဲတမ်းချပေးထားသည်။ အခု ပထမကျောင်းတော်ဘက်က ငါးရွက်ထပ်လိုချင်သည်ဆိုပါက သူတို့ထံတွင် ဘာကျန်တော့မည်နည်း.....
ဤသည်မှာ အတိအလင်း ဘောင်ကျော်လာခြင်းဖြစ်သည်။