← Chapters

ရွှေသစ်ရွက်အတွက် တိုက်ခိုက်ခြင်း.......

Vol. 2 Ch. 17

ရွှေသစ်ရွက်အတွက် တိုက်ခိုက်ခြင်း.......

Vol. 2 Ch. 17

ရှန်းလိသစ်ပင် ထိပ်ဖျားပေါ်တွင် ပထမကျောင်းတော်နှင့် ဒုတိယကျောင်းတော်မှ တရာနှစ်ယောက် ရွှေသစ်ရွက်အတွက် ထိပ်တိုက်ငြင်းခုံနေကြသည်။

" ရှုရှန်ယွီ ကျုပ်တို့ ပထမကျောင်းတော်မှာ ထူးချွန်တဲ့ ပါရမီရှင်တွေ သိပ္မ်ားတယ်ဆိုတာ ခင်ဗျား နားလည်သင့်တယ်.....သူတို့ရဲ့ အရည်အချင်းတွေက တခြားကျောင်းတော်ကသူတွေထက် အဆပေါင်းများစွာ သာလွန်တဲ့အတွက် သူတို့ကိုသာ  ကောင်းကောင်းပျိုးထောင်ပေးမယ်ဆို သေချာပေါက် ရလဒ်ကောင်းတွေ ရလာလိမ့်မယ်....အရင်းအမြစ်တွေသာ ဒီ့ထက္ကပိုရမယ်ဆို အများကြီး တိုးတက်လာမှာသေချာတယ်...."

လင်းဖန်၏ အသံသည် အလြန္တရာ လေးနက်နေသည်။

"ပထမကျောင်းတော်ကလူတွေ ထူးချွန်တာမှန်ပေမယ့် ကျူပ်တို့ ဒုတိယကျောင်းတော်ကလည်း အမှိုက်မှမဟုတ်တာ....ကျုပ်တို့ ဒုတိယကျောင်းတော်ကကျောင်းသားတွေကို  ရွှေသစ်ရွက်တွေ ပေးမသုံးချင်ဘူးမဟုတ်လား.....အားလုံးပေါင်း အရွက်ငါးဆယ်ရှိတဲ့ ရွေသစ်ရွက်တွေကို ခင်ဗျားတို့ ပထမကျောင်းတော်က အရွက်လေးဆယ် လက်ဝါးကြီးအုပ်ထားပြီးတာတောင် မလုံလောင်နိုင်သေးဘူးလား...."

ရှုရှန်ယွီကလည်း အေးစက်စွာ ပြန်ပြောလိုက်သည်။

လင်းဖန်က မျက်မှောင်ကြုံ့လိုက်ပြီး ......

" လုံလောက်သည်ဖြစ်စေ မလုံလောက်သည်ဖြစ်စေ အရင်းအမြစ်တွေကို ဘယ်သူ ကောင်းကောင်းအသုံးချနိုင်တယ်ဆိုတာကိုပဲ ကြည့်သင့်တယ်....ပထမကျောင်းတော်က ကျောင်းသားတွေသာ ရွေသစ်ရွက်တွေကို ကောင်းကောင်းအသုံးချနိုင်မှာ....အဲ့တော့ ခင်ဗျားတို့ ဒုတိယကျောင်းတော်ကို ပစ်မှတ် မထားချင်ပေမယ်လဲ ဒါက အမှန်တရားပဲလေ....."

ရှုရှန်ယွီက အေးစက်သော အပြုံးဖြင့်.....

"ခင်ဗျားက နာမည်ကောင်းရချင်လို့ နန်ဖန်းကျောင်းတော်က အရင်းအမြစ်တွေအကုန်လုံးကို လက်ဝါးကြီးအပြီး ခင်ဗျားကျောင်းသားတွေကို ကြယ်တာယာခရီးရှည်ကောလိပ်ကို ပို့ပေးချင်နေတာမလား....ဒါမြ ခင်ဗျား ကိုယ်တိုင်လဲ ကြယ်တာယာခရီးရှည်ကောလိပ်ကို ဝင်နိုင်မှာမဟုတ်လား..."

ကြယ်တာယာခရီးရှည်ကောလိပ်သည် ကျောင်းသားများအတွက်သာမကဘဲ ဆရာများအတွက်လည်း သန့်စင်မြေအဖြစ် သတ်မှတ်ထားသော နေရာတစ်ခုဖြစ်သည်။ကြယ်တာယာခရီးရှည်ကောလိပ်တွင်သာ ဆရာအဖြစ် လုပ်ကိုင်နိုင်ပါက မြင့်မားသော

လူနေမှုအဆင့်အတန်းနှင့်ကြီးမြတ်သော

ဂုဏ်သတင်းတို့ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

သို့သော်လည်း လင်းဖန်၏ တစ်ဘို့တည်း ကြည့်တတ်သော အကျင့်စရိုက်ကို ရှုရှန်ယွီ သဘောမကျပေ။ အထူးသဖြင့် လီလော့အား ဒုတိယကျောင်းတော်သို့ ကန်ထုတ်ခြင်းသည် မလုပ်သင့်သော လုပ်ရပ်ဖြစ်သည်။ လီလော့တွင် ဗလာနန်းတော် ရှိနေသည်မှလွဲရင် မည်သည့်နေရာတွင်မျှ နိမ့်ကျခြင်း မရှိပေ။

ရှုရှန်ယွီ၏ အပြောကြောင့် လင်းဖန်၏ မျက်နှာသည် အတော်ပင်အကျည်းတန်နေလေပြီ.....

" ရှုရှန်ယွီ မင်း မဆိုင်တာတွေ ပြောပြီး ပြသာနာရှာမနေနဲ့...."

ဆရာအချို့က နှစ်ဉီးသားကြားက တင်းမာမှုကို လျှော့ချနိုင်ရန် ဖြန်ဖြေပေးနေကြသည်။

ဌာနမှုးဝေရှသည်လည်း ခေါင်းကိုက်နေပြီဖြစ်သည်။ ရွှေသစ်ရွက်များသည် ကျင့်ကြံရေးအတွက် အထူးကောင်မွန်သောကြောင့် ကျောင်းတော်တိုင်းက ကျောင်းသားများအတွက် ကောင်းမွန်သော အလားအလာများပိုင်ဆိုင်နိုင်ရန် အသည်းအသန် လိုအပ်နေကြသည်သာ.....

လင်းဖန်သည်လည်း နေရာပိုပေးရန် သူ့အား အချိန်တိုင်း နားပူနားဆာလုပ်နေခဲ့ပြီး ယနေ့တွင် အပြီးသတ် ဆုံးဖြတ်ချက် ချခိုင်းနေလေပြီ.....

ဝေရှသည် အောက်ဘက်တွင် ရှိနေသော ကျောင်းသားများကို ငုံ့ကြည့်လိုက်ပြီး....

"ဒုတိယကျောင်းတော်အတွက် ပေးထားတဲ့ ရွှေသစ်ရွက်တွေကို အကြောင်းပြချက်မရှိဘဲ ပေးလိုက်လို့မဖြစ်ဘူး....ပထမကျောင်းတော်က ပိုထင်ရှားတယ်ဆိုပေမယ့် ဒါက ဒုတိယကျောင်းတော်ရဲ့ အခွင့်ရေးတွေကို ယူနိူင်တယ်လို့ ဆိုလိုတာမှမဟုတ်တာ ...."

" မင်းတို့ ရွှေသစ်ရွက် ပိုလိုချင်တယ်ဆို ကျောင်းသားအချင်းချင်း ပြိုင်ခိုင်းလိုက်ကြ... "

" ဒီလိုလုပ်ရအောင်.....ပထမကျောင်းတော်နဲ့ ဒုတိယကျောင်းတော်က စည်းတံဆိပ်ခြောက်ခုအဆင့်အောက် ကျောင်းသား သုံးယောက်စီ ရွေးပြီး ပြိုင်ခိုင်းလိုက်မယ်..... ပထမကျောင်းတော်ဘက်က နိုင်ရင် ဒုတိယကျောင်းတော်ဆီက ရွှေသစ်ရွက် ငါးရွက် ရမယ်....ဒုတိယကျောင်းတော်ဘက်က နိုင်ရင် ပထမကျောင်းတော်ဘက်က ရွှေသစ်ရွက် ဆယ်ရွက်ပေးရမယ်...."

ထိုစကားကြောင့် လင်းဖန်နဲ့ ရှုရှန်ယွီတို့ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့ကာ လေးလေးနက်နက် စဉ်းစားနေခဲ့ကြသည်။

"ဌာနမှုးဝေ...... ပထမကျောင်းတော်ဘက်က ရှုံးရင် ဘာလို့ ဆယ်ရွက်တောင်ပေးရမှာလဲ...ရှင်းပြပါဉီး...."

လင်းဖန်၏ လေသံသည် မကျေမနပ်ဖြစ်နေကြောင်း သိသာလှသည်။

ဝေရှက ရယ်လိုက်ပြီး......

" ဒီလိုတွေ ဖြစ်လာအောင် မင်းဘက်က အရင်စတာလေ....ဒါ့အပြင် ပထမကျောင်းတော်ဘက်က ပိုအားကောင်းတယ်ဆိုတော့ လောင်းကြေးပိုပေးသင့်တယ်မဟုတ်လား...နို့မို့ဆို ဒုတိယကျောင်းတော်ဘက်က ဘယ် ပြိုင်ရဲပါ့မလဲ...."

ထိုဖြေရှင်းချက်ကြောင့် လင်းဖန် အင်တင်တင်နဲ့သာ ခေါင်းညိတ်သဘောတူလိုက်ရလေသည်။

ဤပြိုင်ပွဲတွင် စည်းတံဆိပ်ခြောက်ခု အဆင့်အောက်တွေသာ ဝင်​ပြိုင်နိုင်တယ်ဆိုပေမယ့်လည်း ပထမကျောင်းတော်အတွက် အခွင့်အရေးပိုများနေသေးသည်။

ရှုရှန်ယွီ အနည်းတော့ ချီတုံချတုံဖြစ်နေသေးသည်။ ပထမကျောင်းတော်ဘက်က ရွှေသစ်ရွက် ဆယ်ရွက် ဆုံးရှုံးရသည့်တိုင် နမ်ဖန်းကျောင်းတော်၌ ထိပ်တန်းနေရာတွင် ရပ်တည်နိုင်ပေဉီးမည်။ပထမကျောင်းတော်မှ ကျောင်းသားများသည် တခြားကျောင်းသားများထက် ခေါင်းတလုံးစာ ပိုသာကြသည် မဟုတ်ပေလော....

" ဌာနမှုး....ကျုပ်တို့ ဒုတိယကျောင်းတော်မှာ စည်းတံဆိပ်ခြောက်ခုအဆင့် နှစ်ယောက်ပဲရှိတယ်...."

ရှုရှန်ယွီ အကူအညီမဲ့စွာ ပြောလိုက်သည်။

"စိတ်မပူစမ်းပါနဲ့.....ငါ့ကျောင်းသားတွေနဲ့ မင်းကျောင်းသားတွေ သရေပွဲတော့ မဖြစ်နိုင်လောက်ပါဘူး...."

လင်းဖန် အပြောကြောင့် ရှုရှန်ယွီ၏ မျက်နှာသည် မည်းမှောင်နေလေ၏။

ဌာနမှူးဝေရှက သက်ပြင်းချလိုက်ပြီး....

" စိတ်မပူနဲ့ ရှောင်ရှု....ငါတို့ဘက်က ရှုံးခဲ့မယ်ဆိုရင် နောက်နှစ်ကျရင် ဒုတိယကျောင်းတော်အတွက် ခွဲတမ်းပိုပေးပါ့မယ်...အခုက နှစ်ကုန်စာမေးပွဲဖြေဖို့ တစ်လလောက်ပဲ အချိန်ရတော့တယ်...."

ဝေရှ၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် ရှုရှန်ယွီ သေချာစဉ်းစားကြည့်လိုက်ပြီး သဘောမတူချင်သော်လည်း ခေါင်းညိတ်လိုက်ရလေသည်။ဌာနမှူး၏ စိတ်ထဲတွင် ပထမကျောင်းတော်သည် ဒုတိယကျောင်းတော်ထက် ပိုအရေးပါနေသည်မှာ ထင်ရှားနေပြီဖြစ်သည်။

ဤကိစ္စအတွက် ဌာနမှူးကို အပြစ်မတင်နိုင်ကြောင်း ရှုရှန်ယွီ နားလည်ပါသည်။ဤသည်မှာ လူ့သဘာဝသာပင်...

အကယ်၍ ပထမကျောင်းတော်ကို မျက်နှာမပေးဘဲ ဒုတိယကျောင်းတော်ကို မျက်နှာသာပေးမယ်ဆိုရင်ရော.....

" ကျုပ် စီစဉ်စရာရှိတာလေးတွေ သွားစီစဉ်လိုက်ဉီးမယ်...."

ပြောပြီးတာနဲ့ ရှုရှန်ယွီသည် ချက်ချင်း အောက်ဆင်းသွားခဲ့သည်။

လင်းဖန်သည်လည်း အပြုံးမျက်နှာဖြင့် ကျောင်းသားများ သွားရှာနေ၏။

........ ........... ........ .............

ကျောင်းသားများဘက်တွင်မူ.....

ပိုင်ခွန်သည် နောက်လိုက်များရှေ့တွင် အတော်ပင် မျက်နှာပျက်နေရပြီ ဖြစ်သည်။လီလော့သည် သူ ဒေါသထွက်နေသည်ကို လျစ်လျူပြီး လူအများရှေ့တွင် စိန်ခေါ်နေပြန်သည်။

လူငယ်များသည် မောက်မာသော ဗီဇရှိသူများဖြစ်ကြသည်။ လူငယ်အချင်းချင်း ခေါင်းကွဲအောင် ရိုက်နှက်ကြသည့်တိုင် ဘယ်သူကမှ မိသားစုကို အကူအညီတောင်းကြမည်မဟုတ်ပေ။

ဤသည်မှာ  အရှက်မဲ့ခြင်းပင်....

အမြှီးကုပ်ပြေးသွားသော ပိုင်ခွန်တို့ကို ကြည့်ပြီး ဒုတိယကျောင်းတော်မှ ကျောင်းသားအားလုံး အံ့သြနေကြရသည်။ လီလော့သည် ဤနည်းဖြင့် ပြသာနာဖြေရှင်းလိမ့်မည်ဟု မည်သူမှ ထင်မထားမိခဲ့ပေ။

" မင်း....အဲ့တာက...နည်းနည်း ရှက်ဖို့ကောင်းတယ်မထင်ဘူးလား.....

ကျောက်ခွော်သည် အ ထစ် အ ထစ်ဖြင့် စကားလုံးရွေးချယ်ကာ လီလော့ကို တိုးတိုးကပ်ပြောနေသည်။

" သူတို့က ဗလာနန်းတော်ရှိတဲ့ ငါ့ကို အနိုင်ကျင့်ချင်မှတော့ သူတို့လုပ်တဲ့အတိုင်း ပြန်လုပ်လိုက်တာပေါ့...မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ.... "

" အင်းပါကွာ...ငါပြောချင်တာ အဲ့လိုမဟုတ်ပါဘူး....."

ကျောက်ခွော်သည် အတွေးများကို စကားအဖြစ်ထုတ်မပြောတော့လဲ မျိုချထားလိုက်ဝည်။ ဤသခင်လေးသည် အမှန်ပင် ဆောင်ကြွားကြွားနိုင်သူတစ်ယောက်ဖြစ်သည်။

သူတို့စကားပြောနေစဉ် ရှုရှန်ယွီရောက်လာပြီး ကျောင်းသားအားလုံးကို စုရုံးဖို့ အချက်ပြလိုက်သည်။ထို့နောက် အခြေအနေကို အမြန်ဆုံးနည်း​ဖြင့် ရှင်းပြပေးနေသည်။

အလုံးစုံ ကြားသိပြီးနောက် ကျောင်းသားအားလုံး ဒေါသထွက်ကုန်ကြသည်။

" ဒါတော့...ပထမကျောင်းတော်က သိပ်ကို တရားလွန်သွားပြီ....ရွှေသစ်ရွက် အရွက်လေးဆယ်ရထားပြီးတာတောင် မကျေနပ်သေးဘဲ ငါတို့ဆီကနေ လုချင်နေသေးတယ်...."

" ဒီပြိုင်ပွဲမှာ ငါတို့ဘက်က စည်းတံဆိပ်ခြောက်ခုအဆင့် နှစ်ယောက်ပဲရှိတော့ နိုင်ချေသိပ်မရှိဘူး...."

"  ငါတို့တွေ လက်လျှော့လိုက်ကြတာပေါ့...."

"........."

အစပိုင်းမှာ ဒေါသထွက်နေကြပေမယ့်လည်း တဖြည်းဖြည်းနဲ့ အဆိုးမြင်လာကြသည်။ အဆင့်သတ်မှတ်ထားသောလည်း ဒုတိယကျောင်းတော်ဘက်က အားနည်းနေဆဲပင်...

ရှုရှန်ယွီသည် ကျောင်းသားများကို စိတ်ပျက်နေသော အကြည့်များနှင့် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ....

"ကျောက်ခွော်နဲ့ ယွမ်ချူ....မင်းတို့နှစ်ယောက်ကို ရွေးထားတယ်...."

" ဆရာ့ကို စိတ်မပျက်စေရပါဘူး....ကျွန်တော့်အတွက်နဲ့ ဒုတိယကျောင်းတော် အရှက်မရစေရဘူး....ဒုတိယကျောင်းတော်ကလူတွေကို လွယ်လွယ်နဲ့ လာထိလို့မရဘူးဆိုတာ သူတို့ကို အသိပေးလိုက်ပါ့မယ်...."

သွေးဆူလွယ်သော ကျောက်ခွော်သည် တိုက်ပွဲဝင်ရန် တာဆူနေလေပြီ......

ယွမ်ချူသည် ပိန်သွယ်သော မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်။သူမသည် ကျောက်ခွော်ကဲ့သို့ သွေးဆူမနေဘဲ တည်ငြိမ်အေးဆေးစွာဖြင့်......

" တတိယတစ်ယောက်ကို ဘယ်သူ့ကို ရွေးမှာလဲ....."

ရှုရှန်ယွီ ဝှေ့ကြည့်လိုက်သည့်အခါ ကျောင်းသားများသည် အကြည့်ချင်းဆုံမည်ကို စိုးရွံ့နေဟန် ရှုရှန်ယွီ၏အကြည့်များကို ရှောင်တိမ်းနေကြသည်။ မည်သူမျှ တိုက်ပွဲဝင်ရန် ယုံကြည်ချက်မရှိကြပေ။

နောက်ဆုံးတွင် ရှုရှန်ယွီ၏ အကြည့်များသည် လီလော့ထံသို့ကျရောက်သွားခဲ့သည်။ လီလော့သည် ဗလာနန်းတော်ရှိနေသော်လည်း ပဲ့တင်ထပ်သံ ပညာရပ်များတွင် သူမတူအောင်ထူးချွန်သူတစ်ဉီးဖြစ်သည်။ အနီးကပ်တိုက်ပွဲများတွင် ကျော်ခွော်နှင့် ယွမ်ချူတို့နှင့်ပင် လက်ရည်တူတိုက်ခိုက်နိုင်သူတစ်ယောက်ဖြစ်သည်။

" ကောင်းပြီ....လီလော့ကို နောက်ဆုံးတစ်ယောက်အဖြစ် ရွေးလိုက်ပြီ..."

ရှုရှန်ယွီသည် ရွေးချယ်ပြီးသည်နှင့်.....

" ဘာမှ စိတ်ဖိစီးနေစရာမလိုဘူး....ရှုံးသွားလည်း ကိစ္စမရှိဘူး....မင်း ပထမဆုံးပွဲမှာ ဝင်ပြိုင်ရမယ်....အကောင်းဆုံးသာ လုပ်ခဲ့...မနိုင်ဘူးထင်ရင် အရှုံးပေးလိုက်...ကြားလား....ဒီနည်းလမ်းနဲ့ဆို ပြိုင်ဘက်ရဲ့ ပဲ့တင်ထပ်သံစွမ်းအားကို နောက်လူတွေသိအောင် ဖော်ထုတ်ပေးနိုင်လိမ့်မယ်...."

လီလော့ရွေးချယ်ခံရခြင်းသည် အဓိပ္ပါယ်သိပ်မရှိလှပေ။ ဒုတိယကျောင်းတော်တွင် တိုက်ခိုက်နိုင်သူများစွာရှိသည်။

ရှုရှန်ယွီသည် ပြိုင်ဘက်၏ ပဲ့တင်ထပ်သံစွမ်းအားကို သိရှိနိုင်ရန် လီလော့အား ငါးစာအဖြစ် အသုံးချနေခြင်းဖြစ်သည်။

လီလော့၏ အကြည့်များ ပိုမိုရှုပ်ထွေးလာခဲ့သည်။ အမှန်ပင် သိုသိုသိပ်သိပ်နေလိုသော်လည်း သူရဲကောင်းတစ်ယောက်အဖြစ် အစွမ်းပြရန် အချိန်တန်လေပြီ.....

လောင်ရှု....ခင်ဗျား ရွေးလိုက်တဲ့သူရဲ့ ဖြစ်တည်မှုကို ခင်ဗျားမသိသေးဘူးပဲ....

ဒီလိုအရေးကြီးတဲ့ ကိစ္စအတွက် ကျွန်တော့်လောက်သင့်တော်တဲ့သူရှိနိုင်ပါဉီးမလား...

ခင်ဗျားရဲ့ မျက်နှာကြီး နေရောင်ထိုးထားသလို တောက်ပနေစေရမယ်....

ရှုရှန်ယွီက လီလော့ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး....

"  ငူငူငိုင်ငိုင်နဲ့ ဘာဖြစ်နေတာလဲ..... မင်းကြောက်နေပြီလား...."

စင်ပေါ်တက်ဖို့ စုစည်းထားတဲ့ သူရဲကောင်းအရှိန်အဝါတွေအကုန်လုံး ဒီရိုက်ချက်ကြောင့် အကုန်ပျက်စီးသွားခဲ့လေပြီ....ဒီရိုက်ချက်ဟာ သူ့မျက်နှာကိုပါ ဖြတ်ရိုက်လိုက်သလိုပါပဲ....

All Chapters