← Chapters

ပင်ကိုယ်စွမ်းရည် ထုတ်ဖော်ပြသခြင်း........

Vol. 2 Ch. 18

ပင်ကိုယ်စွမ်းရည် ထုတ်ဖော်ပြသခြင်း........

Vol. 2 Ch. 18

ပထမကျောင်းတော်နှင့် ဒုတိယကျောင်းတော်တို့ ရွှေသစ်ရွက် အတွက်ယှဉ်ပြိုင်ကြတော့မယ့် သတင်းသည် တခဏအတွင်း ပျံ့နှံ့သွားခဲ့ပြီး သစ်ပင်အပေါ်ပိုင်းမှ အထက်တန်းအဆင့်ကျင့်ကြံသူများပါ ပွဲကြည့်ရန် တာဆူနေကြလေပြီ.....

နန်းဖန်ကျောင်းတော်တွင် ကျောင်းတော်ခွဲလေးခုရှိပြီး ပထမကျောင်းတော်သည် အထင်ရှားဆုံးဖြစ်သည်။ ဒုတိယကျောင်းတော်သည် အရံမျှသာဖြစ်ပြီး တတိယနှင့်စတုတ္ထကျောင်းတော်တို့တွင် ကျောင်းသားအရေအတွက်များသော်လည်း အားလုံးသည် အဆင့်နိမ့်ကျောင်းသားများဖြစ်ကြသည်။

တတိယနှင့် စတုတ္ထကျောင်းတော်တို့အတွက် ရွှေသစ်ရွက်ဟူသည်မှာ လက်လှမ်းမမှီနိုင်သောအရာများ ဖြစ်သည့်အတွက် ပထမကျောင်းတော်နှင့် ဒုတိယကျောင်းတော်တို့ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်နေကြသည်ကို မြင်ရရုံနှင့်ပင် လုံလောက်နေပြီဖြစ်သည်။

ဒုတိယကျောင်းတော်နိုင်မည်ဟုလည်း မည်သူမျှထင်မထားကြပေ။

ရှန်းလိသစ်ပင်ရှေ့ဘက်ခြမ်းတွင် ကြီးမားခိုင်ခံ့သော သစ်ကိုင်းများယှက်ဖြာနေသော ပြန့်ပြူးသည့်နေရာတစ်ခုရှိသည်။ ထိုနေရာတွင် စွမ်းအားကျင့်ကြံသူအချင်းချင်း အတွေ့ကြုံဖလှယ်ရန်နှင့် ကျောင်းသားအချင်းချင်း လက်ရည်ယှဉ်ရန် နယ်မြေတစ်ခုသတ်မှတ်ပေးထားသည်။

ယခုချိန်တွင် ထိုနယ်မြေပတ်ပတ်လည်တွင် ပွဲကြည့်ပရိတ်သတ်များ ကြိတ်ကြိတ်တိုးလျက်ရှိနေသည်။

ပထမကျောင်းတော်နှင့် ဒုတိကျောင်းတော်တို့သည် တိုက်ပွဲကွင်းပြင်၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် အသီးသီးနေရာယူထားသည်ကို ကြည့်ပြီး ကျောင်းသားများအားလုံး ရယ်မောနေကြသည်။ ဤတိုက်ပွဲကို အလေးနက်မထားကြသည်မှာ အမှန်ပင်ဖြစ်သည်။ဤတိုက်ပွဲတွင် စွမ်းအားအဆင့် သတ်မှတ်ထားသော်လည်း စည်းတံဆိပ်ခြောက်ခု အဆင့်ရှိသူများ ထိပ်တန်းအဆင့်တစ်ဆယ်အတွင်း ဝင်နိုင်သူများမဟုတ်ကြပေ။

ဆိုလိုသည်မှာ ဤတိုက်ပွဲသည် ပထမကျောင်းတော်အဖို့ ထမင်းစား ရေသောက်အဆင့်မျှသာပင်.....

ပထမကျောင်းတော်နှင့် ယှဉ်ပါက ဒုတိယကျောင်းတော်သားများသည် ဒေါသထွက်နေကြပုံရသည်။ကျောင်းတော်တစ်ခုတည်းသားချင်း ဖြစ်ကြသော်လည်း ဒုတိယကျောင်းတော်ဘက်မှ အောင်ပွဲကို မမျှော်မှန်းဝံ့ကြဘဲ အရှက်မကွဲစေရန်သာ ကြိတ်ဆုတောင်းနေကြရှာသည်။

" အဓိပ္ပါယ်မရှိလိုက်တာ...ပျင်းဖို့​​ကောင်းလိုက်မယ့်ဖြစ်ချင်း...."

တီဖာချင်းတစ်ယောက် ခန္ဓာကိုယ်လှပသောကောက်ကြောင်းလေးပေါ်လွင်အောင် ပျင်းကြောဆန့်လိုက်ချိန်တွင် ကျောင်းသူများက မနာလိုအားကျသောအကြည့်များနှင့် ကြည့်နေကြပြီး ကျောင်းသားများကတော့ တောက်လောင်နေသော အကြည့်များနှင့်ကြည့်နေကြသည်။

နန်ဖန်းကျောင်းတော်၏လှပသောမိန်းမပျိုလေးများစာရင်းတွင် တီဖာချင်း ပါဝင်နေသည်မှာ အလကားမဟုတ်ပေ။

" နည်းနည်းလောက် အချိန်ဖြုန်းကြတောပေါ့...."

ညှင်သာသော စကားသံနှင့်အတူ ရောက်ရှိလာသော မိန်းမပျိုလေးသည် နက်မှောင်သောဆံနွယ်၊ လှပသော ကျောက်စိမ်းရောင် အသားအရေတို့နှင့် ပန်းတစ်ပွင့်ပမာလှပလှသော လုချင်းအာ ပင်ဖြစ်သည်။

" အစ်မချင်းအာ...."

တီဖာချင်း၏ မျက်ဝန်းများသည် တမဟုတ်ချင်းတောက်ပလာပြီး လုချင်းအာကို လက်ဝှေ့ယမ်းပြနေ၏။လုချင်းအာသည် သူမထက်ပို၍ နာမည်ကျော်ကြားသူတစ်ဉီးဖြစ်သည်။ လုချင်းအာသည် ရုပ်ရည်လှပမှုထက် စွမ်းအားရှိမှုကိုသာ အလေးထားသူတစ်ယောက်ဖြစ်ပြီး ပထမကျောင်းတော်တွင်လည်း ပါရမီရှင်တော်တော်များများကို အနိုင်ပိုင်းနိုင်ခဲ့သူတစ်ဉီးဖြစ်သည်။

သူမ၏ ထူးချွန်မှုကြောင့် သူမသည် နန်ဖန်းကျောင်းတော်၏ ပြယုဂ်တစ်ခုဖြစ်လာခဲ့သည်။

ကျန်းချင်းအာ၏ ရာဇဝင်တွင်အောင် ကျော်ကြားမှုများသာမရှိခဲ့ပါက လုချင်းအာသည် နန်ဖန်းကျောင်းတော်၏ အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်လာပေမည်။

ထို့ကြောင့် တီဖာချင်းအတွက်မူ ကျန်းချင်းအာသည် နံပါတ်တစ်ဖြစ်ပြီး လုချင်းအာသည် နံပါတ်နှစ်ဖြစ်သည်။

တီဖာချင်းနှင့် လုချင်းအာတို့ အတူထိုင်နေကြသည့် မြင်ကွင်းသည် ပုရိသတိုင်းကို ကောင်းကောင်းကြီး ဆွဲဆောင်နေ၏။

" အစ်မချင်းအာက ပုံမှန်ဆို ဒီလို ပြိုင်ပွဲတွေ လာကြည့်နေကြမဟုတ်ဘဲနဲ့...."

တီဖာချင်းက လုချင်းအားကို စူးစမ်းသည့်သဘောဖြင့် မေးလိုက်သည်။

လုချင်းအာကလည်း သက်ပြင်းချလိုက်ပြီး......

" ဒီအတိုင်း ကြုံလို့လာကြည့်လိုက်တာပါ...."

လုချင်းအာ၏ အကြည့်များသည် ဒုတိယကျောင်းတော်ဘက်တွင်သာရှိနေပြီး.....

"ညီမပြောတော့ ဒုတိယကျောင်းတော်ဘက်က ပြိုင်ပွဲဝင်ဖို့ သုံးယောက်ရွေးထားတယ်ဆို....တတိယတစ်ယောက်က ဘယ်သူများလဲ....."

တီဖာချင်းက ဝေခွဲမရဖြစ်နေဟန်နဲ့ တစ်ခုခုကို စဉ်းစားနေစဉ်မှာ လူအုပ်ထဲကနေလှမ်းပြောလိုက်သည့်အသံကို ကြားလိုက်ရသည်။

"လီလော့ဖြစ်လိမ့်မယ်ထင်တယ်....သူက ဗလာနန်းတော်ရှိနေပေမယ့်လည်း ပဲ့တင်ထပ်သံပညာရပ်တွေနဲ့ ပတ်သတ်ရင် အတော်ဆုံးပဲ.....သူသာ အစွမ်းကုန်ထုတ်သုံးရင် စည်းတံဆိပ်ငါးခုအဆင့်တွေတောင် သူနဲ့ ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်...."

လုချင်းအာ ရောက်ရှိလာခြင်းကြောင့် အစပိုင်းမှာ ပြိုင်ပွဲကို စိတ်မဝင်စားကြတဲ့ ပထမကျောင်းတော်ဘက်က ကျောင်းသားတွေတောင် ယောက်ယက်ခတ်ကုန်ကြသည်။

လုချင်းအာကို ရှင်းပြလိုက်သည့်လူငယ်လေးသည် အရပ်ရှည်ပြီး သူရဲကောင်းဆန်သူတစ်ယောက်ဖြစ်သည်။ တီဖာချင်းက ထိုလူငယ်လေးနှင့် အကြည့်ချင်းစစ်ခင်းလိုက်ပြီး......

" အော်...ဘယ်သူများလဲလို့....စုန်ယွမ်ဖန်ပဲကိုး.....ဘယ်လို ဖုံးကွယ်ထားတဲ့ အကြံအစည်တွေနဲ့ ပွဲလာကြည့်တယ်ဆိုတာ ပြောပြပါဉီး.."

စုန်ယွမ်ဖန်သည်လည်း နန်းဖန်းကျောင်းတော်၌ လူသိများကျော်ကြားသူတစ်ဉီးဖြစ်သည်။ ထိုသို့ ကျော်ကြားရခြင်းမှာ

သူ၏ ကိုယ်ပိုင်ခွန်အားအပြင် စုန်မိသားစုသည် ထျန်ရှုစီရင်စုအတွင်းရှိ ထင်ရှားသော မိသားစုကြီး သုံးစုထဲမှ တစ်ခုဖြစ်နေခြင်းကြောင့်ပင်......

စုန်ယွမ်ဖန်သည် လုချင်းအာကို သဘောကျနေသူတစ်ဉီးဖြစ်ပြီး သူသဘောကျနေသည်ကိုလည်း မည်သည့်အခါမှ ဖုံးကွယ်မထားခဲ့ပေ။

စုန်ယွမ်ဖန်သည် တီဖာချင်း၏ မေးခွန်းများကို ပြန်မ​ဖြေဘဲ ပြုံးရုံသာပြုံးပြနေပြီး အကြည့်များကတော့ လုချင်းအာထံတွင်သာ ကျရောက်နေသည်။

ထို့သို့ အကြည့်ခံနေရသည့်တိုင် လုချင်းအာသည် အအူရာပြောင်းမသွားဘဲ ယဉ်ကျေးမှုအရသာ ပြန်ပြုံးပြလိုက်သည်။

လုချင်းအာ၏ အမူအရာကြောင့် တီဖာချင်းသည် ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သည်။

"အကယ်၍ ဒုတိယကျောင်းတော်ဘက်ကသာ လီလော့ကို ဝင်ပြိုင်ခိုင်မယ်ဆို ဒါက ကိုယ့်အရှက်ကိုယ်ပြန်ခွဲနေသလို ဖြစ်မှာပေါ့. ...ပထမကျောင်းတော်ဘက်က အတော်တကာ့အတော်ဆုံး စည်းတံဆိပ်ခြောက်ခုအဆင့်တွေကိုပဲ လွှတ်လိုက်လိမ့်မယ်....."

စုန်ယွမ်ဖန်က ပြုံးလိုက်ပြီး......

"ဒုတိယကျောင်းတော်ဘက်က နိုင်မယ်ထင်နေတာလား....ဒါက တရားဝင်ပြိုင်ပွဲပဲလေ...."

" ဒါတော့ ဟုတ်တယ်...."

လုချင်းအာကတော့ ပြိုင်ပွဲကွင်းပြင်တစ်နေရာမှာရှိနေတဲ့ လီလော့ကိုသာ တစ်စိုက်မတ်မတ်ငေးကြည့်နေသည်။ သူမစိတ်ထဲမှာ လီလော့တစ်ယာက် နည်းနည်းထူးဆန်းနေဝည်ဟုလည်း  ထင်နေမိသည်။

ထို့ကြောင့် လုချင်းအာက အပြုံးတစ်ပွင့်နှင့်အတူ......

"ကျွန်မကတော့ အဲ့လိုမထင်ဘူး....."

လုချင်းအာ၏ စကားကြောင့် တီဖာချင်းနှင့် စုန်ယွမ်ဖန်တို့တင်သာမက ပထမကျောင်းတော်သားအားလုံး အံ့အားသင့်ကုန်ကြသည်။

လုချင်းအာတစ်ယောက် လီလော့ကိုကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးနေသည်ကို မြင်ရသည်မှာ စုန်ယွမ်ဖန်အတွက် နေမထိထိုင်မသာ ဖြစ်နေစေသည်။

" ချင်းအာ....အခုက အရင်တုန်းကလို မဟုတ်တော့ဘူးလေ...."

စုန်ယွမ်ဖန် မပီမပြင် အပြုံးတစ်ခုနဲ့ လုချင်းအာကို လှမ်း​ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ လုချင်းအာဘက်က ဘာမှထပ်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးပြနေပြန်သည်။ ထိုအပြုံးကြောင့် စုန်ယွမ်ဖန် ဒေါသထွက်လာမိသည်။ ထို့အတူ လီလော့အား ကြည့်နေသော အကြည့်များသည်လည်း ပိုမိုအေးစက်လာခဲ့သည်။

ဒီကောင်က မြောင်းထဲရောက်နေတာတောင် ငါ့ကို ဒုက္ခလိုက်ပေးနေတုန်းပဲ.......

ပြိုင်ပွဲအနီးတစ်ဝိုက်ရှိလေထုသည် ပိုမိုအသက်ဝင်လာခဲ့သည်။ ထိုအချိန်တွင် ဒုတိယကျောင်းတော်ဘက်မှ ပါဝင်ယှဉ်ပြိုင်မည့်သူများ ဖြစ်ကြသည့် လီလော့၊ ကျောက်ခွော်နှင့် ယွမ်ချုတို့ သုံးယောက် ကွင်းထဲဝင်လာကြသည်။

ထို့အတူ ပထမကျောင်းတော်ဘက်မှ သုံးဉီးသည်လည်း ကွင်းထဲဝင်လာကြသည်။

အလယ်တွင် ရပ်နေသူမှာ ခုနကလေးတင် တွေ့ခဲ့ရသည့် ပိုင်ခွန်ဖြစ်ပြီး သူ့ဘေးတစ်ဖက်စီတွင် စည်းတံဆိပ်ခြောက်ခုအဆင့် ကျွမကျင်သူ နှစ်ဉီး ရပ်နေကြသည်။

" လီလော့...မင်း အခုဘာတတ်နိုင်သေးလဲ..ခုနကလိုမျိုး ထပ်ချိန်းခြောက်ဉီးမလို့လား...."

ပိုင်ခွန်က လီလော့ကို ကြည့်ပြီး လှောင်ပြောင်နေသည်။

ယခင်က သူ့ဘက်ကစပြီး လီလော့ကို အုပ်စုလိုက် စိန်ခေါ်ခဲ့သည်။ ထို့အတွက်ကြောင့် လီလော့သည်လည်း သူ့နည်းအတိုင်းတုံ့ပြန်ခဲ့သည်။ ယခုတွင်မူ တရားဝင်ပြိုင်ပွဲဖြစ်သည့်အတွက် လီလော့ဘက်က အရင်နည်းအတိုင်း ထပ်ချိန်းခြောက်ပါက လူရယ်စရာဖြစ်နေမည့်အပြင် ကျောင်းတော်ဘက်ကလည်း လီလော့အား အပြစ်ပေးလိမ့်မည်။

လီလော့က ပိုင်ခွန့်ကို လျစ်လျူရှူထားလိုက်ပြီး ကျောက်ခွော်တို့ဘက်လှည့်ကာ.....

" ငါအရင်သွားနှင့်မယ်....."

ကျောက်ခွော်က လီလော့ကို အမြန်သတိလှမ်းပေးနေ၏။

" သတိထားနော်...မနိုင်ဘူးထင်ရင် ချက်ချင်းအရှုံးပေးလိုက်....မင်းရဲ့ ခပ်ချောချောမျက်နှာကိုသာ ထိခိုက်မိလို့ကတော့ ဆုံးရှုံးမှု အတော်လေး ကြီးသွားလိမ့်မယ်....."

လီလော့က လက်မထောင်ပြလိုက်ပြီး......

" မင်းက တကယ့်ကို ညီအစ်ကိုကောင်းတစ်ယောက်ပဲ......"

ယွမ်ချူ ခပ်တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ လီလော့၏ ကပျင်ကချော်အမုအရာကို ကြည့်ပြီး ​ပြိုင်ပွုအတွက် ယုံကြည်မှုမသိပ်မရှိတော့ပေ။

စောင့်ကြည့်နေကြသော မျက်လုံးများအောက်တွင် လီလော့ ကွင်းထဲဝင်လာပြီး လက်နက်စင်ပေါ်က သတ္တုချောင်းတစ်ခုကို ဆွဲယူလိုက်သည်။သာမန်ကာလျှံကာ ဆွဲယူလိုက်မှုကြောင့် သတ္တုချောင်းနှင့် ကြမ်းပြင်ထိခတ်သံများထွက်ပေါ်လာသည်။

" ဒုတိယကျောင်းတော်ဘက်က လီလော့ကို ဉီးဆောင်ခိုင်းလိုက်တာလား....."

"ဒါက သူ့ကို အမြှောက်စာအဖြစ် ထိုးကျွေးလိုက်တဲ့သဘောပဲ......"

"ဟားး ဟားး စိတ်ဝင်စားဖို့ကောင်းလိုက်တာ....ပထမကျောင်းတော်ကနေ ကန်ထုတ်ခံလိုက်ရတဲ့ လီလော့က ဒုတိယကျောင်းတော်အတွက် တိုက်ခိုက်နေရတယ်....သူသာ အနိုင်ရသွားမယ်ဆို ပွဲကတော့လှပြီပဲ....."

"ဘယ်လိုတောင် တွေးလိုက်တာလဲကွာ.....ဒီကောင်က ဗလာနန်းတော်နဲ့ မွေးလာတာကွ....သူဘယ်လောက်ပဲ ပဲ့တင်ထပ်သံပညာရပ်တွေမှာ ထူးချွန်နေပါစေ စည်းတံဆိပ်ခြောက်ခုအဆင့်ကို နိုင်အောင် တိုက်နိုင်မှာတဲ့လား....."

"ဟားး ဟားးး ငါက ပွဲဆူအောင် ဟာသလုပ်လိုက်တာပါကွာ....."

".........."

လီလော့သည် ပရိတ်သတ်များကို ပွဲဆူစေခဲ့သည်။ သူသည် တစ်ချိန်တစ်ခါတုန်းက ကျောင်းဂုဏ်ဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်မဟုတ်လော.....

ပြီးခဲ့တဲ့ တစ်ပတ်က ကျန်းချင်းအာ နန်ဖန်းကျောင်းတော်ကို ရောက်လာပြီး လီလော့ကို လာကြိုခဲ့သည့်အတွက် ကျောင်းသားအယးလုံးက လီလော့ကို မနာလိုမုန်းတီးနေကြလေသည်။

လူတိုင်းရဲ့ စိတ်ထဲမှာ လီလော့တစ်ယောက် ချောင်ပိတ်အရိုက်ခံရဖို့ မျှော်လင့်နေကြပေသည်။

ပိုင်ခွန်က ဟန်ပါပါလက်ပိုက်ထားပြီး လီလော့ကို သရော်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့သည်။ သူက ဘေးနားကတစ်ယောက်ဘက်ကိုလှည့်ကာ.....

" လျူယန်...မင်းသူနဲ့ နည်းနည်းလောက် ကစားပေးလိုက်...."

ပိုင်ခွန်သည် လီလော့နှင့် ထိပ်တိုက်ရင်ဆိုင်ချင်သော်လည်း အဆင့်ချင်းမတူသည်ဟုညခံစားမိလိုက်သောကြောင့် တခြားတစ်ယောက်ကို လွှတ်လိုက်ခြင်းဖြစ်သည်။

လျုယန်သည် သန်မာထွားကြိုင်းသောလူငယ်လေးဖြစ်သည်။သူသည် ပိုင်ခွန့်အပြောကြောင့် နည်းနည်းတော့စိတ်ပျက်မေလေ၏။ ပွဲကြည့်သူများရှေ့တွင် အရည်အချင်းထုတ်ပြချင်သော်လည်း အမြှောက်စာကောင်နဲ့ ကစားရန် စေလွှတ်ခံရသောကြောင့် မျက်စိမျက်နှာပျက်နေလေသည်။

ဒါကို သတိပြုမိတဲ့ ပိုင်ခွန်က နှစ်သိမ်တဲ့အနေနဲ့......

" မင်းသူ့ကို နှစ်ကွက်အတွင်း အမှောက်သိပ်နိူင်ရင် နောက်တစ်ယောက်နဲ့ ထပ်ပြိုင်ခွင့်ပေးမယ်.....မင်းသာ တိုက်နိုင်မယ်ဆို သုံးယောက်စလုံးကို အမှောက်သိပ်ပစ်လိုက်....."

" ကောင်းပြီ....."

လျုယန်က ကွင်းထဲဝင်သွားလိုက်ပြီး လက်နက်စင်ပေါ်က သတ္ထုလှံရှည်တစ်လက်ကို ရွေးချယ်လိုက်ပြီး လီလော့ကို လှောင်ပြောင်သရော်နေ၏။

" ငါ့ကို သက်ညှာပေးပါဉီး...."

လီလော့က လက်ထဲက လက်နက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လျူယန်ကို မျက်နှာသေနဲ့သာ ကြည့်နေ၏။

ထိုအချိန်တွင် အမြင့်တစ်နေရာတွငိ ရှိသော ဌာနမှူးက ခေါင်းညိတ်ပြလိုက်သဖြင့် လင်းဖန်နှင့် ရှုရှန်ယွီတို့သည် တိုက်ပွဲ စတင်ရန် အချက်ပေးလိုက်လေသည်။

" စတော့....."

အသံကြားလိုက်သည်နှင့် လီလော့နှင့် လျူယန်တို့နှစ်ယောက်စလုံး ရှေ့သို့ ပြေးတက်သွားခဲ့ကြသည်။

လျူယန်က လီလော့ကို ကြည့်လိုက်ပြီး....

" မင်းရဲ့ အရှိန်က နည်းနည်းနှေးနေသလိုပဲ...."

လျူယန် ထိုသို့်​ပြောလိုက်သောအခါ လီလော့သည် မြေပြင်ပေါ် ခြေဖျားထောက်ပြီး အရှိန်မြှင့်လိုက်သောအခါ လင်းယုန်တစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် အရှေ့သို့တိုးလာသောကြောင့် လေခွင်းသံများပင်ကြားနေရ၏။

လျူယန်၏ ရယ်သံထွက်မလာခင်မှာတင် လီလော့က လျင်မြန်လွန်းလှတဲ့ အရှိန်နဲ့ သူရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။

လျူယန့်ရှေ့တွင် ပေါ်လာသည်မှာ လီလော့တစ်ယောက်တည်း မဟုတ်ဘဲ အရှိန်ဖြင့် တိုးဝင်လာသော သတ္ထုလက်နက်ပါ ကပ်ပါလာခဲ့သောကြောင့် လျူယန်သည် ရင်ဘတ်ကို ကာကွယ်ရန် ပဲ့တင်ထပ်သံစွမ်းအားများကို ကပျာကယာထုတ်ဖော်လိုက်ရသည်။

လီလော့၏ ရုတ်တရက် အရှိန်မြှင့်လာခြင်းကြောင့် လူတိုင်းအံ့သြနေခဲ့ကြသည်။လီလော့တွင် ပဲ့တင်ထပ်သံစွမ်းအားမရှိသောလည်း ခွန်အားသက်သက်ဖြင့် လျူယန့်ကို တိုက်ခိုက်နိုင်ခဲ့သည်။သို့သော်လည်း လျူယန်ဘက်က ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ပြီး တန်ပြန်တိုက်ခိုက်လိုက်ပါက လီလော့အတွက် အထိနာစရာတွေသာ ဖြစ်လာတော့မည်ဖြစ်သည်။

လျူယန် အတွေးများနေစဉ်မှာပင် လီလော့၏ လက်နက်သည် အနက်ရောင် စပါးအုံးမြွေတစ်ကောင်သဖွယ် သူ့ရင်အုပ်ဆီသို့ တိုးဝင်လာခဲ့ပြီဖြစ်သည်။

ဘန်းးးးးးးး

ထိုအသံနှင့်အတူ စူးရှသော နာကျင်မှုတစ်ရပ်ကို လျူယန် ပြင်းထန်စွာခံစားလိုက်ရလေသည်။လီလော့၏ လက်နက်သည် လျူယန်၏ ပဲ့တင်ထပ်သံစွမ်းအား အကာအကွယ်ကို ထိုးဖောက်နိုင်ခဲ့သည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းနေပေသည်။

ထို့နောက် လျူယန်တစ်ယောက် စင်ပေါ်ကနေ ကို့ယို့ကားယား ပြုတ်ကျသွားခဲ့လေသည်။

ပွဲကြည့်နေသူအပေါင်းသည် တခဏမျှ ဆွံ့အံ့နေခဲ့ကြပြီး သတိပြန်ဝင်လာသောအခါ လီလော့ကို အော်ဟစ်အားပေးနေကြလေသည်။

ပထမကျောင်းတော်ဘက်မှ ကျောင်းသားများသည် နာကျင်နေသော လျူယန့်ကိုပင် ဂရုမစိုက်နိုင်ကြသေးဘဲ စင်ပေါ်က လီလော့ကိုသာ ကြောင်တောင်ငေးကြည့်နေကြသည်။

ဘာတွေ ဖြစ်ကုန်တာလဲ.......

စင်အောက်ကိုပြုတ်ကျလာတဲ့သူက ဘာလို့ လီလော့မဟုတ်ရတာလဲ......

တစ်ချို့က သံသယဖြစ်နေဟန်နှင့် စင်ပေါ်ကို နောက်တစ်ခေါက်ပြန်ကြည့်နေကြသည်။လိီလော့သည် လျူယန်ကို လှလှပပရိုက်ချလိုက်ပြီး စင်ပေါ်တွင် ဝံ့ကြွားစွာရပ်နေ၏။ လီလော့အား အထင်အမြင်သေးခဲ့သူများပင်လျှင် ယချိန်တွင် အထင်ကြီးလေးစားဟန်နှင့်ကြည့်နေကြသည်။

" မင်း ပြောတော့ ငါ့ရဲ့ အရှိန်က ဘာဖြစ်တယ်ဆို? ?"

All Chapters