← Chapters

အကုန်ရှင်းထုတ်ခြင်း......

Vol. 2 Ch. 20

အကုန်ရှင်းထုတ်ခြင်း......

Vol. 2 Ch. 20

လီလော့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော

အပြာနုရောင်အလင်းတန်းများသည် ကောင်းကင်ယံထိတိုင်ပျံနှံ့နေသည်။

ဤအခိုက်အတန့်တွင် လီလော့သည် လျူယန်ထက်များစွာ သာလွန်နေကြောင်းသက်သေပြနေပြီဖြစ်သည်။လူတိုင်းသည်လည်း ဤမြင်ကွင်းကြောင့် စိတ်နှလုံးသားများ တုန်လှုပ်ချောက်ခြားနေကြရသည်။

" သူ....သူဘယ်လိုဖြစ်ပြီး ရေပဲ့တ်ထပ်သံရသွားတာလဲ....."

တီဖာချင်း တီးတိုးမေးခွန်းထုတ်နေမိသည်။

စင်မြင့်အလယ်ပေါ်တွင် လက်နက်ကိုင်ဆွဲထားပြီး မားမားမတ်မတ်ရပ်တည်နေသော    လီလော့၏ ပုံသဏ္ဍာန်ကို ကြည့်ပြီး တီဖာချင်းစိတ်ထဲတွင် ဟိုအရင်တုန်းက ပုံရိပ်များ တရိပ်ရိပ်ထင်ဟပ်လာခဲ့သည်။

ထိုအချိန်တုန်းက လီလော့သည် နန်ဖန်းကျောင်းတော်၌ ပြိုင်ဘက်မရှိ ထင်ရှားကျော်ကြားခဲ့ပြီး ကျန်းချင်းအာနှင့်ပင် တူညီသောအဆင့်၌ ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

သူ့ထံတွင် ဗလာနန်းတော်ရှိနေမှန်း သိလိုက်ရသည့်အခါတွင် ဂုဏ်သိက္ခာကျဆင်းခဲ့ရသည့်အပြင် ဒုတိယကျောင်းတော်ဆီသို့ပါ ကန်ထုတ်ခံခဲ့ရရှာသည်။

အပြာနုရောင်ပဲ့တင်ထပ်သံစွမ်းအားများ လွှမ်းခြုံထားသော လီလော့သည် တစ်ချိန်တစ်ခါတုန်းက ကဲ့သို့ပင် ပရိတ်သတ်ရှေ့မှောက်တွင် ဝံ့ကြွားစွာရပ်နေနိုင်ခဲ့ပြီဖြစ်သည်။

စုန်ယွမ်ဖန်၏ အံ့သြမှုသည် အခြားသူများထက် သာလွန်နေပြီး လီလော့အား တစ်ခါမှ မမြင်ဖူးသည့်နှယ် ပြူးပြဲကြည့်နေလေသည်။

စုန်ယွမ်ဖန်လောက် အံ့သြနေသူ ရှိမည်မထင်ပေ။

ယခုချိန်တွင် လီလော့သည် နောက်တစ်ကြိမ် ပြန်လည်တောက်ပလာပြီး မည်သည့်အခါမျှ မှေးမှိန်သွားတော့မည် မဟုတ်ပေ။

လုချင်းအာသည် ဘာတစ်ခွန်းမှ စကယးမဆိုဘဲ လီလော့ကိုသာ ပြုံး၍ စိုက်ကြည့်နေသည်။ဤမြင်ကွင်းကြောင့် စုန်ယွမ်ဖန် လက်သီးဆုပ်ထားလိုက်မိသည်။

တစ်လောကလုံး ပွတ်လောရိုက်နေချိန်တွင် လုချင်းအာတစ်ယောက်တည်းသာ တိတ်ဆိတ်နေ၏။

" မဖြစ်နိုင်လိုက်တာ....."

" နန်ဖန်းကျောင်းတော်က စိတ်ဝင်စားစရာကောင်းသားပဲ....."

" အရင်က လီလော့ပြန်လာပြီလား....."

" ဘယ်လိုဖြစ်ကုန်တာလဲ....လီလော့မှာဘယ်တုန်းက ရေပဲ့တင်ထပ်သံရှိသွားတာလဲ....."

လင်းဖန်သည် မယုံနိုင်သော အကြည့်များဖြင့် အလောသုံးဆယ် မေးမြန်းလိုက်သည်။

" ဒီကောင်လေး တားမြစ်ထားတဲ့ ကျင့်စဉ်တစ်ခုခု သုံးလိုက်တာများလား...."

ရှုရှန်ယွီကိုယ်တိုင်လည်း အံ့သြနေရပေသည်။ သို့သော်လည်း လင်းဖန်၏ စကားကြောင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ပေါက်ကရလေးဆယ်တွေ မပြာစမ်းနဲ့....လီလော့မှာ အမြဲတမ်း ဗလာနန်းတော်ရှိနေရမှာလား...."

လင်းဖန်က ထိုစကားကို လက်မခံနိုင်သည့်ပုံဖြင့် မျက်မှောင်ကြုံ့လိုက်ပြီး.....

" အဲ့လိုပြောချင်တာမဟုတ်ပါဘူးကွာ.....ဗလာနန်းတော်ဆိုတာ သဘာဝကသတ်မှတ်ပေးလို​က်တဲ့ အရာလေ.....ဘယ်လိုလုပ်ပြီး သူ့မှာ ပဲ့တင်ထပ်သံရှိလာတာလဲ......"

ရှုရှန်ယွီက ဒေါသတကြီး နှာမှုတ်လိုက်ပြီး.....

" ငါတို့မှာ လုံလောက်တဲ့ အတွေ့အကြုံတွေမရှိတော့ မယုံနိုင်ဖြစ်နေမိတာ....."

လင်းဖနိ ထပ်ပြောမည် ပြင်လိုက်စဉ်တွင် ဌာနမှူး၏ စကားသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ပဲ့တင်ထပ်သံရယူဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာမှမဟုတ်တာ....ဒဏ္ဍာရီတွေထဲမှာ ဒီလိုမျိုး အကျိုးသက်ရောက်မှုတွေ ရစေနိုင်တဲ့ ရှားပါးရတနာတွေရှိတယ်လို့ ဆိုထားတယ်...."

" လီလော့မိဘတွေက သူ့အတွက် ရေပဲ့တင်ထပ်သံရလာနိုင်မယ့် ရတနာတစ်ခုခု ချန်ထားပေးခဲ့ပုံရတယ်...."

"  စိတ်ထင်ရာတွေ ပြောမနေကြနဲ့တော့.....ပြိုင်ပွဲပြီးရင် သူ့ကို ခေါ်မေးလိုက်လို့ရတာပဲလေ....ကျုပ်တို့တာဝန်က ကလေးတွေကို လမ်းမှန်ကမ်းမှန်ရောက်အောင် သွန်သင်ညွှန်ကြားပေးဖို့ပဲ. ...ကျန်တာ ကျုပ်တို့နဲ့ မဆိုင်ဘူး... "

ပရိတ်သတ်အားလုံး အံ့အားသင့်နေချိန်တွင် ပိုင်ခွန်သည် တင်းမာနေသော မျက်နှာထားနှင့်လှံချောင်းကို လက်ကကိုင်ပြီး စင်ပေါ်တက်သွားခဲ့သည်။

" လီလော့...မင်းရဲ့ခွန်အားကို ဒီလောက်ထိ ဖုံးကွယ်ထားမှန်း ငါမသိခဲ့မိဘူး....ဘာလဲ မင်းက သုံးယောက်လုံးကို တစ်ယောက်တည်းအနိုင်ယူတော့မလို့လား.....ငါ့ဘက်က ခွင့်မပြုနိုင်ဘူးနော်...."

ပိုင်ခွန့်အပြောကြောင့် လီလော့ ရယ်လိုက်ပြီး.....

" မင်းပြောနေပုံက ရူးနေတဲ့ ဇာတ်မင်းသားလိုဖြစ်နေပြီ.....မင်း ပြဇာတ်ကတော့မလို့လား...."

လီလော့စကားကြောင့် ပိုင်ခွန်ရူးရူးရှားရှား ဖြစ်သွားခဲ့ပြီး......

" အေးပါ...မင်းဘယ်လောက်ကြာကြာရယ်နိုင်မလဲ ကြည့်ကြသေးတာပေါ့ "

ပိုင်ခွန် စင်ပေါ်တက်လာချိန်ကတည်းက သူ့ခန္ဓာကိုယ်ထဲကနေ ပဲ့တင်ထပ်သံစွမ်းအားတွေ လွှင့်ပျံနေပြီး သားရဲဟိန်းဟောက်သံ ခပ်တိုးတိုးပင်ကြားနေရသည်။

ဤသည်မှာ ပိုင်ခွန်၏ အဆင့်ခြောက် ကြမ်းကြုတ်သော တောင်ခွဲကျား ပဲ့တင်ထပ်သံပင်ဖြစ်သည်။ ပိုင်ခွန်၏ ပဲ့တင်ထပ်သံသည် နာမည်နှင့်လိုက်အောင် သန်မာကြမ်းတမ်းပြီး ပိုင်ရှင်အား တောင်တစ်လုံးလုံးကိုပင် ခွဲနိူင်သော အင်အားများ ပေးစွမ်းနိုင်သည်။

လီလော့သည် ပိုင်ခွန့်ထံမှ အန္တာရာယ်အငွေ့အသက်ကို ခံစားမိနေရသည်။ အဆင့်ခြောက် ပဲ့တင်ထပ်သံကြောင့် ပိုင်ခွန်၏ အဆင့်သည် စည်းတံဆိပ်​​ခြောက်ခု အထွဋ်အထိပ်အဆင့်၌ ရှိနေသည်မှာ ထင်ရှားလှပေသည်။

ပိုင်ခွန်နှင့် ယှဉ်လိုက်ပါက လီလော့သည် စာ်းတံဆိပ်ငါးခုအဆင့်၌သာရှိသေးပြီး ရေပဲ့တင်ထပ်သံမှာလည်း အဆင့်ငါး သာရှိသေးသည့်အတွက် အစစအရာရာ နိမ့်ကျနေပေသည်။

သို့သော်လည်း အောင်နိုင်ခြင်းသည် ထိုအချက်များနှင့် သက်ဆိုင်ခြင်းမရှိပေ။

ဒုန်းးးးးးးး

ပိုင်ခွန်သည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး လီလော့ထံသို့ ကျည်ဆန်တစ်တောင့်သဖွယ် တိုးဝင်သွားခဲ့သည်။ လက်ထဲတွင်ကိုင်ထားသော လှံတံသည်လည်း ပဲ့တင်ထပ်သံစွမ်းအားများ​ကြောင့် ယခင်ကထက်ပိုပြီး ထက်မြနေသည်။

လီလော့၏ လက်နက်သည် ပိုင်ခွန်၏ လက်နက်နှင့် ထိခတ်မိသော အခါ အပြာရောင်အလင်းတန်းများသည် ပင်လယ်လှိုင်းများသဖွယ် ရစ်ပတ်လွှမ်းခြုံလာ၏။

ဘန်းးးးးးး

လက်နက်နှစ်ခု ထိခတ်မိသည်အခါ စွမ်းအားလှိုင်းလုံးများဖြစ်ပေါ်လာပြီး လီလော့သည် အမြှောက်ဆံတစ်ခုသဖွယ် နောက်သို့ လွှင့်ထွက်သွားခဲ့သည်။ သို့သော်လည်း လီလော့သည် ကျင်လည်စွာဖြင့် လျင်မြန်စွာ ဟန်ချက်ထိန်းလိုက်နိုင်သည်။

" ဟမ့်....စည်းတံဆိပ်ငါးခုအဆင့်လောက်နဲ့များ....."

တိုက်ကွက်တစ်ခုတည်းနှင့်ပင် ပိုင်ခွန်တစ်ယောက် လီလော့၏ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်းနိူင်လိုက်ပြီဖြစ်သည်။

"မင်းကြည့်ရတာ ကံကောင်းမှုတစ်ချို့နဲ့ ကြုံခဲ့ပုံပဲ... အခုကြည့်ရသလောက်တော့ ထင်သလောက်လဲ မဟုတ်ပါလား.... "

ပိုင်ခွန်က ထိုသို့ ပြောပြီးသည်နှင့် ကျားတစ်ကောင်က သားကောင်ကို ခုန်အုပ်လိုက်သကဲ့သို့ လီလော့အား ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ပိုင်ခွန်၏ လှံတံသည် လီလော့ထံသို့ အရိပ်ပေါင်းများစွာဖြာထွက်ကာ တိုးဝင်လာခဲ့သည်။

ကြည့်ရသည်မှာ လီလော့၏ တခဏတာအားနည်းနေမှုကို အခွင့်ကောင်းယူပြီး အပြီးသတ်ရိုက်ချရန် ကြံစည်ထားပုံရသည်။

ပိုင်ခွန်၏ တိုက်ခိုက်မှုအား လီလော့ဘက်က ရှောင်တိမ်းရန် အစီအစဉ်မရှိပေ။မရေမတွက်နိူင်သော လှံအရိပ်ပေါင်းများစွာ တိုးဝင်လာသည့်တိုင် လီလော့သည် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

နှစ်ဉီးသား အနီးကပ်တိုက်ခိုက်နေချိန်တွင် ပဲ့တင်ထပ်သံစွမ်းအားများ အဆက်မပြတ်ပြောင်းလဲနေသော မြင်ကွင်းသည် ပရိတ်သတ်များကို ကောင်းကောင်းကြီး အံ့အားသင့်စေခဲ့သည်။

တိုက်ခိုက်နေချိန်တွင် ပိုင်ခွန်၏ အမူအရာဝည် ပို၍ အကျည်းတန်နေခဲ့သည်။တစ်ဖက်လူ၏ လက်နက်ကနေ တဆင့် ခံစားမိနေသော ပဲ့တင်ထပ်သံစွမ်းအားသည် အချိန်နှင့်အမျှတိုးပွားလာနေသောကြောင့်ပင်....

ပထမကျောင်းတော်၏ ပါရမီရှင်များသည်ပင် ဖြစ်ပျက်နေသည်များကို ရှင်းလင်းစွာ မမြင်နိုင်ကြတော့ပေ။

" လီလော့က ပိုင်ခွန်ကို ခုခံနိုင်နေတယ်....အတော်ထူးဆန်းနေတယ်....လီလော့က အခုမှ စည်းတံဆိပ်ငါးခုအဆင့်ပဲရှိသေးတာမဟုတ်လား....."

" လီလော့ရဲ့ ရေပဲ့တင်ထပ်သံစွမ်းအားတွေက ဘာလို့ ပိုအားကောင်းလာတာလဲ....ဘာတွေဖြစ်ကုန်တာလဲ....."

" အဲ့တာ ကျောက်စိမ်းကိုးလွှာပဲ့တင်ထပ်သံပညာရပ်ကြောင့်ပဲ.....ဒီပညာရပ်က ရေပဲ့တင်ထပ်သံပိုင်ရှင်တွေအတွက် တကယ့်ကို အသုံးဝင်တယ်.....ဒီပညာရပ်က အစပိုင်းမှာ အားနည်းပေမယ့် တဖြည်းဖြည်းနဲ့ အားကောင်းလာပြီး အသုံးပြုသူရဲ့ ခွန်အားကို ပင်လယ်လှိုင်းလုံးတွေလို အားကောင်းလာစေတယ်....ဒီပညာရပ်ကိုသာ ရေပဲ့တင်ထပ်သံစွမ်းအားနဲ့ တွဲသုံးလိုက်လို့ကတော့ ဘယ်ပြောကောင်းလိမ့်မလဲကွာ.....တိုက်ပွဲအရှိန်မြှင့်လာတာနဲ့အမျှ တစ်ဖက်လူဘက်က ထိုးဖောက်ဖို့ ခက်ခဲလာလိမ့်မယ်....."

" အကယ်၍ ပိုင်ခွန်သာ ဒါကို မချိုးဖောက်နိုင်ရင် သေချာပေါက်ရှုံးရလိမ့်မယ်....."

ပထမကျောင်းတော်၏ ပါရမီရှင်များသည် ဤရှင်းပြချက်ကြောင့် မျက်နှာများ ညှိုးနွမ်းသွားခဲ့ကြသည်။ ပထမကျောင်းတော်၌ပင် ကျောက်စိမ်းကိုးလွှာကဲ့သို့သော အဆင့်မြင့်ပဲ့တင်ထပ်သံပညာရပ်ကို အသုံးပြုနိုင်သည့် ကျောင်းသားအနည်းငယ်သာရှိသည်။ လီလော့ သည် ဤပညာရပ်ကို အားမစိုက်ဘဲ အသုံးချနိုင်ခြင်းဖြင့် သူ၏ ထက်မြက်သော စွမ်းရည်ကို ပြသခဲ့သည်။

" နန်ဖန်းကျောင်းတော်မှာ လီလော့ကသာ ပဲ့တင်ထပ်သံပညာရပ်တွေကို အကောင်းဆုံး သုံးနိုင်တဲ့သူဆိုတာ ထင်ရှားနေပြီ....."

ထိုစကားကြောင့် လူအုပ်ကြီးတစ်ခုလုံး သက်ပြင်းချကာ ညီးတွားနေခဲ့ကြသည်။ယခင်ကဆို လီလော့ ဗလာနန်းတော် ပိုင်ဆိုင်ထားသောကြောင့် မည်သူမျှမစိုးရိမ်ခဲ့ကြပေ။ယခုတွင်မူ လီလော့ထံတွင် ပဲ့တက်ထပ်သံရှိလာခဲ့ပြီဖြစ်သည်။ပဲ့တင်ထပ်သံပညာရပ်များကို ကျွမ်းကျင်စွာသုံးနိုင်သည့်အပြင် ပဲ့တင်ထပ်သံစွမ်းအားများကိုပါ ပိုင်ဆိုင်နိုင်ပြီဖြစ်သောကြောင့် လီလော့သည် အားလုံးအတွက် ဆူးတစ်ချောင်းဖြစ်လာခဲ့လေပြီ......

ဒုန်းးးးးးး

ခန့်မှန်းထားသည့်အတိုင်း ပိုင်ခွန် ပြာယာခတ်နေလေပြီ.....လီလော့ထံတွင် အစွမ်းသိပ်မထက်သော စွမ်းအားများ ပိုင်ဆိုငမထားသော်လည်း တဖြည်းဖြည်းအားကောင်းလာသောကြောင့် ပိုင်ခွန် ချောင်ပိတ်မိနေသလို ဖြစ်နေခဲ့သည်။

ထို့အပြင် လီလော့၏ စွမ်းအားများသည် အဘယ့်ကြောင့် သန့်စင်နေသလဲ မတွေးတတ်တော့ပေ။

မည်သို့ပင်ဖြစ်စေ ဤအတိုင်းဆက်သွားရန် မဖြစ်တော့ကြောင်း ပိုင်ခွန်နားလည်လိုက်လေပြီ.......

ပိုင်ခွန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ချို့ တောက်ပလာပြီး လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ ထိုအချိန်တွင် ပိုင်ခွန်၏ လက်ပေါ်တွင် ပဲ့တင်ထပ်သံစွမ်းအားများသည်  ကျားလက်သည်းသဏ္ဍန်အရိပ်များအဖြစ် ဖွဲ့တည်လာကြသည်။

" အဆင့်မြင့် ပညာရပ်....ထိုးဖောက်မည့်လက်သည်း....."

ပိုင်ခွန်သည် သားရဲတွင်းထဲမှ ခုန်ထွက်လာသော ကျားတစ်ကောင်သဖွယ် ရှေ့သို့ တိုးလာပြီး လီလော့၏ ရေပဲ့တင်ထပ်သံစွမ်းအားများကိုတိုက်ရိုက် ထိုးခွဲလိုက်သောကြောင့် လီလော့ပင် တုန်လှုပ်နေခဲ့ရသည်။

ကျားလက်သည်းများသဖွယ် ထက်ရှနေသော လှံတံကြောင့် လီလော့သည် ရေပဲ့တင်ထပ်သံစွမ်းအားများကို လက်ထဲတွင်ကိုင်ထားသော သတ္ထုချောင်းဆီသို့ ထံမံပို့လွှတ်လိုက်ပြန်သည်။

လက်နက်နှစ်ခုသည် ကန့်လန့်ဖြတ်သဏ္ဍန် ထိခတ်သွားကြလေသည်။

" မင်း သေလိုက်တော့....."

ပိုင်ခွန်၏ အမူအရာသည် ရက်စက်ကြမ်းကြုတ်နေပြီး မျက်လုံးများထဲတွင်လည်း ကောက်ကျစ်သည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။ ပိုင်ခွန်သည် တုံ့ဆိုင်းမနေဘဲ ရှေ့တစ်လှမ်းတိုးကာ လီလော့ကို လှံဖြင့်ထိုးစိုက်ရန်ပြင်လိုက်သည့်အချိန်တွင် လီလော့၏ လက်နက်ဆီမှ ထွက်ပေါ်လာသော အပြာရောင်အလင်းတန်းများကြောင့် ရုတ်တရက် မျက်လုံးမှိတ်လိုက်မိသည်။

ပိုင်ခွန် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် လှံတံထိပ်ဖျားသည် လီလော့၏ ပခုံးတွင် ထိုးစိုက်နေရမည့်အစား လေထုထဲကိုသာ ထိုးစိုက်နေသည်။

" ငါတော့ ပြသာနာတက်ပြီ....."

ပိုင်ခွန်၏ နှလုံးသားတစ်ခုလုံးအေးစက်လာလေပြီ......လီလော့၏ ပခုံးပေါ်သို့ ထိုးစိုက်လိုက်ပါလျှက်နှင့် ဘာတွေ ဖြစ်သွားခဲ့မှန်း နားမလည်နိူင်တော့ပေ။

လီလော့၏ လေးလံသော သတ္ထုချောင်းသည် ပိုင်ခွန်မျက်နှာအား အရှိန်ပြင်းစွာ ရိုက်မိသွားခဲ့လေသည်။

ဖူးးးးးး

နာကျင်စွာအော်ဟစ်လိုက်သောအခါ ပါးစပ်ထဲမှ သွေးများအပြင် ကျွတ်ထွက်နေသော သွားများပါ ထွက်ကျလာပြီး ပိုင်ခွန်သည် စည်းဝိုင်းအပြင်ဘက်သို့ အရှိန်ပြင်းစွာ လွှင့်ထွက်သွားခဲ့ပြီဖြစ်သည်။

နာကျင်စွာအော်ဟစ်နေသော အသံသည် ဧရိယာတစ်ခွင် ပဲ့တင်ထပ်နေခဲ့သည်။

လီလော့သည် သတ္ထုချောင်းကို ပစ်ချလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည့်အခါ အပြာနုရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်နေပြီး ပိုင်ခွန်၏ နာကျင်အော်ဟစ်နေသံကိုသာ ကြားနေရသည်။

သိပ်မကြာခင်မှာပဲ နားအူလောက်သည်အထိ အော်ဟစ်အားပေးသံများ ကွင်းလုံးပြည့်ဆူညံနေလေသည်။ရှုံးသွားသည့် ပထမကျောင်းတော်မှ လွဲ၍ ကျန်သော ကျောင်းတော်များ အားလုံး အော်ဟစ်အောင်ပွဲခံနေကြသည်။

ဖြစ်ပျက်ခဲ့သမျှကို အခုထိ မယုံကြည်န်ိုင်ကြသေးပေ။

တစ်ချိန်တစ်ခါက နန်ဖန်းကျောင်းတော်၏ အတော်ဆုံးပါရမီရှင်သည် ပြာပုံထဲမှ တိုးထွက်လာနိုင်ခဲ့ပြီဖြစ်သည်။

ဗလာနန်းတော်ရှိနေခြင်းကြောင့် လှောင်ပြောင်ခံခဲ့ရသူသည် ဒုတိယကျောင်းတော်ကိုယ်စား ပြိုင်ဘက်သုံးယောက်ကို တစ်ယောက်တည်းဖြင့် အနိုင်ယူခဲ့ပြီဖြစ်သည်။

ကျောက်ခွော်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။ သူသည် ပထမကျောင်းတော်ဘက်သို့ မောက်မာသော အမုအရာများဖြင့် အော်ဟစ်လှောင်ပြောင်လိုက်​နေသည်။

" မင်းတို့ မြင်လိုက်ကြလား...."

" လီလော့ ပြန်လာပြီကွ! !!"

All Chapters