အစမ်းစာမေးပွဲ......
Vol. 2 Ch. 21
ရှန်းလိသစ်ပင်ပေါ်တွင် ပထမကျောင်းတော်သားများမှလွဲ၍ ကျန်သောသူများအားလုံး အောင်ပွဲခံနေကြသည်။
ဤရလဒ်မျိုးအား မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ဒုတိယကျောင်းတော်ဘက်မှ ရွှေသစ်ရွက်ငါးရွက် ဆုံးရှုံးရမည်ဟုသာ လူတိုင်းထင်မှတ်ထားခဲ့ကြသည်။သို့သော်လည်း ဒုတိယကျောင်းတော်ဘက်မှ လီလော့သည် ပထမကျောင်းတော်ဘက်မှ စည်းတံဆိပ်ခြောက်ခုအဆင့် သုံးယောက်စလုံးကို တစ်ယောက်တည်း အနိုင်ပိုင်းနိုင်ခဲ့ပေသည်။
ဤပြိုင်ပွဲသည် အစမှအဆုံးတိုင် စိတ်လှုပ်ရှားဖွယ်ကောင်းလှပေ၏။
လီလော့သည် ဗလာနန်းတော်ရှိနေခြင်းကြောင့် ပထမကျောင်းတော်မှ ဒုတိယကျောင်းတော်သို့ ကျောင်းပြောင်းခံထားရသူဖြစ်နေခြင်းသည် ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းလှပေသည်။
ယခုတွင်မူ လီလော့သည် ထူးဆန်းလှသော ပဲ့တင်ထပ်သံစွမ်းအားများဖြင့် ပရိတ်သတ်ရှေ့မှောက်တွင် ဝံ့ကြွားစွာ ရပ်နေနိုင်ပြီဖြစ်သည်။ လင်းဖန် ဖယ်ထုတ်ခဲ့ဖူးသူသည် ယခုချိန်တွင် လင်းဖန်အား ခြောက်လှန့်ရန် ပြန်လည်ရောက်ရှိလာခဲ့ပြန်လေပြီ......
ကျောင်းသားအားလုံးသည် ဤမြင်ကွင်းအား သက်ပြင်းချလျက် ပြန်လည်သုံးငဏ်နေကြသည်။ တစ်ချိန်တစ်ခါက ထွန်းတောက်ခဲ့ဖူသူသည် ပြာပုံထဲမှ ပြန်လည် ရှင်သန်နိူင်ခဲ့ပြီဖြစ်သည်။သို့သော်လည်း နည်းနည်းနောက်ကျနေပြီဟုလည်း တွေးနေမိကြသည်။
မဆုံးနိူင်တော်သော အားပေးသံများကြောင့် ပထမကျောင်းတော်သားများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သပ်ပြင်းချနိုင်ရုံသာ တတ်နိုင်ကြတော့သည်။
တီဖာချင်းတစ်ယောက် လီလော့အား သတိလက်လွတ်ငေးနေချိန်တွင် တစ်စုံတစ်ယောက်က ထမေးလိုက်သည်။
"သူ့မှာ ဗလာနန်းတော်ရှိနေတာ မဟုတ်ဘူးလား.....ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ပဲ့တင်ထပ်သံရှိသွားရတာလဲ...."
စုန်ယွမ်ဖန်သည်လည်း မည်သို့ ဖြစ်သွားကြောင်း နားမလည်နိုင်သေးသည့်အတွက် နှုတ်ဆိတ်နေခဲ့ရသည်။
" ပဲ့တင်ထပ်သံတုပဖို့ဆိုတာ ရှားပါးပေမယ့်လည်း မဖြစ်နိုင်တဲ့အရာမှမဟုတ်တာ....ပဲ့တင်ထပ်သံရလာနိူင်ဖို့ ကူညီပေးနိူင်တဲ့ ကောင်းကင်ရတနာတွေ မရေမတွက်နိုင်အောင်ရှိတယ်....ကံဆိုးတာက လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်း ရှပြည်ထောင်စုမှာ ဒီလိုမျိုးရတနာတွေ ပေါ်မလာခဲ့ဘူး... ဒါပေမယ့် လီလော့ရဲ့မိဘတွေက အများသူငှာလက်လှမ်း မမှီနိုင်တဲ့အရာကို ရှာပေးခဲ့ပုံရတယ်...."
ဤသည်မှာ လုချင်းအာ၏ ဖြေရှင်းချက်ဖြစ်သည်။
လုချင်းအာ၏ ဒုတိယဉီးလေးသည် ဘဏ်ခွဲပေါင်းများစွာရှိသော ရွှေနဂါးဘဏ်တိုက်၏ ဉက္ကဌ ဖြစ်သည်။ ထို့ကြောင့် လုချင်းအာသည် သာမာန်လူများထက်ပို၍ ဗဟုသုတ ကြွယ်ဝပေသည်။
" သူ့မှာ အဲ့လိုရတနာမျိုးရှိတယ်ဆို ဘာလို့ အခုမှ ထသုံးတာလဲ.... "
တီဖာချင်းက သိလိုစိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။
" ကြည့်ရတာညတိကျသေချာတဲ့ အခြေနေထိ စောင့်နေရလို့ နေမှာပေါ့.....ငါလည်း အတိအကျကြီးတော့ ဘယ်သိပါ့မလဲ. ...."
လုချင်းအာက အဓိပ္ပါယ်ဖော်ရခက်သော အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။
တီဖာချင်းတစ်ယောက် တခဏမျှ တိတ်ဆိတ်နေပြီးနောက်.....
" ဒီကောင်စုတ်က ကံကြမ္မာပြောင်းလဲလိုက်နိုင်ပြီပဲ...."
လော့လန်အိမ်တော်ကြောင့် အဆက်မပြတ် ရုန်းကန်နေသည့် တီဖာမိသားစုဝင်တစ်ယောက်၏ ချီးကျူးစကားသည် အလွန်ပင် ဝေခွဲရခက်နေခဲ့သည်။
သို့သော်လည်း တီဖာမိသားစုသည် စုန်မိသားစုထက်သေးငယ်သောကြောင့် လော့လန်အိမ်တော်နှင့် မည်သည့်အခါမျှထိပ်တိုက်ရင်ဆိုင်လိမ့်မည်မဟုတ်ပေ။ လီလော့သည် သူမထံမှ ကျန်းချင်းအာကို ခိုးယူသွားသည်မှလွဲ၍ လီလော့နှင့် သူမကြားတွင် မည်သည့်အငြိုးတေးမျှ မရှိခဲ့ပေ။
" အဲ့သလောက်လွယ်လို့လား...."
စုန်ယွမ်ဖန် စကားစပြောလေပြီ .......
"လီလော့ရဲ့ ပဲ့တင်ထပ်သံက ရေပဲ့တင်ထပ်သံဖြစ်လိမ့်မယ်....ပိုင်ခွန်နဲ့ တိုက်သွားတာကို ကြည့်ပြီး ဆုံးဖြတ်ရမယ်ဆို လီလော့ရဲ့ပဲ့တင်ထပ်သံအဆင့်က အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက်လောက်ပဲရှိလိမ့်မယ်....ဒါက သိပ်အကောင်းကြီး မဟုတ်ပေမာ့် ထူးခြားနေတာမျိုးမှမဟုတ်တာ...."
" သူ့ရဲ့ ကျင့်ကြံမှုအဆင့်က စည်းတံဆိပ်ငါးခုအဆင့်မှာပဲရှိသေးတယ်...စဉ်းစားကြည့်လေ....စည်းတံဆိပ်ငါးခုအဆင့်က စည်းတံဆိပ်ခြောက်ခုအဆင့်ကို ဖိနှိပ်နိုင်တယ်ဆိုတာ ဖြစ်နိုင်လို့လား...."
တီဖာချင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြနေသည်။ ဤသို့တိုင် လီလော့သည် အဆင့်တစ်ဆယ်အတွင်း ဝင်န်ိုင်လောက်သည်အထိ မသန်မာသေးပေ။လီလော့တစ်ယောက် ပဲ့တင်ထပ်သံပညာရပ်များကို မည်မျှအထိပင် ကျွမ်းကျင်နေပါစေ ပထမကျောင်းတော်ရှိ ထူးခြားသော ပါရမီရှင်များကို အမှီလိုက်နိုင်လိမ့်မည်မဟုတ်ပေ။
နှစ်ကုန်စာမေးပွဲဖြေဆိုရန် တစ်လခန့်သာလိုတော့သည့်အချိန်တွင် လီလော့တစ်ယောက်မည့်သည့်နည်းနှင့် အမှီလိုက်မည်နည်း.....
ထို့ကြောင့် တီဖာချင်းသည် စုန်ယွမ်ဖန်၏စကားကို ယုတ္တိတန်သည်ဟု ယူဆလိုက်လေသည်။
တီဖာချင်းတစ်ယောက်အခုမှသာ သက်ပြင်းချနိုင်တော့သည်။ လီလော့၏ ပြိုင်ပွဲကို ကြည့်ရင်းကနေ သူမ မသိလိုက်မိခင်မှာပင် ဖိအားများ ခံစားမိနေခဲ့ရလေသည်။လီလော့ နောက်တဖန် ထွန်းတောက်လာမည်ကို သူမ မမြင်လိုပေ။
လုချင်းအာသည် တီဖာချင်းတို့၏ စကားဝိုင်းတွင် ဝင်ရောက်ဆွေးနွေးခြင်းမရှိဘဲ လီလော့ကိုသာ ငေးကြည့်နေ၏။
" လီလော့...နင့်ရဲ့ ဗလာနန်းတော်ပြသာနာကတော့ တစ်ရန်အေးသွားပြီ....ဒါပေမယ့် နှစ်ကုန်စာမေးပွဲဖြေဖို့မှီပါ့မလား..."
ကျောင်းသားတွေဘက်မှာ ဆူညံနေသလောက် ဆရာတွေဘက်မှာတော့ တစ်ယောက်မှ စကားမပြောနိုင်ကြဘဲ တိတ်ဆိတ်နေ၏။
ရှုရှန်ယွီသည်ပင် အံအားသင့်နေသည့်အတွက် စကားမပြောနိုင်သေးပေ။
လင်းဖန်သည် အစမှအဆုံးတိုင် စကားတစ်ခွန်းမှမဆိုဘဲ အမူအရာမဲ့စွာဖြင့် သစ်သားတုံးကြီးသဖွယ် ငြိမ်သက်နေသည်။
တခြားသော ဆရာများသည် လင်းဖန်အား လှောင်ပြောင်သရော်သော အပြုံးများဖြင့် ကြည့်နေကြသည်။
နောက်ဆုံးတွင် ဌာနမှူးသည် တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။
" ဒီကောင်လေးက ဟိုနှစ်ယောက်ရဲ့သား ပီသပါပေတယ်.....ငါကတော့ ဒီကောင်လေး နောက်ကျနေပြီလို့ပဲထင်တယ်....."
ထိုအခါမှသာ လင်းဖန်ဘက်က......
" ဌာနမှူး.....စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ.....စည်းတံဆိပ်ငါးခုအဆင့်က စည်းတံဆိပ်ခြောက်ခုအဆင့်ကို ဖိနှိပ်နိုင်တယ်ဆိုတာ အဓိပ္ပါယ်ရှိရဲ့လား....."
ဌာနမှူးက ခေါင်းခါပြလိုက်သည်။ လင်းဖန် အလိုအကျဖြစ်နေသော အချက်ကို သဘောပေါက်သော်လည်း ပြုံး၍သာနေခဲ့ပြီး.....
"မင်းက သိပ်ကိုမာနကြီးလွန်းတယ်....အဲ့အတွက်ကြောင့် တစ်နေ့ မင်း ဒုက္ခ ကြုံရလိမ့်မယ်...."
လင်းဖန်က ဌာနမှူးရဲ့စကားကို လျစ်လျူရှုလိုက်ပြီး ရှုရှန်ယွီဘက်လှည့်ကာ......
"ဒီတစ်ခေါက် ကျုပ်တို့ ပထမကျောင်းတော်ဘက်က ကျောင်းသားတွေ ရှုံးခဲ့တယ်....လောင်းကြေးအတိုင်း ကျူပ်တို့ဘက်က ရွှေသစ်ရွက်ဆယ်ရွက်ပေးမှာပါ.... ဒီကလေးအတွက် သင်ခန်းစာရသွားတယ်ဆိုတော့လဲ သိပ်တော့မဆိုးလှဘူးပေါ့... "
ရှုရှန်ယွီက လှောင်ပြောင်သလို လေသံဖြင့် .....
"ဘာလဲ မင်းက လီလော့ကို ပထမကျောင်းတော်ဆီပြန်ခေါ်ချင်နေတာလား...."
" မင်းအတွေးလွန်နေပြီ..... မင်းသိအောင်အမှန်တိုင်းပြောပြပေးမယ်...သူက သိပ်ထူးချွန်နေတဲ့သူမဟုတ်ဘူး.....ကျုပ်တို့ ပထမကျောင်းတော်မှာ သူ့လို သာမန်ကျောင်းသားမျိုး ရှားပါးမနေဘူး....ဒီအချိန်မှာ နှစ်ကုန်စာမေးပွဲအမှီ ကြိုးစားဖို့ပဲ သူ့အတွက်အရေးကြီးတယ်....နောက်ဆုံးကျရင် ကြယ်တာယာခရီးရှည်ကောလိပ်ကိုဝင်ခွင့်ရဖို့ တစ်ခုတည်းကသာ အရေးဆုံးကြီးဆုံးပဲ.... "
တကယ်တမ်းမှာတော့ လီလော့ထံတွင် ရေပဲ့တင်ထပ်သံရှိမှန်း သိလိုက်ရသိအခါ လင်းဖန်း နည်းငယ် သတိချပ်မိလိုက်သော်လည်း လီလော့အား ကန်ထုတ်ခဲ့ခြင်းအတွက် အနည်းငယ်မျှပင် မနှမြောမိပေ။
မည်သို့ပင်ဆိုစေ လီလော့သည် အချိန်နောက်ကျမှသာ ပဲ့တင်ထပ်သံပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့အပြင် ပဲ့တင်ထပ်သံအဆင့်ကလည်း နိမ့်ကျနေပြန်သည်။ထို့ကြောင့် လင်းဖန်၏ အမြင်တွင် လီလော့သည် အခြေနေဆိုးကြီးမှ တစ်ဝက်တစ်ပျက်သာ ရုန်းထွက်နိုင်သေးသည်။လီလော့သည် ပထမကျောင်းတော်ရှိ ပါရမီရှင်များကို နင်းတက်နိုင်မဟုတ်ပေ။
လင်းဖန် ပြောခဲ့သည့်အတ်ိုင်း လီလော့ နှစ်ကုန်စာမေးပွဲဝင်ဖြေနိုင်ရန် အချိန်အကန့်အသတ်ရှိနေသေးသည်။ စာမေးပွဲပြီးဆုံးသွားပါက နန်ဖန်းကျောင်းတော်မှ ထွက်ခွာသွားမည်ဖြစ်သောကြောင့် လီလော့၏အနာဂတ်အား မည်သူမျှ စိတ်မဝင်စားကြတော့ပေ။
ကြယ်တာယာခရီးရှည်ကောလိပ်ကို ဝင်ခွင့်မရခဲ့ပါက လီလော့ အမှန်ပင် ရှုံးနိမ့်ရပေလိမ့်မည်။ ဤသည်ကို လော့လန်အိမ်တော်၏ အရှင်သခင်ဂုဏ်ပုဒ်သုံး၍ ပြောင်းလဲနိုင်မည်မဟုတ်ပေ။
ကိုယ့်ကိုကိုယ် ဖြေသိမ့်လိုက်ပြီးနောက် လင်းဖန် အတော်လေး သက်တောင့်သက်သာဖြစ်သွားခဲ့သည်။
ဌာနမှူးက လီလော့ကို လက်လှမ်းပြလိုက်သည့်အခါ လီလော့က ဌာနမှူးတို့ရှိရာဆီလျှောက်လာခဲ့သည်။
" ကောင်းသောနေ့ပါ ဌာနမှူး..."
လီလော့က ပြုံး၍ နှုတ်ဆက်နေသည်။
ဌာနမှူးက လီလော့ကို သေချာအကဲခတ်ကြည့်ပြီးနောက် ပျော်ရွှင်စွာ ပြုံးရယ်လိုက်ပြီး....
" မင်းရဲ့ ဗလာနန်းတော် ပြသာနာကို ဖြေရှင်းလိုက်နိုင်ပြီပေါ့...."
လီလော့ကခေါင်းညိတ်ပြလိုက်ပြီး....
" ဟုတ်တယ်....အဲ့တာက အဆင့်ငါး ရေပဲ့တင်ထပ်သံပါ...."
လီလော့စကားကို ကြားလိုက်တာနဲ့ လင်းဖန်က ပြုံးလိုက်ပြီး.....
"လီလော့...မင်းရဲ့ ပဲ့တင်ထပ်သံက အလယ်အလတ်အဆင့်ဆိုပေမယ့် မင်းသာသေချာကြိုးစားမယ်ဆို သေချာပေါက် အောင်မြင်မှာပါ...."
" ဆရာလင်းဖန်....အဲ့လောက်ထိ စိတ်ပူပေးစရာမလိုပါဘူး...ပဲ့တင်ထပ်သံ အဆင့်က ကျင့်ကြံမှုကို အကျိုးသက်ရောက်နိုင်တယ်ဆိုပေမယ့် အဆင့်ငါး ပဲ့တင်ထပ်သံနဲ့ မြို့စားအဆင့် ၊ ဘုရင်အဆင့်ထိ ကျင့်ကြံန်ိုင်သူတွေ ရှိပါသေးတယ်...."
လီလော့၏ ရှင်းပြချက်ကို လင်းဖန်က လှောင်ရယ်လိုက်ပြီး....
" အဆင့်ငါး ပဲ့တင်ထပ်သံနဲ့ မြို့စားအဆင့်၊ ဘုရင်အထိ ရောက်နိုင်တယ်တဲ့လား...ဘယ်လိုတောင်ကလေးဆန်လိုက်တဲ့ အံ့ဖွယ်မျိုးတွေလဲ.....မင်းဒါမျိုးတွေကို ယုံနေတာလား....."
ဌာနမှူးက လင်းဖန်ကို လက်ဝှေ့ယမ်းပြပြီး ရပ်ခိုင်းလိုက်ကာ....
"ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပဲ.....နောက်လထဲမှာ နှစ်ကုန်စာမေးပွဲဖြေရတော့မှာဆိုတော့ မင်းသူများတွေထက် အဆပေါင်းများစွာပိုကြိုးစားမှဖြစ်မယ်.... "
လီလော့က ခေါင်းညိတ်ပြလိုက်ပြီး.....
" ကျွန်တော် နားလည်ပါတယ်..... "
ဌာနမှူးက လီလော့ကို ဝတ်ကျေတန်းကျေ ဆုံးမစကားအနည်းငယ် ပြောပြီးနောက် လီလော့ကို ပြန်လွှတ်လိုက်ပြီး ပရိတ်သတ်များဘက်လှည့်ကာ.....
"နှစ်ကုန်စာမေးပွဲဖြေရဖို့ တစ်လလောက်ပဲ လိုတော့တယ်.....နောက်နှစ်ပတ်အတွင်း အစမ်းစာမေးပွဲဖြေကြရမယ်....ကြယ်တာယာခရီးရှည်ကောလိပ်က ဝင်ခွင့်အတွက် အခြေခံလိုအပ်ချက်တွေ ကြေငြာပေးထားတယ်.....အဲ့တော့ မင်းတို့တွေ အနည်းဆုံး စည်းတံဆိပ်ခုနှစ်ခုအဆင့်ရောက်နေမှဖြစ်မယ်..... "
ထိုကြေငြာချက်သည် ကျောင်းသားများ၏ နှလုံးသားများကို ဆယ်ပေါင်တူနှင့် ထုလိုက်သကဲ့သို့ လေးလံနာကျင်စေခဲ့သည်။စည်းတံဆိပ်ခုနှစ်ခုအဆင့်သည် ကျောင်းသားတော်တော်များများအတွက် ဖြတ်ကျော်ရန်ခက်ခဲသောအဆင့်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျောင်းသားအတော်များများက စိတ်ပျက်လက်ပျက်နဲ့ ဖြစ်နေကြရှာသည်။
ပထမကျောင်းတော်ဘက်မှ ထူးချွန်သော ကျောင်းသားအချို့သာ ပြုံးရယ်နေနိုင်ကြသည်။
ကြယ်တာယာခရီးရှည်ကောလိပ်သည် ရှပြည်ထောင်စု အနီးအနားတစ်ဝိုက်တွင် အကောင်းဆုံးကောလိပ်ဖြစ်သောကြောင့်ညတော်တန်ရုံဖြင့် ဝင်ခွင့်ရနိုင်မည်မဟုတ်ပေ။
" စည်းတံဆိပ်ခုနှစ်ခုအဆင့် မဟုတ်ရင် မရဘူးပေါ့.... "
လီလော့ နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်သည်။ ဤအချက်သည် ထူးခြားမှုမရှိပေ။ လက်ရှိတွင် သူသည် စည်းတံဆိပ်ငါးခုအဆင့်တွင်သာရှိသေးသည့်အတွက် အဆင့်မှီရန် အပြင်းအထန်ကြိုးစားရပေလိမ့်မည်။
ပဲ့တင်ထပ်သံရရှိပြီးချိန်တွင် တစ်ကြိမ်သာ တိုက်ခိုက်ရသေးသည့်သော်လည်း ရေပဲ့တင်ထပ်သံစွမ်းအားများကို ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့ပြီဖြစ်သည်။
ကွာခြားနေသည့်အဆင့်နှစ်ခုသည် သေးငယ်လှသော ပမာဏမဟုတ်ပေ။တွက်ချက်မှုအချို့ပြုလုပ်ပြီးချိန်တွင် ထျန်ရှုစီရင်စုရှိ
လော့လန်အိမ်တော်၏ ဝင်ငွေများသည် လုံလောက်သည်ဆိုရုံမျှသာ ရှိသေးကြောင်းနားလည်ခဲ့ရသည်။
လီလော့ တွေးတောနေစဉ်အတွင်း ကျောင်းသားများ လူစုကွဲကုန်ပြီဖြစ်သော်လည်း တစ်စုံတစ်ဉီးက သူ့ထံသို့ ချဉ်းကပ်လာခဲ့သည်။
" ဂုဏ်ယူပါတယ် သခင်ငယ်လေး....."
သူမကို မြင်လိုက်သည်နှင့် လီလော့တစ်ယောက် ဗီဇအတိုင်း ရှောင်ပြေးရန် နောက်တစ်လှမ်းဆုတ်လိုက်မိသည်။ သို့သော် အချိန်မှီရပ်တန့်နိုင်ခဲ့ပါသည်။
" နင် အဆင်ပြေတယ်မဟုတ်လား..."
လီလော့ဘက်က ဝတ်ကျေတန်းကျေ ပြန်နှုတ်ဆက်လိုက်သည့်အခါ လုချင်းအာက....
"နင် ဒီတစ်ခါ ပြေး မပုန်းတော့ဘူးလား...."
လီလော့ ရှက်အမ်းအမ်းဖြစ်သွားပြီး အမြန်ပြန်ဖြေလိုက်သည်။
" ပုန်းတယ်....ငါ ဒါမျိုးဘယ်တုန်းက လုပ်ဖူးလို့လဲ..."
လုချင်းအာက လီလော့နဲ့ ဖက်ငြင်းမနေတော့ဘဲ.....
"လီလော့...ငါ့ကို ပဲ့တင်ထပ်သံပညာရပ်တွေ လမ်းညွှန်ပေးခဲ့လို့ နင့်ကို အမြဲကျေးဇူးတင်နေတာ....နင်ငါ့ကို ရှောင်နေတာ သိပ်ကို ဆိုးလွန်းတယ်....ငါ နင့်နေရာကို မမက်မောပါဘူး....ဒီနေရာက ပေးချင်တိုင်းပေးလို့ရတဲ့နေရာမဟုတ်ဘဲ ခွန်အားနဲ့သူ ရယူနိုင်တဲ့နေရာဆိုတာ နင်သိသင့်တယ်...."
" လီလော့...ငါက အခုချိန်မှာ နန်ဖန်ရဲ့ အသန်မာဆုံးသူပဲ...နင်သာ နင့်နေရာကို ပြန်လိုချင်တယ်ဆို ငါ့ကို နိုင်အောင်တိုက်နိုင်မှရမယ်....နင့်ကို စိတ်ထိခိုက်စေမှာ စိုးလို့ ငါဒီစကားတွေ မပြောချင်ဘူး....ဒါပေမယ့် နင့်ရဲ့ ဗလာနန်းတော်ပြသာနာကို ဖြေရှင်းနိုင်ပြီဆိုတော့ အခြေနေတွေကအရင်လိုမဟုတ်တော့ဘူး....နင်သာ ယောက်ကျားတစ်ယောက်ဆို နင့်နေရာကို နည်းမှန်လမ်းမှန်နဲ့ နင်ပြန်ယူရမယ်..."
လုချင်းအာဘက်က ရုတ်တရက်ကြီး ရာဇသံပေးနေသောကြောင့် လီလော့ ခါးသီးစွာရယ်မောလိုက်ပြီး....
" ကြည့်ရတာ ငါတော်တော်လေး ကြိုးစားရတော့မယ်ပုံပဲ....."
လုချင်းအာဘက်က အပြုံးနှင့်သာ တုံ့ပြန်လိုက်သောလည်း သူမ မျက်ဝန်းများထဲတွင် အေးစက်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း စသည့်အရိပ်အယောင်များရှိနေသည်ကို လီလော့ တွေ့မြင််လိုက်ရသည်။
" ငါနင့်ကို စောင့်နေမယ်...နင် သိအောင် တစ်ခုတော့ ပြောပြလိုက်မယ်....ဒီနှစ်တွေထဲမှာ နင်လုပ်ခဲ့သမျှတိုင်းက ငါနင့်အပေါ်တန်ဖိုးထားသမျှတွေ လျော့နည်းသွားစေခဲ့တယ်....အကယ်၍ အခွင့်ရေးသာရခဲ့မယ်ဆို....."
သူမ စကားဆက်မပြောတော့ဘဲ လီလော့ကို အေးစက်သော အကြည့်များနှင့် စိုက်ကြည့်နေသည်။ ထိုအကြည့်များထဲတွင် သူမ ပြောလိုသမျှ စကားလုံးများအားလုံး ပါဝင်နေသည်။
ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားခဲ့လေသည်။
လီလော့တစ်ယောက် လုချင်းအာကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူသည် လုချင်းအာကို အပြစ်ပြုမိလိုက်ပြီထင်သည်။
သူ့အား တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ အေးစက်သော အကြည့်များဖြင့် သတိပေးသလို စိုက်ကြည့်နေသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူငယ်သည် ပထမကျောင်းတော်၏ ဒုတိယ အသန်မာဆုံးကျောင်းသား စုန်ယွမ်ဖန်ပင်ဖြစ်သည်။
အကြည့်ချင်းဆုံသွားသည့်အခါ စုန်ယွမ်ဖန်၏ အကြည့်များသည် ပိုမိုစူးရှလာပြီး အေးစက်သော လေသံဖြင့်.....
" လီလော့....မင်း မတန်မရာတွေ မှန်းမနေစမ်းနဲ့....လုချင်းအာနဲ့ဝေးဝေးနေ...."
စုန်ယွမ်ဖန်သည် လီလော့ သူပြောနေသည့်အရာကို နားလည်လိမ့်မည်ဟု ယုံကြည်ခဲ့ပြီး၊ ဤအရာသည် လူတိုင်းသိနေသော အရာတစ်ခုဖြစ်သည်။
သို့သော် ဒုံးဝေးလှသော လီလော့ကတော့.....
" ဒီအရူးက ဘာပြောချင်နေတာလဲ...ပြောချင်တာကို တဲ့မပြောဘဲ ဘာတွေလျှောက်ပြောနေမှန်းမသိဘူး....စကားပြေနေပုံက အသာခိုးစားနေတဲ့ကြွက်လိုပဲ....ဒီကောင် ဘာပြောနေမှန်း ဘယ်သူသိမှာလဲ...."
တစ်ဖက်လူ ဘာပြောနေမှန်း နားမလည်သောကြောင့် လီလော့ ခေါင်းခါလိုက်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။
စုန်ယွန်ဖန်ကတော့ လီလော့ကို မည်းမှောင်နေသော အမူအရာဖြင့် အေးစက်စွာ စိုက်ကြည့်နေလေ၏။
မင်းငါ့ကို လျစ်လျူရှုရဲတယ်ပေါ့..သိပ်ကိုမောက်မာလွန်းတယ်.....
အစောပိုင်းက လီလော့သူ့အား ကြည့်သွားသည့် အကြည့်များသည် လီလော့ နန်ဖန်းကျောင်းတော်တွင် ထွန်းတောက်ခဲ့စဉ်က အဖြစ်ပျက်များကို သတိရစေခဲ့သည်။
စုန်ယွမ်ဖန်သည် သစ်သားတိုင်လုံးများကိုညတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သောကြောင့် တိုင်လုံးများ အက်ကွဲကုန်လေသည်။
" မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ လီလော့......အဆင့်ငါး ပဲ့တင်ထပ်သံက မင်းကို တစ်ချိန်တစ်ခါတုန်းကလို ကျော်ကြားစေမယ်လို့ ယုံကြည်နေတာလား...."