← Chapters

စည်းတံဆိပ်ခြောက်ခုအဆင့်၏မင်းသားလေး.......

Vol. 2 Ch. 22

စည်းတံဆိပ်ခြောက်ခုအဆင့်၏မင်းသားလေး.......

Vol. 2 Ch. 22

လီလော့၏ အဆင့်ငါးရေပဲ့တင်ထပ်သံအကြောင်းသည် နန်ဖန်းကျောင်းတော်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်ပြီး ကျောင်းသားအားလုံးကလည်း ဒီခေါင်းစဉ်က်ိုသာ ဆွေးနွေးနေကြသည်။

" လီလော့ ပြာပုံထဲက ပြန်ထလာနိုင်မယ်လို့ ဘယ်သူထင်မိမှာလဲ...."ပဲ့တင်ထပ်သံရယူခြင်း" ဆိုပဲ ငါတော့ တစ်ခါမှ မကြားဖူးဘူး...."

" ငါကြားတာတော့ သူ့မိဘတွေက ရတနာတစ်ခုချန်ထားပေးခဲ့တယ်ဆိုပဲ....သေချာပေါက် ရှားပါးရတနာပဲဖြစ်လိမ့်မယ်....."

" ဒီလိုမိဘမျိုး ရထားတဲ့ လီလော့ကို တကယ် မနာလိုဖြစ်မိတယ်...."

" ထားလိုက်ပါကွာ....သူ့ပဲ့တင်ထပ်သံကအဆင့်ငါးပဲရှိတဲ့ဟာ...ဘာမှ သာလွန်ထူးခြားအနေပါဘူးကွာ....နှစ်ကုန်စာမေးပွဲ ​​ဖြေဖို့က တစ်လလောက်ပဲ လိုတော့တာ...သူဘယ်လိုမှ အမှီလိုက်နိူင်မှာ မဟုတ်ဘူး...."

" အေးနော်....ပိုင်ခွန်နဲ့ သူ့​နောက်လိုက်တွေကို အနိုင်တိုက်နိုင်ခဲ့ပေမယ့် သူ့တို့က ပထမကျောင်းတော်ရဲ့ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်တွေမှ မဟုတ်တာ....ငါ ကြားထားရသလောက်ဆို ထိပ်ဆုံးဆယ်ယောက်ထဲမှာ အနိမ့်ဆုံးက စည်းတံဆိပ်ခုနှစ်ခုအဆင့်ပဲ...အဲ့ထဲမှာမှ လုချင်းအာနဲ့ စုန်ယွန်ဖန်က ကြောက်ဖို့အကောင်းဆုံးဆိုပဲ.....သူတို့ အဆင့်ကစည်းတံဆိပ်ရှစ်ခု ဒါမှမဟုတ်ရင် အဲ့ထက်ပိုမြင့်ဖို့ပဲရှိတယ်...."

" ဟင်း...လီလော့က တိုးတက်ဖို့အတွက် အချိန်ကောင်းနဲ့ လွဲချော်သွားရှာပြီ....တစ်လအတွင်းအမှီလိုက်နိူင်မယ်မထင်ပါဘူးကွာ...."

လူတိုင်းက လီလော့အကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော်လည်း လီလော့သည် ကျင့်ကြံရေးအတန်းချိန်ပြီးကတည်းက အိမ်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။

" ဒီနေ့ ပိုင်ခွန့်ကို အနိုင်ယူနိုင်ခဲ့ပေမယ့် မမျှော်လင့်ဘဲဘအခြေနေတွေကထင်ထားတာထက်ပိုဆိုးကုန်ပြီ......အလင်းပဲ့တင်ထပ်သံဆီကသာ စွမ်းအားတွေ ယူသုံးပြီး ပိုင်ခွန့်ကို မျက်စိကျိန်းအောင်မလုပ်နိုင်ခဲ့ရင် ပွဲသိမ်းဖို့ ဒီ့ထက်အချိန်ပိုယူရလိမ့်မယ်......"

အိမ်ပြန်ရောက်ချိန်မှာ ပြိုင်ပွဲအတွေ့အကြုံတွေကို ခွဲခြမ်းလေ့လာနေခဲ့သည်။လီလော့သည် အနိုင်ရခဲ့သည်တိုင် စိတ်လက်ပေါ့ပါးမနေဘဲ ထိုအစားလေးနက်သော ခံစားချက်အချို့ကိုသာ ခံစားနေခဲ့ရသည်။

ဤနှုန်းအတိုင်းသာဆို သူ့၏ ရေအလင်း ပဲ့တင်ထပ်သံဖြင့် စည်းတံဆိပ်​ခြောက်ခုအဆင့်များကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။သို့သော် စည်းတံဆိပ်ခုနှစ်ခုအဆင့်များနှင့်တိုက်ခိုက်မည်ဆိုပါက အောင်မြင်ရန်အခွင့်ရေးနည်းပါးလှပေသည်။

" မလုံလောက်သေးဘူး.....တော်တော်လိုသေးတာပဲ...."

လီလော့ တစ်ကိုယ်တော် ညီးတွားနေခဲ့မိသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်သည် ကြယ်တာယာခရီးရှည်ကောလိပ် ဝင်ခွင့်ရရန်ဖြစ်သည်။ယှဉ်ပြိုင်ရမည့် လူအရေအတွက်မှာလဲ အတော်ပင်များပြားလှသည်။ ထို့ကြောင့် ထိပ်ဆုံးအဆင့်တွင် ရှိမနေပါက ရှုံးနိမ့်ရမည်သာပင်.....

လူတိုင်းပြောနေကြသလို သူ့အတွက် အကြီးမားဆုံး အနှောက်အယှက်သည် အချိန်မလုံလောက်ခြင်းပင်ဖြစ်သည်။တစ်လအတွင်း အမှီလိုက်ချင်ပါက ပဲ့တင်ထပ်သံစွမ်းအားများကို အဆင့်မြှင့်နိုင်ရမည်။ ထို့သို့ အဆင့်မြှင့်နိုင်ရန်လည်း ရေအလင်းပဲ့တင်ထပ်သံ၏ အဆင့်ကို ဉီးစွာ မြှင့်တင်ပေးရန်လိုအပ်သေးသည်။

သို့မှသာ လုချင်းအာအပါအဝင် အခြားသော ပါရမီရှင်များကို ရင်ဆိုင်နိုင်ပေလိမ့်မည်။

အဓိကကျသော ပြသာနာသည်  ရေအလင်းပဲ့တင်ထပ်သံကို အဆင့်ခြောက်သို့ မြှင့်တင်ရန်ဖြစ်သည်။သို့သော် ဖြေရှင်းရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။

" ငါ အစ်မချိုင်ဝေနဲ့ စကားပြောမှဖြစ်တော့မယ်ထင်တယ်...."

ထိုအတွေးကြောင့် လီလော့၏ နှုတ်ခမ်းများတွန့်ချိုးကုန်သည်။ အဆင့်ငါး ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများ လိုအပ်သည်ဟုဝါ သွားပြောလိုက်ပါက ချိုင်ဝေ သူ့ကို အစိမ်းလိုက်ဝါးစားလိမ့်မည်ဟူသေါထူးဆန်းသည့် ခံစားချက်မျိုး ခံစားနေရသည်။

............ ............ ............ ............ ............

စံအိမ်ဟောင်းအတွင်းရှိ ရုံးခန်းတစ်ခုထဲတွင်.....

ချိုင်ဝေသည် အလုပ်စားပွဲတွင် ထိုင်၍ မှတ်တမ်းစားအုပ်များကို အသေးစိတ် ဖတ်ကြည့်နေသည်။အဝါနုရောင်ဝတ်စုံလေးကြောင့် ချိုင်ဝေနံဘေးတွင် ကျက်သရေတင့်လှသော လေထုများ ဖြာထွက်နေ၏။

အချိန်အတော်ကြာ အာရုံစိုက်ထားရသဖြင့် ပင်ပန်းနွမ်းနယ်လာသောကြောင့် စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။

"ဟူးးးးး"

သက်ပြင်းချလိုက်ပြီးသည့်အခါ အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။

ဝုန်းးးး

ထိုအချိန်မှာ အခန်းတံခါး ပွင့်လာပြီး လီလော့ မျက်နှာကြီးကို မြင်လိုက်ရသည်။

"အစ်မချိုင်ဝေ....."

ဘန်းးးးး

တံခါးပြန်ပိတ်ပြီးသည်နှင့် လီလော့က ချိုင်ဝေ အရှေ့တွင် ဝင်ထိုင်လိုက်သည်။

ရုတ်တရက် ရောက်ချလာသော လီလော့ကို ချိုင်ဝေက ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့်ကြည့်နေ၏။

ထိုအချိန်တွင် အခန်းတွင်းရှိ လေထုသည် တမဟုတ်ချင်း အေးခဲလာသည်။

ချိုင်ဝေက ပျင်းတိပျင်းရွဲ ထိုင်နေရာကနေ ပြန်ပြင်ထိုင်လိုက်ပြီး လီလော့အား နီမြန်းသော မျက်နှာဖြင့် ပြန်ကြည့်နေပြန်သည်။

" တံခါးခေါက်တတ်ဖို့ သင်မထားဘူးလား..."

လီလော့တစ်ယောက် ချွေးစေးများပြန်လာသလို ခံစားလိုက်ရပြီး....

"တောင်းပန်ပါတယ်....နောက်ဆို သေချာမှတ်ထားပါ့မယ်ဗျာ..."

လီလော့၏ တလေးတစား အပြုအမူကြောင့် ချိုင်ဝေလည်း ထပ်ပြောမနေတော့ဘဲ.....

" သခင်လေး ကျွန်မကို ဘာများညွှန်ကြားမလို့လဲ...."

လီလော့က အနီးအနားမှာ လူရှိမရှိသေချာ စစ်ဆေးလိုက်ပြီးမှ......

"အစ်မချိုင်ဝေကို ကျွန်တော်ပိုင်တဲ့ ရတနာတစ်ခုပြ........"

လီလော့စကားဆုံးအောင် မပြောနိုင်သေးခင်မှာပဲ ချိုင်ဝေက အန္တာရာယ်ရှိသောအပြုံးမျိုးနဲ့ သူ့အောက်ပိုင်းကို ကြည့်လာတာကြောင့် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။

" သခင်လေး လွန်လွန်ကျူးကျူးတွေ မလုပ်ခင် ကျွန်မက ပဲ့တင်ထပ်သံဆရာသခင်အဆင့်ဆိုတာ အရင်သတိရလိုက်ပါဉီး...."

လီလော့က ကြောက်လန့်တကြာယ လက်ခါပြလိုက်ပြီး.....

" အစ်မဘာတွေ ပြောနေတာလဲ....."

ချိုင်ဝေက မျက်ခုံးပင့်လိုက်ပြီး လီလော့၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ် စောင့်ကြည့်နေပြီး.....

" အဲ့တော့ နင်ပြမယ်ဆိုတာ ဘယ်ရတနာကို ပြောနေတာလဲ...."

လီလော့နည်းနည်း ခေါင်းရှုပ်သွားသော်လည်း ဘာမှထပ်မပြောတော့ဘဲ  အပြာနုရောင်ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ပြသလိုက်သည်။ထိုစွမ်းအားများသည် စီးဆင်းနေသောရေများနှင့်ပင် ဆင်တူလှသည်။

ချိုင်ဝေ စားပွဲပေါ်လက်ထောက်ပြီး သေချာအနားကပ်ကြည့်လိုက်ကာ.....

" နင့်....နင့်မှာ ပဲ့တင်ထပ်သံရှိနေတယ်....."

လီလော့က ခေါင်းညိတ်ပြလိုက်ပြီး....

" ဟုတ်တယ်...အဆင့်ငါးပဲ့တင်ထပ်သံပဲ...."

ချိုင်ဝေတစ်ယောက် အလွန်အံအားသင့်နေသော​ကြောင့် အတော်ကြာမှသာ သတိပြန်ဝင်လာနိုင်ခဲ့သည်။

" ဒါက အိမ်တော်သခင်နှစ်ပါး ချန်ထားပေးခဲ့တဲ့ဟာလား...."

သူမ၏ အစောပိုင်းက အပြုအမူများကို သတိရလိုက်မိသောအခါ ချိုင်ဝေမျက်နှာတစ်ခုလုံးနီးမြန်းလာခဲ့သည်။လီလော့၏ စကားများသည် အခြားသော လူငယ်များကဲ့သို့ ပေါ့်ပျက်ပျက်မဟုတ်ဘဲ လေးနက်နေခဲ့သည် မဟုတ်ပေလော...

လီလော့တစ်ယောက် ပေါက်ကရလေးဆယ် လူကြားမကောင်းသောအရာများကို လုပ်မည်ဟု သူမထင်လို​က်မိသေးသည်။

ချိုင်ဝေ...ချိုင်ဝေ...နင်ဘယ်လိုတောင် အရှက်ကွဲလိုက်သလဲဟယ်.....

အတွေ့အကြုံရင့်ကျက်သူဖြစ်သည့် အလျှောက် ချိုင်ဝေသည် တခဏချင်းပင် အတွေးများကို ရှင်ထုတ်လိုက်ပြီး....

" ဂုဏ်ယူပါတယ်သခင်လေး....ချင်းအာသာသိရင် သိပ်ဝမ်းသာနေမှာ...."

"ကျွန်တော့်မှာ ပြသာနာနည်းနည်းရှိနေတယ်....အစ်မလည်း ခန့်မှန်းထားပြီးလောက်မှာပါ....."

" ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ ထပ်လိုချင်သေးလို့လား...."

ချိုင်ဝေ မျက်မှောင်ကြုံ့ပြီး မေးလိုက်သည်။

" ဟုတ်တယ်....အဲ့တာတွေ ထပ်လိုသေးတယ်....ကျွန်တော့်မိဘတွေ ချန်ထားပေးခဲ့တဲ့ ပဲ့တင်ထပ်သံနဲ့ ကျင့်ကြံဖို့ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ အများကြီးလိုအပ်တယ်....အဲ့လိုမှမဟုတ်ရင် အကုန်အလဟသာဖြစ်ကုန်လိမ့်မယ်...."

ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေကိုသာ လုံလောက်အောင် ရမည်ဆိုပါက ပဲ့တင်ထပ်သံကို အဆင့်မြှင့်နိုင်မည်ဖြစ်ကြောင်းကိုတော့ ထုတ်မပြောခဲ့ပေ။ဤသတင်းသာ ပျံ့နှံ့ပါက စိုးရိမ်ဖွယ်ရာများဖြစ်လာလိမ့်မည်။မိမိကိုယ်ကိုကိုယ်ကာကွယ်နိုင်ဖို့ ဖုံးကွယ်နိုင်သ၍ ဖုံးကွယ်ထားရပေမည်။

ချိုင်ဝေက မျက်ခုံးနှစ်ခုထိစပ်လုမတတ် မျက်မှောင်ကြုံ့နေပြီး.....

" အဆင့်ငါး ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့ အလင်း....."

အဆင့်လေး ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့ အလင်း တစ်စုံစာအတွက် ကောင်းကင်ရွှေ တစ်ထောင်ခန့် ကုန်ကျသည့်အတွက် အဆင့်ငါးဆိုပါက ငါးဆကျော် ကုန်ကျပေမည်။

ဤသည်မှာ များပြားလှသော ပမာဏဖြစ်သည်။

လီလော့သည် အနည်းငယ်သာ လိုအပ်ပါက၊ ဤအရာသည် ပြဿနာမဟုတ်ပေ။ သို့သော် အတွေ့အကြုံအရ  လီလော့ လိုအပ်သောအရာသည် ရာနှင့်ချီ၍ ဖြစ်ကောင်းဖြစ်နိုင်သည်ကို ချိုင်ဝေ နားလည်ခဲ့သည်... ဤသည်မှာ သေးငယ်သောပမာဏမဟုတ်ပေ။

စဉ်းစားတွေးတောနေစဉ်အတွင်း ချိုင်ဝေ့ အမူအရာအမျိုးမျိုး ပြောင်းလဲနေ၏။ငြင်းဆန်လို့ မဖြစ်နိုင်သောကြောင့် နောက်ဆုံးတွင် ခေါင်းညိတ်ပြရုံသာတတ်နိုင်တော့သည်။

" ကျွန်မ တတ်နိုင်သလောက် ရှာထားပေးပါ့မယ်....."

သူမ လီလော့ကို ပြုံးပြလိုက်ပြီး.....

" သခင်လေးက ကျွန်မ ငြင်းမယ်လို့ ထင်နေတာလား....သခင်လေးက လော့လန်အိမ်တော်ရဲ့ အရှင်သခင်ပါ....လော့လန်အိမ်တော်ရဲ့ ပိုင်ဆိုင်မှုမှန်သမျှက သခင်လေးနဲ့ ချင်းအာတို့နှစ်ယောက်ရဲ့ အပိုင်ပါ....အတင်းအဓမ္မ ခိုင်းစေတာမျိုး မဟုတ်သ၍ သခင်လေး လိုချင်သမျှ အကုန်ရစေရပါမယ်....ဘာကြီးပဲ ဖြစ်ဖြစ် အခု သခင်လေးမှာ ပဲ့တင်ထပ်သံရှိလာပြီဆိုတော့ အိမ်တော်ထဲမှာ သခင်လေးရဲ့ သြဇာလွှမ်းမိုးနိုင်မှုကို ထိန်းထားနိူင်တော့မှာ....ဒါမျိုးက ငွေကြေးကုန်ကျမှုနဲ့ ဘယ်ယှဉ်လို့ရပါ့မလဲ....အဲ့တော့ ကျွန်မ ဘယ်ငြင်းပါ့မလဲ..."

ရင်ထဲ ထိစေလောက်သောစကားများကြောင့်လီလော့အတော်ပင် ဝမ်းသာသွားခဲ့ပြီး ..

" အစ်မက တကယ့်ကို သူတစ်ဖက်သားအတွက် တွေးပေးတတ်တဲ့သူပဲ....ကျွန်တော်အတွက် တစ်ဒါဇင်စာလောက်ကို ချက်ချင်းရှာပေးလို့ရမလား....."

လီလော့၏ တောင်းဆိုချက်​ကြောင့် ချိုင်ဝေ ဇာတ်ပိုးကို လက်နဲ့ နှိပ်ထားလိုက်ရလေသည်။

" ကောင်းပြီ....ဒီပမာဏလောက်ကတော့ ရှာထားပေးနိူင်ပါတယ်....ဒါမျိုး ပမဏလောက်ထပ်လိုဉီးမယ်ဆိုရင်တော့ ကျွန်မမှာလဲ ရန်ပုံငွေ အလုံအလောက်မရှိတော့ဘူး...."

ထျန်ရှုစီရင်စုအတွင်းမှာရှိသည့် လော့လန်အိမ်တော်၏ တစ်နှစ်စာ အမြတ်ငွေသည် ကောင်းကင်ရွှေ သုံးသိန်းမျှသာရှိသည်။ အဆင့်လေး ဝိဉာဉ်ရည်နှင့်သန့်စင်မီးများ ဝယ်လိုက်ရသည့်အတွက် တစ်သိန်းခွဲခန့်ကုန်ကျထားပြီးလေပြီ....နောက်ထပ် အစုံသုံးဆယ် ထပ်ဝယ်ရန် ငွေအနည်းငယ်သာ ကျန်တော့သည်။

ချိုင်ဝေ သက်ပြင်းချလိုက်ပြီး.....

" သခင်လေး ......ထျန်ရှုမှာရှိတဲ့ လုပ်ငန်းအချို့ကို ရောင်းဖို့ ကျွန်မစီစဉ်ထားတယ်.....လော့လန်အိမ်တော်က ထျန်ရှုမှာ သိပ်ကိုအားနည်းနေပြီ....ဒါ့ကြောင့် သေချာမကာကွယ်နိုင်တဲ့လုပ်ငန်းအချို့ကြောင့် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေရတယ်....တစ်ဖက်က ကြည့်ရင်လည်း ကျွန်မတို့မှာ ဝန်ထမ်းအင်အားသိပ်များနေတယ်...မိသားစုကြီးသုံးခုကသာ ဒီအတိုင်း ဆက်ပြီး ဖိနှိပ်နေဉီးမယ်ဆို အဖိုးတန်အရင်းမြစ်တွေကိုပါ ဆုံးရှုံးရလိမ့်မယ်....အဓိကပြသာနာကတော့ မိသားစုကြီးသုံးခုပဲ...လော့လန်အိမ်တော်ကို တိုက်ခိုက်ဖို့အတွက် သူတို့တွေ မဟာမိတ်ဖွဲ့ထားကြတယ်...ကျွန်မတို့ဘက်က လိုလိုလားလားနဲ့ လုပ်ငန်းအချို့ကို လက်လွှတ်လိုက်မယ်ဆို ဒါတွေကိုရဖို့ သူတို့အချင်းချင်း တိုက်ခိုက်ကြမှာပဲ...သူတို့အချင်းချင်း သွေးကွဲသွားတဲ့အခါ လော့လန်အိမ်တော်အတွက်လည်း တစ်ရန်အေးသွားတာပေါ့....."

လီလော့ သေချာစဉ်းစားကြည့်ပြီးနောက် သဘောတူသည်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး.....

" အစ်မက သိပ်ပြတ်သားတာပဲ...တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမှာပဲ..ကျွန်တော်ကအဲ့အပိုင်းတွေ သိပ်နားမလည်တော့ နားလည်တဲ့ အစ်မ လက်ထဲပဲ ထည့်ထားလိုက်တော့မယ်....အစ်မဘာပဲ ဆုံးဖြတ် ဆုံးဖြတ် ကျွန်တော် ထောက်ခံပါတယ်....."

" ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...... "

လီလော့က လက်ခါပြလိုက်ပြီး တစ်ခုခု သတိရသွားဟန်ဖြင့်......

" အိုးးး မေ့တော့မလို့.....ထျန်ရှုမှာ ပဲ့တင်ထပ်သံပြုပြင်သူရှိလား....ကျွန်တော်သာ လက်မှုပစ္စည်းတွေ ဖန်တီးနိုင်ရင် စျေးကွက်ထဲမှာ ဝယ်ရတာထက် ပိုသက်သာလိမ့်မယ်...."

" ကျွန်မတို့ဆီမှာ ပဲ့တင်ထပ်သံပြုပြင်သူရှိတယ်.....လော့လန်အိမ်တော်ရဲ့ လုပ်ငန်းတွေကညနေရာတိုင်းမှာ ရှိနေတာဆိုတော့ ဝိဉာဉ်ရည်နဲ့ သန့်စင်မီးတွေက ဝယ်လိုအားများတော့ လုံလောက်တယ်ကို မရှိဘူး....လော့လန်အိမ်တော်အမှာ အဆင်သုံး ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ လုပ်ပေးနိုင်တဲ့ ပညာရှင်တွေ အများကြီးရှိတယ်..ဒါပေမယ့် ဒီ့ထက်အဆင့်မြင့်တာတွေ လုပ်ပေးနိူင်တဲ့သူ ကျတော့ သိပ်မရှိဘူး....ထျန်ရှုတစ်ခွင်မှာ အဆင့်ငါး ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ လုပ်ပေးနိုင်သူတစ်ယောက်မှ မရှိလောက်ဘူး....သခင်လေး မှာထားတာတွေကို ရှမြို့တော် စျေးကွက်ကနေ ဝယ်ယူရမှာ...."

လီလော့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့လေသည်။ အဆင့်ငါး ပဲ့တင်ထပ်သံပြုပြင်သူတွေကသာ အဆင့်ငါး ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ ပြုလုပ်ပေးနိုင်လိမ့်မည်။ထိုသို့သော ပညာရှင်မျိုးသည် ကျင့်ကြံရေးလောက၌ လူလေးစားခံရသောသူများဖြစ်သောကြောင့် ထျန်ရှုလို ဝေးလံခေါင်သီတဲ့အရပ်မှာ နေကြလိမ့်မည်မဟုတ်ပေ။

" အစ်မ ကျွန်တော့်ကို လော့လန်အိမ်တော်ရဲ့

ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ ထုတ်လုပ်တဲ့ နေရာကို ခေါ်သွားပေးနိုင်မလား....ကျွန်တော့်မှာ ရေပဲ့တင်ထပ်သံရှိနေတဲ့အတွက် ပဲ့တင်ထပ်သံပြုပြင်သူတွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတရရှာချင်လို့ပါ...."

ထိုအရာများ၏ တန်ကြေးသည် အလွန်မြင့်မားလှပေ၏။ ယခုချိန်တွင် သူ့ဘက်က အဆင့်ငါးလောက်သာ တောင်းဆိုနေသော်လည်း နောင်အချိန်တွင် အဆင့်ခုနှစ်၊ အဆင့်ရှစ်တို့ကိုပါ တောင်းဆိုရတော့မည်။ဤအရာများကို စျေးနှုန်းချိုသာစွာနှင့်ရအောင် မည်သို့ရှာဖွေရမည်နည်း။ ရှပြည်ထောင်စုတစ်ခုလုံးတွင် အဆင့်ခုနှစ် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများသည် တစ်နှစ်လျှင် အစုံရေအနည်းငယ်သာ ရှာတွေ့နိုင်ပေသည်။

ကိုယ့်ကိုကိုယ် အားကိုးရပေတော့မည်။

ထို့ကြောင့် ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်လာမည့်လမ်းကြောင်းအတွက် စတင်ပြင်ဆင်ရတော့မည်။

" ကျွန်မ မနက်ဖြန်ကျရင် ခေါ်သွားပေးမယ်....."

All Chapters