← Chapters

အခန်း ( ၂၃ )

Vol. 2 Ch. 23

အခန်း ( ၂၃ )

Vol. 2 Ch. 23

နောက်တစ်နေ့မှာ လီလော့က ပုံမှန်အတိုင်း ကျောင်းသွားတက်ခဲ့သည်။

လီလော့ လေ့ကျင့်ရေးကွင်းထဲ ဝင်လိုက်တာနဲ့ အသံတွေ တိတ်ကုန်ပြီး သူ့ကို လေးစားအားကျသောအကြည့်များဖြင့်ကြည့်နေကြသည်။

အရင်တုန်းက လီလော့သည် အားမနည်းခဲ့ဘဲ ကျောက်ခွော်တစ်ယောက်သာ သူ့ကို အနိုင်တိုက်ခဲ့ပေသည်။ထိုစဉ်အခါက လူတိုင်းက သူ့အတွက် သနားစာနာခြင်းကလွဲ၍ မည်သို့မျှ မခံစားခဲ့ကြရပေ။လေးစားမှုဆိုပါက ဝေးစွခြောက်ပါးသာပင်.....

သူတို့အမြင်မှာ လီလော့ ဘယ်လောက် သန်မာပါစေ ဗလာနန်းတော်ရှိနေသည့်အတွက် လီလော့အား အလွယ်တကူဖိနှိပ်ထားနိုင်သည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း လီလော့သည် ယမန်နေ့က ပြိုင်ပွဲတွင် ပဲ့တင်ထပ်သံကို ထုတ်ပြခဲ့ပြီး ပထမကျောင်းတော်ဘက်မှ ပြိုင်ဘက် သုံးဦးလုံးကို တစ်ကြိမ်ယောက်တည်းအနိုင်ယူခဲ့သည်။ ထို့ကြောင့် လီလော့သည် သူတို့နှင့် အဆင့်မတူတော့ကြောင်း နားလည်လာခဲ့ကြသည်။

အဆင့် ပဲ့တင်ထပ်သံသည် မြင့်မားသည်ဟု မယူဆသော်လည်း ၎င်းသည် လုံလောက်သည်ထက် ပိုပါသည်။ ပဲ့တင်ထပ်သံပညာရပ်တွင် လီလော့၏စွမ်းရည် ပေါင်းစပ်လိုက်ခြင်းမှာ ကျားတစ်ကောကို အတောင်ပံများတပ်ပေးလိုက်သလိုပင်။ အနာဂတ်တွင် လီလော့ သည် အကြွင်းမဲ့ အထွတ်အထိပ်သို့ မရောက်နိုင်သော်လည်း သူသည် အထက်တန်းလွှာတွင် အဆင့်ဝင်နိုင်ပေလိမ့်မည်။

ထို့ကြောင့် လီလော့အား မည်သူသနားလိမ့်မည်နည်း။ထို့အပြင် လီလော့သည် လော့လန်အိမ်တော်၏ အိမ်တော်သခင်လေးလည်း ဖြစ်သည်။အစစရာ သာလွန်နေသူအား မည်သူသနားလိမ့်မည်နည်း။

လီလော့ ဖြတ်သွားသည်ကို မြင်လိုက်သောအခါ အချို့သော ကျောင်းသားများက သူ့ကို နှုတ်ဆက်ကြသည်။

"အစ်ကိုလော့...."

သူ့ကို တိုက်ရိုက် ချီးကျူး ရဲတဲ့ မိန်းကလေးတချို့တောင် ရှိနေသေးသည်။

"အစ်ကိုကြီးလော့က ဒီနေ့ ထူးထူးခြားခြား ချောမောနေပါလား....."

လီလော့က ထိုသူများကိုပြုံးရုံသာ ပြလိုက်ပြီး ထိုင်နေကျနေရာတွင် ဝင်ထိုင်လိုက်သည့်အခါ သူ့အား တောက်လောင်နေသော အကြည့်များနှင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

" ယောက်ကျားအချင်းချင်းကို  အဲ့လိုအကြည့်မျိုးနဲ့ မကြည့်စမ်းပါနဲ့ကွာ...."

ကျောင်ခွော်က ဟန်လုပ် ပူဆွေးပြလိုက်ပြီး.....

" ငါတော့ ဒုတိယကျောင်းတော်ရဲ့ နံပါတ်တစ် ဂုဏ္ပုဒ္ကို လက်လွှတ်ရပြီထင်တယ်...."

" ဘယ္သူက ဒါတွေကို စိတ်ဝင်စားနေလို့လဲ... အကြည့်တွေ ပြင်လိုက်စမ်း...."

" အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့ကွာ....မင်း နန်ဖန်းကျောင်းတော်ရဲ့ ယောက်ကျားသားတွေအတွက် ဂုဏ်ဆောင်နိုင်အောင်လုပ်လိုက်စမ်းပါ...ငါတို့ မင်းကို အားပေးနေမှာပါ...."

" မင်း ပြောတာ ဘာအဓိပ္ပါယ်လဲ.... "

ကျောက်ခွော်က စိတ်ဆိုး မာန်ဆိုးနဲ့ ပြန်ဖြေလိုက်သည်။

"မင်း မသိဘူးလား....ထျန်ရှုမှာရှိတဲ့ တခြားကျောင်းက ကောင်တွေက ငါတို့ နန်ဖန်းကျောင်းက ယောက်ကျားလေးတွေက မိန်းကလေးတွေလောက်တောင် မသန်မာကျဘူးဆိုပြီး လှောင်ပြောနေတာလေကွာ.....အဲ့အထဲမှာ အရှေ့ရေကန်ကျောင်းက ကောင်တွေ အဆိုးဆုံးပဲ...ငါတို့ နန်ဖန်းမှာက အစ်မချင်းပြီးရင် ငါတို့မျိုးဆက်တွေထဲမှာ လုချင်းအာက အသန်မာဆုံးလေ...အဲ့တော့ ငါတို့ကို မိန်းကလေးတွေ​နောက်မှာ ပုန်းနေကြတယ်လို့ထင်နေကြတာကွ....."

ထျန်ရှုတွက် အခြားသော ကျောင်းတော်များရှိသေးသော်လည်း ၎င်းတို့သည် နန်ဖန်းလောက်ကျော်ကြားခြင်း မရှိကြပေ။မကြာသေးမီနှစ်များအတွင်း၊ အရှေ့ရေကန်ကျောင်းတော်သည် အဆင့်များသိသိသာသာမြင့်တက်လာပြီး ထျန်ရှုစီရင်စု၏ အကောင်းဆုံးကျောင်းတော်နေရာအတွက် ပြိုင်ဆိုင်လာခဲ့ကြသည်။

နှစ်ယောက်သား ရန်ဖြစ်နေကြစဉ် ရှုရှန်ယွီ  လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လာခဲ့သည် ။ သူ့စိတ်ခံစားချက်က မဆိုးဘူးထင်ရသလို သူ့နဂိုထုံးစံအတိုင်း လေးနက်တဲ့အမူအရာတွေကို အပြုံးနဲ့ အစားထိုးထားလိုက်သည်။

" မဂ်လာပါ ကျောင်းသားတို့ရေ.....ပထမကျောင်းတော်ကို နိုင်ခဲ့တဲ့အတွက် ရွှေသစ်ရွက် ဆယ်ရွက် ရလိုက်တယ်..."

ရှုရှန်ယွီ၏ စကားကိုကြားသည့်အခါ အတန်းသားများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ နောက်ဆုံး စာမေးပွဲများ နီးကပ်လာကာ ထိုအရွက်များသည် ၎င်းတို့အား ရှေ့သို့ နောက်တစ်ဆင့်တက်ရန် အခွင့်အရေးကောင်းများ ပေးစွမ်းနိုင်မည်ဖြစ်သည်။

" လီလော့ရဲ့ တစ်ကိုယ်တော် အောင်ပွဲကြောင့် ရွှေသစ်ရွက်တွေ ရလာခဲ့တယ်...အဲ့တော့ မင်းတို့တွေ သူ့ကို ကျေးဇူးတင်သင့်တယ်...."

ထို့နောက် အတန်းတစ်တန်းလုံး လက်ခုပ်သြဘာပေးကြသည်။

သိမ်သိမ်မွေ့မွေ့နဲ့ ရုပ်ရည်ချောမောတဲ့ မိန်းကလေးတချို့တောင်မှ

"ကျေးဇူးတင်စကား ပြောဖို့ နင်နဲ့ ထမင်းအတူစားချင်တယ်!" လို့ပြောနေကြသည့်အတွက်လူတိုင်းသည် လီလော့ကို မနာလိုစိတ်ဖြင့်သာ ကြည့်နေနိုင်ကြသည်။

လီလော့ ပြုံးနေသောလည်း စိတ်ထဲတွင် သက်ပြင်းချနေလေ၏။ မိန်းကလေးများ သူ့အား အဘယ်ကြောင့် နှစ်သက်ကြသလဲ စဉ်းစားမရတော့ပေ။

ရှုရှန်ယွီကလက်သီး ဆုပ်ထားလိုက်ပြီး တစ်နေ့တာသင်ခန်းစာကို ဆက်မသင်မီ လူတိုင်းကို နေရာယူရန် အချက်ပြခဲ့သည်။

သုံးနာရီကြာပြီးနောက် အတန်းချိန်ပြီးဆုံးသွားသည့်အခါ လီလော့ ရှုရှန်ယွီဆီသို့ သွားလိုက်ပြီး နေ့တစ်ဝက်ခွင့်ယူရန် ခွင့်တောင်းလိုက်သည်။

" ခွင့်ယူဉီးမလို့လား...."

ရှုရှန်ယွီသည် လီလော့၏တောင်းဆိုချက်ကို စဉ်းစားရင်း မေးလိုက်သည်။  အရင်တုန်းကဆို သူ့တောင်းဆိုမှုကို ငြင်းပယ်ဖို့ တွန့်ဆုတ်နေလိမ့်မည် မဟုတ်သော်လည်း လီလော့သည် ပထမကျောင်းတော်ကို အောင်နိုင်ခဲ့ပြီး လျူယန်နှင့် ယှဉ်ပြိုင်ရာတွင် မြင့်မားသော ရပ်တည်နိုင်မှုကို ပေးစွမ်းခဲ့သည်။ ထို့ကြောင့် ခွင့်ပေးရန် တုံ့ဆိုင်းနေရခြင်းဖြစ်သည်။

" သေချာရဲ့လား.....နောက်ဆုံးစာမေးပွဲက နီးနေပြီဟာကို အတန်းချိန်တွေ အလွတ်ခံလို့ ဖြစ်ပါ့မလား....သူများတွေကို အမှီလိုက်နိူင်မှဖြစ်မယ်....နို့မို့ဆို ကြယ်တာယာခရီးရှည်ကောလိပ်ကို ဝင်ခွင့်ရနိုင်တော့မှာ မဟုတ်ဘူး....."

လီလော့က ပြုံးရုံသာပြုံးပြလိုက်ပြီး လက်ပြနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

ကျောင်းတော်အပြင်ဘက်တွင် ဇိမ်ခံ ရထားလုံးတစ်စီးရပ်နေပြီး ထိုရထားလုံးပေါ်တွင် ချိုင်ဝေရှိနေသည်။

သူမသည် သားမွှေးယပ်တောင်ကို ဟန်ပါပါထပ်နေပြီး သူ့နံဘေးတွင် လက်ဖက်ရည်ပူပူတစ်ခွင်ရှိနေသည်။သူမ၏ သွင်ပြင်သည် မြင်သူအပေါင်းကို ရင်သပ်ရှုမောဖွယ်ရာ ခံစားချက်မျိုးပေးစွမ်းနေ၏။

ချိုင်ဝေသည် ကျက်သရေရှိပြီး အလှအပ နှစ်ချိုက်သူဖြစ်ကြောင်း ရွေစချယ်ထားသော ရထားလုံးကို ကြည့်ရုံဖြင့်ပင် သိနိုင်၏။ သူမ၏ ရွေးချယ်မှုသည် ကျန်းချင်းအာထက်ပင် သာလွန်သေးသည်။

ချိုင်ဝေ၏ နောက်ခံသည် ရိုးရှင်းမည်မဟုတ်ကြောင်း လီလော့ ခံစားမိနေသည်။တစ်ခုတည်းသေု မေးခွန်းမှာ အဘယ်ကြောင့် လော့လန်အိမ်တော်တွင် ဒုက္ခခံ၍ ရှုပ်ထွေးလှသော ပြသာနာများကို ဖြေရှင်းနေရသနည်း.....

" နေ့လည်စာ စားပြီးပြီလား....ကျွန်မ သခင်လေးအတွက် ပြင်ပေးထားတယ်...."

ချိုင်ဝေက စားပွဲပေါ်တွင် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားသည့် စားစရာများကို ညွှန်ပြနေသည်။

" အစ်မကတော့ ထောင့်စေ့အောင် စဉ်းစားတတ်ပါပေတယ်ဗျာ.... ရှေးဘဝတုန်းက ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့သူသာ အစ်မကို လကင်ထပ်နိုင်လိမ့်မယ်...."

ချိုင်ဝေသည် လှပရင့်ကျက်ပြီး မိသားစုအရေးကို စီမံခန့်ခွဲနိုင်သူဖြစ်သည်။ ဘယ်လိုပဲကြည့်ကြည့် သူမဟာ တကယ်ကို ထူးချွန်သူတစ်ယောက်ဖြစ်သည်။

လီလော့တွေ့ဖူးသမျှ မိန်းမတွေထဲမှာ ကျန်းချင်အားသည် ထူးခြားသော စိတ်သဘောထားရှိသူဖြစ်ပြီး လုချင်းအာနှင့် ချိုင်ဝေသည် နူးညံ့သိမ်မွေ့ကြသူများဖြစ်သည်။

" သခင်လေးက နှုတ်ချိုသားပဲ...."

ချိုင်ဝေက လီလော့ စားသောက်ရန် ပြင်ဆင်ပေးနေရင်းကနေ.....

" ကျွန်မတို့ လော့လန်အိမ်တော်မှာ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ သီးသန့်ထုတ်လုပ်တဲ့ ဌာနတစ်ခုရှိတယ်....အဲ့နေရာကို ရှီးယန်စံအိမ်လို့ခေါ်ပြီး စျေးကွက်ထဲမှာ လူသိများတယ်.....ရှီးယန်စံအိမ်ရဲ့ မူရင်းဌာနချုပ်က ရှမြို့တော်မှာရှိပြီး ရှပြည်ထောင်စုထဲမှာ ဌာနခွဲသုံးခုရှိတယ်.....အဲ့ထဲက တစ်ခုက ထျန်ရှုမှာ ရှိတဲ့ ရှီးယန်စံအိမ်ပဲ.....ရှီးယန်စံအိမ်က လော့လန်အိမ်တော်အတွက် အမြတ်အများဆုံးရှာပေးနေတဲ့ နေရာပဲ.....ဒါ့ကြောင့် ဖေဟောင်က ရှီးယန်စံအိမ်ကို လက်ဝါးကြီးအုပ်ဖို့ နည်းမျိုးစုံသုံးနေတာလေ.....ရှီးယန်စံအိမ်ရဲ့ ဌာနမှုးက မကြာသေးခင်ကမှ နှုတ်ထွက်သွားတာ...သင့်တော်တဲ့သူမတွေ့သေးလို့ ဌာနမှူးရာထူးက အခုချိန်ထိ လစ်လပ်နေတုန်းပဲ....ဖေဟောင်က ဒုတိယဌာနမှုးကို သူ့ဘက်ပါအောင် ဆွဲခေါ်ပြီး ရှီးယန်ကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတယ်.....ကံကောင်းလို့ ချင်းအာက ရိပ်မိပြီး လူယုံလွှတ်ပြီး ထိန်းချုပ်ခိုင်းလိုက်တယ်....ရှီးယန်မှာ အတွင်းရေးတွေရှုပ်ထွေးနေလို့ ထုတ်လုပ်ရေးအပိုင်းမှာ နစ်နာမှုတွေ ဖြစ်နေတယ်....."

" ဖေဟောင်ဆိုတဲ့ ကောင်က တကယ့်ကို ဆန်ကုန်မြေလေးကောင်ပဲ....."

လီလော့ ထိန်းမထားနိူင်တော့ပေ။ အရင်က သတိမထားမိခဲ့သော်လည်း ဖေဟောင်က အိမ်တော်မှ အရင်းမြစ်များကို သုံးစွဲပြီး အိမ်တော်ကို ဒုက္ခပြန်ပေးချင်နေ၏။မျက်ဖြူဝံပုလွေတစ်ကောင်မွေးမိခြင်း၏ ဒုက္ခကို လီလော့နားလည်နေပြီဖြစ်သည်။

အကယ်၍ လော့လန်အိမ်တော်သာ အမှန်တကယ် စည်းလုံးညီညွှတ်နေပါက လီလော့စုဆောင်းနိုင်သော ပမာဏသည် ကောင်းကင်ရွှေ သုံးသိန်းပင်ကလောက်မည်မဟုတ်ပေ။

စိတ်ညစ်လာသောကြောင့် စားသောက်စရာများပင် အရသာမရှိတော့ပေ။

ရထားလုံးက လူစည်ကားရာ မြို့လယ်ခေါင်ကို ကျော်ဖြတ်လာပြီး မြို့တော်၏ မြောက်ဘက်ပိုင်းတွင် ရပ်တန့်သွားခဲ့သည်။

လီလော့တို့နှစ်​ယောက် ရထားလုံးပေါ်က ဆင်းလိုက်သောအခါ ရှီးယန်စံအိမ်တော်ဟုသော စာလုံးများရေထွင်းထားသော ဆိုင်းဘုတ်ကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။

ရှီးယန်စံအိမ်သည် လုံခြုံရေးတင်းကြပ်သော နေရာဖြစ်သောကြောင့် အစောင့်များက လီလော့တို့နှစ်ယောက်ကို သတိပြုမိလိုက်ကြသည်။

စံအိမ်ထဲသို့ အဟန့်အတားမရှိ ဝင်သွားသောအခါ လီလော့တို့ကို ကြိုဆိုဖို့ အဖွဲ့တစ်ဖွဲ့ရောက်ချလာသည်။

ကြိုဆိုရေးအဖွဲ့သည် နှစ်ပိုင်းကွဲနေပြီး ဘယ်ဘက်က အဖွဲ့ကို ပြုံးရယ်နေသော သက်လတ်ပိုင်းအရွယ် ယောက်ကျားတစ်ယောက်က ဉီးဆောင်လာပြီး ညာဘက်က အဖွဲ့ကို အံ့သြစရာကောင်းလောက်အောင်လှပသော အမျိုးသမီးတစ်ဉီးက ဉီးဆောင်လာသည်။

လှပသော အမျိုးသမီးသည် ငွေရောင်မျက်မှန်ဝန်းတစ်လက်ကို တပ်ဆင်ထားပြီး သူမပုံစံသည် မာနကြီးမည့်ပုံရသည်။

ထိုအချိန်တွင် ချိုင်ဝေက လီလော့ကို အလျင်စလို ရှင်းပြပေးနေသည်။

"ဘယ်ဘက်က တစ်ယောက်က ဖေဟောင့်ဘက်တော်သား ဒုဌာနမှုး ဇောင်ရီ.....ညာဘက်ကတစ်ယောက်က ကြယ်တာယာခရီးရှည်ကောလိပ်က ပဲ့တင်ထပ်သံပြုပြင်သူ ပါရမီရှင် ယန်လင်းချီ....လင်းချီက ချင်းအာရဲ့ လူယုံ .....ပြီးတော့သူက အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူ ...."

လီလော့ အံ့အားသင့်သွားပြီး လှပပြီး မာနကြီးသော မိန်းမပျိုလေးကို တမေ့တမော ငေးကြည့်နေ၏။

လင်းချီသည် လီလော့၏ အိမ်မက်ဖြစ်သော ကြယ်တာယာခရီးရှည်ကောလိပ်မှ ကျောင်းသူတစ်ဉီးဖြစ်မည်မှန်း ထင်မထားမိခဲ့ပေ။

All Chapters