ယန်လင်းချီ......
Vol. 2 Ch. 24
လီလော့ အံသြနေစဉ်မှာပင် ကြိုဆိုရေးအဖွဲ့က အနီးသို့ရောက်လာပြီဖြစ်သည်။
" သခင်လေးနဲ့ အစ်မချိုင်ဝေတို့ကို ရှီးယန်စံအိမ်က ကြိုဆိုပါတယ်....သခင်လေးတို့ရောက်လာတာက ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့ ရှီးယန်စံအိမ်ကို တောက်ပစေပါတယ်...."
ဇောင်ရီဆိုသူက ပြုံးရယ်နေသော မျက်နှာထားဖြင့် အနှစ်မပါသော စကားများဖြင့်နှုတ်ဆက်နေသည်။
ဇောင်ရီ၏ နှုတ်ဆက်မှုနှင့် ယှဉ်ပါက ယန်လင်းချီသည် ပို၍ အေးစက်နေသည်ဟုထင်ရသည်။သူမက ချိုင်ဝေ့ကို အရင်ကြည့်ပြီးမှ လီလော့ကို တစ်ချက်ကြည့်လိုက်ပြီး အိတ်ကပ်ထဲလက်နှိုက်ကာ နှုတ်ဆက်မည့်ပုံမပေါ်ပေ။
" ဒုဌာနမှုးဇောင်ရီက သိပ်ကြင်နာတတ်တာပဲနော်....သခင်လေးက ရှီးယန်က လုပ်ငန်းတွေကို လာကြည့်ရုံပါပဲ ...တခြားထွေထွေထူးထူးကိစ္စမရှိပါဘူး....."
ချိုင်ဝေက အပြုံးသေးသေးလေးတစ်ခုပြုံးပြီး ရှင်းပြလိုက်သည်။
ဇောင်ရီ တခဏမျှကြောင်အ သွားပြီး အလျင်စလိုခေါင်းညိတ်ပြလိုက်ကာ...
"ကျွန်တော် စကားပြော လောသွားတယ်..."
ထို့နောက် ဇောင်ရီက လီလော့ကို နှုတ်ဆက်ကာ အခြားသောကိစ္စမျဆောင်ရွက်ရန် ထွက်သွားခဲ့သည်။
ဤအရာကို ကြည့်ခြင်းဖြင့် ဇောင်ရီသည် ဖေဟောင့် ဘက်တော်သားဖြစ်မှန်း သိသာလွန်းလှသည်။ထို့ကြောင့် ဇောင်ရီ နှုတ်ဆက်နေကတည်းက ခပ်ခွာခွာနေခဲ့ခြင်းဖြစ်သည်။
ဇောင်ရီ၏ ပျူငှာမှုများသည် အတုအယောင်များဖြစ်သည်။
တစ်ဖက်တွင်မူ ယန်လင်းချီသည် အေးတိအေးစက်သာ ပြုမူနေပြီး လီလော့တို့နှင့်သာ ကျန်ရစ်ခဲ့သည်။
ဇောင်ရီ ထွက်သွားပြီးနောက် ယန်လင်းချီ၏ အမူအရာများ ပျော့ပြောင်းလာပြီး....
"အစ်မချိုင်ဝေ ဘာကိစ္စများရှိလို့ ရောက်လာတာလဲ...."
သူမ၏ အသံသည် စမ်းကျရေသဖွယ် အေးမြသာယာလှပေသည်။
ချိုင်ဝေက ယန်လင်းချီရဲ့ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်လိုက်ပြီး.....
"သခင်လေး ဟိုနားဒီနားလျှောက်ကြည့်ဖို့ ခေါ်လာခဲ့တာ...."
သူတို့နှစ်ယောက်လုံးမှာ အံ့သြစရာကောင်းတဲ့ စိတ်ဓာတ်တွေ ပိုင်ဆိုင်ထားပြီး နှစ်ဉီးစလုံးသည် တုနှိုင်းမရတဲ့ မိန်းမချောလေးများဖြစ်သည့်အတွက် ဘေးချင်းကပ်ရပ်နေ
တဲ့အခါ မျက်စိကျစရာ မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူတို့နှစ်ဉီး၏ ခြားနားချက်များကိုရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ရသည်။
ချိုင်ဝေသည် မြေပြင်ပေါ်မှ ထိုးထွက်နေသော တောင်တန်းကြီးဖြစ်ပါက ယန်လင်းချီသည် မြင်းရိုင်းများ ကျက်စားရာ လွင်ပြင်ကျယ်ကြီးတစ်ခုပင်......
လီလော့၏ ထင်သာမြင်သာသောအကြည့်များကို မြင်လိုက်ရသည့် ယန်လင်းချီက....
" မောင်လေးက ဘာတွေ နှိုင်းယှဉ်နေတာလဲ... "
လီလော့က ဘာမှ မသိဟန်ဖြင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ပြလိုက်သည်။
ယန်လင်းချီက လီလော့ကို ဂရုစိုက်မနေတော့ဘဲ ချိုင်ဝေ့ကိုသာ ဆွဲခေါ်သွားခဲ့လေသည်။
စံအိမ်အတွင်းပိုင်းသို့ ရောက်သောအခါ တံတားတစ်စင်းကို တွေ့လိုက်ရပြီး ထိုတံတားအောက်တွင် ပြုပြင်ထားသော
အထပ်ပေါင်းများစွာသော ရှိနေသည်။
အထပ်တိုင်းတွင် အခန်းပေါင်းများစွာရှိပြီး တစ်ခန်းချင်းစီကို ထွင်းဖောက်မြင်နိုင်သော သလင်းကျော်များဖြင့် ကာရံထားသောကြောင့် အတွင်းပိုင်းတွင် လုပ်ဆောင်နေသည်များကို အထင်းသားမြင်နေရသည်။
သေချာကြည့်လိုက်ပါကထိုအခန်းတွင်းရှိ စားပွဲများပေါ်တွင် သလင်းကျောက်ဖြင့်ပြုလုပ်ထားသော ပုလင်းများ မရေမတွက်နိူင်အောင် ရှိနေကြသည်။ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူများသည် ပုလင်းပေါင်းစုံမှ အရည်များကို ရောစပ်ပြီး တစ်ခုခုကို ဖန်တီးနေကြ၏။ အချို့သောအခန်းများဆီမှ ထွက်ပေါ်လာသော အပြာရောင်ဖျော့ဖျော့ အလင်းများကြောင့် ဤသည်မှာ ဝိဉာဉ်ရည်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
" အစ်မချိုင်ဝေ.....ရှီးယန်စံအိမ်မှာ အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူက နှစ်ယောက်၊ အဆင့်သုံးက ကိုးယောက်၊ အဆင့်နှစ်က ဆယ့်ခြောက်ယောက်နဲ့ အဆင့်တစ်ကညသုံးဆယ့်သုံးယောက်ရှိတယ်....."
ယန်လင်းချီဘက်က ကြည်လင်ပြတ်သားသော အသံဖြင့် ရှင်းပြနေသည်ကို လီလော့က ပတ်ဝန်းကျင်ကို စူးစမ်းနေရင်း နားထောင်နေ၏။ချိုင်ဝေသည် မန်နေဂျာတစ်ယောက်ဖြစ်သည့်အတွက် ဒါတွေကို သိထားပြီးဖြစ်သည်။ ဤသည်မှာ လီလော့သိအောင် တမင်ရှင်းပြနေခြင်းပင်ဖြစ်၏။
ကျန်းချင်းအာ၏ သူငယ်ချင်းမလေးသည် အေးတိအေးစက်နိုင်သော်လည်း စိတ်ကောင်းရှိသူတစ်ယောက်ဖြစ်သည်။လီလော့ကို ကူညီနေခြင်းသည် ကျန်းချင်းအာကို တစ်ဖက်တစ်လမ်းက ကူညီနေခြင်းပင် မဟုတ်ပေလော.......
လီလော့တို့သည် ယန်လင်းချီနောက်ကနေ လိုက်လာကြရင်း သူမ၏ သန့်စင်ရေးအဘုပ်ရုံရှိရာဆီ ရောက်လာခဲ့ကြသည်။
"အစ်မချိုင်ဝေက ကျွန်မကို တွေ့ဖို့ရောက်လာတာမဟုတ်မလား...."
ယန်လင်းချီက စကားပြောနေရင်း အပေါ်ဝတ်ရုံကို ချွတ်လိုက်သောအခါ သူမ၏ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းလေး ပေါ်လွင်လာခဲ့သည်။ သူမကတော့ သန့်စင်နေဆဲ အရာများပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။
ချိုင်ဝေက မချိပြုံး ပြုံးလိုက်ပြီး....
" သခင်လေးက ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်ချင်နေတယ်..အဲ့တာကြောင့်မို့ ရောက်လာခဲ့တာ...."
ယန်လင်းချီက စူးစမ်းလိုစိတ်အပြည့်ဖြင့် ချိုင်ဝေ့ကို ကြည့်လိုက်ပြီး....
" သူက...."
စကားမဆုံးသေးသော်လည်း ဆိုလိုချင်သည့်အရာကို အားလုံးနားလည်လိုက်ကြသည်။ လီလော့တွင် ဗလာနန်းတော်ရှိနေပါလျှက်နှင့် ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်ချင်သတဲ့လား.....
ချိုင်ဝေက လီလော့ကို ယန်လင်းချီရှေ့သို့ တွန်းပို့လိုက်ပြီး....
"ကျွန်မတို့ရဲ့ ပါရမီရှင်လေး အံ့သြသွားရအောင် သရုပ်ပြလိုက်ပါဉီး....."
သူငယ်ချင်း အချင်းချင်း စနောက်နေသည်အတွက် လီလော့ ဘာမှ မပြောတော့ဘဲ ရေပဲ့တင်သံ စွမ်းအားများကိုသာ ထုတ်ဖော်ပြသလိုက်တော့သည်။
" ဒါ....ဒါ ရေပဲ့တင်ထပ်သံ မဟုတ်လား...."
ယန်လင်းချီ အမှန်ပင် အံအားသင့်သွားခဲ့လေသည်။ သူမသည် မျက်မှန်လေးကို ပင့်ကာ....
" နင့်မှာ ပဲ့တင်ထပ်သံရှိနေတယ်ပေါ့....ဘယ်လ်ိုတွေ ဖြစ်ကုန်တာလဲ...."
လီလော့က ခေါင်းညိတ်ပြလိုက်ပြီး....
" ဟုတ်တယ်...အဲ့တာ အဆင့်ငါး ရေပဲ့တင်ထပ်သံပါ....ကျွန်တော့်ကို ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်နိုင်ဖို့ ပညာရပ်တွေ သင်ပြပေးပါဉီး..."
လီလော့၏ တောင်းဆိုချက်ကို ကြားလိုက်သည့်အခါ ယန်းလင်းချီ မျက်မှောင်ကြုံ့လိုက်ပြီး......
" နှစ်ကုန်စာမေးပွဲ ဖြေဖို့ အချိန်ကပ်နေပြီမဟုတ်လား....ဘာလို့ ကျင့်ကြံမနေတာလဲ....ကြယ်တာယာခရီးရှည်ကောလိပ်ကို ဝင်နိုင်အောင်ကြိုးစားသင့်တယ်...အဲ့မှာရှိတဲ့ ပဲ့တင်ထပ်သံပြုပြင်သူခန်းမ မှာဆို ဒီမှာထက်ပိုကောင်းတဲ့ ပညာရပ်တွေ သင်ယူနိုင်မှာ....."
လီလော့ အရှက်ပြေ ပြုံးပြလိုက်ပြီး......
" ဒါတွေနဲ့ ရင်းနှီးထားချင်လို့ပါ...."
လီလော့၏အဖြေကိုကြားသောအခါ ယန်လင်းချီသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။လီလော့ထံတွင် ပဲ့တင်ထပ်သံ ရှိနေပြီဆိုသော်လည်း အခါနှောင်းနေပြီဖြစ်သည်။လက်ရှိ အဆင့်ဖြင့် ကြယ်တာယာခရီးရှည်ကောလိပ်ကို ဝင်ခွင့်ရနိုင်လိမ့်မည်မဟုတ်ပေ။အကယ်၍ အခုချိန်တွင် ပဲ့တင်ထပ်သံပြုပြင်ခြင်းကို စတင်လေ့လာထားပါက သူ့ထံတွင် လွတ်လမ်းတစ်ခုတော့ ကျန်ပေလိမ့်မည်။
" သခင်လေးဘက်က အခုလို ရှားရှားပါးပါးစိတ်အားထက်သန်နေတယ်ဆိုတော့ ပါရမီရှင်လေးကပဲ သင်ပြပေးလိုက်ပါဉီး... "
ချိုင်ဝေက ဝင်ပြောလိုက်သည်။
ယန်လင်းချီက ချိုင်ဝေ့ကို မျက်ဆံလှန်ပြလိုက်ပြီး လီလော့ရှေ့သို့ ပုလင်းတစ်လုံး ချပေးလိုက်ကာ......
"ပဲ့တင်ထပ်သံပြုပြင်သူတွေက ဘာတွေ လုပ်သလဲဆိုတာ အခြေခံလောက်တော့ နင်လဲ သိထားလောက်မှာပေါ့....."
ယန်လင်းချီ သင်ပေးနေပြီဖြစ်ကြောင်းသိလိုက်သည့်အခါ လီလော့ ခပ်မြန်မြန်ခေါင်းညိတ်ပြလိုက်လေသည်။ ရေပဲ့တင်ထပ်သံရရှိပြီးကတည်းက အားလပ်ချိန်တိုင်း ပဲ့တင်ထပ်သံပြုပြင်ခြင်းနှင့် သက်ဆိုင်သော ဗဟုသုတ်များကို ရှာဖွေ ဖတ်ရှုထားပြီးဖြစ်သည်။
ယန်လင်းချီ လက်လှုပ်လိုက်သည့်အခါ အပြာနုရောင်စွမ်းအားမျှင်တန်းလေးတစ်ခုထွက်ပေါ်လာပြီး စာအုပ်တစ်ထပ်ဆီ လက်ညှိုးညွှန်လိုက်သည်။ နောက်တစ်ကြိမ် ထပ်လှုပ်ရှားလိုက်သောအခါ လီလော့ရှေ့သို့ စာအုပ်အချို့ ရောက်လာခဲ့လေသည်။
" ဒါတွေ အကုန် ဖတ်ထား...."
လီလော့ ထွေထွေထူးထူးပြောမနေတော့ဘဲ စားပွဲမှာ ဝင်ထိုင်လိုက်ပြီး စာအုပ်များကို စတင်ဖတ်ရှုနေ၏။
" ငါ လုပ်စရာရှိသေးတယ်...တခြားမှာ သွားထိုင်...."
လီလော့ နာခံမှု အပြည့်နှင့် စာဖတ်နေသည်ကို မြင်သောအခါ ယန်လင်းချီက ချိုင်ဝေကို တခြားမှာ ထိုင်ခိုင်းလိုက်ပြီး သူမ လုပ်စရာရှိတာတွေကို ဆက်လုပ်နေလေသည်။
ချိုင်ဝေ ခုံအလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ပြီး မကြာခင်မှာပဲ တရေးတမော အိပ်ပျော်သွားလေတော့သည်။
ရှီးယန်စံအိမ်၏ အခြားသော အခန်းတစ်ခုထဲတွင် .........
" သခင်လေးနဲ့ ချိုင်ဝေတို့ ဘာတွေလုပ်နေကြသေးလဲ... "
ထိုင်နေသော ဇောင်ရီက သူ့ရှေ့က လူကို မေးမြန်းနေခြင်းဖြစ်သည်။
" ထွေထွေထူးထူးတော့မဟုတ်ပါဘူး...ဟိုဟိုဒီဒီကြည့်ပြီး ဒုဌာနမှုးယန်းလင်းချီရဲ့ အလုပ်ခန်းထဲ ဝင်သွားကြတယ်...."
ဇောင်ရီ့ ရှေ့ကလူ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
" သေချာစောင့်ကြည့်ထား....သူတို့ ဘယ်သူနဲ့ အနီးကပ်စကားပြောလဲဆိုတာလည်း စာရင်းမှတ်ထား...အခုချိန်မှာ ရှီးယန်ရဲ့ ဉက္ကဌဖြစ်လာဖို့က ငါ့အတွက် အရေးကြီးဆုံးပဲ....ငါအောင်မြင်မှ ယန်လင်းချီနဲ့ သူ့အပေါင်းအပါတွေကို မောင်းထုတ်ပြီး ရှီးယန်ကို အပြည့်အဝထိန်းချုပ်နိုင်မှာ "
" နားလည်ပါပြီ....."
ဇောင်ရီ လက်ပြလိုက်သည့်အခါ ထိုလူ ပြန်ထွက်သွားလေသည်။ ဇောင်ရီ၏ အပြုံးသည် အရိုးခိုက်အောင် အေးစက်နေ၏။
" ကျန်းချင်းအာ....နင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းလောက်နဲ့ ငါ့ကိုတိုက်ခိုက်နိုင်မယ် ထင်နေတာလား....အိမ်မက်သာ မက်နေလိုက်တော့....ထျန်းရှုမှာ ရှိတဲ့ ရှီးယန်စံအိမ်က ဇောင်ရီဆိုတဲ့ ငါ့အတွက်ပဲ ဖြစ်ရမယ်......"