← Chapters

လူသူကင်းမဲ့သော ကျွန်းပေါ်တွင် ဓမ္မတံခါးများ ဖွင့်ခြင်း

Vol. 14 Ch. 214

လူသူကင်းမဲ့သော ကျွန်းပေါ်တွင် ဓမ္မတံခါးများ ဖွင့်ခြင်း

Vol. 14 Ch. 214

ချီရွှဲ့ထုံဂိုဏ်း၏ တာအိုဝတ်ရုံများကို တောင်ထိပ်ခုနစ်လုံးအရ အရောင်ခုနစ်ရောင် ခွဲခြားထားသည်။

ယင်းအနက် လိမ္မော်ရောင်သည် ဒုတိယမြောက်တောင်ထိပ်ကို ရည်ညွှန်းပြီး အပြာရောင်သည် ဆဋ္ဌမမြောက်တောင်ထိပ်ဖြစ်ကာ ခရမ်းရောင်သည် သတ္တမမြောက်တောင်ထိပ် ဖြစ်သည်။

ပထမတောင်ထိပ်၏ တာအိုဝတ်ရုံမှာ သွေးကဲ့သို့ နီရဲသည်။

ချီရွှဲ့ထုံဂိုဏ်းတစ်ခုလုံး၌ နန်းဟွမ်ဒေသကြီးနှင့် တားမြစ်ပင်လယ်ထဲတွင် အမှန်တကယ် ကျော်ကြားသည့် တောင်ထိပ်နှစ်လုံးမှာ ပထမတောင်ထိပ်နှင့် သတ္တမမြောက်တောင်ထိပ်တို့ ဖြစ်သည်။

ယင်းအနက် ပထမတောင်ထိပ်သည် ကရုဏာကင်းမဲ့စွာ သတ်ဖြတ်ခြင်းကြောင့် နာမည်ကြီးသည်။ ပထမတောင်ထိပ်မှ ဂိုဏ်းသားတိုင်းက တိုက်ပွဲဝင်ကျင့်ကြံသူများ ဖြစ်ကြပြီး ပင်လယ်ပြင်သို့ ထွက်ခဲသည်။ အများစုက ဖီးနစ်တားမြစ်ဒေသတွင် နေ၍ အစွမ်းထက်လာစေရန် လေ့ကျင့်ကြသည်။

သူတို့ကျင့်ကြံခြင်းအစွမ်းများနှင့် အတိုက်အခိုက်စွမ်းရည်များအပေါ်တွင် ယုံကြည်မှုရှိသော ပထမတောင်ထိပ်ဂိုဏ်းသားများသည်သာ သူတို့နှင့် တိုက်ခိုက်ပုံချင်း မအပ်စပ်သည့် တားမြစ်ပင်လယ်သို့ သွားရန် ရွေးချယ်လေ့ရှိကြသည်။ ထို့ကြောင့် ဂိုဏ်းထဲ၌ဖြစ်စေ၊ တားမြစ်ပင်လယ်ထဲ၌ ဖြစ်စေ ပထမဆုံးအကြိမ်အဖြစ် ပထမမြောက်တောင်ထိပ်ဂိုဏ်းသားကို ရွှီချင်း မြင်ဖူးခြင်း ဖြစ်သည်။

ထို့ပြင် ဝတ်ရုံကြောင့်လည်း သူ၏အမြင် မလွဲနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် တောင်ထိပ်အသီးသီးမှ တာအိုဝတ်ရုံများတွင် ဂိုဏ်းတံဆိပ်ပြားများနှင့် အရှိန်အဝါတို့ဖြင့် ဆက်နွယ်နေသော ဝိုးတဝါး ရုပ်ပုံအနည်းအကျဉ်းရှိပြီး ဂိုဏ်းသားအချင်းချင်း တွေ့ဆုံသောအခါတွင် ထိုရုပ်ပုံများက တဖျပ်ဖျပ်ဝင်းလက်နေသည်။

ယင်းမှာ အပြင်ဘက်လောကမှလူများကို ဂိုဏ်းသားတစ်ယောက်အဖြစ် ဟန်မဆောင်နိုင်စေရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

တစ်ဂိုဏ်းတည်းသားချင်းဖြစ်ပါသော်ငြား ရွှီချင်း သတိလျော့မသွားပေ။ တစ်ဖက်လူ၏ စိတ်ရှုပ်စရာစကားများကို သူ နားမလည်သော်လည်း ငါးမန်းရိုင်းကို လုမယူရန် သတိပေးခြင်းဖြစ်ကြောင်း သူ ခံစားမိသည်။

အိတ်ထဲတွင် ဝှက်ထားသောစကားများနှင့် ငါးမန်းရိုင်းနောက်သို့ လိုက်နေသည့် တစ်ဖက်လူ၏ အပြုအမူများကို စဉ်းစားကြည့်သောအခါတွင် တစ်စုံတစ်ခုကို ဖော်ပြနေသည် မဟုတ်ပါလား။

ရွှီချင်းဘေးရှိ သံတုတ်နက်လေးက အေးစက်စက်ဝင်းလက်သွားသည်။ သူ့ခြေထောက်အောက်ရှိ အရိပ်က သာမန်ဖြစ်ဟန်တူပါသော်လည်း ခုန်အုပ်ပြင်နေသည်။

သူ၏မှော်သင်္ဘောသည်လည်း ထိုနည်းတူပင်။ သူ့ခန္ဓာကိုယ်ထဲရှိ ရှဲကျင်းလုံသည်လည်း ဓမ္မတံခါးထဲတွင် ကူးခတ်ကာ ၎င်း၏လည်ပင်းပေါ်ရှိ ဆူးချွန်များ ယမ်းခါနေသည်။

ရွှီချင်းက ငါးမန်းရိုင်းကို ကြည့်လိုက်သည့်အခိုက် သူ့ထံ ပျံသန်းလာနေသော ငါးမန်းရိုင်းသည် ၎င်းရှေ့မှ ကြောက်မက်ဖွယ်အရှိန်အဝါနှင့် သူ့ကို မြင်သွားပြီး ဟိန်းဟောက်၍ နောက်မှလိုက်လာသည့်လူငယ်ကို ဝါးမျိုရန် လှည့်လိုက်သည်။

၎င်းက ပါးစပ်ကိုဖွင့်လိုက်သည်နှင့် သွေးမြူလုံးကြီးတစ်လုံး ထွက်လာပြီး မရေမတွက်နိုင်သော ငါးများနှင့် ပုစွန်များအဖြစ် ပြောင်းလဲ၍ ပထမတောင်ထိပ်မှလူငယ်ထံ ပြေးဝင်သွားသည်။

“ ကောင်းကင်မြစ်ရေတစ်စက်လောက်တော့ ငါ တစ်ကျိုက်တည်းနဲ့ လက်စသတ်နိုင်ပါတယ်ကွ ”

လူငယ်က တည်ငြိမ်စွာ ပြောသည်။ ထို့နောက် မန္တန်လက်ကွက်များ ဖော်လိုက်ရာ ရုတ်တရက် သူ့အောက်မှ ကြေးညိုရောင်ဓားကြီးက တဝီဝီမြည်၍ ဓားအရိပ်အတန်းလိုက်အဖြစ် ပြောင်းလဲသွားသည်။

မျက်တောင်တစ်ချက်ခတ်အတွင်း ဘေးပတ်လည်တွင် တစ်ပုံစံတည်းတူညီသော ကြေးညိုရောင်ဓားငါးဆယ်ကျော် ထွက်ပေါ်လာပြီး ၎င်းတို့ထံမှ လူသတ်ငွေ့များ တဟုန်းဟုန်း ပျံ့လွင့်နေသည်။ လူငယ်၏ အချက်ပေးချက်အောက်တွင် သူ့ခြေထောက်အောက်ရှိ ဓားမှလွဲ၍ ဘေးပတ်လည်မှ ကြေးညိုရောင်ဓားများက ငါးမန်းရိုင်းကြီးထံ ဝင်ရောက်သွားသည်။

ထို့နောက် တဝုန်းဝုန်းမြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

ပင်လယ်ရေမျက်နှာပြင်၌ ရေလှိုင်းကြီးများ မြင့်တက်လာပြီး ငါးမန်းရိုင်းကြီးက စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။ ပေထောင်ချီ၍ ရှည်လျားသော ၎င်း၏ခန္ဓာကိုယ်ကြီးကို ဓားခုနစ်လက်၊ ရှစ်လက်က ဝင်ရောက်ထိုးဖောက်သွားသည်။ ၎င်းမှာ သွေးများ စီးကျနေလျက် ပင်လယ်ပြင်အောက်သို့ ငုပ်လျှိုးကာ ရေနက်ပိုင်းသို့ တိုးဝင်သွားသည်။

၎င်း၏သွေးများက ပင်လယ်ရေနှင့် ပေါင်းစည်းသွား၏။ သွေးထဲမှ အခြေတည်အဆင့်အရှိန်အဝါက ပင်လယ်သတ္တဝါများစွာကို အနားကပ်မလာစေရန် သတိပေးနေသည်။ သို့သော်လည်း ထိုသို့သာ အချိန်ကြာမြင့်စွာ ဆက်ဖြစ်နေပါက သွေးများက ပို၍ ရက်စက်ကြမ်းကြုတ်သော ပင်လယ်သတ္တဝါများ၏ အာရုံကို ဆွဲဆောင်သွားပေမည်။

ရွှီချင်းက လှမ်းကြည့်လိုက်သည်။

တချိန်တည်းမှာပင် ပထမတောင်ထိပ်လူငယ်က ပင်လယ်ကိုကြည့်၍ အေးစက်စက်နှာမှုတ်လိုက်သည်။

“ နှင်းဖြူကျောက်စိမ်းယုန်ကြီးက ကောင်းကင်မှာ သွားတယ်။ ရွံစရာကောင်းတဲ့ဖားပြုတ်က ရေထဲ သွားတယ် ”

သူ ပြောနေရင်း သူ့ခြေထောက်အောက်ရှိ ကြေးညိုရောင်ဓားကြီးက တဝီဝီမြည်ကာ ပေတစ်ထောင်နီးပါး ရှည်ထွက်လာသည်။ ၎င်းက သူ့ကို သယ်ဆောင်ကာ ပင်လယ်ရေပြင်သို့ ထိုးဖောက်၍ ထွက်ပြေးနေသော ငါးမန်းရိုင်းကြီးနောက်သို့ လိုက်လေသည်။

ဖြစ်စဉ်အစမှ အဆုံးတိုင်အောင် ရွှီချင်းသည် စကားတစ်ခွန်း မပြောသလို ဝင်ရောက်လုယက်ခြင်းလည်း မရှိပေ။ တစ်ဖက်လူငယ်၏ ရူးကြောင်ကြောင်စကားများကိုသာ တည်ငြိမ်စွာ နားထောင်ပြီး ပင်လယ်ထဲသို့ တစ်ဖက်လူငယ် လိုက်သွားသည်ကို ကြည့်နေလေသည်။

ပထမတောင်ထိပ်လူငယ် ပျောက်သွားပြီးနောက် ရွှီချင်းသည် အကြည့်လွှဲကာ မှော်သင်္ဘောကို ထိန်းချုပ်၍ ထိုနေရာမှ ထွက်လာခဲ့သည်။

လူငယ်၏ အရည်အချင်းကို ကြည့်၍ လူငယ်က သူ့ထက် မဆိုစလောက် ပို၍ အစွမ်းထက်နေသည်ကို သူ အာရုံခံမိသည်။ လူငယ်က ရွှမ်ယောက်အသွင်သဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့ မရောက်သေးဘဲ အလွန်ဆုံး ဓမ္မတံခါးနှစ်ဆယ်ခန့်ကို ဖွင့်နိုင်မည် ဖြစ်သည်။

အသက်နှင့်ရင်း၍ တိုက်ခိုက်ပါက ထိုလူငယ်ကို အနိုင်ရနိုင်သည်ဟု ရွှီချင်း ခံစားမိသည်။ သို့သော်လည်း အခြေတည်အဆင့်ပင်လယ်သတ္တဝါတစ်ကောင်အတွက်ဖြင့် သူ မစွန့်စားချင်ပေ။

သူသည် ထိုနေရာမှ ထွက်ခွာကာ ရက်အနည်းငယ်ကြာ ရွက်လွှင့်နေခဲ့ပြီး နောက်တစ်နေရာသို့ ရောက်သွားသည်။

ယင်းသည် အနောက်ဘက်ကျောက်တန်းကျွန်းစုနှင့် နန်းဟွမ်ဒေသကြီးကြားရှိ ဆုံမှတ်နေရာတွင် တည်ရှိသော လူမနေသည့်ကျွန်းလေးတစ်ကျွန်းဖြစ်ပြီး ယခင်တစ်ခေါက် ရွှီချင်း နွယ်ပင်များတွေ့ခဲ့သည့်နေရာနှင့် မလှမ်းမကမ်းတွင် ရှိသည်။

ယင်းကျွန်းသည် မကြီးမားဘဲ ကျွန်း၏ အစွန်အဖျားနေရာများသည် ချိုင့်ဝင်နေပြီး သဘာဝအလျောက်ဖြစ်ပေါ်နေသော ပင်လယ်အော်လေးတစ်ခု ဖြစ်သည်။

တားမြစ်ပင်လယ်ထဲ၌ လူမနေသော ကျွန်းများစွာ ရှိသည်။ တချို့ကျွန်းများသည် အချိန်ကြာမြင့်စွာ တည်ရှိနေသော ကျွန်းများဖြစ်ပြီး တချို့ကျွန်းများက ရံဖန်ရံခါမှသာ ပေါ်လာတတ်သော ကျွန်းများ ဖြစ်သည်။ အချိန်ကြာမြင့်စွာ ရှိနေသော ကျွန်းများသည် ကျွန်းအစစ်များ ဖြစ်ကြပြီး ရံဖန်ရံခါပေါ်လာတတ်သော ကျွန်းများသည် များသောအားဖြင့် ပင်လယ်သတ္တဝါကြီးများ၏ ကျောများပေါ်တွင် ပေါ်လာတတ်သည်။

ဤလူမနေသောကျွန်းလေး၏ အောက်ပိုင်းကို ရွှီချင်း စစ်ဆေးကြည့်သွားပြီ ဖြစ်သည်။ ယင်းကျွန်းလေးသည် ကျွန်းအစစ်အမှန်ဖြစ်ပြီး ယင်းကျွန်းအကြောင်းကို ရေကြောင်းပြမြေပုံထဲတွင် ရှင်းပြထားသည်။ ယင်းကျွန်းလေး၏ မြေမျက်နှာသွင်ပြင်အနေအထားအရကြောင့် ယင်းကျွန်းလေးပေါ်သို့ လူတစ်ယောက်မှ ရောက်မလာကြခြင်း ဖြစ်သည်။

ရွှီချင်းက ကျွန်းတစ်ခုလုံးကိုလည်း စစ်ဆေးကြည့်ပြီးသွားပြီ ဖြစ်သည်။ အန္တရာယ်တစ်စုံတရာ မရှိကြောင်း သူ အတည်ပြုပြီးနောက် ပင်လယ်အော်ထဲရှိ သင်္ဘောကုန်းပတ်ပေါ်တွင် သူ ထိုင်၍ အိတ်ထဲမှ ပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။

ထိုပုလင်းလေးထဲတွင် အပြာရောင်အရညများ ရှိသည်။

ထိုအရည်မှာ တစ္ဆေဆန္ဒကောင်၏ သွေးများ ဖြစ်သည်။

တစ္ဆေဆန္ဒကောင်၏ သွေးများကို ယင်ယန်အစွန်းရောင်ပညာဖြင့် ဖော်စပ်ပြီး ဆေးပင်အနည်းငယ်နှင့် ပေါင်းစပ်ပြီးနောက် ယင်းသွေးများထံမှ တားမြစ်ပင်လယ်ထဲရှိ ရက်စက်ကြမ်းကြုတ်သော သတ္တဝါများကို ဆွဲဆောင်နိုင်သည့် အရှိန်အဝါတစ်မျိုး ထွက်လာသည်။

ယခင်က ရေသူမလူငယ်က ရွှီချင်းအပေါ်တွင် တူညီသော နည်းလမ်းတစ်မျိုး အသုံးပြုခဲ့ဖူးသည်။

ယင်းမှာ ဓမ္မတံခါးများကို မြန်နိုင်သမျှ မြန်မြန်ဖွင့်ရန် ရွှီချင်း တွေးမိသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ပင်လယ်သတ္တဝါအမြောက်အမြားကို သူ ဆွဲဆောင်ချင်ပြီး ၎င်းတု့ိ၏ ဝိညာဉ်များကို ဆွဲနှုတ်ပစ်ချင်သည်။ သို့သော်လည်း ယင်းအရှိန်အဝါက ထိန်းချုပ်ရန် အလွန်ခက်ခဲပြီး အလွန် ရက်စက်ကြမ်းကြုတ်သော သတ္တဝါတချို့ကို ဆွဲဆောင်နိုင်ချေများသည်။

ထို့ကြောင့် ယင်းသွေးကို သူ ထိန်းညှိရန် လိုသည်။ သူ့ထံတွင် ထိုသို့ ထိန်းညှိနိုင်သည့် ပစ္စည်းတစ်မျိုး ရှိပြီး ယင်းမှာ ပင်လယ်မှို ဖြစ်သည်။

ပင်လယ်မှို၏ ဆေးဖက်ဝင်အရည်အသွေးများကြောင့် ထိုအရှိန်အဝါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် အနည်းငယ် စွန့်စားရမည်ဖြစ်သော်လည်း ရွှီချင်းက ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“ ဒါကို အသက်သွင်းလိုက်တာနဲ့ အလိုလိုပျံ့သွားမှာပဲ ”

ရွှီချင်းက ကုန်းပတ်ပေါ်တွင် တစ္ဆေဆန္ဒကောင်၏ သွေးများကို စတင်ပြုပြင်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံး တစ်နာရီကြာသွားပြီး မှောင်ရီပျိုးစအချိန်သို့ ရောက်သွားသည်။

သူက သူ့ရှေ့ရှိ ဖော်စပ်ထားပြီးဖြစ်သော ပင်လယ်မှိုအခွံကို ကြည့်လိုက်သည်။ ၎င်း၏အရောင်က အပြာရောင်ဖြစ်သွားပြီး ယခု ၎င်းကိုအသက်သွင်းရန် သူ့သွေးတစ်စက်သာ လိုတော့သည်။

ရွှီချင်းက ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ တခဏကြာ စဉ်းစားပြးနောက် သူက အသက်မသွင်းသေးဘဲ မျက်လုံးများကု မှိတ်၍ တရားထိုင်လိုက်သည်။

ညသည် တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။

နောက်တစ်နေ့ မနက်ခင်းရောက်သည်နှင့် ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ အဆိပ်များကို ဘေးပတ်လည်သို့ ပက်လိုက်သည်။

ပင်လယ်အော်ဖြစ်နေသည့်အတွက်ကြောင့် အဆိပ်မှုန့်များက အဝေးသို့ လွင့်ပျံသွားခြင်းမရှိဘဲ ပင်လယ်ရေနှင့် ပေါင်းစပ်သွားသည်။ ယခုတစ်ခေါက် ရွှီချင်းသည် အလွန် စိတ်တက်ကြွနေသည်ဖြစ်၍ သူ ဖော်စပ်လိုက်သည့်အဆိပ်က ပို၍ပင် ပြင်းထန်သည်။ သို့သော်လည်း ထိုသို့အဆိပ်အစွမ်းပြရန် ပစ္စည်းတချို့ ထပ်ပေါင်းထည့်ပေးရမည်ဖြစ်သည်။

ပင်လယ်အော်ထဲတွင် အဆိပ်မှုန့်များစွာ ပက်ပြီးနောက် ရွှီချင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး အမွှေးတိုင်တစ်တိုင်ကို ထုတ်၍ ဘေးတွင် ထားလိုက်သည်။

ထိုအမွှေးတိုင်သည် သူ ဖော်စပ်ခဲ့ဖူးသည့် အဆိပ်အမွှေးတိုင်ဖြစ်သည်။ ထိုအမွှေးတိုင်ကို ပင်လယ်ထဲသို့ သူ ပစ်လွှတ်လိုက်သည်နှင့် ယင်းက သူ ပက်လိုက်သည့်အဆိပ်မှုန့်များကို ပြင်းထန်သော အဆိပ်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲနိုင်သည်။

“ အားလုံး အဆင်သင့်ဖြစ်ပြီ ”

ရွှီချင်း၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ဝင်းလက်နေသည်။ သူက လက်ချောင်းထိပ်ကို ကိုက်၍ သူ့ရှေ့ရှိ အပြာရောင်ပင်လယ်မှိုအပေါ်သို့ သွေးတစ်စက် ထည့်လိုက်သည်။ သွေးစက်ကျသွားသည်နှင့် ပင်လယ်မှို၏အရောင်က ချက်ချင်း မည်းနက်သွားပြီး အနံ့ဖျော့ဖျော့ ထွက်လာသည်။

ထိုအနံ့ကို ဂရုတစိုက် မရှူမိပါက စစ်ဆေးရန် အလွန် ခက်ခဲမည်ဖြစ်သည်။

ထိုအဆိပ် ဆက်လက် လွင့်ပျံနေစဉ် ရွှီချင်းက ပင်လယ်အော်ဝင်ပေါက်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပြီး အဆိပ်အမွှေးတိုင်ကို ကိုင်၍ တိတ်ဆိတ်စွာ စောင့်နေ၏။

အချိန်များ ကုန်လွန်သွားသည်။

တစ်နာရီကြာပြီးနောက် ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ အဝေးရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ မြင့်တက်လာသော ဧရာမလှိုင်းလုံးကြီးကို သူ မြင်လိုက်ရသည်။ ထိုနေရာမှ ပေတစ်ထောင်ခန့် အရွယ်အစားရှိသော ရက်စက်ကြမ်းကြုတ်သည့် ဝေလငါးကြီးတစ်ကောင်က နားစည်ကွဲလုမတတ် အော်ဟစ်၍ ခုန်ပျံလာသည်။ ပင်လယ်ရေမျက်နှာပြင်သို့ ၎င်း ပြန်ကျသွားသောအခါ ပင်လယ်အောက်မှ မိကျောင်းပုံစံငါးကလေးများ မရေမတွက်နိုင်အောင် ပေါ်လာသည်။

ယင်းမှာ အနက်ရောင်အကြေးခွံမိကျောင်းများ ဖြစ်သည်။ ၎င်းတို့သည် တားမြစ်ပင်လယ်ထဲ၌ နေထိုင်ကြပြီး အနက်ရောင်ဝံပုလွေများနှင့် စရိုက်ချင်းဆင်တူသည်။ အကောင်ရေ တစ်ရာ သု့ိမဟုတ် ထို့ထက်ပိုများစွာဖြင့် အုပ်စုဖွဲ့၍ နေကြသည်။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်းအဆင့်ရှစ် သု့ိမဟုတ် အဆင့်ကိုးသို့ ရောက်နေပြီ ဖြစ်သည်။

ဝေလငါးကြီးမှာ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

ရွှီချင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူ ဆက်စောင့်နေစဉ် အနက်ရောင်အကြေးခွံ မိကျောင်းများက သူ ရှိနေသည့် ပင်လယ်အော်သို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။ ဝေလငါးကြီးသည်လည်း အရူးအမူးပြေးလာသည်။

မကြာခင် ပင်လယ်အော်တစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းသွားသည်။ အနက်ရောင်အကြေးခွံ မိကျောင်းများက အထဲသို့ ရောက်သည်နှင့် ရွှီချင်းကို လှမ်းရိုက်လိုက်ကြသည်။

ရွှီချင်း၏ မှော်သင်္ဘောအကာအကွယ်က အပြည့်အဝ အသက်သွင်းထားပြီးဖြစ်သည်။ ဝေလငါးကြီးသည်လည်း ကြမ်းတမ်းစွာ ရိုက်နှက်လိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံ ထွက်ပေါ်လာပြီး ရွှီချင်း၏မှော်သင်္ဘောမှာ ယိမ်းခါသွားပါသော်ငြား မပျက်စီးသွားပေ။

တားမြစ်နယ်မြေတောအုပ်ထဲမှာကဲ့သို့ ပင်လယ်ထဲမှ သတ္တဝါအများစုသည်လည်း အပြင်အားကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုသတ္တဝါအနည်းအကျဉ်းသည်သာ မန္တန်များကို သုံးကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို အားသာချက်အနေဖြင့် အသုံးချကြသည်။

“ စုစုပေါင်း အကောင်တစ်ရာကျော်ပဲ ရှိသေးတယ်။ မလုံလောက်သေးဘူး ”

ရွှီချင်း၏ အသက်ရှူသံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ မှော်သင်္ဘော၏ အကာအကွယ်အတွက် ဝိညာဉ်ကျောက်တုံးများစွာ သုံးစွဲထားရသည်ကို သူ ဂရုမစိုက်ပေ။ သူက ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်ရာ မကြာခင် တဝုန်းဝုန်းလှိုင်းခတ်သံများ ကြားလာရပြန်သည်။

ယခင်က သူ မြင်ခဲ့ဖူးသည့် ဓားငါးများထက် အဆပေါင်းများစွာ ကြီးသော ဓားငါးအမြောက်အမြား ကူးခတ်လာကြသည်။ ၎င်းတု့ိက ရာချီသော အုပ်စုတစ်စုအနေဖြင့် လာနေကြခြင်း ဖြစ်သည်။

ဓားငါးအများစုက ချီစုစည်းခြင်းအဆင့်သုံး သို့မဟုတ် အဆင့်ငါး ရှိသော်လည်း ချီစုစည်းခြင်းအဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသို့ ရောက်နေကြသော ဓားငါး ( ၄၅ ) ကောင် ရှိသည်။

အဆိပ်ဆေး၏ ဆွဲဆောင်မှုကြောင့် ၎င်းတို့၏ မျက်လုံးများ နီမြန်းနေပြီဖြစ်သည်။ ၎င်းတို့က ပင်လယ်အော်ထဲသို့ အလုအယက် ကူးခတ်လာကြစဉ် ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ထို့နောက် သူက အဆိပ်အမွှေးတိုင်ကို ပင်လယ်ထဲသို့ ချလိုက်သည်။

တခဏလေးအတွင်း နက်မှောင်သော ပင်လယ်ရေများ မှင်ရည်ထက်ပင် ပို၍ မည်းနက်သွားသည်။ ယခုအခါ အဆိပ်အမျိုးပေါင်းတစ်ရာ ပင်လယ်ရေထဲ ပျော်ဝင်နေပြီဖြစ်သည်။

အနက်ရောင်အကြေးခွံမိကျောင်းများ၏ ခန္ဓာကိုယ်များ တုန်ရီသွားပြီး လှုပ်ရှားမှုကင်းမဲ့သွားသည်။ ဝေလငါးကြီး၏ ရုန်းကန်ရန် ကြိုးစားမှုမှာလည်း အရာမထင်ချေ။ အဆိပ်ကြောင့် ၎င်း၏ခန္ဓာကိုယ် ထုံကျင်သွားပြီး လှုပ်ရှားရန် ခက်ခဲသွားသည်။

ဓားငါးများသည်လည်း ထိုနည်းတူပင်။ ဖြစ်စဉ်တစ်ခုလုံး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်သာ ကြာမြင့်သွားခဲ့ပြီး တဝုန်းဝုန်းမြည်ဟည်းနေခဲ့သော ပင်လယ်အော်မှာ ငြိမ်သက်သွားသည်။

ရွှီချင်း၏ အကြည့်က မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ သူက ညာလက်ကို မြှောက်၍ ကြမ်းတမ်းစွာ ဆွဲယူလိုက်သည်။ ပင်လယ်သတ္တဝါများကို ပင်လယ်ရေများဖြင့် ဖန်တီးထားသည့် ဧရာမလက်ကြီးတစ်ဖက်က သူ့ထံသို့ ချက်ချင်း ဆွဲယူသွားသည်။

လုံးဝ အဆိပ်မမိသေးသည့် ထိုပင်လယ်သတ္တဝါများ ရွှီချင်း၏ရှေ့သို့ ရောက်သည်နှင့် ရွှီချင်း၏ ဓမ္မတံခါးများထဲမှ မီးတောက်များ တဟုန်းဟုန်း ထွက်လာပြီး ၎င်းတို့ကို လွှမ်းခြုံသွားသည်။

သူ့အဆိပ်က ပြင်းထန်ပါသော်ငြား အဓိကရည်ရွယ်ချက်မှာ သတ်ဖြတ်ရန် မဟုတ်ဘဲ တန်ပြန်မတိုက်ခိုက်နိုင်စေရန် လုပ်ထားခြင်းသာ ဖြစ်သည်။

အနက်ရောင်မီးတောက်များ လောင်ကျွမ်းသွားသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်အငွေ့အသက်များ စုပ်ယူခံလိုက်ရသည်။ ၎င်းတို့က သူ့ဒန်တျန်ထဲတွင် ဝိညာဉ်အရိပ်များအသွင် ပြောင်းလဲ၍ ထင်းများအလား တဟုန်းဟုန်း တောက်လောင်နေသည်။ သူက ၎င်းတို့ကို ထိန်းချုပ်ကာ သူ၏ တတိယမြောက်ဓမ္မတံခါးထံ ပို့ဆောင်လိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး မျက်လုံးများ တဖိတ်ဖိတ်လက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ တတိယမြောက်ဓမ္မတံခါး ပွင့်သွားလေပြီ။

၎င်း ပွင့်သွားသည်နှင့် ဝိညာဉ်စွမ်းအားများ အထဲသို့ အလုအယက် ပြေးဝင်လာပြီး လေပွေတစ်ခုအသွင် ဖြစ်သွားသည်။ ဓမ္မစွမ်းအားစီးကြောင်းများ မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် ပေါင်းစည်းသွားရာ သူ၏ဓမ္မစွမ်းအားများ တိုးပွားလာသည်။

သူသည် မရပ်နားပေ။ သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ အနက်ရောင်မီးတောက်များက ဝိညာဉ်များကို ဆက်လက်ထုတ်ယူနေသည်။ ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ ကောင်းကင်ကြီး မှောင်အတိကျသွားသောအခါတွင် သူ၏ခန္ဓာကိုယ်ထဲရှိ စတုတ္ထမြောက်ဓမ္မတံခါး ပွင့်သွားသည်။

ထိုအချိန်၌ ထိုပင်လယ်အော်သည် သေမင်းတမန်နယ်မြေဖြစ်လာခဲ့ပြီ ဖြစ်သည်။ အပြင်ပန်းမှ ကြည့်လျှင် တည်ငြိမ်အေးဆေးနေသယောင်ရှိပါသော်ငြား ပင်လယ်အောက်တွင် မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများစွာကို မြှုပ်နှံထားပြီး ဖြစ်သည်။

ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးလေးခုက လည်ပတ်သွားသည့်အတွက်ကြောင့် ဓမ္မစွမ်းအားအမြောက်အမြား သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး သူ့အရှိန်အဝါက ယခင်ထက် အဆပေါင်းများစွာ အားကောင်းလာသည်။

ဓမ္မတံခါးလေးခုထဲရှိ အနက်ရောင်မီးတောက်များက သူ့ခန္ဓာကိုယ်ကို အလင်းရောင်ပေးနေပြီး သူ့ကိုယ်က ဝင်းလက်နေသည်။

သူနှင့် ခေါင်းဆောင်၏ ရွှမ်ယောက်အသွင်သဏ္ဍာန်ကြားတွင် ခြားနားချက်များ ရှိနေသေးပါသော်လည်း ယခုမှ အခြေတည်အဆင့်သို့ ရောက်သည့်လူတစ်ယောက်နှင့် ယှဉ်ပါက သူ၏ နက်ရှိုင်းသော အခြေခံကြောင့် သူ့ဓမ္မစွမ်းအားများက ကြောက်ခမန်းလိလိ ဖြစ်နေပြီဖြစ်သည်။

“ ဒီအမြန်နှုန်းက မဆိုးဘူး ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ ဘေးပတ်လည်ကို စစ်ဆေးကြည့်လုက်ပြီး တစ္ဆေဆန္ဒကောင်များ၏ သွေးများကို ဆက်လက်ရောစပ်လိုက်သည်။

All Chapters