← Chapters

ဂျပန်နိုင်ငံ၏ ရည်ရွယ်ချက်များ

Vol. 16 Ch. 240

ဂျပန်နိုင်ငံ၏ ရည်ရွယ်ချက်များ

Vol. 16 Ch. 240

မန်ကျိုးက သူ့တိုကင်ပြားများအားလုံးကို ပုံလောင်းလိုက်သည်။

“ငါ ကဒ်တွေ မှတ်နေတာကို နှောင့်ယှက်ချင်လို့ မင်း ခုနက ငါ့ကို စကား ဖြတ်ပြောတာ မဟုတ်လား”

ကဒ်များကို မှတ်နိုင်သည့် သူ့အရည်အချင်းက လျှို့ဝှက်ချက် မဟုတ်ပါ။

ရဲ့လင်းချန်၏ အချိန်ကိုက် လှုပ်ရှားမှုက ပြစ်ချက် မရှိပေ။ သူ့အား နောက်ဆုံး လေးကဒ်ကို မမြင်ရအောင် တားဆီး လိုက်နိုင်သည်။ ၎င်းတို့သည် သူတို့နှစ်ယောက်လုံး၏ လက်ရှိ ကဒ်များ ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ဤအခြေအနေမှ ဆုတ်ခွာရန် ခက်ခဲပေသည်။

ပထမ သုံးပွဲတွင် ရဲ့လင်းချန်နှင့် မန်ကျိုးတို့က ကဒ်များကို ကြိုသိနေသောကြောင့် တစ်ဖက်လူထံ၌ အထိမနာစေရန် နောက်ဆုတ်နေခဲ့ကြသည်။ သို့သော် လေးပွဲမြောက်သို့ ရောက်လာသောအခါ ရဲ့လင်းချန်၏ မန်ကျိုးကို အော်ပြောလာသည့် အဖြစ်ကြောင့် သူ အာရုံပျက်ကာ ထိုကဒ်များကို မမှတ်လိုက်နိုင်ချေ။

Ace လေးကဒ်၊ ဤသို့သော ပေါင်းစပ်မှုမျိုးက တကယ့်ကို ကြုံတောင့်ကြုံခဲ အခွင့်အရေးပင်။ ဤအခွင့်အရေးကို သူ လက်လွှတ်မခံနိုင်ပါ။

သူ လောင်းကြေးကို အပိုင်ဖမ်းမှ ဖြစ်ပေမည်။

“မင်း ငါ့ကို ကဒ်လေးကဒ် လွတ်သွားအောင် လုပ်ခဲ့တယ်၊ ဒါပေမဲ့ မင်းလည်း အဲ့ကဒ်တွေကို လွတ်သွားခဲ့တာပဲလေ”

မန်ကျိုး၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။

“မင်းကံက အဲ့လောက် ကောာင်းမယ်လို့ ငါ မယုံဘူး၊ မင်းမှာ သေချာပေါက် straight flush မရှိဘူး”

ထို့သို့ပြောပြီး သူ့ကဒ်များကို ချက်ချင်း ပြလိုက်လေသည်။ သူ့ဘေးနားရှိ လူအုပ်ကြီးထံမှ ပြိုင်တူ ပင့်သက် ရှိုက်သံများ ထွက်ပေါ်လာပြီး မျက်နှာတွင် အံ့ဩဟန် ပေါ်လာသည်။

“Ace လေးကဒ်ပါလား၊ ကံကောင်းလိုက်တာ”

“သူ့မှာသာ straight flush မရှိရင် ပွဲက ပြီးနေပြီ၊ ဒါပေမဲ့ အဲ့လို အခွင့်အရေးက ရှားတယ်”

“မယုံနိုင်စရာပဲ”

ဝေ့ဟုန်ကလည်း ရယ်မောလာသည်။

“လုထျန်းရှုံး ကြည့်ရတာ ငါ ငှားလာတဲ့လူက ပိုတော်တဲ့ ကစားသမား ဖြစ်နေတဲ့ပုံပဲ၊ ကျေနပ်စရာပါလား”

လုထျန်းရှုံး ဘာမှမပြောသော်လည်း ရဲ့လင်းချန်အား စိုးရိမ်တုန်လှုပ်သော အကြည့်ဖြင့် လှမ်းကြည့်နေသည်။

ရဲ့လင်းချန်က သူ့ကဒ်များကို တစ်ခါမှ မကြည့်သောကြောင့် မှောက်ထားသည့် ကဒ်များက ဘာကဒ်တွေလဲ သူ မသိပါ။

“မှောက်ထားတဲ့ ငါ့ကဒ်တွေကိုတောင် မပြရသေးဘူး”

ရဲ့လင်းချန်က တည်ငြိမ်မြဲ တည်ငြိမ်နေ၏။

“ရလဒ်ကို အတည်မပြုနိုင်သေးဘူးလေ”

“မင်း straight flush ရနိုင်တယ်လို့ ထင်နေတာလား”

မန်ကျိုးက အထက်စီးဖြင့် ရဲ့လင်းချန်အား လှောင်ပြောင်လေသည်။

“မင်းရဲ့ မှောက်ထားတဲ့ ကဒ်တွေက ဘာလဲဆိုတာကိုတောင် မင်း သိမယ်လို့ ငါ မထင်ဘူး၊ မင်း ခုနက ငါ့ကို ပထုတ်ချင်ခဲ့ပင်မယ့် ငါ့မှာ ace လေးခု ရှိနိုင်တယ်လို့ မထင်ထားဘူးမလား”

“ထားပါတော့ ကျုပ် အချိန်ကုန်ခံပြီး ခင်ဗျားနဲ့ ပြောမနေတော့ဘူး၊ အခု ဆန်းကြယ်မှုကို ကြည့်ဖို့ အချိန်တန်ပြီ”

ရဲ့လင်းချန်က ရယ်၍ စားပွဲပေါ်မှ သူ့ကဒ်များကို လှန်လိုက်သည်။

ဘေးလူများအားလုံး အသက်ရှူရပ်သွားပြီး တိတ်ဆိတ် ငြိမ်သက်သွားလေ၏။

မှောက်ထားခဲ့သော ကဒ်နှစ်ကဒ်က စပိတ် ခုနစ်နှင့် ရှစ်တို့ ဖြစ်နေသည်။

*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

မန်ကျိုး၏ မျက်လုံးအိမ် ကျဉ်းမြောင်လာပြီး မယုံနိုင်စွာ ထရပ်မိသည်။

ဝေ့ဟုန်၏ မျက်လုံးများသည်လည်း အစွမ်းကုန် ပြူးကျယ်နေ၏။ သူ့ခေါင်းက ချာချာလည်နေပြီး မြင်လိုက်ရသည့် အရာကို ယုံနိုင်စွမ်းမရှိ ဖြစ်နေလေသည်။

“ငါး၊ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ ဒါ straight flush ပဲ”

“ချီးပဲ သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

“Ace လေးခုက straight flushနဲ့ လာတိုးရတယ်လို့၊ တိုက်ဆိုင်တာက လွန်လွန်းသွားပြီ၊ မန်ကျိုး တကယ် ကံဆိုးတာပဲ”

“ဒါ ကံကောင်းရုံသက်သက်ပဲလို့ ငါ မထင်ဘူး”

ဘေးလူများလည်း ထပ်တူ အံ့ဩနေကာ အဖြစ်အပျက်ကြောင့် ကြက်သေ သေနေ၏။ ထို့အပြင် အထူးဆန်းဆုံး အချက်မှာ ရဲ့လင်းချန်က အစကတည်းက သူ့ကဒ်များကို တစ်ခါမှ မကြည့်ခဲ့ခြင်းပင်။

*ဘယ်လိုလုပ် သူက ဒီလောက် သေချာနေတာလဲ*

“မင်းကဒ်တွေကို ကြိုသိနှင့်နေတာလား”

မန်ကျိုးက ရဲ့လင်းချန်ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေသည်။

“ဒါပင်မယ့် မင်းလည်း မမြင်လိုက် …”

“ကဒ်တွေကို မှတ်ထားတာက ကျွမ်းကျင်တဲ့ လောင်းကစားသမားတွေအတွက် ကနဦးအဆင့်ပဲ ရှိသေးတယ်၊ ပုံမှန်ဆို နောက်ဆုံးတစ်ခေါက် ကုလားဖန်ထိုးတာကနေ ကဒ်တွေကို မှတ်ထားတတ်ကြတယ်၊ ငါကတော့ ကုလားဖန် ထိုးတဲ့အခေါက်တိုင်းက ကဒ်တွေကို သိနေသလို အစဉ်လိုက်တွေလည်း သိတယ်”

ရဲ့လင်းချန်က တွေဝေနေသော မန်ကျိုးကို ရှင်းပြလိုက်သည်။

“ငါ နောက်ဆုံး လေးကဒ်ကို မမြင်လိုက်ပင်မယ့်၊ အဲ့လေးကဒ်က ဘာတွေလဲဆိုတာကို အရင် ကုလားဖန် ထိုးလိုက်တဲ့ အခေါက်က အစဉ်လိုက်နဲ့ ယှဉ်ကြည့်ဖို့ပဲ လိုတယ်”

ရဲ့လင်းချန်၏ စကားက ရိုးရှင်းသည်ဟု ထင်ရသော်လည်း လူတိုင်းအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ထိုသို့သော မှတ်နိုင်စွမ်းက ကြောက်စရာ ကောင်းလှသည်။

“ငါတို့ ရှုံးသွားတာပဲ”

မန်ကျိုးနှင့် ဝေ့ဟုန်တို့ ပြိုင်တူ သက်ပြင်းချလိုက်ကြပြီး ရဲ့လင်းချန်အား သေချာ စိုက်ကြည့်နေကြသည်။

အစကတည်းက သူတို့ အထင်သေးခဲ့သော ရဲ့လင်းချန်က ဤမျှ ထူးချွန်သော လောင်းကစားသမား တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပါ။

တစ်ချိန်တည်းမှာပင် တခြားဝိုင်းမှာ တူညီသော အာမေဋိတ်သံများ ထွက်ပေါ်လာ၏။ ထိုနေရာတွင် လူပိုများပြီး အံ့ဩတကြီး ပြောဆိုသံများ ပိုများလေသည်။

“ဆရာရဲ့၊ အဲ့ဒါ မီယာကိုနဲ့ ကျင်းဟမ် ငှားထားတဲ့ နိုင်ငံခြားသားနဲ့ ပြိုင်နေတာပါ၊၊ မီယာကို နိုင်သွားတာလေ”

လုထျန်းရှုံးက ရဲ့လင်းချန်ကို လေးနက်သော အသံဖြင့် အသိပေးလိုက်သည်။

သူ့မျက်နှာက နီရဲနေပြီး မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်နေ၏။

ယခု လောင်းကစား ပြိုင်ပွဲက ပြီးခဲ့သော နှစ်များထက် ပိုစိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ထို့အပြင် ပွဲအရှိန်ကလည်း မြန်လွန်းလှပေသည်။ ရဲ့လင်းချန်သည် လူတစ်ဒါဇင်ကျော်ကို ဖြုတ်လိုက်ချိန်တွင် မီယာကိုကလည်း ပိုများသော လူအရေအတွက်ကို ဖြုတ်ချခဲ့သည်။ နေ့တစ်ဝက်တည်းနှင့် အဆင့်များက တော်တော်လေး ပေါ်လွင်လာသည်။

ရဲ့လင်းချန်က သုံးဆယ့်ငါးသန်း တန်သော တိုကင်ပြားများ ရထားသည်။ ယင်းက သိပ်မများသော်လည်း ပြုတ်သွားသော ပြိုင်ပွဲဝင်များနှင့်ယှဉ်လျင် ကောင်းမွန်သော ရလဒ်ပင်။ သူတို့ ဆုကြေးအနေဖြင့် ရလာနိုင်သည့် မြေက အတော်လေး အရည်အသွေး ကောာင်းပုံရသည်။

“အဲ့ဒီ နိုင်ငံခြားသား ရှုံးသွားတာလား”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

“သူ ရှုံးသွားပါတယ်”

လုထျန်းရှုံး၏ အမူအရာက သုန်မှုန်နေပုံ ရသည်။

“ပြီးတော့ ကျွန်တော်တို့နဲ့ မီယာကိုပဲ တိုကင်ပြားတွေ ကျန်တော့တယ်လို့ ကြားထားပါတယ်”

“ကျန်တဲ့လူတိုင်း ရှုံးသွားတာလား”

ရဲ့လင်းချန် ပို၍ အံ့ဩသွားသည်။ ဤလောင်းကစား ပြိုင်ပွဲက သူ ထင်ထားသည်ထက် ပိုမြန်နေ၏။

“မီယာကိုက အခြားသူတွေကို ဘယ်လို အနိုင်ပိုင်းသွားတာလဲ”

“သဘောတူညီမှုလုပ်ပြီး‌ လောင်းတာပါ”

လုထျန်းရှုံးက အသက်ပြင်းပြင်း ရှူလိုက်သည်။

“သူက ပြိုင်ဘက်ကို သူတို့ အကျွမ်းဆုံး ကစားနည်းနဲ့ ပြိုင်ခိုင်းတာပါ၊ အံစာတုံးပဲဖြစ်ဖြစ် ပိုကာပဲဖြစ်ဖြစ် သူက အားလုံးကို ယှဉ်ဆေတာ့တယ်၊ ပြီးတော့ သူ့ပြိုင်ဘက်လက်ထဲမှာ တိုကင်ပြား ဘယ်လောက်ပဲ ရှိရှိ သူက အကုန် လောင်းတာပဲ”

ပြောရမည်ဆိုလျင် တစ်ဖက်လူက သူ့အားသာသော ကစားနည်းနှင့် စိန်ခေါ်နိုင်သလို တိုကင်ပြား နည်းနည်း ဖြင့်လည်း အနိုင်ယူခွင့် ပေးထားလေသည်။

ဥပမာပြောရမည်ဆိုလျင် လူတစ်ယောက်က တစ်သန်းသာ ကျန်တော့သော်လည်း မီယာကိုက သန်းတစ်ရာ ရှိလျင် သူမက ထိုလူနှင့် ပြိုင်ဆော့ဦးမှာပင်။ ထိုလူက ရှုံးသွားလျင် တစ်သန်းသာ ဆုံးပြီး ထိုလူက နိုင်လျင်တော့ သန်းတစ်ရာ ရပေမည်။

သူမ နာမည်ကြီးနေသော်လည်း လူတိုင်းက သူမနှင့် ယှဉ်ဆော့ရန် ပြေးသွားသည်က အံ့ဩစရာ မဟုတ်တော့ချေ။ ဤသို့သော ငါးစာက လက်လွှတ်ရန် ခက်လွန်းလှသည်။

“သူက တကယ် စိတ်အားထက်သန်နေတာပဲ”

ရဲ့လင်းချန်၏ မျက်လုံးများ အရောင်တောက်လာပြီး အံ့ဩသည်ထက် ဝမ်းသာလာလေသည်။

*ဒီကောင်မလေးက အံ့ဩစရာကောင်းတဲ့လူပဲ၊ ငါ့အတွက် တော်တော်လေး ဒုက္ခနည်းသွားစေတာပဲ*

အစက ပိုက်ဆံအားလုံးကို အနိုင်ရရန် အခက်တွေ့လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ထိုသို့ ကူညီပေးထားလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။

“မီယာကိုရဲ့ လောင်းကစား စွမ်းရည်က ထိပ်တန်းပဲ၊ ပြိးတော့ သူက မွေးကတည်းက လောင်းကစားအတွက် ပါရမီ ပါလာတာ၊ သူက ထူးချွန်တဲ့ လောင်းကစားသမားတွေကို စိန်ခေါ်ရတာကို သဘောကျတယ်၊ ဒီလို ရူးချင်စရာ ကောင်းတဲ့ အရာကို သူ လုပ်တာက အံ့ဩစရာ မဟုတ်တော့ဘူး”

တစ်စုံတစ်ယောက်က သုံးသပ်လေသည်။

“ကျုပ်တို့ ဘာကို စောင့်နေမှာလဲ၊ သွားတာပေါ့”

ရဲ့လင်းချန်က ချက်ချင်း ထိုနေရာသို့ ဦးတည်သွား၏။

ထိုအခိုက်တွင် မီယာကိုက သူမခုံ၌ ထိုင်နေလေသည်။ သူမ၏ တောက်ပသော မျက်လုံးများက ကျဉ်းမြောင်းနေပြီး မကျေနပ်သော အရိပ်အယောင် ပြနေသည်။

“ဥက္ကဋ္ဌဝမ် ကျွန်မ လောင်းကစား ထူးချွန်တဲ့သူတွေ အများကြီးနဲ့‌ တွေ့ရလိမ့်မယ်လို့ ရှင် အာမခံလို့ ကျွန်မ လာဖို့ သဘောတူလိုက်တာ၊ ဒါပေမဲ့ သူတို့ရဲ့ လောင်းကစား စွမ်းရည်က စိတ်ပျက်ဖို့ ကောင်းလွန်းတယ်”

ဝမ်ယွင်၏ အမူအရာက အနည်းငယ် ရနေခက်ပုံ ပေါ်လာပြီး တောင်းပန်သလို ပြုံးလိုက်သည်။

“မိန်းကလေး မီယာကို၊ ဒီလောင်းကစား ထူးချွန်သူတွေက မင်းအဆင့်ကို မမီခဲ့တာက ကျုပ် မျက်စိလျှမ်း သွားခဲ့လို့ပါ၊ ကျုပ် တကယ် စိတ်မကောင်းပါဘူး”

“အချိန်ကုန်လိုက်တာ၊ ကျွန်မတို့ သဘောတူညီမှုအတိုင်း ရှင် ကျွန်မတို့ ဂျပန်နိုင်ငံကို အကောင်းဆုံး မြေနေရာ ပေးရမယ်”

မီယာကို တည်ငြိမ်စွာ ကြေညာပြီးနောက် ဆက်ပြောသည်။

“မြို့တော်ရဲ့ ဒုတိယ မြို့ပတ်လမ်းမှာ မြေနေရာတစ်ခု ရှိတယ် ထင်တယ်၊ အဲ့မြေကို ကျွန်မတို့ကို ပေးပါ၊ စိတ်မပူပါနဲ့ ကျွန်မတို့ အဲ့မြေကို ဝယ်တဲ့ စရိတ်ကို ရှင့်ကို ပေးမှာပါ”

All Chapters