← Chapters

ဝေဟင်ထက်က သေမင်း

Vol. 14 Ch. 216

ဝေဟင်ထက်က သေမင်း

Vol. 14 Ch. 216

ရွှီချင်း၌ ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။

ယခင်က ထိုလူငယ်က သူ့ထံသို့ ပြေးဝင်လာနေသည့် အခြေတည်အဆင့် ငါးမန်းရိုင်းနောက်သို့ လိုက်နေစဉ်အခါက သူ မျှားခေါ်သည့် ငါးမန်းရိုင်းမဟုတ်သည့်အတွက်ကြောင့် ထိုလူငယ်ကို မတိုက်ခိုက်ရန် သူ့ကိုယ်သူ ထိန်းချုပ်ခဲ့သည်။

ဟိုးယခင်က ခေါင်းဆောင်လဲ့ သူ့ကို ပေါင်မုန့်လုံး ပေးသည့်အခါက သူ စိတ်ထဲမှနေ၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပြီး တစ်ကိုက်ချင်း စားခဲ့သည်။ သို့သော်လည်း ခေါင်းဆောင်လဲ့က ပေါင်မုန့်လုံးကို သူ့အား မပေးခဲ့လျှင်ပင် မှားသည်ဟု သူ ထင်မည် မဟုတ်ပေ။

သို့ဖြစ်၍ နောက်ပိုင်းတွင် ခေါင်းဆောင်လဲ့ကို မြွေသားဖြင့် ပြုစုသည့်အခါ သူက မြိန်ရည်ယှက်ရည်စားခဲ့ခြင်း ဖြစ်သည်။

သူပိုင်သော အရာကို သူ ဆန္ဒရှိသလို စားနိုင်သည်။

ယနေ့ ဖြစ်ရပ်မှာလည်း အလားတူပင်။ အခြေတည်အဆင့်လိပ်ကြီးကို မျှားခေါ်ခဲ့သည့်လူက သူ ဖြစ်သည်။ ထို့ပြင် သူက လိပ်ကြီးကို သေလုနီးပါးဖြစ်အောင် တိုက်ခိုက်ထားပြီးဖြစ်ကာ ၎င်း၏ဝိညာဉ်ကို နှုတ်ယူနေပြီဖြစ်သည်။

သို့သော်လည်း ထိုလူငယ်က ကြားဝင်တိုက်ခိုက်ကာ လိပ်ကြီးကို သတ်သွားခဲ့သည်။ ထိုအပြုအမူသည် သူ၏အနီရောင်စည်းမျဉ်းကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ လုပ်ခဲ့သည့် နောက်ဆုံးတစ်ယောက်မှာ ရေသူမမျိုးနွယ်ဝင်လူငယ်ဖြစ်သည်။

ထိုကဲ့သို့ လူတစ်ယောက်က အလွန်အစွမ်းထက်နေခဲ့လျှင် ရွှီချင်းမှာ သည်းခံကာ နောင်တချိန်တွင် လက်စတုံးပစ်မည်ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်က ထိုမျှ အစွမ်းမထက်ပေရာ ရွှီချင်းမှာ ငြိမ်ခံနေမည် မဟုတ်ပေ။

သူက အလွန်လျင်မြန်စွာ လှုပ်ရှားသွားသည်။ သူ့လက်ထဲမှ ဓားက အနက်ရောင်မီးတောက်များ ထုတ်လွှတ်နေပြီး ထိုလူငယ်၏ လည်ပင်းကို သူ ခုတ်လိုက်သည့်အခိုက် ကျယ်လောင်သောအသံတစ်သံ မြည်ဟည်းသွားသည်။

ပထမတောင်ထိပ်မှလူငယ်၏ ဓားကြီးက ပျက်စီးသွားပြီဖြစ်ပါသော်လည်း သူ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သူ့ရှေ့တွင် ပုံရိပ်ယောင်ဓားတစ်လက်ပေါ်လာကာ ရွှီချင်း၏ဓားမြှောင်ကို တားဆီးလိုက်သည်။

ဓားချင်းထိတွေ့သံ မြည်ဟည်းသွားစဉ် ရွှီချင်း၏နောက်မှ ‘ ပါ ’ အရိပ်က ဟိန်းဟောက်မာန်ဖီ၍ ဘယ်လက်ဖြင့် ကြမ်းတမ်းစွာ ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်တွင် တောင်တန်းပင်လယ်ပညာရပ်နှင့် သူ့ဓမ္မခန္ဓာတို့၏ စွမ်းအားများအားလုံး ပါဝင်နေပေရာ သူ့ရှေ့ရှိ လေဟာနယ်ထဲတွင် လေပွေကြီးတစ်ခု ပေါ်လာသည်။ ယင်းလေပွေကြီးသည် အရာအားလုံးကို စုတ်ဖြဲပစ်နိုင်ဟန်တူပြီး ပထမတောင်ထိပ်လူငယ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ပထမတောင်ထိပ်လူငယ်မှာ ကွက်ခနဲ မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ ထို့နောက် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ပါသော်လည်း ထိုအချိန်၌ အရိပ်က သူ့ထံ တိတ်တဆိတ် ရောက်သွားပြီဖြစ်ကာ မန္တန်လက်ကွက်များ ဖော်မရအောင် သူ့လက်နှစ်ဖက်အား ချုပ်နှောင်လိုက်သည်။

ထိုချုပ်နှောင်လိုက်သည့်အားက အလွန် ကြီးမားသည်။

မျက်တောင်တစ်ချက်ခတ်အတွင်း ‘ ပါ ’ အရိပ်၏ ဘယ်လက်သီး နီးကပ်လာပြီး လူငယ်၏ ဝမ်းဗိုက်ရှေ့မှ ပုံရိပ်ယောင်ဓားကို ထိုးခွဲလိုက်သည်။

လက်သီးက ဓားကြီးကို ဖောက်ထွက်သွားပြီး လူငယ်၏ ဝမ်းဗိုက်ပေါ် ကျသွားသည်။

ပထမတောင်ထိပ်လူငယ်မှာ သွေးများ အန်ထွက်သွားပြီး ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့ လွင့်သွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲမှ ကြောက်ခမန်းလိလိ အားအင်များ မပျယ်သေးခင် အောက်ဘက်ရှိ ပင်လယ်ထဲမှ ရှဲကျင်းလုံက ပင်လယ်ကို ထိုးခွဲ၍ သူူ့ကို ဝါးမျိုရန် ပြေးဝင်သွားသည်။

ရွှီချင်း၏ ခေါင်းထက်တွင် ပေါ်လာသော ဧရာမဓားမော့အရိပ်ကြီးလည်း ရှိသေးသည်။ ၎င်းက တဝီဝီမြည်ကာ လူငယ်ကို ထက်ခြမ်းခွဲလိုက်သည်။

ထိုသို့ သေရေးရှင်ရေးအခြေအနေတွင် လူငယ်၏မျက်လုံးများ နီမြန်းလာပြီး ဟိန်းဟောက်လိုက်သည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကဲ့သို့ သူ့ခန္ဓာကိုယ်ထဲရှိ မီးဖိုကြီးကို မီးညှိလိုက်သည့်အလားပင်။

အလင်းတန်းများ ဖြာထွက်သွားပြီး အောက်ဘက်ရှိ ရှဲကျင်းလုံမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကာ အောက်သို့ ကျသွားသည်။ ၎င်းက ပုံမှန်ပြန်ဖြစ်သွားပါသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်မှာ သိသာသည်။ ကောင်းကင်ဓားမော့ကြီး ကျဆင်းသွားသည့်အခိုက် ကျယ်လောင်သော အသံတစ်သံ မြည်ဟည်းသွားသည်။

၎င်းက လူငယ်၏ခန္ဓာကိုယ်ပေါ် လုံးလုံးလျားလျား ကျဆင်းသွားပါသော်လည်း လူငယ်၏ခန္ဓာကိုယ်ကို နှစ်ခြမ်းမပိုင်းနိုင်လိုက်ပေ။ လူငယ်မှာ သူ့ကိုယ်ထဲရှိ မီးဖိုပေါက်ကွဲခြင်းအောက်တွင် သွေးများသာ အန်လိုက်ရပြီး ထိုပြင်းအားကို အားယူကာ ပေတစ်ထောင်အကွာအဝေးအထိ ဆုတ်ခွာသွားသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ လူငယ်၏ခန္ဓာကိုယ်ထဲရှိ မီးဖိုကြီးက ရွှမ်ယောက်အသွင်သဏ္ဍာန်နှင့် ဆင်တူပါသော်လည်း တကယ့်ရွှမ်ယောက်အသွင်သဏ္ဍာန်မဟုတ်ကြောင်း သူ ပြောနိုင်သည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်၏ စွမ်းအားတစ်စိတ်တပိုင်းကို ပြသနိုင်သည့် လျှို့ဝှက်အတတ်တစ်မျိုးသာ ဖြစ်ပေမည်။

သို့သော်လည်း သက်စောင့်မီးတောက်မပေါ်ခင် ရွှမ်ယောက်အသွင်သဏ္ဍာန်၏ စွမ်းအားကို အသုံးချပြီးနောက် ဘာမှထိခိုက်ဒဏ်ရာမရသည်မှာ မဖြစ်နိုင်ပေ။

ပထမတောင်ထိပ်မှ လူငယ်မှာ နောက်ဆုတ်ရင်း သွေးများ အန်လိုက်သည်။ သူ့ကိုယ်ထဲရှိ မီးဖိုကြီး ပျောက်သွားပြီး သူ့မျက်နှာ ဖြူဖျော့သွားသည်။ သု့ိသော်လည်း သူသည် ရွှီချင်း၏အကြည့်ကို မရှောင်တိမ်းပေ။ ထိုအစား သူ၏တိုက်ခိုက်ချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။

ရွှီချင်းကို သူ သိလည်းမသိသလို သိရန်လိုအပ်သည်ဟူ၍လည်း မထင်ပေ။ ပထမတောင်ထိပ်သခင်ကြီး၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး နဝမမြောက်မင်းသားတစ်ပါးအနေဖြင့် ဂိုဏ်းထဲမှ ထိုကဲ့သို့ သူနှင့် ယှဉ်တိုက်နိုင်သည့်လူတစ်ယောက်ကို မတွေ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

သူ့မျက်လုံးများထဲတွင် လူသတ်ငွေ့များ တောက်လောင်နေသည်။ သူက ရွှီချင်းကို အေးတိအေးစက်ကြည့်နေရင်း သူ့ကိုယ်ထဲမှ တဝုန်းဝုန်း ထွက်ပေါ်နေသော သွေးနှင့်ချီများကို ထိန်းညှိကာ သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကြေးညိုရောင်ဓားကြီးများ တစ်ချောင်းပြီးတစ်ချောင်း သူ့နောက်တွင် ပေါ်လာသည်။

ဓားသုံးဆယ်ကျော် ချက်ချင်း ပေါ်ထွက်လာပြီး ၎င်းတို့က ဝင်္ကပါတစ်ခုအလား စတုဂံပုံစံ နေရာယူထားသည်။ သူက ရွှီချင်းကို လက်ညှိုးညွှန်လိုက်ရာ ထိုဓားကြီးများက ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။

ဓားများနှင့်အတူ သူသည်လည်း ရွှီချင်းထံ တရကြမ်း ဝင်ရောက်သွား၏။

ရွှီချင်း၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး တွေဝေတွန့်ဆုတ်မနေဘဲ တဟုန်ထိုး ဝင်ရောက်သွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးဆယ့်တစ်ခုမှ မီးတောက်နက်များ တဟုန်းဟုန်း ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ လွင့်ပျံနေပေရာ သူ့တစ်ကိုယ်လုံး မီးတဟုန်းဟုန်း တောက်လောင်နေသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ မီးတောက်များက ဓားမြှောင်များအဖြစ်သို့လည်း ပြောင်းလဲသွားသည်။

သူတို့နှစ်ယောက် လေထဲတွင် ချက်ချင်း တွေ့ဆုံသွားပြီး မိုးမြေတုန်ဟီးသွားစေနိုင်သည့် မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

ရွှီချင်း၏ ဓားမြှောင်များအားလုံး ပျက်စီးသွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှ မီးတောက်များလည်း မှိန်ဖျော့သွားသည်။ လူငယ်၏ ဓားကြီးများသည်လည်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။

သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲက ပို၍ပင် ပြင်းထန်လာ၏။

ရွှီချင်းက သူ့ဒဏ်ရာများကို လုံးဝ ဂရုမစိုက်ချေ။ သူ၏ အပြင်အားပညာရပ်က ဓမ္မခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါတွင် သူသည် ကြောက်ခမန်းလိလိမာကြောသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်သွားသည်။

ပထမမြောက်တောင်ထိပ်မှ လူငယ်သည်လည်း သာမန်မဟုတ်ပေ။ ဘေးပတ်လည်တွင် ဓားအရိပ်အမြောက်အမြား ပေါ်ထွက်လာပြီး ရွှီချင်းကို ခုတ်ချလိုက်သည်။ သူတု့ိနှစ်ဦးသည် ကောင်းကင်ကြီး မှောင်မည်းလာသည့်တိုင်အောင် တိုက်ခိုက်နေကြသည်။ သူတို့ ဖြတ်သွားသည့်နေရာတိုင်း လှိုင်းများထန်သွားသည်။

ရွှီချင်းက ညာလက်ကိုမြှောက်လိုက်ရာ ရေလှိုင်းကြီးများက ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲ၍ ပထမမြောက်တောင်ထိပ်မှလူငယ်ကို ဖမ်းဆုပ်လိုက်သည်။ လူငယ်က မန္တန်လက်ကွက်များ ဖော်၍ သူ့မျက်ခုံးမွေးနှစ်ခုကြားရှိနေရာကို ဖိနှိပ်လိုက်သည်။ သူ့နဖူးပေါ်တွင် ‘ နေ ’ အမှတ်အသားပေါ်လာပြီး လက်ကြီးကို ရောင်ပြန်ဟပ်သွားသည်။ ပင်လယ်ရေများဖြင့် ဖန်ဆင်းထားသည့် လက်ကြီးမှာ ချက်ချင်း ပြိုကွဲသွားသည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားပါသော်လည်း တိုက်ခိုက်နေခြင်းကို မရပ်တန့်ပေ။ သူတု့ိနှစ်ယောက် အတိုင်းအတာတစ်ခုအထိ နီးကပ်လာသောအခါတွင် လူငယ်၏ခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

ရွှီချင်း၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ လူငယ်မှာ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ့နဖူးမှာ ပျက်စီးသွားတော့မည့်အလား ချိုင့်ဝင်သွားသည်။ သူ အလျင်အမြန် နောက်ဆုတ်လိုက်၏။

ရွှီချင်းမှာ လူငယ်၏နောက်သို့ ဆက်လိုက်ချင်ပါသော်လည်း သူ့စိတ်ထဲ တုန်ခါသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။

သူ နောက်ဆုတ်လိုက်သည့်အခိုက် အစောပိုင်းက ပျက်စီးသွားခဲ့သည့် ဓားအကျိုးအပဲ့များစွာက ပင်လယ်ကြမ်းပြင်မှ ရုတ်ခြည်း ထိုးတက်လာကာ မကြာသေးခင်က သူ ရပ်နေခဲ့သည့်နေရာကို ဖြတ်တိုက်သွားသည်။

သူသာ လူငယ်၏နောက်သို့ ပြေးလိုက်သွားခဲ့ပါက ဓားမုန်တိုင်းအောက်တွင် စိစိညက်ညက် ဖြစ်သွားပေလိမ့်မည်။

လူငယ်မှာမူ စူးစူးဝါးဝါးအော်ဟစ်မနေတော့ဘဲ ပေဒါဇင်ပေါင်းများစွာအကွာတွင် ရပ်လိုက်သည်။ သူ၏အသက်ရှူသံများ မြန်ဆန်နေပြီး ရွှီချင်းကို ထိတ်လန့်တုန်လှုပ်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

သူက အလွန် အစွမ်းထက်သည်ကို သူ သိသည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်မရောက်ခင် ပထမတောင်ထိပ်၏သမိုင်းတွင် အစွမ်းထက်ဆုံး အခြေတည်အဆင့်ကျင့်ကြံသူအသစ်တစ်ယောက်အဖြစ် သူ့ဆရာကလည်း သူ့ကို ချီးကျူးဖူးသည်။

သူသည်လည်း ထိုသု့ိပင် တွေးထားခဲ့သည်။

ယနေ့ သူ့အတွေးများ ဗြောင်းဆန်သွားခဲ့ရသည်။ သို့သော်လည်း သူသည် လက်မခံနိုင်အောင် ဖြစ်နေရဆဲဖြစ်ပြီး ထို့ကြောင့်ပင် သူက သုန်မှုန်နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ ကောင်းကင်ကြီး လှည့်ပတ်လာတဲ့အခါ နေမင်းနဲ့ လမင်းက မည်သို့ ထွန်းလင်းတောက်ပဝံ့ပေမည်နည်း ”

သူ့စကားကို တုန့်ပြန်လိုက်သည်မှာ ရွှီချင်း၏မှော်သင်္ဘောမှ ဒုတိယမြောက် နတ်တိုက်ကွက်ဖြစ်သည်။

နတ်အလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်း ပင်လယ်ကြီး တဝုန်းဝုန်းမြည်ကာ ကောင်းကင်ကြီး ရှုံ့တွသွားဟန်တူသည်။ ပထမတောင်ထိပ်လူငယ်မှာ သိသိသာသာ မျက်နှာပျက်သွားသည်။ သူက လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် ကျောက်စိမ်းအဆောင်တစ်ခု ပေါ်လာသည်။

၎င်းက ချက်ချင်း ပေါက်ကွဲသွားပြီး ဝိညာဉ်အရိပ်အမြောက်အမြား ဝုန်းခနဲ ထွက်ပေါ်လာ၏။

ထိုဝိညာဉ်အရိပ်များမှာ သူ သတ်ခဲ့သည့် သတ္တဝါများ ဖြစ်သည်။ သူက လျှို့ဝှက်နည်းလမ်းတစ်မျိုးကို အသုံးချကာ ထိုဝိညာဉ်များကို သူ့အတွက် မန္တန်တစ်ခုအဖြစ် ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်အများစုက တားမြစ်နယ်မြေတောအုပ်ထဲမှ သားရဲများ ဖြစ်ကြသည်။ ထိုအချိန်၌ ၎င်းတို့သည် နတ်အစွမ်းကို ခုခံမည့် အမည်းရောင်သားရဲခေါင်းကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။

ပထမတောင်ထိပ်လူငယ်က လျှာထိပ်ကို ကိုက်၍ သူ့လက်ထဲသို့ သွေးအနည်းငယ် ထွေးထုတ်လိုက်သည်။ ထို့နောက် ထိုသွေးများကို သူ၏နဖူးပေါ် ဖိချလိုက်သည်။

သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏သွေးနှင့်ချီများ ချက်ချင်း ပြည့်လျှံလာသည်။ သူ၏အသားအရေ နီမြန်းသွားပြီး သူ၏ပုံစံမှာ စူးရှပြတ်သားသော စိတ်ဓာတ်နှင့် သွေးဆာနေသည့်လူတစ်ယောက်အသွင် ပြောင်းလဲသွားဟန်တူသည်။

သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် သွေးရောင်လွှမ်းနေသော ဓားကြီးတစ်လက် ပေါ်လာသည်။ ထိုဓားကြီးက သူ့ကို လွှမ်းခြုံသွားပြီး သူနှင့် တစ်သားတည်း ဖြစ်သွားသည်။ သူက လေဟုန်ခွင်း၍ ရွှီချင်းထံ ဝင်ရောက်သွားသည်။

ရွှီချင်း၏စိတ်ထဲ အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံရလိုက်သည်။ သူက တွေဝေတွန့်ဆုတ်မနေဘဲ လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးဆယ့်တစ်ခုစီမှ ပေငါးထောင်ရှည်သော ဝိညာဉ်ပင်လယ်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

သူ့ပတ်လည်တွင် ပေငါးသောင်းငါးထောင်ရှည်သော ဝိညာဉ်ပင်လယ် ရုတ်ခြည်း ထွက်ပေါ်လာသည်။

ယင်းသည် ပင်လယ်ပြင်ကို ဖုံးလွှမ်းသွားပြီး ပေငါးသောင်းငါးထောင်အကျယ် တားမြစ်ပင်လယ်က မြင့်တက်လာကာ သူ့ဝိညာဉ်ပင်လယ်နှင့် ပေါင်းစည်းသွားသည်။ အထဲရှိ တားမြစ်ပင်လယ်အရှိန်အဝါက သိပ်သည်းထူထပ်လွန်း၍ ချုပ်နှောင်သည့်စွမ်းအားတစ်မျိုးအသွင် ပြောင်းလဲသွားသည်။

သွေးဓားကြီးက ထိုတားမြစ်ပင်လယ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ရွှီချင်း၏ ပေငါးသောင်းငါးထောင်ရှည်သော ဝိညာဉ်ပင်လယ် အရှိန်ပြင်းစွာ တုန်ခါသွားပြီး လျင်မြန်စွာ လွင့်ပျယ်လာသည်။ သွေးဓားကြီးသည်လည်း ပျက်စီးတော့မည့်အရိပ်အယောင်များ ပြလာသည်။

အသက်ဆယ်ကြိမ်ရှူစာကြာပြီးနောက် သွေးဓားကြီး ပျက်စီးသွားသည်။ ၎င်း ပျက်စီးသွားသည်နှင့် လူငယ်သည်လည်း နောက်သို့ ဒလိမ့်ခေါက်ကွေး လွင့်သွားသည်။ သူ လွင့်သွားသည့်အခိုက် ရွှီချင်း၏ ပေငါးသောင်းငါးထောင်ရှည်သော ဝိညာဉ်ပင်လယ်က လက်သီးကြီးတစ်လုံးအဖြစ် ပြောင်းလဲကာ တရကြမ်း ထိုးနှက်လိုက်သည်။

တဝုန်းဝုန်းမြည်ဟည်းသွားပြီး ပထမတောင်ထိပ်မှလူငယ်မှာ သွေးများစွာ အန်ထုတ်လိုက်ပြီး ပုလဲတစ်လုံးကို အလျင်အမြန် ထုတ်၍ ဖိချေလိုက်သည်။

ရုတ်တရက် သူ့ပတ်လည်တွင် မြူခိုးများ ရစ်သိုင်းလာပြီး ရွှီချင်း၏ ကြောက်ခမန်းလိလိ တိုက်ကွက်ကို ဟန့်တားလိုက်သည်။ တချိန်တည်းမှာပင် သူက အဝေးသို့ ပျံပြေးသွားသည်။

သူ ဆက်လက် မတိုက်ခိုက်ချင်တော့ပေ။

တစ်ဖက်တွင် ရွှီချင်းကို သူ ဘာမှမလုပ်နိုင်ကြောင်း ခံစားနေရ၏။ တခြားတစ်ဖက်တွင် ရွှီချင်း၏ သိပ်သည်းထူထပ်သော ဝိညာဉ်ပင်လယ်ကို အနည်းငယ် ကြောက်လန့်နေသည်။

ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ပါသော်လည်း သက်စောင့်မီးတောက်ဖြစ်ပေါ်ရန် သိပ်မလိုတော့ကြောင်း သူ ခံစားမိသည်။

သို့သော်လည်း သူ ပျံပြေးလိုက်သည့်အခိုက် သူ့အောက်ရှိ ပင်လယ်ထဲတွင် အချိန်ကြာမြင့်စွာ ပုန်းအောင်းနေခဲ့ဟန်တူသော အရိပ်နက်က ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ခြေထောက်နှစ်ဖက်ကို ရစ်ပတ်လိုက်သည်။

တချိန်တည်းမှာပင် ယခုတိုင်အောင် ပုန်းနေခဲ့သည့် သံတုတ်နက်လေးက သူ့လည်ပင်းဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ထိုအခြင်းအရာအားလုံးက ဗြုန်းခနဲ ဖြစ်ပျက်လာခြင်းဖြစ်၍ လူငယ်မှာ ဟန်ချက်ပျက်သွားသည်။ သံတုတ်နက်လေးက သူ့လည်ပင်းပေါ် ကျရောက်သွားသည်။

သို့သော်လည်း ၎င်းက လူငယ်၏ လည်ပင်းကို မထိုးဖောက်နိုင်ပေ။ အရိပ်၏ ချုပ်နှောင်ခြင်းကိုလည်း လူငယ်၏ခန္ဓာကိုယ်မှာ ဆီများဖြင့် သုတ်လိမ်းထားသည့်အလား အလျင်အမြန် လွတ်မြောက်သွားသည်။

သို့သော်လည်း ထိုသေရေးရှင်ရေးအခြေအနေအတွက် ပေးဆပ်လိုက်ရသည်မှာ သူ ဝတ်ဆင်ထားသည့် ကျောက်စိမ်းပုလဲ ပျက်စီးသွားခြင်း ဖြစ်သည်။

ထိုပုလဲသည် သူ့ဆရာ ပေးထားသည့် သက်စောင့်ရတနာတစ်ပါး ဖြစ်ပြီး အသက်ဘေးနှင့်ကြုံရလျှင် တစ်ကြိမ်စာ အသုံးပြုနိုင်သည်။ ၎င်း ပျက်စီးသွားပြီးနောက် လူငယ်၏မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့သည့်အရိပ်အယောင်များ လှစ်ခနဲ ပေါ်လာသည်။ သူ ချက်ချင်း အရှိန်တင်ကာ ထွက်ပြေးသွားသည်။

သို့သော်လည်း သူ့နောက်မှ ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ပင်လယ်အော်ထဲမှ မှော်သင်္ဘောကြီး ပျံသန်းလာသည်။ ရွှီချင်းက မှော်သင်္ဘောပေါ် ခုန်တက်လိုက်၏။ အရိပ်နှင့် သံတုတ်နက်တို့လည်း ပြန်ရောက်လာပြီဖြစ်ရာ ရွှီချင်းက ထွက်ပြေးသွားသော လူငယ်နောက်သို့ တရကြမ်း လိုက်သွားသည်။

သူသည် တချိန်လုံး တွေဝေတွန့်ဆုတ်မနေခဲ့ပေ။

ထိုလူငယ်က အလွန် အစွမ်းထက်သည်။ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ရထားသည့် ခေါင်းဆောင်မှလွဲ၍ ထိုလူငယ်သည် သူ တွေ့ခဲ့ဖူးသည့် အခြေတည်အဆင့်ကျင့်ကြံသူများအနက် အစွမ်းထက်ဆုံးဟူ၍ပင် ပြောနိုင်သည်။

ယခင်က ထိုကဲ့သို့ လူတစ်ယောက်ကို ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ကြုံခဲ့ရမည်ဆိုပါက အသက်သုံးကြိမ်ရှူစာအတွင်း သတ်ဖြတ်ခံရလောက်ပေမည်။

သို့သော်လည်း ထိုလူငယ်က သူ၏ပစ္စည်းကို လုယူဝံ့ပေရာ သူ၏ သတ်ဖြတ်ရမည့်စာရင်းထဲ ထည့်သွင်းရပေမည်။

All Chapters