← Chapters

ကျွန်တော်က ကလေးပဲရှိသေးတယ်.....

Vol. 3 Ch. 29

ကျွန်တော်က ကလေးပဲရှိသေးတယ်.....

Vol. 3 Ch. 29

ညချမ်းချိန်ခါတွင်အေးစိမ့်စိမ့်လေများ တိုက်ခတ်နေသည့်အတွက် ထွန်းညှိထားသော မီးပုံးလေးများသည် လေအဝှေ့တွင် လူးလွန့်နေကြသည်။

" နင် ဒီနေ့ သရုပ်ပြသွားတာ တကယ်ကောင်းတယ်...ငါ့ကို ကျဉ်းတည်းကျပ်တည်းအခြေနေကလည်း ဆွဲထုတ်ပေးခဲ့တယ်.... ခွက်ချင်းတိုက်မယ်! !!"

သေရည်ဆိုင်တစ်ခုထဲတွင် ယန်လင်းချီတစ်ယောက် သေရည်ခွက်ကို ကိုင်ကာ အော်ဟစ်နေသည်။ သူမသည် သာမန်အချိန်များတွင် အေးတိအေးစက်နိုင်သော်လည်း ယခုအချိန်တွင် သေရည်တန်ခိုးကြောင့် သူမ၏ သူရဲကောင်းဆန်ပြီး ပွင့်လင်းသော တစ်ဖက်ခြမ်းကို မြင်တွေ့ခဲ့ရပြီဖြစ်သည်။

ရုတ်တရက်ပြောင်းလဲသွားသော အခြေနေကြောင့် လီလော့ အနည်းငယ် အံအားသင့်သွားခဲ့သည်။ လီလော့ ရှေ့မှာရှိတဲ့ သေရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ယန်လင်းချီနဲ့ ခွက်ချင်းတိုက်လိုက်သည့်အခါ ယန်လင်းချီက မျက်နှာတစ်ဝက်လောက် ဖုံးတဲ့အထိ တစ်ကျိုက်တည်း မော့သောက်နေလေသည်။

ဒီလို သောက်ပုံသောက်နည်းမျိုးသည် သာမာန်အချိန်များတွင် မျက်နှာထားတင်းတင်းဖြင့်အေးတိအေးစက်ပြောဆိုတတ်သည့် ယန်လင်းချီနှင့် လားလားမျှ မသက်ဆိုင်ပေ။

ယန်လင်းချီ၏ အပြုအမူများသည် သေရည်ဆိုင်ထဲမှ အခြားသူများကို ဆွဲဆောင်နေသလို ဖြစ်နေသောကြောင့် အကုန်လုံးက သူတို့နှစ်ယောက်ကို ဝိုင်းကြည့်နေကြသည်။

" အဲ့လိုတွေမ​ပြောပါနဲ့ဗျာ...ကျွန်တော်က ကိုယ်ရမယ့် ငွေတွေကို ကာကွယ်လိုက်ရုံပါပဲ...."

" ဒါပေမယ့် ဟို လူယုတ်မာဇောင်ရီက ငါ့ကို အတွေ့အကြုံဆိုတာကြီးနဲ့ကိုင်ပေါက်ပြီး အမြဲတမ်း စိတ်ဒုက္ခပေးနေတာ....ငါဒီလူ့ကြောင့် စိတ်မချမ်းသာနိုင်တာ အတော်ကြာပြီ...... "

" ဒီနေ့ နင် လုပ်ပြသွားတာတွေကြောင့် ငါ အံ့လည်း အံသြတယ် လေးလည်း လေးစားတယ်....နင့်ရဲ့ သခင်လေးဆိုတဲ့ဂုဏ်ပုဒ်က ဟန်ပြသက်သက်ပဲလို့ ငါထင်ထားတာ..."

ယန်လင်းချီ၏ပွင့်လင်းလှသော အပြောကြောင့် လီလော့ နည်းနည်းတော့ ရှက်သွားခဲ့မိသည်။

ယန်လင်းချီက ခွက်ထဲကို သေရည်ထပ်ဖြည့်လိုက်ပြီး.....

" အားမနာစတမ်းပြောရမယ်ဆို....နင်နဲ့ ကျန်းချင်းအာက သိပ်ကို ကွာခြားလွန်းတယ်..."

" ဒါကတော့...... "

ယန်လင်းချီ အမှန်တွေ ပြောနေမှန်း လီလော့သိသည်။ ကြယ်တာယာခရီးရှည်ကောလိပ်ဆိုသည်မှာ ကျန်းချင်းအာ နင်းတက်သွားမည့် အနင်းခံကျောက်တုံးတစ်ခုသာပင်....

ထိုကဲ့သို့သော ဂုဏ်ကျက်သရေမျိုးကို တော်ဝင်မင်းမျိုးမင်းနွယ်တွေဆီမှာပင် တွေ့နိုင်လိမ့်မည်မဟုတ်ပေ။

" ကျွန်တော် ဒီ့ထက်မကပို ကြိုးစားမှာပါ...."

" အိုးးး နင့်စကားကြားရတာ တစ်ခုခုတော့ တစ်ခုခုပဲနော်...."

" အစ်မလင်းချီက ဉာဏ်ကောင်းတော့ ကျွန်တော် အသေးစိတ်ရှင်းပြနေဖို့ မလိုတော့ဘူးပေါ့....ကျွန်တော်က မဟုတ်ပါဘူးလို့ ငြင်းရင်လည်း အစ်မက ကျွန်တော့်ကို သူတော်ကောင်းယောင်ဆောင်တယ် ထင်နေဉီးမယ်...."

ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အတူရှိနေခဲ့သည့်အတွက် သူတို့နှစ်ဉီး၏ ဆက်ဆံရေးသည် ခေါင်းစဉ်တပ်မရအောင် ရှုပ်ထွေးလှသည်။စေ့စပ်စာချုပ်ချုပ်ဆိုလိုက်ခြင်းသည် မီးတောက်ထဲ လောင်စာထည့်လိုက်သလိုဖြစ်သွားခဲ့ပြီး လီလော့၏ ခံစားချက်များ ပို၍နက်ရှိုင်းလာခဲ့သည်။

ဤခံစားချက်မျိုးကို လီလော့တစ်ယောက်တည်း ခံစားမိနေခြင်းမဟုတ်ဘဲ ကျန်းချင်းအာသည်လည်း လီလော့နည်းတူပင်....ကျန်းချင်းအာသည် လီလော့အား သာမန်လူတစ်ယောက်အဖြစ် မည်သည့်အခါမျှ မဆက်ဆံခဲ့ဖူးပေ။

" အနည်းဆုံးတော့ နင်က ရိုးသားပွင့်လင်းသားပဲ...."

ယန်လင်းချီက သေရည်တစ်ခွက်မော့သောက်လိုက်ပြီး အဓိပ္ပါယ်ပါသော အပြုံးမျိုး ပြုံးလိုက်ပြီး......

"နင့်မှာ အဲ့လိုအတွေးမျိုးရှိနေတယ်ဆို နင်လျှောက်ရမယ့် ခရီးလမ်းက အရမ်းဝေးလွန်းတယ်...အခုလောလောဆယ် နင်က နန်ဖန်းမြို့မှာပဲရှိသေးတယ်....တစ်နေ့ နင် ကြယ်တာယာခရီးရှည်ကောလိပ်ကို ရောက်တဲ့အခါ ပြိုင်ဘက်တွေက ဘယ်လောက်ကြောက်စရာကောင်းမှန်း နင် နားလည်လာလိမ့်မယ်...."

လီလော့က သေရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ဘာပြန်ပြောရမလဲစဉ်းစားလိုက်ပြီး.....

"အင်းပါ...အခုချိန်ထိ ကျွန်တော်က ကျန်းချင်းအာရဲ့ ခင်ပွန်းလောင်း ဖြစ်နေတုန်းပဲ.... အဲ့တော့ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒုက္ခပေးချင်တယ်ဆို အစ်မကြီးချင်းနဲ့ အရင်ထိပ်တိုက်တွေ့ရလိမ့်မယ်....အဲ့တော့ အထိနာရမယ့်သူက ကျွန်တော်မဟုတ်ဘဲ ကျွန်တော့် ပြိုင်ဘက်တွေပဲ ဖြစ်လိမ့်မယ်...."

ယန်လင်းချီက မျက်လုံးပြူးမျက်ဆံပြူးနဲ့.....

" နင်..နင် မိန်းမတစ်ယောက်နောက်မှာ ပုန်းနေတော့မလို့လား...."

လီလော့က ဖြူစင်အပြစ်ကင်းသော လေသံဖြင့်......

" သတို့သားလောင်းကိုကာကွယ်ဖို့ သတို့သမီးလောင်းမှာတာဝန်ရှိတယ်လေ....ဘာများမှားနေလို့လဲ.... "

ယန်လင်းချီ အတော်ကြာမှသာ သတိပြန်ဝင်လာပြီး.....

" နင်...နင်တော်တော် လွန်သွားပြီ...."

သို့သော်လည်း ကျန်းချင်းအာ၏ စရိုက်ကို သေချာသိသူတစ်ယောက်ဖြစ်သည့်အတွက် ယန်လင်းချီ ရယ်မောလိုက်လေသည်။

ကျန်းချင်းအာ၏ ပင်ကိုယ်စရိုက်အရ  လီလော့ကို ထိပါးလာပါက ဂုဏ်သိက္ခာအရရော တရားမျှတမျှအရပါ ပြိုင်ဘက်များကို အသေရိုက်နှက်မည် ဖြစ်သည်။

လီလော့ ခပ်ထွေထွေ ဖြစ်နေချိန်တွင် ယန်လင်းချီကတော့ စားပွဲပေါ်တွင်မှောက်နေလေပြီ.....

လီလော့သက်ပြင်းချလိုက်ပြီး ယန်လင်းချီကို လှုပ်နှိုးလိုက်သည်။ သို့သော် လုံးဝ နိုးမလာတော့ပေ။

နောက်ဆုံးတော့ လီလော့ ယန်လင်းချီကို အသာမပြီး သေရည်ဆ်ိုင်ထဲက ခေါ်ထုတ်လာခဲ့ရသည်။ လီလော့ ယန်လင်းချီကို ပွေ့ချီလိုက်သည်ကို ဆိုင်ထဲက လူတွေအကုန် ဝိုင်းကြည့်နေကြ၏။

သို့သော် လီလော့ထံတွင် ညစ်ညမ်းသောအတွေးမျိုး လုံးဝမရှိပေ။

လီလော့သည် အသင့်ရှိနေသော ရထားလုံးပေါ် ယန်လင်းချီကို တင်ပေးလိုက်ပြီး ........

"ဒုဌာနမှုးယန်ရဲ့ အိမ်ကိုပို့ပေးလိုက်ပါ...."

ဤသည်မှာ ယန်လင်းချီ မမူးခင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

လီလော့ ရထားလုံးပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလိုက်ပြီး ယန်လင်းချီပြောခဲ့သမျှကို ပြန်စဉ်းစားမိလိုက်သည့်အခါ ခပ်ဖျော့ဖျော့ရယ်သွမ်းလိုက်မိသည်။

" ဟူးးး ဒီထက်မက ကြိုးစားဖို့လိုသေးတာပဲ...."

ကျန်းချင်အာ သူ့ကို ကာကွယ်ပေးချင်စိတ်မရှိရင်တောင် သူမ မျက်နှာမပျက်ရအောင် ကြိုးစားရပေမည်။

လီလော့ လှည့်ထွက်သွားသည့်အချိန်တွင် ရထားလုံးပေါ်တွင် မူးပြီးအိပ်ပျော်နေသော ယန်လင်းချီသည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။

ယန်လင်းချီက ပျင်းကြောဆန့်လိုက့်ပြီး.....

" မဆိုးပါဘူး....ဒီကောင် ငါ့ကို အခွင့်ရေးမယူခဲ့ဘူးဆိုတာ အစ်မချင်း ပြန်လာရင် ပြောပြရမယ်...သူ့ ခင်ပွန်းလောင်းလေးက သိပ်မသန်မာပေမယ့် အစ်မချင်း အသိအမှတ်ပြုဖို့ ထိုက်တန်တယ်ဆိုတာ သိအောင်ပြောပြရမယ်...."

.............. .............. .............. .............. ..............

နောက်နေ့ အိပ်ရာနိုးလာချိန်မှာ လီလော့ အသေခေါင်းကိုက်နေပြီဖြစ်သည်။ ယန်လင်းချီနှင့် ဘယ်သောအခါမှ အရက်ထပ်မသောက်ဖို့လည်း ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

ကိုယ်လက်သန့်စင်ပြီးသည့်အခါ နံနက်စာစားရန် စောင့်ဆိုင်းနေသော အစ်မချိုင်ဝေရှိရာဆီ အပြေးအလွှား သွားလိုက်သည်။

လီလော့က ချိုင်ဝေ့ကို ပြုံးပြလိုက်သည့်အခါ ချိုင်ဝေက....

" မနေ့ညက ယန်လင်းချီနဲ့ သောက်ခဲ့ကြတယ်မဟုတ်လား..."

" ဟုတ်တယ်...အစ်မလင်းချီ ဒီလောက်ထိ

​သောက်နိုင်မှန်း ဘယ်သူမှ ထင်ထားမိမှာမဟုတ်ဘူး...သူရဲကောင်းဆန်ချက်ပဲ...."

" လင်းချီကတော့ တကယ်လွန်းလွန်ပါတယ်....ကလေးအရွယ်ပဲရှိသေးတဲ့ နင့်ကိုမှ အရက်သောက်ဖို့ ခေါ်သွားရတယ်လို့...."

ထိုစကားကြောင့် လီလော့ စိတ်မချမ်းမသာဖြစ်လာပြီး......

" ဒီအသက်ကိုပဲ ခလုတ်တိုက်နေကြတယ်....အစ်မက ကျွန်တော့်ထက် နည်းနည်စလောက်ပဲ အသက်ပိုကြီးတာကို ကျွန်တော်အမေလို ပြောနေပြန်ပြီ...."

ချိုင်ဝေက လီလော့ကို ချီးကျူးတော့မည် အမူအရာဖြင့်......

" ငါသတင်းကြားထားတယ်...နင်မနေ့က ရှီးယန်မှာ လက်စွမ်းပြခဲ့တယ်ဆို....နောက်ဆုံးတော့ နင် ငါတို့ကို ကူညီနိူင်ခဲ့ပြီပဲ....ဒီအတောအတွင်းမှာ ထျန်ရှုမှာရှိတဲ့ လုပ်ငန်းတချို့ကို လျှော့စျေးနဲ့ရောင်းထုတ်လိုက်ပြီ ...ရောင်းလိုက်တဲ့ထဲက တချို့ကို တီဖာမိသားစုနဲ့ ပိုင်မိသားစုကို အနိမ့်ဆုံးစျေးနဲ့ရောင်းပေးလိုက်တယ်....အဲ့တော့ စုန်မိသားစုက တီဖာမိသားစုနဲ့ ပိုင်မိသားစုကို စကားတောင် မပြောတော့ဘူးဆိုပဲ.....ဒီလောက်လေးနဲ့ သူတို့ကို သွေးခွဲလို့မရပေမယ့် လော့လန်အိမ်တော်ကို ပူးပေါင်း ဖြိုခွဲဖို့တော့ သူတို့ လက်တွန့်နေလောက်ပြီ....."

" ဝန်ထုပ်ဝန်ပိုးဖြစ်နေတာတွေ ရောင်းထုတ်လိုက်ပြီဆိုတော့ လက်ထဲမှာ ငွေပိုငွေလျှံရှိလာပြီ....သခင်လေး လိုချင်တဲ့ အဆင့်ငါး ဝိဉာဉ်နဲ့ သန့်စင်တဲ့အလင်းတွေ မကြာခင် ဝယ်ပေးပါ့မယ်....."

"အစ်မချိုင်ဝေက သိပ်တော်တာပဲ....အစ်မလင်းချီလို မသောက်နိုင်ဘဲ ဇွတ်သောက်တဲ့သူနဲ့တော့ တခြားဆီပဲ....."

" ဟမ်...လင်းချီက မသောက်နိုင်ဘူး....ဟုတ်လား..."

" ဟုတ်တယ်...မနေ့က သူ အရက်မူးပြီး မှောက်သွားလို့ ကျွန်တော်ကိုယ်တိုင် ရထားလုံးပေါ်တင်ပေးလိုက်ရတယ်...."

ချိုင်ဝေက ညစ်ကျယ်ကျယ်အပြုံးမျိုး ပြုံးလိုက်ပြီး.....

" ငတုံးလေးရယ်...လင်းချီ ဘယ်လောက်သောက်နိူင်လဲ နင်မသိသေးပါဘူး....သူက ဆယ်ခွက်လောက်သောက်ရင်တောင် မျက်နှာ နီမသွားဘူး...."

ဒါကိုကြားတော့ လီလော့ တကယ်အံ့သြသွားရသည်။

"နင်သူ့ကို အခွင့်ရေးမယူခဲ့ဘူး မဟုတ်လား...အေး နင်သာ အခွင့်ရေးယူလိုကိလို့ကတော့ လင်းချီက ကျန်းချင်းအာနဲ့တွေ့တိုင်း နင့်မကောင်းကြောင်းတွေပဲ ပြောနေလိမ့်မယ်...."

ထိုစကားကြောင့် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို လီလော့ အသည်းအသန် ပြန်စဉ်းစားလိုက်ပြီး လင်းချီကို မဟုတ်တာ ဘာမှမလုပ်မိခဲ့တာ သေချာတော့မှသာ သက်ပြင်းချနိုင်ရှာတော့သည်။

သူ ယန်လင်းချီဆီမှာ လှည့်စားခံလိုက်ရလေပြီ......

" ကျွန်တော် ကျောင်းသွားတော့မယ်..."

လီလော့ တော်တော်ဝေးဝေးရောက်သည်အထိ ချိုင်ဝေ၏ ရယ်သံများကို ကြားနေရသေးသည်။

" ဟူးးး သူတို့ပြောသလို ငါတကယ်ကို ကလေးပဲရှိသေးတာပဲ...."

All Chapters