အိမ်ခြေယာမဲ့ ယုလန်......
Vol. 3 Ch. 30
လီလော့ ကျောင်းသို့အရောက်သည့်အခါ စိတ်ပျက်လက်ပျက်ဖြစ်နေကြသော ကျောင်းသားများကို မြင်တွေလိုက်ရသည်။
ထိုကျောင်းသားများသည် မနေ့က ပြိုင်ပွဲတွင် အခြေနေသိပ်မကောင်းခဲ့သောကြောင့် အခုလို ဖြစ်နေရခြင်းဖြစ်သည်။
တစ်ယောက် ဝမ်းနည်းနေချိန်မှာ တစ်ယောက်ကတော့ ပျော်ရွှင်နေလိမ့်မည်...ဤသည်မှာ လောကနိယာမတစ်ခုပင်ဖြစ်၏။
အားလုံး သိကြသည့်အတိုင်း အစမ်းစာမေးပွဲကို ကောင်းစွာ မဖြေဆိုနိုင်ပါက နှစ်ကုန်စာမေးပွဲတွင် ဖယ်ထုတ်ခံရပေမည်။
" ရောက်လာပြီလား အစ်ကိုကြီးလော့...."
လီလော့ကို မြင်တာနဲ့ ကျောက်ခွော် အပြေးအလွားရောက်ချလာပြီး.....
" ငါ့ကောင်ရေ...ဒီနေ့အတွက် မင်းရဲ့ ပြိုင်ဘက်တွေက သိပ်လွယ်မယ့်ပုံမပေါ်ဘူး....မင်းနဲ့ ငြိဖူးတဲ့ ပထမကျောင်းတော်က ယုလန်ကို မှတ်မိသေးလား...."
" ယုလန်? ??"
လီလော့ သေချာစဉ်းစားလိုက်မှသာ ယုလန်သည် ပထမကျောင်းတော်၏ ထိပ်တန်းအဆင့်နှစ်ဆယ်စာရင်းဝင်တစ်ယောက်ဖြစ်ပြီး စည်းတံဆပ်ခြောက်ခုအဆင့်တစ်ယောက်ဖြစ်မှန်း သတိရမိလိုက်သည်။
" အခု ဒီကောင်က စည်းတံဆိပ်ခုနှစ်ခုအဆင့် ရောက်နေပြီး ပိုင်ခွန့်ထက်တောင် ပိုသန်မာနေပြီကွ......"
ဤအချိန်တွင် ကျောက်ခွော်၏အမူအရာမှာ အနည်းငယ်လေးနက်လာသည်။
"စည်းတံဆိပ်ခုနှစ်ခုအဆင့်တဲ့လား....."
လီလော့ နှုတ်ခမ်းကိုက်လိုက်မိလေသည်။ ခက်ခဲသော်လည်း လီလော့ တိုက်ခိုက်နိုင်သည့်ဘောင်အတွင်းသာ ရှိသေးသည်။
လီလော့ ကျောင်ခွော်၏ ပုခုံးကို ပုတ်လိုက်ပြီး....
" စိတ်လျော့ထားစမ်းပါကွာ...ငါ့မှာ ယုံကြည်မှု အပြည့်ရှိပါတယ်ကွ...."
လီလော့၏ အကျင့်စရိုက်ကို သိနေသည့်ဘကျောက်ခွော်က ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။ လီလော့သည် အနိုင်ရရန် နည်းလမ်းမရှိပါက သတ္တိရှိရှိ ရှေ့တိုးမည့်သူမဟုတ်သောကြောင့်ပင်.....
နှစ်ဉီးသားစကားပြောနေစဉ်မှာ ဒုတိယကျောင်းတော်က ကျောင်းသားတစ်ယောက် အပြေးအလွှားရောက်လာပြီး.....
" အစ်ကိုလော့က ဒီရောက်နေတာကိုး....အပြင်မှာ အစ်ကိုလော့ကို လာရှာတဲ့သူရှိနေတယ်...."
လီလော့ နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားခဲ့သော်လည်း အပြင်ထွက်သွားလိုက်သည့်အခါ သစ်ပင်ရိပ်အောက်တွင် ရပ်နေသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူငယ်လေးသည် လီလော့၏ ပြိုင်ဘက် ယုလန် ဆိုသူဖြစ်သည်။
" မင်း ငါ့ကို ရှာနေတယ်ဆို.."
ယုလန်ကမျက်လုံးပေါ်အုပ်နေသော ဆံပင်များကို ဖယ်လိုက်ပြီး လီလော့ကို လေးနက်စွာစိုက်ကြည့်နေသည်။
"မတွေ့တာဖြစ်တဲ့ အတောအတွင်း မင်းဘနောက်တစ်ကြိမ် မြင့်တက်လာခဲ့ပြီပဲ...ဟိုဆစ်ချိန်တုန်းကလို နန်ဖန်းမှာ နာမည်ကျော်တစ်ယောက်ပြန်ဖြစ်လာတော့မှာပေါ့....."
လီလော့က စိတ်ဆင်းရဲနေပြီဟူသော အမူအရာနှင့်.....
" ရူးကြောင်ကြောင်စကားတွေ မပြောစမ်းနဲ့ ...."
ယုလန်ကလည်း ......
" ငါက ရူးကြောင်ကြောင်ကောင် မဟုတ်ဘူးကွ...."
ထို့နောက် ယုလန်က လီလော့ကို လေးနက်သော မျက်နှာထားဖြင့်......
" ငါမင်းနဲ့ နေ့လည်ကြရင် ပြိုင်ရတော့မယ်...ခုနကလေးတင် စုန်ယွမ်ဖန်က ကြေးကြီးကြီးပေးပြီး မင်းကို ထိခိုက်အောင် လုပ်ပေးဖို့ ကမ်းလှမ်းလာတယ်...."
လီလော့ ထိတ်လန့်သွားသော်လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး.....
" ဘာလဲ ဖော်ကောင်လာလုပ်နေတာလား...ဒါမှမဟုတ် နှစ်ဖက်ခွစားဖို့ ကြံနေတာလား..."
" ကျစ်....ငါဆိုတဲ့ ယုလန်မှာလည်း ကိုယ်ပိုင်စည်းမျဉ်းရှိတယ်ကွ.....မင်းငါ့ကို ပဲ့တက်ထပ်သံပညာရပ်တွေ လမ်းညွှန်ပေးခဲ့ဖူးတယ်လေ...အဲ့တော့ ငါမင်းကို အကြွေးတင်နေတယ်ပဲ ပြောရမှာပေါ့...."
" မင်း ငါ့ကို မနိုင်လောက်ဘူးဆိုရင် စောစောစီးစီးအရှုံးပေးလိုက်...ဒါမှမဟုတ် မင်းရဲ့ခွန်အားကို လူမသိ သူမသိအောင်ဖုံးကွယ်ထားတယ်ဆိုရင်လည်း ငါနဲ့အတူ ကစားပေးကွာ....မင်းသာငါ့ကို ခပ်ပြင်းပြင်းရိုက်ထုတ်လိုက်နိုင်မယ်ဆို စုန်ယွမ်ဖန်က်ို နည်းနည်းပါးပါးလောက်ပဲ လျော်ပေးရတော့မှာ....ဒီကောင်ပေးသွားတဲ့ငွေကမနည်းဘူးကွ....."
" ဟုတ်သားပဲ....ငါဒီကောင့်ကို လိုလိုပိုပို လျော်ကြေးပြန်ပေးမယ် ပြောထားမိတယ်...ငါလည်း ဒီလောက်ထိ ဖြစ်လာမယ် ထင်မထားဘူးလေကွာ....လီလော့ ငါက မင်းသိကျွမ်းဖူးတဲ့ ယုလန် မဟုတ်တော့ဘူးနော်...."
ယုလန်၏ မဟာအကြံစည်ကြီးကြောင့် လီလော့ခေါင်းကိုက်နေပြီဖြစ်သည်။
" တော်တော် ပြသာနာရှာတဲ့ကောင်ပဲ....ဒီလောက်ဖြစ်နေမှာတော့ မင်းကို ဆရာနဲ့သွားတိုင်မယ်...."
လီလော့၏ အပြောကြောင့် ယုလန် မေးရိုးကျွတ်ကျမတတ်အံ့သြသွားပြီး....
" ယုတ်မာလိုက်တဲ့ကောင်ပဲ....မင်းလို သခင်လေးက ငွေရှာရတဲ့ ဒုက္ခကို ဘယ်နားလည်ပါ့မလဲ....မင်းငါ့ကို ခက်ခဲအောင်လုပ်ရက်တယ်ပေါ့....မင်း ဘယ်လိုတောင် ယုတ်မာလိုက်သလဲကွာ....."
"သွား...သွားပါတော့ကွာ...."
လီလော့ နဖူးကို ပွတ်သပ်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်တော့သည်။ နှစ်ပေါင်းများစွယ သိကျွမ်းလာသည့်တိုင် ယုလန်နောက်ဆုံးပြောသွားသေယ စကားများသည် သူ့အတွက် စိမ်းသက်နေဆဲပင်....
ယုလန်က ဆံပင်တွေကို ခါယမ်းပြီး နှာတစ်ချက်မှုတ်ကာ လှည့်ထွက်သွားခဲ့သည်။
ထွက်သွားသည့် ယုလန်ကြားအောင် လီလော့က ဤသို့ လှမ်းအော်လိုက်သေးသည်။
" သိပ်အရေးမကြီးပေးမယ်လည်း သတင်းလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ...."
ယုလန် ဒေါသတကြီးလှည့်ကြည့်ပြီး နှာမှုတ်ံတစ်ချက်ပေးကာ လှည့်ပြန်သွားလေတော့သည်။
ယုလန် ထွက်သွားတာ သေချာသည့်အခါ လီလော့ မျက်မှောင်ကြုံ့ပြီး စဉ်းစားနေခဲ့မိသည်။ စုန်ယွမ်ဖန်၏ သူ့အပေါ်ရန်လိုမှုများသည် တစ တစ အားကောင်းလာနေပြီဖြစ်သည်။ ဤသို့ ဖြစ်ခြင်းမှာ လုချင်းအာကြောင့်လဲဖြစ်နိုင်သလို စုန်မိသားစုနှင့် လော့လန်အိမ်တော်ကြားက မကျေလည်မှုများကြောင့်လည်း ဖြစ်နိုင်ပေသည်။
" သိုသိုသိပ်သိပ်လေးနေချင်ပါတယ်ဆိုမှ ဘယ်နှယ့်ကြောင့် ငါ့ကိုပဲ လာလာ ခလုတ်တိုက်နေကြတာလဲ...."
မနက်ပိုင်း ပွဲစဉ်များ အဆင်ပြေပြေပြီးဆုံးသွားပြီးသည့်အခါ ယုလန်နှင့် တိုက်ခိုက်ရမည့် နေ့လည်ပိုင်း အချိန်ကျရောက်လာပြီဖြစ်သည်။
စင်မြင်ပေါ်တွင် ယုလန်၏ ကြုံးဝါးသံများ ပျံ့လွှင့်လာသည်။
" လီလော့...မင်း ငါနဲ့ တွေ့တာ ကံဆိုးတာပဲ..."
ထိုအချိန်တွင် စင်မြင့် ပတ်ပတ်လည်တွင် ပရိတ်သတိများ ပြည့်လျှံနေပြီး လီလော့တစ်ယောက် သန်မာလှသော ပြိုင်ဘက်ဖြင့် မည်သို့ ယှဉ်ပြိုင်မည်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။
ယုလန်၏ သရုပ်တောင်မှုကို လူရှေ့ သူရှေ့မြင်တွေ့လိုက်သည့်အတွက် လီလော့ ရှက်ရွံသလို ခံစားလာခဲ့မိသည်။ ယုလန်၏ ပြဇာတ်တွင် ဝင်ရောက်သရုပ်ဆောင်လိုက်ပါကညသူသည်လည်း ယုလန်ကဲ့သို့ အရူးတစ်ယောက်ဖြစ်သွားလိမ့်မည် မဟုတ်ပေလော....
ထို့ကြောင့် လီလော့သည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည့်အခါ အပြာနုရောင်အလင်းတန်းများသည် လီလော့၏ ခန္ဓာကိုယ်တစ်ဝိုက်မှ တဖြည်းဖြည်း ဖြာထွင်လာပြီး ကောင်းကင်ယံထိတိုင် ပျံ့လွှင့်နေကြသည်။
စတင်ရန် အသံပေးလိုက်သည့်အခါ ဟန်ဆောင်နေသော ယုလန်ထံမှ အစိမ်းရောင်အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာသည်။ ထိုပဲ့တင်ထပ်သံစွမ်းအားနှင့်အတူ သားရဲဟိန်းဟောက်သံ ခပ်ဖျော့ဖျော့ကိုပါ ကြားနေရသည်။ရုတ်တရက် လီလော့ထံ ဉီးတည်လာသော ယုလန်၏ အရှိန်သည် လျင်မြန်လွန်းလှသည့်အတွက် အရိပ်ပင် ဖမ်းမမိနိုင်ပေ။
ယုလန်၏ ပြင်းထန်လှသော အရှိန်ကြောင့် လီလော့ မျက်မှောင်ကြုံ့လိုက်မိသော်လည်း ပရိတ်သတ်များကိုတော့ ဆူညံစွာ အော်ဟစ်အားပေးနေကြသည်။
ဘန်းးးး
မျက်စိတစ်မှိတ်စာ အတွင်းမှာပင် အစိမ်းရောင်အလင်းတန်းများ ရစ်ပတ်နေသော လက်သီးတစ်လုံးသည် လီလော့၏ အပြာရောင်စွမ်းအားများကို ထိုးခွင်းကာ လီလော့ထံ ဉီးတည်လာနေသည်။ ထိုလက်သီး၏ အရွယ်အစားသည် တဖြည်းဖြည်းချင်း ကြီးထွားလာနေသည်။
ဤပြိုင်ပွဲတွင် ယုလန်ဘက်က လီလော့ကို ညှာလိမ့်မည်မဟုတ်ကြောင်း ထင်ရှားနေလေပြီ......
တိုးဝင်လာသော လက်သီးကို လီလော့က လက်ဝါးတစ်ချက်ဖြင့် ခုခံလိုက်သည့်အခါ အပြာရောင်ပဲ့တင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရေတံတိုင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
လေခွင်းသံမြည်ဟီးနေသော အစိမ်းရောင်လက်သီးချက်သည် အပြာရောင်ရေတံတိုင်းကို ထိမိလ်ိုက်သည့်အခါ ပြင်းပြင်းထန်ထန် တုန်ရီသွားလေသည်။
" အာဝူးးးးး"
ထူးဆန်းသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ယုလန်၏ ရွေ့လျားမှုသည် အရှိန်ပိုမြန်လာပြီး နောက်ဆက်တွဲ ပုံရိပ်ယောင်များစွာဖြစ်ပေါ်လာခဲ့သည်။
ထိုပုံရိပ်ယောင်များနှင့်အတူ အစိမ်းရောင်အလင်းတန်းများ ရစ်သိုင်းနေသော လက်သီးချက်များ ခြေကန်ချက်များသည် လီလော့ကို ဖုံးလွှမ်းသွားလေသည်။
ယုလန်၏ တိုက်ကွက်များသည် ပြင်းထန်လွန်းလှသည်။
ပြင်းထန်လှသော ထိုးနှက်ချက်များကြောင့် လီလော့၏ ရေတံတိုင်းအကာအကွယ်ညအနည်းငယ်ပုံပျက်သွားခဲ့ပြီး လီလော့သည်လည်း ခန္ဓာကိုယ်ပေါ်ကျရောက်လာသည့် ထိုးနှက်ချက်များကို အသည်းအသန် ခုခံနေရသည်။
ပရိတ်သတ်များသည် လီလော့ အချိန်ဆွဲပြီး တိုက်ခိုက်နေကြောင်း နားလည်လိုက်ကြပြီဖြစ်သည်။ လီလော့၏ ရေတံတိုင်းအကာအကွယ်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာပေလိမ့်မည်။
"လီလော့က ကျောက်စိမ်းကိုးလွှာပညာရပ်ကို နောက်တစ်ကြိမ်ထပ်သုံးနေပြီ....."
ထိုပညာရပ်ကို ပိုင်ခွန်နှင့် တိုက်ခိုက်စဉ်က လီလော့ သုံးခဲ့ဖူးသည်။ ဤပညာရပ်သည်ပြိုင်ဘက်၏ ထိုးနှင်ချက်များကို စုပ်ယူ၍ ပိုကောင်းသော အကာအကွယ်ကို တည်ဆောက်နိုင်သော ပညာရပ်တစ်ခုဖြစ်ပေသည်။
သို့သော် ယုလန်သည် ပိုင်ခွန်ထက် သိသိသာသာ အားကောင်းသောကြောင့် သူ၏ ပြင်းထန်သော ထိုးနှက်ချက်များကို တားဆီးရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
"အာဝူးးးးး"
ယုလန်က ထူးဆန်းသောအသံဖြင့် ထပ်မံအော်ဟစ်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်တို့ကို ချိတ်ပုံသဏ္ဍာန်ကွေးလိုက်လေသည်။ ထို လက်ချောင်းများထိပ်တွင် အစိမ်းရောင်အလင်းတန်းများ တောက်ပလာပြီး ၎င်းတို့သည် မျက်စိကြိမ်းလောက်သည်အထိ တောက်ပနေကြသည်။
" လေလက်ချောင်း.... "
ထိုလက်ချောင်းများသည် လေဆင်နှာမောင်းကဲ့သို့ ပြင်းထန်လှသော အရှိန်ဖြင့် လီလော့၏ ရေတံတိုင်းကြီးကို ထိုးဖောက်ကာ ရင်အုပ်ဆီသို့ ဉီးတည် ရွေ့လျားလာနေသည်။
ပြိုင်ဘက်၏လှုပ်ရှားမှုများသည် တုနှိုင်းမရသော စွမ်းအားဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်လိုက်ရသောကြောင့် လီလော့ ရှောင်တိမ်းရန်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ စိုစွတ်နေသော လေအေးများကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
" သိမ်မေ့သော အဏ္ဏဝါလက်သီး...."
လီလော့သည် အပြာရောင်ပဲ့တင်ထပ်သံစွမ်းအားများ ဖုံးလွှမ်းနေသော လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။တိုက်ခိုက်မှု နှစ်ခုတွေ့ဆုံခါနည်းတွင် လီလော့သည် လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး ရေပဲ့တင်ထပ်သံစွမ်းအားများကို သုံး၍ ရေလှိုင်းများကို ဖန်တီးလိုက်သည်။
တစ်ဖက်တွင်မူ ယုလန်၏ အစိမ်းရောင်လေလက်ချောင်းများသည် အပြာရောင် ရေတံတိုင်းကို တိုက်စားသွားခဲ့သည်။
ယုလန်၏ လက်ချောင်းများက လီလော့၏ ရေတံတိုင်းများကို တစ်လွှာပြီး တစ်လွှာ တိုက်စားသွားပြီးနောင် လီလော့၏ လက်ဖဝါးနှင့် ထိမိသွားခဲ့လေသည်။
ဘန်းးးးး
လက်သီးနှင့် လက်ဖဝါးထိတိုက်တွေ့ကြသာ့်အခါ ပေါက်ကွဲသံများ ဆူညံစွာထွက်ပေါ်လာပြီး နှစ်ယောက်စလုံး နောက်ဆုတ်လိုက်ရသည်။
ဝိုးးးးးး
ပရိတ်သတ်များအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပြီး အံ့အားသင့်နေသော အကြည့်များသည် လီလော့ထံသို့သာ စုပြုံကျရောက်လာခဲ့သည်။
ယုလန်သည် စည်းတံဆိပ်ခုနှစ်ခုအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
ယုလန်၏ လေစွမ်းအားများကို လီလော့၏ ရေစွမ်းအားများက ခုခံနိုင်ခဲ့နိုင်ခဲ့ပေသည်။
" လီလော့က ပဲ့တင်ထပသံပညာရပ်တွေကို အံ့ဖွယ်ကောင်းလောက်တဲ့အထိ သုံးနိုင်ခဲ့တာပဲ...ယုလန်ရဲ့ ကြမ်းတမ်းတဲ့ လေလက်ချောင်းတိုက်ကွက်ကို ညှင်သာတဲ့ လက်ဖဝါးရိုက်ချက်နဲ့ လှလှပပ ခုခံလိုက်တာကိုပဲ ကြည့်လေ.....ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်သလဲ....အလတ်အလယ်အဆင့် ပညာရပ်တစ်ခုဖြစ်တဲ့ သိမ်မွေ့သော အဏ္ဏဝါ လက်သီးပညာရပ်ကို သုံးပြီး ယုလန်ရဲ့ အဆင့်မြင့်ပညာရပ်ကို အပြည့်အဝ ခုခံနိုင်ခဲ့တာပဲ.... "
" ဒါပေမယ့် လီလော့က အခုမှ စည်းတံဆိပ်ခြောက်ခုအဆင့်ပဲရှိသေးတာဆိုတော့ ယုလန်နဲ့ ကြာကြာ တိုက်ခိုက်နိုင်ပါ့မလား....."
" နန်ဖန်းကျောင်းတော်ရဲ့ ပဲ့တင်ထပ်သံပညာရပ် ကျွမ်းကျင်သူ ဂုဏ်ပုဒ်ဆိုတာ အလကားသက်သက်မှ မဟုတ်တာ...."
ပရိတ်သတ်များက ဆွေးနွေးနေကြစဉ်မှာ ယုလန်က လီလော့ကိုသာ သေချာစိုက်ကြည့်နေ၏။
// ဒီကောင် ခွန်အားတွေကို ကောင်းကောင်းလျှိုထားတာပဲ....ခုနက တိုက်ပွဲမှာ အသာစီးမရနိုင်တာကို ကြည့်ရင် ငါထင်ထားသလိုတွေ ဖြစ်မလာနိူင်လောက်တော့ဘူးထင်တယ်...//
" ဒီကောင်က လုံးဝကို သာမာန်မဟုတ်ဘူး..."
အစက ယုလန် တိုက်ပွဲကို အေးအေးဆေးဆေးပြီးဆုံးစေချင်ပေမယ့်လည်း အခုချိန်မှာ စိတ်ကူးပြောင်းသွားခဲ့လေပြီ......
// ဒီကောင် ဒီလောက် အစွမ်းထက်နေမှတော့ အဓိပ္ပါယ်ရှိရှိတိုက်ခိုက်ကြတာပေါ့ကွာ....//
ယုလန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် ပို၍တောက်ပလာပြီး အစိမ်းရောင်အလင်းတန်းများကို ထပ်မံထုတ်ဖော်၍ အရှိန်အဟုန်ပြင်းစွာဖြင့် လီလော့ထံ ထပ်မံရွေ့လျားသွားပြန်သည်။
အမြင့်ဆုံး အရှိန်နားရောက်ခံနီးသည့်အခါ ထူးဆန်းစွာဖြင့် ဟန်ချက်မထိန်းနိုင်တော့ဘဲ ခြေချော်သွားခဲ့သည်။
လဲကျသွားသောအခါ ယုလန်သည် အလွန်အမင်း အံ့အားသင့်နေဟန်ဖြင့် ခြေထောက်ကို ငုံ့ကြည့်နေသည်။ ယုလန်၏ ခြေထောက်ကို အပြာရောင်ပဲ့တင်ထပ်သံစွမ်းအားများ ရစ်ပတ်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။
အပြာရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် ရေမြွေများကဲ့သို့ သူ့ခြေထောက်များကို ရစ်ပတ်ထားသည့်အတွက် ဟန်ချက်ပျက်ကာ လဲကျခဲ့ရခြင်းဖြစ်သည်။
" ဒါတွေက....."
ဖြစ်ပျက်ခဲ့သမျှကို နားလည်လိုက်ချိန်တွင် ယုလန်၏ မျက်ဝန်းများ မှေးကျဉ်းသွားခဲ့လေသည်။
လီလော့က ယုလန်ကို ပြုံးပြလိုက်ပြီး.....
" အဆင့်နိမ့် ပညာရပ်ဖြစ်တဲ့ ရေမြွေပညာရပ်လေ....."
" ယုလန်..... မင်း တော်တော်နမော်နမဲ့နိုင်တာနော်..."
လီလော့ လက်ဝါးတစ်ဖက်ကို ရှေ့သို့ တွန်းပို့လိုက်သည့်အခါ အပြာရောင် ပဲ့တင်ထပ်သံစွမ်းအားများ နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။
" မင်းက ကိုယ့်ဘောင်းဘီစ ကိုယ်နင်းမိပြီးချော်လဲတာမဟုတ်ဘူး....ငါ့ ရေမြွေတွေကို နင်းမိလို့ချော်လဲခဲ့တာကွ....."
လီလော့က ယုလန်၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်လိုက်သည့်အခါ.....
" သေစမ်း! !!! လီလော့....မင်းငါ့ကို တစ်ပတ်ရိုက်တယ်ပေါ့....."
ဘန်းးးးးး
ယုလန်၏ ခန္ဓာကိုယ်ကြီးသည် စင်မြင့်နှင့်အတော်ဝေးသောနေရာသို့ လွင့်ပျံသွားလေတော့သည်။
ယုလန် မြေပြင်ပေါ် ပြန်ကျလာချိန်တွင် ပါးစပ်ထဲကနေ ဆယ်မီတာလောက်အထိ သွေးများ ပန်းထွက်လာသည့်အပြင် ဝတ်ရုံအောင်ထဲကနေပါ သွေးများ စိမ့်ထွက်လာသည့်အတွက် သူ့ကို ကြည့်ရသည်မှာ သွေးလူသားကဲ့သို့ ထိတ်လန့်ဖွယ်ရာကောင်းလှပေသည်။
စင်မြင်ပေါ်တွင် ရပ်နေသည့် လီလော့သည် ယုလန်၏ အဖြစ်ကို မဲ့ရွဲ့ကာ စိုက်ကြည့်နေခဲ့သည်။
// တော်တော်တော့များသွားပြီ....လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ သွေးပမာဏအဲ့လောက်ထိ ရှိပါ့မလား....လုံးဝကို မယုံနိုင်စရာပဲ....ငါရိုက်လိုက်တာ အဲ့လောက်လဲ အရှိန်မပြင်းပါဘူး....ကြည့်ရတာ စုန်ယွမ်ဖန့်ကို လျော်ကြေးလုံးဝမပေးချင်လို့ ဂွင်ဆင်နေတာပဲဖြစ်ရမယ်...//