လီလော့၏ ရေကြေးမုံပညာရပ်.......
Vol. 3 Ch. 34
" မဖြစ်နိူင်လိုက်တာ.....လီလော့ရဲ့ ရေကြေးမုံက စုန်ယွမ်ဖန်ရဲ့တိုက်ခိုက်မှုကို ခုခံလိုက်တယ်......."
ပရိတ်သတ်အားလုံး အံ့အားသင့်နေကြသည့်အပြင် ဇဝေဇဝါလည်း ဖြစ်နေကြသည်။
ရေပဲ့တင်ထပ်သံပိုင်ရှင်တိုင်းသည် ရေကြေးမုံပညာရပ်နှင့် မစိမ်းသက်သော်လည်း လီလော့ ထုတ်ဖော်လိုက်သည့် ရေကြေးမုံကတော့ သူတို့အတွက် အိမ်မက်မက်နေသလို ခံစားရစေသည်။
မျက်စိရှေ့တွင် မြင်နေရသော်လည်း ရှင်းပြရန် ခက်ခဲလှပေသည်။
ယခုချိန်တွင် တီဖာချင်း၏ လှပသော မျက်ဝန်းများပြူးကျယ်နေပြီး မေးရိုးပြုတ်ကျတော့မတတ်ပါးစပ်အဟောင်းသားနှင့် ဆွံ့အနေရှာသည်။
" ငါ သဘာဝလွန်ဖြစ်ရပ်မျိုးတွေ ကြုံတွေ့လိုက်ရတာများလား....."
ပိုင်ခွန်သည်လည်း ရူးကြောင်ကြောင် ဖြစ်နေလေပြီ.....
လုချင်းအာသည်လည်း ထိုအတိုင်းပင်....သူမ၏ အကြည့်များသည် လီလော့ထံတွင်သာ ကပ်ငြိနေပြီး စိတ်ထဲတွင်မူ.....
// ငါထင်တဲ့ အတိုင်းပဲ...လီလော့ စုန်ယွမ်ဖန်ကို အကြောင်းမဲ့ တိုက်ခိုက်နေတာမဟုတ်ဘူးပဲ......//
လီလော့သည် မဖြစ်နိုင်သည့် အခြေနေမှာတောင် အလှည့်အပြောင်းများကို ဖြစ်စေခဲ့သည်။
ဆူညံစွာ အော်ဟစ်အားပေနေသူများကို လက်ဝှေ့ယမ်းပြလိုက်ပြီး စင်မြင့်၏ အလယ်နေရာသို့ လီလော့ လျှောက်လာခဲ့လိုက်သည်။လျှောက်နေရင်းကနေ စုန်ယွမ်ဖန့်ကိုလည်း ပြုံးပြဖို့ မမေ့ခဲ့ပေ။
စိတ်ထဲတွင်မူ ပြောမပြတတ်အောင် ဝမ်းသာနေခဲ့သည်။
သူ အောင်မြင်ခဲ့ပြီ......
သူ အသုံးပြုလိုက်သော ရေကြေးမုံပညာရပ်သည် သာမာန်ဟုထင်ရာသော်လည်း အတွင်းပိုင်းတွင် ရှုပ်ထွေးသော ဖွဲ့စည်းမှုများကို ပေါင်းထည့်ထားခဲ့သည်။ လီလော့သည် ရေကြေးမုံပညာရပ်ထဲတွင် အလင်းပဲ့တင်ထပ်သံပညာရပ်ဖြစ်သော အရိပ်ပြောင်းပြန်ပညာရပ်ကို ပေါင်းစပ်အသုံးပြုခဲ့ခြင်းဖြစ်သည်။
ရေကြေးမုံပညာရပ်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို လျှော့ချပေးနိုင်သော်လည်း တိုက်ခိုက်မှု၏ တစိတ်တပိုင်းကိုသာ တန်ပြန်စေနိူင်သည်။ အရိပ်ပြောင်းပြန် ပညာရပ်ကတော့ တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ပုံတူပွားကာ တန်ပြန်သက်ရောက်စေနိုင်သည်။ထိုပညာရပ်နှစ်ခုကို ပေါင်းစပ်အသုံးပြုလိုက်သည့်အခါ အပြင်းထန်ဆုံးတိုက်ခိုက်မှုများကိုပင် တန်ပြန်သက်ရောက်စေနိုင်သည့် ရေကြေးမုံတစ်ခုဖြစ်ပေါ်လာစေခဲ့သည်။
ဤသည်မှာ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်ခြင်းကဲ့သို့ပင် ........
အဆင့်မြင့်တင်ထားသော ရေကြေးမုံပညာရပ်ကိုလည်း ရေအလင်းနတ်ဆိုးကြေးမုံဟူ၍ နာမည်အသစ်ပင် ပေးထားခဲ့သေးသည်။
" လှည့်စားမနေနဲ့တော့....မင်း နောက်ဆုံးရလဒ်ကို ပြောင်းပစ်နိုင်မယ်ထင်မနေနဲ့......"
လီလော့ စိတ်ထဲမှာ အောင်ပွဲခံနေသည့်အချိန်တွင် စုန်ယွမ်ဖန်က မည်းမှောင်နေသော မျက်နှာထားနှင့် ကျယ်လောင်စွာ အော်ဟစ်နေလေ၏။
ပဲ့တင်ထပ်သံစွမ်းအားများရစ်သိုင်းနေသော စုန်ယွမ်ဖန်၏ လက်ချောင်းများသည် ယခုချိန်တွင် သိမ်းငှက်တစ်ကောင်၏ ထက်မြသောလက်သည်းများနှင့်တူနေပေသည်။
စုန်ယွမ်ဖန် နည်းနည်းမျှ တုံ့ဆိုင်းမနေဘဲ လီလော့ကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
လီလော့ကလည်း ပဲ့တင်ထပ်သံစွမ်းအားများကို စုစည်းလိုက်ပြီး ရေအလင်းနတ်ဆိုးကြေးမုံကို ထပ်မံဖွဲ့စည်းလိုက်ပြန်သည်။
ဘုန်းးးးးးးး
စုန်ယွမ်ဖန်၏ တိုက်ခိုက်မှု ကြေးမုံပေါ်သို့ တိုက်ရိုက်ကျဆင်းသွားသောအခါ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး နှစ်ယောက်စလုံး နောက်ဆုတ်လိုက်ရလေသည်။
တစ်ခါကြုံထားခဲ့ဖူးသည့်အတွက် နောက်ဆုတ်လိုက်ရသော်လည်း စုန်ယွမ်ဖန် အံ့သြမနေတော့ပေ။ သို့သော်လည်း လီလော့သုံးနေသော ရေကြေးမုံပညာရပ်က တစ်နည်းတစ်ဖုံထူးဆန်းနေမှန်း နားလည်လာသည့်အခါ စုန်ယွမ်ဖန် မျက်စိမျက်နှာပျက်နေလေပြီ. .....
သူ့ကို တိုက်ခိုက်လိုက်တိုင်း ကိုယ်ကချည်းခံနေရသလိုပဲ... ...
//ဒါကြီးက ရေကြေးမုံ ပညာရပ် ဟုတ်ရော ဟုတ်သေးရဲ့လား......//
စုန်ယွမ်ဖန်ရဲ့ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ခုခံနိုင်လိုက်သည့်အတွက် စုန်ယွမ်ဖန်သာမကဘဲ အကုန်လုံးကပါ အံ့အားသင့်နေခဲ့ကြသည်။
တစ်ကြိမ်ခုခံနိုင်တယ်ဆို ကံကောင်းတယ်လို့ သတ်မှတ်န်ိုင်ပေမယ့် အခုလိုနောက်တစ်ကြိမ်ကိုကျတော့ ဆရာကျတယ်လို့ပဲ ပြောရတော့ပေမည်။
ကျောင်းသားတွေတင်သာမကဘဲ ဌာနမှူးအပါအဝင် ဆရာများသည်လည်း အံ့အားသင့်နေခဲ့ကြရသည်။
"လီလော့ရဲ့ ရေကြေးမုံက နည်းနည်းထူးဆန်းနေတယ်....."
ဌာနမှူး ဝေရှ၏ တအံ့တသြဖြစ်နေသော မှတ်ချက်ကို ဆရာများက ခေါင်းညိတ်ထောက်ခံနေကြသည်။ပုံမှန် ရေကြေးမုံပညာရပ်ကြောင့် စုန်ယွမ်ဖန် ဤမျှလောက်ထိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေလိမ့်မည်မဟုတ်ပေ။
" လီလော့ရဲ့ ရေကြေးမုံက မြို့စားအဆင့် ပညာရပ်တစ်ခုဖြစ်တဲ့ ဆန်းကြယ်သောရေကြေးမုံနဲ့ သွားတူနေတယ်....."
ဤသည်မှာ ဆရာတစ်ဉီး၏ မှတ်ချက်ပင်ဖြစ်သည်။သို့သော်လည်း ထိုစကားကို ဆရာတစ်ယောက်ကချက်ချင်း ငြင်းချက်ထုတ်လိုက်ပြန်သည်။
" လီလော့လို စည်းတံဆိပ်ခြောက်ခုအဆင့်က မြို့စားအဆင့်ပညာရပ်ကို ထုတ်သုံးနိုင်မယ်ထင်နေတာလား....."
ထိုငြင်းချက်ကြောင့် အားလုံးနှုတ်ဆိတ်သွားခဲ့ကြသည်။ မှန်ပေသည်....မြို့စားအဆင့်ပညာရပ်များကို စည်းတံဆိပ်ဆယ်ခုအဆင့်ရှိသူများပင် ထင်သလို ထုတ်မသုံးနိုင်ကြပေ။
" ဒါက ရေကြေးမုံပညာရပ်ဆိုတာ သေချာတယ်....ကြည့်ရတာ လိီလော့ဒါကို နည်းနည်းပြုပြင်မွမ်းမံလိုက်ပုံပဲ......"
တခြားသော ဆရာများက ရှုရှန်ယွီကို မျက်လုံးအပြူးသားနဲ့ လှည့်ကြည့်နေကြသည်။
ပဲ့တင်ထပ်သံပညာရပ်တွေကို ပြုပြင်မွမ်းမံတယ်တဲ့လား....လီလော့ ပဲ့တင်ထပ်သံပညာရပ်တွေမှာ ထူးချွန်ပေါက်မြောက်မှန်း အားလုံးသိထားကြပေမယ့် အခုလို ကျင့်ကြံမှု အဆင့်လောက်ဖြင့် ဤမျှ လုပ်နိုင်လိမ့်မည်ဟု ထင်မထားမိကြပေ။
သို့သော်လည်း ယခုချိန်တွင် ရှုရှန်ယွီပြောသော စကားများသည် တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်နေခဲ့လေ၏။
// တကယ့်ကို ဟိုနှစ်ယောက်ရဲ့သား ပိီသပါပေတယ်....//
နောက်ဆုံးမှာတော့ ဆရာအားလုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းချန်ိုင်ခဲ့တော့သည်။
လင်းဖန်ကတော့ အစမှအဆုံးတိုင် တစ်ခွန်းမျှ ဝင်မပြောဘဲ နှုတ်ဆိတ်နေသော်လည်း မျက်နှာတစ်ခုလုံး မည်းမှောင်နေလေ၏။ ဖြစ်ပျင်နေသမျှက သူ မှန်းထားတာတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသောကြောင့်ပင်.....
စုန်ယွမ်ဖန်၏ မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် သုန်မှုန်နေပြီး နောက်ထပ် တိုက်ခိုက်ရမည့် တိုက်ကွက်များကို တွေးတောနေရင်း လီလော့ကို အစိမ်းလိုက်ဝါးစားတော့မတတ် စိုက်ကြည့်နေလေ၏။
စိတ်လိုက်မာန်ပါ တိုက်ခိုက်လိုက်ချင်သော်လည်း လီလော့၏ ထူးဆန်းသော ရေ
ကြေးမုံကြောင့် ဒေါသကိုသာ အန်ိုင်န်ိုင်မြိုချနေခဲ့ရသည်။
" မင်းသတ္တိရှိရင် ငါ့ကို လာတိုက်လိုက်....."
စုန်ယွမ်ဖန် အံကြိတ်သံဖြင့် စိန်ခေါ်လိုက်သည်။
သူ့ဘက်က တိုက်ခိုက်လိုက်တိုင်း လီလော့က ရေကြေးမုံနှင့် ခုခံနေသည့်အတွက် လီလော့ဘက်ကသာ စတင်တိုက်ခိုက်မည်ဆိုပါက အခြေနေပိုကောင်းလာပေမည်။
လီလော့က ခေါင်းခါပြလိုက်ပြီး.....
" ငါက သတ္တိမရှိလို့ မတိုက်ရဲဘူး....မင်း ကြိုးစားကြည့်လိုက်လေ....."
ထိုစကားကြောင့် စုန်ယွမ်ဖန် ဒေါသထွက်လွန်းလို့ တကိုယ်လုံးပင် တုန်ရီနေလေပြီ.....
အခုချိန်တွင် အမျက်ဒေါသနှင့် စိတ်ပျက်ခြင်းဟူသော ခံစားချက်များကို စုန်ယွမ်ဖန် နားလည်နိုင်ခဲ့ပြီဖြစ်သည်။
သူသည် လီလော့ထက် အဆပေါင်းများစွာ သန်မာသော်လည်း လိပ်ခွံလိုမာကြောသော အကာအကွယ်ကြောင့် စိတ်ရှိတိုင်းမတိုက်ခိုင်နိုင်ခဲ့ပေ။
စုန်ယွမ်ဖန်သည် အဆင်တုံတရားကင်းမဲ့သူမဟုတ်လေသောကြောင့် စိတ်ငြိမ်ငြိမ်ထားလိုက်ပြီး ဖြစ်နိုင်ချေများကို စတင်တွက်ချက်နေခဲ့သည်။
ထို့နောက် လီလော့ထံသို့ ရုတ်တရက် ပြေးသွားလေတော့သည်။
ဤတစ်ကြိမ်တွင် စုန်ယွမ်ဖန်က ပဲ့တင်ထပ်သံစွမ်းအားများကို သိသိသာသာ လျှော့ချထားခဲ့သည်။
" ရေကြေးမုံပညာရပ်က အဆင့်မြင့်ပညာရပ်ဖြစ်တဲ့အတွက် ပဲ့တင်ထပ်သံစွမ်းအားတွေလည်း အများကြီးသုံးရလိမ့််မယ်....ငါသာ သူ့ကို ဆက်တိုက် တိုက်ခိုက်နေမယ်ဆို သူလဲ ရေကြေးမုံကို အသက်သွင်းဖို့ စွမ်းအားတွေ အများကြီးသုံးရလိမ့်မယ်....စွမ်းအားကုန်လာတာနဲ့အမျှ သူလည်း ငါ့ကို ခုခံနိုင်တော့မှာ မဟုတ်ဘူး...ဒါဆို ဘာကိုမှ ကြောက်နေစရာမလိုတော့ဘူး....."
ဤသည်မှာ စုန်ယွမ်ဖန် တွေးတောနေသော အရာများဖြစ်သည်။
လီလော့ကလည်း စုန်ယွမ်ဖန်၏ နည်းဗျူဟာ ပြောင်းလဲမှုများနှင့် ပဲ့တင်ထပ်သံစွမ်းအားများကို သိသိသာသာလျှော့ချထားသည်ကို မြင်လိုက်သည့်အခါ စုန်ယွမ်ဖန်၏ ရည်ရွယ်ချက်ကို ချင်ချင်း နားလည်သွားခဲ့လေသည်။
" ဒီကောင် ဉီးနှောက်တော့ကောင်းသားပဲ.....သူ့ဘက်က စွမ်းအားတွေလျှော့ချထားမှတော့ ငါကရော ဘာကို ကြောက်နေရမှာလဲ....."
စုန်ယွမ်ဖန်၏ ဖိနှိပ်လွှမ်းမိုးလိုမှုများသည် ပြင်းထန်လှသော ပဲ့တင်ထပ်သံစွမ်းအားများမှ မြစ်ဖျားခံဖြစ်တည်လာခြင်းဖြစ်သည်။ အခုလို စွမ်းအားများကို လျှော့ချထားမှတော့ ဘာကို ကြောက်နေရဉီးမှာလဲ.......
ထို့ကြောင့် လီလော့ စုန်ယွမ်ဖန်ဆီ ဉီးတည်ပြေးသွားခဲ့လိုက်သည်။ နှစ်ယောက်သားထိပ်တိုက်တွေ့ဆုံကြသည့်အခါ လက်ဝါးရိုက်ချက်များ၊ ခြေကန်ချက်များကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် တိုက်ခိုက်နေကြသည်။
နှစ်ဉီးသား အနီးကပ်တိုက်ခိုက်နေသည့် မြင်ကွင်းသည် ပရိတ်သတ်တို့အတွက် လုံးဝကို မှင်သက်ဖွယ်ကောင်းနေခဲ့သည်။ တိုက်ခိက်မှု ပြီးဆုံးသည့်အခါ စုန်ယွမ်ဖန်၏ အမူအရာများ ပို၍ပင် အကျည်းတန်လာခဲ့သည်။ ပဲ့တင်ထပ်သံစွမ်းအားမသုံးဘဲ လီလော့ကို ဖိနှိပ်နိုင်ရန် လုံးဝမဖြစ်နိူင်ကြောင်း နားလည်ခဲ့လေပြီ......
စုန်ယွမ်ဖန်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေပြီဖြစ်သည်။ထိုအချိန်တွင် စုန်ယွမ်ဖန်၏ခန္ဓာကိုယ်ထဲမှ ကြက်သွေးရောင်ပဲ့တင်စွမ်းအားများ ရုတ်တရက်ပေါက်ကွဲထွက်လာပြီး လီလော့ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ထိုအချိန်တွင် စုန်ယွမ်ဖန်ကြောက်လန့်ရသော ရေကြေးမုံသည် လီလော့၏ ရှေ့တွင် တံတိုင်းတစ်ခုစဖွယ် ပေါ်လာခဲ့ပြန်သည်။
ဘန်းးးးးးး
ယခင်နည်းအတိုင်း စုန်ယွန်ဖန် နောက်ဆုတ််လိုက်ရပြန်လေပြီ.......
လီလော့လည်း နောက်ဆုတ်လိုက်ရပေမယ့် စုန်ယွမ်ဖန်လောက် အခြေနေသိပ်မဆိုးပေ။
လီလော့က လက်ဆစ်များကို ပွတ်သပ်နေပြီး စုန်ယွမ်ဖန်ကို လှောင်ပြုံးမျိုး ပြုံးပြနေလိုက်သေးသည်။
" လီလော့! !!!!! စည်းတံဆိပ်ခြောက်ခုအဆင့်လောက်နဲ့ မင်း ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့....."
စုန်ယွန်ဖန်၏ မျက်နှာသည် ဒေါသကြောင့် စိမ်းပြာနေလေပြီ....သူ့ထံမှ ထွက်ပေါ်လာသော ကြက်သွေးရောင်ပဲ့တင်ထပ်သံစွမ်းအားများကလည်း အနီးအနားမှာ ရှိသမျှအရာတိုင်းကို တိုက်စားနေလေ၏။
စုန်ယွမ်ဖန်သည် စည်းတံဆိပ်ရှစ်ခုအဆင့် ဖြစ်သည့်အတွက် ၎င်းပိုင်ဆိုင်သောစွမ်းအားများသည် လီလော့ထက် သိသိသာသာများပြားပေသည်။ လီလော့ထံတွင် ရေပဲ့တင်ထပ်သံပိုင်ဆိုင်ထားသည့်တိုင် လီလော့ကို တချို့သော နည်းလမ်းများသုံး၍ အမှုန့်ကြိတ်ပစ်နိုင်ပါသေးသည်။
စုန်ယွမ်ဖန်က တစ်ချက်လေးမှ အနားမယူဘဲ ပဲ့တင်ထပ်သံစွမ်းအားများကို အစွမ်းကုန်ထူတ်သုံးကာ တိုက်ကွက်များကို ဆက်တိုက်ထုတ်ဖော်နေသည်။
လီလော့ကလဲ ရေကြေးမုံကိုသုံး၍ ဆက်တိုက်ခုခံနေခဲ့သည်။
ဘန်းးးးး
ရင်းနှီးနေသော မြင်ကွင်းမျိုးကိုသာ ထပ်တလဲလဲ မြင်တွေ့နေကြရသည်။
ပရိတ်သတ်များကလည်း ထိုမြင်ကွင်းများကြောင့် မှင်သက်ဆွံအံ့နေကြရသည်။
စုန်ယွမ်ဖန်က နွားရိုင်းတစ်ကောင်လို လီလေူ့ဆီပြေးသွားလိုက်တိုင်း လီလော့၏ရေကြေးမုံနှင့် တိုက်မိပြီး နှစ်ယောက်စလုံး ခြေလှမ်းအနည်းငယ်ဆီနောက်ဆုတ်လိုက်ရစမြဲပင် .......
ကြာလာတော့လဲ ထူးဆန်းတယ်လို့ပင် မထင်ရတော့ပေ......လီလော့က စုန်ယွမ်ဖန်ထက် သိသိသာသာ အားနည်းသောကြောင့် ရေကြေးမုံသည်လည်း မကြာခင် ပျက်စီးတော့မည်ဖြစ်ကြောင်း အားလုံးသိနေကြသည်။
လီလော့၏ ရေကြေးမုံကလည်း အရင်ကထက်စာရင် ပို၍ပင် မှိန်ဖျော့လာနေ၏။
ဤသည်မှာ စွမ်းအားကုန်ခမ်းနေခြင်း လက္ခဏာဖြစ်သည်။
လူအုပ်ကြီးအတွင်းမှ နှမြောတသဖြစ်နေဟန် မှတ်ချက်များကိုလည်း ကြားနေရသည်။ ကြည့်ရသည်မှာ ပွဲပြီးဖို့ သိပ်မလိုတော့ပေ......
စုန်ယွမ်ဖန်က လီလော့ကို အေးစက်သော အပြုံးမျိုး ပြုံးပြနေပြီး.....
" မင်းအခု ဘာဆက်လုပ်မှာလဲ....."
ဘုန်းးးးးးး
စုန်ယွမ်ဖန်က အခွင့်ရေးကို လက်လွတ်မခံဘဲ ပဲ့တင်ထပ်သံစွမ်းအားများကို မိုင်ကုန်စုဟည်စလိုက်သည့်အခါ စုန်ယွမ်ဖန်၏ အသွင်သဏ္ဍာန်သည် သားကောင်းကို ထိုးသုတ်တော့မည့် သိမ်းငှက်တစ်ကောင်နှင့် တူလာသည်။
စုယွမ်ဖန်၏ လှုပ်ရှားမှုများကို လီလော့က ဒီအတိုင်းသာ ရပ်ကြည့်နေခဲ့သည်။
စုန်ယွမ်ဖန်၏ လက်သီးချက် လီလော့ထံကျရောက်ဖို့ တစ်လက်မခန့်သာ လိုတော့သည့်အချိန်တွင် စုန်ယွမ်ဖန်၏ တိုက်ခိုက်မှုများ ဟန့်တားခံလိုက်ရသည်။
လက်တစ်ဖက်က စုန်ယွမ်ဖန် လက်မောင်းကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး တိုက်ခိုက်မှုကိုဟန့်တားနေခြင်းဖြစ်သည်။
စုန်ယွမ်ဖန်လှည့်ကြည့်လိုက်သည့်အခါ ကြီးကြပ်ရေးမှူးက သူ့ဘေးနားတွင်ရောက်နေသည်ကို မြင်လိုက်ရသည်။
" ဒါ ဘာလုပ်တာလဲ......"
စုန်ယွမ်ဖန် ဒေါသထွက်နေလေပြီ....
ကြီးကြပ်ရေးမှုးက မျက်နှာသေနှင့်ပင် ကျောက်တုံးစင်မြင့်ပေါ်က သဲနာရီကိုသာ လလက်ညှိုးထိုးပြနေ၏။သဲနာရီ အပေါ်ဘက်ပိုင်းတွင် သဲတစ်မှုန်မျှမရှိတော့ပေ။
လီလော့က ပခုံးနှစ်ဖက်ကို ဖြေလျှော့လိုက်ပြီး စုန်ယွမ်ဖန်ကို တောက်ပစွာ ပြုံးပြလိုက်လေသည်။
"အိုးးး ကြည့်ရတာ အချိန်စေ့သွားပြီထင်တယ်......ဘာလဲ မင်းက အချိန်ပိုယူချင်နေသေးတာလား....."