ဉက္ကဌရာထူးအတွက် တိုက်ပွဲ......
Vol. 3 Ch. 37
ရှီးယန်စံအိမ်၏ ဆွေးနွေးခန်းထဲတွင်......
လီလော့တို့ သုံးဉီးရောက်လာကြတဲ့အခါ အကြီးတန်း ကြီးကြပ်ရေးမှုးတွေ အကုန်ရောက်နေကြသည့်အတွက် ခုံနေရာလွတ်ပင်သိပ်မကျန်တော့ပေ.....
ဇောင်ရီက အားလုံးရဲ့ ရှေ့မှာ ထိုင်နေပြီး သူ့ဘေးတွင်မှာ အဘိုးအိုတစ်ယောက် ရှိနေသည်။
" ဟမ်? ?"
ထိုအဘိုးအိုကို မြင်လိုက်သည့်အခါ ချိုင်ဝေနှင့် ယန်လင်းချီတို့နှစ်ဉီးစလုံး အံ့သြသွားခဲ့ကြပြီး လီလော့သိအောင်လည်း ရှင်းပြပေးနေသည်။
" ရှီးယန်ဌာနချုပ်ရဲ့ အကြီးအကဲ ကျန်းဖန်ဆိုတာ သူပဲပေါ့....ရှီးယန်စံအိမ်ကို စတင်တည်ထောင်သူရဲ့ မျိုးဆက်ဖြစ်တဲ့အတွက် အဖွဲ့အစည်းထဲမှာ သူ့ရဲ့ လွှမ်းမိုးမှုက အတော်လေး ကျယ်ပြန့်တယ်....သူက စည်းကမ်းလည်းကြီးသလို အရမ်းလဲ ခေါင်းမာတယ်....ရှမြို့တော်မှာပဲ နေတဲ့သူက အခုလို မပြောမဆိုဘဲရောက်ချလာပုံထောက်ရင် အခြေနေတော်တော်ဆိုးနေပြီထင်တယ်...."
လီလော့ကို မြင်တဲ့အခါ ခန်းမထဲမှာ ရောက်နှင့်သူတွေက ထိုင်ရာက ထပြီး တလေးတစား နှုတ်ဆက်ခဲ့ကြသည်။
အကြီးအကဲ ကျန်းဖန်ပင်လျှင် လီလော့ကိုာထနှုတ်ဆက်ခဲ့သည်။
"ကြိုဆိုပါတယ် သခင်လေး...."
" အကြီးအကဲကျန်းက သိပ်ကိုပျူငှာတာပဲ..."
လီလော့က ကျန်းဖန်ကို ပြုံးပြလိုက်ပြီး ချိုင်ဝေတို့နှင့် အတူ ပေးထားသော နေရာမှာ ဝင်ထိုင်ခဲ့ကြသည်။
" အကြီးအကဲကျန်း နန်ဖန်းကို လာရတဲ့အကြောင်းအရင်းလေးများ သိခွင့်ရနိုင်မလား..."
ယန်လင်းချီ မေးလိုက်ခြင်းဖြစ်သည်။
" ထျန်ရှုမှာရှိတဲ့ ရှီးယန်စံအိမ်က ဒီနှစ်အတွက် ရောင်းအားသိပ်မကောင်းဘူးကြားတယ်....အဲ့တာကြောင့် ဌာနချုပ်က အခြေနေ လာကြည့်ခိုင်းလိုက်တဲ့အပြင် လစ်လပ်နေတဲ့ ဉက္ကဌရာထူးအတွက်ကိုပါ ဖြေရှင်းခိုင်းလိုက်တယ်....."
ကျန်းဖန်က ပြောနေရင်းကနေ ယန်လင်းချီကို သေချာစိုက်ကြည့်လိုက်ပြီး......
"ဒုဌာနာမှုးယန်....ကျုပ် အခုလေးတင် အစီရင်ခံစာတွေ ဖတ်ကြည့်ပြီးပြီ....မင်းအုပ်ချုပ်နေတဲ့ အဆင့်တစ်သန့်စင်ရေး အလုပ်ရုံတွေက ရလဒ်တွေ ဆိုးရွားနေတယ်....ဒါက ထျန်ရှုမှာရှိတဲ့ ရှီးယန်စံအိမ်ရဲ့ ရောင်းအားကို ထိခိုက်စေတယ်...ဒါနဲ့ ပတ်သတ်ပြီး မင်းဘက်က ရှင်းပြပေးနိုင်မလား....."
ယန်လင်းချီက ကျန်းဖန်ရဲ့ မေးခွန်းကို ခပ်တင်းတင်းသာ ပြန်ဖြေခဲ့သည်။
" ကျွန်မကို မေးမယ့်အစား ဒုဌာနမှုးဇောင်ကိုမေးလိုက်ပါ...သူ ရှင့်ကို တိကျတဲ့ ဖြေမျိုး ပေးနိုင်မှာပါ...."
ထိုအခါ ဇောင်ရီက ပြာပြာသလဲ ဝင်ပြောခဲ့လေသည်။
"ဒုဌာနမှုးယန်က သိပ်ကို တာဝန်မဲ့လွန်းတာပဲ...ကိုယ့်အပြစ်ကို သူများဆီဖို့ ဖို့ ကြိုးစားနေတာလား...."
" ရှင်သာ ကျွန်မတို့ဆီပို့ပေးမယ့် ကုန်ကြမ်းပ္စည်းတွေကို နောက်ကွယ်ကနေ မပိတ်ပင်ခဲ့ရင် ကျွန်မတို့လည်း တစ်ချို့ရက်တွေမှာ အလုပ်နားထားစရာလိုမှာ မဟုတ်ဘူး....."
" ထျန်ရှုမှာရှိတဲ့ လော့လန်အိမ်တော်ရဲ့ အခြေနေက သိပ်ကောင်းတော့တာမဟုတ်ဘူး....ကုန်ကြမ်းတွေကို အခြားမိသားစုကြီးသုံးခုကလည်း အပြိုင်အဆိုင် ဝယ်နေကြတာ....အဲ့တော့ ကျုပ်လက်ထဲမှာလည်း ကုန်းကြမ်း များများစားစားမရှိခဲ့ဘူး...ဒါ့အပြင်
ရှီးယန်မှာ ရှိတဲ့ သန့်စင်ရေး အလုပ်ရုံတွေထဲမှာ ကျုပ်ရဲ့ အဆင့်သုံး သန့်စင်ရေးအလုပ်ရုံက အကောင်းဆုံးဖြစ်နေတယ်လေ...အဲ့တော့ ကျုပ်က ကျုပ်ကြိုးစားအားထုတ်မှုကို မင်းဆီခွဲဝေပေးရမှာလား...."
" ရှင်!!!!"
ယန်လင်းချီ အတော် ဒေါသထွက်သွားတာကြောင့် ဘေးနားကစားပွဲကို ရိုက်ချလိုက်မိသည်။
" တော်ကြတော့!!!!"
အကြီးအကဲကျန်းဖန်က ယန်လင်းချီကိုရော ဇောင်ရီကိုပါ ကြည့်ပြီး ဟန့်တားလိုက်သည်။
" မင်းတို့မှာ ဘာအကြောင်းပြချက်ပဲရှိရှိ ဒီလူအိုကြီးက ဂရုစိုက်နေမှာမဟုတ်ဘူး....ကျုပ်က ရှီးယန်ကောင်းကျိုးတစ်ခုတည်းကိုပဲ ဂရုစိုက်တယ် အဲ့တော့ ရှီးယန်ကို ထိခိုက်နစ်နာစေတဲ့ ဘယ်သူ့ကိုမှ ခွင့်လွှတ်သက်ညှာနေမှာမဟုတ်ဘူး.....ထျန်ရှုမှာရှိတဲ့ ရှီးယန်က တဖြည်းဖြည်း အခြေနေဆိုးလာတယ်....အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်းက ဉက္ကဌနေရာလစ်လပ်နေလို့ပဲ.....ဒါ့ကြောင့် ဌာနချုပ်က အကြီးအကဲတွေ သေချာ ဆွေးနွေးပြီး ထျန်ရှုက ရှီးယန်မှာ ဉက္ကဌအသစ်ခန့်ဖို့ ကျုပ်ကို အမိန့်ပေးလိုက်တယ်....."
ကျန်းဖန်၏ ကြေငြာချက်ကြောင့် ခန်းမတစ်ခုလုံး ငြိမ်သက်သွားခဲ့လေသည်။ကျန်သော ဌာနမှုးများကတော့ ဤသည်မှာ ယန်လင်းချီနှင့် ဇောင်ရီတို့၏ တိုက်ပွဲဖြစ်သောကြောင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုရဲကြပေ။
လီလော့၏ မျက်ဝန်းများထဲတွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဖျတ်ကနဲလင်းလက်သွားခဲ့သည်။
ကျန်းဖန်၏ စကားများ မှန်ပေသည်။ ရှီးယန်၏ အတွင်းရေးပြသာနာများ ငြိမ်သက်သွားစေရန် ဉက္ကဌတစ်ယောက်ခန့်ထားရပေမည်။
သို့သော် မည်သူ့ကို ဉက္ကဌခန့်မည်နည်း....
လီလော့ တွေးတွေးဆဆနဲ့ ကျန်းဖန်ကို တိုက်ရိုက် မေးကြည့်လိုက်သည်။
" ဒါဆို အကြီးအကဲကျန်းက ဘယ်သူ့ကို အသင့်တော်ဆုံးဖြစ်မယ်ထင်လဲ...."
ကျန်းဖန်က ယန်လင်းချီကို ခပ်တင်းတင်းဆက်ဆံခဲ့ပေမယ့်လည်း လီလော့ကိုတော့ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေခဲ့သည်။
"ရှီးယန်ရဲ့ စည်းမျဉ်းအတိုင်းဆို သန့်စင်ရေးအလုပ်ရုံတွေကို အကောင်းဆုံး ထိန်းသိမ်းနိုင်သူကိုသာ ရွေးရမှာပဲ...."
ထိုစကားကြားတော့ ဇောင်ရီ ပြုံးနေခဲ့သည်။ သန့်စင်ရေးအလုပ်ရုံ သုံးခုအနက် အဆင့်သုံး သန့််စင်ရေးအလုပ်ရုံကို အကောင်းဆုံးဖြစ်အောင် ဉီးစီးနိုင်ခဲ့သည့်အတွက် ဤစည်းမျဉ်းအရ သူ့အတွက် အရေးသာနေသည်မဟုတ်ပေလော......
"ဒါက စည်းမျဉ်းအရဆိုပေမယ့် သခင်လေး အကြံပြုပေးချင်သူများရှိရင် ပြောပြပါ...ဒီလူအိုကြီးက ဌာနချုပ်ကို တင်ပြပေးလိုက်ပါ့မယ်....ဒါပေမယ့် အခုလောလောဆယ် ဉက္ကဌနေရာအတွက် လူရွေးရဉီးမယ်....ဉက္ကဌရွေးပြီးတဲ့အထိ ကျုပ်ဒီမှာပဲ ရှိနေဉီးမှာပါ....ကျုပ်က လော့လန်အိမ်တော်နဲ့ ရှီးယန်တို့ကိုစိတ်ဝင်စားတဲ့အတွက် ကျုပ်ကို သခင်လေး အမြင်မမှားဖို့တော့ ကြိုပြောထားရဉီးမယ်....."
ဇောင်ရီက အပြင်ပန်းမှာ အေးဆေးနေပေမယ့် စိတ်ထဲမှာတော့ မုန်တိုင်းထန်နေခဲ့လေသည်။
//ဒီလူအိုကြီး ဘာလို့ စကားတွေအဲ့လောက်များနေရတာလဲ //
လီလော့ ကျန်းဖန်ရဲ့ အပြုအမူတွေကို အကဲခတ်ကြည့်ပြီး တစ်ခုတွေးလိုက်မိသည်။ ကျန်းဖန် ရောက်ရှိလာခြင်းသည် ယန်လင်းချီကို စုံစမ်းစစ်ဆေးရန်မဟုတ်လောက်ပေ...ထို့ကြောင့် ကျန်းဖန်သည် ဖေဟောင့်ဘက်တော်သားတစ်ယောက်မဖြစ်နိုင်ပေ။
ကြည့်ရသည်မှာ....ဌာနချုပ်မှ ထျန်ရှုသို့ လူလွှတ်ရခြင်းမှာ ကျန်းချင်အာနှင့် ဖေဟောင်တို့၏ ရန်ပွဲအတွင်း အတိအလင်း ပါဝင်လိုခြင်းကြောင့် ဖြစ်မည်။ သို့သော် လွှတ်လိုက်သော သူက ကျန်းဖန်လို ရှေးရိုးစွဲလူအိုကြီးတစ်ယောက်ဖြစ်နေသည့်အတွက် ကျန်းဖန်ရွေးချယ်လိုက်သော ဉက္ကဌသည် ထိုရန်ပွဲအတွက် အဖြေတစ်ခုဖြစ်လာနိုင်သည်။
တဖက်က လှည့်တွေးပါက ဤသည်မှာ သိပ်မဆိုးလှသော အရာဖြစ်သည်။
သို့ပေမယ့် ဉက္ကဌ ရာထူးကို ကျန်းဖန်ပြောခဲ့သည့်အတိုင်း ဆုံးဖြတ်မည်ဆိုပါက ယန်လင်းချီသည် လတ်တလောတွင် ရလဒ်သိပ်မကောင်းခဲ့ပေ။ ဇောင်ရီ ဉီးစီးရသည့် အလုပ်ရုံများသည်လတ်တလောတွင် ရှီးယန်အတွက် အကျိုးအမြတ်များစွာ ရှာဖွေပေးနိုင်ခဲ့သည်။ဇောင်ရီ ဉီးစီသည့် အဆင့်သုံး သန့်စင်ရေးအလုပ်ရုံမှရသော အကျိုးအမြတ်သည် အဆင့်တစ်နှင့် အဆင့်နှစ် သန့်စင်ရေးအလုပ်ရုံ နှစ်ခုပေါင်းသည်ထက်ပင် ပိုများနေပေသည်။
ဤအချက်ကို နားလည်နေသောကြောင့် ယန်လင်းချီ၏ မျက်နှာထား အေးစက်နေပြီး လှပသောမျက်ဝန်းလေးများသည်လည်း ဒေါသကြောင့် နီးမြန်းနေကြသည်။
လီလော့ ယန်လင်းချီ ဒေါသထွက်နေမှန်း သိလိုက်သောကြောင့် ကျောဘက်ကနေ ယန်လင်းချီ၏ လက်ကို လှမ်းဆွဲလိုက်ပြီး ကျန်းဖန်ကို အလျင်စလို မေးကြည့်လိုက်သည်။
" ဒါဆို သန့်စင်ရေးအလုပ်ရုံကို အကောင်းဆုံး ထိန်းသိမ်းနိုင်တဲ့သူက ဉက္ကဌဖြစ်လာမယ်ပေါ့....."
" ဟုတ်ပါတယ်...."
ကျန်းဖန်၏ အဖြေကိုကြားလိုက်ရသောအခါ လီလော့က လေးနက်သော အမူအရာဖြင့်.....
" ကောင်းသားပဲ....ဒါဆိုလဲ အဲ့အတိုင်းပဲ ဆုံးဖြတ်ကြတာပေါ့....."
လီလော့၏ အပြောကြောင့် အကုန်လုံး အံ့အားသင့်ကုန်ကြသည်။
ချိုင်ဝေနှင့် ယန်လင်းချီ တို့လည်း အံ့သြနေခဲ့ကြသည်။သူတို့တွေ လီလော့၏ အတွေးကိုနားမလည်နိုင်ကြတော့ပေ...ဒီအတိုင်းသာဆို လီလော့ဘက်က ဉက္ကဌရာထူးကို လက်လျှော့ရပေတော့မည်။
ဇောင်ရီက အံ့သြနေပေမယ့်လည်း ချက်ချင်းမျက်နှာပြင်လိုက်ပြီး....
"သခင်လေးက ပြောတာမှန်တယ်...ဘာပဲဖြစ်ဖြစ် ရှီးယန် ကောင်းစားဖို့ကိုပဲ ကြည့်သင့တယ် မဟုတ်လား....ရှီးယန် ကောင်းစားမှ သခင်လေးတို့အိမ်တော်အတွက် ဝင်ငွေ ပိုတိုးနိုင်မှာ....."
ကျန်းလော့က နည်းနည်း အံ့သွားပုံရပြီး လီလော့ကို ရုတ်တရက် ထမေးလိုက်သည်။.
" သခင်လေး...တကယ်ပဲ အဲ့လို ဖြစ်စေချင်တာလား...."
လီလော့က ခေါင်းပဲ ညိတ်ပြလိုက်ပြီး ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ချိုင်ဝေတို့ကို မျက်နှာရိပ်ပြကာ ဆွေးနွေးခန်းထဲက ထွက်လာခဲ့လိုက်သည်။
သုံးဉီးသား အပြင်ရောက်လာသည့်အခါ ယန်လင်းချီက ပင့်သက်ရှိုက်လိုက်ပြီး....
" နင်ဘာတွေ လျှောက်လုပ်နေတာလဲ လီလော့.....စည်းမျဉ်းအတိုင်းဆို ငါဘယ်လိုမှ မဖြစ်နိုင်တာ နင်သိရဲ့သားနဲ့ ဘာလို့သဘောတူလိုက်တာလဲ ...နင် ငါ့ကို ဒီမှာ ထပ်မမြင်ချင်တော့ရင်လဲ တစ်ခွန်းတည်းပဲ ပြောလိုက် ငါအခုချက်ချင်း ရှမြို့တော်ကို ပြန်မယ်! !!!"
ချိုင်ဝေကလည်း လီလော့ကို စိုက်ကြည့်နေခဲ့တယ်....လီလော့အကြောင်းသာ သိမထားခဲ့ရင် လီလော့ရဲ့ အခုလို လုပ်ရပ်တွေကို သူလည်းပဲ တစ်မျိုးတစ်မည် ထင်မိမည်သာ.....
ယန်လင်းချီသည် သူမကို စစ်ကုပေးရန် ထျန်ရှုသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ရှီးယန်တွင် ဖြစ်ပွားနေသော လက်ရှိအခြေနေများကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ထင်မှတ်မထားဘဲ ဝရုန်းသုန်းကားဖြစ်ကုန်ခဲ့ရသည်။
လီလော့က သူမတို့ကို ပြုံးပြလိုက်ပြီး.....
" ကျွန်တော် မရူးသေးပါဘူး အစ်မတို့ရယ်....ကျွန်တော်ကို အဲ့သလောက်တောင် မယုံမကြည်နိုင်ဖြစ်နေကြတာလား...."
ချိုင်ဝေက လီလော့ကို ဘုကြည့်ကြည့်လိုက်ပြီး ယန်လင်းချီကို ခေါ်ကာ လှည့်ထွက်သွားခဲ့သည်။
" စည်းမျဉ်းအရဆို အစ်မလင်းချီမှာ နိူင်ချေမရှိပေမယ့် အခုချိန်က ဇောင်ရီနဲ့ တရားဝင်ယှဉ်ပြိုင်ဖို့ အသင့်တော်ဆုံးအချိန်ပဲ...ဒါ့အပြင် ဇောင်ရီဆိုတဲ့ အရှုပ်ထုပ်ကို ရှင်းထုတ်နိုင်မယ့်နည်းလမ်း ကျွန်တော်မှာရှိနေတယ်....."
လီလော့ ပြောလိုက်သည့်စကားကြောင့် ချိုင်ဝေတို့ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ပြီးလှည့်ကြည့်လာခဲ့ကြသည်။
//ဇောင်ရီကို ရှင်းထုတ်နိုင်မယ့် နည်းလမ်းတဲ့လား....အခုလောလောဆယ် ဇောင်ရီကပိုပြီးအလေးသာနေတာလေ....မီးနဲ့မကစားခင် အရင်မီးကျွမ်းနေလိမ့်မယ်...//
ထိုအချိန်မှာ ချိုင်ဝေရဲ့ မျက်လုံးတွေထဲမှာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လီလော့ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
" မဟုတ်မှလွဲရော....နင် ကစားပွဲကို ပြောင်းပြန်လှန်တော့မလို့များလား....."