← Chapters

ရေအရင်းမြစ် လျှို့ဝှက်ပညာရပ်.......

Vol. 3 Ch. 38

ရေအရင်းမြစ် လျှို့ဝှက်ပညာရပ်.......

Vol. 3 Ch. 38

ချိုင်ဝေ လွှတ်ကနဲ ပြောလိုက်သည့်အခါ ယန်လင်းချီကလည်း မနေနိုင်တော့ဘဲ လီလော့ကို လှည့်ကြည့်လာခဲ့သည်။

"ဒီလို ကပျက်ကချော်ကောင်မှာ ဘာဖြေရှင်းနည်းများရှိနိုင်မှာမို့လို့လဲ.....သူ ပဲ့တင်ထပ်သံပြုပြင်သူဖြစ်အောင့် လေ့ကျင့်နေတာ အကချိန်ဘယ်လောက်ရှိသေးလို့လဲ....."

ယန်လင်းချီ ပက်ကနဲ ပြောပစ်လိုက်လိုက်လေသည်။ လီလော့ လေ့ကျင့်နေသည်မှာ တလမျှပင် မရှိသေးပေ။ ဤကဲ့သို့သော် အခြေနေမျိုးဖြင့် အံ့ဖွယ်ပုံပြင်တွေကိုဖန်တီးနိုင်လိမ့်မည်လော......

လီလော့က ပြုံးသာ ပြုံးပြနေပြီး သူတို့နှစ်ဉီးကို ယန်လင်းချီ၏ သန့်စင်ခန်းထဲသို့ခေါ်သွားကာ  တံခါးသေချာပိတ်လိုက်ပြီးမှသာ.....

" ထျန်ရှုမှာရှိတဲ့ ရှီးယန်စံအိမ်က လော့လန်ပိမ်တော်အတွက် အကြမ်းဖျဉ်းကောင်းကင်ရွှေ တစ်သိန်းခွဲရှာပေးနေတယ်...အဲ့ထဲမှာမှ အဆင့်တစ်သန့်ရုံက သုံးသောင်း၊ အဆင့်နှစ်သန့်စင်ရုံက လေးသောင်း၊ အဆင့်သုံးသန့်စင်ရုံက ရှစ်သောင်း ရတယ် မဟုတ်လား....."

" အေး..နားလည်တယ်ဆိုရင်လည်း ဘာလို့ မဆင်မခြင်တွေ ပြောခဲ့တာလဲ...ဒီလောက်များတဲ့ ကွာဟချက်ကို လွယ်လွယ်လိုက်မှီမယ် ထင်နေတာလား.... "

ယန်လင်းချီ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်သည်။

သူမသည် ကိုယ်တိုင်ဉီးစီးနေသူဖြစ်သည့်အတွက် အခြေနေများကို တခြားသူများထက် ပိုသိသူဖြစ်သည်။ သူမ ဉီးစီးရသော အလုပ်ရုံနှစ်ခုပေါင်းလိုက်သည့်တိုင် အဆင့်သုံး သန့်စင်ရုံ၏ ရောင်းအားကို မမှီနိုင်ခဲ့ပေ။

" ဒါ့အပြင် ငါတို့ရှီးယန်ရဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်က ထင်းရှုးစံအိမ်ရဲ့ အံဖွယ်နေရောင်ခြည်ဝိဉာဉ်ကြောင့် ရောင်းအားကျနေတယ်....ဒီလိုအ​ခြေနေမျိုးနဲ့ အလှည့်အပြောင်းလုပ်ချင်တယ်ဆို ပိုဆိုးကုန်လိမ့်မယ်...."

ထိုအခါ လီလော့က ပြုံးလိုက်ပြီး.....

" ကျွန်တော်တို့အနေနဲ့ ဒီပြသာနာကို အရင်ဉီးစားပေး​ဖြေရှင်းရမယ်...ပြီးရင် စျေးကွက်မှာ ရောင်းအားကောင်းအောင် ထိန်းထားနိုင်ဖို့ အရည်အသွေးမြှင့်တင်ရမယ်...."

"အရည်အသွေးကောင်းတဲ့ ဝိဉာဉ်ရည်ရရှဖို့ဆိုရင်....ကုန်ကြမ်း၊ပဲ့တင်ထပ်သံပြုပြင်သူ၊ ရေ ဒါမှမဟုတ် အလင်းအရင်းအမြစ်...ဒီသုံးခုလုံး လိုအပ်ပါတယ်လို့ ငါနင့်ကို ရှင်းပြထားပြီးပြီပဲ.....မိုးပြာကျောက်စိမ်းဝိဉာဉ်ရည် သန့်စင်တဲ့ နည်းလမ်းက ပြီးပြည့်စုံပါတယ်...ဒါပေမယ့် ပိုကောင်းတဲ့ ပဲ့တင်ထပ်သံပြုပြင်သူတွေကိုသာ ထပ်မငှားနိုင်ရင် အရည်အသွေးမြှင့်တင်ဖို့ လွယ်မှာမဟုတ်ဘူး.....အဲ့လို ငှားဖို့ဆိုတာကလည်း အချိန်ယူရသလို ငွေလည်း ကုန်တယ်..ငါတို့မှာဘာမှမရှိတော့ဘူးလေ...."

ယန်လင်းချီက အခြေနေများကို ထိုကဲ့သို့ ထောက်ပြနေသည်။

" ဒါကို အချိန်ယူပြီး ​ဖြေရှင်းလို့လဲ မှီမှာမဟုတ်တော့ဘူး....စုန်မိသားစုက ဒီလိုတွေ ဖြစ်လာဖို့ သေချာအချိန်ယူပြီး ပြင်ဆင်ထားခဲ့ကြတာ...အအခုလို လော့လန်အိမ်တော်မှာ အတွင်းရေး ရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး အနိူင်ပိုင်းချင်နေကြတာလေ...."

ချိုင်ဝေက ညီးတွားနေသလို ဝင်ပြောခဲ့ပြန်သည်။

"အခုချိန်မှာ ပဲ့တင်ထပ်သံပညာရပ်ကိုသေချာကျွမ်းကျင်အောင် လေ့ကျင့်ဖို့ တစ်တည်းပဲ တတ်နိုင်တော့တယ်....ဒါပေမယ့် အချိန်တိုလေးအတွင်း လူတိုင်းကို လေ့ကျင့်ပေးဖို့ မဖြစ်နိူင်ဘူး....ဒါက သိပ်ကို စိတ်ကုးယဉ်ဆန်နေသလို ဖြစ်နေပြီ....."

ယန်လင်းချီ ထိုသို့ ပြောလိုက်သောအခါ ချိုင်ဝေက လီလော့ကို အဓိပ္ပာယ် ပါသော အပြုံးမျိုးနဲ့ ပြုံး၍ ကြည့်လိုက်ပြီး.....

"သခင်လေးက မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်ကို 60% အထိ သန့်စင်နိုင်ခဲ့တယ်မဟုတ်လား....."

ယန်လင်းချီက ချိူင်ဝေကို မျက်ဆန်လှန်ပြလိုက်ပြီး.....

"လူတစ်ယောက်တည်းနဲ့ ဝိဉာည်ရည် ဘယ်လောက်များများ သန့်စင်နိုင်မှာမို့လဲ...ဒီကောင်နို့စားနွားဖြစ်သွားရင်တောင် သူဆီက နို့ညှစ်လို့ရမယ် မထင်ဘူး....."

လီလော့၏ မျက်နှာတစ်ခုလုံး မှောင်မည်းနေလေပြီ....ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေကြောင်း ပြောနေရင်းကနေ အဘယ်ကြောင့်သူ့ကို နွားတစ်ကောင်နဲ့ ခိုင်းနှိုင်းနေကြရသနည်း......

" ဒါဆို  ရေ ဒါမှမဟုတ် အလင်း အရင်းအမြစ်ကို မြှင့်တင်နိူင်မယ်ဆို ပြသာနာဖြေရှင်းနိူင်ပြီပေါ့..  ..."

လီလော့ ဆက်ငြင်းမနေတော့ဘဲ လိုရင်းကိုသာ တည့်ပြောချလိုက်တော့သည်။

ထိုအခါ ယန်လင်းချီက စိတ်ပျက်လက်ပျက်အမူအရာနဲ့.....

" အဲ့လို မြှင့်တင်နိုင်ဖို့ဆို ပဲ့တင်ထပ်သံပြုပြင်သူတွေရဲ့ ပဲ့တင်ထပ်သံအဆင့်တွေနဲ့ သက်ဆိုင်နေတယ်...နင်က ရှီးယန်မှာရှိသမျှ ပဲ့တင်ထပ်သံပြုပြင်သူတွေရဲ့ ပဲ့တင်ထပ်သံအဆင့်တွေကို မြှင့်ပေးမလို့လား....အကယ်၍ ငါတို့ဆီမှာ ရေအရင်းမြစ် ဒါမှမဟုတ် အလင်းအရင်းမြစ် လျှို့ဝှက်ပညာရပ်ရှိနေရင်တောင် ဝိဉာဉ်ရည်တွေရဲ့ သန့်စင်မှုနှုန်းကို မြှင့်တင်နိုင်ဉီးမှာ မဟုတ်ဘူး...ပြီး​တော့ လျှို့ဝှက်ပညာရပ်ဆိုတာမျိုးက ခွန်အားကြီးမားတဲ့သူတွေလက်ထဲမှာပဲရှိနိုင်တာ...ငါတို့တွေ ပိုင်ဆိုင်နိုင်တဲ့အရာမျိုး ဟုတ်မနေဘူး....."

လီလော့က ခပ်သော့သော့ရယ်မောလိုက်ပြီး.....

"  ပြသာနာမရှိပါဘူး....."

ယန်လင်းချီနဲ့ ချိူင်ဝေတို့က လီလော့ကို တအံ့တသြ ငေးကြည့်နေကြသည်။

ထိုအခါ လီလော့က ဝတ်ရုံထဲကနေ အပြာရင်ရောင်အရည်များထည့်ထားသော ပုလင်းတစ်လုံးကို ထုတ်ပြလို​က်ပြီး....

"တစ်ချက်လောက် စမ်းသပ်ကြည့်ချင်လား...."

ယန်လင်းချီ မျက်ခုံးပင့်လိုက်ပြီး....

" တခြားသူရဲ့ အရင်းမြစ်ကို ယူသုံးလို့မရဘူးလို့ ငါပြောထားပြီးသားနော်...."

သူမ စကားမဆုံးသေးခင် လီလော့ ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခါ သန့်စင်သော စွမ်းအင်များ လျှံထွက်လာလေသည်။ထို့ကြောင့် ယန်လင်းချီ ထိတ်လန့်မှုအပြည့်ဖြင့် ထိုပုလင်းကို စိုက်ကြည့်နေလေ၏....

" အဲ့အထဲမှာ ရောနှောထားတဲ့ လက္ခဏာမရှိတဲ့အပြင် သန့်စင်ထားတဲ့ သူရဲ့ အငွေ့အသက်တွေလည်း မရှိဘူး....ဒါက လျှို့ဝှက်ပညာရပ်နဲ့ သန့်စင်ထားတဲ့ ရေအရင်းမြစ်လား.....ဒီသန့်စင်မှုက အဆင့်ခုနှစ် ပဲ့တင်ထပ်သံပြုပြင်သူ သန့်စင်ထားတာထက်တောင် ပိုသန့်စင်နေသေးတယ်....ဒီလောက်ကောင်းတဲ့ ရေအရင်းမြစ်ကို နင်ဘယ်က ရလာတာလဲ....."

ယန်လင်းချီ စိတ်လွတ်သွားဟန်ဖြင့် လီလော့လက်ကို ဆွဲပြီး တရစပ်မေးခွန်းထုတ်နေလေသည်။

လျှို့ဝှက်ပညာရပ်များကို အဆင့်အလိုက် ခွဲခြားထားသည်။ လီလော့ ထုတ်ပြလိုက်သော ရေအရင်းမြစ်၏ သန့်စင်မှုသည် အဆင့်ခုနှစ် အထိပင်ရောက်နေခဲ့သည်။ဤကဲ့သို့သော သန့်စင်သည် ရေအရင်းမြစ်ကို သုံးပြီး ထုတ်လုပ်ထားသည့် ဝိဉာဉ်ရည်များ၏ သန့်စင်နှုန်းသည် သူမတူအောင် ထူးခြားနေပေလိမ့်မည်။

ယန်လင်းချီကြောင့် လီလော့၏ လက်များပင် နာကျင်နေပြီဖြစ်သည်။ ထို့ကြောင့် ယန်လင်းချီစိတ်အေးသွားစေရန် သေချာရှင်းပြပေးခဲ့ရပြန်သည်။

"စိတ်လှုပ်ရှားမနေပါနဲ့ဉီး အစ်မလင်းချီရယ်....ကျွန်တော်တို့ ဒီလ်ိုအရင်းမြစ်မျိုး သုံးပြီး ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့ အလင်းတွေထုတ်လုပ်လို့ရပြီလား...."

" ဒါပေါ့....သိပ် ရတာပေါ့....ဒါကိုသာသုံးလိုက်ရင် မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်ကို 60% အထိ သန့်စင်အောင် ထုတ်လုပ်နိုင်ပြီ....ဒီလိုသာဆို ငါတို့တွေ ဇောင်ရီ့ကိုသာမကဘဲ ထင်းရှုးစံအိမ်ကိုပါ ရိုက်ချနိုင်တော့မှာ....ခက်ထတာက နင်ပေးတဲ့ ပမဏကသိပ်နည်းနေတယ်....နင်လက်ထဲကဟာနဲ့ဆို ဝိဉာဉ်ရည် အစုံသုံးဆယ်စာလောက်ပဲ ထုတ်နိုင်လိမ့်မယ်...."

ယန်လင်းချီ၏ လှပသော မျက်ဝန်းလေးများသည် လီလော့ထံတွင်သာ ကပ်ငြိနေသည်။ သူမ၏ လက်ရှိအသွင်သဏ္ဍာန်သည် ခါတိုင်းနှင့်မတူဘဲ တမျိုးတဖုံကွဲပြားနေခဲ့သည်။

" ဒါတွေကို အဆင့်နှစ် ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ ထုတ်တဲ့နေရာမှာ သုံးလိုက်မယ်ဆိုရင်ရော....."

လီလော့ တခဏလောက် စဉ်းစားပြီးနောက် ထပ်မေးကြည့်လိုက်သည်။

"ဟုတ်တယ်...ဒီလို တန်ဖိုးရှိတာမျိုးကို အဆင့်တစ်ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေထုတ်တဲ့နေရာမှာသုံးလိုက်ရင် ဖြုန်းတီးပစ်ရာကျနေလိမ့်မယ်.....ဒါပေမယ့် ငါ ခုနက ပြောခဲ့သလိုပဲ ပမာဏက သိပ်နည်းလွန်းနေတယ်....အဆင့်နှစ်အတွက်သုံးမယ်ဆိုရင် နည်းနည်းလောက်ကိုပဲ သန့်စင်နိုင်မယ်...နှမြောပေမယ့်လဲ အဆင့်တစ်အတွက်သုံးတာပဲ ပိုကောင်းမယ်ထင်တယ်...."

ယန်လင်းချီ၏ အဖြေကြောင့် လီလော့ နည်းနည်းစိတ်ခုခဲ့မိသည်။ ဤ ရေအရင်းမြစ်သည် သူ၏ ရေအလင်းပဲ့တင်ထပ်သံကိုသုံးပြီး သန့်စင်ထားခြင်းဖြစ်သည်။ဗလာနန်းတော်ကြောင့် လီလော့သန့်စင်ထားသော ရေအရင်း​မြစ်တွင် မူလပိုင်ရှင်၏ အငွေ့အသက်များ ကင်းရှင်းနေခြင်းဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် လီလော့ သန့်စင်ထားသော အရင်းမြစ်များကို မည်သူမဆို အသုံးပြုနိုင်ပေသည်။

သို့သော်လဲ ပုလင်းတစ်ဝက်စာခန်းရရန် လီလော့ သုံးရက်ခန့် အချိန်ယူ သန့်စင်ခဲ့ရသည်။ထို့အပြင် လီလော့သည် စည်းတံဆိပ်​ခြောက်ခုအဆင့်သာ ရှိသေးသည့်အတွက် ကြွယ်ဝသိပ်သည်းသော ပဲ့တင်ထပ်သံစွမ်းအားများ မရှိ​သေးပေ။ ထို့ကြောင့် လီလော့ သန့်စင်ပေးနိုင်သော အရင်းမြစ်ပမာဏသည်လည်း ကန့်သတ်ချက်ရှိနေခဲ့သည်။

" အခုလောလောဆယ် အဆင့်တစ် ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေ ထုတ်လုပ်ဖို့ ဒါမျိုး အရင်းမြစ်ကို ကျွန်တော် သုံးရက်ကို တစ်ပုလင်းပေးမယ်...အဲ့လောက်ဆို ရှီးယန်ရဲ့ အဆင့်တစ်သန့်စင်ရုံကနေ အကောင်းဆုံးအရည်အသွေးရှိတဲ့ ထုတ်ကုန်တွေ ထုတ််ပေးနိုင်မှာလား...."

လီလော့ ထိုသို့မေးလိုက်သောအခါ ချိူင်ဝေက.......

"အဆင့်တစ် သန့်စင်ရုံက တစ်လကို  မိုးပြာကျောက်စိမ်းဝိဉာဉ်ရည် ပုလင်း တစ်ရာ့ငါယဆယ်ရောင်းရပြီး အဲ့ကနေရတဲ့တစ်နှစ်စာဝင်ငွေက ကောင်းကင်ရွှေ ကိုးသောင်းရတယ်....အဆင့်သုံး သန့်စင်ရုံကနေ တစ်နှစ်ကို ကောင်းကင်ရွှေ နှစ်သိန်းတစ်သောင်းရတယ်ဆိုတော့ အဲ့ထက်သာအောင် ရောင်းနိုင်မှဖြစ်မယ်.....အဲ့တော့ အဆင့်တစ်သန့်စင်ရေးအလုပ်ရုံတစ်ခုတည်းကိုပဲ အားကိုးနေလို့မရဘူး....."

" ငါတို့မှာသာ သန့်စင်တဲ့ အရင်းမြစ် လုံလုံလောက်လောက် ရနိုင်မယ်ဆို ရောင်းအားအတွက် ပူနေစရာမလိုတော့ဘူး.... အဆင့်တစ်ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ ထုတ်လုပ်တဲ့နေရာမှာ နင်ပေးတဲ့ အရင်းမြစ်ကိုသာ သုံးလိုက်မယ်ဆို သစ်ကြားသီဲးခွဲဖို့ ဆယ်ပေါင်တူ ထုတ်သုံးလိုက်သလို အကုန်အဆင်ပြေနေလိမ့်မယ်....."

ယန်လင်းချီက ယုံကြည်ချက်ရှိရှိ ​ဖြေကြားခဲ့သည်။

ထိုအခါ လီလော့ကလက်ခုပ်တီးလိုက်ပြီး....

" ဒါဆို ကျွန်တော်တို့တွေ ပြသာနာဖြေရှင်းပြီးသားဖြစ်သွားပြီပေါ့....."

ယန်လင်းချီ ဆွံ့အနေမိခဲ့သည်။ ပြသာနာကို ဤမျှလောက်ဖြင့် လွယ်လွယ်ကူကူ​ဖြေရှင်းနိုင်မည်ဟုထင်မထားခဲ့မိပေ.....

ယန်လင်းချီ သက်ပြင်းရှိုက်လိုက်မိပြန်သည်။ လီလော့၏ မျှော်လင်းမထားမိသော စိတ်ကူးများကြောင့်သာ အလွယ်တကူဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။

အဆင့်တစ်ဝိဉာဉ်ရည်နဲ့ သန့်စင်သောအလင်းများကို ထုတ်လုပ်ရန် ဤမျှအဖိုးတန်သော အရာများကို သုံးစွဲနေကြောင်း အခြားလူများသိသွားပါက သူတို့ကို လူမိုက်အဖြစ်သတ်မှတ်ကြပေလိမ့်မည်။

ယန်လင်းချီနှင့် ချိူင်ဝေတို့သည် လီလော့ ထုတ်ပြလာသည့် ရေအရင်းမြစ်အကြောင်း ထုတ်မမေးရန် တစ်ယောက်နှင့်တစ်ယောက် လျှို့ဝှက် သဘောတူခဲ့ကြသည်။ ဤသည်မှာ လော့လန်အိမ်တော်သခင်နှစ်ပါးနှင့် ဆက်စပ်နေပေလိမ့်မည်။

" သခင်လေးက လော့လန်အိမ်တော်ရဲ့ ချမ်းသာကြွယ်ဝခြင်း လာဘ်ကောင်လေးပဲ....."

ချိူင်ဝေက ရယ်ရယ်မောမောနဲ့ လီလော့ကို စနောက်နေလေသည်။

" နင်ပေးတဲ့ အရင်းမြစ်က ပမာဏနည်းပေမယ့် အဆင့်တစ်ဝိဉာဉ်ရည်ထုတ်လုပ်ဖို့အတွက်တော့ လုံလောက်ပါတယ်....."

ယန်လင်းချီက လီလော့ကို ခေါင်းညိတ်ပြလိုက်သည်။ရှီးယန်ကနေ တစ်လကို အဆင့်တစ်ဝိဉာဉ်ရည် ပုလင်း တစ်ရာ့ငါးဆယ် ထုတ်လုပ်သည့်အတွက် လီလော့ပေးခဲ့သော ပမာဏသည် ယခုလအတွက် လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်သည်။

" ကောင်းပြီ....ငါ့မှာနင်တို့နဲ့ စကားပြောနေဖို့အချိန်မရှိဘူး....မိုးပြာကျောက်စိမ်းဝိဉာဉ်ရည် ပထမအသုတ်ထုတ်ဖို့ သွားကြိုးစားလိုက်ဉီးမယ်....ငါတို့ရဲ့ ထုတ်ကုန်အသစ်အတွက် နာမည်ကောင်းရအောင် ကြိုးစားရမယ်...ဒါမှ အားလုံး အမြင်ပြောင်းကုန်ကြမှာ..."

ယန်လင်းချီက လီလော့ပေးလိုက်သော ပုလင်းလေးကို ရင်သွေးငယ်လေးသဖွယ် တယုတယထွေးပိုက်ထားပြီး အလျင်အမြန်ပြေးထွက်သွားလေသည်။

ချိုင်ဝေက ထွက်သွားသည့် ယန်လင်းချီကို မျက်စိတဆုံးကြည့်နေပြီး​နောက် သူမလည်း လှည့်ပြန်ဖို့ ပြင်လိုက်သည်။ ထိုအခါ လီလော့က အလျင်အမြန်တားဆီးလိုက်ပြီး.....

"အစ်မချိုင်ဝေ ကျွန်တော်ကိို ရှောင်နေဉီးမလို့လား....."

" သခင်လေး ဘာတွေ ပြောနေတာလဲ...ကျွန်မမှာ စီမံရမယ့် အလုပ်တွေ ရှိသေးလို့ပါ....."

" ကျွန်တော်အခုလေးတင် ရှီးယန်အတွက် ပြသာနာတစ်ခုဖြေရှင်းပေးလိုက်ပြီလေ.... အဲ့တော့ ကျွန်တော်ရဲ့ ထူးချွန်ထက်မြက်မှုတွေကို လျစ်လျုရှုမထားပါနဲ့.....ကျွန်တော် အဆင့်ငါးဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ ထပ်လိုချင်​သေးတယ်...."

ချိုင်ဝေရဲ့ မျက်နှာပေါ်မှာ ခါးသီးသောအမူအရာများ ပေါ်ထွက်လာခဲ့သည်။

" သခင်လေးတစ်လအတွင်း ဖြုန်းလိုက်တဲ့ ကောင်းကင်ရွှေ ရှစ်သိန်းက ထျန်ရှုမှာရှိတဲ့လော့လန်အိမ်တော်ရဲ့ နှစ်နှစ်စာဝင်ငွေနော်....ဒီအတိုင်းသာဆို ကျွန်မတို့လည်း မတတ်နိုင်တော့ဘူး..... "

လီလော့ နည်းနည်းတော့ ရှက်သွားခဲ့မိသည်။ သူသုံးသည်နှုန်းက ကျားလိုက်နေသည့်ပမာ ဖြစ်နေခဲ့သည်။သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ....သူ့၏ ပဲ့တင်ထပ်သံသည် ကောင်းကင်ရွှေဝါးမြိုသည့်တွင်းနက်ကြီးသဖွယ် ဖြစ်နေသည် မဟုတ်လော.....သူအတွက် မိဘများက အိမ်တော်တစ်ခုချန်ထားပေး၍သာ တော်ပေတော့သည်။ နို့မို့သာဆို ငါးနှစ်အတွင်း ဘယ်နည်းနဲ့မျှ မြို့စားအဆင့်သို့ ရောက်နိုင်လိမ့်မည်မဟုတ်ပေ။

" အဆင့်ငါးဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ တောင်းဆိုတာ ဒီတစ်ခါ နောက်ဆုံးပါပဲ.... ကတိပေးပါတယ်..... "

ထိုစကားကြောင်း ချိူင်ဝေမသိမသာ အံကြိတ်လိုက်ပြီး.....

" ကောင်းပြီ....ဒါဆို ကျွန်မ နောက်ထပ်လုပ်ငန်းနှစ်ခု သွားရောင်းလိုက်ဉီးမယ်...."

အမှန်တိုင်းပြောရရင် ချိုင်ဝေ စိတ်မကောင်းဖြစ်နေမိသည်။ သူမ စီမံခံ့ခွဲချိန်ကျမှ လုပ်ငန်းများကို တစ်ခုပြီးတစ်ခု ထုတ်ရောင်းနေခဲ့ရသည်။ လီလော့သည် အောက်ခြေမရှိသည့်တွင်းနက်ကြီး ဖြစ်နေသည့်အတွက် သူမတွင်ရွေးချယ်စရာမရှိတော့ပေ....

လီလော့ အရှက်ပြေ ချောင်းဟန့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ လိမ်ညာနေခဲ့ခြင်းမဟုတ်ပေ။ သူ၏ ရေအလင်းပဲ့တင်ထပ်သံသည် အဆင့်​​ခြောက်သို့ ရောက်တော့မည်ဖြစ်သောကြောင့် အဆင့်ငါး ဝိဉာဉ်ရည်နဲ့ သန့်စင်သောအလင်းများကို ဒီတစ်ခေါက်ပြီးလျှင်ထပ်လိုမည်မဟုတ်တော့ပေ....

နောက်တစ်ကြိမ်တွင် အဆင့်ခြောက် ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေကို သာတောင်းဆိုရမည်သာ....

သို့သော် ဒီအကြောင်းများကို ချိုင်ဝေသိအောင် ထုတ်ပြောလိမ့်မည်မဟုတ်ပေ.....

ထုတ်ပြောလိုက်ပါက ချိုင်ဝေတစ်ခါတည်း အပြီးထွက်သွားပေလိမ့်မည်။

All Chapters