ထိတ်လန့်ဖွယ်ကောင်းသော မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်.........
Vol. 3 Ch. 39
နောက်ရက်များမှစ၍ လီလော့သည် နေ့တစ်ဝက်ကို စံအိမ်ဟောင်းအတွင်း၌ ကျင့်ကြံ၍ ကျန်သောနေ့တစ်ဝက်ကို ရှီးယန်စံအိမ်၌ ပဲ့တင်ထပ်သံပညာရပ်များကို လေ့ကျင့်သင်ယူနေခဲ့သည်။ ယခုဆိုလျှင် မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်ကို စိတ်ချယုံကြည်စွာ သန့်စင်နိုင်ပြီဖြစ်သောကြောင့် လီလော့ကို ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။
အတွေ့အကြုံရှိလာသည်နှင့်အမျှ လီလော့ သန့်စင်လိုက်သော မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်များသည်လည်း သန့်စင်မှုရာခိုင်နှုန်း ပိုတိုးလာခဲ့လေပြီ......
သို့သော်လည်း လီလော့ ထိုမျှလောက်ဖြင့် မကျေနပ်နိုင်သေးပေ။ထို့ကြောင့် အဆင့်နှစ် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများကို စတင် သန့်စင်ခဲ့ပြန်သည်။၎င်းတို့ကို သန့်စင်ခြင်းသည် အဆင့်တစ် ဝိဉာရည်နှင့် သန့်စင်သောအလင်းများကို သန့်စင်ခြင်းထက် အဆပေါင်းများစွာ ပိုခက်ခဲသည့်အပြင် ပါဝင်ပစ္စည်းများလည်း ပိုများပြားသောကြောင့် ရှုံးနိမ့်ခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။
လီလော့ စိတ်မပျက်ခဲ့ပေ...ရှုံးနိမ့်ခြင်းသည် အောင်မြင်ခြင်း၏ မိခင်ဟူသော ဆိုရိုးစကားကို လက်ကိုင်ထားပြီး အတွေ့အကြုံများကို ဆက်လက်စုဆောင်းနေသ၍ အဆင့်နှစ်ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက် မလွဲဧကန် ဖြစ်လာမည်သာ....
ကံကောင်းစွာနဲ့ပဲ ချိုင်ဝေ့ထံမှ အဆင့်ငါး ဝိဉာဉ်ရည်နှင့်သန့်စင်သော အလင်းများကို ထပ်မံရရှိခဲ့သည်။၎င်းတို့ကို ကြည့်နေ့ရင်းဖြင့် မိမိ၏ ပဲ့တင်ထပ်သံကို အဆင့်ခြောက်အဖြစ်သို့ မြှင့်တင်နိူင်တော့မည်ဖြစ်ကြောင်း လီလော့ ခံစားနေရ၏။
ထို့အပြင် ကျင့်ကြံခြင်းတွင်လည်း စည်းတံဆိပ်ခုနှစ်ခု အဆင့်သို့ အဆင့်တက်သွားခဲ့ပြီဖြစ်သည်။ စံအိမ်ဟောင်းအတွင်းရှိ ကျင့်ကြံရေးအခန်းသည် မယုံနိုင်လောက်အောင် ထူးခြားကောင်းမွန်သောကြောင့် အဆင့်တင်ရခြင်းအပေါ် လီလော့ ထူးပြီး အံ့သြမနေတော့ပေ.....ကောင်းကင်ရွှေများဖြင့် တည်ဆောက်ထားသော ကျင့်ကြံရေးအခန်းတွင် ကျင့်ကြံခြင်းကြောင့် လီလော့၏ ရေအလင်းပဲ့တင်ထပ်သံစွမ်းအားများသည် အခြားသူများထက် ပိုမိုသန့်စင်သည့်အပြင် အဆင့်တူသူများထက်လည်း ပို၍ သ်ိပ်သည်းကျစ်လစ်သည်။
တစ်ချိန်တည်းမှာပင် ယန်လင်းချီထံမှလည်း သတင်းကောင်းများ ကြားခဲ့ရသေးသည်။အဆင့်မြှင့်ထားသော မိုးပြာကျောက်စိမ်းဝိဉာဉ်ရည် ပထမဆုံးအသုတ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။
ရှီးယန်စံအိမ်တွင်........
စားပွဲပေါ်တွင် အနုစိတ်ထွင်းထုထားသော သေတ္တာတစ်လုံးရှိနေပြီး ထိုသေတ္တာထဲတွင် စိမ်းပြာရောင်အရည်များဖြင့် ပြည့်နှက်နေသောပုလင်းပေါင်း လေးဆယ်ကျော်ရှိနေသည်။
ထိုပုလင်းများသည် အဆင့်မြှင့်ထားသော မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်များပင် ဖြစ်သည်။
လီလော့နှင့် ချိူင်ဝေတို့ကို စားကားပြောနေငည့် ယန်လင်းချီသည် စိတ်လှုပ်ရှားနေမှုကို ဖုံးဖိမထားနိူင်ခဲ့ပေ.....
"လီလော့ပေးတဲ့ လျှို့ဝှက်ရေအရင်းမြစ်က သိပ်ကို သန့်စင်လွန်းတာကြောင့် အဆင့်တစ် သန့်စင်ရေးအလုပ်ရုံရဲ့ အောင်မြင်မှုတွေ သိသိသာသာတိုးတက်လာတယ်....အရင်ကဆို တစ်နေ့မှ ငါးပုလင်းပဲ ထုတ်လုပ်နိုင်ပေမယ့် အခုဆို တစ်နေ့ကို ဆယ်ပုလင်းတောင် ထုတ်လုပ်နိုင်နေပြီ....ဒါ့အပြင် သန့်စင်မှုရညခိုင်နှုန်းကလည်း 60 % ဆိုတော့ ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်နိုင်နေပြီ....."
လီလော့ နားထောင်နေရင်းနဲ့ တွက်ချက်ကြည့်လိုက်သည့်အခါ တစ်နေ့ကို ဆယ်ပုလင်း ထုတ်လုပ်နိုင်မည်ဆိုပါက တစ်နှစ်လျှင် ကောင်းကင်ရွှေ တစ်သိန်းရှစ်သောင်းခန့် ဝင်ငွေရရှိပေလိမ့်မည်။ သို့သော် အဆင့်သုံး အလုပ်ရုံ၏ ဝင်ငွေနှင့် ကွာခြားနေဆဲပင်....
ထိုကြောင့် လီလော့ စိုးရိမ်ပူပန်မှုများကို ထုတ်ပြောလိုက်လေသည်။
" အဲ့တာကို ငါဖြေရှင်းလိုက်မယ်...ငါနဲ့သာ လွှဲထားလိုက်...."
ချိူင်ဝေက အပြုံးလေးတစ်ခုနဲ့ ပြောလိုက်သည့်အခါ လီလော့ အံ့အားသင့်သွားမိခဲ့သည်။
" အစ်မချိူင်ဝေ ဘယ်လိုစီစဉ်ထားလို့လဲ...."
"ရွှေနဂါးဘဏ်တိုက်က အဆင့်တစ် ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေ စုဆောင်းနေတယ်....သူတို့က ပေါက်စျေးထက်ပိုပြီး တစ်ပုလင်းကို ကောင်းကင်ရွှေ ၆၀ ပေးတယ်....အကယ်၍ သူတို့သာ ရှီးယန်ကနေ ဝယ်မယ်ဆို အဆင့်သုံးအလုပ်ရုံရဲ့ဝင်ငွေထက်တောင် အမြတ်အစွန်းပိုရဉီးမှာ...."
" အရေးကြီးတာက ....ရွှေနဂါးဘဏ်တိုက်က ဂုဏ်သတင်းကြီးမားတဲ့အတွက် ထျန်ရှုမှာ ဘယ်စံအိမ်ရဲ့ ဝိဉာဉ်ရည်က အကောင်းဆုံးဆိုတာ ဆုံးဖြတ်ပေးနိူင််တယ်....ရွှေနဂါးဘဏ်တိုက်ဘက်ကသာ ထောက်ခံပေးလိုက်လို့ကတော့ ပွဲသိမ်းပြီပဲ...."
လိီလော့ နားလည်ခဲ့လေပြီ...ရွှေနဂါးဘဏ်တိုက်သည် ဂုဏ်သိက္ခာကြီးမားလှသော ဘဏ်တိုက်တစ်ခုဖြစ်သောကြောင့် ပစ္စည်းကောင်းများကိုသာ ရောင်းဝယ်ဖောက်ကားကြသည်။အရင်တုန်းက အဆင့်တစ် ဝိဉာဉ်ရည်များကို ရောင်းဝယ်ဖောက်ကားခြင်း မပြုခဲ့သော်လည်း ယခု ရောင်းဝယ်ဖောက်ကားမည်ဆိုပါကလည်း အကောင်းဆုံးအရည်အသွေးရှိသည့် ထုတ်ကုန်များကိုသာ ဝယ်ယူပေလိမ့်မည်။
"ကျွန်မ ခဏနေရင် ရွှေနဂါးဘဏ်တိုက်ကိုသွားမလို့.....သခင်လေးလဲ ကျွန်မနဲ့လိုက်ခဲ့ပေးပါလား...ကျွန်မ သခင်လေးရဲ့ အရှိန်အဝါကို ခဏငှားသုံးမလို့ပါ..."
ရွှေနဂါးဘဏ်တိုက်သည် အ ခိုင်မာသော စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း မြဲတစေ ကြားနေဝါဒ ကျင့်သုံးခဲ့ကြသည်။ထို့ကြောင့် ရှပြည်ထောင်စုတွင် ရွှေနဂါးဘဏ်တိုက်အင်အားစုကို ပုတ်ခတ်စော်ကားဝံ့သူမရှိပေ....ရွှေနဂါးဘဏ်တိုက်လို ချမ်းသာကြွယ်ဝသော အင်အားစုမျိုးနှင့် မည်သူမျှ ရန်သူမဖြစ်လိုကြပေ။
မည်သို့ပင်ဆိုစေ လီလော့သည် လော့လန်အိမ်တော်၏ အိမ်တော်သခင်တစ်ပါးဖြစ်သည့်အပြင် လီလော့၏ တည်ရှိမှုအား မေးခွန်းထုတ်ဝံ့သူမရှိပေ။
ထို့ကြောင့် ချိူင်ဝေ၏ ဖိတ်ခေါ်မှုကို လီလော့ ငြင်းရန် အကြောင်းမရှိပေ။ ရွှေနဂါးဘဏ်တိုက်နဲ့ မြန်မြန်ဆန်ဆန် သဘောတူချက်ရယူပြီး ပိုက်ဆံရှာနိုင်မှသာ သူရဲ့ အဆုံးမဲ့သော ငွေတွင်းကြီးကို ဖို့နိုင်ပေလိမ့်မည်။
" ဒါဆိုလဲ သွားကြရအောင်...."
လီလော့ စားပွဲပေါ်က သေတ္တာကို ယူလိုက်ပြီး ချိုင်ဝေ့ကို လှမ်းပြောလိုက်လေ၏။
.......... ............. .......... ........
ပြိုးပြိုးပြက်ပြက်တောက်ပနေသော ရွှေနဂါးဘဏ်တိုက် အဆောက်အအုံကြီးသည် မြို့လယ်ခေါင်တွင်တည်ရှိနေပြီး လူစည်ကားလျှက်ရှိသည်။
လီလော့တို့ ဘဏ်တိုက်ထဲသို့ ရောက်သွားသောအခါ အမျိုးသမီးတစ်ဉီးရောက်လာပြီး ကြိုဆိုခဲ့သည်။ ဉက္ကဌလုကို လာရှာမှန်းသိသောအခါ အခြားဧည့်သည်များနှင့်တွေ့ဆုံနေသဖြင့် ခတ္တစောင့်ဆိုင်းရမည်ဟု ရှင်းပြပေးခဲ့သည်။
ထို့ကြောင့် လီလော့တို့နှစ်ယောက်သား စောင့်ဆိုင်းနေခဲ့ကြသည်။
လီလော့ ထိုင်နေရင်းကနေ ကြမ်းပြင်ပေါ်က ကျောက်ပြားများကို ငေးကြည့်နေတုန်း သွယ်လျသော ခြေတစ်စုံက လီလော့၏ မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။
မော့ကြည့်လိုက်သောအခါ သူ့ရှေ့တွင်ရပ်နေသော လုချင်းအာကို မြင်လိုက်ရသည်။
အနက်ရောင်စကတ်အတိုလေးကို ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံနွယ်ရှည်များကို ဖားလျားချသော သူမသည် နတ်သမီးတစ်ပါးအတိုင်း လှပနေ၏။
" သခင်လေးက ဒီကို ဘာကိစ္စများရှိလို့ရောက်နေတာလဲ....."
" ငါ ဉက္ကဌလုနဲ့ အလုပ်ကိစ္စဆွေးနွေးစရာရှိလို့ စောင့်နေတာ....."
လုချင်းအာက လီလော့ လက်ထဲက သေတ္တာကို ကြည့်လိုက်ပြီး မေးခွန်း ထပ်ထုတ်လိုက်ပြန်သည်။
" ဒါတွေက အဆင့်တစ် ဝိဉာဉ်ရည်တွေလား...."
ရွှေနဂါးဘဏ်တိုက်နှင့်ပတ်သတ်သမျှတိုင်းကို သိနေသူဖြစ်သောကြောင့် အဆင့်တစ် ဝိဉာဉ်ရည် ဝယ်ယူစုဆောင်းနေကြောင်းကိုလည်း သူမ သိထားပြီးဖြစ်သည်။
လီလော့ကတော့ ခေါင်းညိတ်ပြလိုက်လေသည်။
" ဒီလို ရိုးရှင်းတဲ့ ကိစ္စလေးအတွက် သခင်လေးကိုယ်တိုင် လိုက်လာဖို့ လိုလို့လား...."
ဒါတွေဟာ အဆင့်တစ် ဝိဉာဉ်ရည်များသာဖြစ်ပြီး လော့လန်အိမ်တော်အတွက်ဖြစ်စေ ရွှေနဂါးဘဏ်တိုက်အတွက်ဖြစ်စေ ဤမျှလောက်သော ငွေပမာဏသည် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာပင်....
လီလော့က ခေါင်းထပ်ညိတ်ပြလိုက်ပြီး အသံတိုးတိုးဖြင့်.....
" ဆင်းရဲမွဲတေနေတဲ့ သခင်လေးတစ်ယောက်ရဲ့ ဒုက္ခကို မင်း နားလည်နိုင်မှာမဟုတ်ပါဘူး....."
လုချင်းအာ ရယ်မောလိုက်ပြီး လီလော့ဘေးက အလှလေးကို ကြည့်လိုက်ပြီး.....
" အစ်မချိုင်ဝေ သိပ်ကို ကျက်သရေရှိပြီး လှလိုက်တာ...လော့လန်အိမ်တော်ရဲ့ မန်နေဂျာတစ်ယောက်ဖြစ်ဖို့ ဒီလို တင်းကြပ်တဲ့ စည်းမျဉ်းတွေ လိုအပ်တယ်ပေါ့....."
ချိုင်ဝေကလည်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး.....
"ညီမလေးလဲ လှတာပါပဲ....နန်ဖန်းမှာဆို ညီမလေးကို ပိုးပန်းနေသူတွေ အရမ်းများတယ်ဆိုပဲ..အဲ့ထဲမှာ အစ်မတို့ရဲ့ သခင်လေးရော ပါနေသေးလား...."
" ဘာလို့ ကျွန်တော့်ကို ဆွဲထည့်နေတာလဲ...."
လီလော့ အရှက်ပြေ ချောင်းဟန့်ပြနေရသည်။
" ကျွန်မနဲ့အတူ ဒုတိယဉီးလေးကို သွားရှာကြမယ်လေ...အခု သူက စုန်မိသားနဲ့ ဆွေးနွေးနေတယ်... ရွှေနဂါးဘဏ်တိုက်က အဆင့်တစ် ဝိဉာဉ်ရည်နဲ့သန့်စင်တဲ့အလင်းတွေ ဝယ်နေတယ်ကြားလို့ စုန်မိသားစုက သူတို့ရဲ့ အံ့ဖွယ်နေရောင်ခြည်ဝိဉာဉ်ရည်နဲ့ ကျွန်မတို့ဆီ ချဉ်းကပ်လာကြတာ....."
လီလော့နှင့် ချိုင်ဝေတို့ အကြည့်ချင်းဖလှယ် လိုက်ကြသည်။ မမျှော်လင့်ဘဲ စုန်မိသားစုက သူတို့နှင့် အတွေးချင်းတူနေကြသည်။စုန်မိသားစုသည်လည်း နုံအသူများ မဟုတ်ကြပေ....ရွှေနဂါးဘဏ်တိုက်၏ဂုဏ်ပုဒ်ကိုသုံးပြီး သူတို့၏ ထုတ်ကုန်များကို နာမည်ကြီးအောင် ပြုလုပ်ချင်နေကြသည်။
" နှောက်ယှက်သလို ဖြစ်နေမှာပေါ့...."
လီလော့ရဲ့ လေသံက ရှက်ရွံ့နေသော်လည်း လူကတော့ဖြင့် မတ်တပ်ထရပ်ပြီးနေလေပြီ.....
" ဆုံးဖြတ်ချက်မှ မချရသေးတာ....ထင်းရှုးစံအိမ်ရဲ့အံဖွယ်နေရောင်ခြည် ဝိဉာဉ်ရည်အကြောင်း ရှင်လည်း သိပြီးလောက်မှာပါ...ကျွန်မက ခေါ်သွားပေးပေမယ့် ဒုတိယဉီးလေး စိတ်ပြောင်းသွားအောင် ရှင့်ဘာသာရှင်ကြိုးစားရမယ်နော်...."
" လီလော့ဆိုတဲ့ငါ့မှာ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေရှိပြီးသား...အဲ့တော့ ဘယ်သူ့ အချိတ်အဆက်ကိုမှ အကူအညီမယူမှာမဟုတ်ဘူး....."
လီလောက သူရဲကောင်းဆန်ဆန် ကြေငြာလိုက်သည်။
လုချင်းအာက သက်ပြင်းခပ်ပါးပါးချလိုက်ပြီး လီလော့ကို ဘာမှထပ်မပြောတော့ဘဲ လီလော့တို့ကို အထူးသီးသန့်အခန်းတစ်ခုဆီ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
ထိုအခန်းရှေ့ရောက်သောအခါ အခန်းထဲမှထွက်လာသူကို ကြည့်ပြီး လီလော့ အံ့သြသွားခဲ့သည်။
" စုန်ယွမ်ဖန်....."
စုန်ယွယန်ဖန်ကလည်း လီလော့ကိုမြင်လိုက်သည့်အတွက် အံ့သြနေပုံရပြီး လုချင်းအာ ဘက်သို့လှည့်ကာ.....
" ချင်းအာ....မင်းဘာလို့ သူ့ကိုခေါ်လာတာလဲ...."
" လီလော့က ဒုတိယဉီးလေးနဲ့ တွေ့ချင်ဆိုလို့ ခေါ်လာပေးတာ...."
လုချင်းအာက စုန်ယွမ်ဖန်ကို ခပ်တင်းတင်းအမူအရာဖြင့်ပြန်ဖြေလိုက်သည်။
လီလော့ လုချင်းအာ၏ လှပသော မျက်နှာလေးကို တစ်ချက်ကြည့်လိုက်ပြီး....
// မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ညာနိုင်တယ်ဆိုတော့ သရုပ်ဆောင်နိုင်စွမ်းကအံ့မခန်းဘဲ....//
လိမ်ညာနေမှန်း သိသော်လည်း စုန်ယွမ်ဖန်ညထုတ်မပြောဝံ့ပေ....ထို့အပြင် ရွှေနဂါးဘဏ်တိုက်သည် စုန်မိသားစု၏ ပိုင်နက်မဟုတ်သောကြောင့် ဒေါသကိုသာ အနိုင်နိုင်မြိုချနေရသည်။
နောက်ဆုံးမှတော့ လုချင်းအာ သူ့ဘေးကနေ ဖြတ်လျှောက်သွားသည်ကို ကြည့်နေခဲ့ရပြီး လီလော့လက်ထဲက သေတ္တာကို မြင်လိုက်သည့်အခါ.....
"အချိန်ဖြုန်းမနေနဲ့....မင်းတို့ ရှီးယန်စံအိမ်က ငါတို့ ထင်းရှုးစံအိမ်ကို ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး...."
လီလော့က ရယ်မောလိုက်ပြီး....
" ပြိုင်ပွဲတုန်းကလည်း အဲ့လို လေကြီးမိုးကြီးတွေ ပြောပြီး ဘယ်လို အဆုံးသတ်ခဲ့ရတယ်ဆိုတာ မှတ်မိသေးရဲ့လား...."
စုန်ယွမ်ဖန်၏ မောက်မာမှုများ ကွယ်ပျောက်သွားပြီး မျက်နှာက ဒေါသကြောင့်စိမ်းပြာနေလေပြီ.....လီလော့ကို အကြည့်များဖြင့် သတ်ပစ်နိုင်မည်ဆိုပါက အခုနေဆို အပိုင်းပိုင်းအစစဖြစ်နေလောက်ပြီ.....
တစ်ဖက်မှာတော့ လီလော့က သူ့ကို လျစ်လျူရှုပြီး ချိုင်ဝေနှင့်အတူ အခန်းထဲသို့ဝင်သွားခဲ့လေပြီ.....