ထင်ရှုးစံအိမ်ကို ခြုံခိုတိုက်ခိုက်ခြင်း......
Vol. 3 Ch. 40
မီးအိမ်များ ထွန်းညှိထားသောကြောင့် အခန်းတစ်ခုလုံး လင်းထိန်နေ၏။
ဉက္ကဌလုက ပြုံးရွှင်သော မျက်နှာထားဖြင့် ထိုင်နေပြီး သူ့ဘေးနားတွင် သက်လတ်ပိုင်း လူတစ်ဉီးရှိနေသည်။
ထိုသူသည် စုန်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ စုန်ရှန်း သာပင်.....
လုချင်းအာ လီလော့နှင့် ချ်ိုင်ဝေတို့ကို အခန်းထဲခေါ်လာချိန်တွင် စုန်ရှန်းတို့ဆွေးနွေးနေဆဲဖြစ်သောကြောင့် အံ့အားသင့်ကုန်ကြသည်။
သို့သော် ချိုင်ဝေနှင့် လီလော့တို့ကို မြင်လိုက်သာ့်အခါ မျက်နှာပေါ်က အပြုံးများ တမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။
ဉက္ကဌလုလည်း အံ့သြသွားပေမယ့် လုချင်းအာက ဉက္ကဌလုထက် အရင် ကြိုပြောလိုက်သည်။
"လော့လန်အိမ်တော်ကလူတွေရောက်ပါပြီ....."
တူမဖြစ်သူ၏ အပြောနှင့်အကြည့်တို့ကြောင့် ဉက္ကဌ မဲ့ရွဲ့မိတော့မလိုပင်ဖြစ်ခဲ့ရသည်။သို့သော်လည်း လူကြီးပီပီ အမူအရာထိန်းကာ.....
"ရောက်လာပြီဆိုမှတော့ ဘာလို့ မထိုင်ကြသေးတာလဲ....."
စုန်ရှန်က လက်ထဲက လက်ဖက်ရည်ခွက်ကို အားမပါ့တပါ့ဖြင့် စားပွဲပေါ်ချလိုက်ပြီး မျက်မှောင်ကြုံ့နေလေ၏။
"ဘာတွေ ဖြစ်နေတယ်ဆိုတာ ရှင်းပြပါဉီး ဉက္ကဌလု.... "
ဉက္ကဌလုက ပြုံးလိုက်ပြီး.....
"အတွေးမလွန်ပါနဲ့ဉီး စုန်လူကြီးမင်းရယ်....ကျုပ်တို့ ရွှေနဂါးဘဏ်တိုက်က ကြွယ်ဝချမ်းသာတယ် ပြီးတော့ အရည်အသွေးကောင်းတာတွေကိုပဲ ရောင်းဝယ်ဖောက်ကားတယ်....အဆင့်တစ် ဝိဉာဉ်ရည်နှင့် သန့်စင်တဲ့အလင်းတွေက အဆင့်နိမ့်တယ်ဆိုပေမယ့်လည်း ကျုပ်တို့က အကောင်းဆုံး အရည်အသွေးရှိတဲ့ ထုတ်ကုန်တွေကိုပဲ လိုချင်တယ်...ဒီလိုမှမဟုတ်ရင် ကျုပ်တို့ နာမည်ပျက်ကုန်မှာပေါ့....အဲ့တော့ ကျုပ်တို့တွေ နောင်ဆုံးဆုံးဖြတ်ချက်ချမယ့်အခါ သေချာစဉ်းစားဖို့လိုတယ်...."
ချိုင်ဝေနဲ့ လီလော့တို့က ခုံမှာ ဝင်ထိုင်လိုက်ပြီး.....
" ဉက္ကဌလုက ဉာဏ်ပညာကြီးမြတ်ပါပေတယ်..."
စုန်ရှန်၏အမူအရာများသည် ရေအေးတစ်ပုံးလောင်းချခံလိုက်ရသည့်နှယ် အေးစက်သွားလေသည်။သူက လီလော့တို့ကို မထူးမခြားနားသော အကြည့်တွေနဲ့ တစ်ချက်ကြည့်လိုက်ပြီး လက်ထဲက လက်ဖက်ရည်ချက်ကို ကစားနေသည်။
"ရှီးယန်ရဲ့ မိုးပြာကျောက်စိမ်းက ကျုပ်တို့ ထင်းရှုးစံအိမ်ရဲ့ အံ့ဖွယ်နေရောင်ခြည်ကို မှီနိုင်မှာမဟုတ်တဲ့အတွက် ဉက္ကဌလု အချိန်ကုန်ခံမနေပါနဲ့....စျေးကွက်ထဲမှာဆိုလည်း သူတို့ဘက်က ရောင်းအားအတော်ကျနေပြီဆိုတာ ဉက္ကဌလုလည်း သိပြီးသားဖြစ်မှာပါ...ထျန်ရှုတစ်ခွင်မှာ ကျုပ်တို့ အံ့ဖွယ်နေရောင်ခြည်ထက်သာတဲ့ အဆင့်တစ် ဝိဉာဉ်ရည်မျိုး ဘယ်သူမှ ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး....အကယ်၍ ဉက္ကဌလု ဘက်က ရှီးယန်ကို ပိုကောင်းတဲ့ ရွေးချယ်မှုအဖြစ် သတ်မှတ်ချင်တယ်ဆိုလည်း ပြောပါ...ကျုပ်တို့ ထင်းရှုးစံအိမ်က ဒီပြိုင်ပွဲကနေ ချက်ချင်းနှုတ်ထွက်ပေးမှာပါ....."
စုန်ရှန်းသည် ရဲရင့်သူတစ်ဉီးဖြစ်သည်။ သူ့စကားများသည် မတင်းမာသလို ပျော့ပြောင်းမနေခဲ့ပေ.....
တင်းမာနေသော အခြေနေကို ဉက္ကဌလု လျှော့ချနိူင်ရန် ကြိုးစားနေရသည်။
"ကျေးဇူးပြုပြီး စိတ်မဆိုးလိုက်ပါနဲ့ဉီး....ခင်ဗျားတို့ရဲ့ အံ့ဖွယ်နေရောင်ခြည်က အရည်အသွေးမြင့်မှန်း ကျုပ်သိပါတယ်...ဒါပေမယ့် တစ်ဖက်ကိုလည်း မျှမျှတတအခွင့်ပေးသင့်တယ်မဟုတ်လား....နောက်ဆုံး ခင်ဗျားတို့ကို ရွေးချယ်ဖြစ်ခဲ့မယ်ဆို ကျုပ် ခင်ဗျားတို့ ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ်....."
ထိုစကားကြောင့် စုန်ရှန် မျက်နှာကြော လျှော့လိုက်ပေမယ့်လည်း လီလော့နဲ့ ချိုင်ဝေတို့ဘက်လှည့်ကာ လှောင်ပြောင်လိုသော အပြုံးမျိုးဖြင့် ပြုံးပြနေ၏။
အချိန်အတော်ကြာသည်အထိ ဉက္ကဌရာထူး လစ်လပ်နေသော ရှီးယန်၏ အတွင်းရေးပြသာနာများကို စုန်ရှန် သိထားပြီးဖြစ်သည်။ယန်လင်းချီနှင့် ဇောင်ရီတို့၏ အတွင်းကြိတ်ပြိုင်ဆိုင်မှုများကြောင့် ရှီးယန်၏ အတွင်းရေး မငြိမ်မသက်ဖြစ်နေခဲ့သည်။နောက်ဆုံးမှာတော့ လီလော့ကိုယ်တိုင် ရွေနဂါးဘဏ်တိုက်ကို ရောက်လာပြီး ထင်းရှုးစံအိမ်နဲ့ ယှဉ်ပြိုင်ရန် ကြိုးစားနေသည်။
// ဒီကောင် ကောင်းကင်ဘယ်လောက်မြင့်မှန်း နားမလည်သေးဘူးပဲ....အိမ်တော်သခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်နေတယ်လို့များ ထင်နေတာလား...//
စုန်ရှန်ဘေးမှာ ထိုင်နေတဲ့ စုန်ယွမ်ဖန်က ဖြစ်ပျက်နေသမျှကို မျက်နှာသေနဲ့သာ ထိုင်ကြည့်နေလေ၏။
လုချင်းအာကတော့ ဉက္ကဌလုဘေးမှာ မတ်တပ်ရပ်နေပြီး သူမ၏ နုပျိုလှပေသော အသွင်သဏ္ဍာန်သည် ချိုင်ဝေ၏ ရင့်ကျက်သော အလှတရားတို့နှင့် တနည်းတဖုံကွဲပြားစွာ လှပနေသည်။
ကံမကောင်းစွာနဲ့ပဲ လုချင်းအာ၏ အကြည့်များထဲတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များရှိနေခဲ့သည်။လီလော့ ယူလာသော ဝိဉာဉ်ရည်များသည် နှိုင်းယှဉ်ရလောက်သည်အထိ အရည်အသွေးမပြည့်မှီပါက သူမ၏ ဒုတိယဉီးလေးသည် ရှီးယန်စံအိမ်ကို ရွေးချယ်လိမ့်မည်မဟုတ်ပေ.....
ထို့အပြင် စုန်ရှန်းတို့သားအဖဆီကလည်း ပြစ်တင်ရှုံ့ချမှုများကို ခံစားရပေမည်။
ထိုအချိန်တွင် ဉက္ကဌလုက လီလော့တို့ကို ကြည့်လိုက်ပြီး.....
"ရွှေနဂါးဘဏ်တိုက်ဘက်က လိုချင်တဲ့ စံနှုန်းကို မင်းတို့လည်း သိသင့်ပါတယ်...ကျုပ်တို့ကအနည်းဆုံး သန့်စင်မှု 55% ရှိတာမျိုးပဲ လိုချင်တယ်...ဒီ့ထက်နည်းတာမျိုးကို စိတ်မဝင်စားဘူး...."
ချိုင်ဝေက ယုံကြည်မှုရှိသော အပြုံးမျိုးဖြင့်....
" ဉက္ကဌလု.....ထင်းရှုးစံအိမ်ရဲ့ အံ့ဖွယ်နေရောင်ခြည်က သန့်စင်မှု 56% နီးပါး ရှိတယ်မဟုတ်လား...."
" 56% နီးပါး....ဟုတ်လား...."
စုန်ရှန်း၏ အမူအရာများ တွန့်ချိုးသွားပြီး ချိုင်ဝေ၏ အမေးကို ပြန်ဖြေလိုက်သည်။
"မန်နေဂျာချိုင်ဝေက သိပ်ကို မောက်မာတာပဲ...ခင်ဗျားတို့ရဲ့ မိုးပြာကျောက်စိမ်းက သန့်စင်မှု 52%ပဲရှိတာမဟုတ်လား...."
" ဟုတ်တယ်....စုန်မိသားစုရဲ့ ခေါင်းဆောင်တစ်ဉီးဖြစ်ပြီး ဒီသတင်းတွေက ခေါတ်နောက်ကျသွားပြီဆိုတာ သိသင့်ပါတယ်...."
ချိုင်ဝေ ထိုသို့ လှောင်ပြောင်လိုက်သည့်အခါ လီလော့က လက်ထဲက သေတ္တာကို စားပွဲပေါ်တင်လိုက်ပြီး သေတ္တာထဲက ပုလင်းလေးဆယ်ကို ထုတ်ပြလိုက်သည်။
" ဉက္ကဌလုကို ကျွန်မတို့ ရှီးယန်ရဲ့ ထုတ်ကုန်အသစ်နဲ့ မိတ်ဆက်ပေးပါရစေ....ဒါက အဆင့်မြှင့်ထားတဲ့ မိုးပြာကျောက်စိမ်း ဝိဉာဉ်ရည်ပါ....သူ့ရဲ့ သန့်စင်မှုက 60% ပါရှင်....."
" 60% ???"
စုန်ရှန်းရော ဉက္ကဌလုပါ ကြားကြားချင်း အံ့သြသွားကြပေမယ့် အပြုံးတွေက တဖြည်းဖြည်း အေးစက်လာခဲ့သည်။
ဉက္ကဌလု လက်ဝှေ့ယမ်းလိုက်သည့်အခါ သန့်စင်မှုစမ်းသပ်သည့်အပ်တစ်ချောင်း လက်ထဲမှာ ပေါ်လာခဲ့ပြီး ပုလင်းထဲသို့ နှစ်လိုက်သောအခါ 60% ဟူသော ရလဒ်ထွက်ပေါ်လာခဲ့သည်။
" တကယ်ပဲ 60% တောင်သန့်စင်တာလား...."
ဉက္ကဌလုက ထိုသို့ တအံ့တသြရေရွတ်လိုက်သောအခါ စုန်ရှန်းက မထူးမခြားနားသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
" ရှီးယန်က လှည့်ကွက်တွေသုံးတဲ့နေရာမှာ တကယ်ထူးချွန်တာပဲ....ဒီနေရာမှာ မေးစရာတစ်ခုရှိတယ်....ဒါကို အဆင့်သုံး ဒါမှမဟုတ် အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူ သန့်စင်ထားတာလား....ဒါမှမဟုတ် ရှီးယန်မှာရှိတဲ့ အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူ နှစ်ယောက်တည်းက တစ်ယောက်ယောက် သန့်စင်ထားတာပဲဖြစ်ရမယ်...."
ဉက္ကဌလုလည်း ထိုစကားကြောင့် သေချာစဉ်းစားကြည့်လိုက်မိသည်။ အဆင့်တစ် ဝိဉာဉ်ရည်သည် အဆင့်နိမ့်သော ထုတ်ကုန်ဖြစ်သည်။အကယ်၍ အဆင့်သုံး သို့မဟုတ် အဆင့်လေး ပဲ့တင်ထပ်သံပြုပြင်သူတွေသာ သန့်စင်လိုက်ပါက 60% ဟူသည် ခက်ခဲသော အရာမဟုတ်တော့ပေ။သို့သော်လည်း ထိုသို့ ပြုလုပ်ခြင်းသည် ပညာရှင်၏ အရည်အချင်းကိုရော အချိန်ကိုပါ ဖြုန်တီးသလို ဖြစ်နေသည့်အတွက် ရှီးယန်အတွက် ထိခိုက်နစ်နာပေလိမ့်မည်။
အကယ်၍ ထိုပညာရှင်များသာ အဆင့်တစ် ဝိဉာဉ်ရည် ထုတ်လုပ်မည့်အစား အရည်အချင်းနှင့် ကိုက်ညီသော အဆင့်သုံး ဝိဉာဉ်ရည်များကို ထုတ်လုပ်ပါ အမြတ်အစွန်း ပိုရနိုင်မည် မဟုတ်ပေလော.....
စုန်ရှန်၏ စကားများထဲတွင် ကွယ်ဝှက်ထားသော အဓိပ္ပါယ်များ ရှိနေခဲ့သည်။ ရှီးယန်သည် အောင်မြင်ဖို့အတွက် မည်သည့်အရာကို မဆို လုပ်နိုင်သည်။ သန့်စင်မှု မြင့်မားသော ဝိဉာဉ်ရည်ထုတ်လုပ်နိုင်ရန် အဆင့်သုံး ပညာရှင်များကို အဆင့်တစ် ဝိဉာဉ်ရည်များပင် သန့်စင်ခိုင်းခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဉက္ကဌလုက လီလော့တို့ကို ကြည့်လိုက်ပြီး...
"သခင်လေး..ကျုပ်တို့ ရွှေနဂါးဘဏ်တိုက်က ဒါမျိုးကို တစ်သုတ်တည်း လိုချင်တာမဟုတ်မှန်း နားလည်ရဲ့လား....အမှာစာတွေ ရှိနေသ၍ ဒါမျိုး ထုတ်ကုန်တွေ ရောင်းမပေးနိုင်ဘူးဆို ကျုပ်တို့အတွင် အဆင်ပြေမှာမဟုတ်ဘူး....."
စုန်ရှန်းက အေးရာအေးကြောင်း ရေနွေးသောက်နေခဲ့သည်။ ရှီးယန်ဘက်က ထိုသို့သော အရည်အသွေးရှိသည့် ထုတ်ကုန်များကို အမြဲတစေ ထုတ်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။အကယ်၍ အဆင့်သုံး ပညာရှင်များကို ထိုသို့သော အဆင့်နိမ် ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုမည်ဆိုပါက ရှီးယန်စံအိမ်သည် ရူးမိုက်သော လုပ်ရပ်များကြောင့် မလွဲမသွေ ပြိုကွဲရမည်သာ......
လီလော့က ဉက္ကဌလု၏ မွေးခွန်းထုတ်လိုသောအကြည့်များနှင့် ရင်ဆိုင်နေရသော်လည်း တည်ငြိမ်နေဆဲပင်.....
"ဉက္ကဌလု စိတ်ချထားပါ...လော့လန်အိမ်တော်က လုပ်ငန်းကြီးတွေ လုပ်ကိုင်နေတဲ့ အိမ်တော်တစ်ခုဖြစ်တဲ့အတွက် အကျိုးအမြတ်နည်းနည်းရဖို့ ဒီလို ရူးမိုက်တဲ့လုပ်ရပ်တွေ မလုပ်ပါဘူးဗျာ....အကယ်၍ ဉက္ကဌလုတို့သာ ဝယ်ယူမယ်ဆို ကျွန်တော်တို့ ရှီးယန်က သန့်စင်မှု 60% ထက်မနည်းတဲ့ ထုန်ကုန်တွေပဲ ပို့ပေးမှာပါ....တကယ်တော့ ရှီးယန်က အဆင့်တစ် ဝိဉာဉ်ရည်ကို အဆင့်မြှင့်ထားတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်တွေပဲ ရောင်းချတော့မှာပါ....."
လီလော့၏ တည်ငြိမ်နေသော အမူအရာကြောင့် ဉက္ကဌလုရဲ့ နှလုံးသားတွေ ကဆုန်စိုင်းနေခဲ့လေပြီ....
//ဒါဆို ရှီးယန်က အဆင့်သုံး ပညာရှင်တွေ မသုံးဘဲ အဆင့်မြှင့်ထားတဲ့ အဆင့်တစ် ဝိဉာဉ်ရည်တွေ ထုတ်လုပ်နိုင်နေပြီလား...ဒါ့ကြောင့်မို့လဲ လီလော့က အာမခံချက်တွေပေးနေတာလား....//
ဉက္ကဌလုတစ်ဉီးတည်း တုန်လှုပ်နေခြင်းမဟုတ်ခဲ့ပေ....စုန်ရှန်းတို့ သားအဖသည်လည်း လီလော့၏ တည်ငြိမ်သော အမူအရာ၊ ယုံကြည်ချက်ရှိသော အပြောတို့ကြောင့် တုန်လှုပ်နေခဲ့ကြသည်။ လီလော့၏ စကားများသည် ယုံကြည်မှုလွန်ကဲနေသည်ဟုထင်ရသော်လည်း အမှန်တိုင်းပြောနေမှန်း သိသားလွန်းနေသည်။
စုန်ရှန်း ကိုယ်တိုင်ပင် " ရှီးယန်က မိုးပြာကျောက်စိမ်းကို တကယ်ပဲ အဆင့်မြှင့်နိုင်လိုက်ပြီလား..."ဟူ၍ မေးခွန်းထုတ်နေခဲ့မိသည်။
//ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ........လွန်ခဲ့တဲ့ လဝက်လောက်ကထိ ရှီးယန်က ထုတ်တဲ့ မိုးပြာကျောက်စိမ်းတွေက သန့်စင်မှု 52% ပဲရှိသေးတာ....ဘယ်လိုဖြစ်လို့ လဝက်အတွင်း ရုတ်တရက်ကြီး အဆင့်မြှင့်နိုင်လိုက်တာလဲ...တကယ်မဟုတ်ဘဲနဲ့တော့ အဆင့်မြှင့်ထားတဲ့ ထုတ်ကုန်တွေကို ရေရှည်ထုတ်ပေးမယ်လို့ ကြေငြာလိုက်မှာမဟုတ်ဘူး....//
တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့ပေမယ့်လည်း လုချင်းအာ၏ အကြည့်များသည် စားပွဲပေါ်က ဝိဉာဉ်ရည် ပုလင်းများတွင်သာ ကပ်ငြိနေခဲ့သည်။ သူမသည်လည်း အခြားသူများ နည်းတူ အံ့အားသင့်နေခဲ့ပြီး ထိုကိစ္စသည် လီလော့နှင့် တနည်းတဖုံ သက်ဆိုင်နေကြောင်း ပြင်းပြင်းထန်ထန် ယုံကြည်နေမိသည်။
ဉက္ကဌလုက လက်ထဲမှာ ရှိတဲ့ ဝိဉာဉ်ရည်ပုလင်းကို ကြည့်ပြီး လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ တခဏအကြာတွင် စုန်ရှန်းကို ပြုံးပြလိုက်ပြီး.....
" စုန်အကြီးအကဲ.....ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ မဖြစ်နိုင်တော့ဘူး...."
စုန်ရှန်းက ဒေါသထွက်ရမည့်အစား လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးပြနေခဲ့သည်။
"အနာဂတ်မှာ ပူးပေါင်းဖို့ အခွင့်ရေးတွေရှိလာနိုင်တာပဲလေ...အခုတော့ ဉက္ကဌလုက ဆုံးဖြတ်ပြီးပြီးပြီဆိုတော့ ကျုပ်တို့ ပြန်ရတော့မှာပေါ့....ဟား...ဟား...ရှီးယန်က ကုန်ပစ္စည်းတွေမှာ ပြသာနာရှိလာရင် ကျုပ်တို့ ထင်းရှူးစံအိမ်ဆီလာဖို့ မမေ့ပါနဲ့...."
စုန်ရှန်းသည် မိသားစုခေါင်းဆောင် ပီပီ ဂုဏ်သိက္ခာထိန်းလိုက်ပြီး ခြုံခိုတိုက်ခိုက်ခဲ့သော လီလော့ကိုပင် ပြုံးပြနေသေးသည်။
"အိမ်တော်သခင်လေးက ငယ်ရွယ်ပေမယ့် အရည်အချင်းရှိသားပဲ....ကျုပ်သားနဲ့ သရေပွဲရလဒ်ဖြစ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကြားထားတယ်....လော့လန်အိမ်တော်ကတော့ သခင်လေးရဲ့ လက်ထက်မှာ အကန့်အသတ်မဲ့ အောင်မြင်နိုင်မယ်လို့ ယုံကြည်မိပါရဲ့....."
လီလော့ကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ဖြေခဲ့သည်။
"ကံကောင်းသွားလို့ပါဗျာ....."
စုန်ရှန်းက ပြုံးရုံသာ ပြုံးပြလိုက်ပြီး စုန်ယွမ်ဖန်ကို ခေါ်ကာ ထွက်ခွာသွားလေတော့သည်။
စုန်သားအဖ မရှိတော့သည့်အခါ ဉက္ကဌလုက လီလော့ကို အားရပါးရပြုံးပြလိုက်ပြီး.....
"သခင်လေးရဲ့ ဗလာနန်းတော် ပြသာနာကို ဖြေရှင်းနိုင်လိုက်ပြီဆိုတာ ချင်းအာပြောလို့ သိထားပြီးပြီ....တကယ်ကို ဂုဏ်ပြုသင့်တဲ့ကိစ္စကြီးပဲ.....ကျုပ်တို့ မိုးပြာကျောက်စိမ်းရောင်းဝယ်ရေးအတွက် သဘောတူစာချုပ် အရင်ချုပ်ဆိုကြရအောင်...."
ထိုအခါ ချိုင်ဝေ ရှေ့ထွက်လာပြီး ဉက္ကဌလုနှင့်အတူ စာချုပ်အတွက် စတင်ဆွေးနွေးခဲ့ကြသည်။ချိုင်ဝေတို့ အလုပ်များနေသည့်အချိန်တွင် လုချင်းအာတစ်ယောက် လီလော့နားကို ရောက်လာခဲ့သည်။
" ဂုဏ်ယူပါတယ်...."
" ငါကသာ နင့်က်ို ကျေးဇူးတင်ရမှာပါ...နင့်ကြောင့်သာမဟုတ်ရင် ပွဲပျက်သွားနိုင်တယ်...."
လီလော့ စိတ်ရင်းနဲ့ပြောလိုက်ခြင်းဖြစ်သည်။လုချင်းအာသာ မကူညီခဲ့ပါက စုန်မိသားစုသည် ရွှေနဂါးဘဏ်တိုက်နှင့် အရောင်းအဝယ်စားချုပ် ချုပ်ဆိုပြီးနေလောက်ပြီ...ထို့သို့ဖြစ်လာပါက အခြေနေများ ပိုမိုရှုပ်ထွေးလာနိုင်သည်။
လုချင်းအာက လက်ခါပြလိုက်ပြီး....
"ဘာပဲဖြစ်ဖြစ် နင် ဒီ့ထက်ပိုပြီး ကြိုးစားရမယ်နော်....နှစ်ကုန်စာမေးပွဲကိုလည်း မေ့မနေနဲ့ဉီး...ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဝင်ခွင့်နဲ့သာ လွဲချော်သွားရင် တသက်လုံးနောင်တရစရာတွေ ဖြစ်လာလိမ့်မယ်...."
လုချင်းအာ၏ အပြောကို လီလော့က ခေါင်းညိတ်ထောက်ခံ လိုက်သည်။
" နင် ဒီရက်ပိုင်းအားလား...အားရင် ငါနဲ့အတူ လေ့ကျင်ပေးပါလား.....ငါ့မှာ အတူလေ့ကျင့်ပေးမယ့်သူမရှိလို့ပါ..."
လုချင်းအာက ရုတ်တရက်ကြီး ကောက်ကာငင်ကာ ထမေးလိုက်သည်။
" နင်က ငါ့ကို လူသားသဲအိတ်လုပ်ခိုင်းမလို့လား...မဖြစ်ဘူး...မဖြစ်ဘူး...."
လီလော့ အသည်းအသန် ငြင်းလိုက်သည့်အခါ လုချင်းအာက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အခန်းထဲက ထွက်သွားလေတော့သည်။
.......... ........... ......... ......... ...........
ရွှေနဂါးဘဏ်တိုက် အပြင်ဘက် စုန်မိသားစုပိုင် ရထားလုံးပေါ်တွင်........
ဘယ်သူမှ မရှိတော့သောအခါ စုန်ရှန်၏ မျက်နှာသည် အတော်ပင် မှုန်မှိုင်းနေလေပြီ....
မကြာသေးမှီကပင် ရှီးယန်သည် ထင်းရှုးစံအိမ်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ သို့သော် ဖိနှိပ်ခံနေရသည့် ကြားကနေ အခုလို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြင်းသည် မျက်နှာဖြတ်ရိုက်ခံရသလို ဖြစ်နေလေသည်။
ရွှေနဂါးဘဏ်တိုက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် သိသိသာသာ အကျိုးအမြတ်မရနိုင်သော်လည်း အဓိကအချက်မှာ အံ့ဖွယ်နေရောင်ခြည်၏ ဂုဏ်သတင်းကို မြှင့်တင်ပေးမည့်အချက်ပင်ဖြစ်သည်။ ၎င်းသည် ထျန်ရှု ပြည်နယ်၏ အဆင့်တစ် ဝိညာဉ်ရည် စျေးကွက်တွင် ထင်းရှုးစံအိမ်၏နာမည်ဂုဏ်သတင်းကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။
သို့သော်လည်း စီစဉ်ထားသမျှ လီလော့ကြောင့် ပျက်စီးကုန်လေပြီ......
" အဖေ....ရှီးယန်က တကယ်ပဲ 60% သန့်စင်တဲ့ အဆင့်တစ် ဝိဉာဉ်ရည်တွေ ထုတ်လုပ်နိုင်မှာလား...."
စုန်ယွမ်ဖန် မနေနိုင်တော့တာကြောင့် ထုတ်မေးလိုက်သည်။
" ငါတို့ အချိန်ယူပြီး စောင့်ကြည့်မှဖြစ်မယ်...."
" တကယ့်ကို ဆိုးဝါးတဲ့ ရိုက်ချက်ပဲ....အစ်မကြီးရဲ့ အဆက်အသွယ်နဲ့ အံ့ဖွယ်နေရောင်ခြည်ကို အဆင့်မြှင့်ဖို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ငွေကုန်ကြေးကျခံပြီး ငှားခဲ့တယ်....နောက်ဆုံးကျတော့လဲ....ဒါတွေက အဆင့်တစ် ဝိဉာဉ်ရည်တွေပါပဲလေ.... "
စုန်ယွမ်ဖန် ငြီးငြူလိုက်သည့်အခါ စုန်ရှန်းက ခေါင်းခါပြလိုက်ပြီး.....
"ရှီးယန်က ဒီပွဲမှာ နိုင်သွားပေမယ့် ထင်းရှုးစံအိမ်ကို အနိုင်ရမှာမဟုတ်ဘူး....မင်းအစ်မကြီး နန်းဖန်ကို ပြန်လာတော့မယ်လို့ သတင်းပို့ထားတယ်...သူပြန်ရောက်လာရင် ထင်းရှုးစံအိမ်ကို တာဝန်ယူဉီးစီးလိမ့်မယ်...ဒါဆို မကြာခင် ငါတို့တွေ အောင်ပွဲခံနိုင်တော့မှာပါ....."
စုန်ယွန်ဖန် စိတိလှုပ်ရှားနေမိသည်။ သူ့အစ်မကြီး စုန်ချီယုသည် ကြယ်တာယာခရီးရှည်ကောလိပ်ရှိ ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ ထူးချွန်သော ကျောင်းသူတစ်ဉီးဖြစ်သည်။ ထို့ကြောင့် စုန်ချီယုသာ ထင်းရှုးစံအိမ်ကို ဉီးစီးမည်ဆိုပါက အောင်မြင်မှု မှတ်တိုင်များ စိုက်ထူနိုင်တော့မည်သာ......
" အခုချိန်မှာ မင်းအတွက် အရေးကြီးဆုံးက နှစ်ကုန်စာမေးပွဲမှာ မျက်နှာပျက်ခဲ့ရတာကို အဖတ်ပြန်ဆယ်ဖို့ပဲ....ငါနောက်နှစ်ရက်လောက်နေရင် ဘုရင်ခံစံအိမ်ဆီ မင်းကို ခေါ်သွားပေးမယ်.... သူက အရှေ့ပိုင်းရေကန်ကျောင်းတော်မှာ တက်နေတဲ့ ဘုရင်ခံရဲ့သားတော် ရှီယွမ်က မင်းနဲ့ ရွယ်တူလောက်ပဲ..မင်း သူနဲ့ ရင်းနှီးအောင် ကြည့်ပေါင်းထား....."
" ဘုရင်ခံစံအိမ်......"
စုန်ယွန်ဖန် ထိတ်လန့်သွားခဲ့လေသည်။ အရှေ့ပိုင်းရေကန်ကျောင်းတော်သား ရှီယွမ်သည် နန်းဖန်ကျောင်းတော်သားတို့အတွက် အကြောက်ရဆုံး ပြိုင်ဘက်တစ်ဉီးဖြစ်သည်။ဘုရင်ခံ၏ သားတော်ဖြစ်သည့်အတွက် ထျန်ရှုရှိ လူငယ်မျိုးဆက်များကြားတွင် သြဇာလွှမ်းမိုးနိူင်သူလည်း ဖြစ်သည်။ ရှီယွမ်သည် လီလော့မှလွဲ၍ တခြားသူများအားလုံးကို ဖိနှိပ်ထားနိုင်သူဖြစ်သည်။
ယခုချိန်တွင် လော့လန်အိမ်တော်၏ ရွှေခေတ်မဟုတ်တော့သည့်အတွက် သြဇာလွှမ်းမိုးမှုနှင့် နောက်ခံသိုင်းဝိုင်းချင်းယှဉ်ပါက လီလော့နှင့် ရှီယွမ်တို့သည် တန်းတူမဟုတ်ကြတော့ပေ....သူတို့နှစ်ဉီးကြားတွင် မိုင်ပေါင်းများစွာ ကွာခြားနေပေသည်။