← Chapters

ဉက္ကဌရာထူး.....

Vol. 3 Ch. 41

ဉက္ကဌရာထူး.....

Vol. 3 Ch. 41

ရွှေနဂါးဘဏ်တိုက်နဲ့ လက်မှတ်ရေးထိုးပြီး ဒုတိယမြောက်နေ့တွင် လီလော့က သူ့ရဲ့အိမ်တော်သခင် ဂုဏ်ပုဒ်ကိုသုံးပြီး ရှီးယန်စံအိမ်မှာရှိသမျှ အကြီးတန်းစံမံခန့်ခွဲသူတို့ကို အစည်းအဝေးဆင့်ခေါ်ခဲ့သည်။

အစည်းအဝေးခန်းမသို့ လာရာလမ်းတွင် ဇောင်ရီက နောက်ကနေသည့်တိုင် ညီးတွားနေသေးသည်။

"ကျုပ်ရဲ့ အဆင့်သုံးအလုပ်ရုံက လက်ရှိမှာ အတော်လေး အလုပ်များနေတာ....အဆင့တစ် အလုပ်ရုံကြောင့် ကျဆင်းသွားတဲ့ ရောင်းအားတွေကို ဖြည့်ပေးဖို့ ကျုပ်တို့ကပဲ ကြိုးစားနေရတာ...."

ခန်းမထဲကိုရောက်တာနဲ့ ဇောင်ရီ ခုံမှ ထိုင်လိုက်ပြီး လီလော့ကို ရယ်ပြနေသည်။

"ကျေးဇူးပြုပြီး နောက်ကျသွားကို ခွင့်လွှတ်ပေးပါ....."

" ရပါတယ်....ခင်ဗျားအတွက်လည်း ခက်ခဲခဲ့မှာပဲ...."

လီလော့က ဇောင်ရီရဲ့ ဟန်ဆောင်အပြုံးတွေကို ယဉ်ကျေးစွာတုံ့ပြန်ခဲ့သည်။နောက်ဆုံးမှာတော့ ရှီးယန်ရဲ့ အဓိကပြသာနာကို ဖြေရှင်းနိုင်တော့မယ့်အပြင် သူ့အတွက်လည်း အကျိုးအမြတ်များစွာ ရလာနိုင်တော့မည်မဟုတ်လော.....

ဤအတိုင်းသာဆို အဆင့်မြင့်သော ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများကို ပိုမိုဝယ်ယူနိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် လီလော့ စိတ်လှုပ်ရှားနေရခြင်းဖြစ်သည်။

လီလော့ရဲ့ အပြုံးတွေ​ကြောင့် ဇောင်ရီကတော့ မသက်မသာခံစားနေခဲ့ရသည်။သို့သော်လည်း စိတ်ထဲထည့်မထားခဲ့ပေ...အဘယ့်ကြောင့်ဆိုသော် လီလော့သည် အိမ်တော်သခင်တစ်ပါးဖြစ်သော်လည်း မယ်မယ်ရရ စွမ်းဆောင်နိုင်သူမဟုတ်ပေ။ ထို့အပြင် သူ (ဇောင်ရီ) သည် ဖေဟောင့် ဘက်တော်သားတစ်ဉီးဖြစ်သည်။ ထို့ကြောင့် လီလော့ သူ့ကို လွယ်လွယ် ဖယ်ရှားနိုင်လိမ့်မည်မဟုတ်ပေ။

အစည်းအဝေးတက်ရောက်လာသော အကြီးအကဲ ကျန်းဖန်သည်လည်း ဆင့်ခေါ်ရခြင်း အကြောင်းအရင်းကို သိချင်နေတာကြောင့် ကျန်တဲ့လူတွေ အစား ထုတ်မေးလိုက်လေသည်။

"သခင်လေး ဘာ့ကြောင့် အစည်းအခေါ်ရလဲဆိုတာ ပြောပြပေးလို့ရမလား...."

ထိုအခါ လီလော့က.....

" ထွေထွေထူးထူးတော့မဟုတ်ပါဘူး....အကြီးအကဲကျန်းက ဒီကို ဉက္ကဌခန့်အပ်ဖို့ရောက်လာခဲ့တယ်မဟုတ်လား...."

ရုတ်တရက် အမေးခံလိုက်ရတဲ့ အတွက် ကျန်းဖန် မျက်မှောင်ကြုံ့လိုက်မိသည်။

"သေချာ မဆုံးဖြတ်ရသေးပါဘူး...ဉက္ကဌရာထူးနေရာအတွက် သန့်စင်ရုံတွေရဲ့ ရလဒ်ကို အကဲဖြတ်ရဉီးမယ်လေ....ဒါပေမယ့် ဒုဌာနမှူးယန်ရဲ့ ရလဒ်တွေက သိသိသာသာ နိမ့်ပါးနေတယ်...."

" သခင်လေးက စည်းမျဉ်းတွေ ပြောင်းပစ်ချင်နေတာလား....ဒီစည်းမျဉ်းတွေက ရှီးယန်ကို စတင်တည်ထောင်တကည်းက ချမှတ်ထားတဲ့ သံမဏိစည်းမျဉ်းတွေပါ...အိမ်တော်သခင်လေးတစ်ယောက်ဖြစ်နေရင်တောင် ပြောင်းလဲပစ်လို့မရနိုင်ဘူး...သင့်လည်း မသင့်တော်ဘူး....."

ဇောင်ရီက ထိုကဲ့သို့ ပြောလိုက်သည့်အခါ ကျန်သောသူများက တစ်ခွန်းမျှဝင်မပြောကြသော်လည်း အမူအရာများကို ကြည့်ရုံဖြင့် ဇောင်ရီ့စကားများကို ထောက်ခံနေကြကြောင်း သိသာလွန်းနေသည်။

အကုန်လုံးက သူ့ကို သံသယအကြည့်တွေနဲ့ ကြည့်နေတဲ့အခါ လီလော့ လက်ခါပြလိုက်ပြီး.....

"စည်းမျဉ်းတွေက သိပ်ကို အံ့ဖွယ်ကောင်းလွန်းပါတယ်...ပြောင်းပစ်ဖို့လဲ မလိုပါဘူး...ကျွန်တော်က ရလဒ်ကို အားလုံးသိအောင် ကြေငြာပေးမလို့ပါ...."

အကုန်လုံးသာမက ဇောင်ရီပင်လျှင် ဇဝေဇဝါဖြစ်သွားခဲ့ရလေသည်။

"သခင်လေးက ကျုပ်ကို အောင်နိုင်သူအဖြစ်ကြေငြာပေးမလို့လား....ဒါမှမဟုတ် ဒုဌာနမှုးယန်က ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်တာများလား...."

ဇောင်ရီ့အပြောကြောင့် ကျန်သောသူတွေအကုန်လုံး အခြေနေကို ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့ကြသည်။စည်းမျဉ်းအရဆိုပါက ဇောင်ရီ၏ အဆင့်သုံး အလုပ်ရုံသည် ယန်လင်းချီ၏ အဆင့်တစ်နှင့် အဆင့်နှစ် အလုပ်ရုံများထက် များစွာ သာလွန်နေခဲ့သည်။ ထို့ကြောင့် ယန်လင်းချီ နှုတ်ထွက်ရန် ရွေးချယ်ခဲ့ပုံရသည်။

" နှုတ်ထွက်ရမယ်...အိမ်မက်သာမက်နေလိုက်...."

ယန်လင်းချီ ဒေါသပုန်ထနေပြီဖြစ်သောကြောင့် လေသံကလည်း အေးစက်မာကြောနေ၏။

ချိုင်ဝေကတော့ ခိုးရယ်နေလိုက်ပြီး အကြီးအကဲကျန်းဖန်ဘက်လှည့်ကာ လိုရင်းကိုသာတိုက်ရိုက်ပြောလိုက်လေသည်။

"ကျွန်မတို့က ရွှေနဂါးဘဏ်တိုက်နဲ့ အရောင်းအဝယ်စာချုပ် ချုပ်နိုင်ခဲ့တယ်....နောက်ဆို မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်တွေကို ရွှေနဂါးဘဏ်တိုက်အတွက် အလုံးအရင်းနဲ့ ထုတ်လုပ်ပေးရတော့မယ်..."

ချိုင်ဝေ ပေးလိုက်တဲ့ စာချုပ်ကို ကြည့်ပြီးတဲ့အခါ အကြီးအကဲကျန်းဖန်ရဲ့အမူအရာတွေ တမဟုတ်ချင်းပြောင်းလဲသွားခဲ့သည်။

" သန့်စင်မှု 60% ရှိတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်တဲ့လား...မင်းတို့ ဘာတွေ သွားရှုပ်လာတာလဲ....ရှီးယန်က သန့်စင်မှု 60% ရှိတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်တွေ ဘယ်လိုထုတ်ပေးနိူင်မှာလဲ....."

ကျန်းဖန်ရဲ့ မျက်နှာသည် စိမ်းပြာရောင်သန်းလာပြီး ဒေါသတကြီးဖြင့် စားပွဲကိုရိုက်ချလိုက်ပြီး လီလော့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေသည်။

"သခင်လေး ဘယ်လိုကြောင့် ဒီလိုစာချုပ်မျိုး ချုပ်ဆိုခဲ့ရတာလဲ....ဒီစာချုပ်ကြောင့် ရှီးယန်စံအိမ်တစ်ခုလုံး ပျက်စီးရတော့မယ်....."

ကျန်းဖန်ပြောလိုက်သည့်စကားကြောင့် ခန်းမထဲရှိလူအကုန်လုံး လီလော့တို့သုံးယောက်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြပြီး စတင်ဆွေးနွေးကြလေသည်။

ဤကဲ့သို့သော စာချုပ်မျိုး ထွက်ပေါ်လာမည်ဟုလည်း မည်သူမျှ မမျှော်လင့်ထားမိခဲ့ပေ...ကျန်းဖန်ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ရှီးယန်တွင်ရှိသည့် အဆင့်တစ် ပဲ့တင်ထပ်သံပြုပြင်သူများသည် သန့်စင်မှု 60% ရှိသော ဝိဉာဉ်ရည်များကို ထုတ်လုပ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဇောင်ရီ ထိတ်လန့်မိသလို ပျော်လည်း ပျော်နေခဲ့မိသည်။ အခုဆို လီလော့ကိုယ်တိုင်က ယန်လင်းချီကို သေတွင်းထဲ တွန်းပို့လိုက်ပြီမဟုတ်လား......

သန့်စင်မှု 60% ရှိသော ဝိဉာဉ်ရည်များကို ရှီးယန်မှာရှိသည့် အဆင်တစ် ပညာရှင်များ ထုတ်လုပ်ပေးနိုင်လိမ့်မည် မဟုတ်......

" ဟူးးး "

ဇောင်ရီ သက်ပြင်းချလိုက်ပြီး ချိုင်ဝေဘက်ကို လှည့်ကာ.....

"သခင်ငယ်လေးကမရင့်ကျက်သေးတော့ ထားလိုက်ပါတော့ ဒါပေမယ့် သိသိရက်နဲ့  မန်နေဂျာချိူင်ဝေကပါ အမှားတွေကျုးလွန်ခဲ့ရသလား...."

ပြီးတာနဲ့ ဇောင်ရီက ကျန်းဖန်ဘက်လှည့်လိုက်ပြီး.....

"သူတို့က သန့်စင်မှု 60% ရှိတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်ထုတ်လုပ်ဖို့ ကျုပ်ရဲ့ အဆင့်သုံး အလုပ်ရုံကို သုံးချင်နေတာလား...ဒါက ရှီးယန်ကို ဖျက်ဆီးနေသလိုပဲ.....ကျုပ်ဘယ်နည်းနဲ့မှသဘောမတူနိုင်ဘူး....အကြီးအကဲကျန်း...သူတို့တွေ လုပ်နေတာကို မြင်ရဲ့လား....ဉက္ကဌမြန်မြန်ရွေးမှဖြစ်တော့မယ်...ဒီအတိုင်းသာ ဆက်သွားနေရင် ကျုပ်တို့တွေ ထျန်ရှုစီရင်စုကနေ ပြေးရလိမ့်မယ်....."

ဇောင်ရီ အာပေါင်အာရင်းသန်သန်ပြောနေသည်ကို လီလော့ တစ်ခွန်းမျှဝင်မပြောဘဲ နားထောင်နေလိုက်ပြီး ဇောင်ရီပြောပြီးသွားမှသာ အကြီးအကဲကျန်းဘက်ကို လှည့်ရှင်းပြလိုက်တော့သည်။

"ဒီစာချုပ်အတွက် အဆင့်သုံး အလုပ်ရုံကိုသုံးဖို့မလိုပါဘူး.....အဆင့်တစ်အလုပ်ရုံတစ်ခုတည်းနဲ့တင် စာချုပ်ထဲကအတိုင်း ထုတ်လုပ်ပေးနိူင်ပါတယ်...."

ထိုအခါ ကျန်းဖန်က မျက်မှောင်ကြုံ့လိုက်ပြီး အသံခပ်ပြတ်ပြတ်နဲ့ ပြန်ပြောလိုက်လေသည်။

" သခင်လေး....ရှီးယန်မှာရှိတဲ့ အဆင့်တစ်ပညာရှင်တွေမှာ အဲ့လောက်ထိ လုပ်နိူင်စွမ်းမရှိကြဘူး....."

" ဒါက အရင်တုန်းကပါ...."

လီလော့ပြုံးလိုက်ပြီး သေတ္တာတစ်လုံးကို ဖွင့်ပြလိုက်သည့်အခါ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်များထည့်ထားသော ပုလင်းများကို အားလုံးမြင်အောင် ပြသလိုက်သည်။

" အကြီးအကဲကျန်း...ဒါတွေက အဆင့်မြှင့်ထားတဲ့ သန့်စင်မှု 60% ရှိတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်တွေပါ...ဒါတွေက

ရွှေနဂါးဘဏ်တိုက်အတွက် ပုလင်းလေးဆယ်ပေးပြီး ပိုနေတဲ့ ဆယ်ပုလင်းလေ....နောက်ဆိုရင် ဒါမျိုး အဆင့်မြှင့်ထားတဲ့ ဝိဉာဉ်ရည်တွေ တစ်လကို ပုလင်း ၃၀၀ ထုတ်လုပ်တော့မှာ....သူတို့ရဲ့စျေးကွက်ပေါက်စျေးကို တွက်ကြည့်လိုက်ရင် အဆင့်သုံး အလုပ်ရုံကရတဲ့ ဝင်ငွေထက် ပိုများလိမ့်မယ်....."

လီလော့ရဲ့ စကားတစ်ခွန်းချင်းဆီတိုင်းက ခန်းမထဲရှိ လူအကုန်လုံးကို ဆွံ့အသွားစေခဲ့သည်။

စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလို အံ့သြမှင်သက်နေခဲ့ကြသည်။

" အဆင့်မြှင့်ထားတဲ့ မိုးပြာကျောက်စိမ်း ?? အဲ့တာဘာလဲ...ငါတစ်ခါမှ မကြားဖူးဘူး.... အဆင့်တစ်အလုပ်ရုံက သန့်စင်မှု 60% ရှိတဲ့ ဝိဉာဉ်ရည် ထုတ်လုပ်နိုင်တယ်တဲ့လား...ဘယ်လို ပေါက်ပန်းစျေးစကားတွေလာပြောနေတာလဲ...."

ဇောင်ရီ အံ့သြလွန်းတာကြောင့် ယဉ်ယဉ်ကျေးကျေးပင် မပြောနိုင်တော့ပေ......

ကြည့်ရသည်မှာ မြန်ဆန်လွန်းလှသော အပြောင်းအလဲတွေကြောင့် အတော်လေး တုန်လှုပ်နေပုံရသည်။

သို့သော်လည်း လီလော့၏အေးဆေးတည်ငြိမ်သောအမူအရာကြောင့် သူတစ်ဉီးတည်းသာ ရူးသွပ်နေသလို ဖြစ်နေခဲ့သည်။

အကုန်လုံးကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မေးခွန်းထုတ်နေကြသည်။ အကြီးအကဲကျန်းကတော့ မယုံကြည်နိုင်သေးတာကြောင့် သန့်စင်မှုစမ်းသပ်သည့် အပ်တစ်ချောင်းယူကြီး ပုလင်းထဲသို့ နှစ်ကြည့်နေလေ၏။

ရလဒ်သည် သန့်စင်မှု 60% ဟူ၍သာ ထွက်ပေါ်လာခဲ့သောကြောင့် အကုန်လုံး မျက်ကလူးဆန်ပြာဖြစ်ကုန်ကြလေသည်။

" အဆင့်မြှင့်ထားတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်ကို ဒုဌာနမှုးယန် သန့်စင်ထားတာမဟုတ်ပါဘူး.....အဆင့်တစ်သန့်စင်ရုံကို ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ပိတ်ထားခဲ့ပေမယ့် အခုပြန်ဖွင့်ထားလိုက်ပါပြိီ....ဆန္ဒရှိမယ်ဆိုကိုယ်တိုင်ကိုယ်ကျသွားကြည့်လို့ရပါတယ်....သခင်ငယ်လေးက ပြောတာတွေ အကုန်မှန်ပါတယ်...ရှီးယန်ရဲ့ အဆင့်တစ်အလုပ်ရုံက နောက်ဆို အဆင့်မြှင့်ထားတဲ့ သန့်စင်မှု 60% ရှိတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်တွေကိုပဲ ထုတ်လုပ်ရောင်းချတော့မှာပါ...."

ချိုင်ဝေရဲ့ ချိုလှသော စကားသံများက ခန်းမထဲမှာ ပဲ့တင်ထပ် မြည်ဟီးနေခဲ့သည်။

အကြီးအကဲကျန်းပင်လျှင် ကြောင်အနေလေ၏။ဖြစ်ပျင်နေသမျှကို မယုံနိုင်သေးသော်လည်း မျက်စိရှေ့တွင် ကိုယ်တိုင်မြင်တွေ့နေရပြီဖြစ်သဖြင့် ယုံကြည်ရပေတော့မည်။

လိီလော့ သူ့ကို လိမ်ညာလို့ရော အကျိုးရှိပါ့မလား.....

တခဏအကြာမှာတော့ အကြီးအကဲကျန်းက ခါးသက်သော အပြုံးများဖြင့်.....

"မင်းပြောတာအမှန်ပဲဆို အဆင့်တစ်အလုပ်ရုံရဲ့ ဝင်ငွေက အဆင့်သုံးအလုပ်ရုံရဲ့ ဝင်ငွေထက် သာလွန်သွားပြီ....အဲ့တော့ ယန်လင်းချီကို ထျန်ရှုစီရင်စုမှာရှိတဲ့ ရှီးယန်စံအိမ်ရဲ့ ဉက္ကဌအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေငြာလိုက်ပါပြီ....... "

" ကျုပ် လုံးဝသဘောမတူဘူး...."

ဇောင်ရီ စားပွဲကို လက်နဲ့ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တစ်ခုခု ထူးဆန်းနေတာ သေချာတယ်....ဘယ်လိုဖြစ်ပြီး အဆင့်တစ်အလုပ်ရုံက သန့်စင်မှု 60% ရှိတဲ့ ထုတ်ကုန်မျိုး ထုတ်လုပ်နိုင်မှာလဲ......."

အကြီးအကဲကျန်းရဲ့ အမူအရာတွေကလည်း ပိုပြီး လေးနက် တင်းမာလာခဲ့သည်။

"မင်း သဘောတူတူ မတူတူ..အဓိကအချက်က ရွှေနဂါးဘဏ်တိုက်နဲ့ စာချုပ် ချုပ်နိုင်လိုက်ပြီလေ...."

ဇောင်ရီရဲ့ မျက်နှာတစ်ခုလုံး စိမ်းပြာနေလေပြီ.....

" ကျုပ် မယုံဘူး...လုံးဝမဖြစ်နိုင်ဘူး....အဆင်မြှင့်ထားတဲ့ မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်ကို ယုံကြည်စိတ်ချလောက်တဲ့အထိ ဘယ်လို ထုတ်လုပ်နိုင်မှာလဲ....."

လီလော့ ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး အစည်းဝေးခန်းမ ရှေ့မှာ ရှိတဲ့ လိုက်ကာကို ဖွင့်လိုက်သည့်အခါ အဆင့်တစ်အလုပ်ရုံတစ်ခုလုံးကို ရှင်းရှင်းစွာ မြင်လိုက်ရလေသည်။

ယခုချိန်တွင် အဆင့်တစ် သန့်စင်ရေးအလုပ်ရုံတစ်ခုလုံး ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြပြီး လူတစ်ယောက်က အခုလေးတင် သန့်စင်ထားသော ဝိဉာဉ်ရည်ပုလင်းများကို အစည်းအဝေးခန်းမထဲသို့ သယ်ဆောင်လာခဲ့သည်။

အဆင့်မြှင့်တင်ထားသော မိုးပြာကျောက်စိမ်းဝိဉာဉ်ရည်များကို အများမြင်အောင်ပြသ လိုက်သည့်အခါ အကုန်လုံး လီလော့အပေါ် သံသယကင်းရှင်းသွားခဲ့ကြသည်။

ဇောင်ရီကတော့ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး ထိုင်ခုံပေါ် ရုပ်ကြိုးပျက် ထိုင်ချလိုက်မိလေသည်။

အကုန်လုံးက ဇောင်ရီ အနိုင်ရမည်ဟု ထင်ထားကြသော်လည်း မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ရလေသည်။

ခေါင်းမာလွန်းလှသော လူအိုကြီး ကျန်းဖန်ကတော့ ပြုံးရွှင်နေသော မျက်နှာထားဖြင့် အားလုံးကြားအောင် ကြေငြာချက်ထုတ်ပြန်နေသည်။

" အခုချိန်ကစပြီး ယန်လင်းချီက ထျန်ရှုစီရင်စုမှာရှိတဲ့ ရှီးယန်စံအိမ်ရဲ့ ဉက္ကဌ ဖြစ်သွားပြီ....."

လက်ခုပ်သံများ ဆူညံနေချိန်တွင် လီလော့ သက်ပြင်းချလိုက်ပြီး ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။

ဇောင်ရီ ရှုံးနိမ့်သွားခဲ့ပေမယ့် လီလော့အတွက်တော့ ငွေထုပ်ပိုက်မိခဲ့လေပြီ.....

All Chapters