← Chapters

ဘုရင်ခံစံအိမ်.......

Vol. 3 Ch. 42

ဘုရင်ခံစံအိမ်.......

Vol. 3 Ch. 42

ဉက္ကဌရာထူးရရှိသွားသည့် ယန်လင်းချီက ချိုင်ဝေနှင့် လီလော့တို့ကို အရက်သောက်ရန် ဖိတ်ကြားခဲ့သည်။ ထိုအခါမှသာ ယန်လင်းချီ ဘယ်လောက်သောက်နိုင်မှန်း လီလော့သိခဲ့ရလေသည်။

ပိုကြောက်စရာကောင်းသည်မှာ ချိုင်ဝေသည်လည်း ယန်လင်းချီနှင့်အတူ လက်ရည်တူသောက်နိုင်သူဖြစ်နေ၏။ လီလော့ ခင်မျာ အမူးသမားနှစ်ယောက်ကြားတွင် အတော်လေး ထိတ်လန့်နေခဲ့ရရှာသည်။

" လီလော့ နင်သာ လျှို့ဝှက်ရေအရင်းမြစ်တွေ ပိုပေးနိိုင်မယ်ဆို ရှီးယန်က ထုတ်သမျှ ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်းတွေကို ထျန်ရှုစီရင်စုမှာ အကောင်းဖြစ်အောင် ငါ လုပ်ပေးနိုင်တယ်...."

အရက်အရှိန်ကြောင့် မျက်နှာနီရဲနေသော ယန်လင်းချီက ရီဝေဝေအကြည့်များနှင့် လီလော့ကို ကြည့်ပြီးပြောနေသည်။

" ဒါပေါ့...ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်...."

လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူသည် စည်းတံဆိပ်ခုနှစ်ခုအဆင့်တွင်သာရှိသေးသည်။ သူသာ ပဲ့တင်ထပ်သံဆရာသခင် အဆင့်သို့ ရောက်နိုင်လျှင် သူ၏ ပဲ့တင်ထပ်သံစွမ်းအားများသည် အရည်အသွေး မြင့်တက်လာမည်ဖြစ်သည်။ ထိုအချိန်တွင် ပိုမိုကောင်းမွန်သော ရေအရင်းအမြစ်များကို သန့်စင်​ပေးနိုင်မည်ဖြစ်သည်။

ရှီးယန်သာ ထျန်ရှုစီရင်စုရဲ့ ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများရောင်းချသည့်စျေးကွက်ကို အုပ်စိုးနိုင်မည်ဆိုပါက လီလော့အတွက်လည်း အကျိုးအမြတ်များစွာရရှိမည်သာ...

" ကဲ ဒါဆို ထျန်ရှုရဲ့စျေးကွက်ကိုအုပ်စိုးဖို့ ကြိုတင်အောင်ပွဲခံလိုက်ကြပါစို့...."

ချိုင်ဝေ ခပ်အေးအေးပြုံးပြနေသည်။ အရက်ရှိန်ကြောင့် သူမ၏ ရင့်ကျက်တည်ငြိမ်မှုများပျောက်ဆုံးနေသော်လည်း လှပနေသေးသည်။

သုံးဉီးသား ခွက်ချင်းတိုက်ကာ ရယ်မောလိုက်မိကြသည်။

................ ............ ........... ............

ရှီးယန်၏ အတွင်းရေးပြသာနာများကို ယန်လင်းချီ ဖြေရှင်းလိုက်သည့်အခါ လီလော့အတော်ကို ဝန်ပေါ့သွားခဲ့ရသည်။ အခုရက်ပိုင်းအတွင်း လီလော့ကို ရှီးယန်၌ မကြာခဏတွေ့မြင်နိုင်သည်။

ပိတ်ရက်တွေ ကုန်ဆုံးပြီးချိန်မှာ လီလော့အတွက် အရေးကြီးသောအချိန်များ ရောက်ရှိလာခဲ့လေပြီ......

မကြာမီနှစ်ကုန်စာမေးပွဲဖြေဆိုရပေတော့မည်။

နှစ်ကုန်စာမေးပွဲသည် ကြယ်တာယာခရီးရှည်ကောလိပ် ဝင်ခွင်ဖြေဆိုရမည့်သူများကို သတ်မှတ်ပေးမည့် စာမေးပွဲဖြစ်သည်။ကြယ်တာယာခရီးရှည်ကောလိပ်သည်

ရှပြည်ထောင်စုအတွင်းရှိ မရေမတွက်နိုင်သော လူငယ်တို့အတွက် ရည်မှန်းချက်ပန်းတိုင်ဆိုလည်း မမှားနိူင်ပေ။

ရှပြည်ထောင်စုတွင် ကြယ်တာယာခရီးရှည်ကောလိပ်ကို ထိဝံ့သူဟူ၍မရှိခဲ့ပေ။ ရှပြည်ထောင်စုတွင် မင်းဆက်တစ်ဆက်ပြီးတစ်ဆက်ပြောင်းလဲခဲ့ပြီး အချို့သောမင်းဆက်များ အမြစ်ပြတ်သုတ်သင်ခံခဲ့ရသည့်တိုင် ကြယ်တာယာခရီးရှည်ကောလိပ်ကတော့ ယနေ့ထိတိုင် တည်ရှိနေဆဲပင်.....

ကြယ်တာယာခရီးရှည်ကောလိပ်တွင် ဘုရင်အဆင့်ကျင့်ကြံသူများရှိသည်ဟုလည်း သတင်းသဲ့သဲ့ထွက်ပေါ်ခဲ့ဖူးသည်။

ထို့ကြောင့် လော့လန်အိမ်တော်သခင်ဂုဏ်ပုဒ်သည် ကြယ်တာယာခရီးရှည်ကောလိပ်၏ ကျောင်းသားဟူသော ဂုဏ်ပုဒ်နှင့် မယှဉ်နိုင်ခဲ့ပေ။ လီလော့အတွက် ပိုမိုတောက်ပသော အနာဂတ်ရရှိလာရန် ကြယ်တာခရီးရှည်ကောလိပ်မှတပါး ရွေးချယ်စရာမရှိတော်ပေ။

ထို့အပြင် ကျန်းချင်းအာကို ပေးထားသည့်ကတိလည်း ရှိနေသေးသည်။

နှစ်ကုန်စာမေးပွဲတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းတော်များမှ ကျောင်းသားအယောက်နှစ်ဆယ်စီ ပါဝင်ဖြေဆိုရမည်ဖြစ်သည်။

ကျောင်းသားအရေအတွက်သည် တစ်နှစ်နှင့်တစ်နှစ်မတူသော်လည်း ထိပ်တန်းဆယ်ယောက်ကတော့ အသေချာဆုံး အရေအတွက်ဖြစ်သည်။

ထို့ကြောင့် လီလော့၏ ပန်းတိုင်သည် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန်ဖြစ်ပေသည်။

" ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ဖို့ မလွယ်ဘူး......"

ကောင်းကင်ရွှေကျင့်ကြံရေးအခန်းထဲတွင် ကျင့်ကြံမှု ပြီးဆုံးသွားသော်လည်း လီလော့ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ထိုင်နေခဲ့သည်။

နန်ဖန်းကျောင်းတော်သည် ထျန်ရှုစီရင်စုတွင် အကောင်းဆုံးကျောင်းတော်ဖြစ်သော်လည်း အခြားသော ကျောင်းတော်များသည်လည်း ညံ့ဖျင်းမနေခဲ့ပေ။ ထိုကျောင်းတော်များမှ ထူးချွန်သော ကျောင်းသားများကို ပေါင်းလိုက်ပါက မနည်းလှသော အရေအတွက်ရှိလောက်ပေမည်။

ထို့အပြင် အရှေ့ပိုင်းရေကန်ကျောင်းတော်ကလည်း နန်ဖန်းအတွက် ချိန်းခြောက်မှုတစ်ခုဖြစ်နေသေးသည်။

ထို့ကြောင့် နှစ်ကုန်စာမေးပွဲ၏ ခက်ခဲမှုကို တွေးကြည့်နိုင်ပေသည်။

နှစ်ကုန်စာမေးပွဲမတိုင်မီ ကျင့်ကြံမှု၌ စည်းတံဆိပ်ခုနှစ်ခုအဆင့်ရောက်ရှိနေခဲ့ပြီး ရေအလင်းပဲ့တင်ထပ်သံကိုလည်း အဆင့် ​ခြောက်အထိ မြှင့်တင်နိုင်ခဲ့သည့်တိုင် လီလော့ စိတ်မအေးနိုင်သေးပေ။

သူတိုးတက်လာသလို အခြားသူများလည်း တိုးတက်လာနိုင်သည် မဟုတ်ပေလော......

လီလော့ နှစ်ကုန်စာမေးပွဲကို ပေါ့ပေါ့တန်တန်သဘောမထားရဲတော့ပေ။

ထို့ကြောင့် ကိုယ်ပိုင်နည်းစနစ်များနှင့်ကျွမ်းကျင်မှုများကို သေချာသုံးသပ်ကာ ချို့ယွင်းချက်များကိုလည်း ပြင်ဆင်ခဲ့ရသည်။

လီလော့၏ အထင်ရှားဆုံး အားနည်းချက်မှာ ပြင်းထန်စွာ ထိုးစစ်ဆင်ရန် နည်းစနစ်မရှိခြင်းဖြစ်သည်။စုန်ယွမ်ဖန်နှင့် တိုက်ခိုက်ခဲ့စဉ်က ရေကြေးမုံပညာရပ် သုံးပြီး ခုခံနိုင်ခဲ့ခြင်းကြောင့်သာ သရေကျခဲ့ခြင်းဖြစ်သည်။သူသည် စုန်ယွန်ဖန်ကို ချိန်းခြောက်နိုင်သည်အထိ ထိုးစစ်မဆင်နိုင်ခဲ့ပေ။

သို့သော်လည်း ဤသည်မှာ လီလော့တစ်ဉီးတည်းရင်ဆိုင်နေရသော ပြသာနာမဟုတ်ဘဲ ရေပဲ့တင်ထပ်သံစွမ်းအားရှင်တိုင်း ရင်ဆိုင်နေရသော ပြသာနာဖြစ်သည်။ ရေပဲ့တင်ထပ်သံသည် ထိုးစစ်ဆင်ရာ၌ မီး၊မိုးကြိုးနှင့်သတ္ထုပဲ့တင်ထပ်သံတို့ထက် သိသိသာသာအားနည်းသောကြောင့်ပင်...

လီလော့ကတော့ ရေပဲ့တင်ထပ်သံကို အသုံးပြုပြီး တိုက်ပွဲကို အကောင်းဆုံး ထိန်းထားနိုင်ခဲ့သည်။ရေပဲ့တင်ထပ်သံကို သုံးပြီး အကောင်းဆုံး ခုခံနိုင်မည့်နည်းလမ်းများကို ရှာဖွေရပေဉီးမည်။

လီလော့ တစ်ကိုယ်တော် ညီးတွားနေရင်းနဲ့ကိုယ်ပိုင်စာကြည့်ခန်းရှိရာဆီထွက်လာခဲ့လိုက်သည်။

....... ........ ......... ...........

နန်ဖန်းမြို့တော်၏ ဘုရင်ခံစံအိမ်တွင်......

ရှပြည်ထောင်စုရှိတိုင်းသူပြည်သားသည် ဘုရင်ခံများ၏ အုပ်စိုးမှုအောက်တွင်ရှိသဖြင့် ဘုရင်ခံစဲအိမ်များသည် အုပ်ချူပ်ရေးအချက်အချာနေရာများဖြစ်လာခဲ့ကြသည်။

"မိတ်ဆွေဟောင်းကြီးစုန်ကို ကျုပ်ရဲ့

ဘုရင်ခံစံအိမ်ဆီ လာလည်ဖို့ ဖိတ်ထားတာကြာလှပြီ...အခုမှပဲရောက်လာတယ်ပေါ့...."

ဘုရင်ခံစံအိမ်၏ ဧည့်ခန်းမထဲတွင် ရယ်မောသံများပြည့်နှက်နေပြီး ရယ်​မောနေသောသူသည် သက်လတ်ပိုင်းအရွယ်ယောက်ကျားတစ်ဉီးဖြစ်ပြီး ထိုသူသည် သတ္တိဗျတ္တိနှင့်ပြည့်စုံသူတစ်ယောက်ဟုထင်ရသည်။

ထိုသူသည် ထျန်ရှုစီရင်စု၏ ဘုရင်ခံဖြစ်သူ ရှီချင်ဖြစ်ပြီး သူသည် အစောပိုင်းစစ်သူကြီးအဆင့်ကျင့်ကြံသူတစ်ဉီးလည်းဖြစ်သည်။

သူ့ထက်တစ်ဆင့်နိမ့်သောနေရာတွင် စုန်ရှန်းနှင့် စုန်ယွမ်ဖန်တို့ ထိုင်နေကြသည်။

" လေးစားရတဲ့ ဘုရင်ခံလို လူမျိုးမှာ သာမာန်လူဖြစ်တဲ့ကျုပ်တို့လို အားလပ်ချိန်မရှိမှာစိုးလို့ပါဗျာ...."

စုန်ရှန်းကလည်း ရယ်ရယ်မောမောနဲ့ ပြန်လည်ပြောဆိုလိုက်သည်။

" အစ်ကိုစုန်ကတော့ ကျုပ်ကိုလှောင်နေပြန်ပါပြီ....."

ရှီချင်က လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရွက်တွေကိုခွက်အဖုံးနဲ့ ဖယ်ထုတ်လိုက်ပြီး....

"စုန်မိသားစုက မကြာသေးခင်က လှုပ်ရှားမှုတစ်ချို့ လုပ်ခဲ့တယ် ကြားတယ်...ဘယ်လိုလဲ လော့လန်အိမ်တော်ကနေ တော်တော်လေး ရလိုက်ရဲ့လား...."

" ဒါတွေအကုန်လုံး ဘုရင်ခံစံအိမ်ရဲ့ကျေးဇူးကြောင့်ပါ...."

စုန်ရှန်းက ထိုသို့ တုံ့ပြန်လိုက်သည့်အခါ ရှီယွမ်က ရွှင်မြူးနေဟန်ဖြင့် ထိုသို့ပြန်ပြောလိုက်သည်။

" အိမ်တော်သခင်နှစ်ပါးသားရှိဉီးမယ်ဆို လော့လန်အိမ်တော်က အခုနေလောက်ဆို ရှပြည်ထောင်စုမှာရှိတဲ့ ထိပ်တန်းအိမ်တော်ငါးခုကို ဉီးဆောင်နိုင်နေလောက်ပြီ..... ပိုလင်းတဲ့ ဖယောင်းတိုင်က အရည်ပျော်တာ ပိုမြန်တယ်လေ....."

" အခုချိန်မှာ လော့လန်အိမ်တော်က ကာကွယ်နိုင်စွမ်းမဲ့နေပြီ...ကျူပ်တို့ ဒီအခွင့်ရေးကို အမိအရဖမအးဆုပ်ထားမှာပါ....ဘုရင်ခံစံအိမ်ရဲ့ကျေးဇူးတွေကိုလည်း ကျုပ်တို့ စုန်မိသားစုကအမြဲတမ်းအမှတ်ရနေမှာပါ...."

စုန်ရှန်းက ထိုသို့ ပြောနေရင်းကနေ စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်။

ဧည့်ခန်းအပြင်ဘက်ရှိ ရေကန်ရှေ့တွင် စုန်ယွမ်ဖန်ရောက်နေပြီး ဧည့်ခန်းထဲမှထွက်လာသော စကားသံသဲ့သဲ့ကို နားစွင့်နေခဲ့သည်။

ရေကန်ရှေ့တွင် ခပ်ငယ်ငယ်လုလင်ပျိုတစ်ယောက်ရှိနေပြီး ထိုလုလင်ပျိုက အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားကာ ဆံပင်တိုတိုကို ကျစ်ဆံမြီးကျစ်ထားသည်။

ထိုလုလင်ပျိုသည် ငါးမျှားတံတစ်ချောင်းကိုင်ထားပြီး အေးအေးလူလူ ငါးမျှားနေ၏။

တခဏကြာတော့ ထိုလုလင်ပျိုက လက်ခုပ်တီးလိုက်သည့်အခါ အစေခံတစ်ယောက်က လက်သုတ်ပုဝါ တစ်ထည်ယူလာပေးပြီး ထိုလုလင်ပျိုက လက်သုတ်ရင်း စုန်ယွမ်ဖန်ရှိရာဆီ ဉီးတည်လျှောက်လှမ်းလာနေသည်။

နီးကပ်လာသည်နှင့်အမျှ လုလင်ပျို၏ ရုပ်ရည်ကို ပိုမိုထင်ရှားစွာ မြင်ခဲ့ရသည်။ ထိုလုလင်ပျို၏ ရုပ်ရည်သည် သာမာန်ဆန်သော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

သို့သော်လည်း ထိုလုလင်ပျိုထံမှ အမျိုးအမည်မသိသော အန္တာရယ် အငွေအသက်တစ်ချို့ကို စုန်ယွမ်ဖန်ခံစားနေရမိသည်။

ထိုလုလင်ပျိုသည် ဘုရင်ခံ၏ သား​တော် ရှီယွမ်ပင်ဖြစ်သည်။

သူသည် အရှေ့ပိုင်းရေကန်ကျောင်းတော်၏ ထိပ်တန်းကျောင်းတော်သားတစ်ဉီးဖြစ်သည်။

" ယွမ်ဖန်...ဒီနှစ် နှစ်ကုန်စာမေးပွဲမှာ မင်းက ငါတို့ အရှေ့ပိုင်းရေကန်ကျောင်းတော်ကို ထျန်ရှုရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်အောင်ညကူညီပေးမယ်လို့ အဖေ ငါ့ကိုပြောထားတယ်....."

" အစ်ကိုရှီယွမ်ရဲ့ ခွန်အားနဲ့ဆို မဖြစ်နိုင်တာမရှိပါဘူးဗျာ...."

" မဟုတ်ဘူး...မင်းတို့ နန်ဖန်းက လုချင်းအာက ငါ့အတွက်ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ဖြစ်လာနိူင်တယ်..."

ရှီယွမ်ရဲ့စကားကို စုန်ယွမ်ဖန်ကခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။သူသည်လည်း လုချင်းအာ၏ ခွန်အားကို သိပေသည်။

" ငါ သူ့ကို မကြောက်ပေမယ် မသေချာမရေရာတဲ့ အချက်အလက်တွေကိုပဲကြောက်တာ...အချိန်ကျလာရင် မင်း ငါနဲ့ပူးပေါင်းပေးဖို့တော့လိုမယ်..."

ထိုစကားကြောင့် စုန်ယွမ်ဖန် မျက်နှာပျက်သွားပြီး.....

" အစ်ကိုရှီယွမ်က ကျွန်တော်ကို နန်ဖန်းအပေါ် သစ္စာဖောက်စေချင်နေတာလား...."

" ဟူးးး မင်းစကားတွေက သိပ်ကို ကြမ်းဆမ်းတာပဲ.....မင်းတကယ်ပဲ နန်ဖန်းကလူတွေကို မိသားစုလို့ သတ်မှတ်ထားတာလား...အဲ့နေရာက မင်းရဲ့ ကျင့်ကြံရေးလမ်းခရီးမှာ ခရီးတစ်ထောက်နားခဲ့ရမယ့်နေရာတစ်ခုပဲလေ....မင်းသာ နှစ်ကုန်စာမေးပွဲမှာ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်နိုင်ခဲ့ရင် ကြယ်တာယာခရီးရှည်ကောလိပ်ကိုသွားရတော့မှာမဟုတ်လား....အဲ့အခါကျရင် နန်ဖန်းကို ဂရုစိုက်နေစရာလိုသေးလို့လား...."

" စိတ်အေးအေးထားစမ်းပါ...ဆိုးဝါးတာတွေတော့ မင်းကို မလုပ်ခိုင်းပါဘူး...."

ရှီယွမ်က ပြောနေရင်းကနေ လက်ခါပြလိုက်ပြီး.....

" ဒါက ငါ့အဖေရဲ့ သဘောထားဆိုလည်း ဟုတ်တယ်...မင်းတို့ နန်ဖန်းက ဌာနမှုးနဲ့ ငါ့အဖေကြားမှာ ကျောင်းတော်က ရန်စတွေရှိခဲ့ဖူးတယ်.....သူက ငါ့အဖေရဲ့တက်လမ်းတွေကို ပိတ်ပင်ခဲ့ဖူးတဲ့အတွက် နန်ဖန်းကို ထျန်ရှုရဲ့ နံပါတ်တစ်ကျောင်းတော်နေရာကနေ ဆွဲချရမယ်...."

စုန်ယွမ်ဖန် အချိန်ယူစဉ်းစားပြီးနောက်မှာတော့ ခေါင်းညိတ်လိုက်ရလေသည်။

ထိုအခါမှသာ ရှီယွမ် သူ့ကိုပြုံးပြလာပြီး ပခုံးပုတ်ပေးနေ၏။

"ဒါနဲ့...လီလော့မှာ ပဲ့တင်ထပ်သံရှိနေပြီလို့ ကြားတယ်...မင်းတို့နှစ်ယောက် တိုက်ခိုက်တုန်းကလည်း သရေကျခဲ့တယ်ဆို....."

ထိုစကားကြောင့် စုန်ယွမ်ဖန် သုန်မှုန်သွားပြီး.....

"ဒီကောင် ကံကောင်းသွားလို့ပါ...နှစ်ကုန်စာမေးပွဲကျရင် သရေကျဖို့တောင် အခွင့်အရေးမရှိစေရဘူး....."

" ငါသိတာပေါ့ကွာ....."

ရှီယွမ်က တခဏလောက် စဉ်းစားနေလိုက်ပြီး......

"နှ​​မြောစရာကောင်းလိုက်တာ...ငါက သူနဲဲ့နှစ်ကုန်စာမေးပွဲ တွေ့ချင်နေတာ...မင်းဆီက ဒီလိုကြားရတော့ စိတ်ပျက်မိသွားပြီ....."

" ဒီလိုကောင်မျိုးအတွက် အစ်ကိုရှီယွမ် စိတိရှုပ်ခံမနေပါနဲ့...အခွင့်အရေးရတာနဲ့ ကျွန်တော် သူ့ကို ရှင်းပစ်မှာပါ...."

"ကောင်းပြီ...... သူနဲ့ သိပ်မဆုံဖြစ်ဖူးပေမယ့် ငါ သူ့ကိုသဘောမကျဘူး...."

ထိုစကားကြားတဲ့အခါ စုန်ယွမ်ဖန်ကသိလိုဟန်နဲ့ ခေါင်းမော့ကြည့်လာတယ်....

ဒါကို မြင်လိုက်တဲ့ ရှီယွမ်က ရယ်ရယ်မောမောနဲ့.....

" အရင်တုန်း...ကိစ္စတွေပါ..... အဖေက လော့လန်အိမ်တော်ကိုသွားပြီး ငါနဲ့ ကျန်းချင်းအာကို ပေးစားဖို့ ကမ်းလှမ်းဖူးတယ်လေ....အိမ်တော်သခင်နှစ်ပါးစလုံးက အဖေ့ကို ငြင်းလွှတ်လိုက်ကြတယ်....."

" သိပ်ကို အတင့်ရဲလွန်းကြတယ်...ကျန်းချင်းအာကို သူတို့သားနဲ့ပဲလက်ထပ်စေချင်ကြတယ်တဲ့.....သူတို့သားက အသုံးမကျတဲ့သူအဖြစ်မွေးဖွားလာမှတော့ ဒီလို မိန်းမကောင်းလေးမျိုးနဲ့ ထိုက်တန်မယ်တဲ့လား....."

ထိုစကားကြောင့် စုန်ယွန်ဖန် အတော်လေး အံ့အားသင့်ခဲ့ရသည်။ နောက်ဆုံးမှာတော့ လော့လန်အိမ်တော်ကို စုန်မိသားစု ဝါးမြိုနိုင်ဖို့ ဘုရင်ခံစံအိမ်က ဘာ့ကြောင့် ကူညီပေးနေရသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို နားလည်နိုင်ခဲ့လေပြီ.......

All Chapters