← Chapters

ဆန်းကြယ်မှုတစ်ခုအား မျက်မြင်တွေ့ရှိရခြင်း

Vol. 17 Ch. 242

ဆန်းကြယ်မှုတစ်ခုအား မျက်မြင်တွေ့ရှိရခြင်း

Vol. 17 Ch. 242

အံစာတုံးခေါက်ခြင်းက ရိုးရှင်းသော နည်းလမ်း ဖြစ်သော်လည်း ၎င်းတွင် ၎င်း၏ စိန်ခေါ်မှုများ ရှိပါသေးသည်။ ထို့အပြင် အဘယ်သို့သော အံစာတုံးကို ခေါက်မှာလဲ ဆိုသည့် အပေါ်တွင်လည်း မူတည်သည်။

ကောင်းကင်ဘုရင် အံစာတုံးသည် အံစာတုံး နှစ်ဆယ့်လေးခုကို ပြိုင်တူ ထိန်းချုပ်ရရန် လိုအပ်သောကြောင့် ကျွမ်းကျင်သော လောင်းကစားသမား အများစုပင် မခေါက်ရဲသော အံစာတုံး ကစားနည်း ဖြစ်သည်။ ၎င်းက အလွန် ခက်လွန်းသဖြင့် တော်တော်များများက သင်ယူရန် အချိန်မပေးကြချေ။

လုထျန်းရှုံးနှင့် လုဟောင်တို့၏ မျက်နှာများ ပျက်ယွင်းကုန်သည်။ မကောင်းသော ခံစားချက်က သူတို့စိတ်ထဲ ပေါက်ဖွားလာပြီး ရဲ့လင်းချန်အား စိုးရိမ်စိတ်နှင့် ကြည့်လိုက်ကြသည်။

ယခုပွဲက အတော်လေး အရည်အချင်းကို အကဲစမ်းမည့်ပုံပင်။

“ဘယ်လို ကစားရတာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။

“ငါတို့ တစ်ယောက်စီမှာ အံစာတုံး နှစ်ဆယ့်လေးခု ရှိတယ်၊ နံပါတ် အကြီးဆုံးကို ခေါက်နိုင်တဲ့သူက အနိုင်ပဲ”

မီဘာကိုက ယုံကြည်မှုအပြည့်ရှိသော မျက်နှာနှင့် ညင်သာစွာ ပြုံးလိုက်သည်။

“နင် ရွေးပါ”

ရဲ့လင်းချန်က ခေါင်းညိတ်လိုက်ပြီးနောက် အန်စာတုံး နှစ်ဆယ့်လေးခု ပါသော အန်စာတုံးခွက် တစ်ခွက်ကို ကြုံသလို ယူလိုက်ပြီး သူ့အရှေ့၌ ထားလိုက်သည်။ ထို့နောက် မီယာကိုအား သူ ငြိမ်၍ လေ့လာနေသည်။

ရဲ့လင်းချန်၏ ခပ်တောင့်တောင့် အမူအရာကို မြင်သောအခါ မီယာကိုက အထင်သေးသော အပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် သူမက ကျန်နေသော ခွက်ကို ယူ၍ စားပွဲကို လက်ဖြင့် ဖြန်းခနဲ ရိုက်လိုက်သည်။ အန်စာတုံး နှစ်ဆယ့်လေးခုက လေထဲ မြောက်တက်လာပြီး သူမလက်ထဲမှ ခွက်ထဲသို့ အတိအကျ ကျလာ၏။

“ဂလောက် ဂလောက် ဂလောက်”

သူမ ခွက်ကို အသာအယာ လှုပ်ခါနေသည်နှင့်အမျှ အံစာတုံးများ ရွေ့နေသံကို ကြားနေရသည်။

သူမ၏ လှုပ်ရှားမှုများက ကျွမ်းကျင်၍ သိမ်မွေ့ကာ လူအုပ်ကြီးအား မှင်တက် အံ့ဩစေသည်။ ယင်းဖြင့် သူမက ထူးချွန်သော အံစာတုံး ကစားသမားတစ်ယောက်၏ ပုံရိပ်ကို ပြသနေလေသည်။

ခန်းမထဲတွင် ရဲ့လင်းချန် တစ်ယောက်တည်းသာ တည်ငြိမ်နေ၏။

သူမဘေးပတ်ဝန်းကျင်မှ ဘယ်အရာကိုမှ အာရုံမစိုက်ဘဲ မီဘာကိုက အံစာတုံးခေါက်ခြင်း အပေါ်တွင်သာ အာရုံ နှစ်မြှုပ်ထားသည်။ သူမလက်များက ခွက်ထက် အနည်းငယ် သေးသော်လည်း သူမ၏ ဆုပ်ကိုင်ထားပုံက သန်မာပြီး သူမလက်များက ခွက်ကို လှုပ်ခါလိုက်တိုင်း သွက်လက်စွာ လှုပ်ရှားနေသည်။

“ဂလောက် ဂလောက် ဂလောက်”

ခွက်ထဲတွင် အံစာတုံးများက တစ်ခုနှင့်တစ်ခု တိုက်မိနေပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်နေ၏။

အံစာတုံးခေါက်ခြင်းက လူတစ်ယောက်၏ လက်မောင်းအားကို အတော်လေး ကုန်စေသည်။ သို့သော် ကောင်းကင်ဘုရင် အံစာတုံးက ပိုဆိုး၏။ ယောက်ျားတစ်ယောက်က ၎င်းကို ခပ်နှေးနှေး လှုပ်လျင်တောင်မှ လက်မောင်းများ ကိုက်လာပေမည်။

သို့သော် မီယာကိုက ဘာမှမဖြစ်သလို လှုပ်ရှားနေ၏။ သူမက ခပ်မြန်မြန် လှုပ်နေရုံသာမက သူမလက်များက လှည့်ကွက်များကို ထုတ်နေပြီး လက်ထဲ လှည့်နေပြီး ခွက်အား လေထဲပင် ပစ်လိုက်သေးသည်။ ယင်းက ရင်သက် ရှုမောဖွယ် ကောင်းလှပြီး လောင်းကစား နတ်ဘုရား ရုပ်ရှင်ကို ကြည့်နေရသည်ဟုပင် ထင်မှတ်ရသည်။

ထိုအခိုက်တွင် အံစာတုံး နှစ်ဆယ့်လေးခုက ခွက်ထဲ ကပ်နေသကဲ့သို့ ဖြစ်နေပြီး မြေဆွဲအားအား ဆန့်ကျင် နေသလိုပင်။ ၎င်းအရှိန်က အံ့ဩစရာ ကောင်းလွန်းလှသည်။

ဘေးမှလူအုပ်ကြီးလည်း အံ့အားသင့်နေသည်။ ယင်းက ရုပ်ရှင်ထက် ပိုစိတ်ဝင်စားစရာ ကောင်းနေ၏။ အထူးပြုလုပ်ချက်များတောင်မှ သူတို့ မျက်စိရှေ့မှ မြင်ကွင်းကို ပြန်ဖန်တီးနိုင်မည် မဟုတ်ပါ။

ရဲ့လင်းချန်က တည်ငြိမ်၍ ငြိမ်သက်နေလေသည်။ သူသည် မီယာကို၏ မျက်နှာချင်းဆိုင်၌ ငြိမ်ကာ ထိုင်နေပြီး သူမကို လေ့လာနေ၏။

နှိုင်းယှဉ်ကြည့်လိုက်လျင် မီယာကို၏ ပြောင်မြောက်သော လှုပ်ရှားမှုနှင့် ကျွမ်းကျင်သော အရည်အချင်းတို့က သူမနှင့် ရဲ့လင်းချန်တို့ကြားမှ ခြားနားချက်ကို ဖြစ်ပေါ်စေသည်။ သူတို့ ထုတ်လွှတ်နေသော အရှိန်အဝါက ယှဉ်မရချေ။

သူတို့ထဲမှ အချို့သည် ရဲ့လင်းချန်က မီယာကို၏ စွမ်းဆောင်မှုကြောင့် မှင်တက်နေကာ ခုခံရန် လက်လျှော့ လိုက်သည်ဟု ထင်နေကြသည်။

“ဟမ့် နင် ငါ့ကို တစ်ချိန်လုံး ကြည့်နေတာပဲ၊ နင် ဘာလို့ မလှုပ်ရှားသေးတာလဲ”

မီယာကို မနေနိုင်ဘဲ မေးလိုက်ပြီး သူမမျက်လုံးတွင်း၌ အေးစက်စက် အရိပ်အယောင် ဖြတ်ပြေးသွားသည်။

“နင် အရှုံးပေးမယ်ဆိုရင်လည်း မြန်မြန် အရှုံးပေးလိုက်”

“ရတယ်၊ မင်း သရုပ်ပြတာကို ဆက်လုပ်ပါ၊ ငါက ခေါက်တဲ့နေရာမှာ အရမ်း မြန်တယ်”

ရဲ့လင်းချန်က ပြုံး၍ အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ဆိုတော့ သူ အရှုံးပေးလိုက်ပြီပဲ”

“ဟူး … ဒီလိုအချိန်မှာတောင် ဒီကောင်လေးက လေကျယ်နေမှ ဖြစ်မှာလား၊ ဟန်ထုတ်တာက ပျော်စရာ ကောင်းနိုင်လောက်ပင်မယ့် ပေးဆပ်ရမယ့် တန်ဖိုးက သူ့လွတ်လပ်မှုလေ”

“ဒီကောင်လေးက ဒီလို အခြေအနေမျိုးမှာတောင် သူ့ပုံစံကို ထိန်းထားနိုင်တာပဲ၊ အံ့ဩဖို့ကောင်းတယ်”

လူတိုင်းက ရဲ့လင်းချန်ကို ကရုဏာသက်သော အကြည့်ဖြင့် ကြည့်နေကြပြီး သူ့အတွက် စိတ်မကောင်း ဖြစ်နေကြသည်။

မီယာကိုက သူမအာရုံကို ရဲ့လင်းချန်ထံမှ ပြန်ခွာလိုက်သည်။ သူမ မျက်နှာအမူအရာက သူမ အလေးအနက် ထားကြောင်း ပြသနေ၏။ အခြေအနေက ဘယ်လိုပင် ဖြစ်နေပါစေ သူမကိုယ်သူမ သတိလက်လွတ် ဖြစ်ခွင့် မပြုနိုင်ပါ။ လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံအောင် သူမ သေချာ လုပ်မှ ဖြစ်ပေမည်။

လောင်းကစားတွင် သူမ၏ ကိုယ်ပိုင် အခြေခံ စည်းမျဉ်းစည်းကမ်းများ ရှိလေသည်။

အရည်အချင်းကို‌ ဘေးချိတ်ထားလျင်တောင်မှ သူမ၏ အပြုအမူတစ်ခုတည်းကပင် ရဲ့လင်းချန်ထက် ပို၍ အဆင့်မြင့်ပေသည်။ သူမ ဘာလုပ်လုပ် အလေးအနက် ထားတတ်ပြီး လောင်းကစားတွင်လည်း ထိုနည်းတူပင်။

“ဂလောက် ဂလောက် ဂလောက်”

မီယာကို၏ အံစာတုံးခေါက်သံသာ ခန်းမတွင်း၌ ပဲ့တင်ထပ်နေသည်။ လူတိုင်း ငြိမ်နေပြီး ရလဒ်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

“ဘန်း”

မီယာကို၏ မျက်လုံးများက အရောင်တောက်လာပြီး ခွက်အား စားပွဲပေါ် အားနှင့် ရိုက်ချလိုက်သည်။

ထိုအခါတွင်မှ ရဲ့လင်းချန်က သူ့အရှေ့မှခွက်ကို ကောက်ယူ၍ လှုပ်ရှားလေသည်။ ထို့နောက် သူက မသိတတ်သော ပုံစံနှင့် ခေါက်လိုက်သည်။

သူ့လှုပ်ရှားမှုကို မြင်သောသူများ အားလုံးသည် မပြောလည်း သိသွားဟန်ဖြင့် ခေါင်းခါကြသည်။

*ဆိုးလိုက်တာ*

*မယုံနိုင်လောက်အောင် ဆိုးရွားတာပဲ*

ရဲ့လင်းချန်၏ ခွက်က စားပွဲမှ တစ်ဖဝါးမှ ခွာမသွားချေ။ သူသည် ခွက်အား စားပွဲနှင့်ကပ်၍ ခါရုံမျှလေး ခါနေသည်။ သူက လူသစ်တစ်ယောက်ထက်ပင် ပို၍ အတွေ့အကြုံမရှိပုံ ပေါ်နေသည်။ သူ မိနစ်နှစ်ဆယ်မျှ လှုပ်ပြီးမှ ရပ်လိုက်လေသည်။

*ဒါ … ဒါပဲလား*

လူတိုင်း တွေဝေသွားသည်။

*သူ လက်လျှော့လိုက်ရင်တောင်မှ ဒါကြီးက သိသာလွန်းတယ်*

“ဒါ အံစာတုံးကို စော်ကားတာပဲ”

မီယာကိုက ပျက်ရယ်ပြု၏။

“နင့်အံစာတုံးတွေကို အရင်ပြပါ”

“မဟုတ်ဘူး မင်း အရင်ပြပါ”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

အံစာတုံးခေါက်ရာ၌ စည်းကမ်းတစ်ခု ရှိသည်။ အကယ်၍ နှစ်ဖက်လုံး၏ အံစာတုံးများက နံပါတ် တူညီနေပါက အရင်ဖွင့်လိုက်သူက နိုင်သည်ဟု သတ်မှတ်ထားကြသည်။

ထို့ကြောင့် ဤသို့ ထူးခြားသော အခြေအနေမျိုးတွင် အရင် ဖွင့်ပြသူက အသာစီးရပေသည်။

လူအများ၏ အတွေးထဲ၌ ဗလာ ဖြစ်နေကြသည်။ သူတို့စိတ်ထဲတွင် ရလဒ်က သိသာနေပြီ ဖြစ်သည်။ အရင်ဖွင့်ပြပြ သို့မဟုတ် နောက်ဆုံးမှပြပြ ဘာများ ကွာခြားသွားမည်နည်း။

မီယာကိုက အချိန်ကုန်ခံပြီး ဘာမှမပြောတော့ချေ။ သူမက လက်ကိုမြှောက်၍ ခွက်ကို ဖွင့်ပြလေသည်။

အံစာတုံး နှစ်ဆယ့်လေးခုက သပ်သပ်ရပ်ရပ် အတူတူ ပူးကပ်နေပြီး ခြောက်ဂဏန်းက အပေါ်သို့ ရောက်နေလေသည်။

*မဟုတ်ဘူး*

*နှစ်ဆယ့်ငါးခုပါလား*

အံစာတုံး တစ်ခုက နှစ်ခုကွဲနေပြီး ခြောက်ဂဏန်းက အပေါ်ရောက်နေသလို နောက်တစ်ခုတွင် တစ်ဂဏန်းက အပေါ်သို့ ရောက်နေ၏။

ပြောရလျင် ခြောက် နှစ်ဆယ့်လေးခုနှင့် တစ် တစ်ခု ဖြစ်နေလေသည်။

*ကြောက်ဖို့ကောင်းလိုက်တာ၊ သူက အံစာတုံး နှစ်ဆယ့်လေးခုကို ချွင်းချက်မရှိ ထိန်းနိုင်ရုံတင် မဘူး တစ်ခုကို ကွဲအောင်ပါ လုပ်နိုင်လိုက်သေးတယ်၊ ဒီလို အရည်အချင်းမျိုးက ကြမ်းလွန်းပါတယ်ကွာ*

*ဒါ … ဒါ*

တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။

*အံ့ဩဖို့ ကောင်းလိုက်တာ၊ ဒီလို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အစွမ်းမျိုးက၊ သူက လောင်းကစားဘုရင်ရဲ့ တပည့် ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”

“ချီးပဲ ဒါက ရုပ်ရှင်တွေထက်တောင် စိတ်လှုပ်ရှားဖို့ ပိုကောင်းသေးတယ်၊ ရုပ်ရှင်တွေကတောင် ဒီလိုဖြစ်အောင် ရိုက်နိုင်ဖို့ မဖြစ်နိုင်ဘူး”

“ဒါပဲလေ၊ ငါ လေးစားပြီကွာ၊ ဒါ နတ်ဘုရားကွ၊ တကယ့်ကို လောင်းကစား နတ်ဘုရား”

လက်ရှိအချိန်၌ သူတို့အားလုံး အပြည့်အဝ လေးစားနေကြသည်။

မီယာကိုကို ယခင်က ရှုံးသွားသူများအားလုံး သက်ပြင်းရှည်ကြီး ချလာကြပြီး သူတို့၏ အရှုံးက မျှတကြောင်း စိတ်သက်သာရာ ရသွားလေသည်။

ထိုလူငယ်လေးအတွက်ကမူ သူ ရှုံးရန် သေချာနေလေပြီ။

“နင် ရှုံးပြီ၊ အခုကစပြီး နင်က ငါ့ကျွန်ပဲ”

မီယာကိုက အမိန့်ချသကဲ့သို့ ရဲ့လင်းချန်အား တည်ငြိမ်စွာ ပြောလာသည်။

“ငါ့အံစာတုံးတွေကိုတောင် မပြရသေးဘူး၊ မင်းက ဘယ်လိုတောင် အဲ့လောက် သေချာနေတာလဲ”

“နင် ပြပြ၊ မပြပြ ဘာများ ထူးခြားသွားမှာမို့လို့လဲ၊ နင် ကံမဆိုးခင် အရည်မရ အဖတ်မရ ရုန်းကန်နေရုံ သက်သက်ပဲကို”

မီယာကိုက ခနဲ့စကား ပြော၏။

“အဲ့လိုလား”

ရဲ့လင်းချန်က ရွှတ်နောက်နောက်ဟန်ဖြင့် ပြုံးလိုက်ပြီး လက်ကိုဆန့်၍ ခွက်ပေါ် တင်လိုက်သည်။

လူအုပ်ကြီးက အသက်ပင် အောင့်မိသွားကြသည်။ ရဲ့လင်းချန် ရှုံးတော့မည်ဟု သူတို့ သိနေသော်လည်း အံစာတုံးကို သူတို့ မသိချင်ဘဲ မနေနိုင်ပါ။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေ၏။ ရဲ့လင်းချန် ခွက်ကို ဖြည်းဖြည်းချင်း မြှောက်နေသည်နှင့်အမျှ အရာအားလုံးက ရပ်တန့်သွားသည်ဟု ထင်မှတ်ရသည်။

ခွက်ကို လုံးဝ မြှောက်ပြီးသွားချိန်တွင် လူတိုင်း ကြက်သေ သေသွားကြသည်။ ထိုအထဲတွင် မီယာကိုလည်း ပါဝင်ပေသည်။

ထိုစဉ် ဝေ့ဟုန်နှင့် မန်ကျိုးတို့၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာ၏။ သူတို့ပုံစံက မယုံနိုင်စရာ ကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသလိုပင်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မီယာကို၏ ခန္ဓာကိုယ်လေးက တုန်ယင်လာပြီး ခုံပေါ် ပစ်ထိုင်ချလိုက်ကာ အံစာတုံးအား ငေးငိုင်၍ ကြည့်နေသည်။

ရဲ့လင်းချန်၏ အံစာတုံးက လေးဆယ့်ရှစ် ဖြစ်နေ၏။

အံစာတုံးတိုင်းက နှစ်ပိုင်းကွဲနေကာ တစ်ဝက်တွင် ခြောက်က အပေါ်ရောက်နေပြီး ကျန်တစ်ဝက်၌ တစ်က အပေါ် ရောက်နေလေသည်။

All Chapters