← Chapters

ဆုံးမခြင်း

Vol. 17 Ch. 245

ဆုံးမခြင်း

Vol. 17 Ch. 245

ဖုန်းပြော၍ ပြီးသွားသည်နှင့် ရဲ့လင်းချန်ထံသို့ ရှောင်ဖေးဖေး၏ ဖုန်း ထပ်ဝင်လာသည်။

“လင်းချန်၊ နင့်ရုပ်ရှင် အခုလို ပေါက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်နော်”

ရှောင်ဖေးဖေးက ပြုံး၍ ပြောလာသည်။

“ကျေးဇူးတင်ပါတယ်”

“နင် ဒီအမျိုးသားနေ့ ပိတ်ရက်အတွင်း နင် အားလား၊ ငါ ဟော်ရန်ကျားရဲ့ လက်မှတ်တွေ ဝယ်ထားတာ၊ နင့်ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ နင် ကြည့်ချင်လား”

ရှောင်ဖေးဖေးက အသံကို ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစား၍ အကြံပြုသည်။

“ရတာပေါ့၊ ပွဲက ဘယ်အချိန်လဲ”

ရဲ့လင်းချန် မေးလိုက်သည်။

“မနက်ဖြန်”

အမှန်အတိုင်း ပြောရရင် ရှောင်ဖေးဖေးက ဟော်ရန်ကျား နာမည်ကြီးမလာခင် ၎င်း၏ တစ်ပတ်လုံးစာ လက်မှတ်များကို ဝယ်ထားပြီးသား ဖြစ်သည်။ အကယ်၍ ခုံများက လူမပြည့်လျင် သူမက လက်ကျန်ခုံများကိုပါ တိတ်တဆိတ် ဝယ်ယူခဲ့သည်။

ယခင်က သူမသည် ရဲ့လင်းချန်အား ရုပ်ရှင် ကြည့်ရန် အဖော်လုပ်ပေးရန် တောင်းဆိုချင်စိတ် မရှိပါ။ ဟော်ရန်ကျား နာမည်ကြီးလာပြီး နောက်ပိုင်းမှသာ သူမ တောင်းဆိုခြင်း ဖြစ်လေသည်။

“အင်း … ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့”

…

ထိုအခိုက်တွင် ဟော်ရန်ကျား၏ ရိုက်ကူးရေးဝန်ထမ်းများနှင့် ခြားနားစွာပင် ယခင်က အောင်ပွဲခံနေသည့် ငါက သူရဲကောင်း၏ ရိုက်ကူးရေး ဝန်ထမ်းများက ငြိမ်သက်နေ၏။

ဝူဟန်၏ မျက်နှာအမူအရာက ကြည့်ရဆိုးနေသည်။ ယနေ့တစ်နေ့တည်းမှာပင် ငါက သူရဲကောင်း၏ လက်မှတ် ရောင်းအားက စောက်ထိုးကျသွားသည်။ ထို့အပြင် အဆင့်ကလည်း ကျလာပြီး ရုပ်ရှင်၏ ရုံတင်ပြသခွင့်ကလည်း ငါးရာခိုင်နှုန်း အဖြတ်ခံလိုက်ရသည်။

ထိုငါးရာခိုင်နှုန်းက ဟော်ရန်ကျားထံ ရောက်သွားခြင်းပင်တည်း။

“ဒါ ဘာသဘောလဲ”

“သခင်လေးဝူ၊ ရုပ်ရှင်ရုံတွေက ဘာလုပ်တာလဲဗျ၊ ဒါ ခင်ဗျားကို အရှက်ခွဲတာ မဟုတ်လား”

ဝူယုံက ဖြူရော်နေသော မျက်နှာနှင့် မေးလာသည်။

“ဘာလို့ သူတို့က ဟော်ရန်ကျားကို ခင်ဗျားရဲ့ ရုံတင်ပြသခွင့် ခွဲပေးတာလဲ၊ သခင်လေးဝူ ရုပ်ရှင်ရုံတွေက ခင်ဗျားကို မလေးမစား လုပ်တာ”

ရှစ်လေ့ကလည်း ဝင်ပြော၍ မကျေနပ်ကြောင်း ပြလေသည်။

ချန်ဖုန့်၏ မျက်နှာက ရှုံ့မဲ့နေသည်။

“သခင်လေးဝူ၊ ကျုပ်တို့ ဒါကို ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူး၊ ရုံတင်ပြသခွင့်ဆိုတာ ရုပ်ရှင်ကား တစ်ကားရဲ့ သေခြင်းရှင်ခြင်းကို သက်ရောက်စေတဲ့ အရာပဲ”

သူသည် ငါက သူရဲကောင်း၌ ရင်းနှီးမြှုပ်နှံထားသဖြင့် စိုးရိမ်တုန်လှုပ်နေ၏။ ထို့အပြင် ဟော်ရန်ကျားကို ဆန့်ကျင်ရန်အတွက် သူက အတော်လေး များပြားသော ပမာဏကို ရင်းနှီးခဲ့သည်။ ဒီကိစ္စက သူ၏ အလုပ် ဆက်လုပ်နိုင်မည့် အပေါ်ကိုလည်း သက်ရောက်နေ၏။

ဝူဟန် အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ ဖုန်းဆက်လိုက်သည်။

“ဒါ ဘာသဘောလဲ၊ ခင်ဗျား ဘာလို့ ကျုပ်တို့ရဲ့ ရုံတင်ပြသခွင့်ကို လျှော့တာလဲ၊ ဟော်ရန်ကျားရဲ့ ရုံတင်ပြသခွင့်ကို ကန့်သတ်ထားဖို့ ကျုပ်တို့ သဘောတူထားခဲ့တာ မဟုတ်ဘူးလား”

“သခင်လေးဝူ ဒါကို ဈေးကွက်က ဆုံးဖြတ်တာပါ၊ ဟော်ရန်ကျားက ဒီလောက် ပေါက်လိမ့်မယ်လို့ ကျုပ်တို့ ထင်မထားမိဘူး၊ ပြီးတော့ ခင်ဗျားရဲ့ ရုပ်ရှင်က … အစပိုင်းက ပရိသတ်တွေရဲ့ တုံ့ပြန်မှုကလွဲရင် လက်မှတ် ရောင်းအားက မြန်မြန်ဆန်ဆန် ကျနေတယ်”

“အကျမြန်တယ် ဟုတ်လား၊ ကျုပ်ရုပ်ရှင်ကားက ကြည့်ရှုသူ နည်းတယ်လို့ ခင်ဗျား ပြောတာလား”

“အမှန်ပဲ”

အသံက တည်ငြိမ်၍ ငြိမ်သက်သည်။

“အဲ့တာတင် မကသေးဘူး၊ ငါက သူရဲကောင်းရဲ့ နာမည်ကလည်း မြုပ်တာ မြန်တယ်၊ ဒီကိစ္စမှာ ကျုပ်တို့လက်တွေက ချည်ပြီးတုပ်ပြီးသား ဖြစ်နေပြီ”

ဝူဟန်က ဖုံးချလိုက်ပြီး သူ့မျက်နှာတွင် သုန်မှုန်နေသော အမူအရာ ပေါ်လာ၏။

သူ့တွင် ရုပ်ရှင်ရုံများအပေါ်၌ လွှမ်းမိုးနိုင်စွမ်းက အကန့်အသတ်နှင့် ဖြစ်လေသည်။ ယခင်က သူ့အတွက် မျက်နှာလုပ်ပေးသည်ကပင် သူတို့ဘက်က အတော်လေး ရက်ရောနေပြီး ဖြစ်သည်။ ယခု သူတို့ကို အမိန့်ပေးရန် မဖြစ်နိုင်ပေ။

“သခင်လေးဝူ၊ ကျုပ်တို့ အခု ဘာလုပ်သင့်လြ၊ ကျုပ်တို့ ရုပ်ရှင်က ဟော်ရန်ကျားရဲ့ လွှမ်းမိုးတာကို ခံနေရပြီဗျ”

ချန်ဖုန့် သွေးပျက်နေလေပြီ။

“ကျုပ်ပရိတ်သတ်တွေရဲ့ အကူအညီကို တောင်းဖို့အတွက် ဝေ့ပေါ်မှာ ပို့စ်တင်လိုက်ဦးမယ်”

ဝူဟန်က တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

“ကျုပ်ရုပ်ရည်နဲ့ဆိုရင် စကားလေး နည်းနည်းလောက်က သန်းချီတဲ့ ပရိသတ်တွေကို ရုပ်ရှင် သွားကြည့်ဖို့ လုပ်နိုင်မှာပဲ၊ ဟော်ရန်ကျားက ကျုပ်တို့နဲ့ ရင်ဘောင်တန်းရအောင် ဘာအရည်အချင်း ရှိလို့လဲ”

…

“ဆရာရဲ့ ဒီတစ်ခါတော့ ကျုပ်တို့ ခင်ဗျားအပေါ် တော်တော်လေး အကြွေးတင်သွားပါပြီ၊ ဒါ ကျုပ်တို့ လုလုပ်ငန်းစုက မပြောပလောက်တဲ့ ကျေးဇူးတင်တဲ့အတွက် ပေးတဲ့ လက်ဆောင်လေးပါ”

လုသားအဖက ရဲ့လင်းချန်ကို တောင်စမ်းရေ အိမ်ရာတစ်ရှေ့၌ ချပေး၍ ATM ကဒ်ကို ပေးလေသည်။

“ဒီထဲမှာ စုစုပေါင်း ၃၅ သန်း ပါပါတယ်၊ ပြီးတော့ ခင်ဗျားအတွက် သန်းငါးရာနီးပါး ဖြစ်အောင် လုပ်ပေး ထားပါတယ် ဆရာရဲ့”

လုဟောင်က သူ့အား မျက်နှာချိုသွေးရန် ကြိုးစားလေသည်။

သူသည် ရဲ့လင်းချန်အား နက်ရှိုင်းသော စိတ်တစ်နေရာအထိ ကြောက်ရွံ့လေသည်။ ပထမဆုံးအနေဖြင့် သူသည် အတိုက်အခိုက် တော်၏။ ဒုတိယအနေဖြင့် သူ့တွင် အားကြီးသော နောက်ခံရှိပြီး လောင်းကစား၌ ထူးချွန်သည်။ ထို့အပြင် ရဲ့လင်းချန်နှင့် သူ အချိန်ဖြုန်းခဲ့ပြီးနောက် ရဲ့လင်းချန်ကို သွားရန်စမိသူတိုင်း အဆုံးသတ်မကောင်းဟု သူ သတိပြုမိ လာလေသည်။

ရဲ့လင်းချန်က ခေါင်းညိတ်လိုက်ပြီး ရှက်မနေဘဲ ATM ကဒ်ကို ချက်ချင်း လက်ခံလိုက်သည်။

ကျန်းယွင်ရှီက အလှကုန်ပစ္စည်းဆိုင်ကို စီမံနေရသဖြင့် အိမ်၌ မရှိပေ။ ထို့နောက် ရဲ့လင်းချန်က ညစ်ကျယ်ကျယ် ပြုံးလာသဖြင့် မီယာကိုတစ်ယောက် ခြိမ်းခြောက်ခံလိုက်ရသလို ခံစားလိုက်ပြီး မသိစိတ်ကြောင့် နောက်သို့ အနည်းငယ် ဆုတ်မိကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“နင် ဘာလိုချင်တာလဲ”

“ငါ့အိမ်မှာ အစေခံတစ်ယောက်က အစေခံလို ဝတ်သင့်တယ်”

ရဲ့လင်းချန်က အိမ်အကူ ဝတ်စုံကို မီယာကိုထံ ပစ်ပေးပြီး ပြောလေသည်။

“ဒါကို ပြောင်းဝတ်ပြီး အိမ်ကို သန့်ရှင်းရေးလုပ်၊ အပြင်မှာ ဥယျာဉ်လည်း ရှိတယ်၊ အပင်တွေကို တိပေးဖို့ မမေ့နဲ့”

“နင် လွန်မလာဖို့ ငါ သတိပေးလိုက်မယ်”

မီယာကို၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး ရဲ့လင်းချန်အား အေးတိအေးစက် စိုက်ကြည့်သည်။

“ငါက လောင်းကစားဘုရင်ရဲ့ တပည့်ပဲ၊ ခဏလောက် ပျော်စရာ ကိစ္စအတွက်နဲ့ ငါ့အပေါ် နင့်လုပ်ရပ်တွေက လွန်လာမယ်ဆိုရင် နင့်လက်ကျန် သက်တမ်းကို နောင်တတွေနဲ့ နေရအောင် ငါ လုပ်ပစ်မယ်”

“ဪ … မင်းက ငါ့ကို ဆွဲချဖို့ ကြိုးစားချင်တာလား”

ရဲ့လင်းချန်က မီယာကိုကို ပိုစိတ်ဝင်စားလာဟန်ဖြင့် ကြည့်လိုက်သည်။ မီယာကိုက အလွယ်တကူ အညံ့ခံမည် မဟုတ်မှန်း သူ သိပါသည်။

“ဟင်းဟင်း နင်က မောက်မာနေမှတော့ ငါ နင့်ကို ဆုံးမပေးရတာပေါ့”

မီယာကိုက လှောင်ရယ်လေသည်။

“လောင်းကစားဘုရင်ရဲ့ လွှမ်းမိုးနိုင်စွမ်းက နင် ထင်ထားတာထက် ပိုတယ်၊ ငါက နင်နဲ့အတူ ဒီမှာ ရှိနေတာကို သူတို့ သိတာနဲ့ နင် ဘယ်တော့မှ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး၊ သူက လူလေး နည်းနည်းလောက် လွှတ်ပြီး နင့်ဘဝကို ရှင်လျက်နဲ့ ငရဲကျအောင် လုပ်နိုင်တယ်”

“အလောင်းအစားက အလောင်းအစားပဲ၊ နင့်ရဲ့ အရင်က မောက်မာမှုကို ငါ မသိချင်ယောင်ဆောင် ထားပေးနိုင်တယ်၊ ဒါပေမဲ့ လူဆိုတာ အတိုင်းအတာကို သိသင့်တယ်၊ နင် ငါ့ကို မလေးမစား လုပ်တာ လွန်လာရင် ငါ အရေးယူမှ အပြစ်မတင်နဲ့”

မီယာကိုက အေးစိမ့်သော မြင့်မြတ်မှုနှင့် မာန်မာန အရှိန်အဝါတို့ ထုတ်ဖော်နေသည်။ လက်ရှိအချိန်တွင် သူမ၏ အမူအကျင့်ကို ထိန်ချန်မထားဘဲ ပြသနေ၏။ လောင်းကစား ဘုရင်၏ တပည့်ဖြစ်သောကြောင့် သူမသည် အထင်သေးခံရမည့် လူမျိုး မဟုတ်ပါ၊ သူမက အများမမီနိုင်သည့် နတ်သမီးတစ်ပါးပင်။

“မင်းက မင်းအကြောင်းကို‌ မေ့နေတဲ့ပုံပဲ၊ ပြီးတော့ ဒါ မင်းရဲ့ ဂျပန်နိုင်ငံ မဟုတ်ဘူး၊ ဒါ တရုတ်နိုင်ငံ”

ရဲ့လင်းချန်၏ အမူအရာက တည်ငြိမ်နေသည်။

“ငါလည်း မင်းကို အခွင့်အရေး ပေးလိုက်မယ်၊ ငါ ပြောတဲ့အတိုင်း မင်း ချက်ချင်း လုပ်ပါ၊ မဟုတ်လို့ကတော့ ငါ မင်းကို ဆုံးမပြီး တော်တဲ့အစေခံ ဖြစ်အောင် ဘယ်လိုနေရမလဲ သင်ပေးဖို့ ဝန်မလေးဘူး”

“နင် သေချင်နေတာပဲ”

မီယာကို၏ အမူအရာက မည်းမှောင်သွားသည်။ သူမ ဟွန့်ခနဲ အသံပြု၍ ညာခြှေကို မြှောက်လိုက်သည်။ သူမ၏ သွယ်လျသော ခြေထောက်က ကျာပွတ်အလား လေကိုခွင်း၍ ရဲ့လင်းချန်ထံ တိုးဝင်လာ၏။

*ဒီကောင်မလေးက သေချာပေါက် လေ့ကျင့်ထားတာပဲ*

သူ လက်တစ်ဖက်ကိုမြှောက်၍ မီယာကို၏ လှပသော ခြေထောက်တစ်ဖက်ကို အသာလေး ဖမ်းလိုက်သည်။

မီယာကို၏ အမူအရာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို ဟန်ချက်ထိန်း၍ ရဲ့လင်းချန်ထံ ချဉ်းကပ်ပြန်သည်။ သူမ၏ ကျန်ခြေထောက်တစ်ဖက်က ရဲ့လင်းချန်၏ လည်ပင်းနားသို့ အလျားလိုက် ဦးတည်၍ ကျရောက်လာသည်။

သူမခန္ဓာကိုယ်က အလွန် ပျော့ပြောင်းပြီး အရိုးများ မရှိဟုပင် ထင်မှတ်ရကာ ရက်စက်မှုအပြည့်နှင့် လျင်မြန်စွာ တိုက်ခိုက်လာ၏။

ရဲ့လင်းချန်၏ အမူအရာက မပြောင်းလဲချေ။ သူက နောက်လက်တစ်ဖက်ဖြင့် ထိုခြေထောက်ကို ဖမ်းလိုက်သည်။ ရဲ့လင်းချန်က လက်များက မီယာကို၏ ခြေထောက်များကို ဖမ်းချုပ်ထားသဖြင့် သူမကို စောက်ထိုးဆွဲထားသလို ဖြစ်နေသည်။

“ငါ့ကိုလွှတ်၊ မဟုတ်လို့ကတော့ ငါ နင့်ကို အသေဆိုးနဲ့ သေအောင် လုပ်ပစ်မယ်လို့ ငါ ကျိန်ပြောရဲတယ်”

မီယာကိုက နီမြန်းနေသော မျက်နှာနှင့် ရဲ့လင်းချန်အား အော်ဟစ်လေသည်။

“မင်း ကျိန်ရဲလား”

ရဲ့လင်းချန်၏ မျက်နှာ မည်းမှောင်လာသည်။

*ဒီအစေခံက အညံ့မခံပါလား၊ ဒါ ဒီပါရမီရှင်ရဲ့ လုပ်ပိုင်ခွင့်ကို စိန်ခေါ်တာပဲ*

သူ့လက်နှစ်ဖက်ကို လွှဲယမ်း၍ မီယာကိုအား ပွေ့ချီလိုက်ပြီးနောက် ဆိုဖာပေါ် ထိုင်ချလိုက်သည်။ ထို့နောက် ဘေးနားမှ ကြက်တောင်မွေးကိုကိုင်၍ မီယာကို၏ လက်ဝါးကို ဖြန့်ကာ လက်ကို ရိုက်လိုက်လေသည်။

“ဖြန်း”

All Chapters