← Chapters

ကဆုန်ပေါက်နေသော နွားသိုး

Vol. 1 Ch. 2

ကဆုန်ပေါက်နေသော နွားသိုး

Vol. 1 Ch. 2

အခန်း (၂) ကဆုန်ပေါက်နေသော နွားသိုး

၀မ်ဒါဟူသည် လျူရန်ယွင်ကို အတွင်းခန်းထဲသို့ ပြန်ခေါ်သွားပြီး သူမ၏အဝတ်များကို စုတ်ဖြဲရန် မစောင့်နိုင်တော့‌အောင်ဖြစ်‌နေ‌ပြီ။

ဤအမျိုးသမီး၏ပုံသဏ္ဍာန်က အရမ်းကို ပူလွန်းစေသောကြောင့် ၀မ်ဒါဟူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဆိုးသွမ်းသည့် မီးတောက်တွေနှင့် လောင်ကျွမ်းစေခဲ့ပြီဟု ဆိုရလိမ့်မည်။

သို့သော် သူလှုပ်ရှားတော့မည့်အချိန်မှာ အတွင်းခန်းတံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့် ခံလိုက်ရသည်။

အစောပိုင်းက အရိုက်ခံခဲ့ရသော လူနုံလူအ ချင်ယွင်သည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

၀မ်ဒါဟူသည် ရုတ်​တရက်​ ထိတ်​လန့်​သွားသည်​။ ဤလူနုံလူအ‌လေးသည် ယခင်ကနှင့် အနည်းငယ် ကွာခြားသွားသည်ဟု သူအမြဲတမ်း ခံစားမိသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ မျက်လုံးများမှ အေးစက်စက် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို သူ အမှန်တကယ် ခံစားခဲ့ရပြီး ဤသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်က သူ့အား ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

“ငါ အထင်အမြင် မှားနေတာပါ။ ဒါက အထင်အမြင်မှားတာ ဖြစ်ရမယ်။ ငါက ဘာလို့ လူနုံလူအ တစ်‌ယောက်ကို ‌ကြောက်ရမှာလဲ။”

၀မ်ဒါဟူသည် ရှက်ရွံ့စိတ်နှင့်အတူ ဒေါသဖြစ်သွားခဲ့သည်။ သူက ချင်ယွင်ကို ချက်ချင်း အော်လိုက်ပြီး "မျိုးမစစ်ကောင်လေး၊ ပျောက်သွားပြီလား။ ငါ အခုထိ လုံလောက်အောင် မရိုက်သေးဘူးလို့ မပြောနဲ့"

"ယွင်အာ..”။ ချင်ယွင်ပြေးဝင်လာတာကိုမြင်တော့ လျူရန်ယွင်လည်း ထိတ်လန့်သွားသည်။ အစောပိုင်းတွင် ချင်ယွင်သည် ၀မ်ဒါဟူ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး တုန်လှုပ်သွားခဲ့သည်။ သူမသည် အလွန်စိုးရိမ်နေသေးသော်လည်း ယခုအခါ ချင်ယွင်သည် လုံခြုံ‌နေ ပြီး အသံထွက်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

သို့သော် ချင်ယွင်သည်၏ အကြမ်းပတမ်း ၀င်ရောက်လာမူက ဝမ်ဒါဟူ၏ ကံကောင်းမူ ကို ဖျက်ဆီးပစ်ရာ ရောက်မည်ကို သူမ သိသည်။ ၀မ်ဒါဟူ၏စရိုက်အရ၊ သူသည် ချင်ယွင်ကို သေချာပေါက် နောက်တကြိမ် ရိုက်နှက်လိမ့်မည်။ ဒါက သူမ သိပ်​ကိုမမြင်​ချင်​တဲ့အရာ​ဖြစ်တာကြောင့်​ ချင်ယွင်ကို "ယွင်အာ အမြန်​ထွက်​သွား၊ ဝင်​မလာနဲ့..” ဟုအော်ပြောသည်။

ချင်ယွင်သည် လျူရန်ယွင်၏ စိုးရိမ်သောကမျက်လုံးများကို ကြည့်ပြီး သူ၏ နှလုံးသားဟာ ချက်ချင်း ပူနွေးလာသည်။

သို့သော်လည်း လျူရန်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များကို ၀မ်ဒါဟူမှ အပိုင်းပိုင်း စုတ်ဖြဲနေပြီ ဖြစ်သည်ကို မြင်သောအခါတွင် ပြင်းထန်သော ဒေါသများ ထွက်ပေါ် လာခဲ့သည်။ ဝမ်ဒါဟူကို ကြည့်ပြီး သူ့အကြည့်တွေက သတ်ချင်စိတ်တွေ ပြည့်နှက် နေပြီ။

"ယို၊ ငါလွှတ်ပေးတာတောင် မင်းက ထွက်မသွား‌သေးဘူးလား ။ မင်းက ထပ်ပြီး အရိုက်ခံချင်လို့လား" ၀မ်ဒါဟူက ဒေါသတကြီးအော်လိုက်ပြီး သူ၏၀တ်စုံလက်‌မောင်းကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ လျှောက်သွားလိုက်သည်။

သူ၏မျက်စိရှေ့မှာ လူနုံလူအက သူ့ကို အရမ်းစိတ်မချမ်းသာအောင် လုပ်နေသည်။ ဒီနေ့ သင်ခန်းစာတစ်ခု သင်ပေးရလိမ့်မည်။

"ယွင်အာပြေး…” လျူရန်ယွင်က အလောတကြီး အော်လိုက်သည်။

သို့သော် ချင်ယွင်သည် ၎င်းကို မကြားလိုက်သည့်ဟန်ဖြင့် မှင်တက်ကာ တံခါးဝတွင် ရပ်လိုက်သည်။

၀မ်ဒါဟူသည် ချင်ယွင်၏ ရှေ့သို့ ရက်စက်သော အပြုံးဖြင့် လျှောက်လာခဲ့သည်။

အကြောက်တရားကဘာလဲဆိုသည်ကို ဒီလူအကို သူ သိစေချင်သည်။

"ဟား၊ ဟား၊ လူအလေး၊ ငရဲကိုသွားပေတော့။ ၀မ်ဒါဟူသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချင်ယွင်၏ ခေါင်းကို တိုက်ရိုက် ရိုက်ချလိုက်သည်။

သို့သော်လည်း တစ်ဖက်မှ လူအက သူ၏လက်သီးချက်ကို ဂရုမစိုက်ဘဲ စိုက်ကြည့် နေဆဲပင်။

ဤအရာက သေခြင်းတရားကို တောင်းခံနေခြင်း မဟုတ်ပေဘူးလား?။

“မင်းက သေချင်နေပြီဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။”

၀မ်ဒါဟူ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ခက်ထန်လာသည်။ ဤရိုက်ချက်က ချင်ယွင်၏ ဦးခေါင်းဆီသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်သွားသည်။ ၀မ်ဒါဟူ တိုက်ခိုက်လိုက်သည်ကို မြင်တော့ လျူရန်ယွင်သည် ချက်ချင်းဆိုသလို ကြောက်လန့်သွားသည်။

သူမသည် ၀မ်ဒါဟူ၏လက်မောင်းကို ပွေ့ဖက်ကာ ဤထိုးချက်အား ရပ်တန့်လိုသော စိတ်ဖြင့် ဝမ်ဒါဟူဆီသို့ အသည်းအသန်ပြေးသွားခဲ့သည်။

သို့သော်လည်း ဝမ်ဒါဟူ၏ ရိုက်ချက်သည် အလွန်လျင်မြန်သောကြောင့် လျူရန်ယွင် ရပ်တန့်ရန် အချိန်မရှိပေ။

ဤပြင်းထန်သော လက်သီးချက်သည် ချင်ယွင်၏ ခေါင်းကို ထိလုနီးပါးဖြစ်နေပြီ ဖြစ်သည်ကို မြင်လိုက်ရသည်။

ဤအရေးကြီးသောအခိုက်အတန့်တွင် ချင်ယွင်သည် အမှန်တကယ် လှုပ်ရှားသွားခဲ့ သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ဝမ်ဒါဟူ၏ ဂျင်တစ်ထောင်လောက် လေးလံသည့် လက်သီးကို ကျွမ်းကျင်စွာ ရှောင်လိုက်သည်၊။

"အယ်?" ၀မ်ဒါဟူသည် သူ၏တိုက်ခိုက်မှု လွဲချော်ခဲ့သည့်အတွက် အနည်းငယ် ထိတ်လန့် သွားခဲ့သည်။ သူသည် လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ပြီး နောက်ထပ် တိုက်ခိုက်မှုကို ပြင်ဆင်လိုခဲ့သည်။

သို့သော်လည်း ချင်ယွင်သည် နောက်တကြိမ်တိုက်ခိုက်ရန် မည်ကဲ့သို့ အခွင့်ရေး ပေးမည်နည်း။ သူသည် ဝမ်ဒါဟူ လေထဲသို့ သက်ရောက်သွားပြီး သူ၏ကိုယ်ခန္ဓာ မတည်မငြိမ် ဖြစ်နေသည့် အပေါ် အခွင့်ရေးယူလိုက်သည်။ ချင်ယွင်သည် သူ၏နောက်မှာ ပြင်ဆင်ထားသည့် မီးဖိုချောင်သုံးဓားကို လျှပ်စီးလက်သလို ဆွဲထုတ်ပြီး ၀မ်ဒါဟူ၏လည်ပင်းကို မညှာမတာ ခုတ်ထစ်လိုက်သည်။

ချင်ယွင်သည် ထင်ရာစိုင်းတတ်သော လူမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဒေါသကြီးလာလေလေ၊ သူ၏နှလုံးသားက တည်ငြိမ်လာလေလေ ဖြစ်သည်။ ယခင်အဖြစ်အပျက်များက သူ့အတွက် ချန်ထားခဲ့သည့် သင်ခန်းစာများပင် ဖြစ်လေသည်။

၀မ်ဒါဟူသည် သိုင်းပညာရှင်နယ်ပယ် ပထမအဆင့်ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အလွန်ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံ ရှိသော်လည်း သူ၏ လက်ရှိခန္ဓာကိုယ်တွင် ကျင့်ကြံမူသဲလွန်စ အရိပ်အယောင်မျှ မရှိပေ။ သူသည် ၀မ်ဒါဟူ၏ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်‌ပေ။

ထို့ကြောင့် ဝမ်ဒါဟူအား သူ၏ရန်သူကို လျှော့တွက်ကာ၊ သူ့ကို လူနုံလူအဟု ထင်မြင်စေပြီး ပြင်းထန်သော ထိုးနှက်ချက်ပေးရန် အခွင့်အရေးကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။

“ဖူး..”

ဓားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သွေးများ ထွက်ကျလာသည်။

"မင်း…မင်း…"

သူ၏ရှေ့မှာ မီးဖိုချောင်သုံးဓားကို ကိုင်ထားသည့် လူအကို ကြည့်ရင်း ဝမ်ဒါဟူ၏မျက်လုံးများသည် မယုံနိုင်မူနှင့်အတူ ပြူးကျယ်လာသည်။ သို့သော် သူသည် အသက်မရှုဘဲ ဒေါသထွက်ရုံသာ တတ်နိုင်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားပေမယ့် စကားမပြောနိုင်‌တော့။

ထိုအခိုက် သူသိလိုက်သည့်အရာကတော့ သိပ်မကြာခင်က သူ နင်းချေစော်ကားခဲ့သည့် သူ၏ရှေ့က လူနုံလူအလေးဟာ လူနုံလူအတစ်ယောက် မဟုတ်တော့ဘူးဆိုတာကိုပင်။

သို့သော်လည်း၊ သူ​တွေး​နေသညနေသည့် အချိမှာတော့ အချိန်​​နှောင်း​သွားခဲ့လေပြီ။

ဝမ်ဒါဟူ၏ အလောင်းသည် ပြုတ်လဲကျပြီး ဝမ်းနည်းပူဆွေးစွာဖြင့် သေဆုံးသွားခဲ့သည်။

"မင်း ငါ့အစ်မနှင့် ပတ်သက်ပြီး မကောင်းဆိုးဝါးအ တွေးမျိုး ရှိမနေသင့်ဘူး!" ချင်ယွင်က စကားတစ်ခွန်းပြောပြီး ရေခဲကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် မြေပြင် ပေါ်ရှိအလောင်းကို ကြည့်လိုက်သည်။

လျူရန်ယွင်သည် ဤအလွန်အမင်း ပြောင်းလဲမြန်လှသည့် မြင်ကွင်းကို ကြည့်ရင်း အံသြနေမိသည်။ သူမ လုံးဝ ထိတ်လန့်သွားသည် ။

လွန်ခဲ့သည့် အခိုက်အတန့်တွင် ချင်ယွင်သည် ဝမ်ဒါဟူကြောင့် ဒဏ်ရာရသွား လိမ့်မည်ဟု သူမထင်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် ချင်ယွင်သည် ဝမ်ဒါဟူကို အသေသတ်လိုက်သည်ကို သူမမြင်လိုက်ရသောကြောင့် ခေါင်းမလှည့်နိုင်တော့ပေ။

“ဒုန်း.." အသံတစ်ချက်ထွက်လာသည်။

ချင်ယွင်သည် လျူရန်ယွင်၏ ရှေ့မှာ ရုတ်တရက် ဒူးထောက်လိုက်သည်။ ထိတ်လန့်နေပြီ ဖြစ်သော လျူရန်ယွင်ကို ကြည့်ရင်း၊ "အစ်မ…”

လျူရန်ယွင်သည် ထိုစကားကိုကြားသောအခါ သူမတစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူမရှေ့မှာ ဒူးထောက်ပြီး သူမနှင့်အတူ ခြောက်နှစ်ကြာအောင်နေခဲ့သည့် မောင်ငယ်ကို ကြည့်လိုက်တော့ မျက်လုံးတွေ ချက်ချင်းနီလာပြီး ပါးစပ်အုပ်ပြီး ငိုမိပြီ။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ ကြည်လင်နေခဲ့သည်။ ဒါက သူမ တစ်ခါမှ မမြင်ဖူးသည့် အကြည့်မျိုးဖြစ်သည်။

"မင်း... အခု မင်းငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ" လျူရန်ယွင်သည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမသည် တုန်ယင်နေသောလက်များကို ဆန့်ထုတ်ကာ ချင်ယွင်၏ ပါးပြင်ကို ထိချင်သော်လည်း ဓာတ်လိုက်သကဲ့သို့ တွန့်ဆုတ်သွားခဲ့သည်။ သူမ ထိမိလျှင် အရာအားလုံးသည် အိပ်မက်တစ်ခုဖြစ်ကြောင်း သူမသိမည်ကို သူမ ကြောက်မိသည်။

"အစ်မ၊ ကျွန်တော် သတိပြန်ရလာပြီ။ ကျွန်တော် ဘယ်သူလဲဆိုတာ မှတ်မိပြီ။ မင်း ကျွန်တော့်ကို ခြောက်နှစ်ကြာအောင် ပြုစုခဲ့တယ်၊ အစ်မက ကျွန်တော့် အစ်မပဲ" ချင်ယွင်လည်း စိတ်လှုပ်ရှားစွာ မျက်ရည်ကျလာသည်။

သူ၏ရှေ့တွင် သူနှင့်ဘာမှမသက်ဆိုင်သော ဤအမျိုးသမီးသည် သူ့ကိုမွေးစားစဉ်က အသက်ဆယ့်လေးနှစ်သာရှိသေးသော်လည်း သူမသည် ခြောက်နှစ်ပတ်လုံး သူ့ကို သူမလက်ဖြင့် မြှောက်ထားခဲ့သည်။

"ယွင်အာ…"

"အစ်မ!"

"ဒါ အိပ်မက်မဟုတ်ဘူးလား?"

"အစ်မ၊ ဒါ အိပ်မက်မဟုတ်ဘူး၊ ကျွန်တော်က အစ်မရဲ့ ယွင်အာပါ”

လျူရန်ယွင်သည် ချင်ယွင်ကို အစွမ်းကုန် ပွေ့ဖက်လိုက်သည်။ သူမမျက်နှာတွင် မျက်ရည်များ နှင့် အပြုံးများ ပြည့်နှက်နေသည်။ သူမသည် မရေမတွက်နိုင်အောင် စိတ်လှုပ်ရှားနေခဲ့သည်။

သူမသည် ယခုလိုနေ့မျိုးကို စောင့်မျှော်နေပါသည်။ မည်မျှကြာအောင် စောင့်ခဲ့ရသည် သူမမသိ။ ချင်ယွင်က သူမကို အစ်မလို့ခေါ်လိုက်သည့်အခါ ဤနှစ်များတ‌လျှောက် ကြုံတွေ့ရသည့် ခါးသီးမှုတွေဟာ ထိုက်တန်တယ်လို့ သူမ ခံစားခဲ့ရသည်။

ချင်ယွင်သည် လျူရန်ယွင်၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ခံထားရသည်။ သူ မတွေ့ရတာကြာပြီဖြစ်သည့် နွေးထွေးမှုတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းစီးဝင်လာပြီး ချင်ယွင့်ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးအပိုင်းရှိ အေးစက်မူများ အရည်ပျော်သွားခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် ဤအမျိုးသမီးအား နောင်ဘ၀တွင် မည်သည့်ဒုက္ခမှ ခံရမည်မဟုတ်ကြောင်း ကျိန်ဆိုခဲ့သည်။ သူမကို တစ်သက်လုံး ကာကွယ်ပေး ချင်ခဲ့သည်။

ထိုကဲ့သို့ပင် ချင်ယွမ်နှင့် သွေးမတော်စပ်သော အစ်မသည် မခွဲခွာမီ အချိန်အတော်ကြာ ပွေ့ဖက်ထားကြသည်။

ထို့နောက် လျူရန်ယွင်သည် စားသောက်ဆိုင်ကို တိုက်ရိုက်ပိတ်ပြီး ချင်ယွင်၏ အနှစ်သက်ဆုံး ဝက်သားပြုတ်ကို သူ၏ ပြန်လည်မွေးဖွားခြင်းကို ဂုဏ်ပြုရန် ပြုလုပ်ခဲ့သည်။

၀မ်ဒါဟူ၏ အလောင်းအား ချင်ယွင်က တောထဲသို့ဆွဲထုတ်ကာ သင်္ဂြိုဟ်ရန် ညအချိန်ကို အခွင့်ကောင်းယူခဲ့သည်။

ဟုတ်ပါသည်၊ ဒါကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိမည်ဆိုသည်ကို သူသိထားပြီး၊ ရှာဖွေတွေ့ရှိပြီးသည်နှင့် သူတို့ဟာ ပျက်စီးခြင်းဘေးဆိုးကို ကြိုဆို နှုတ်ဆက်ရလိမ့်မည်။

ညစာစားပြီးနောက် ချင်ယွင်သည် ညဥ့်နက်သည်အထိ လျူရန်ယွင်နှင့် စကားစမြည် ပြောခဲ့သည်။ ထိုမှပင် သူသည် စိတ်လှုပ်ရှားမှုကို ထိန်းကာ အိမ်နောက်ဖေးသို့ တစ်ယောက်တည်း သွားခဲ့သည်။

ချင်ယွင်သည် ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်လိုက်တော့ သူ့ရင်ထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပေါ်လာသည်။

ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏ နောက်ကွယ်တွင် အင်မော်တယ်ကမ္ဘာတစ်ခု တည်ရှိနေပြီး၊ အင်မော်တယ်ကမ္ဘာကို အုပ်စိုးသည့် ကြီးကျယ်ခမ်းနားသော - တော်၀င် ချင် အင်မော်တယ်မင်းဆက် တစ်ရှိသည်။ ထိုနေရာသည် အတိတ်က သူ၏အိမ်ဖြစ် သည်။

အိမ်လား?

ချင်ယွင်သည် လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူ၏အိမ်က ဒီနေရာဖြစ်သည်၊ ဤမြူခိုးတိမ်တိုက် စား‌သောက်ဆိုင် ဖြစ်ပါသည်။

ထိုမိသားစုတွင် အရေခြုံမှု၊ အေးစက်မှုနှင့် အကျည်းတန်မှုတို့သာ ရှိခဲ့သည်။ လူတိုင်းက မျက်နှာဖုံး ဝတ်ထားကြတယ်။ မျက်နှာဖုံးအောက်တွင် အစွယ်များနှင့် ရက်စက်သည့် မျက်နှာတစ်ခု ရှိနေသည်။ မိသားစု၏ချစ်ခင်မှုကိုတော့ ပြောစရာစကားပင်မရှိ‌ချေ။

အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနေပြီး အကန့်အသတ်မဲ့ စွမ်းအားများ ရှိသော်လည်း ချင်ယွင်၏ မျက်လုံးများတွင်မူ ၎င်းသည် ကြီးမားသော ရေခဲတုံးလို အေးစက်စက် နေရာကြီး ဖြစ်နေပါသည်။

သူ့အား သူမ၏နှလုံးသားပေးကာ ချစ်ခဲ့သည့် တစ်ဦးတည်းသော မိခင်သည် ရက်စက် ကြမ်းကြုတ်သော ဖခင်၏ နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် အမှောင်ထုချောက်နက်ထဲသို့ နှင်ထုတ်ခြင်းခံခဲ့ရသည်။

ဤအကြောင်းကိုတွေးပြီး ချင်ယွင်၏ နှလုံးသားသည် ပြင်းထန်သည့် ရန်လိုမှုတစ်ခု နှင့်အတူ ခုန်နေလေသည်။

"တော်၀င်ချင်အင်မော်တယ် မင်းဆက်၊ မင်းတို့ ဆက်ပြီးတည်ရှိနေဖို့ မလိုအပ်တော့ဘူး။ မင်းတို့ဟာ ဆွေးမြေ့နေပြီဖြစ်လို့ မင်းတို့ကို ငါကိုယ်တိုင် ဖျက်ဆီးပါရစေ”။

ထိုအချိန်တွင် ချင်ယွင်သည် သွေးသစ္စာ ကျိန်ဆိုလိုက်သည်။

သူသည် သူ့ဘာသာသူ နှစ်ထောင်ပေါင်းများစွာ ရပ်တည်ခဲ့သော တော်၀င် ချင်အင်မော်တယ် မင်းဆက်ကို လုံးဝ ချေမှုန်းပစ်ချင်ခဲ့သည်။

သူ့ထံမှ ရှိသမျှကို လုယူသွားခဲ့သော ထိုသူတို့သည် သွေးနှင့်‌ပေးဆပ်စေရမည်။

အလွန်ဘ၀င်မြင့်ပြီး သူတို့၏နှလုံးသားထဲတွင် ရုပ်ဆိုးအကျည်းတန်လှသည့် အင်မော်တယ်ကမ္ဘာမှ ထိုလူများသည် ငရဲသို့ ထာဝရ ကျပါစေ။

"ဒီနေ့ကစပြီး ငါချင်ယွင် စပြီး ကျင့်ကြံတော့မယ်။ ဒီတော့ ဖရိုဖရဲအင်မော်တယ်အရိုး ပျောက်သွားရင်တောင် ဘာဖြစ်လဲ။ ငါ အင်မော်တယ်ကမ္ဘာကို တစ်ဖန်ခြေပြန်ချတာနဲ့ မင်းတို့ရဲ့ တော်၀င်ချင် အင်မော်တယ်မင်းဆက်က ပျက်စီးသွားရလိမ့်မယ်!"

ချင်ယွင်သည် လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး သူ၏မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် သူ၏ကိုယ်အတွင်းရှိ တိုက်ခိုက်လိုသည့် သွေးများက လုံးဝ လောင်ကျွမ်းသွားပြီး၊ သူ၏တိုက်ပွဲစိတ်၀ိဉာဏ်သည် ဒေါသနှင့်ပြည့်နေသည်။

ချင်ယွင်သည် အကြွေးတင်သမျှ ပြန်‌ပေးဆပ်ရမည်ဆိုသည်ကို ကမ္ဘာကြီးအား အသိပေးချင်သည်။

သူသည် သတ်ဖြတ်ခြင်းဖြင့် ဤကမ္ဘာကြီးကို ပြန်လာချင်ခဲ့သည်။

All Chapters