အစိမ်းရောင်ကြာပန်း စည်းတံဆိပ်။
Vol. 1 Ch. 3
အခန်း (၃) အစိမ်းရောင်ကြာပန်း စည်းတံဆိပ်။
သိုင်းပညာကို တန်ဖိုးထားသည့် ဤကမ္ဘာကြီးမှာ ခွန်အားသည် ဘုရင်ဖြစ်၏။
သို့သော်လည်း၊ သိုင်းပညာရှင်တစ်ယောက် ဖြစ်ဖို့ဆိုသည်မှာ သိပ်မလွယ်လှပေ။ ရှေးဦးစွာ၊ သင်သည် ကျင့်ကြံဖို့ အရည်အချင်းများ ရှိစေရန်အတွက် ဝိညာဉ်အရင်း အမြစ်များ ပိုင်ဆိုင်ရန် လိုအပ်ပါသေးသည်။ ဒုတိယအနေဖြင့် သင်သည် သိုင်းပညာရပ် စာအုပ်များ ပိုင်ဆိုင်ရန် လိုအပ်သည်။
အထက်ပါ အချက်နှစ်ချက်ဖြင့်သာ သင်သည် သိုင်းပညာရှင်တယောက် ဖြစ်လာနိုင် သည်။
ဝိညာဉ်အရင်းအမြစ်များသည် သဘာဝအတိုင်း မွေးဖွားရာတွင် ပါလာကြပြီး၊ ၎င်းတို့ မွေးဖွားနိုင်ခြေမှာ အလွန်နည်းပါးပါသည်။ လူဆယ်ယောက်တွင် တစ်ယောက်သည် ဝိညာဉ် အရင်းအမြစ်ဖြင့် မွေးဖွားပေးနိုင်လျှင်ပင် ကံကောင်းလွန်းနေပြီ။
ထို့အပြင် သိုင်းပညာရပ်စာအုပ်များသည် အဖိုးတန် ရတနာများ ဖြစ်သည်။ သာမာန်လူများသည် အလွန်ဆင်းရဲနေသည့်အတွက် ၎င်းတို့ကို မတတ်နိုင် ပေ။ သင်သည် သိုင်းပညာသင်တန်းကျောင်းသို့ တက်ရောက်ခြင်း သို့မဟုတ် အင်အားစု တစ်ခုခုသို့ ပူးပေါင်းခြင်းဖြင့် သိုင်းပညာရပ်စာအုပ်များ ဆုချီးမြှင့်ခံရမည် ဖြစ်သည်။
ဥပမာအားဖြင့်၊ ဝမ်ဒါဟူ၏ ဦးလေးသည် လျူကလန်သို့ ဝင်ရောက်ခဲ့ပြီး လျူကလန်၏ ဘဏ္ဍာစိုးဖြစ်လာခဲ့သည်။ သူသည် အဆင့်နိမ့် သိုင်းပညာရပ်စာအုပ်တအုပ်သာ ဆုချီးမြှင့်ခြင်းခံရသော်လည်း ၎င်းသည် အနိမ့်ဆုံးအဆင့်ဖြစ်လျှင်ပင် ချင်နင်းမြို့မှ သာမန်လူများအမြင်တွင် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
ဤအရာက ချင်နင်းမြို့မှာရှိသည့် လူအများစုသည် သာမန်လူများ ဖြစ်နေရခြင်း၏ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါသည်။
ချင်ယွန်မြို့တွင် အဓိက မျိုးနွယ်စုကြီး သုံးခု ရှိပြီး၊ ချင်နင်းမြို့တွင် လျူ မျိုးနွယ်စု ၊ ချင်တန်းမြို့တွင် ဝမ်မျိုးနွယ်စုနှင့် ချင်ရွှမ်မြို့တွင် လင်းမျိုးနွယ်စုတို့ ဖြစ်ကြသည်။
မျိုးနွယ်စုကြီး သုံးခုသည် မြို့ငယ်သုံးမြို့ကို တာဝန်ယူထားသောကြောင့် လျူကလန် သည် ချင်နင်းမြို့ရှိ ကောင်းကင်ဘုံ ဖြစ်သည်။
ဟုတ်ပါသည်၊ ဒီထက်ထူးခြားသည့် အင်အားစုကြီးလည်း ရှိခဲ့ပါသည်။ ယင်းကတော့ ချင်ယွန်မြို့၏ မြို့သခင်စံအိမ် ဖြစ်သည်။ ချင်နင်မြို့၊ ချင်တန်းမြို့ နှင့် ချင်ရွှမ်မြို့ တို့သည် ချင်ယွန်မြို့၏ လက်အောက်ခံ မြို့များသာ ဖြစ်ပါသည်။ မြို့သခင်စံအိမ်သည် မည်မျှ တန်ခိုးကြီးသည်ကို မြင်တွေ့နိုင်သည်။
ယခု ချင်ယွင်သည် ဝမ်ဒါဟူကို သတ်လိုက်သောကြောင့် အကြာကြီး ဖုံးကွယ် ထားနိုင်မည် မဟုတ်ပေ။
ဝမ်ဒါဟူ၏ ဦးလေးဖြစ်သူ လျူကလန် ဘဏ္ဍာစိုး၏ ခွန်အားဖြင့်ဆိုပါက၊ ဝမ်ဒါဟူ၏ ကိစ္စကို ရှာဖွေတွေ့ရှိပြီးသည်နှင့် မြူခိုးတိမ်တိုက်စားသောက်ဆိုင်သည် ပျောက်ကွယ် သွားမှာ ဖြစ်ပြီး ချင်ယွင်နှင့်လျူရန်ယွင် ကိုလည်း တိုက်ရိုက် သုတ်သင်ပစ်ပါလိမ့်မည်။
ထို့ကြောင့်၊ ယခုအချိန်တွင် ချင်ယွင်အတွက် အရေးကြီးဆုံးအရာမှာ သူ၏ခွန်အားကို မြှင့်တင်ရန်ဖြစ်သည်။ သူ၏ခွန်အား လုံလုံလောက်လောက် အားကောင်းလာမှသာလျှင် နောင်အကျပ်အတည်းတွေကို ရင်ဆိုင်နိုင်မှာပါ။
ထို့ကြောင့် ချင်ယွင်သည် အလွန်အမင်း စဉ်းစားမနေဘဲ ခြံဝင်းအတွင်းရှိ လှေကား ထစ်များပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် စတင်ကျင့်ကြံလိုက်သည်။
ချင်ယွင်၏ ဝိညာဉ်အရင်းအမြစ်သည် အမြင့်ဆုံးအဆင့် ဝိညာဉ်အရင်းအမြစ်ဆယ်ခုဝင် ဖြစ်ပြီး ထျန်းယွန်တိုက်ကြီး တစ်ခုလုံးတွင် အရေအတွက် အများအပြား မရှိပေ။
ကျင့်ကြံခြင်းပညာရပ်များအရ တစ်ချိန်က အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံး သားတော်ဖြစ်ခဲ့ကြောင်း တခုတည်းဖြင့်ပင်၊ သူကျင့်ကြံခဲ့သည့် ပညာရပ် သည် သဘာဝအတိုင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းကို ရှေးဟောင်းခေတ် အစိမ်းရောင် ကြာပန်းပညာရပ်ဟု ခေါ်သည်။
ထို့ကြောင့် ချင်ယွင်၏ကျင့်ကြံမူ အရှိန်သည် အလွန်မြန်သည်။ နှစ်နာရီအတွင်း သူသည် ကိုယ်ခံပညာအဆင့်ကို ကျော်ဖြတ်ပြီး သိုင်းပညာရှင်နယ်ပယ်၏ ပထမအဆင့် ကောင်းကင်ဘုံအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။
ဤအရှိန်ဟုန်က ကြောက်စရာကောင်းနေပါပြီ။ ဝမ်ဒါဟူသည် သိုင်းပညာရှင် နယ်ပယ် ၏ ပထမအဆင့်သို့ ရောက်ရန် သုံးနှစ်ကြာခဲ့သော်လည်း ချင်ယွင်သည် ထိုသို့ ပြုလုပ်ရန် တစ်နာရီသာကြာခဲ့သည်။
အကယ်၍၊ ဤသတင်းကိုသာ ဖြန့်လိုက်မည်ဆိုလျှင်၊ လူတော်တော်များများ သေသည်အထိ ကြောက်လန့်သွားကြလိမ့်မည်။
သို့သော် ချင်ယွင်သည် စိတ်ကျေနပ်ခြင်း မရှိသေးပေ။ ထိုအချိန်တုန်းက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်းခေတ် ဖရိုဖရဲ အင်မော်တယ်အရိုးဖြင့်၊ သူသည် သိုင်းပညာရှင်နယ်ပယ်၏ နဝမမြောက် ကောင်းကင်အလွှာသို့ တက်လှမ်းရန် အမွှေးတိုင်တစ်ချောင်းအချိန်သာ အသုံးပြုခဲ့ရပြီး တစ်နာရီအတွင်း သိုင်းသခင် နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သည်။
အမှန်တကယ်တော့ သိုင်းပညာရှင်များကို အဆင့်အမျိုးမျိုး ခွဲခြားထားပါ သည်။ ၎င်းတို့ကို သိုင်းပညာရှင်များ၊ သိုင်းသခင်များ၊ သိုင်းဂိုဏ်းချုပ်များ၊ သိုင်းမြို့စားများနှင့် သိုင်းဧကရာဇ်များဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။
အဆင့်တစ်ခုစီကို အဆင့်တစ်မှ အဆင့်ကိုးအထိ ခွဲခြားထားပါသည်။ အဆင့်တစ်ခုစီကြားတွင် အင်အားကွာဟချက်ကြီးမားသည်ဟု ဆိုနိုင်သည်၊ ၎င်းသည် သိုင်းပညာရှင်တစ်ဦးအတွက် ပထမအဆင့်သို့ တက်လှမ်းရန်ပင် အလွန်မင်း ခက်ခဲလှသည်။
နောက်တစ်ဆင့်မှာ ကိုယ်ခံပညာဖြင့် တာအိုသို့ဝင်ရောက်ခြင်း၊ တာအို အငွေ့ရည် ဖွဲ့ခြင်း၊ အမှန်တရားသို့ပြန်လည်ခြင်းနှင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် များသို့ ဝင်ရောက်ရန် ဖြစ်ပါသည်။ ဤနယ်ပယ်သုံးခုကို အစောပိုင်း အင်မော်တယ်များ ဟု ခေါ်ပြီး၊ ၎င်းတို့သည် အလွန်မင်း အစွမ်းထက်သည်။
ထို့နောက် အင်မော်တယ်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာ အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဝင်ရောက်ရမည်။ ထို့နောက် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ၊ လျိုအင်မော်တယ်နယ်ပယ်၊ အင်မော်တယ်ဘုရင်နယ်ပယ်နှင့် အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ တက်လှမ်းခြင်း ဖြစ်ပါသည်။
အင်မော်တယ် ဧကရာဇ်နယ်ပယ်၏ အထက်တွင်မူ ဝေဝေဝါးဝါးအနေဖြင့် ပြောဆိုနေကြသည့် အဓိပတိဦးသျှောင်နယ်ပယ်တခု ရှိသေးသည်ဟု ဆိုကြသော်လည်း ချင်ယွင်ပင်လျှင် ထိုကျွမ်းကျင်ပညာရှင်များကို မည်သည့်အခါမှ မမြင်ဖူးပေ။
ထိုအချိန်တွင် ချင်ယွင်သည် ဖရိုဖရဲအင်မော်တယ်အရိုးများကို ပိုင်ဆိုင်ထားပြီး သူ၏ အရည်အချင်းသည် မြေကြီးတုန်ခါစေသည်ဟု ဆိုနိုင်သည်။
သူသည် အသက်သုံးနှစ်အရွယ်တွင် ကိုယ်ခံပညာဖြင့် တာအိုသို့ဝင်ရောက်ခဲ့ပြီး ခြောက်နှစ်သားတွင် အင်မော်တယ်တယ် အသွင်ပြောင်းလဲခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့ကာ၊ ဆယ်နှစ်သားတွင် အစစ်အမှန် အင်မော်တယ်ဖြစ်လာရန် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ အင်မော်တယ်နယ်ပယ်ထဲအထိ သူ ရောက်ရှိခဲ့သည်။
ထို့ကြောင့် သူသည် သိုင်းပညာရှင်နယ်ပယ်၏ ပထမအဆင့်သို့ ဖြတ်ကျော်ရန် နှစ်နာရီကြာ အချိန်ယူခဲ့ရသည်။ ထုံးစံအတိုင်း ဤအရာကို ချင်ယွင်က မကျေနပ်ပေ။ သေချာပါသည်၊ သူသည် ယခုအချိန်မှာ ဖရိုဖရဲ အင်မော်တယ်အရိုးများ ဆုံးရှုံးသွားပြီဆို ကိုလည်း သိထားပြီး၊ သူ၏ အရည်အချင်းများက အရင်ကထက် အများကြီး အားနည်း သွားပါပြီ။ သူသည် တစ်ဆင့်ပြီးတစ်ဆင့်သာ ပြန်လာနိုင်ပါသည်။ အလျင်စလို ပြန်မလာနိုင်တော့။
ထိုအချိန်တွင် ချင်ယွင်သည် ယနေ့စည်းတံဆိပ်ကို ချိုးဖျက်ရန် ကူညီပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ရုတ်တရက် အမှတ်ရသွားသည်။ ၎င်းစွမ်းအားကို ရယူနိုင်ခဲ့ပါက၊ သူ၏ကျင့်ကြံ မှုသည် သိသိသာသာ တိုးလာမည်မှာ သေချာပါသည်။
သို့သော်လည်း၊ ထိုစွမ်းအားသည် မည်သည့်နေရာက ရောက်ရှိလာခဲ့သနည်း?။
ကျွမ်းကျင်သူတွေက သူ့ကို ကူညီပေးတာများ ဖြစ်နိုင်သလား။
မဟုတ်ဘူး၊ ထိုအရာသည် သူ၏အဖေ အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်၏ စည်းတံဆိပ် ဖြစ်သည်။ ဤသေမျိုးတိုက်ကြီးတွင် မည်သူကရော ၎င်းစည်းတံဆိပ်ကို ချိုးဖျက်နိုင်မည်နည်း။
ဒါဆို ဘာကြောင့်လဲ? ပြိုင်ဘက်ကင်း ရတနာတစ်ခုခုများ ဖြစ်နိုင်ပါသလား။
ဤဖြစ်နိုင်ခြေကို တွေးတောရင်း၊ ချင်ယွင်သည် ပို၍ ပို၍ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသည်။ ဤရှင်းလင်းချက်သည်သာ အဓိပ္ပါယ်ရှိပေသည်။
ရုတ်တရက် ချင်ယွင်၏ စိတ်ဝိညာဉ်သည် တစ်စုံတစ်ခုကို သတိရသွားသလို တောက်ပလာသည်။ သူသည် သူ၏ရင်ဘတ်ကို အလျင်အမြန် လှမ်းကိုင်လိုက် သော်လည်း သူ၏ရင်ဘတ်ထဲမှ မည်သည့်အရာတစ်ခုမှ ထွက်မလာတော့။
ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ ရင်ဘတ်ပေါ်မှ အဝတ်အစားများကို အမြန်ဖွင့်လိုက်သည်။ ဟုတ်ပါသည်။ ဤနေရာမှာ မည်သည့်အရာမှ မရှိတော့ပါဘူး။
"ဘာလို့ ပျောက်နေတာလဲ" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
သူ ရှစ်နှစ်သားအရွယ်တွင်၊ သူ၏ဖခင် အင်မော်တယ်ဧကရာဇ် ချင်ဟန်သည် ရှေးဟောင်းခေတ်က မျိုးစေ့တစ်ခုကို ယူဆောင်လာခဲ့သည်။ ဤမျိုးစေ့သည် အလွန်ထူးဆန်းသည်ဟု သူအမြဲတမ်းခံစားမိသောကြောင့် သူ၏ရင်ဘတ်ပေါ်တွင် ဆွဲထားပြီး သူ၏နာမည်ကိုပင် ရူးမိုက်စွာ ရေးထိုးထားခဲ့သည်။
စည်းတံဆိပ်ခတ်ပြီး သေမျိုးကမ္ဘာသို့ သူ စေလွှတ်ခံရပြီးနောက်၊ ဤမျိုးစေ့သည် သူ၏ လည်ပင်းတွင် တွဲလောင်းကျနေဆဲ ဖြစ်သည်။ လျူရန်ယွင်သည် ချင်ယွင်၏နာမည်ကို ဤမျိုးစေ့မှသာ သိခဲ့ခြင်း ဖြစ်သည်။
ယခုမူ ဤမျိုးစေ့သည် ပျောက်ကွယ်သွားလေပြီ။ ဤအရာက ချင်ယွင်ကို ထူးဆန်းသလို ခံစားရသည်။
ချင်ယွင်သည် စိတ်ပျက်သွားသလို ဖြစ်နေစဥ် သူ၏ရင်ဘတ်မှာ အမှတ်အသားတစ်ခု ရှိနေသည်ကို ရုတ်တရက် သိလိုက်ရသည်။ လရောင်ကြောင့် ချင်ယွင်သည် စိမ်းပြာရောင် ကြာပန်းအမှတ်အသားတခုဖြစ်ကြောင်း တွေ့ရှိရသည်။
"ဒီအစိမ်းရောင်ကြာပန်း အမှတ်အသားက လျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးစေ့နဲ့များ ပတ်သက်နိုင်သလား" ချင်ယွင်သည် မှန်းဆမိသော် သူ အံ့ဩသွားသည်။ သို့သော် ယနေ့စည်းတံဆိပ်ကို ချိုးဖျက်နိုင်စေသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ဤကြာပန်းတံဆိပ်မှ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း သူ သေချာသည်။
ချင်ယွင်သည် အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း အတွင်းသို့ မဝင်နိုင်ခဲ့ ပေ။ ကူကယ်ရာမဲ့စွာ၊ သူသည် အစိမ်းရောင်ကြာပန်း အမှတ်အသားဆီသို့ ပျံနှံ့သွားစေ ရန် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပေးလိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် အံ့ဩစရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
သူ၏ဝိဉာဏ်ချီဖြင့် သွန်းလောင်းပြီးနောက် အစိမ်းရောင်ကြာပန်းအစေ့သည် အသက်ရှင်နေပုံရသည်။ ၎င်းသည်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ် သည်။ ချင်ယွင်သည် သူ့အား လွမ်းခြုံနေသော အစိမ်းရောင်ကြာပန်းတစ်ပွင့်၏ အသွင်အပြင်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။
"ဒါက ဖရိုဖရဲ အစိမ်းရောင်ကြာပန်း ဖြစ်နိုင်လား" ချင်ယွင်သည် မျက်လုံးပြူးပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
"ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒဖြစ်နိုင်မလား"
ချင်ယွင်သည် ပိုပိုပြီး ဆန်းကြယ်သလို ခံစားလာရသည်။ သူကျင့်ကြံခဲ့သည့် ပညာရပ်က ဘာလဲ။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ် မဟုတ်ဘူးလား။ ထိုမျိုးစေ့သည် ဖရိုဖရဲ အစိမ်းရောင်ကြာပန်း၏ မျိုးစေ့ဖြစ်ဖွယ် ရှိသည်။ ယခု၊ ထိုမျိုးစေ့သည် စည်းတံဆိပ်တစ်ခု အဖြစ်အသွင်ပြောင်းပြီး ဖရိုဖရဲ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
အရာအားလုံးကို ကောင်းကင်ဘုံက စီစဉ်နေပုံရသည်။ တိုက်ဆိုင်လွန်းလှသည်။
ဤရှေးဟောင်းခေတ် ဖရိုဖရဲအစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ အသုံးပြုမှုသည် အဘယ်နည်း။
အခြားသူများအမြင်မှာ ချင်ယွင်သည် အစိမ်းရောင်ကြာပန်းအမှတ်ကို မည်ကဲ့သို့ အသုံးပြုရမည်ကို အမှန်တကယ် သိရှိလိမ့်မဟုတ်။ ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင်ကြာပန်းပညာရပ်ကို ကျင့်ကြံထားသော ချင်ယွင်အတွက်တော့ ဤအရာသည် မြင့်မြတ်သော ရတနာတစ်ခု ဖြစ်သည်။
ဖရိုဖရဲအစိမ်းရောင်ကြာပန်းပညာရပ်ကို ဖြန့်ကျက်ရင်း အစိမ်းရောင် ကြာပန်း စည်းတံဆိပ်ကို အသက်သွင်းနေသရွေ့ သူစုပ်ယူလိုက်သော ဝိညာဉ်စွမ်းအင်များသည် အနှိုင်းမဲ့ သန့်စင်သွားမည် ဖြစ်ပြီး၊ သူ၏ ကြီးထွားမှုနှုန်းသည် ယခင်ကထက် အဆပေါင်းများစွာ တိုးလာမည်ဖြစ်သည်။ ဤ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်သည် ကျင့်ကြံမူအရှိန်ဟုန် မြှင့်စက်ဖြစ်သည်။
ဤအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် ရှေးဟောင်းခေတ် ဖရိုဖရဲ အစိမ်းရောင် ကြာပန်းပညာရပ်ကို ပြတ်ပြတ်သားသား ဖြန့်ဝေလိုက် သည်။ သူမှန်းဆထားသည့် အတိုင်းပင် သန့်စင်သောဝိညာဉ်ချီသည် အစိမ်းရောင်ကြာပန်းအမှတ်သားမှဖြတ်၍ ချင်ယွင်၏ဒန်တန်ဆီသို့ အဆက်မပြတ် စီးဆင်းသွားပြီး ၎င်း၏စုပ်ယူမှုနှုန်းသည် ယခင်ကထက် သုံးဆပိုမြန်လာသည်။
ယင်းကြောင့် ချင်ယွင်သည် သူ၏စိတ်နှလုံးကို အလွန်ပျော်ရွှင်စေခဲ့သည်။ ဤ အစိမ်းရောင်ကြာပန်း အမှတ်အသားဖြင့် သူသည် မကြာမီ သိုင်းပညာရှင်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ ဖြတ်ကျော်နိုင်တော့မည်ကိုပင် သူ ကြောက်ရွံ့မိသည်။
ရလာဒ်အနေဖြင့် ချင်ယွင်သည် လျင်မြန်သော ကျင့်ကြံ့ခြင်း၏ပျော်ရွှင်မှု၌ အပြည့်အ၀ နှစ်မြှုပ်သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူသွားကာ သူ၏ဒန်တန်ရှိ အစိမ်းရောင်ဝိညာဉ်စွမ်းအင်များသည် ပို၍ပို၍ သိပ်သည်းလာခဲ့သည်။
နံနက်စောစောတွင် ချင်ယွင်သည် ကျင့်ကြံမူမှ ထွက်ခွာပြီး မှုန်ဝါးသောလေကို ပါးစပ်ထဲရှူထုတ်ရန် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"တစ်ညသာ လေ့ကျင့်မှုဟာ ငါ့ကို သိုင်းပညာရှင်နယ်ပယ်ရဲ့ တတိယအဆင့်ကို ဖြတ်ကျော်နိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သိုင်းပညာရပ်တွေကို လေ့ကျင့်ဖို့ အချိန်တန်ပြီထင်တယ်!" ချင်ယွင်က ကျေနပ်သည့်အပြုံးနှင့် ပြောလိုက်သည်။
အကယ်၍ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ ကောင်းချီးပေးမူကြောင့်သာ မဟုတ်ပါက၊ သူသည် တစ်ညတည်းဖြင့် သိုင်းပညာရှင်နယ်ပယ်၏ ဒုတိယအဆင့်ကို သာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ဤအရှိန်ဟုန်ကို အလွန် ပျော်ရွှင်နေလေသည်။
ဆယ်နှစ်မပြည့်မီတွင်၊ သူသည် အင်မော်တယ်ကမ္ဘာသို့ တစ်ဖန်ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်သည်။
“ငါ သူတို့ရှေ့မှာ နောက်တကြိမ် ထရပ်လိုက်တဲ့အခါမှာ သူတို့ရဲ့ အမူအရာတွေ ဘယ်လိုများ ဖြစ်သွားမလဲလို့ ငါ သိချင်မိတယ်။ သူတို့ အံ့သြတုန်လှုပ် သွားကြလိမ့် မယ်”။
ချင်ယွင်သည် လှောင်ရယ်ပြီး ဒီအကြောင်းတွေကို ဆက်မတွေးတော့ပေ ။
"သိုင်းပညာရပ်ကို လေ့ကျင့်ဖို့ အချိန်တန်ပြီ ထင်တယ်” ချင်ယွင်က သူ့ကိုယ်သူ ပြောလိုက်သည်။
ထိုအချိန်တုန်းက သူသည် ဓားတာအိုကို ကျင့်ကြံခဲ့ပြီး သူ၏သိုင်းပညာအားလုံးသည် ဓားပညာရပ်များ ဖြစ်သည်။
သို့သော်၊ ယခု သူသည် ထိုကဲ့သို့ လုပ်ဆောင်ရန် စီစဥ်ထားခြင်း မရှိတော့ပေ။
ဓားတာအိုသည် အထိန်းအကွပ်မရှိ ပြင်းထန်သော်လည်း ၎င်းသည် လွှမ်းမိုးချုပ်ကိုင်မှု ကင်းမဲ့ပြီး ဆေဘာတာအိုသည် ဤကမ္ဘာ၏ဘုရင်ဖြစ်လာသည်။
ထို့ကြောင့် ချင်ယွင်သည် ဓားနှင့်ဆေဘာ နှစ်မျိုးလုံးကို ကျင်ကြံရန် ကြံစည်ထားသည်။ ဓားတာအို၏ ထက်ရှမှုကို ဆေဘာတာအို၏ကြီးစိုးနိုင်မူနှင့် လုံးလုံး လျားလျား ပေါင်းစပ်ကာ သူ၏ကိုယ်ပိုင် အကန့်အသတ်မဲ့တာအိုမှ ဖောက်ထွက်ပြီး လျှောက်လှမ်းတော့မည်။