တကိုယ်တော် သွားရောက်တွေ့ဆုံခြင်း။
Vol. 1 Ch. 5
အခန်း (၅) တကိုယ်တော် သွားရောက်တွေ့ဆုံခြင်း။
နောက်နှစ်ရက်အတွက် ချင်ယွင်သည် ဝါးတောငယ် တောအုပ်တွင် သူ၏ဆေဘာကို လေ့ကျင့်ပြီး ညဘက်တွင် ကျင့်ကြံနေခဲ့သည်။
နှစ်ရက်အတွင်း ချင်ယွင်၏ ခွန်အားသည် ကြီးမားလာသည်။ သူ၏ကျင့်ကြံမှုသည် သိုင်းပညာရှင်နယ်ပယ်၏ ပဉ္စမအဆင့်သို့ တိုက်ရိုက်ချိုးဖျက်သွားခဲ့ပြီး သူ၏ [အခြေခံဆယ့်သုံးမျိုးဟန်ပန်များ] သည်လည်း မဟာယာနနယ်ပယ်သို့ ရောက်ရှိသွား ခဲ့သည်။
ကိုယ်ခံပညာများကို အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်၊ ဘုရင်၊ အင်ပါယာ၊ ဧကရာဇ်နှင့် အင်မော်တယ် အဆင့်ဟူ၍ ပိုင်းခြားထားသည်။ အဆင့်တစ်ခုစီကိုလည်း အထက်တန်းအဆင့်၊ အလယ်လတ်တန်းစားအဆင့်၊ အဆင့်နိမ့်တန်းစားအဆင့်ဟူ၍ ခွဲခြားထားပြန်သည်။ (ဘာသာပြန်သူ၏အမှာ"တန်းစား" ဟု ထည့်ပြန်ခြင်းသည် နားထောင်မကောင်းသော်လည်း နှစ်ခုကွဲပြားဖို့အတွက် ထည့်ပြန်ရခြင်း ဖြစ်သည်)
ယခုအချိန်တွင်၊ ချင်ယွင်၏ ရိုးရိုးရှင်းရှင်း လွှဲယမ်းလိုက်သော ဆေဘာသည် အဆင့်နိမ့်အဆင့် သိုင်းပညာရပ်တခုထက် အစွမ်းနိမ့်ကျလိမ့်မည် မဟုတ်တော့ပေ။
ဤသည်မှာ အခြေခံအုတ်မြစ် ကောင်းကောင်းချခြင်း၏ အရေးပါမှုပင် ဖြစ်သည်။
ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အခြားအဆင့်နိမ့်အဆင့် ဆေဘာပညာများ ကို လေ့ကျင့်ခါနီးတွင် ၀မ်ဒါဟူ၏အလောင်းကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့ သည်။ ချက်ချင်းပင် ချင်နင်းမြို့တစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့သည်။
"ဘာ၊ ငါ့အစ်မ အဖမ်းခံလိုက်ရပြီ ဟုတ်လား" ချင်ယွင်သည် သူ့အား သတင်းပေးရန် ရောက်လာသော ဒုတိယဖက်တီးကို အံ့အားသင့်စွာ ကြည့်ကာ ထိုင်ခုံမှ ချက်ချင်း ခုန်ဆင်းလိုက်သည်။
ချင်ယွင်သည် ၀မ်ဒါမော်ကို သုံးစားမရအောင် ပြုလုပ်ပြီးနောက်၊ ချင်ယွင် သတိပြန်ရလာသည့် ကိစ္စသည် အိမ်နီးချင်းများကြားတွင် ပျံ့နှံ့သွားခဲ့သည်။
ထို့အပြင်၊ ချင်ယွင်သည် ၎င်းကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသောကြောင့် ယခုအခါ မြူခိုးတိမ်တိုက်စားသောက်ဆိုင်တစ်ဝိုက်ရှိ လူတိုင်းသည် ၎င်းအကြောင်းကို သိထားပြီးဖြစ်ကာ ဒုတိယဖက်တီးသည် သူသတိပြန်ရလာသည့် အကြောင်းကို ပထမဆုံး သိသူဖြစ်သည်။
"ဟုတ်တယ်၊ ငါ မျက်စိနဲ့ ကိုယ်တိုင်မြင်တယ်။
“ဘဏ္ဍာထိန်းလျူရဲ့သား လျူကျင်းက မင်းအစ်မကို ဟင်းရွက်ဈေးကနေ ခေါ်သွားပြီးနောက် မင်းကို အကြောင်းကြားဖို့ ငါ ချက်ချင်း ပြေးလာခဲ့တာဘဲ" ဒုတိယ ဖက်တီးသည် ပြင်းပြင်းထန်ထန် အသက်ကို ရှူရှိုက်သည်။ သိသာထင်ရှားသည်က၊ သူသည်သတင်းကို အမြန်ဆုံးပို့ရန် ပြေးလာခဲ့ခြင်းဖြစ်သည်။
"လျူကျင်း၊ မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!" သူ၏လက်သီးများကို တင်းတင်းဆုပ်ထားရင်း ချင်ယွင်၏မျက်လုံးများက ပြင်းထန်တဲ့ သတ်ဖြတ်ချင်စိတ်များ ချက်ချင်း ထွက်ပေါ်လာသည်။
"ငါ့အစ်မကို ဘယ်ကိုခေါ်သွားတာလဲ မင်းတွေ့လိုက်လား" ချင်ယွင်က မေးသည်။
"ချီယွမ်အိမ်တော်ပဲ။ သိပ်မဝေးဘူး။ အဲဒီအိမ်တော်က လျူကျင်း မြို့အပြင်မှာ ဝယ်ထားတဲ့ သီးသန့်အိမ်ကြီးပဲ။ ပျော်စရာအတွက် အထူးပြင်ဆင်ထားတာ!" ဒုတိယဖက်တီးက ပြန်ဖြေသည်။
"ချီယွမ်အိမ်တော်လား!" ချင်ယွင်၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ဒုတိယဖက်တီးသည် ချင်ယွင်၏ မျက်လုံးများတွင် ဒေါသကိုမြင်ပြီး သူ ဘာလုပ်ချင်သည်ကို ချက်ချင်း သိလိုက်သည်။ သူက အလောတကြီး တားမြစ်လိုက် သည်" စိတ်လိုက်မာန်ပါ မလုပ်နဲ့"။ လျူကျင်းရဲ့အဖေက လျူစံအိမ်ရဲ့ ဘဏ္ဍာစိုး ဖြစ်တယ်။ လျူကျင်းရဲ့အဖေကို မပြောနဲ့ဦး၊ လျူကျင်းကိုယ်တိုင်က ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်တယ်။ ဒီလိုအခြေနေမျိုးမှာ သူက သူ့လက်အောက်ငယ်သားအုပ်စုနဲ့ရှိနေလိမ့်မယ်။
သူတို့အားလုံးကလည်း သိုင်းပညာရှင်တွေကြီးဘဲ။ မင်း အခု အဲဒီကိုသွားမယ်ဆိုရင် မင်း သွားသေခံတာနဲ့ အတူတူဘဲ မဟုတ်လား!"
သို့သော် ချင်ယွင်သည် မည်ကဲ့သို့ စွန့်လွှတ်နိုင်မည်နည်း။ လျူရန်ယွင်ကို လွန်ခဲ့သော သုံးရက်ကမှ မှတ်မိပြီးကတည်းက လျူရန်ယွင်ကို တစ်သက်လုံး စောင့်ရှောက်မည်ဟု ကတိပြုခဲ့သည်။ ရှေ့မှာငရဲပြည်ကြီးရှိနေရင်တောင် သူ ဖြတ်ကျော်ရပေတော့မည်။
ထိုသို့မဟုတ်လျှင်၊ သူသည် ဤအတွင်းပိုင်းစမ်းသပ်မှုကို မကျော်ဖြတ်နိုင်ဘူးဆိုရင် သူ၏သိုင်းပညာ နှလုံးသားလည်း ရပ်တန့်သွားလိမ့်မည်။
အကယ်၍ လူတစ်ဦးသည် နှလုံးသားကင်းမဲ့ သွားပါက ကျင့်ကြံခြင်းကား ဘာအဓိပ္ပာယ် ရှိတော့အံ့နည်း။
"မင်း ငါ့ကို စည်းရုံးစရာ မလိုပါဘူး။ ငါ သွားရမယ်။ ငါ့အစ်မက ငါ့အစ်မအရင်း မဟုတ်ပေမယ့် ဒီတစ်သက်မှာ သူမ ငါ့အပေါ်ထားတဲ့ ကြင်နာမှုကို ငါဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ သူမ သေသေ ရှင်ရှင်ပစ်ထားမယ်ဆို ငါနဲ့ သားရဲတိရိစ္ဆာန် အကြား ဘာများ ကွားခြားတော့မှာလဲ။ မြူခိုးတိမ်တိုက်စားသောက်ဆိုင်မှ လှမ်းထွက် လာစဉ် ချင်ယွင်၏ အကြည့်များက တင်းမာနေ၏။
ဒုတိယဖက်တီးသည် ချင်ယွင်၏ နောက်ကျောကို ကြည့်ရင်း ချီတုံချတုံ ဖြစ်နေသော အမူအရာ ပေါ်လာသည်။
ချင်ယွင်သည် မြူခိုးတိမ်တိုက်စားသောက်ဆိုင်မှ ထွက်သွားပြီးနောက်၊ သူသည် ချီယွမ်အိမ်တော်သို့ တိုက်ရိုက်မသွားခဲ့။ ယင်းအစား၊ သူသည် ဓားတချောင်းဝယ်ရန် မြို့တွင်းအနီးနားရှိ လက်နက်ဆိုင်သို့ သွားခဲ့သည်။ ထို့နောက် ချီယွမ်အိမ်တော်သို့ တစ်ယောက်တည်း ပြေးသွားခဲ့သည်။
ချီယွမ်အိမ်တော်သည် ချင်နင်းမြို့၏ အနောက်ဘက် ဆင်ခြေဖုံးရပ်တွင် တည်ရှိသည်။ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်နှင့် ဝေးလံသော နေရာတစ်ခုဖြစ်သည်။ ထိုအချိန်က လျူကျင်းသည် ဤအချက်ကို စိတ်ကူးပြီး သူနှင့်အတူ ကစားရန် ဤကိုယ်ပိုင်အိမ်ကြီးကို ဝယ်ယူခဲ့သည်။
လျူကျင်းနှင့် ၀မ်ဒါဟူနှစ်ယောက်လုံးသည် ဖောက်ပြန်သူများ ဖြစ်ကြသော်လည်း လျူကျင်းသည် ၀မ်ဒါဟူလောက် မိုက်မဲသူ မဟုတ်ပေ။
သူသည် ယောက်ျားနှင့်မိန်းမတို့ကို အနိုင်ကျင့်သော်လည်း၊ သူ့တင်ပါးကိုတော့ အချိန်တိုင်း ပြောင်အောင်ဆေးကြောလိမ့်မည်။ သူသည် အခြားသူများအတွက် ချန်ထားရစ်ခဲ့မည် မဟုတ်သည်မှာ သေချာသည်၊ ဤချီယွမ်အိမ်တော်သည် ပြစ်မှုကျူးလွန်ရန် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လျူကျင်းက ၀မ်ဒါဟူကို အကြံတစ်ခုပေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ၀မ်ဒါဟူကို ဦးဆောင်စေပြီး လျူရန်ယွင်၏ အင်အားကို စမ်းသပ်ရန်ဖြစ်သည်။ သို့သော်လည်း ၀မ်ဒါဟူသည် ဤအမျိုးသမီး၏လက်တွင်း အမှန်တကယ် ကျရောက်သွားခဲ့သည်။ ဤအရာက လျူကျင်းကို အံ့အားသင့်သွား စေသည်။
လျူရန်ယွင်ကို ထောက်ပံ့နေသည့်တခြား ကျွမ်းကျင်သူများ ရှိနိုင်ပါ့မလား။ သို့သော် သူ သိသလောက်ဆို လူအလေးမှလွဲ၍ လျူရန်ယွင်တွင် ဆွေမျိုးမရှိပေ။ ထို့အပြင် သူမသည် ဤနှစ်များတစ်လျှောက်လုံး အထီးကျန်စွာ နေထိုင်ခဲ့ပြီး မည်သည့် ယောက်ျားနှင့်မျှ ဆက်ဆံရေး မရှိခဲ့ပေ။
ထို့ကြောင့် အဆုံးတွင် လျူကျင်းသည် ထိုလူမိုက် ၀မ်ဒါဟူသည် အစိုးရိမ်လွန်ပြီး ဤအမျိုးသမီး၏ ခုတ်ထစ်ခြင်းကို ခံခဲ့ရသည်ဟု ခန့်မှန်းခဲ့သည်။
ဒါကို သူတွေးလိုက်တော့ လျူကျင်း၏မျက်နှာမှာ အေးစက်သည့်အပြုံးတစ်ခု ပေါ်လာ သည်။ ထိုလူမိုက် ဝမ်ဒါဟူသည် ထိုကဲ့သို့ပင် သေဆုံးသွားခဲ့သည်။ တကယ်တော့ ဒါကို သူ ဂရုမစိုက်ပေ။
သူ့အဖေ၏စကားကြောင့်သာ၊ မဟုတ်ပါက၊ သူသည် သူ၏ကိစ္စမှာ ၀င်စွက်ဖက်မှာတောင် မဟုတ်ဘူး။ သူ အမှန်တကယ် စိတ်ဝင်စားခဲ့သည်က လျူရန်ယွင်၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။
လျူကျင်းသည် ကုတင်ပေါ်တွင် သတိလစ်နေပြီး စကားမပြောနိုင်သော လျူရန်ယွင်ကို ကြည့်လိုက်သည်။ "မျှော်လင့်ထားသလိုပဲ၊ သူမဟာ ချင်နင်းမြို့ရဲ့ နံပါတ်တစ် အလှပိုင်ရှင်ဘဲ။ ဒီရုပ်ရည်အသွင်သဏ္ဍာန်ကြောင့် အိပ်ယာပေါ်မှာ ယောက်ျား ဘယ်နှစ်ယောက်လောက်ကို စွဲဆောင်နိုင်မလဲဆိုတာ သိချင်မိတယ်။”
လျူကျင်းသည် အလွန်ဝမ်းသာသွားပြီး ကုတင်ပေါ် အမြန်ခုန်တက်လိုက်သည်။
သို့သော် ထိုအချိန်တွင် အိပ်ခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။
"သခင်လေး၊ သခင်လေး၊ လျူရန်ယွင်ရဲ့ ငတုံးမောင်လေး ဒီကိုရောက်လာတယ်!" အစေခံ၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
လျူကျင်းသည် စိတ်မချမ်းသာစွာဖြင့် မျက်မှောင်ကြုတ်ကာ ပြောသည် ၊ "ဟဲ့ အသုံးမကျတဲ့ကောင်၊ သူက အရူးတယောက်သာသာဘဲလေ၊ သူ့ခြေထောက်တွေကို ချိုးပစ်လိုက်ပေါ့။ ဒီလိုအသေးအဖွဲကိစ္စအတွက် ငါ့ကို လာရှာနေတယ်။ ဒီဆသခင်လေးရဲ့ကောင်းမွန်နေတဲ့ စိတ်ဓာတ်ကို ပျက်ပြားစေတယ်။ ခဏတာကြာရင် မင်းကို ခံစားမူပိုကောင်းအောင် လုပ်ပေးဦးမယ် ။"
"ဟုတ်၊ ဟုတ်ကဲ့ပါ၊ သခင်လေး၊ အခုပဲ လုပ်လိုက်ပါ့မယ်!" အပြင်ဘက်ရှိ အစေခံက ပြောသည်။
"အမှိုက်ထုပ်တွေဘဲ" လျူကျင်းက အော်ဟစ်လိုက်သည်။ ဤကျေးကျွန်များသည် ယခုအခါ ပို၍ အသုံးမဝင်တော့။ အသေးအမွှား ကိစ္စတစ်ခုခုဖြစ်သည်နှင့် သူ့ကို ရှာဖို့လာကြသည်။ လွယ်တာတော့ မဟုတ်ပါဘူး။
သို့သော် လျူကျင်းသည် လျူရန်ယွင်ကို ကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး ပြင်းထန်သော တိုက်ပွဲဆာလောင်သည့် စိတ်၀ိဉာဏ်များ ချက်ချင်း ထွတ်ပေါ်လာပြီး သူ၏ အောက်ပိုင်းပေါင်ခွကြားရှိ အကောင်ဆီမှ သတ်ဖြတ်ချင်စိတ်များ အကန့်အသတ် မရှိ ထွက်ပေါ်နေလေပြီ။
"မကောင်းတော့ဘူး သခင်လေး..."
လျူကျင်းသည် စစ်မြေပြင်ကို ဖြတ်ကျော်ရန် ပြင်ဆင်နေချိန်၌ တံခါးအပြင်ဘက်မှ အစေခံများ၏ အော်သံများ ထွက်ပေါ်လာပြန်သည်။
"အမှိုက်ကောင်တွေ မင်းတို့ မပြီးသေးဘူးလားကွာ" လျူကျင်းက ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီး တံခါးကိုဖွင့်ကာ တံခါးနားရှိအစေခံကို ကန်ကျောက်လိုက်သည်။ အစေခံသည် မြေပြင်ပေါ်သို့ လွှင့်ထွက်သွားသည်။
"မြေနိုးကောင် ၊ ဒီနေ့ မင်း ငါ့ကို ယုံကြည်လောက်တဲ့ အကြောင်းပြချက် ပေးရင်ပေး၊ မပေးနိုင်ရင်တော့ မင်းပါးစပ်ကို ငါ သေချာပေါက် ပိတ်ပစ်မယ်။ လျူကျင်းသည် ဒေါသအကြီးကျယ် ထွက်သွားသည်။ သူသည် မြေပြင်ပေါ်ရှိ တုန်လှုပ်နေသော အစေခံကို အပြင်းအထန် စိုက်ကြည့်နေသည်။
“သ … သခင်လေး၊ အဲဒီလူအက ကြောက်စရာ ကောင်းလွန်းတယ်။ ငါတို့ ညီအစ်ကိုတွေ အကုန်လုံးသူ ရိုက်နှက်တာ ခံနေရတယ်ဆိုတော့ …” အစေခံဟာ မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တုန်လှုပ်နေသည်။ သူတို့ရှေ့မှ ဤသခင်လေးသည် သူ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးသည်။ သူက စကားလုံးတစ်လုံးတည်းဖြင့် သဘောတူခွင့်လွှတ်ပေးသူ မဟုတ်ပေ။ သူသဘောမကြရင် မျက်လုံးတွေကို ဖောက်ပြီး ခြေဖဝါးဖြင့် နင်းချေခြင်းက သာမန်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး၏ စိတ်နှလုံးထဲတွင် သခင်လေးကို ကြောက်ကြသည်။
"အမှိုက်တွေ ၊ အမှိုက်တွေ ၊ လူအတစ်ယောက်ကို တောင် မကိုင်တွယ်နိုင်ဘူး။ မင်းတို့ ဘာအသုံးကျတာရှိလဲ" လျူကျင်း ဒေါသအရမ်းထွက်ပြီး ရူးချင်သွားမိသည်။ ဒီအမှိုက်တအုပ်က ချီးစားပြီး အမှန်တကယ် ကြီးပြင်းကြသည်။ သူသည် လူအတစ်ယောက်ကိုပင် အနိုင်မယူနိုင်ခဲ့။ ဒီစကားအပြင် ပျံ့သွားရင် မျက်နှာပျက်ရလိမ့်မည်။
"ဒါပေမယ့် သူ့အစွမ်းက တကယ်ကြီးမားတယ်။ ညီအကိုတွေ အကုန်လုံးဟာ သူရဲ့ တိုက်ခိုက်မူကို ခံလိုက်ရတယ်..." အစေခံလေးက တစ်စုံတစ်ခုကို ရှင်းပြချင်သော်လည်း လျူကျင်း၏ စူးရှသော မျက်လုံးများကို မြင်လိုက်ရသောအခါ အလွန် ကြောက်လန့် သွားပြီး ပါးစပ်ကို ပိတ်ထားလိုက်သည်။
"အမှိုက်ကောင်၊ သွားကြရအောင်။ ဒီလူအ ဘယ်လောက် အစွမ်းထက်လဲ ကြည့်ချင်မိတယ်" လျူကျင်းသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။
သို့သော် ထိုအချိန်တွင် သူတို့၏နားထဲတွင် ရေခဲတမျှအေးစက်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။
"သွားစရာ မလိုဘူး။ ဒီကို ငါ ကိုယ်တိုင် ရောက်လာပြီ" ချင်ယွင်သည် သူ့ဓားကို ကိုင်လျက် ခြံဝင်းထဲသို့ ရင်ကော့ကာ တိုးဝင်လာသည်။
လျူကျင်း၏ မျက်လုံးများက ချက်ချင်း ကျဉ်းသွားပြီး သူ၏နှလုံးသားထဲ သတ်ဖြတ်လိုသည့် ဆန္ဒများ ပြည့်နှက်လာခဲ့သည်။
"မင်း...မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။ သူတို့ ရော ဘယ်မှာလဲ" သတင်းပို့တဲ့ အစေခံက ချက်ချင်း မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။ ဤနေရာတွင် ချင်ယွင် ပေါ်လာမည်ဟု သူ မယုံကြည်ခဲ့ပေ။
"အားလုံး သေကုန်ပြီလေ။ အခု မင်းလည်း သေသင့်ပြီ" ချင်ယွင်က မျက်စောင်းထိုးရင်း ရယ်မောကာ ကျွန်ဘေးမှာ ပေါ်လာသည်။
“သခင်လေး၊ ကယ်ပါဦး…”
အစေခံသည် ထိတ်လန့်သွားပြီး ကမန်းကတန်း အော်လိုက်သည်။ သို့သော် သူစကားမဆုံးခင် ချင်ယွင်၏ ခေါင်းဖြတ်ခြင်းခံလိုက်ရပြီး လဲကျသွားသည်။
အစမှအဆုံး လျူကျင်းသည် မလှုပ်မယှက်ဘဲ အေးစက်စွာ ကြည့်နေခဲ့သည်။ ချင်ယွင်က လျူကျင်းကိုကြည့်ကာ အေးစက်စွာ ပြောသည် "ဘယ်လောက်တောင် သွေးအေးလိုက်တဲ့ လူလဲ၊ ခင်ဗျားကျွန်တွေရဲ့ သေခြင်းရှင်ခြင်းကို ခင်ဗျား ဂရုမစိုက်ဘူး လား?”
ဤကျွန်ဆိုးများသည် လျူကျင်းကို မကောင်းမှုများစွာ ပြုလုပ်ရန် ကူညီပေးလေ့ ရှိသော်လည်း၊ မကြာခဏဆိုသလို လူများကို အနိုင်ကျင့်ခြင်းဖြင့် သူတို့လက်များသည် အပြစ်မဲ့သွေးများစွာ စွန်းထင်းနေပြီး သေရန် ထိုက်တန်သော်လည်း၊ လျူကျင်း၏ အေးစက်သောအမူအရာက သူ့ကို အလွန်စိတ်မချမ်းသာမူကို ဖြစ်စေသည်။
"ဟမ်၊ ခွေးတွေလောက်တောင် သုံးစားလို့မရတဲ့ အမှိုက်တွေ။ မင်းက တံခါးကိုတောင် မမြင်နိုင်ဘူးဆိုတော့ ဒီကမ္ဘာမှာ မင်း ဘာအကြောင်းကြောင့် အသက်ရှင်နေရမှာလဲ" လျူကျင်းက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အထင်သေးမူများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်၏ နှလုံးသားသည်လည်း နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ရှေ့မှ ဤလူသည် ဝက် ဒါမှမဟုတ် ခွေးထက်ပင် ယုတ်ညံ့လွန်းသည်။
သူ အင်မော်တယ် ဧကရာဇ်မင်း၏ သားတော်ဖြစ်ခဲ့သည့် ထိုအချိန်တုန်းက သူသည် လူ့အသက်များကို ဘယ်သောအခါမှ လျစ်လျူရှုခဲ့ခြင်း မရှိခဲ့ပေ။ သို့တိုင် သူ၏ ရှေ့တွင်ရှိသော ဤလူသည် လူ့အသက်ကို မြက်ပင်ကဲ့သို့ ပြုမူခဲ့သည် ။ ဒါက အမှန်တကယ် လုံး၀ သည်းမခံနိုင်စရာပင်။
'"မင်းက ငါ့ကို အံ့သြစေတယ် ။ မင်းဟာ လူအတစ်ယောက်လို့ ကောလဟာလတွေ ရှိတယ်။ လူတိုင်းက မင်းရဲ့ လှည့်စားမူကို ခံနေရပုံဘဲ။ မင်းဟာ ပဉ္စမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ယောက် ဖြစ်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက မင်းရဲ့ကျင့်ကြံမူကို ဖုံးကွယ်ပြီး အကြီးအကျယ် ဂယက်ရိုက်အောင် စီစဉ်ထားတာလား?" လျူကျင်းက ထပ်ပြောပြီး သူ့နှလုံးသားထဲမှာ ပြင်းထန်တဲ့ သတ်ပစ်ချင်စိတ်တွေ ပေါ်လာသည်။
ချင်ယွင်က မထူးဆန်းသလို ပြုံးပြပြီး ဘာမှ ရှင်းပြခြင်း မရှိပါ။
သို့သော်လည်း ဤလုပ်ရပ်ကြောင့် လျူကျင်း၏ သတ်ဖြတ်လိုစိတ်သည် ပိုမိုပြင်းထန်လာသည်။
မူလက လျူကျင်းက သူ့ကိုယ်သူ ဉာဏ်ကြီးရှင်တစ်ယောက်လို့ အမြဲတွေးခဲ့သည်။ သူ့တွင် ဒုတိယအဆင့် ဝိညာဉ်အရင်းအမြစ်ရှိ၍ အသက်နှစ်ဆယ်တွင် သိုင်းပညာရှင် နယ်ပယ်၏ ဆဋ္ဌမအဆင့်အထိ ဖြတ်ကျော်နိုင်ခဲ့သည်။ သူသည် မျိုးနွယ်စုကြီး သုံးခု၏ တပည့်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ သူသည် ချင်နင်းမြို့၌ ရှားပါးသော တည်ရှိမူ ဖြစ်နေသေးသည်။
သို့သော် ချင်ယွင် ပေါ်လာသည့် အချိန်မှစ၍ သူ့နှလုံးသားထဲတွင် ပြင်းထန်သော မနာလိုစိတ်များ ဖြစ်ပေါ်လာသည်။
အသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်တစ်ဦးသည် သိုင်းပညာရှင်နယ်ပယ်၏ ပဉ္စမအဆင့်ကောင်းကင်အလွှာကို အမှန်တကယ် ပိုင်ဆိုင်ထားပြီး၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်အရင်းအမြစ်များသည် အနည်းဆုံး တတိယအဆင့်တွင်ရှိသည်ဟု ဆိုလိုသည်။
ဤလူသည် မျိုးနွယ်စုကြီး သုံးခု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့လျှင် ကောင်းပေလိမ့်မည်၊ သို့သော် ထိုကိစ္စ၏ အဓိက အကြောင်းအရင်းမှာ သူ၏ရှေ့ရှိ လူငယ်သည် အမှန်တကယ် စွန့်ပစ်ခံမျိုးမစစ်တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။
မာနကြီးသော သူ၏နှလုံးသားက ဒါကို မည်ကဲ့သို့ ခံနိုင်ရည်ရှိမည်နည်း။ သူဟာ ချင်ယွင်၏ သူ့ထက်လွန်ကဲမှုကို မလိုလားပေ။ ထို့အပြင် ချင်ယွင်ကို နောက်ထပ်တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် အချိန်ပေးလိုက်လျှင် သူသည် သူ့ထက်ပင် သာလွန်သွားဖွယ် ရှိသည်။ ထို့ကြောင့် ချင်ယွင် ပေါ်လာသည့်အခိုက်တွင် သူ သတ်ဖြတ်ရန် ကြံရွယ်နေပြီဖြစ်သည်။
အကယ်၍ ချင်ယွင်သည် သုံးရက်အတွင်း သိုင်းပညာရှင်နယ်ပယ်၏ ပဉ္စမအဆင့် ကောင်းကင်အလွှာသို့ အမှန်တကယ် ဖြတ်သွားကြောင်း လျူကျင်းသိပါက သူ မည်သို့ ခံစားရမည်ကို မသိနိုင်တော့ ။ သို့သော် ချင်ယွင်က ဤအရာအားလုံးကို မပြောနိုင်ပေ။ နောက်ဆုံးမှာတော့ ဒါက တုန်လှုပ်စရာကောင်းလွန်းသည်လေ။
လျူကျင်းသည် သူ၏ခါးမှာ ပတ်ထားသည့် ဓားပျော့ကို ဆွဲထုတ်ပြီး ချင်ယွင်ကို ချိန်ကာ အေးစက်စွာ ပြောလိုက်သည်။ "မင်းလို နှိမ့်ကျတဲ့လူက ဝိညာဉ်အရင်းမြစ် ဒါမှမဟုတ် ကိုယ်ခံပညာရပ်တွေကို မပိုင်ဆိုင်ရဘူး။ ယုတ်ညံ့တဲ့သူတွေက ခွေးဘဲဖြစ်ရမယ်ဆို တာကို ဒီနေ့ ငါပြောပြမယ်!"
ထိုစကားကို ပြောပြီးနောက် လျူကျင်း၏ တစ်ကိုယ်လုံးသည် ချင်ယွင်ဆီသို့ ပစ်၀င်သွားပြီး သူ၏လက်ထဲမှ ဓားပျော့လေးက အေးစက်သည့်အလန်းနှင့် အံ့သြထိတ်လန့်ဖွယ်ရာ သတ်ဖြတ်လိုသည့်ဆန္ဒများ ထုတ်လွှင့်နေသည်။
ချင်ယွင်သည် သူ၏လက်ထဲတွင် ဆေဘာကို ကိုင်ထားပြီး သူ့ဘက်သို့ ပစ်၀င်လာသော လျူကျင်းကို ကြည့်ကာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များက သူ၏နှလုံးသားမှ ပေါက်ကွဲထွက်လာခဲ့သည်။