← Chapters

အဆင့်ခြောက် ရေအလင်းပဲ့တင်ထပ်သံ.........

Vol. 4 Ch. 43

အဆင့်ခြောက် ရေအလင်းပဲ့တင်ထပ်သံ.........

Vol. 4 Ch. 43

လီလော့သည် အဆင့်ငါး ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများကို နောက်ထပ်သုံးပုလင်းစုပ်ယူပြီးသည့်အခါ ရေအလင်းပဲ့တင်ထပ်သံကို အဆင့်ခြောက်ထိ အဆင့်မြှင့်နိုင်ခဲ့ပြီဖြစ်သည်။

လီလော့၏ အိပ်ခန်းကြမ်းပြင်ပေါ်တွင် ပုလင်းခွံများ ပြန့်ကြဲနေပြီး လီလော့ကတော့ ပျော်ရွှင်နေသော မျက်နှာထားဖြင့် အောင်ပွဲခံနေခဲ့သည်။

လွန်ခဲ့သော တစ်လခန့်က ဗလာနန်းတော်​ကြောင့် အနာဂတ်များ မှောင်မိုက်နေခဲ့ရသော်လည်း ယခုချိန်တွင် အဆင့်ခြောက် ရေအလင်းပဲ့တင်ထပ်သံကို ပိုင်ဆိုင်ထားနိူင်လေပြီ.....

ပဲ့တင်ထပ်သံများတွင် အဆင့်ကိုး ဆင့်ရှိသောကြောင့် အဆင့်​ခြောက်ဟူသည် သာမာန်ထက်မြင့်မားသော အဆင့်တစ်ခုဖြစ်ပေသည်။

နောက်ထပ်တစ်ဆင့်လောက်သာ ထပ်မြှင့်လိုက်ပါက အရည်အသွေးမြင့်မားသော ပဲ့တက်ထပ်သံမျိုးကို ပိုင်ဆိုင်နိုင်ပေမည်။

ရေအလင်းပဲ့တင်ထပ်သံ၏ ထူးခြားသော ဝိ​သေသများကြောင့် အဆင့်ခြောက်ဖြစ်နေသည့်တိုင် အဆင့်ခုနှစ်ပဲ့တင်ထပ်သံများနှင့်ပင်ယှဉ်နိုင်နေပြီဖြစ်သည်။ ထို့ကြောင့် လီလော့သည် အဆင့်တူသူများကြားတွင် နှာတစ်ဖျားသာသည်ဟုပင်ဆိုရပေမည်။

သူသိသမျှထဲတွင် လုချင်းအာနှင့် စုန်ယွမ်ဖန်တို့သာလျှင် အဆင့်ခုနှစ် ပဲ့တင်ထပ်သံပိုင်ဆိုင်ထားကြသူများဖြစ်ကြသည်။ ထျန်ရှုစီရင်စုတွင် အဆင့်ခုနှစ် ပဲ့တင်ထပ်သံပိုင်ဆိုင်သူများသည် လက်တစ်ဖက်စာပင် မပြည့်ချေ။

အဆင့်ကိုး ပဲ့တင်ထပ်သံပိုင်ဆိုင်ထားသောကျန်းချင်းအာနှင့် နှိုင်းယှဉ်ပါက မှေးမှိန်သွားသည်ဟုထင်ရသော်လည်း အဆင့်ခုနှစ် ပဲ့တင်ထပ်သံပိုင်ဆိုင်သူများသည်လည်း သူ့အဆင့်နှင့်သူ တောက်ပနေကြဆဲပင်.....

အဆင့်ကိုး ပဲ့တင်ထပ်သံသည် ရှားပါးလွန်းလှသော အရာဖြစ်သည်။ ထို့ကြောင့်သာ ကြယ်တာယာခရီးရှည်ကောလိပ်က ကျန်းချင်းအာအတွက် အထူးအခွင့်အရေးပေးထားခြင်းဖြစ်သည်။

ကြယ်တာယာခရီးရှည်ကောလိပ်၏ လူသစ်စုဆောင်းမှုစည်းမျဉ်းသည် အလွန်ပင် တင်းကြပ်လှသည်။ကြယ်တာယာခရီးရှည်ကောလိပ်တွင် မြင်တွေ့နိုင်သော ပါရမီရှင်များသည် ယန်ဇီမြစ်ထဲမှာ ငါးကြင်းများကဲ့သို့ပေါများလှပေသည်။ထို့ကြောင့် သာမာန်ညောင်ညပါရမီရှင်များအတွက် တံခါးဖွင့်ပေးလိမ့်မည်မဟုတ်ပေ။

လီလော့ လက်ဖဝါးဖြန့်လိုက်သည့်အခါ လက်ချောင်းထိပ်များပေါ်တွင် ရေလှိုင်းသဏ္ဍာန် အပြာရောင် ပဲ့တင်ထပ်သံစွမ်းအားများ ရစ်သိုင်းနေကြသည်။

အဆင့်မြှင့်တင်လိုက်ပြီးနောက် ပဲ့တင်ထပ်သံစွမ်းအားများသည် ပိုမိုသိပ်သည်းကျစ်လစ်ကာ သန့်စင်လာခဲ့သည်။

ကျင့်ကြံခြင်းအဆင့်၌လည်း စည်းတံဆိပ်ရှစ်ခုအဆင့်သို့ရောက်ရှိရန် သိပ်မလိုတော့ပေ။

နောက်ဆုံးတွင် ပဲ့တင်ထပ်သံစွမ်းအားများသည် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ရေဘောလုံးတစ်ခုသဖွယ် ပေါင်းစည်းသွားခဲ့ကြသည်။ထို့နောက် လက်ညှိုးညွှန်လိုက်ပြီး ထိုရေဘောလုံးကို နံရံဆီ ပစ်လွှတ်လိုက်သည့်အခါ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လီလော့ ရယ်နေခဲ့သည်။ ဤပညာရပ်သည် အလယ်အလတ်တန်းစား ပညာရပ်တစ်ခုဖြစ်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ အမြန်နှုန်းကို လျော့ချပေးနိုင်သည်။ ဤသည်မှာ ထိုးစစ်ဆင်နိုင်သော ပညာရပ်မဟုတ်သောကြောင့် များစွာ ထိခိုက်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် လီလော့ ထိုပညာရပ်ကို ပုံစံပြောင်းထားလိုက်ခြင်းဖြစ်သည်။ ထိုပညာရပ်ကို သုံးသည့်အခါ အလင်းပဲ့တင်ထပ်သံစွမ်းအားကိုပါ ထည့်သွင်းအသုံးပြုလိုက်သည့်အတွက် တစ်ဖက်လူ၏ အရှိန်ကို လျှော့ချန်ိုင်ရုံသာမက အာရုံပြောင်းစေနိုင်သော လျှပ်တပျက်အလင်းတန်းတွေကိုပါ ထုတ်ဖော်နိုင်ခဲ့သည်။

မူရင်း ရေကျည်ဆန်ပညာရပ်ကို ရေအလင်းကျည်ဆန်ပညာရပ်အဖြစ် ဆန်းသစ်ပြုပြင်နိုင်ခဲ့လေပြီ။

လီလော့သည် နှစ်ကုန်စာမေးပွဲဖြေဆိုရန် အမျိုးမျိုးသော ပြင်ဆင်မှုများကို ပြုလုပ်နေခဲ့ပြီး ရေအလင်းကျည်ဆန်ပညာရပ်သည်လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်နေသည်။

လီလော့ နောက်ဆုံးကျန်တဲ့ အဆင့်ငါး ဝိဉာဉ်ပုလင်းသုံးလုံးကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

တစ်လမပြည့်မှီအချိန်တိုလေးအတွင်း ပဲ့တင်ထပ်သံကို အဆင့်နှစ်ခုအထိ မြှင့်တင်နိုင်ခဲ့သည်။ဤသည်မှာ အခြားလူများအဖို့ညထိတ်လန့်စရာကောင်းနေမည်ဖြစ်သည်။ သို့သော်လည်း မြန်ဆန်လှသော အရှိန်ကိုညရပ်တန့်ပစ်ရပေတော့မည်။

ယခုချိန်တွင် အဆင့်ခြောက်ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများကို ပုလင်းရာနှင့်ချီမဝယ်ယူနိုင်သေးပေ။

စျေးနှုန်းအရတွက်ကြည့်မည်ဆိုပါကဘအဆင့်ငါး ဝိဉာဉ်ရည်သည် တစ်ပုလင်းကို ကောင်းကင်ရွှေ ၅၀၀၀ကျသင့်သော်လည်း အဆင့်ခြောက်ဝိဉာဉ်ရည်နသည် တစ်ပုလင်းကို ကောင်းကင်ရွှေ ၃၀၀၀၀ ကျသင့်မည်ဖြစ်သည်။

ထို့အပြင် အဆင့်​ခြောက်မှ အဆင့်ခုနှစ်သို့ မြှင့်တင်ခြင်းသည် အလယ်အလတ်အဆင့်မှ အထက်တန်းအဆင့်သို့ ဖြတ်ကျော်ရခြင်းဖြစ်သည့်အတွက် များပြားလှသော ပမာဏမျိုး လိုအပ်ပေလိမ့်မည်။

ခန့်မှန်း​ချေအရ ပုလင်းရေ ၂၀၀ ကျော်လောက်အထိ လိုအပ်နိုင်မည်။

လော့လန်အိမ်တော်တွင် အတွင်းအပြင် ပြသာနာများ ပတ်လည်ဝိုင်းနေသည့်အတွက် လီလော့အတွက် ကောင်းကင်ရွှေ ​ခြောက်သန်းကျော် ထုတ်ပေးနိုင်လိမ့်မည်မဟုတ်။

ငွေကြေးကန့်သတ်ချက်အပြင် မေးခွန်းများလည်း ရှိလာနိုင်သည်။ထို့အပြင် ထျန်ရှုစီရင်စုတွင် အဆင့်ခြောက် ဝိဉာဉ်ရည်သည် တစ်လမှ ဆယ်ပုလင်းသာ ရောင်းချသော ထုတ်ကုန်ဖြစ်သည်။ ထို့ကြောင့် ထျန်ရှုတွင် အဆင့်ခုနှစ်သို့ရောက်ရန် မြှင့်တင်နိုင်ဖို့ မဖြစ်နိုင်ပေ။

သိပ်မကြာခင် ရှမြို့တော်သို့ သွားရတော့မည်ဖြစ်သည်။

ရှေးရေးကိုတွေးဆနေရင်းကနေ ရေအလင်းပဲ့တင်ထပ်သံကို အဆင့်ကိုးအထိမြှင့်တင်နိုင်ရန် လိုအပ်သော အရင်းအနှီးများကြောင့်ဘလီလော့ တုန်လှုပ်နေခဲ့မိသည်။လော့လန်အိမ်တော် ပိုင်ဆိုင်သမျှနှင့်ပင် မလုံလောက်နိုင်သေးပေ။

လီလော့၏ ရေအလင်းပဲ့တင်ထပ်သံသည် တကယ့်ကို ပြသာနာတစ်ခုပေတည်း.....

ထို့သို့ ဖြစ်ရခြင်းမှာ ပဲ့တင်ထပ်သံအဆင့်ထက် နိမ့်နေသော ဝိဉာဉ်ရည်များကိုသုံးစွဲနေရသောကြောင့်ပင်....

ယခုဆိုလျှင် အဆင့်ခုနှစ်သို့ အဆင်မြှင့်ရန် အဆင့်ခြောက် ဝိဉာဉ်ရည်များကိုသုံးစွဲခြင်းထက် အဆင့်ခုနှစ်ဝိဉာဉ်ရည်များကို သုံးစွဲခြင်းကသာ ပိုမိုထိရောက်မှုရှိနိုင်မည်သာ....

သို့သော်လည်း ငွေကြေးကန့်သတ်ချက်နှင့် အရေးပေါ်အခြေနေတို့ကြောင့်သာ ထိုသို့ဘသုံးစွဲရန် ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။

လီလော့ တွေးရင်နှင့်ပင် စိတ်လေးလာမိခဲ့လေသည်။ သူ့ထံတွင် အခြားသော ဝှက်ဖဲများလည်း ရှိနေသေးသည်။ ပဲ့တင်ထပ်သံဆရာသခင်အဆင့်သို့ရောက်ပါက ဒုတိယမြောက် ဗလာနန်းတော်ထဲတွင် ဒုတိယမြောက် ပဲ့တင်ထပ်သံထည့်သွင်းရန် ကြိုးစားရပေဉီးမည်။

ရေအလင်းပဲ့တင်ထပ်သံကြောင့် ငွေကြေးပြတ်လပ်မှုကြောင့် တိုးတက်မှုရပ်ဆိုင်းသွားသည့်တိုင် ဒုတိယမြောက်ပဲ့တင်ထပ်သံကြောင့် ဆက်လက်တိုးတက်နိုင်ပါသေးသည်။

ထို့အပြင် ဒုတိယ​မြောက် ပဲ့တင်ထပ်သံရှိလာသည့်အခါ လီလော့တွင် သူမတူသောညထူးခြားမှုများပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည်။

" ရေအလင်းပဲ့တင်ထပ်သံက အဆင့်ကိုးထိရောက်ဖို့ မလွယ်လောက်ဘူးဆို....အဆင့်​​ခြောက် ဒါမှမဟုတ် အဆင့်ခုနှစ် ပဲ့တင်ထပ်သံ နှစ်ခု သုံးခုလောက်ရှိတယ်ဆိုလည်း မဆိုးပါဘူးလေ......"

" အရည်အသွေးနဲ့ ရိုက်ချလို့မရရင် အရေအတွက်နဲ့ ရိုက်ချမယ်ကွာ....."

ထိုအားသာချက်သည် မြို့စားအဆင့်အောက်ကျင့်ကြံသူများကြားတွင် ဆရာတစ်ဆူဖြစ်နိုင်လောက်ပေသည်။

မြို့စားအဆင့်မရောက်ခင် ဒုတိယမြောက်ပဲ့တင်ထပ်သံပိုင်ဆိုင်နိုင်သူမျိုးနှင့် မတွေ့မချင်း လီလော့ ပြိုင်ဘက်ကင်းနေဉီးမည်သာ.....

ပဲ့တင်ထပ်သံ နှစ်ခုက ပဲ့တင်ထပ်သံသုံးခုကို ယှဉ်နိုင်မည်တဲ့လား.....

ပြန့်ကြဲနေသော အတွေးများကို ပြန်စုစည်းလိုက်ပြီး ပဲ့တင်ထပ်သံပညာရပ် ပါရှိသည့် အပြာရောင်ကျောက်စိမ်းတုံးတစ်ခုကို ထုတ်ယူလိုက်လေသည်။

ထိုပညာရပ်သည် မဟုရာရေတံခွန်အသက်ရှူကျင့်စဉ်တစ်ခုဖြစ်ပြီး အဆင့်ခြောက် ပဲ့တင်ထပ်သံရှိသူများသာ ကျင့်ကြံနိုင်သော အဆင့်မြင့်ကျင့်စဉ်တစ်ခုဖြစ်သည်။

ထိုကျင့်စဉ်သည် လီလော့ အရင်ကျင့်ကြံခဲ့သော ကန်းလန်ရေလွှမ်းမိုးခြင်းတရားထိုင်ကျင့်စဉ်ထက် ပိုမိုကောင်းမွန်ပြီး စွမ်းအားများကိုလည်း ပိုမိုသန့်စင်စေနိုင်သည်။

လီလော့ ထိုကျင့်စဉ်ကို နားလည်အောင် သေချာဖတ်ရှုလိုက်ပြီး စတင်ကျင့်ကြံလိုက်လေသည်။

နောက်နှစ်ရက်ကြာသည်အထိ လီလော့ ထိုကျင့်စဉ်ကိုသာ ကျင့်ကြံနေခဲ့ပြီး အားလပ်ရက်မကုန်ဆုံးမှီ တစ်ရက်အလိုတွင် လီလော့ ထုလုပ်ခိုင်းထားသည့် ပဲ့တင်ထပ်သံလက်နက် ထုလုပ်ပြီးကြောင်း ချိုင်ဝေက လူလွှတ်ပြီးသတင်းပို့ခိုင်းလိုက်သည်။

All Chapters