← Chapters

အဖြူရောင်ဝိဉာဉ်ဉယျာဉ်.....

Vol. 4 Ch. 45

အဖြူရောင်ဝိဉာဉ်ဉယျာဉ်.....

Vol. 4 Ch. 45

အဖြူကောင်ဝိဉာဉ်ဉယျာဉ်သည် နန်ဖန်းမြို့တော်၏ အနောက်ဘက်တွင်ရှိသော အဖြူရောင်ဝိဉာဉ်တောင်​​​​ခြေတွင်တည်ရှိပြီး နှစ်ကုန်စာမေးပွဲ ဖြေဆိုရမည့်နေရာဆိုလည်း ဟုတ်ပေသည်။

ဒုတိယနေ့တွင် လီလောတို့ကို လင်းဖန်နှင့် ရှုရှန်ယွီတို့ ဉီးဆောင်ကာ အဖြူရောင်ဝိဉာဉ်ဉယျာဉ် ဆီခေါ်ဆောင်သွားခဲ့သည်။

ထိုနေရာတွင် လူစည်ကားနေပြီး ရှည်လျားသော လမ်းတစ်လျှောက်တွင်စျေးဆိုင်များနှင့် ပြည့်နှက်နေ၏။

ထျန်ရှုစီရင်စုရှိ မျိုးဆက်သစ်လူငယ်များအနက် မည်သူ ထိပ်တန်းအဆင့်ရရှိနိုင်မည်ကို သိလိုသောကြောင့် ထိုသို့စည်ကားနေရခြင်းဖြစ်ပေသည်။

လမ်းတစ်လျှောက်တွင် လီလော့တို့ကို နှုတ်ဆက်နေသူများရှိသဖြင့် နန်ဖန်းကျောင်းတော်သားများရောက်ရှိလာပြီဖြစ်ကြောင်း သိကုန်သည့်အခါ အဖြူရောင်ဝိဉာဉ်ဉယျာဉ်အတွင်းရှိလေထုသည်လည်း တစထက် တစ်ပူပြင်းလာလေသည်။

" သူတို့က နန်ဖန်းရဲ့ ထိပ်တန်းအယောက်နှစ်ဆယ်မဟုတ်လား...."

"ဝိုးးး ဆံပင်ရှည်ရှည်နဲ့အလှလေးက လုချင်းအာမဟုတ်လား...သူက နန်ဖန်းမှာ အတော်ဆုံးပဲဆို....."

" သူ နှစ်ကုန်စာမေးပွဲမှာ ထိပ်ဆုံးအဆင့်ရလောက်တယ်....."

"ရချင်မှလဲ ရမှာပါ...အရှေ့ပိုင်းရေကန်က ရှီယွမ်လည်း အတော်သန်မာတယ်ဆိုပဲ....လုချင်းအာထက်တော့ အားနည်းမှာမဟုတ်လောက်ဘူး...."

" ကျန်းချင်းအာရဲ့ သတို့သားလောင်း လီလော့ဆိုတာ ဘယ်တစ်ယောက်လည်း....သူ့ကြောင့် ငါတို့ရဲ့ နတ်ဘုရားမလေး သိက္ခာကျရတယ်...."

" ဟိုနားက ခပ်ချောချောနဲ့တစ်ယောက်ကလီလော့ပဲ...."

" ရုပ်ချောတာကလွဲရင် ဘာများသုံးစားလို့ရလို့လဲ...."

"ပိုက်ဆံရှိတယ်...နောက်ခံကောင်းတယ်....သူက လော့လန်အိမ်တော်ရဲ့ အိမ်တော်သခင်လေးပဲလေ...."

" ဟမ့်....ဘာမှအထင်ကြီးစရာမရှိဘူး....လူငယ်ဆိုတာ လေးစားထိုက်အောင် ကိုယ့်ဘာသာကိုယ်ကြိုးစားရတယ်...."

"ငါကြားတာတော့ သူက နန်ဖန်းရဲ့ ဒုတိယအ​တော်ဆုံးကျောင်းသား စုန်ယွမ်ဖန်နဲ့သရေကျအောင် တိုက်ခိုက်နိုင်တယ်တဲ့..."

" မင်းက သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ...ပါးစပ်လေးခဏလောက် ပိတ်ထားစမ်းပါ...."

"......."

လမ်းတစ်လျှောက်တွင် လူများ၏ဆွေးနွေးသံများကို နန်ဖန်းကျောင်းတော်သားတိုင်း ကြားနေရသည်။ အပြောအများဆုံးကတော့ လီလော့နှင့် လုချင်းအာတို့၏ အကြောင်းများသာဖြစ်ပြီး လုချင်းအာ၏ လှပမှုနှင့် သူမ၏ သန်မာမှုကြောင်းများသာပင်.....

အဖြူရောင်ဝိဉာဉ်ဉယျာဉ်ထဲသို့ နန်ဖန်းကျောင်းသားများ ဝင်သွားသည်ကို မမှိတ်မသုန်ကြည့်နေသူ သုံးဉီးရှိသည်။

ထိုသုံးဉီးသည် မိန်းမပျို တစ်ဉီးနှင့်လုလင်ပျိုနှစ်ဉီးဖြစ်သည်။

လူငယ်နှစ်ဉီးအနက် တစ်ဉီးသည် အနီရောင်ဆံပင်များရှိပြီး ကြမ်းတမ်းခက်ထန်ပုံရသော်လည်း ကျန်တစ်ဉီးသည် ကျောင်းတော်သားတစ်ဉီးကဲ့သို့ သိမ်မွေ့ယဉ်ကျေးသူတစ်ဉီးဖြစ်သည်။

မိန်းမပျိူလေးသည် အစိမ်းရောင် ဝတ်စုံကိုဆင်မြန်းထားပြီး သူမ၏ လက်ဖမိုးပေါ်တွင် ဆွဲဆောင်မှုရှိသော အစိမ်းရောင်စပျစ်နွယ်ပုံ ဆေးမှင်ကြောင်များ ရေးထိုးထားသည်။

ဆံနီလူငယ်သည် ထျန်ရှုစီရင်စုရှိ အာရုဏ်ဉီးကျောင်းတော်၏ ထိပ်တန်းကျောင်းသား ရှန်းလျန်ဖြစ်ပြီး ကျန်တစ်ဉီးသည် အထွပ်အထိပ်ကျောင်းတော်သား ကျုံးဖူ ပင်ဖြစ်သည်။

မိန်းမပျိုလေးကတော့ မြူမှုန်အလင်းကျောင်းတော်၏ ထိပ်တန်းကျောင်းသူ ချီစုဖြစ်သည်။

ထိုသုံးဉီးစလုံးသည် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန် တစ်ပြေးခံနေရသူများလည်း ဖြစ်ကြ၏။

" လုချင်းအာကို ကြည့်ရတာ သန်မာမယ့်ပုံပဲ...."

တိတ်ဆိတ်နေမှုကို ရှန်းလျန်၏ စကားသံကဖြိုခွင်းသွားခဲ့ပြီး သူ့အကြည့်များထဲတွင် တိုက်ပွဲဆာလောင်မှုများ တောက်ပနေ၏။

"ငါသူ့ဆီကနေ အန္တာရယ်အငွေ့အသက်တွေရနေတယ်...."

ကျုံးယွမ်ကလည်း မျက်မှောင်ကြုံ့ပြီး ထောက်ခံနေသည်။

" နန်ဖန်းကျောင်းတော်ရဲ့ ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့အတွက် လွယ်ကူတဲ့ ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား....ကျန်းချင်အာနဲ့ နှစ်မတူတာကိုပဲ ကျေးဇူးတင်ရမယ်...မဟုတ်လို့ကတော့ ငါတို့တွေ တစ်ချက်တည်းနဲ့ ကန်ထုတ်ခံရမှာသေချာတယ်....."

ချီစုက ဟာသနှော၍ပြောလိုက်သော်လည်း ရှန်းလျန်နှင့် ကျုံးဖူကတော့ အတည်ပေါက်ကြီး ခေါင်းညိတ်ထောက်ခံနေကြသည်။

"ကျန်းချင်းအာကိုယ်တိုင်ကလည်း ကြောက်ဖို့ကောင်းသလို သူ့ရဲ့ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံကလည်း ​ကြောက်ဖို့ကောင်းတယ်....သူနဲ့ တစ်နှစ်တည်းသမားတွေကို သနားလိုက်တာ...."

" ဒါပေမယ့်လည်း အခုနှစ်သမားတွေထဲမှာ လုချင်းအာနဲ့ စုန်ယွမ်ဖန်ကိုတော့ သတိထားစောင့်ကြည့်ရမယ်....."

နန်ဖန်းကျောင်းတော်နှင့် မယှဉ်သာသော်လည်း အာရုဏ်ဉီးကျောင်းတော်သည်လည်း ရှန်းလျန်ကို အရင်းအမြစ်များစွာသုံး၍ ပျိုးထောင်ခဲ့ပါသည်။

ထျန်ရှုတွင် သူလိုလူမျိုးပေါင်းများစွာရှိပေလိမ့်မည်။ ကျောင်းတော်တိုင်းသည် အရည်အချင်းရှိသော ကျောင်းသားများကို အရင်းမြစ်များပုံအော၍ ပျိုးထောင်ကြသည်မှာ ဓမ္မတာပင်....

" ဒါဆို လီလော့ကရော....အစမ်းစာမေးပွဲတုန်းက စုန်ယွမ်ဖန်နဲ့ သရေကျအောင် တိုက်ခိုက်နိူင်ခဲ့တယ်လို့ ကြားတယ်...."

ချီစု၏ အမေးကို ရှန်းလျန်က လှောင်ပြောင်သရော်လိုဟန်ဖြင့်.....

"လှည့်ကွက်တွေသုံးခဲ့လို့ပါ....နောက်ဆုံးကျတော့ သူ့မှာ ပဲ့တင်ထပ်သံစွမ်းအားကုန်ခမ်းနေပြီ...စုန်ယွန်ဖန်ကိုသာ အချိန်တစ်စက္ကန့်လောက်ထပ်ပေးလိုက်ရင် ဒီကောင်ပွဲသိမ်းပြီပဲ...."

" နှစ်ကုန်စာမေးပွဲမှာ လှည့်ကွက်တွေသုံးလို့လဲ ဘာမှ အကျိုးထူးမှာမဟုတ်ဘူး. .."

ထိုအခါ ချီစုက တစ်ခုခုကို နားလည်သွားဟန်ဖြင့်......

" အင်းနော်....ရုပ်ချောချောလေးနဲ့ နှမြောစရာကောင်းလိုက်တာ."

ထိုအခါ စာသင်သားတစ်ယောက်နှင့်တူသော ကျုံးဖူက......

" ရန်သူ့အကြောင်းကို နားလည်ခြင်းသည် အောင်နိုင်ခြင်းမည်၏တဲ့.....စုန်ယွမ်ဖန်ကို သရေကျအောင် တိုက်ခိုက်နိုင်တယ်ဆိုကတည်းက သူ့မှာ ထူးခြားမှုရှိနေလို့ပဲ.....ဒါ့ကြောင့် သူ့ရဲ့ ခွန်အားအစစ်အမှန်ကိုသိအောင် စမ်းသပ်ရမယ်...ဒါမှ မသေချာမရေရာတဲ့ အချက်တွေကို ဖြေရှင်းနိုင်မှာ...အဲ့အတွက်လည်း ငါ နည်းလမ်းတစ်ခု စဉ်းစားထားတယ်....."

" ကောင်းပြီ...မင်းကြိုက်သလိုသာလုပ်....."

" ဒါနဲ့ နင်တို့နှစ်ယောက် ရှီယွမ်ဆီကသတငိးရပြီးပြီလား....ဒီည ငါတို့နဲ့တွေ့ပြီး ဆွေးနေမယ်တဲ့....."

ရှန်းလျန် ချီစုကို ခေါင်းညိတ်ပြလိုက်သည်။ လုချင်းအာကို ထိပ်တိုက်တိုက်ခိုက်နိုင်သည့် ဘုရင်ခံ၏ သားတော်နှင့် တွေ့ဆုံရမည်ဖြစ်သော်ကြောင့် အနည်းငယ် ထိတ်လန့်နေမိသည်။

" ဖိတ်ကြားခံရတဲ့အတွက် ဂုဏ်ယူရမှာပေါ့....."

ကျုံးဖူက ရှန်းလျန်၏ အပြောကို ခေါင်းညိတ်ထောက်ခံလိုက်ပြီး....

"သူ့ ပစ်မှတ်က နန်းဖန်းကျောင်းတော်ပဲ ဖြစ်လောက်မယ်....တိုက်တိုက်ဆိုင်ဆိုင် ငါတို့နဲ့ ရည်ရွယ်ချက်ချင်း လာတူနေတယ်....နန်ဖန်းက ထျန်ရှုရဲ နံပါတ်တစ်ကျောင်းတော်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့အတွက် နှစ်တိုင်း ဝင်ခွင့်ခွဲတမ်းတွေ အများကြီးရထားခဲ့တယ်....အခု နန်ဖန်းကိုသာ ရိုက်ချနိုင်မယ်ဆို တခြားကျောင်းတော်တွေအတွက်လည်း အဆင်ပြေသွားလိမ့်မယ်..... "

ထိုအခါ ချီစုက ပြုံးလိုက်ပြီး....

" ဟုတ်တယ်....ရှီယွမ်မှာသာ လုံလောက်တဲ့ နောက်ခံအင်အားမရှိရင် ငါတို့လည်း သူနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး...."

တခြားသော ကျောင်းတော်များသည် နန်ဖန်းကျောင်းတော်ကို ပစ်မှတ်ထားနေကြသော်လည်း ၎င်းတို့ကြားတွင် အချင်းချင်း ပြိုင်ဆိုင်မှုများလည်း ရှိနေသေးသည်။ တစ်ဖက်လူသည် လုံလောက်အောင် သန်မာခြင်းမရှိပါက မဟာမိတ်ဖွဲ့ရန် စဉ်းစားလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ရှီယွမ်၏ ဖိတ်ကြားချက်ကြောင့် သုံးဉီးစလုံး ဝမ်းသာနေရသည်သာ....

............. ................ ........... ................

လီလော့တို့ကျောင်းသားအုပ်စုကို လင်းဖန်နှင့် ရှုရှန်ယွီတို့က အဖြူရောင်ဝိဉာဉ်ဉယျာဉ်ထဲရှိ နားနေဆောင်တစ်ခုဆီသို့ခေါ်ဆောင်သွားခဲ့သည်။ ကံကောင်းစွာနှင့်ပင် လီလော့၏ အခန်းဖော်သည် ကျောက်ခွော်ဖြစ်နေခဲ့သည်။

လီလော့တို့ အခန်းရှင်းနေချိန်တွင် တံခါးခေါက်သံကြားလိုက်ရသဖြင့် ဖွင့်ကြည့်လိုက်သောအခါ အလွန်တက်ကြွနေသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရပြီး ထိုလူ့လက်ထဲတွင် စာအုပ်တစ်အုပ် ကိုင်ထားသေးသည်။

" သတင်းအချက်အလက်စာအုပ်လေးဝယ်ပါဉီးလား အစ်ကိုကြီး....."

ထိုစကားများသည် နန်ဖန်းကျောင်းတော်ရှေ့တွင် တရားမဝင်သည့် မှောင်ခိုအရောင်းသမားများကို သတိရမိစေသည်။

" ယုလန်....မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ....."

ဟုတ်ပေသည်.... ထိုလူသည် သွေးပွက်ပွက်အန်သလို ဟန်ဆောင်ပြီး လီလော့ကို အရှုံးပေးသွားခဲ့သည် ယုလန်သာပင်.....

" ဒီထဲမှာ နာမည်ကြီးတဲ့ ကျောင်းတော်တွေက ထိပ်တန်းကျောင်းသားတွေရဲ့ အချက်အလက်တွေအပြင်

ထိပ်ဆုံးဆယ်ယောက်စာရင်းအတွက် တစ်ပေးခံထားရသူတွေစာရင်းပါပါတယ်...."

" အိုးးး"

လီလော့ မျက်ခုံးပင့်လိုက်မိသည်။ ယုလန် တကယ်တော်သည်ဟုပင် ဆိုရပေမည်။ဤကဲ့သို့သော သတင်းအချက်အလက်များကို စုဆောင်းနိုင်ရန် အချိန်ယူရမည်သာ....

" မင်းရဲ့ ငွေရှာနည်းကတော့ အံ့မခမ်းပဲ....."

လီလောက ယုလန်ကို ချီးကျုးလိုက်ပြီး တစ်အုပ်ဝယ်ယူခဲ့သည်။

" ဒါပေါ့....ဒါတွေကို စုဆောင်းဖို့ အတော်လေး ကြိုးစားအားထုတ်ခဲ့ရတာ....ပေးရတဲ့စျေးနဲ့ တန်မှာပါ...."

လီလော့ ပြုံးလိုက်ပြီး စာအုပ်လှန်လိုက်သည့်အခါ စစချင်းမှာတင် သူ့နာမည်ကို မြင်လိုက်ရသည့်အတွက် အပြုံးများပင်အေးခဲသွားရလေသည်။

-နန်ဖန်းကျောင်းတော်သား လီလော့....

-အမှိုက်ဘဝမှ အဆင့်ငါးပဲ့တင်ထပ်သံရရှိလာပြီး ပါရမီရှင်ဖြစ်လာသူ.....

- အထူးစွမ်းရည်....ရုပ်ချောခြင်း...(ကံမကောင်းစွာဖြင့် ရုပ်ချောခြင်းသည် စာမေးပွဲအတွက် အထောက်အကူလုံးဝမဖြစ်နိုင်ပါ...)

ထိပ်တန်းဆယ်ယောက်စာရင်းဝင်ရန် ဖြစ်နိုင်ချေအနည်းပါးဆုံးသူ.......

လီလော့ ကျိန်ဆဲဖို့ ပြင်လိုက်ချိန်မှာ ယုလန်ကတော့ လေအလျှင်နှုန်းဖြင့် ထွက်ပြေးသွားခဲ့လေပြီ.....

" အစ်ကိုကြီးရဲ့အချက်အဘက်တွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးထားတယ်နော်!!!"

လီလော့ အံတကြိတ်ကြိတ်နဲ့သာ ကျန်ရစ်ခဲ့ရလေသည်။

//ငါ့ရှေ့မှာ ပေါ်လာရဲရင် ပေါ်လာကြည့်လိုက်စမ်း....//

All Chapters