ကျုံးဖူ အပြစ်ပေးခံရခြင်း.....
Vol. 4 Ch. 47
ပွဲကြည့်နေသူများသည်လည်း ထိတ်လန့်နေလေပြီ.....
လီလော့ ကြီးကြပ်ရေးမှုးကို ခေါ်ချလာမည်ဟု မည်သူမျှ ထင်မထားမိကြပေ။
" သခင်လေးက ရက်စက်လိုက်တာ..."
" မဟုတ်လောက်ဘူး..... သူ ကျုံးဖူကို ကြောက်လို့ ကြီးကြပ်ရေးမှုးကို ခေါ်လာတာဖြစ်လောက်မယ်..."
" ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြတာကို ဆရာနဲ့သွားတိုင်တယ်တဲ့....အံ့သြစရာကောင်းချက်ပဲ .... "
" ဟုတ်တယ်...ဒါပေမယ့် လီလော့ လုပ်တာလဲ မှန်နေတာပဲလေ....အတွင်းကြိတ်ရန်ပွဲတွေက စည်းကမ်းနဲ့မှ မညီတာ....."
" အေးနော်...ဒါပေမယ့်... ဒါပေမယ့်...."
ပွဲကြည့်နေသူအားလုံး တုန်လှုပ်သွားကုန်ကြသည်။ လီလော့၏ လုပ်ရပ်သည် မှန်ကန်နေသော်လည်း ဘာ့ကြောင့်များ မှားယွင်းနေသည်ဟု ခံစားနေမိသလဲ မသိနိုင်တော့ပေ။
ဝိုင်းကြည့်နေကြသောကြောင့် ကျုံးဖူသည် ကျောက်ခွော် ကျောပြင်ပေါ်ကနေ လက်ပြန်ရုတ်လိုက်ပြီး ကြီးကြပ်ရေးမှုးကို မချိပြုံး ပြုံးပြနေလေ၏။
" ကြီးကြပ်ရေးမှုး.... ကျွန်တော်တို့ ရန်ဖြစ်နေတာ မဟုတ်ပါဘူး....အချင်းချင်း စနောက်
နေတာပါ...."
" မင်း ငါ့ကို အခုလေးတင် ရိုက်နှက်ထားတာ အကုန်လုံး မြင်တယ်...."
ကျောက်ခွော် ထိုသို့ အော်ဟစ်လိုက်သောအခါ ကျုံးဖူ ကပျာကယာ ငြင်းဆန်လိုက်သည်။
"မဖြစ်နိုင်တာ! !! ငါ့ကို အဆဲခံရအောင် မလုပ်ပါနဲ့.."
ထိုအခါ လီလော့ ရှေ့ကိုထွက်လာလိုက်ပြီး....
" စိတ်မပူပါနဲ့....မင်းဘက်က ဖြစ်ချင်တဲ့ ဆန္ဒကို ရဲရဲကြီးထုတ်ပြောလိုက်ပါ...."
ကျုံးဖူ အားတင်းပြီး ပြုံးနေရလေသည်။
" မရှိပါဘူး....."
ကြီးကြပ်ရေးမှုးက အထွတ်အထိပ်ကျောင်းတော်သားတွေနဲ့အတူ ရှိနေသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်သည့်အခါ ဖြစ်ပျက်ခဲ့သမျှကို နားလည်ခဲ့ပြီဖြစ်သည်။ ဝက်ဝံတစ်ကောင်လို တုတ်ခိုင်သန်မာသော မိန်းကလေးကိုကြည့်ပြီး ကြီးကြပ်ရေးမှုးသည် မဲ့ကာရွဲ့ကာဖြင့် ထိုသို့ ပြောချလိုက်လေသည်။
" မင်းတို့ ဒီနည်းနဲ့ အကြပ်ကိုင်ချင်တယ်ဆိုလည်း ဒီထက့်သာတာလေးတော့ရှာခဲ့မှပေါ့......"
ကျူံးဖူ ရှက်နေလေပြီ....အထွတ်အထိပ်ကျောင်းတော်တွင် ယောက်ကျားလေးဉီးရေ များပြားပြီ မိန်းကလေးဉီးရေနည်းပါးလွန်းလှသည်။ ဤမိန်းကလေးသည် အထွတ်အထိပ်ကျောင်းတော်၏ ထိပ်တန်းအယောက်နှစ်ဆယ်တွင်ပါဝင်သော တစ်ဉီးတည်းသော မိန်းကလေးဖြစ်သည်။ ထို့ကြောင့် ထိုဂျူနီယာညီမလေးကို အားလုံးကလည်း ချစ်ခင်ကြသည်။
" မင်း သုံးနာရီ မတ်တပ်ရပ်ပြီး အပြစ်ပေးခံရမယ်...တစ်မိနစ်လောက်များ လျော့ကြည့် မင်းတို့ရဲ့ ဌာနမှုးကို လာပြန်ခေါ်ခိုင်းလိုက်မယ်...."
ကြီးကြပ်ရေးမှုးလည်း ဒေါသထွက်နေသည်သာ....ကျောင်းသားအချင်းချင်း ရန်ပွဲများကို သိနေသော်လည်း မမြင်ချင်ယောင်ဆောင်ထားပေးခဲ့သည်။ သို့သော်လည်း လီလော့ လာတိုင်ကြားသည့်အခါ သိနေရက်နှင့် မလိုက်လာ၍မဖြစ်တော့ပေ။ ဒီလိုမှမဟုတ်ရင် အလုပ်ပြုတ်သွားပေလိမ့်မည်။
ကြီးကြပ်ရေးမှုးသည် ကျုံးဖူကို အပြစ်ပေးပြီးသည်နှင့် ချက်ချင်း လှည့်ပြန်သွားခဲ့လေသည်။
ထိုအခါ လူအုပ်ကြီးထံမှ တီးတိုးပြောဆိုနေသံများလည်း ထွက်ပေါ်လာလေသည်။
ကျုံးဖူ ဒေါသထွက်နေသော်လည်း လုံးဝမလှုပ်ရဲပေ။ လီလော့က ကျူံးဖူနားသို့ လျှောက်လာပြီး.....
" မင်းငါ့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်ထင်နေတာလား....ကျောက်ခွော်ကို ခုတုံးလုပ်ပြီး ငါ့ကို ထွက်လာစေချင်တယ်ပေါ့...."
" တခြားလူတွေက သခင်လေးကို ကြောက်နေစရာမလိုဘူးလို့ပြောနေပေမယ့်...ငါ့စိတ်ထဲမှာတော့ မင်းက ဖျက်မြင်းတစ်ကောင်ဖြစ်နိုင်တယ်လို့ ထင်နေမိတာကြောင့် စမ်းသပ်ကြည့်ဖို့ ကြိုးစားမိခဲ့တာပါ....."
" မင်း ငါ့ကို အဲ့သလောက်ထိ မြင့်မြင့်မှန်းထားတယ်ပေါ့....."
" ဟုတ်တယ်...ကျန်းချင်းအာက သိပ်ကြောက်ဖို့ကောင်းတော့ သူ့သတို့သားလောင်းလဲ သူ့လိုပဲလို့ထင်လိုက်မိတာ...."
" မင်း ကျန်းချင်းအာနဲ့တိုက်ခိုက်ဖူးလို့လား...."
"ငါ့ဖင်ကြီးကိုပဲ တိုက်ခိုက်လိုက်....ကျန်းချင်အာနဲ့ တိုက်ခိုက်ဖို့ မပြောနဲ့ သူ တစ်ချက်လောက် စိုက်ကြည့်လိုက်ရင်တောင် ငါ့ခြေထောက်တွေ ပျော့ခွေနေမှာ သေချာတယ်....ဒါပေမယ့် မင်းမှာ ဖုန်းကွယ်ထားတဲ့အရာတွေရှိနေမှန်း ငါသိတယ်....လီလော့...မင်း စာမေးပွဲမှာ ဘယ်လိုတွေ စွမ်းဆောင်နိုင်မလဲ ငါသိပ်သိချင်နေပြီ....."
" အဲ့အခါကျရင် မင်းသိလာပါလိမ့်မယ်...."
"ကဲ..ကောင်းကောင်းမတ်တပ်ရပ်နေလိုက်ဉီးနော်...ငါကတော့ သွားအိပ်တော့မယ်...."
လီလော့က ကျုံးဖူနှင့် စကားပြောပြီးသည့်အခါ ကျောက်ခွော်နှင့်အတူ လှည့်ပြန်လာခဲ့လေသည်။
ထွက်ခွာသွားသည့် လီလော့တို့ကို ငေးကြည့်နေရင်းကနေ ကျုံးဖူတစ်ခုခုကို သတိရလာခဲ့မိသည်။
" သေစမ်း...အပြစ်ပေးခံထားရတော့ ဒီည ရှီယွမ်ဖိတ်ထားတဲ့ဆီ မသွားနိူင်တော့ဘူး....ငါမရောက်လာလို့ သစ္စာဖောက်လို့ ထင်ကုန်ကြတော့မှာပဲ......"
........... ..............
အဖြူရောင်ဝိဉာဉ်ဉယျာဉ်အတွင်းရှိအခန်းတစ်ခုထဲတွင်......
ရှီယွမ်က ပြုံးရွှင်သောမျက်နှာထားဖြင့် ရှန်းလျန်နှင့် ချီစုတို့အတွက် လက်ဖက်ရည်ငှဲ့ပေးနေပြီး စကားစမြည်ပြောဆိုနေကြသည်။
" ကျုံးဖူမလာသေးဘူးလား...."
ချီစု၏ အမေးကြောင့် ရှန်းလျန်သည် တစ်ခုခုလွဲမှားနေသလို ခံစားမိလိုက်သည်။ ရှီယွမ် ဖိတ်ကြားထားသည်ကို စိတ်ဝင်စားနေပုံရသော ကျုံးဖူသည် ရောက်မလာဘဲနေလိမ့်မည်မဟုတ်.....
ရှီယွမ် ပြုံးနေသော်လည်း အကြည့်များကတော့ လေးနက်နေသည်။
// ဒီကောင် ငါ့ကို နည်းနည်းမှ မျက်နှာသာမပေးဘူးပဲ...//
ရှီယွမ် တွေးနေစဉ်မှာပင် တံခါးခေါက်သံကြားလိုက်ရပြီး လူတစ်ယောက် ဝင်လာခဲ့သည်။ ထိုလူက ရှီယွမ်ကို တီးတိုး သတင်းပို့လိုက်သော အခါ ရှီယွမ် ချက်ချင်းပင် ခက်ထန်လာခဲ့သည်။
ရှီယွမ် ထိုလူကို ထွက်သွားခိုင်းပြီးသည့်အခါ ရှန်းလျန်တို့ဘက်ကို လှည့်လိုက်ပြီး.....
" ဒီည ကျုံးဖူ မလာနိုင်တော့ဘူး...."
" ဘာဖြစ်လို့လဲ..... "
ရှန်းလျန်ရော ချီစုပါ အံ့အားသင့်သွားခဲ့ကြသည်။
" သူ လီလော့ကို စမ်းသပ်ဖ်ို့ ကြိုးစားခဲ့ပေမယ့် လီလော့က ကြီးကြပ်ရေးမှုးနဲ့သွားတိုင်လိုက်လို့ အပြစ်ပေးခံထားရတယ်....."
" ဟမ် !!"
ရှန်းလျန်နဲ့ ချီစု ခင်မျာ ငိုရခက် ရယ်ရခက်တွေ ဖြစ်ကုန်ကြသည်။
"လီလော့က မထင်မှတ်ထားတာတွေ လုပ်ချလိုက်တာပဲ....."
ရှန်းလျန်ထိုသို့ပြောလိုက်သောအခါ ချီစုက....
"ဆရာနဲ့ သွားတိုင်တယ်ဆိုတော့ လူရယ်ခံရမှာ မကြောက်ဘူးလား....ကြည့်ရတာ ကျုံးဖူကို မန်ိုင်လောက်မှန်းသိလို့ လုပ်မိလုပ်ရာ လုပ်လိုက်တာများလား...."
" လီလော့ကို ဂရုမစိုက်ဖို့ အစောကြီးကတည်းက ပြောထားသားပဲ....ဒီကောင့်မှာ ဂရုစိုက်လောက်စရာလဲ ဘာမှရှိနေတာမဟုတ်ဘဲနဲ့....."
ရှန်းလျန် ညီးတွားလိုက်သည့်အခါ ရှီယွမ်က ပြုံးလိုက်ပြီး.....
" ကျုံးဖူ သတိရှိမှုက ချီးကျူးစရာကောင်းပါတယ်....အကယ်၍ ငါသာ ပြိုင်ပွဲမှာ လီလော့နဲ့တွေ့ဖြစ်ခဲ့ရင် ကြိုတင်သတိထားလို့ရတာပေါ့....."
ရှီယွမ်က လိုရင်းအကြောင်းအရာများဆီ စကားတည်လိုက်သည့်အနေဖြင့်......
" ကဲ...ဒီနေ့ ကျူံးဖူမလာနိုင်ပေမယ့်လဲ ပြောစရာရှိတာ ဆက်ပြောကြရအောင်....မင်းတို့ရော ငါတို့ရောက နန်ဖန်းကို ထျန်ရှုရဲ့ နံပါတ်တစ်ကျောင်းတော်နေရာကနေ ဖြုတ်ချချင်တဲ့အတွက် ရည်ရွယ်ချက်ချင်းတူတယ်လို့ ပြောလို့ရတယ်....ဒီနှစ်အတွက် စာမေးပွဲဖြေမယ့်သူတွေထဲမှာ လုချင်းအာက အသန်မာဆုံးပဲ သူ့ကိုသာ မဖြုတ်ချနိုင်ရင် ပထမနေရာကို လက်လျှော့လိုက်ရမယ့်အပြင် ဝင်ခွင့်ခွဲတမ်းတွေကိုပါ လက်လွှတ်ပေးလိုက်ရလိမ့်မယ်...."
" အဲ့တော့ ငါတောင်းဆိုချင်တာက နောက်ဆုံးအဆင့်ပြိုင်ပွဲကျရင် လုချင်းအာကို အတူပူးပေါင်းပြီး ဖြုတ်ချပစ်ဖို့ပဲ...."
ရှန်းလျန်ရော ချီစုပါ သံသယရှိနေသော အကြည့်များနှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။
" လုချင်းအာကို ဖြုတ်ချဖို့ လွယ်ပါ့မလား..ယသူကာသိပ်သန်မာတယ်ဆိုတော့ အလွယ်တကူ ရှောင်ထွက်သွားနိုင်တယ်...ပြီးတော့ နောက်ဆုံးအဆင့်မှာက သန်မာသူတွေပဲကျန်ခဲ့မှာဆိုတော့ ငါတို့ လုချင်းအာကို အာရုံစိုက်နေတဲ့အချိန် အခြားသူတွေ အခွင့်ကောင်းယူသွားနိုင်တယ်....."
ရှီယွမ်က ပြုံးလိုက်ပြီး.....
" မပူနဲ့...ငါ အာလုံး စီစဉ်ထားပြီးပြီ....မင်းတို့က ငါသတ်မှတ်ပေးထားတဲ့ အချိန်မှာ သတ်မှတ်ထားတဲ့နေရာမှာ ပေါ်လာပေးရုံပဲ....."
ရှန်းလျန်တို့ တခဏလောက် စဉ်းစားပြီးနောက် ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
" နန်ဖန်းက ထျန်ရှုရဲ့ နံပါတ်တစ်ကျောင်းတော် ဂုဏ်ပုဒ်ကို သိမ်းပိုက်ထားတာ အတော်ကြာနေပြီ... ဒီသရဖူကို ထိုက်တန်သူဆီ လွှဲပြောင်းပေးဖို့ အချိန်တန်ပြီ......"
ရှီယွမ်က တောက်ပသော အပြုံးများဖြင့် လဖက်ရည်ခွက်မြှောက်ကာ ရှန်းလျန်တို့နှင့် ခွက်ချင်းတိုက်လိုက်ပြီး.....
"မင်းတို့နဲ့ ပူးပေါင်းခွင့်ရလို့ ဂုဏ်ယူပါတယ်...... "