← Chapters

နောက်ဆုံးစာမေးပွဲ စတင်ပြီ.....

Vol. 4 Ch. 49

နောက်ဆုံးစာမေးပွဲ စတင်ပြီ.....

Vol. 4 Ch. 49

မျက်စိတမှိတ်အတွင်း အချိန်ကုန်ဆုံးလာခဲ့သည်မှာ နောက်ဆုံးစာမေးပွဲဖြေဆိုရမည့်အချိန်သို့ပင် ရောက်လာခဲ့လေပြီ.......

စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြိုင်ပွဲများကို ကြည့်ရှုရန် ရောက်လာကြသော လူများသည်လည်း ကြိတ်ကြိတ်တိုးစည်းကားနေသည်။

အဖြူရောင်ဝိဉာဉ်တောင်ခြေရင်းတွင် ပွဲကြည့်စင်တစ်ခုတည်ရှိနေပြီး လက်ရှိတွင် ပွဲကြည့်ရန်ရောက်လာသူများနှင့် ပြည့်နှက်နေပါသည်။

ထိုနေရာ၏ ရှေ့ဆုံးတွင် သြဇာအရှိဆုံးနှင့် လေးစားခံရသောပုဂ္ဂိုလ်များ အတွက် သီးသန့်တည်ဆောက်ထားပေးသော ခမ်းနားထည်ဝါသည့် မဏ္ဍပ်တစ်ခုရှိသည်။

ခဏအကြာတွင် ထျန်ရှုစီရင်စု၏ နာမည်ကြီး ပုဂ္ဂိုလ်များရောက်လာကြသည်။ ထိုလူများထဲတွင် နန်ဖန်းကျောင်းတော်၏ ဌာနမှုး ဝေရှနှင့် ဘုရင်ခံ ရှီချင်တို့လည်း ပါဝင်ကြသည်။

ထိုနှစ်ဉီးသည် ထျန်ရှုစီရင်စု၏ သြဇာကြီးမားဆုံးသော ပုဂ္ဂိုလ်နှစ်ဉီးဖြစ်သည့်အတွက် မဏ္ဍပ်၏ အဓိကျသောနေရာများတွင် အသီးသီးနေရာယူလိုက်ကြသည်။

"ဌာနမှူးကို ကြည့်ရတာ ယုံကြည်မှုအပြည့်နဲ့ တက်ကြွနေတာပဲ...."

ရှီချင်က ဟန်ဆောင်အပြူံးများဖြင့် ဝေရှကို လှမ်းပြောလိုက်သည့်အခါ ဝေရှကလည်း......

"ကျုပ်တို့ရဲ့ နန်ဖန်းကျောင်းတော်က ထျန်ရှုမှာ နံပါတ်တစ်ကျောင်းတော်ဖြစ်နေတာကို ဘုရင်ခံရှီချင်က သိပ်မနှစ်မြို့ဘူးလို့ ကြားထားတယ်...."

" ကောလဟာလတွေပါဗျာ....ထျန်ရှုရဲ့နံပါတ်တစ်ကျောင်းတော် ဖြစ်ထိုက်အောင်လည်း နန်ဖန်းမှာ သန်မာတဲ့ ခွန်အားတွေရှိနေတာပဲ....အခြားကျောင်းတော်တွေထက် သန်မာနေတဲ့ နန်ဖန်းကို ဘယ်သူထိရဲမှာလဲ...."

ရှီချင်ရဲ့ ခနဲ့တဲ့တဲ့စကားများကို ဝေရှကလည်း တည့်တိုးဆန်စွာတုံ့ပြန်လိုက်သည်။

" ဟုတ်တယ်..ကျုပ်တို့ နန်ဖန်းကျောင်းတော် နာမည်ကျော်ကြားနေတုန်းက အရှေ့ပိုင်းရေကန်ဆိုတဲ့နာမည်ကိုဘယ်သူမှတောင် မကြားဖူးကြသေးဘူး....

ရှီချင် ထျန်ရှုတွင် ဘုရင်ခံဖြစ်လာပြီးနောက် နန်ဖန်း၏ ဌာနမှူးဝေရှနှင့် ပဋိပက္ခများစွာဖြစ်ခဲ့ကြသည်။ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းများသည် နန်ဖန်းကျောင်းတော်၏ဂုဏ်သတင်းကြောင့်ပင်ဖြစ်သည်။ နန်ဖန်းဟူသည် ဝေရှအတွက် ရင်ဝယ်သားနှင့်မခြားသော ဖြစ်တည်မှုဖြစ်သည့်အတွက် နန်ဖန်းကို ထိပါးလာသူမှန်သမျှကို လုံးဝသည်းမခံနိုင်ပေ။

တဖက်တွင်မူ ရှပြည်ထောင်စု၏ တော်ဝင်မိသားစုသည် နယ်ပယ်များကို အုပ်ချုပ်နေသည့် ဘုရင်ခံများ၏ စွမ်းဆောင်ရည်များကို မကြာခဏသုံးသပ်စစ်ဆေးလေ့ရှိသည်။ထို့ကြောင့် နန်ဖန်းကျောင်းတော်ကို အကောင်းဆုံးဖြစ်အောင် ဉီးစီးနိုင်သည့် ဌာနမှုးဝေရှ၏ဂုဏ်သတင်းကြောင့် ရှီချင်သည် ရာထူးဆက်မတက်နိုင်ဘဲ ဘုရင်ခံဘဝနှင့်သာ ကျေနပ်နေခဲ့ရသည်။

အချိန်ကြာလာသည်နှင့်အမျှ နှစ်ဉီးသားကြားတွင် ရန်ငြိုးများနက်ရှိင်းလာပြီး ယခုလို စောင်းချိတ်ပြောဆိုနေခြင်းသည် ထူးဆန်းမနေတော့ပေ။

ယခုနှစ်သည် ရှီချင်အတွက် နောက်ဆုံးနှစ်ဖြစ်သည်။ အကယ်၍ ကောင်းမွန်စွာစွမ်းဆောင်နိုင်ခြင်းမရှိပါက နိမ့်ကျသောခရိုင်တစ်ခုဆီ ပြောင်းရွှေ့ခံရတော့မည်.....

ထို့ကြောင့် သားဖြစ်သူ ရှီယွမ်သည် ကြယ်တာယာခရီးရှည်ကောလိပ်တွင် ဝင်ခွင့်ရမှဖြစ်မည်။

ပူပြင်းသောနေရောင်ခြည်သည် မဏ္ဍပ်အတွင်းရှိ အေးခဲနေသောလေထုကို မယှဉ်သာနိုင်ခဲ့ပေ။စုန်မိသားသု၊ ပိုင်မိသားစုနှင့် တီဖာမိသားစုတို့ကတော့ အချင်းချင်းစကားစမြည်ပြောဆိုနေကြသည်။

ဤစာမေးပွဲတွင် တူမဖြစ်သူပါဝင်သောကြောင့် ရွှေနဂါးဘဏ်တိုက်၏ ဉက္ကဌလုသည် စရောက်လာကတည်းက ပျော်ရွှင်စိတ်လှုပ်ရှားနေခဲ့ရသည်။

မဏ္ဍာပ်ထဲတွင် လော့လန်အိမ်တော်ကိုယ်စား ရောက်လာကြသော ချိုင်ဝေနှင့်ယန်လင်းချီတို့ရှိနေပြီး လီလော့၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရန် စိတ်စောလျှက်ရှိသည်။

သူတို့နှစ်ဉီးသည် ကျန်းချင်းအာနှင့်တအူတုံဆင်းညီအစ်မများသဖွယ် ခင်မင်ခဲ့ကြသူများဖြစ်သောကြောင့် လီလော့ကို မောင်အရင်းတစ်ယောက်သဖွယ် သဘောထားချစ်ခင်ကြပေသည်။လီလော့သည် တစ်ခါတစ်ရံ ပြသာနာရှာတတ်သော်လည်း မောက်မာခြင်းမရှိသည့် လူချောလေးတစ်ယောက်ပင်ဖြစ်သည်။

"သခင်လေး ထိပ်တန်းဆယ်ယောက်ထဲဝင်နိုင်မယ်လို့ နင်ထင်လား...."

ချိုင်ဝေက ငှက်ပျော်သီးတစ်လုံးကို အခွံခွာစားနေရင်း ယန်လင်းချီကို မေးလိုက်သည်။

ချိုင်ဝေ၏ အပြုအမူကြောင့် ပုရိသာများခင်မျာ အတွင်းမီးများတောက်လောင်နေရရှာသည်။

ယန်လင်းချီက စားပွဲကို လက်သည်းနှင့်တတောက်တောက် ခေါက်နေပြီး....

"မြေခွေးမ...နင့်ကို အဲ့လို ကပျက်ကချော်တွေမလုပ်ဖို့ ဘယ်နှစ်ခါပြောရမှာလဲ...."

" တကိုက်လောက် စားကြည့်ပါလား...နင့်အတွက် အာဟာရဖြစ်စေလိမ့်မယ်...."

" နင်ဟာလေ တကယ်ကို ပြောလေကဲလေပဲ...."

ယန်လင်းချီအတော် ဒေါသထွက်နေပုံရသည်။

// နင့်ကိုယ်နင် သိပ်ဆွဲဆောင်မှုရှိတယ် ထင်နေတယ်ပေါ့....တွေ့မယ်....//

ယန်လင်းချီ မပြောမဆိုနဲ့ ချိုင်ဝေ့ကို ကလိထိုးလိုက်သည့်အခါ ချိုင်ဝေတွန့်လိမ်နေပြီး

" မှားပါတယ်...ငါမှားပါတယ်...တော်ပါတော့...ဟားး ဟားး ဟားးး.."

ချိုင်ဝေ၏ အသနားခံနေသော အမူအရာသည် လော့လန်အိမ်တော်၏အရေးကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းနေသူတစ်ယောက်ဟုပင် ထင်ရက်စရာမရှိပေ။

ထိုအခါမှသာ ယန်လင်းချီ အလျှော့ပေးလိုက်ပြီး.....

"လီလော့က စည်းတံဆိပ်ခုနှစ်ခုအဆင့်ရောက်နေပြီဆိုပေမယ့် ထိပ်တန်းဆယ်ယောက်ထဲဝင်ဖို့ကတော့ နည်းနည်းခက်ခဲလိမ့်မယ်.....ဘယ်လိုပဲ ဖြစ်ဖြစ် လုချင်းအာသာညပထမရခဲ့ရင် နန်ဖန်းက ဝင်ခွင့် ဆယ့်ငါးနေရာပိုရမှာဆိုတော့ လီလော့ ကြယ်တာယာခရီးရှည်ကောလိပ်ကို ဝင်ခွင့်ရနိုင်မှာပါ...."

ချိုင်ဝေက ခပ်ပေါ့ပေါ့ ရယ်မော့လိုက်ပြီး....

"ငါကတော့ သခင်လေး ထိပ်တန်းဆယ်ယောက်ထဲဝင်နိုင်မယ်လို့ပဲထင်တယ်..."

ယန်လင်းချီ မျက်မှောင်ကြုံ့ပြီး ချိုင်ဝေကိုကြည့်မိလိုက်သည်။ ချိုင်ဝေ လီလော့အပေါ်

ဘာ​ကြောင့်များ ယုံကြည်မှုလွန်ကဲနေသလဲ နားမလည်နိုင်တော့ပေ။

" သူရဲ့ နွေးထွေးပျူငှာတဲ့ ပုံစံကိုပဲကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့....သူ့မှာ အရိုးထိအောင် စွဲမြဲနေတဲ့ မာနတွေရှိတယ်...သူက အိမ်တော်သခင်နှစ်ပါးရဲ့သား ဖြစ်တဲ့အပြင် ကျန်းချင်းအာရဲ့ သတို့သားလောင်းဆိုလဲ ဟုတ်တယ်....သူ့ရဲ့ပင်ကိုယ်စရိုက်အရဆို သူများအကူအညီနဲ့ ဝင်ခွင့်ရအောင်လုပ်မယ့်အစား သူ့ဘာသာသူ ကျားကုတ်ကျားခဲကြိုးစားပြီး ဝင်ခွင့်ရအောင် လုပ်လိမ့်မယ်....တဖက်ကလှည့်တွေးရင်လည်း ငါ့တို့ သခင်လေးက ထင်သလောက်ရိုးရှင်းတဲ့သူမဟုတ်ဘူး...သူ့မှာ နက်နက်နဲနဲ ဖုံးကွယ်ထားတဲ့ အစွမ်းအစတွေရှိနေသေးတယ်...."

ချိုင်ဝေ၏စကားများက ယန်လင်းချီကို အတွေးပွားစေခဲ့သည်။ လီလော့သည် တခြားသူများနှင့်မတူသော ခံစားချက်များကိုပေးစွမ်းနိူင်သူဖြစ်သည်။ တသက်လုံး ဗလာနန်းတော်ရှိနေရာကနေ လွန်ခဲ့သည်လပိုင်းကပင် ပဲ့တင်ထပ်သံရှိလာခဲ့သူပင်ဖြစ်သည်။

" ငါကတော့ သူ့ကို ကိုယ်ပိုင် အစွမ်းအစနဲ့ပဲ ဝင်ခွင့်ရစေချင်တယ်....သူများအရိပ်အောက်ကနေ ဝင်ခွင့်ရတဲ့သူတွေကို ကျောင်းမှာ ဘယ်လို ခွဲခြားထားလဲ နင်လည်း သိနေတာပဲ....သူက ကျန်းချင်းအာနဲ့ စေ့စပ်ထားတဲ့ လော့လန်အိမ်တော်သခင်လေးဆိုတော့ သူ့အတွက် အဆင်မပြေစရာတွေ ရှိလာနိုင်တယ်....သေချာစဉ်းစားကြည့်လိုက်ရင် လီလော့ ဝင်ခွင့်ရသွားတာ သူ့အတွက်ကောင်းတဲ့ကိစ္စတော့ ဟုတ်မနေဘူးပဲ...."

ယန်လင်းချီ လီလော့ကို သနားသည့်အနေဖြင့် သက်ပြင်းချလိုက်မိသည်။

ချိုင်ဝေလည်း ခေါင်းညိတ်လိုက်မိသည်။ သူမသည် ရှမြို့တော်တွင် အလှည့်အပြောင်းများစွာ ကြုံတွေ့ခဲ့ဖူးသူဖြစ်သည့်အတွက် ကြယ်တာယာခရီးရှည်ကောလိပ်အကြောင်းကို ကောင်းကောင်းကြီးနားလည်ထားသူဖြစ်သည်။တစ်ဆက်တည်းမှာပင် ကျန်းချင်အာ မည်မျှအထိ ကျော်ကြားကြောင်းကိုလည်း သေချာသိထားသူတစ်ယောက်ဖြစ်သည်။ကျန်းချင်းအာသည် ကောလိပ်တစ်ခုလုံး၏ အာရုံစိုက်စရာဟုပြောလျှင်ပင် ချဲ့ကားသည်ဟု မဆိုသာပေ။

လီလော့သည် ရှမြို့တော်နှင့် ဝေးလံလှသော နန်ဖန်းမြို့တွင် နေထိုင်သူဖြစ်သောကြောင့် ကျန်းချင်းအာ၏ ကျော်ကြားမှုများကို အလုံးစုံမသိနိုင်ခဲ့ပေ။ ကြယ်တာယာခရီးရှည်ကောလိပ်တွင် တက်ရောက်သည့်အခါ ကျန်းချင်းအာ၏ ကျော်ကြားမှုကို လီလော့ နဖူးတွေ့ဒူးတွေ့ ကြုံရပေတော့မည်။

ရှမြို့တော်တွင် အားနည်းသူများအတွက် နေရာမရှိပေ။

ယန်လင်းချီတို့ စကားပြောနေစဉ်တွင် ကွင်းထဲသို့ ကျောင်းသားများ ဝင်ရောက်လာသောကြောင့် ပတ်ဝန်းကျင်လေထုတစ်ခုလုံး ပြောင်းလဲသွားခဲ့လေသည်။

နှစ်ဉီးသား ဝှေ့ကြည့်လိုက်သောအခါ ဆံပင်ငွေရောင်နှင့် လီလော့ကို နန်ဖန်းကျောင်းတော်သားများကြားတွင် ထင်းနေအောင် မြင်လိုက်ရသည်။

" သခင်လေးက ချောလိုက်တာ... ဆံပင်ဆေးဆိုးလိုက်တော့ပိုတောင် ချောလာသေးတယ်... "

ချိုင်ဝေ ထိုသို့ပြောလိုက်သောအခါ ယန်လင်းချီက...

" ဒီကောင်လား ချောမှာ...ရွံလိုက်တာဟယ်...."

မည်သို့ပင်ဆိုစေ လီလော့သည် မိဘနှစ်ပါး၏ ရုပ်ရည်ချောမောမှုကို အမွေရထားခြင်း မည်သူမျှ မငြင်းဆန်နိုင်ပေ။

ထိုအချိန်တွင် ကျောင်းသားများရှေ့တွင် ငွေရောင်တလက်လက်တောက်ပနေသော ဝတ်စုံကို ဆင်မြန်းထားသူတစ်ဉီးရောက်လာခဲ့သည်။

ထိုလူသည် ကြယ်တာယာခရီးရှည်ကောလိပ်ကလွှတ်လိုက်သော ကြီးကြပ်ရေးမှုးဖြစ်သည်။

"ကောင်းသောနေ့ပါ....ကျုပ်ကတော့ ကြယ်တာယာခရီးရှည်ကောလိပ်က ဆရာအန်းလဲ့ပါ....အခု နှစ်ကုန်စာမေးပွဲရဲ့ အဆင့်သတ်မှတ်ချက်တွေအကြောင်း ရှင်းပြပေးပါမယ်....."

ထိုသူသည် အသက်သုံးဆယ်လောက်သာ ရှိသေးသည့်အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြယ်တာယာခရီးရှည်ကောလိပ်တွင် ဆရာတစ်ယောက်ဖြစ်လာသည် ဆိုကတည်းက ထိုသူ၏အရည်အချင်းသည် ပေါ့သေးသေး မဟုတ်နိုင်ပေ။

ထို့နောက် ဆရာများသည် ကျောင်းသားများကို သတင်းကျောက်ဖြင့်ပြုလုပ်ထားသော စလစ်ပြားလေးများ ဝေငှပေးခဲ့သည်။

ထိုစလစ်ပြားသည် လက်တဝါးစာခန့်ရှိပြီး ၎င်းပေါ်တွင် ကျောင်းနာမည်နှင့် ကျောင်းသားနာမည်များက်ိုရေးထွင်းထားသည်။

"စာမေးပွဲစပြီဆိုတာနဲ့ မင်းတို့အားလုံး အကဲဖြတ်အဆင့်နှစ်ခုကို ကျော်ဖြတ်ရမယ်...အဲ့ကနေ မင်းတို့အတွေ အခြေခံရမှတ်တွေစုဆောင်းရမယ်...အကဲအဖြတ်အဆင့်နှစ်ခု ဖြေဆိုနေတဲ့ အချိန်မှာ အချင်းချင်းတိုက်ခိုက်တာမျိုးကို တားမြစ်ထားတယ်....အကဲဖြတ်အဆင့်နှစ်ခုကို ကျော်ဖြတ်ပြီးတာနဲ့ သူများဆီက စလစ်ကို လုယူနိုင်ပြီ၏ သူများအမှတ်တွေကို ကိုယ့်ဆီပေါင်းထည့်နိုင်ပြီ...ဒါပေမယ့် တစ်​ကျောင်းတည်းသားချင်းဆီက လုယူတာမျိုးကို တားမြစ်ထားတယ်...."

" မင်းတို့ရဲ့ ပန်းတိုင်က အဖြူရောင်ဝိဉာဉ်တောင်တန်းရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ အဖြူရောင်ဝိဉာဉ်မြို့ပျက်ပဲ.....မင်းတို့ အဲ့ကိုရောက်တာနဲ့ စည်းမျဉ်းတွေကို သူ့အလိိုလိုနားလည်လာလိမ့်မယ်....."

ကြေငြာချက်ထုတ်ပြီးနောက် ကျောင်းသားအားလုံး၏ မျက်နှာများသည် တဖြည်းဖြည်း လေးနက်လာကာ လေထုထဲတွင် တင်းမာမှုများ ပြည့်နှက်နေခဲ့သည်။

" စည်းမျဉ်းတွေကို ပြောပြပြီးပြီဆိုတော့ ကျုပ်က်ုပေးထားတဲ့ လုပ်ပိုင်ခွင့်အရ နှစ်ကုန်စာမေးပွဲစတင်ကြောင်း ကြေငြာလိုက်ပြီ! !!!"

နောက်ဆုံးတွင် နှစ်ကုန်စာမေးပွဲကြီး တရားဝင်စတင်လေပြီ.....

All Chapters