← Chapters

ဘဲဉမကွဲသည့် သုံးယောက်.....

Vol. 4 Ch. 51

ဘဲဉမကွဲသည့် သုံးယောက်.....

Vol. 4 Ch. 51

ခန်းမထဲတွင် အတော်ပင် ဝရုန်းသုန်းကားဖြစ်နေခဲ့သည်။

ကျောင်းသားများသည် အတတ်နိုင်ဆုံး ရှောင်တိမ်းနေကြသော်လည်း များပြားလွန်းလှသော လင်းနို့များကြောင့် ကုတ်ရာ ခြစ်ရာများ များပြားလာပြီ အမှတ်လျှော့ခံရသည့် အနီရောင် အလင်းတန်းများသည်လည်း တဖြတ်ဖြတ်လင်းလက်နေ၏။

အချို့သော ကျောင်းသားများကသာ အုပ်စုဖွဲ့တိုက်ခိုက်နေ​ကြသဖြင့် အခြေနေကောင်းနေသေးသည်။

ကျောင်းသားများသည် လင်းနို့များနှင့်  အလုပ်ရှုပ်နေသည့်အတွက် ထောင့်တစ်နေရာတွင် ရှိ​နေသော မှုန်ဝါးဝါး လူရိပ်သုံးခုကို သတိမထားမိခဲ့ကြပေ။ ထိုသုံးယောက်သည် အငြိမ်မနေကြဘဲ တိုက်ခိုက်နေသူများကို ကြည့်ပြီး အတင်းတုပ်နေကြသေးသည်။

"ဟားး ဟားး ဟိုကောင့်မျက်နှာကို ကြည့်စမ်း စုတ်ပြတ်နေတာပဲ...."

"သနားစရာပဲကွာ...နောင်ဆို ဒီကောင် ရုပ်ရည်ကြောင့် စိတ်ထိခိုက်နေရတော့မှာပဲ..."

" သနားစရာလေးပါကွာ...."

"......."

သုံးယောက်သား မျောက်ပွဲကြည့်သလို ကြည့်လိုက် ဝေဖန်လိုက်နှင့် အလုပ်ရှုပ်နေကြသည့်အပြင် ပွဲကြည့်ရင်း စားဖို့ ဖရုံစေ့များ ယူမလာမိသည့်အတွက်ပင် စိတ်မကောင်းဖြစ်နေကြသေးသည်။

"မင်းငါ့လက်ကို လွှတ်ပြီး နည်းနည်းလေး ဟိုဘက်တိုးပါဉီးလားကွာ...."

လီလော့က သူ့လက်ကို အတင်းအကြပ်ဆုပ်ကိုင်ထားပြီး ပူးကပ်နေသော ယုလန်ကြောင့် အ​တော်လေး စိတ်ညစ်နေခဲ့ရသည်။

လီလော့ ပြောလိုက်ကာမှ ပိုပြီးပူးကပ်လာသည့် ယုလန်ကြောင့် ချဉ်စုပ်စုပ်ချွေးနံ့များကိုပါ တဝရှုရှိုက်နေရရှာသည်။

" မင်းကကောင်းတဲ့ကောင်မှ မဟုတ်တာ မင်းငါ့ကို ပစ်ထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ..အဲ့တော့ငါလည်း လွှတ်ပေးစရာလား..."

လီလော့ ဘာပြောရမှန်းပင် မသိတော့ပေ။ အကယ်၍ ယုလန်သာ သူ့အကြောင်း ကူညီဖုံးဖိမပေးထားခဲ့ရင် ကန်ထုတ်ပစ်တာ ကြာရောပေါ့.....

" အစ်ကိုလော့...ငါတို့က အခြေခံအမှတ်တစ်မှတ်မှမလျော့သေးဘူးဆိုတော့ အမှတ်ပြည့်ရတော့မှာပေါ့နော်..."

ကျောက်ခွော်​ ယုလန်ဘေးကနေ ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးပြီး လီလော့ကို လှမ်းမေးနေသည်။

လီလော့ ခေါင်းညိတ်ပြလိုက်သည်။ဤအဆင့်တွင် သုံးဉီးစလုံး တောင်ပံလေးခု လင်းနို့ကြောင့် ထိခိုက်မှုမရှိသည့်အတွက်ပုံမှန်အတိုင်းဆို အမှတ်ပြည့်ရနိုင်မည်ဖြစ်သည်။

သုံးယောက်သား အေးအေးလူလူ ပွဲကြည့်နေခဲ့ကြပြီး နာရီဝက်ကြာသောအခါ တောင်ပံလေးခုလင်းနို့များသည် တစ်ယောက်ယောက်က ပြန်ခေါ်နေသကဲ့သို့ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး မျက်နှာကျက်ပေါ်တွင်ရှိနေသော တွင်းပေါက်များဆီ ပြန်ဝင်သွားကြလေသည်။

ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်သည်။

သွေးထွက်သံယိုဖြစ်နေကြသော ကျောင်းသားများသည်လည်း ကြမ်းပြင်ပေါ်လှဲချလိုက်ကြသည်။

ထိုအချိန်တွင် ထိုကျောင်းသားများပေါ်ကနေ

အလင်းတန်းများထွက်ပေါ်နေသည့် သလင်းကျောက်တစ်ခု ပျံသန်းသွားပြီးကျောင်းသားများ၏ စလစ်များပေါ်တွင် နံပါတ်များ ပေါ်လာလေသည်။

" အမ်??? ငါ အခြေခံအမှတ် 46 မှတ်ရတယ်ဟေ့...."

" ငါက အမှတ် 50 ရတယ်..."

" ငါကတော့ 20 ပဲရတယ်..."

"......"

ပျော်ရွှင်နေကြသည့်အသံများ ဆူညံစွာထွက်ပေါ်လာခဲ့ပြန်သည်။

ပျော်ရွှင်နေကြသူများထဲတွင် လီလော့တို့သုံးဉီးမပါဝင်ခဲ့ပါ.....

သူတို့၏ စလစ်များပေါ်ရှိနံပါတ်များသည် သုံညသာပင်.. ..

" မဖြစ်နိုင်ဘူး! !!"

ကျောက်ခွော် မေးရိုးပြုတ်ကျတော့မတတ် အံ့သြနေမိသည်။

" ငါတို့တွေ လင်းနို့တွေကို အပြည့်အဝရှောင်တိမ်းနိုင်ခဲ့တယ်လေကွာ...."

ယုလန်သည်လည်း လှည့်စားခံလိုက်ရသလိုာခံစားနေရသောကြောင့် ဒေါသထွက်နေလေပြီ.....

လီလော့ကတော့သေချာစဉ်းစားလိုက်ပြီး .....

" ငါရဲ့ ရေအရိပ်အကာအကွယ်က အရမ်းထူနေလို့များ သလင်းကျောက်ရဲ့အလင်းက ဖောက်မဝင်နိုင်တာများလား...."

ကျောက်ခွော် ဘာပြောရမှန်းမသိတော့ပေ.....

// ဖြစ်နိုင်ပါ့မလား....မင်းရဲ့ ရေအရိပ်ကအဲ့သလောက်ထူပါ့မလားကွာ.....//

" ကြည့်ရတာ သလင်းကျောက်ရဲ့အလင်းက ငါတို့ပေါ် ကျမလာလို့နဲ့တူတယ်..."

ယုလန်ကလည်း သေချာစဉ်းစားလိုက်ပြီး လီလော့အပြောကို ထောက်ခံလိုက်သည်။

သုံးယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စိတ်ဓာတ်ကျနေကြရှာသည်။

ဤသို့ ဖြစ်လာမည်မှန်း ဘယ်သူထင်မိမည်နည်း....ကောင်းကောင်းပုန်းရှောင်ပြီး အမှတ်ပြည့်ရမည်ဟုထင်ခဲ့ကာမှ သုံညနှင့်သာ ဇာတ်သိမ်းရလေပြီ.....

" လက်မခံနိူင်ဘူး...​​ဖြေရှင်းချက်သွားတောင်းမယ်....သူတို့အမှားလုပ်မိတာပဲဖြစ်ရမယ်! !!"

ယုလန် သောင်းကျန်းသောအခါ လီလော့ တွေးတွေးဆဆနှင့်ပြောလိုက်သည်က....

"အခုနေ သွားပြောရင် စာမေးပွဲကနေထွက်ရလိမ့်မယ်...သုံညဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒါကအခြေခံအမှတ်ပဲလေ....နောက်အဆင့်တွေ ကျန်ပါသေးတယ်ကွာ....."

ယုလန် ငြိမ်ကျသွားသော်လည်း ဒေါသမပြေသေးပေ။

လီလော့ ရေအရိပ်များကို ရုတ်သိမ်းလိုက်သည့်အခါ အလင်းတန်းအချို့ ပေါ်လာသောကြောင့် ကျောင်းသားများက လီလော့တို့ကို လှည့်ကြည့်လိုက်ကြသည်။

သုံးယောက်စလုံး သုံညဖြစ်နေသည်ကို မြင်လိုက်သောအခါ အကုန်လုံး အံ့အားသင့်ခဲ့ကြပြန်သည်။သူတို့ထဲတွင် အခြေနေအဆိုးဆုံးသူတောင် လီလော့တို့ထက် ပိုသာနေသေးဝည်။

// ဒီသုံးကောင် သုံညရအောင် ဘာတွေများ လုပ်လိုက်တာလဲ..... //

တခဏအကြာတွင် ခန်းမတစ်ခုလုံး ရယ်မောသံများနှင့် ပြည့်နှက်သွားလေတော့သည်။

သုံးယောက်သား အံတကြိတ်ကြိတ်နှင့် ခန်းမအဆုံးတွင် ရှိနေ​သော တံခါးဆီ လျှောက်လှမ်းသွားခဲ့ကြသည်။

// သေစမ်း ခုနကလေးတင် သူတို့ကိုထိုင်ရယ်နေခဲ့တာ...ချက်ချင်းကို ဝဋ်လည်တော့တာပဲ... //

............ ............ .......... ............

သုံးယောက်သား နောက်တစ်ဆင့်ဆီ တက်လှမ်းသွားကြသော်လည်း အပြင်ဘက်တွင် အုတ်အော်သောင်းနင်း ဖြစ်နေလေပြီ.....

ကြီးမားသောမှန်နံရံကြီးပေါ်တွင် ရမှတ်များကိုတိုက်ရိုက် ကြေငြာပေးနေသည့်အတွက် အကုန်လုံးက စိတ်ဝင်တစား ဖတ်ကြည့်နေကြသည်။

အမြင့်ဆုံး ရမှတ်သည် အမှတ် 100 ဖြစ်ပြီး လုချင်းအာ၊ ရှီယွမ်နှင့်ကျောင်းသားအနည်းငယ်သာ ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြသည်။

ရမှတ်များကို စိတ်ဝင်တစား ကြည့်ရှုနေသူများသည် ထူးထူးခြားခြား သုံညရသည့်ကျောင်းသားကို မြင်လိုက်သောကြောင့် အတော်ပင် အံ့သွားခဲ့ကြသည်။

//အဆိုးတကာ့အဆိုးဆုံးသူတောင် အနည်းဆုံး 1 မှတ်တော့ရပါတယ်ဟ....အခု သုံညဆိုတာကြီးက ထူးဆန်းမနေဘူးလား....//

ထိုသုံညသုံးခုကြောင့် ပရိသတ်များ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

နာမည်များကို တွဲ၍ ဖတ်ကြည့်လိုက်သောအခါ......

နန်ဖန်းကျောင်း​တော်...လီလော့...သုံည.....

// ဒါ လော့လန်အိမ်တော်သခင်လေးမဟုတ်လား....ထျန်ရှုမှာ ဒီလောက်နာမည်ကြီးတဲ့သူက ဘယ်လိုဖြစ်ပြီး ဘဲဉမကွဲရတာလဲ...ဘာတွေ ဖြစ်ကုန်ကြတာလဲ....//

" ဟဲ့...ဟဲ့...သုံညရတာ ငါတို့သခင်လေးတော့ မဟုတ်လောက်ပါဘူးနော်...."

ချိုင်ဝေက ချယ်ရီရောင်နှုတ်ခမ်းပါးလေးများကို ဖွင့်ဟပြီး စိုးရိမ်တကြီးမေးလိုက်သည့်အခါ ယန်လင်းချီက ဘုဘောက်ကျကျပြန်ဖြေလေသည်။

" နန်ဖန်းမှာ လီလော့ဘယ်နှစ်ယောက်များရှိလို့လဲဟယ်....."

" ဘယ်လိုဖြစ်ပြီး သုံညရသွားတာလဲ...."

ချိုင်ဝေ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

" ဒါတော့ ငါလည်း ဘယ်သိမလဲ...."

ယန်လင်းချီက ပခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။

" ကိစ္စတော့သိပ်မရှိပါဘူး အကဲဖြတ်အဆင့်နှစ်ခုက အခြေခံအမှတ်အတွက်ပဲလေ....တကယ့်ပြိုင်ပွဲကနောက်ဆုံးမှရောက်လာမှာပဲကို....."

ချိုင်ဝေ တွေးတွေးဆဆပြောနေပေမယ့် ယန်လင်းချီကတော့ စိတ်ရှုပ်နေဟန်ဖြင့်....

" ဒီသခင်လေးဆိုတဲ့အကောင်ကလေ လူကိုစိတ်ပူအောင်လုပ်တဲ့နေရာမှာ သိပ်ထူးချွန်တာပဲ....."

........... .............. ............

အလေးစားခံပုဂ္ဂိုလ်များရှိနေသည့် မဏ္ဍပ်ထဲတွင်........

အန်းလဲ့၊ ဝေရှနှင့် ရှီချင်တို့သည်လည်း သုံည သုံးခုကြောင့် အတော်လေးအံ့သြနေကြရသည်။

ရှီယွမ်က ပြုံးလိုက်ပြီး.....

" ဌာနမှူးဝေ.ယ..ခင်ဗျားတို့ နန်ဖန်းကတော့ တကယ့်ကို ထူးခြားပါပေ့ဗျာ....."

ဝေရှ ခေါင်းကိုက်နေပြီဖြစ်သည်။

// အဆံချောင်သုံးကောင်ကတော့ ဘာတွေလျှောက်လုပ်လိုက်ပြန်ပြီလဲမသိဘူး....ရှက်လိုက်တာနော်.....//

သို့ပေမယ့်လည်း ပထမအဆင့်သာရှိသေးသည့်အတွက် သိပ်တော့ပြသာနာမရှိသေးပေ။

// နောက်တဆင့်ကျရင်တော့ ဒီဘိုးဘေးလေး

သုံးကောင် အရူးမထပါစေနဲ့လို့ပဲဆုတောင်းရမယ်....ဒီကောင်တွေ စိတ်ထဲမှာ ငါ့ကို အိုနေပြီလို့များထင်နေကြတာလား//

All Chapters