တစ္ဆေမျက်နှာနွယ်ပင်.....
Vol. 4 Ch. 52
သုံးယောက်သား တံခါးကို ဖြတ်ကျော်လာသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားပြီး မှုန်မှိုင်းခြောက်ခြားဖွယ်ကောင်းသော တောအုပ်ကြီးတစ်ခုက သူတို့ကို ကြိုဆိုနေ၏။
သူတို့ရှေ့တွင် သလင်းကျောက်နံရံတစ်ခုရှိနေပြီး ထိုနံရံပေါ်မှာ ညွှန်ကြားချက်ကို ဖတ်ကြည့်လိုက်သောအခါ အကုန်လုံး၏ အမူအရာများသည် လေးနက်လာခဲ့ကြသည်။
" ဒါဆို နောက်တဆင့်က တစ္ဆေမျက်နှာသစ်သီးတွေ ခူးရမှာပေါ့....."
တစ္ဆေမျက်နှာနွယ်ပင်သည်အမှောင်တောအုပ်ထဲတွင်သာ ပေါက်ရောက်သော အ ထူးခြားသော အပင်မျိုးစ်ိတ်တစ်ခုဖြစ်သည်။ထိုအပင်များသည် ကြမ်းတမ်းခက်ခန်သော ပတ်ဝန်းကျင်မြေအနေအထားကို အထူးနှစ်ခြိုက်ကြပြီး အလောင်းကောင်များကို အာဟာရပြုရှင်သန်ကြသည်။
ဒုတိယအကဲဖြတ်အဆင့်သည် ထိုအပင်များမှ အသီးများကို ခူးဆွတ်ရမည်ဖြစ်ပြီး ရရှိသော အသီးအရေအတွက်အလိုက် အခြေခံအမှတ်များ ရရှိပေလိမ့်မည်။
" မလွယ်လောက်ဘူးနော်...တစ္တေမျက်နှာအပင်မှာ အဆိပ်ရှိတဲ့အဆူးတွေ ပြည့်နေတဲ့အပြင် သူရဲ့တိုက်ခိုက်မှုကလည်း ရက်စက်ပြင်းထန်းတယ်.....စည်းတံဆိပ်ရှစ်ခုအဆင့်တွေတောင် လွယ်လွယ်မထိရဲကြဘူး.."
ကျောက်ခွော်စကားသံကြောင့် လူစုခွဲရန်ပြင်နေသော ယုလန်၏ခြေလှမ်းများ ရပ်တန့်သွားပြီး.....
"ငါတို့သုံးယောက်ပေါင်းပြီး သွားခူကြမယ်လေ....ဘယ်လိုလဲ....."
" ခွဲထွက်ဖို့ ခြေလှမ်းပြင်နေကောင်ကများ ပူးပေါင်းဖို့ပြောလာပြောနေသေးတယ်...."
လီလော့ ထိုသို့ပြောလိုက်သောအခါ ယုလန်က ပြာပြာသလဲငြင်းချက်ထုတ်လိုက်သည်။
"မဟုတ်ရပါဘူးကွာ...ငါတို့က သူငယ်ချင်းတွေပဲဟာ သေတူရှင်မကွာနေကြရမှာပေါ့....ဟုတ်ဘူးလား...."
လီလော့ ယုလန်ရဲ့ ပေါက်ပန်းစျေးစကားများကို ဆက်နားမထောင်နိုင်တော့ပေ။သို့သော်လည်း ယုလန်၏ အဖော်စပ်မှုကို လီလော့ မငြင်းခဲ့ပါ....သူတစ်ယောက်တည်းအားဖြင့် တစ္တေမျက်နှာသစ်သီးကို မယူနိုင်သောကြောင့် အဖော်အပေါင်းနဲ့သာဆိုပို၍လွယ်ကူပေလိမ့်မည်။
ကိုယ်သက်သာမယ့်အရေးကို ဘာကြောင့်များ လက်မခံနိူင်ရမှာလဲ......
" သွားကြစို့.."
လီလော့သည် ယုလန်နှင့် ကျောက်ခွော်တို့ကို ဉီးဆောင်ကာ သစ်တောထဲသို့ ဝင်ခဲ့လိုက်လေသည်။
သုံးယောက်သား တောနက်ထဲသို့ရောက်လာပြီး မိနစ်အနည်းငယ်ခန့်ကြာသောအခါ ညာဘက်ကနေ လွင့်ပျံလာသော ဆူညံသံအချို့ကို ကြားလိုက်ရသည်။
သုံးယောက်သား တစ်ဉီးကိုတစ်ဉီး အသံတိတ်အချက်ပြလိုက်ပြီး သွားကြည့်လိုက်ကြသည်။ထူထပ်သော ချုံနွယ်များကို ဖယ်ရှားလိုက်သောအခါ ရွှံ့နွံများအလယ်တွင် ကြီးမားတုတ်ခိုင်သော အနက်ရောင် သစ်ပင်ကြီးတစ်ပင်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုသစ်ပင်ပေါ်တွင် ဆူးများဖြင့်ပြည့်နှက်နေသော အနက်ရောင်နွယ်ပင်များ ဖုံးလွှမ်းနေပြီး ထိုနွယ်ပင်များသည် အနက်ရောင် စပါးအုံးမြွေကြီးများသဖွယ် ရွေ့လျားနေကြပြီး စူးရှသော အသံများကို ထုတ်လွှတ်နေကြသည်။
အနက်ရောင် ပင်စည်ကြီးပေါ်တွင် လူမျက်နှာပုံသဏ္ဍာန်တစ်ချို့ကို ခပ်ရေးရေးမြင်နေရသည်မှာ အသည်းထိတ်ဖွယ်ကောင်းလှပေသည်။
ထိုအပင်သည် တစ္ဆေမျက်နှာနွယ်ပင်ဖြစ်သည်။
သို့သော်လည်းသစ်ပင်နားတွင် လီလော့တို့ထင် ကြိုရောက်နှင့်နေသူ ခြောက်ယောက်၊ ခုနစ်ယောက်ခန့်ရှိနေပြီး အုပ်စုဖွဲ့တိုက်ခိုက်နေကြသောကြောင့် အရောင်အသွေးစုံလင်လှသော ပဲ့တင်ထပ်သံစွမ်းအားများသည် လေထုထဲတွင်ပျံ့လွှင့်နေကြသည်။
တစ္ဆေမျက်နှာနွယ်ပင်ကလည်း ငြိမ်ခံမနေဘဲ အဆိပ်ဆူးများပြည့်နှက်နေသော အကိုင်းများဖြင့် တိုက်ခိုက်လာသူများကို ရိုက်ချနေသည်။
"မြင်ရတာ စိတ်မချမ်းသာလိုက်တာ...."
ယုလန် ထိုသူများကို စိတ်မကောင်းဟန်ဖြင့် ကြည့်နေခဲ့သည်။ ထိုကျောင်းသားများသည် စည်းတံဆိပ်ခြောက်ခုအဆင့်သာရှိသေးသည့်အတွက် လူအရေအတွက်များသော်လည်း တစ္ဆေမျက်နှာနွယ်ပင်ကို နိုင်အောင် မတိုက်နိုင်သေးပေ။
တစ္ဆေမျက်နှာနွယ်ပင်သည် အကိုင်းအခတ်များကို လွှဲရိုက်လိုက်သော အသံသည် ငယ်စဉ်အခါက မိဘများထံတွင် အရိုက်ခံခဲ့ရသော ကြာပွတ်သံနှင့် ဆင်တူသောကြောင့် ဉီးရေပြားများပင် ထုံထိုင်းလာရလေသည်။
အချိန်တိုလေးအတွင်းမှာတင် အုပ်စုဖွဲ့တိုက်ခိုက်နေသူများသည် ဒဏ်ရာဗလပွဖြင့် ခွေးပြေးဝက်ပြေး ပြေးကုန်ကြလေသည်။ တစ္ဆေမျက်နှာနွယ်ပင်၏ အကိုင်းအခက်များသည် ကန့်သတ်ချက်ရှိနေ၍သာ တော်ပေတော့သည် မဟုတ်ပါက ထိုအုပ်စု ဒီထက့်အထိနာလိမ့်မည်သာ....
လီလော့တို့ သုံးဉီးစလုံး ထိုမြင်ကွင်းကို သေချာစွာမြင်လိုက်ကြရသည်။
" အဆူးတွေက အဓိကပြသာနာဖြစ်နေတာ..."
ကျောက်ခွော် စိုးရိမ်တကြီးရေရွတ်လ်ိုက်သည်။သုံးယောက်ထဲတွင် သူသည် ခွန်အားအကြီးဆုံးဖြစ်သော်လည်း ဆူးများကို ကျော်ဖြတ်ပြီး သစ်သီးခူးရန် မဖြစ်နိုင်ပေ။
" ယုလန်....မင်း စမ်းကြည့်လိုက်...."
လီလော့က ခဏမျှ စဉ်းစားလိုက်ပြီး ယုလန် ကို အရင်သွားခိုင်းလိုက်သည်။
" ဘာပြောတယ်....ငါက ဘာလို့သွားရမှာလဲ... "
" မင်းက လေပဲ့တင်ထပ်သံပိုင်ရှင်လေ...အားလုံးထဲမှာ မင်းက အမြန်ဆုံးပဲ...."
ယုလန် မျက်စိမျက်နှာပျက်နေသော်လည်း ရှေ့သို့ တက်လာပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည့်အခါ အစိမ်းရောင်အလင်းတန်းများသည် လေထုထဲတွင် ဖြာထွက်လာပြီး လေအလျှင်နှင့် တစ္ဆေမျက်နှာနွယ်ပင်ကြီးထံဉီးတည်သွားခဲ့သည်။
" ဝိုးး တကယ့်ကို နန်ဖန်းရဲ့ အမြန်ဆုံးကျောင်းသားပီသပါပေတယ်...."
ကျောက်ခွော်သည်ပင် တအံ့တသြရေရွတ်လိုက်မိသည်အထိ ယုလန်၏အမြန်နှုန်းသည် ထိတ်လန့်ဖွယ်ကောင်းလှသည်။
လီလော့သည်လည်း ယုလန်ကိုကြည်ပြီး အံ့သြနေမိသည်။ ဤမျှသော အရှိန်မျိုးရရန် များစွာ ကြိုးစားအားထုတ်ထားရသည်မှာ သိသာလွန်းလှပေသည်။
ယုလန် ချဉ်းကပ်လာသည်ကို သိလိုက်သည်နှင့် နွယ်ပင်များကလည်း စတင်တုံ့ပြန်လာလေသည်။
ယုလန် အသည်းအသန် ရှောင်တိမ်းနေသော်လည်း နီးကပ်လာသည်နှင့်အမျှ နွယ်ပင်များ၏ ခြိမ်းခြောက်မှုများသည်လည်း ပိုမိုပြင်းထန်လာသည်။ထို့ကြောင့် ယုလန်၏ အရှိန်သည်လည်း တဖြည်းဖြည်းကျဆင်းလာခဲ့ရသည်။
အခြေနေမဟန်တော့မှန်းဘသိလိုက်တာကြောင့် ယုလန်သည် မျက်စိတမှိတ်အတွင်းမှာပင် လီလော့တို့ဆီ ပြန်လည် ဆုတ်ခွာလာခဲ့သည်။
" အခြေနေမကောင်းဘူး...အသီးခူးဖို့ နေနေသာသာ အနားတောင်မကပ်နိုင်ခဲ့ဘူး...."
ယုလန် ချွေးပြိုက်ပြိုက်ကျနေလေပြီ.....
" ငါ့ထင်တော့ အောင်မြင်ခဲ့တယ်ပဲ ပြောရမယ်...."
လီလော့ ညစ်ကျယ်ကျယ် အပြုံးမျိုး ပြုံးနေခဲ့သည်။ ယုလန်၏ အမြန်နှုန်သည် နွယ်ပင်၏ တိုက်ခိုက်မှုကို အစွန်းဆုံးအထိထုတ်ဖော်စေနိုင်ခဲ့သည်။
" ဒီတစ်ခါ ကျောက်ခွော်နဲ့ငါပါ အတူ လိုက်ခဲ့မယ်...ကျောက်ခွော်က ရှေ့ကကာထားပေးတဲ့အချိန်မှာ ငါက နွယ်ပင်တွေရဲ့ တိုက်ခိုက်မှုကို ခုခံထားပေးမယ်...မင်းက နောက်ကနေ အသီးသွားခူး....."
" ဒီနည်းလမ်းက ကျောက်ခွော်အတွက်တော့ နည်းနည်း ဆိုးတယ်...."
ကျောက်ခွော်ကမချိပြုံး ပြုံးလိုက်ပြီး......
" စိတ်မပူပါနဲ့ကွာ...ငါက အရိုးမာပြီး အရေထူပါတယ်ကွာ....."
လီလော့ ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အတူလက်တွဲလိုက်ကတည်းက တစ်ဉီးချင်းစီ၏ အားနည်းချက် အားသာချက်များကို မျှဝေခံစားရပေမည်။ လီလော့ ကျောက်ခွော်ကို မခေါ်ဘဲ သစ်သီးခူးနိုင်သော်လည်း ကျောက်ခွော် လက်ခံလိမ့်မည်မဟုတ်ပေ။
" ကောင်းပြီ...."
ယုလန်ကလည်း သဘောတူလိုက်သည်။
အစီအစဉ်ရေးဆွဲ့ပြီးသည့်အခါ တုံ့ဆိုင်းမနေဘဲ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။ လီလော့က ခါးတွင်ချိတ်ဆွဲထားသော ဓားနှစ်လက်ကို ဆွဲထုတ်လိုက်ပြီး ကျောက်ခွော်ကတော့ ကျောတွင် လွယ်ထားသော ပုဆိန်ကြီးကို ဖြုတ်ယူလိုက်သည်။
" တိုက်ကြမယ်...."
လီလော့ ခပ်အုပ်အုပ် ညာသံပေးလိုက်ပြီးလိုက်ပြီး ဝက်ဝံပဲ့တင်ထပ်သံစွမ်းအားများ ထုတ်ဖော်ထားသော ကျောက်ခွော်နှင့်အတူ နွယ်ပင်ကြီးရှိရာဆီ ပြေးသွားခဲ့ကြသည်။
ငွေရောင်အလင်းတန်းများခြုံလွှမ်းနေသော ကျောက်ခွော်၏ ခန္ဓာကိုယ်သည် သူ၏ ငွေရောင်ဝက်ဝံပဲ့တင်ထပ်သံကြောင့် နဂိုထက်ပို၍ ကြီးမားနေ၏။
နွယ်ပင်ကြီးကလည်း ချက်ချင်းပင် တုံ့ပြန်လာပြီး ချွန်မြသော အဆူးများပြည့်နှက်နေသည့် အကိုင်းအခက်များသည် လေထုကို ထိုးခွင်းပြီး လျင်မြန်စွာ ရွေ့လျားနေကြသည်။
ကျောက်ခွော်က လက်စွဲတော် ပုဆိန်ကြီးကို လှလှပပဝှေ့ယမ်းလိုက်ပြီး တိုးဝင်လာသော အကိုင်းအခက်များကို ခုတ်လှဲပစ်လိုက်သည်မှာ မုန်တိုင်းဝင်နေသကဲ့သို့ပင်....
ကျောက်စိမ်းရောင်အရည်များသည်လည်း ပတ်ဝန်းကျင်တစ်ခွင်တွင် ရွှဲစိုနေလေ၏။
ထိုအချိန်တွင် ရွံ့နွံများထဲမှ နွယ်ပင်များ ထိုးထွက်လာပြီး ကျောက်ခွော်၏ ကျောပြင်ကို ထိုးစိုက်ရန် ဉီးတည်လာနေသည်။
ထိုနွယ်ပင်များသည် အပြာရောင်ဓားတစ်လက်ကြောင့် ပြတ်တောက်သွားခဲ့ရသည်။
ဤသည်မှာ လီလော့ဖြစ်ပြီး အပြာရောင်ပဲ့တင်စွမ်းအားများ ရစ်သိုင်းနေသော ဓားတစ်လက်ဖြင့် နွယ်ပင်များကို အဆက်မပြတ်ခုတ်ချနေသည်။
နှစ်ယောက်သား တဖြည်းဖြည်းနှင့် နွယ်ပင်ကြီးနား တိုးကပ်လာခဲ့ကြသည်။
သို့သော်လည်း ပင်စည် နီးကပ်လာသည်နှင့်အမျှ နွယ်ပင်၏ တိုက်ခိုက်မှုများသည်လည်းပိုမိုပြင်းထန်လာ၏။
လီလော့ အတတ်နိုင်ဆုံး ခုတ်ဖြတ်နေသော်လည်း အချို့သော နွယ်ပင်များကြောင့် ကျောက်ခွော် ထိခိုက်မိပြီး သွေးများစီးကျလာသည်။ ကျောက်ခွော် အံကြိတ်လိုက်ပြီး ဆက်လက်တိုက်ခိုက်နေခဲ့သည်။
"ယုလန် သွားတော့! !!!"
အခြေနေကို တစ်ချက်ကြည့်လိုက်ပြီး လီလော့ ယုလန်ကို သတိပေးလိုက်သည်။
" လာပြီ...."
လီလော့ဆီက အချက်ပေးသံကို ကြားလိုက်ရသည်နှင့် ယုလန်သည် အရှိန်ကုန်မြှင့်လိုက်ပြီး နွယ်ပင်ကြီးထံ ဉီးတည်ပျံသန်းသွားခဲ့သည်။
ယုလန်သည် အလွန်လျင်မြန်လှပေသည်။ သစ်သီးများနှင့် လက်တစ်ကမ်းစာသာ ကွာဝေးသည့်အချိန်တွင် သူ့အောက်တွင်ရှိနေသော ရွံ့နွံမျ ရုတ်တရက်ကွဲထွက်လာပြီး ထူးဆန်းသည့်အသွင်သဏ္ဍာန်တစ်ခု ယုလန်ကို ရိုက်ထုတ်ရန်ကြံရွယ်လာခဲ့သည်။
"သေစမ်း! !!"
ရွံ့နွံထဲတွင် ပုန်းအောင်းနေသူရှိနေသည်။ ထိုသူသည် သူ့မျက်စိရှေ့မှာပင် သူ့ပိုင်ဆိုင်ရမည့် သစ်သီးကို ခိုးယူရန် ကြိုးစားနေသဖြင့် ယုလန်အတော်ပင် အသည်းပေါက်နေလေပြီ....
" ယုလန်! !! မျက်စိမှိတ်ထားလိုက်...."
လီလော့ ယုလန်ကို လှမ်းအော်လိုက်ပြီး လက်ချောင်းထိပ်တွင်ဖွဲ့စည်းနေပြီဖြစ်သော အပြာရောင် အလင်းလုံးကို ယုလန်ဆီသို့ ပစ်လွှတ်လိုက်သည်။
အပြာရောင် အလင်းလုံးသည် ယုလန်နှင့် ရုတ်တရက်ကျုးကျော်လာသူတို့ အနီးနားတွင် ပေါက်ကွဲသွားပြီး နှစ်ဉီးစလုံးကို အပြာရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားခဲ့လေသည်။