← Chapters

မြေပဲ့တင်ထပ်သံပိုင်ရှင် လျန်ကျုံး.....

Vol. 4 Ch. 53

မြေပဲ့တင်ထပ်သံပိုင်ရှင် လျန်ကျုံး.....

Vol. 4 Ch. 53

လီလော့၏ အော်သံကြောင့် ယုလန် ထသိတ်လန့််သွားမိသော်လည်း မျက်လုံး မှိတ်ထားလိုက်သည်။သူသည် မသေချာမရေရာသည့်အခြေနေတွင်ရှိနေသည့်တိုင် လီလော့ကို ယုံကြည်ပြီး မျက်လုံးများ မှိတ်ထားပေးခဲ့သည်။

အပြာရောင်အလင်းလုံးပေါက်ကွဲလာချိန်တွင် ယုလန်သည် သစ်သီးရှိရာဆီ မှန်းဆလိုက်ပြီး သစ်သီးများကို လျင်မြန်စွာခူးယူလိုက်သည်။

ယုလန် ရှောင်နိုင်လိုက်သောလည်း ကျူးကျော်သူကတော့ အလင်းတန်းများကြောင့် ဘာကိုမျှ မမြင်နိုင်တော့ပေ။

တောက်ပသော အလင်းရောင်သည် တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။

သစ်သီးခူးယူပြီးချိန်တွင် ယုလန်၏ အမူအရာသည် တင်းမာလာခဲ့ပြီး ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည့်အခါ အစိမ်းရောင်အလင်းတန်းများသည် ဓားသွားများသဖွယ် ကျူးကျော်သူထံတိုးဝင်သွားခဲ့ကြသည်။

" ဟမ့်...."

အရေးနိမ့်သွားပြီမှန်း သိလိုက်သော ကျူးကျော်သူကလည်း အဝါရောင်အလင်းတန်းများ ဖြာထွက်နေသော လက်သီးချက်ဖြင့် ယုလန်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

ထိုအခါ စွမ်းအားများပေါက်ကွဲထွက်လာပြီး ကျုးကျော်သူသည် အနည်းငယ် တုန်ရီသွားပြီ ယုလန်ကတော့ လျင်မြန်သော အရှိန်ဖြင့် မြေပြင်ပေါ်သို့ ဆုတ်ခွာနိုင်ခဲ့သည်။

ယုလန် သစ်သီးခူးနေချိန်ကတည်းကပြန်လည်ဆုတ်ခွာလာခဲ့ကြသော လီလော့နှင့် ကျောက်ခွော်တို့သည် ယုလန်နှင့်အတူ ကျုးကျော်လာသူကို စိုက်ကြည့်နေကြသည်။

"ဟဲ..ဟဲ...မြန်လိုက်တဲ့အရှိန်....ငါမဖမ်းမိနိုင်ခံဖူးဆိုတာ ယုံတောင်မယုံနိုင်သေးဘူး...."

ကျူးကျော်လာသူက ရယ်မောနေပြီ ခပ်ပေါ့ပေါ့ပြောဆိုနေသည်။

ကျူးကျော်လာသူသည် ငယ်ရွယ်သော လုလင်ပျိုတစ်ဉီးဖြစ်ပြီး ဝတ်ရုံပေါ်တွင် တပ်ဆင်ထားသော တံဆိပ်ကြောင့် ရှေ့ပိုင်းရေကန် ကျောင်းတော်သားတစ်ယောက်မှန်း သိလိုက်ရသည်။

" အရှေ့ပိုင်းရေကန်က ကောင်ပဲ..."

" ဟုတ်တယ်....အရှေ့ပိုင်းရေကန်က ဒုတိယအတော်ဆုံးကျောင်းသား လျန်ကျုံးဆိုတာ သူပဲ...သူက အဆင့်​ခြောက် မြေပဲ့တင်ထပ်သံပိုင်ထားပြီး စည်းတံဆိပ်ရှစ်ခုအဆင့်ရောက်နေပြီ....."

ယုလန်သည် စာအုပ်ထုတ်ထားသူဖြစ်သည့်အတွက် အဓိကကျသော ထိပ်တန်းကျောင်းသားများအကြောင်း ရင်းနှီးသူတစ်ဖြစ်သည်။

လီလော့က​တော့ အမူအရာမပျက်ဘဲ.....

" အရှေ့ပိုင်းရေကန်ကျောင်းတော်သားတွေက သူများပစ္စည်းခိုးရတာ အတော်သဘောခွေ့ကြတယ်နော်....မင်းတို့ကို ကျောင်းရဲ့ သင်ကြားရေးအပိုင်းမှာ ပြသာနာရှိနေပုံပဲ....."

"ပြိုင်ပွဲစည်းကမ်းထဲမှာ  ခိုးတာနဲ့ ပတ်သက်ပြီး ဘာမှ မပြောထားဘူး"

လျန်ကျုံး က မချဉ်မျက်နှာပေးနဲ့ ပြန်ဖြေလိုက်သည်။

"အေးပေါ့လေ...ခိုးလို့မရတော့ မင်းလည်း စိတ်ပျက်နေမှာပေါ့....နေ့တစ်ဝက်လောက် ကြွက်လိို တွင်းထဲအောင်းနေခဲ့တာတောင် နောက်ဆုံးမှာ လက်ဗလာနဲ့ပဲ အဆုံးသတ်သွားရတယ်မဟုတ်လား...."

လီလော့ ထိုသို့ သရော်လိုက်သော အခါ လျန်ကျုံး၏ အပြုံးများ မှိန်ဖျော့သွားလေသည်။

ဟုတ်ပေသည်။ လီလော့ပြောသည့်အတိုင်းခိုးယူရန် စောင့်နေခဲ့သည်မှာ အတော်ပင်ကြာနေခဲ့ပြီဖြစ်သည်။ အစပိုင်းတွင် လီလော့တို့ထံမှ အလွယ်တကွယ် ခိုးယူနိူင်မည်ထင်ခဲ့သော်လည်း လီလော့၏ လျင်မြန်လှသော တိုက်ခိုက်မှုကြောင့် ကျဆုံးရှူံးရလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

" လီလော့...ငါမင်းကို လျှော့တွက်မိလိုက်တာပဲ.... "

လျန်ကျုံးက လီလော့ကို စိုက်ကြည့်လိုက်ပြီး....

" ဒါက အစပဲရှိသေးတယ်...မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့.... "

" ဒါဆို မင်းက ငါ့ကို စောင့်ကြည့်နေခဲ့တာပေါ့...."

" သိပ်လည်း ဂုဏ်ယူမနေနဲ့ဉီး...ငါတို့ သူဌေးက အလုပ်များနေလို့ သူ့အစား ငါ့ကို လွှတ်လိုက်တာ...."

" ရှီယွမ်ကလား...."

" ဒီပွဲမှာ ရစရာ အမှတ်လည်း သိပ်မရှိတော့ဂရုစိုက်နေစရာမလိုပါဘူး....နောက်တစ်ပွဲကျရင် အမှတ်တွေ လုရမှာဆိုတော့ အဲ့ကျမှ မင်းနဲ့လာတွေ့မယ်...."

လျန်ကျုံးက လီလော့နဲ့ ပြောနေရာကနေ ယုလန်နှင့်ကျောက်ခွော်တို့ကို ကြည့်လိုက်ပြီး.....

" မင်းတို့ နှစ်ယောက်မှာသာ ဉီးနှောက်ရှိမယ်ဆို သူနဲ့ ခပ်ခွာခွာနေကြ...ငါတို့သူဌေးကလီလော့ကို ပစ်မှတ်ထားဖို့ အရှေ့ပိုင်းရေကန်ကျောင်းသားတိုင်းကို အမိန့်ပေးထားတယ်...သူ့အနားမှာဆက်နေရင် မင်းတို့ပဲ ဒုက္ခရောက်မှာ...."

" မင်းအမေဖင်ကြီးပဲ ဒုက္ခရောက်မှာ! !!"

ကျောက်ခွော် ဒေါသထွက်နေလေပြီ ......

" အေး ငါတလည်း မင်းတို့အရှေ့ပိုင်းရေကန်ကကောင်တွေဆီက အမှတ်တွေလုယူဖို့ မစောင့်နိုင်တော့ဘူး...."

ယုလန်က​တော့လက်ထဲက ဓားကို ဆော့ကစားနေရင်းနဲ့.....

" ငါနဲ့လီလော့ရဲ့ သူငယ်ချင်းသံယောဇဉ်က ပင်လယ်ကြီးထက်တောင် နက်ရှိုင်းသေးတယ်....မင်း ငါ့ကို သူ့နားက ခွာစေချင်ရင် သူ့ထက် ပိုက်ဆံပိုပေးမှပဲရမယ်...."

" အကောင်းအဆိုးနားမလည်မှတော့ ​ကြိုက်သလိုသာ လုပ်ကြတော့...."

လျန်ကျုံးက ထိုသို့ပြောပြီးတာနဲ့ တောအုပ်ထဲသို့ လှည့်ဝင်သွားခဲ့လေသည်။

"ဟေ့... ဟေ့....အနည်းဆုံးတော့ ဘယ်လောက်လဲဲပြောသွားဉီးလေကွာ...ငါ စျေးညှိပေးမှာပါ...."

ယုလန်က လျန်ကျုံးကို လိုက်ဖမ်းဖို့ပြင်လိုက်သော်လည်း လီလော့က တားထားလိုက်ပြီး.....

"သူ့ကိုရန်သွားစမနေနဲ့....လုစရာအမှတ်လည်းရှိမှာမဟုတ်ဘူး...."

" သေစမ်းကွာ....အဲ့ကောင်က သိပ်မောက်မာတယ်ကွာ....."

ယုလန် ဒေါသထွက်နေခြင်းသည် လျန်ကျုံး သူ့ထံမှ သစ်သီးလုယူရန် ကြံစည်ခြင်းကြောင့်လော စျေးညှိရန်မဖြစ်နိုင်ခြင်း​ကြောင့်လော ဝေခွဲမရတော့ပေ။

ကျောက်ခွော်က လီလော့ကို စိုးရိမ်နေဟန်ဖြင့်........

"အစ်ကိုလော့....အရှေ့ပိုင်းရေကန်ကကောင်တွေ မင်းကို ပစ်မှတ်ထားနေတယ်ဆို ငါတို့လည်း ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့လောက် ဖွဲ့လိုက်ကြရင်ကောင်းမလား...."

ကိုယ်ပိုင်အင်အားမရှိလျှင် ဖိနှိပ်ခံရပေမည်။

" အလျင်မလိုနဲ့....အခြေနေစောင့်ကြည့်ကြတာပေါ့....."

လီလော့ကတော့ အေးဆေးတည်ငြိမ်နေဆဲပင်.....

ရှီယွမ်ဘက်က လျန်ကျုံးကို လွှတ်လိုက်သည်ကိုကြည့်ခြင်းအားဖြင့် လီလော့အပေါ် အရေးမထားသည်မှာ သိသာလှပေသည်။

// ဒီကောင်က အသားနဲ့ ခွေးကို မျှားခေါ်ချင်နေတာပဲ....နေစမ်းပါဉီး... ငါက ခွေးမှမဟုတ်တာ....//

" ကဲ...ဒီမှာ ငါခူးလာတဲ့အသီး....."

ယုလန်က သူ ခူးလားသည့် တစ္ဆေမျက်နှာသစ်သီးကို ထုတ်ပေးလိုက်သည့်အခါ လီလော့က.....

" ကျောက်ခွော်ကို အရင်ပေးလိုက်....."

ကျောက်ခွော်၏ခန္ဓာကိုယ်ပေါ်တွင် ယခုချိန် သွေးထွက်နေသော ဒဏ်ရာများ ရှိနေသေးသည်။ ထိုဒဏ်ရာများသည် အပေါ်ယံမျှသာဖြစ်ပြီး ကိုယ်ခံအားကောင်းသည့်အတွက် အလျင်အမြန်သက်သာသွားပေလိမ့်မည်။

ကျောက်ခွော် ဘာမှ ပြောမနေတော့ဘဲ သစ်သီးကိုသာလှမ်းယူလိုက်သည်။လီလော့နှင့် ယုလန်တို့အတွက် နောက်ထပ်သစ်သီးများရရန် သူ ကူညီပေးဉီးမည်သာ....

ကျောက်ခွော်သည် သစ်သီးကို လက်ဖြင့်ခွဲလိုက်ပြီး အူတိုင်ကို ထုတ်ယူလိုက်ပြီး ကျောက်စိမ်းရောင်အရည်များကို စလစ်ပြားပေါ် အစက်ချလိုက်သည့်​အခါ စလစ်ပြားပေါ်တွင် ၁၀၀ ဟူသော ကိန်းဂဏန်းတစ်ခုပေါ်လာလေသည်။

"ကဲ...နောက်ထပ်သစ်သီးတွေသွားရှာလိုက်ရအောင်....."

လီလော့တို့ သုံးဉီး တစ်နာရီခန့် ခရီးဆက်ခဲ့ကြပြီးနောက် နောက်ထပ် တစ္ဆေမျက်နှာနွယ်ပင် နှစ်ပင်ကို ရှာတွေ့ခဲ့ကြသည်။ယခင်နည်းဗျူဟာအတိုင်း နွယ်ပင်ကြီးများကို တိုက်ခိုက်ခဲ့ကြပြီး သစ်သီးနှစ်လုံး ရရှိခဲ့သောကြောင့် လီလော့ရော ယုလန်ပါ အမှတ် တစ်ရာစီပိုင်ဆိုင်ထားနိုင်ကြပြီဖြစ်သည်။

ယခုချိန်တွင် ဒုတိယအဆင့်ပြီးဆုံးသွားပြီဖြစ်ပြီး သစ်သီးများ ထပ်ရသည့်တိုင် အမှတ်မရနိူင်တော့သောကြောင့် သုံးဉီးစလုံး နောက်ဆုံးအဆင့် ဖြေဆိုရမည့်နေရာဆီ ချီတက်ခဲ့ကြလေသည်။

................. ............. ............

အဖြူရောင်ဝိဉာဉ်တောင်​​ခြေတွင်......

မှန်နံရံပေါ်တွင် ကျောင်းသားများ၏ ရမှတ်များကို တိုက်ရိုက်ပြသနေသောကြောင့် လူတိုင်းက စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

ထိပ်ဆုံးအဆင့်တွင်ရှိနေသူများသည် အကဲဖြတ်အဆင့်နှစ်ခုစလုံးတွင် အမှတ်ပြည့်ရထားသူများဖြစ်ကြပြီး ထိုသူများထဲတွင် လုချင်းအာနှင့် ရှီယွမ်တို့လည်း ပါဝင်ကြသည်။

မှန်နံရံပေါ်တွင် အထူးသတိပြုစောင့်ကြည့်ခံနေရသော ပုံရိပ်​နှစ်ခုရှိနေသည်။

ပထမပုံရိပ်သည် လုချင်းအာ၏ ပုံရိပ်

ဖြစ်ပြီး သူမသည် တစ္ဆေမျက်နှာနွယ်ပင်များကို ရေခဲစွမ်းအားများဖြင့် အေးခဲလိုက်ပြီး ပေါ့ပေါ့ပါးပါးခူးယူနိုင်ခဲ့သည်။ သူမ၏ ဆံနွယ်ရှည်များသည် လေထဲတွင် ဝဲဖြာနေပြီး သွယ်လျသော ခန္ဓာကိုယ်၊ လှပသော မျက်နှာလေးတို့ကြောင့် နန်ဖန်းကျောင်းတော်၏ ဂုဏ်ယူထိုက်သော အလှတစ်ပါးမှန်း လူတိုင်းအသိအမှတ်ပြုလိုက်ကြရသည်။

ဒုတိယပုံရိပ်သည် ရှီယွမ်၏ ပုံရိပ်ဖြစ်ပြီး သူသည် တစ္တေမျက်နှာသစ်သီးကို ကိုင်ထားပြီး ပြုံးနေလေ၏။ သူ့အနောက်တွင် လျှပ်စီးအချို့ လင်းလက်နေပြီး မည်းနက်နေကာ မီးခူးများတလူလူထွက်ပေါ်နေသော တစ္ဆေနွယ်ပင်​ကြီးကို မြင်တွေ့နေကြသည်။

နှစ်ဉီးစလုံးသည် ကိုယ်ပိုင်ခွန်အားများဖြင့် သစ်သီးများကို ခူးယူနိုင်ခဲ့ကြသည်။

နှစ်ဉီးစလုံးသည် ထိုက်တန်သောရမှတ်များ ကိုယ်စီရထားပြီးသည့်အတွက် ပထမနေရာအတွက် တိုက်ခိုက်ရတော့မည်။

ချိုင်ဝေနှင့် ယန်လင်းချီတို့သည် ထိုနှစ်ဉီးကို ဂရုမစိုက်နိူင်သေးပေ။ မှန်နံရံ၏ အလယ်နားလောက်တွင် "လီလော့ အမှတ်တစ်ရာ "ဟူသော စာကြောင်းကို တွေ့မှသာ ကိုယ်စီသက်ပြင်းချနိုင်ရှာတော့သည်။

အကဲအဖြတ်အဆင့်နှစ်ခုတွင်ရရှိသော အမှတ်များသည် အခြေခံအမှတ်များ ဖြစ်သော်လည်း သုံညနှစ်ခါ ရမည်ဆိုပါက လီလော့လောက်ထူးဆန်းသူရှိနိုင်တော့မည်မဟုတ်ပေ။

ကျောင်းသားအချို့သည် ကိုယ့်နည်းကိုယ့််ဟန်ဖြင့် သစ်သီးများကို ခူးယူနိူင်ခဲ့ကြသော်လည်း အကဲဖြတ်အဆင့်များသည် သွေးပူလေ့ကျင့်ခန်းမျှသာပင်.....

ရှုံးထွက်အဆင့်သည်သာ အရေးကြီးဆုံးအဆင့်ဖြစ်ပေသည်။

ထို့ကြောင့် စာမေးပွဲ အစစ်အမှန်သည် ရှုံးထွက်ပွဲစဉ်စတင်ချိန်တွင် အစပြုပေတော့မည်........

.......... .................

လီလော့တို့ သုံးဉီး တောအုပ်ထဲက ထွက်လာသည့်အခါ မြစ်တစ်စင်းကို မြင်လိုက်ရပြီး မြစ်တစ်ဖက်ကမ်းတွင် တောင်တန်းများ ၊ချိူင့်ဝှမ်းများ ရှိနေသည်ကို လှမ်းမြင်နေရသည်။

ဤမြစ်ကို ကျော်ဖြတ်ပြီးသည်နှင့် ရှုံးထွက်အဆင့်စတင်ပြီဖြစ်သည်......

လီလော့တို့ သုံးဉီးစလုံး ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်ကြပြီး မြစ်ကို ဖြတ်ကူးခဲ့ကြသည်။ကမ်းပေါ်​​ခြေချလိုက်ခြင်းသည် ရှူံးထွက်ပွဲစဉ် စတင်ပြီဟူသော အချက်ပေးမှုသာပင်.......

All Chapters