တံငါသည်သုံးဉီး......
Vol. 4 Ch. 54
တစ်ဖက်ကမ်းပေါ် လီလော့တို့ ခြေချလိုက်သည်နှင့် အရင်ရောင်နှင့်နေသူတစ်ချို့ လီလော့တို့ကို တစ်ချက်ကြည့်လိုက်ပြီး ထိတ်လန့်နေသောအမူအရာများဖြင့် တောအုပ်ထဲသို့ အမြန်ပြေးဝင်သွားကုန်ကြသည်။
လီလော့တို့သည်လည်း တောအုပ်ထဲသို့ ဝင်လာခဲ့ကြပြီး ငှက်ကလေးများ၏ တွန်ကျူးသံများကို နားထောင်နေရင်း အမူအရာများ တည်တံ့လာခဲ့ကြသည်။
" မင်းတို့မှာ ဘာအစီအစဉ်ရှိလဲ...."
လီလော့ကကျောက်ခွော်နှင့်ယုလန်တို့ကို မေးလိုက်သည့်အခါ ကျောက်ခွော်က.....
"အစကတော့ ရှုံးထွက်အဆင့်မှာ ငါ့ဘာသာငါ အမှတ်ရအောင်လုပ်မလို့ပဲ...ဒါပေမယ့် အခုတော့ မင်းနားမှာပဲ ကပ်နေတော့မယ်...."
" ဘာလဲ လျန်ကျုံးပြောလိုက်တာတွေကြောင့်လား...ဒါဆို ဘာမှ စိတ်ပူမနေနဲ့ ...."
လီလော့ထိုသို့ ပြောလိုက်သောအခါ ကျောက်ခွော်က......
" မင်းဘာသာမင်း ဖြေရှင်းနိုင်မှန်း သိပါတယ်...ငါ ကြောက်တာ လျန်ကျုံးကိုမဟုတ်ဘူး....အရှေ့ပိုင်ရေကန်ကကောင်တွေ အုပ်စုလိုက်ရောက်လာမှကိုပဲ စိတ်ပူတာ....ငါ မင်းလောက်မသန်မာပေမယ့် ဝန်ထုပ်ဝန်ပိုးတစ်ချို့ကိုတော့ ကူထမ်းနိုင်ပါသေးတယ်ကွာ...."
" ဟီးး ဟီးး ပြီးတော့ ကိုကြီးလော့နဲ့သာဆို အမှတ်ရတာ ပိုမြန်တယ်လေ...."
လီလော့ ပြုံးလိုက်မိသည်။ ကျောက်ခွော် သူ့အတွက် တစ်ခုခုလုပ်ပေးချင်နေမှန်း သိနေသည့်အတွက် ဖြောင်းဖျမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
" ယုလန်....မင်းကရော..."
လီလော့ ယုလန်ကိုလည်း မေးလိုက်သည်။
"ငါရဲ့ လုပ်နိုင်စွမ်းကို မင်းလည်း သိပါတယ်....ငါသာ ဆန္ဒရှိမယ်ဆို ရှူံးထွက်အဆင့်မှာ ငါက ရေထဲကငါးပဲလေ...မင်းကို ကာကွယ်ပေးစေချင်တယ်ဆို ကြေးကြီးကြီးပေးမှဖြစ်မှာနော့....အချင်းချင်းဆိုတော့ ငါ မင်းကို 50% လျှော့ပေးမယ်...ငါ့ကို ကောင်းကင်ရွှေတစ်ထောင်ပဲပေး.....ဟေ့ကောင်...."
ယုလန် စကားမဆုံးသေးခင်မှာပင် လီလော့နှင့်ကျောက်ခွော်တို့ကထွက်သွားနှင့်နေပြီ....
" ငါးရာပဲပေးကွာ...."
လီလော့ လျစ်လျူရှူထားဆဲပင်...
" အေး ငါပြောတဲဲ့စျေးကို မကြိုက်ရင် မင်းဘက်ထုတ်ပြောလေ....မင်း ငါ့ကိုဆို ဘယ်တော့မှ မျက်နှာသာမပေးဘူး....ဒီလိုမကောင်းတဲ့အကျင့်မျိုးကို ဘယ်ကသွားသင်လာတာလဲ...."
" ကောင်းကင်ရွှေ ငါးစ..."
လီလော့ လက်ငါးချောင်းထောင်ပြလိုက်ပြီး ဆက်သွားနေလိုက်သည်။
" သဘောတူတယ်...."
ထိုအခါမှသာ လီလော့ ယုလန်ဆီ လှည့်ပြန်လာပြီး အားရပါးရ ရယ်မောနေလိုက်သည်။
" လူဆိုး....မင်းကတယ့်ကို လူဆိုး လူညစ်ပဲ...."
ယုလန်က စိတ်ဆိုးနေဟန်ဖြင့်.....
" မင်းတောင် ပေးရဲမှတော့ ငါလဲ ယူရဲတာပေါ့ကွ....မင်းသာ ကောင်းကင်ရွှေလေး ငါးစတည်းနဲ့ ငါ့ကို ကာကွယ်ပေးစေချင်နေတာလေ...တော်တော်နုံတယ်နော်...."
လီလော့ ခေါင်းခါနေသော်လည်း မျက်ဝန်းများထဲတွင် ရယ်ချင်နေသည့်အငွေ့အသက်များရှိနေခဲ့သည်။ ကျောက်ခွော်နှင့်ယုလန်တို့သည် သူ့ကို အရှေ့ပိုင်းရေကန်ကျောင်းတော်သားများ ပစ်မှတ်ထားနေသည့်အတွက် ကူညီပေးချင်နေကြမှန်း လီလော့သိပါသည်။
ကွဲပြားသော စရိုက်လက္ခဏာများ ရှိသော်ငြားလည်း နှစ်ဦးစလုံးသည် စောင့်ရှောက်ထိုက်သော သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။
"ငါ အကြံရပြီ....ငါတို့ သုံးယောက်တွဲသွားရင် သိသာနေမယ်....ဒီလိုလုပ်...ကျောက်ခွော်ကို တစ်ယောက်တည်းသွားခိုင်းလိုက်ပြီး ငါနဲ့မင်းက ရေအရိပ်ထဲကနေပုန်းပြီးလိုက်သွားကြမယ်....."
ယုလန် ထိုသို့ အကြံပေးလိုက်သော အခါ လီလော့က......
" ငါးမျှားမလို့လား...."
ငါးစာသည် ညစ်ပတ်သောပြိုင်ပွဲဝင်တိုင်း မျက်စိကျလောက်မည့် ရိုးသားသော ဖိုးသခွားလေး ကျောက်ခွော်ပင်ဖြစ်သည်။ကျောက်ခွော်၏ ချဉ်းကပ်ရလွယ်ကူသော ဟန်ပန်ကြောင့် အမှတ်လုယူရန် ပြိုင်ပွဲဝင်များရောက်လာကြလိမ့်မည်။
" အကြံကောင်းပဲ...."
ကျောက်ခွော်က သဘောကျဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် အနည်းငယ်ရှက်ရွံ့နေပြီး တစ်ဉီးတည်းဖြစ်နေသောကြောင့် ထိတ်လန့်နေသည့် အမူအရာမျိုးဖြစ်အောင် တမဟုတ်ချင်း ပြောင်းလဲလိုက်လေသည်။
" ကျောက်ခွော်...မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ဒီလောက်ကောင်းတာကို နန်ဖန်းကျောင်းတော်မှာ ဘာလို့ အချိန်လာဖြန်းနေတာလဲကွာ.."
ယုလန်ထိုသို့ တအံ့တသြချီးကျုးလိုက်သည့်အခါ ကျောက်ခွော်ကတော့ ခေါင်းသာကုပ်နေခဲ့လေသည်။
" ကောင်းပြီ...ဒီလိုပဲ စီစဉ်လိုက်ကြတာပေါ့...."
ဤသို့ဖြင့် တံငါသည်သုံးဉီး အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့လေပြီ......
............ ............ .......... .............
တောအုပ်ထဲတွင် သစ်ရွက်များကြားမှနေ၍ နေရောင်ချည်အချို့ ဖြာကျနေသည်။
သန်မာထွားကြိုင်းသော လူငယ်တစ်ဉီးသည် သတိကြီးကြီးထား၍ တောအုပ်အတွင်း တစ်ဉီးတည်း လမ်းလျှောက်နေသည်။
ထိုလူငယ်သည် တံခါတစ်ရံတွင် အရိပ်ထဲကို လှည့်လှည့် ကြည့်နေပြီး ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ် စူးစမ်းလျက်ရှိသည်။
ထိုလူငယ်ကို ကြည့်ရသည်မှာ အမှန်ပင် ကြောက်ရွံထိတ်လန့်နေပုံရသည်။
တုန်လှုပ်ခြောက်ခြားနေသော ထိုလူငယ်၏ နောက်တွင် လီလော့နှငိ့ ယုလန်တို့သည် ရေအရိပ်ထဲတွင် ပုန်းအောင်းနေကြပြီး ထိုလူငယ်၏ သရုပ်ဆောင်စွမ်းရည်ကြောင့် အလွန်ပင် အံ့သြနေကြရသည်။
" ဒီကောင် သရုပ်ဆောင်တာ တကယ်တော်တယ်....."
ယုလန် တကယ်ပင် အံသြနေမိပေသည်။ ကျောက်ခွော်သည် သိုင်းသမားတစ်ဉီးဖြစ်သည့်တိုင် သရုပ်ဆောင်နိုင်စွမ်းကတော့ အံမခမ်းပင်.....
လီလော့လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကျောက်ခွော်သည် အသေးစိတ်ကျကျ သတိထား သရုပ်ဆောင်နေသည်မှာ အမှန်ပင်ဖြစ်သည်။
" ဒါပေမယ့်လည်း တခြားသူတွေကလည်း သတိထားနေကြမှာပဲ....."
လီလော့ အရိပ်တစ်ခုကို လှမ်းကြည့်ပြီးပြောလိုက်ခြင်းဖြစ်သည်။ ကျောက်ခွော်ကို စောင့်ကြည့်နေသူနှစ်ယောက်ရှိနေပြီး ထိုနှစ်ယောက်သည် မလှုပ်ရှားသေးဘဲ အလစ်အငိုက်ဖမ်းရန် စောင််ဆိုင်းနေကြပုံရသည်။
သူတို့သည် ကျောက်ခွော် ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် စောင့်ကြည့်နေကြခြင်းပင်ဖြစ်သည်။
ထိုနှစ်ဉီးသည် ကျောက်ခွော်ကို အကြိမ်ကြိမ် စစ်ဆေးခဲ့သော်လည်း လီလော့၏ ပုန်းအောင်းနေမှုကို ရှာမတွေ့ခဲ့ပေ။ သူတို့အဖြစ်က မုဆိုးဘဝကနေ သားကောင် ဖြစ်မှန်းမသိ ဖြစ်နေကြလေပြီ.....
ထိုလူနှစ်ယောက်၏ စိတ်ရှည်သည်းခံနိုင်စွမ်းများ ကုန်ခမ်းနေပြီဖြစ်ကြောင်း လီလော့ ခံစားလိုက်ရသည်။ ကျောက်ခွော်၏ သရုပ်ဆောင်မှုသည်လည်း လက်ဖျားခါရလောက်အောင်ပင် ပီပြင်လွန်းလှပေသည်။
လီလော့ တိတ်တဆိတ်တွင်ချင်နေဆဲမှာပင် သစ်ရွက်ခြောက်ကို နင်းလိုက်သည့်အသံများ ထွက်ပေါ်လာပြီး ထိုနှစ်ဉီးသည် ကျောက်ခွော်ရှေ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်ချလာခဲ့သည်။
ထိုနှစ်ဉီးကို ရုတ်တရက်တွေ့လိုက်ရသည့်အခါ ကျောက်ခွော်ဖြူဖျော့သွားပြီး.....
" မင်း...မင်းတို့ ဘာလုပ်မလို့လဲ... ငါက နန်းဖန်းကျောင်းတော်သားနော်....မင်းတို့ငါ့ကိုထိရဲလို့လား...."
ကျောက်ခွော်၏ သရုပ်ဆောင်စွမ်းရည်သည် ထိပ်တန်းအဆင့်ထက်ပင်သာလွန်နေသေးသည်။
ထိုနှစ်ဉီးသည် ကျောင်းမတူကြသော်လည်း စည်းတံဆိပ်ခုနှစ်ခုအဆင့်များ ဖြစ်ကြသောကြောင့် အားနည်းသူများ မဟုတ်ကြပေ။
"ဟေ့ကောင်...ငါတို့ မင်းနောက်ကိုလိုက်နေတာ ကြာလှပြီ....မင်းက နန်ဖန်းကျောင်းတော်က ကျောက်ခွော်မဟုတ်လား...ငါမင်းကို အကဲဖြတ်အဆင့်တုန်းက တွေ့ဖူးတယ်....မင်းအမှတ်တွေ ငါတို့ကိုပေးလိုက်တော့....."
"ဆုတောင်းလေ....."
ကျောက်ခွော် ထိုသို့အော်ဟစ်လိုက်ပြီး ငွေရောင်ဝက်ဝံပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်လေသည်။
ထိုသူနှစ်ဉီးကလည်း တွေဝေမနေဘဲ ကျောက်ခွော်ဆီသို့ ဓားချက်များပစ်လွှတ်လိုက်သည်။
အညှာတာကင်းမဲ့စွာ တိုက်ခိုက်လိုက်ခြင်းပင်....
တိုက်ခိုက်မှုများ ကျောက်ခွော်ထံမကျရောက်ခင်မှာပင် ထိုနှစ်ဉီး၏ နောက်ကျောဘက်တွင် လေတစ်သုတ်တိုက်ခိုက်လာသောကြောင့် ဆံပင်မွှေးများပင် ထောင်တက်လာလေသည်။
ထိုအချိန်တွင် ကျောက်ခွော်သည် ကြောက်လန့်နေသူမဟုတ်တော့ဘဲ ထိုနှစ်ဉီးကို လှောင်ပြောင်သရော်သောအကြည့်များနှင့်ပင် ပြန်ကြည့်နေလိုက်သေးသည်။
" သေစမ်း...ငါတို့ လှည့်စားခံလိုက်ရပြီ....."
အခြေနေကို နားလည်လိုက်သောအခါ ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲလိုက်မိတော့သည်။ သေချာစွာ စူးစမ်းခဲ့ပါလျက်နဲ့ ဒီနှစ်ယောက်က ဘယ်နေရာကနေ ထွက်လာကြသနည်း....
ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့ ပုန်းကွယ်ခြင်းနည်းစနစ်ကြီးလဲ......
ထောင်ချောက်ထဲရောက်နေမှန်းသိသည့်တိုင် ထိုနှစ်ယောက်သည် အားကုန်သုံးပြီး
ကျောက်ခွော်ကို တိုက်ခိုက်ရန်ကြိုးစားလိုက်ကြသည်။ ဓားစာခံတစ်ယောက်ရှိနေမည်ဆိုပါက ညှိနှိုင်းနိုင်သေးသည် မဟုတ်လော.....
ထိုနှစ်ယောက်၏ အကြံကို ကျောက်ခွော်သိနေသော်လည်း နောက်မဆုတ်သည့်အပြင် ဒေါသတကြီးနှင့် လက်ဆွဲတော် ပုဆိန်ကြီးနှင့်ခုခံလိုက်သည်။
ဘန်းးးးးးးးးးး
လက်နက်များ ထိခတ်သွားသောအခါ မီးပွားများ လွှင့်စင်လာကြသည်။တိုက်ခိုက်မှုကြောင့် ကျောက်ခွော်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီလာခဲ့သည်။ထိုနှစ်ဉီးသည် အားနည်းသူများမဟုတ်ကြပေ။
ထိုနှစ်ဉီးသည် ကျောက်ခွော်ကို မဖိနှိပ်နိုင်းသေးခင်မှာပင် နောက်ကျောဘက်ဆီကနေ ထွက်ပေါ်လာသည့် ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုနှင့် တွေ့ဆုံခဲ့ရလေသည်။
ထိုနှစ်ဉီးစလုံး ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေကြရှာသည်။
ပြန်ထဖို့ ကြိုးစားလိုက်ချိန်တွင် နှစ်ဉီစလုံး၏ လည်ပင်းပေါ်သို့ အပြာရောင်တောက်ပနေသော ဓားတစ်ချောင်းက အုပ်မိုးထားပြီဖြစ်သည်။
" အစ်ကိုကြီးရဲ့ လှုပ်ရှားမှုတစ်ချက်နဲ့တင် ဒီနှစ်ကောင်သွေးအန်နေရပြီပဲ....."
ခပ်ပေါ့ပေါ့စကားသံအချို့ ကြားလိုက်ရသောကြောင့် နှစ်ဉီးသား ဘေးဘီကို လှည့်ကြည့်လိုက်သောအခါ.....
" တောက်! !!....မင်းတို့ နန်ဖန်းကကောင်တွေ သိပ်ညစ်ပတ်တယ်.....မင်းတို့က ငါးစာချပြီး ငါးမျှားနေကြတာပဲ....."
" မင်းတို့သာ ငါတို့ရဲ့ ငါးစာကို လာမဟပ်ရင် ငါတို့လည်း မင်းတို့ကို ဖမ်းမှာမဟုတ်ဘူး...."
လီလော့က ရယ်လိုက်ပြီး ယုလန်နဲ့ ကျောက်ခွော်တို့ကို ထိုနှစ်ဉီး၏ စလစ်များမှ အမှတ်များနှုတ်ယူရန် အချက်ပေးလိုက်သည်။
စလစ်များပေါ်တွင် အမှတ်များ ကုန်ဆုံးသွားသောအခါ အနီရောင်အလင်းတန်းများလင်းလက်လာပြီး ထိုနှစ်ဉီးနှင့် တင်းကြပ်စွာပေါင်းစည်းသွားခဲ့ကြသည်။
ဤသည်မှာ ပြိုင်ပွဲမှ ထွက်ရပြီဟူသောအဓိပ္ပါယ်ပင်.....
အခြားသော ကျောင်းသားများကို နှောက်ယှက်ခြင်း မပြုနိုင်ရန် ထိုနှစ်ယောက်သည် ယာယီချုပ်နှောင်ခံရပေမည်။
အမှတ်များ လုယူပြီးသည်အခါ လီလော့တို့သည် ထိုနှစ်ယောက်နှင့် အချိန်မဖြန်းနေတော့ဘဲ ရှေ့ဆက်ခဲ့ကြသည်။
" နောက်ထပ်ကံဆိုးသူမောင်ရှင်က ဘယ်သူများဖြစ်လောက်မလဲ......"
" ဒီနှစ်ကောင်ထက် အမှတ်ပိုများတဲ့သူနဲ့တွေ့ပါစေပဲ ဆုတောင်းရမယ်...."
" ဒါနဲ့.....ကျောက်ခွော် မင်းက ပြဇာတ်မင်းသားလုပ်စားရမှာ....နာရီဝက်လောက်အတွင်းငါတို့ပါ မင်းရဲ့သရုပ်ဆောင်မှုထဲ မျောသွားရတယ်...."
" ဟားးး ဟားးး ဘာမှမဟုတ်ပါဘူးကွာ....အသေးစိတ်အချက်လေးတွေကို သတိထားလိုက်ရုံပါပဲ....ဟိုနှစ်ကောင်ရောက်လာတဲ့အချိန်မှာ ကြောက်ပြလိုက်ရတာပေါ့ ဒါမှ ပိုပြီးပီပြင်မှာပေါ့ကွ....."
" ဘာပဲပြောပြော မင်းကိုတော့ လေးစားသွားပြီ....."
"ဘာပဲလုပ်လုပ် စိတ်နှစ်ပြီး လုပ်ရတယ်...."
"အေးပါကွာ....."