← Chapters

မြူခိုးထဲသို့........

Vol. 4 Ch. 55

မြူခိုးထဲသို့........

Vol. 4 Ch. 55

ရှုံးထွက်ပွဲစဉ်စတင်ပြီြဖ်သောကြောင့် အဖြူရောင်ဝိဉာဉ်တောင်ခြေရှိ မှန်နံရံပေါ်တွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည်။

ပရိသတ်အားလုံး၏ အကြည့်များသည် မှန်နံရံပေါ်တွင်သာ ကပ်ငြိနေကြပြီး တစ်ခါတစ်ရံတွင် အားမလိုအားမရ ငြီးတွားသံများပင် ထွက်ပေါ်လာသေးသည်။

ချိုင်ဝေနှင့် ယန်လင်းချီတို့သည်လည်း  သခင်လေး၏ ရမှတ်များကို စိတ်ဝင်တဟားစောင့်ကြည့်နေခဲ့ကြပြီး ရမှတ်များ တိုးသွားသည်ကို မြင်မှသာ သက်ပြင်းချနိုင်ရှာတော့သည်။

" သခင်လေးက အစွမ်းကုန်ကြိုးစားနေတာပဲ...."

ချိုင်ဝေက မခို့တရို့ပြုံးလိုက်ပြီး ဤသို့ ဆို၏။

" သန္မာတဲ့ ရန်သူနဲ့ မတွေ့သေးလို့ပါ....နောက်ဆုံးကျန်ခဲ့တဲ့သူတွေအကုန်လုံးက အသန်မာဆုံးသူတွေကြီးပဲ....အဲ့တော့မှ လီလော့ရဲ့ တကယ့်အစစ်အမှန်ခွန်အားကို သိရမွာ....."

ယန်လင်းချီက အပျော်လွန်နေသော ချိုင်ဝေကို သတိပေးလိုက်သည်။

" နင်ဘာပဲပြောပြော ငါကတော့သခင်လေးကို ယုံတယ်......"

" နင်ဘာလို့ အဲ့လောက်တောင် ယုံကြည်မှုရှိနေရတာလဲ....."

" ဘာလို့လဲဆိုတော့ သခင်လေးက

ရုပ်ချောတယ်လေ..ရုပ်ချောတဲ့သူတွေက တရားမျှတမှုရှိတယ်ဟဲ....."

" ပေါက်ကရတွေ...."

ယန်လင်းချီက သူမ၏ ငွေကိုင်းမျက်မှန်လေးကိုပင့်ပြီး လှည့်ထွက်သွားခဲ့လေသည်။

......... ....... ....... .......

တောအုပ်ထဲတွင်.......

ဒင်.......

လီလော့တို့သုံးဉီးသည် ကံဆိုးသူနောက်တစ်ယောက်ကို ဝိုင်းရံထားပြီး ထိုသူ၏ ကြေကွဲနေသော အကြည့်အောက်မှာပင် အမှတ်များကို သိမ်းယူလိုက်သည်။ထိုလူ၏ မျက်လုံးများမျက်ရည်များပြည့်နှက်နေလေ၏။

"ငါတို့တွေ အမှတ် ၁၅၀၀စီလောက်တော့ရနေပြီ...."

လီလော့ စလစ်ပြားကို ကြည့်လိုက်သည့်အခါ အမှတ် ၁၅၀၀ ခန့်ရှိနေပြီကို တွေ့လိုက်ရသည်။ တစ်မနက်လုံး လောဘကြီးသည့် ကျောင်းသားများနှင့်တွေ့ဆုံခဲ့ရသဖြင့် ထိုသို့ ရိတ်သိမ်းနိူင်ခဲ့ခြင်းဖြစ်သည်။

" မြစ်ရေတွေ ခမ်း​​ခြောက်ကုန်သလိုပဲကွာ...."

လွန်ခဲ့သော နာရီပိုင်းအတွင်း ထိုတစ်ယောက်ကိုသာ ဖမ်းဆီးနိုင်ခဲ့သဖြင့် ကျောက်ခွော်ထိုသို့ငြီးငြူနေခြင်းဖြစ်သည်။

" ကြည့်ရတာ ငါတို့ ငါးဖမ်းနေတဲ့အကြောင်းတွေ သတင်းပျံ့နေပြီထင်တယ်...."

လီလော့တို့ တမနက်လုံး ဖမ်းခဲ့သမျှ အကုန်မမိခဲ့ပေ။ အချို့​သော ချော်ထွက်သွားသော်ငါးများကြောင့် လီလော့တို့ ငါးဖမ်းနေကြောင်း သတင်းပျံ့နေလောက်ပြီဖြစ်သည်။

သတင်းရထားသူများသည် လီလော့တို့ကို ဝေးဝေးကရှောင်ရှားသွားကြလေသည်။

" ကဲ..ငါတို့ တချိန်လုံး ငါးဖမ်းနေလို့ မဖြစ်တော့ဘူး.... နှုတ်ထွက်သူတွေ များလာတာနဲ့အမျှ ငါတို့လည်း တိုက်ပွဲဝင်မှဖြစ်တော့မယ်...."

လီလော့၏ အဆိုပြုချက်ကို ကျောက်ခွော်နှင့် ယုလန်တို့ကခေါင်းညိတ်ထောက်ခံခဲ့ကြသည်။

သုံးယောက်သား စကားတ​ပြောပြောနှင့် လမ်းလျှောက်လာခဲ့ကြသည့်အခါ တောအုပ်ထဲတွင် တဖြည်းဖြည်း မြူဆိုင်းလာသည်ကို သတိထားမိလိုက်ကြသည်။

ရှေ့ဆက်တိုးလာသည်နှင့်အမျှ မြူများသည် ပိုမိုထူထပ်လာသည်။

လီလော့ မျက်မှောင်ကြုံ့လိုက်ပြီး.....

" တစ်ခုခုတော့မှားနေပြီ....ဒီနေရာကနေ ပြန်ထွက်ကြမယ်....."

သုံးဉီးသားနောက်ကြောင်းပြန်လှည့်ခဲ့ကြလေသည်။ တခဏအကြာတွင် သူ့နောက်တွင် ရှိနေသော ကျောက်ခွော်နှင့်ယုလန်တို့ ပျောက်ဆုံးနေကြောင်း လီလော့သတိပြုမိလိုက်သည်။

လီလော့ တခဏလောက် စဉ်စားပြီးနောက် ချုံပုတ်အချို့ကို ဖယ်ရှားကြည့်လိုက်သောအခါ မီးခိုးရောင်မှိုပွင့်များကို တွေ့လိုက်ရပြီး မြူခိုးများသည် ထိုမှိုပွင့်များထံမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

" မြူခိုး မှိုပွင့်တွေပဲ....."

လီလော့ အံကြိတ်မိလိုက်သည်။ထိုမှိုပွင့်မှ ထွက်ပေါ်လာသော မြူခိုးများသည် စိတ်အာရုံထွေပြားစေပြီး အချိန်၊နေရာနှင့် ဉီးတည်ချက်တို့ကိုပါ ပျောက်ဆုံးစေနိုင်သည်။

ကျောက်ခွော်နှင့် ယုလန်တို့လည်း အခုဆို လမ်းပျောက်နေလောက်ပြီ.....

"ဒုက္ခပဲကွာ...."

လီလော့ ပြောပြောဆိုဆိုနဲ့ မှိုပွင့်ကို နင်းချေလိုက်သည်။ ထိုမှိုပွင့်သည် ဒုက္ခပေးနိုင်သည်ဆိုသော်လည အချိန်သတ်မှတ်ချက်ရှိပေသည်။ မြူခိုးများပျောက်ကွယ်သွားသည့်အချိန်ထိစောင့်ပြီး ဟိုနှစ်ယောက်ကို လိုက်ရှာရပေဉီးမည်။

ထိုအချိန်တွင် လီလော့နှင့် မလှမ်းမကမ်းတွင် ရှိနေသော မြူခိုးများထဲတွင်.....

ကျောက်ခွော်နှင့်ယုလန်တို့သည် အတူရှိနေကြပြီး လီလော့ ပျောက်ဆုံးနေမှန်း သတိပြုမိလိုက်ချိန်တွင် သတိကြီးကြီးထား၍သာ ရှေ့ဆက်ခဲ့ကြသည်။

တခဏအကြာတွင် ​​ခြေသံကြားလိုက်ရသည့်အတွက် ကျောက်ခွော် ပျော်သွားပြီး...

" အစ်ကိုလော့လား....."

ခြေသံနီးကပ်လာသည့်အခါ ရုပ်သွင်ကို မြင်လိုက်ရသော်လည်း ထိုသူသည် လီလော့ ဟုတ်မနေဘဲ အရှေ့ပိုင်းရေကန်ကျောင်းသား လျန်ကျုံးဖြစ်နေသည်။

"လီလော့ရဲ့ လက်ပါးစေလေးနှစ်ယောက်ပါလား....."

လျန်ကျုံးသည် လီလော့ကိုသာ ပစ်မှတ်ထားပြီး ဒီနေရာတွင် စောင့်ဆိုင်းနေပုံရသည်။ထို့ကြောင့် ကျောက်ခွော်နှင့် ယုလန်တို့လည်း တွေဝေမနေဘဲ လူစုခွဲပြီး​ ပြေးခဲ့ကြသည်။

သို့သော်လည်း ကျောက်ခွော်တို့ ပြေးမည့်လမ်းကြောင်းကို အရှေ့ပိုင်းရေကန် ကျောင်းသားလေးယောက်က ပိတ်ဆို့ထားခဲ့ကြသည်။

" ဒီလိုဆိုမှတော့ တိုက်ကြတာပေါ့ကွာ...."

ကျောက်ခွော်က ဒေါသတကြီးရေရွတ်လိုက်သော်လည်း ယုလန်ကတော့ လက်မြှောက်လိုက်ပြီး.....

" အရှုံးပေးတယ်...ငါတို့ အရှုံးပေးတယ်...."

လျန်ကျုံး အံ့သြနေမိသော်လည်း သရော်ပြုံး ပြံးလိုက်ပြီး.....

" မင်းတို့ နန်ဖန်းကကောင်တွေ ပျော့လှချည်လား....."

ကျောက်ခွော်ကတော့ ယုလန်ကို ဒေါသတကြီးအော်ဟစ်နေလေသည်။

" ယုလန်! !! မင်းဘာလုပ်နေတာလဲ...ဒီကောင်တွေ ငါတို့ကို ဒီအတိုင်း လွှတ်ပေးမယ်ထင်နေတာလား! !"

" ကျောက်ခွော်...သူတို့က လီလော့ကိုပဲ ပစ်မှတ်ထားတာပါကွာ...ငါတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး...."

"လူယုတ်မာကောင်...သေစမ်းကွာ...."

ကျောက်ခွော်၏ လက်သီးချက်ကို ယုလန်ရှောင်တိမ်းလိုက်ပြီး.....

"မင်းလွန်လာပြီနော်...ငါတို့က လီလော့ရဲ့ ညီအစ်ကိုအရင်းတွေမှမဟုတ်တာ...."

ယုလန်က လျန်ကျုံးဘက်ကို လှည့်လိုက်ပြီး....

" အစ်ကိုကြီး...ငါတို့ကို လွှတ်ပေးပါနော်...."

ထိုအခါ လျန်ကျုံးက ပြုံးလိုက်ပြီး....

"မင်းပြောတော့ လီလော့က မင်းရဲ့သေအတူရှင်မကွာ သူငယ်ချင်းကောင်းပါဆို....."

" စကားအဖြစ်ပြောလိုက်တာပါ...မင်းသာ ငါတို့ကိုလွှတ်ပေးမယ်ဆို လီလော့ကို ရှာဖို့ ကူညီပေးပါ့မယ်.....သူနဲ့ဆက်သွယ်ဖို့ ငါတို့ကို နည်းလမ်းတစ်ခုပေးထားခဲ့တယ်...."

ကျောက်ခွော် ယုလန်ကို ထိုးပစ်ချင်နေသော်လည်း အရှေ့ပိုင်းရေကန်ကျောင်းသားနှစ်ယောက်က ချုပ်ထားသောကြောင့် ဒေါသတကြီးသာ စိုက်ကြည့်နေနိုင်ခဲ့သည်။

လျန်ကျုံးက မျက်မှောင်ကြုံ့လိုက်ပြီး....

" ငါက ဘာလို့ မင်းကို ယုံရမှာလဲ...."

ယုလန် မျက်ရည်ဝဲလာပြီး.....

"ငါပြောတာတွေ နားထောင်ပြီးရင် ငါ လီလော့ကို ဘယ်လောက်မုန်းနေလဲ မင်း သိလာပါလိမ့်မယ်.....နန်ဖန်းရဲ့ အစမ်းစာမေးပွဲမှာတုန်းက ဒီကောင် ငါ့ကို သေအောင်ရိုက်သွားတာကွ....ငါ့မှာ အိပ်ရာထဲတောင်လဲခဲ့ရတယ်....အခုချိန်ထိ မိုးအေးလာရင် ကိုက်ခဲနေတုန်းပဲ....အစောပိုင်းတုန်းကလည်း သူတို့နဲ့ ပူးပေါင်းဖို့ အတင်းအကြပ်ဖိအားပေးခံထားရလို့ပါ.....ဒါပါပဲ...."

ထိုအခါ အရှေ့ပိုင်းရေကန်ကျောင်းသားတစ်ယောက်က လျန်ကျုံးနားကို ကပ်ပြီး လေသံတိုးတိုးဖြင့်.....

"ဒီကောင့်အကြောင်းကို ကြားဖူးတယ်...ဒီကောင်က အမြဲငွေလိုနေတာ အကျိုးအမြတ်သာရမယ်ဆို ဘာမဆိုလုပ်မယ့်ကောင်.....အစမ်းစာမေးပွဲတုန်းက သူတကယ်ပဲ သေအောင်အရိုက်ခံခဲ့ရတာ...နန်ဖန်းမှာရှိတဲ့ ငါ့သူငယ်ချင်းပြောလို့ ငါလဲ သိရတာ....အဲ့တုန်းကဆို ဒီကောင် သွေးတွေရွှဲနစ်နေတာပဲတဲ့....."

ယုလန်က လျန်ကျုံးမျက်မှောင်ကြုံ့နေတာမြင်တော့ ထပ်ပြောလိုက်တယ်....

" ငါမင်းကို အရိပ်အမြွက်ပေးခဲ့သားပဲ....."

" ဘာအရိပ်အမြွက်လဲ....."

" မင်းကို စျေးပြောခိုင်းတယ်လေ...အဲ့တုန်းကသာ မင်းငါ့ကိုပိုက်ဆံပေးရင် ငါမင်းကို ကူညီခဲ့တာ ကြာရောပေါ့.... "

လျန်ကျုံး ထိတ်လန့်သွားမိလေသည်။ တကယ်လည်း ယုလန် ထိုသို့ပြောခဲ့သော်လည်း သူမယုံခဲ့ပေ။သို့ပေမယ့် ယုလန်အကြောင်း သိပြီးချိန်တွင် ပေါက်ကရပြောနေခြင်းမဟုတ်မှန်း ယုံရပေတော့မည်။

// ဒီကောင် ဒီလောက်တောင် အရှက်မဲ့ရသလား.....//

လျန်ကျုံး ဟန်ပါပါ လက်ပိုက်လိုက်ပြီး....

" ကောင်းပြီ....မင်း လီလော့ကို မျှားခေါ်ပေးနိုင်ရင် ငါ မင်းကိုလွှတ်ပေးမယ်...."

လီလော့ကို မျှားခေါ်နိုင်သ၍ ယုလန် လိမ်ညာနေခြင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ပြသာနာမရှိတော့ပေ။

ယုလန် အပျော်လွန်နေဟန်ဖြင့်.....

" ရတယ် ပြသာနာမရှိဘူး...."

" ကျောက်ခွော်က လီလော့နဲ့ ညီအစ်ကိုလို ရင်းနှီးတာဆိုတော့ သူ့ကို ဓားစာခံအဖြစ်သုံးရမယ်....လီလော့ရောက်လာဖို့ သူနဲ့ပဲ မျှားခေါ်ရမယ်...."

ယုလန်၏ အပြောကြောင့် လျန်ကျုံးပင်လျှင် မျက်နှာပူလာပြီး ........

" ဟေ့ကောင်...မင်း ကိုယ့်တစ်ကျောင်းတည်းသားအချင်းချင်းကို ဒီလောက်လွယ်လွယ်နဲ့ သစ္စာဖောက်ရသလား...."

ယုလန်ကတော့ ပြုံးရုံသာပြုံးပြနေ၏။

"ယုလန်....မင်းစောင့်နေလိုက်....မင်းကိုငါ သတ်ပစ်မယ်!!!"

ကျောက်ခွော် တွန်းထိုးရုန်းကန်ရင်းဒေါသတကြီးအော်ဟစ်နေသည်။

" အဲ့ကောင်ကို ကြိုးချည်ပြီး ပါးစပ်ဆို့ထားလိုက်စမ်း...."

လျန်ကျုံး အမိန့်ပေးလိုက်သည့်အခါ ကျောက်ခွော်ကို ချုပ်ထားသည့်ကျောင်းသားနှစ်ယောက်က ပြောသည့်အတိုင်း လုပ်လိုက်ကြသည်။

လျန်ကျုံးက ယုလန်၏ လည်ပင်းကို ဓားထောက်လိုက်ပြီး.....

"ကဲ....လီလော့ရောက်လာဖို့ မင်းရဲ့ အထူးဆက်သွယ်ရေးနည်းလမ်းကို သုံးလိုက်တော့....သူသာ ရောက်မလာရင် မင်းနဲ့ ဟိုကောင် နှုတ်ထွက်ရပြီသာမှတ်...."

ယုလန် ရင်ဘတ်ကို ပုတ်လိုက်ပြီး....

"စိတ်မပူပါနဲ့....တစ်ခုတော့တောင်းဆိုပါရစေ...လီလော့ကို ဖမ်းမိခဲ့ရင် သူ့မျက်ခွက်ကို နာနာလေးရိုက်ပေးစမ်းပါ...ဒီကောင့်ရဲ့ချောမောမှုကို ကြည့်မရလွန်းလို့ပါ...."

ထိုစကားကြောင့် လျန်ကျုံး သူ့ရဲ့ ကြမ်းတမ်းတဲ့မျက်နှာကို ထိကြည့်မိလိုက်သည်။ တစ်ခုခုကိုတွေးကြည့်မိသောအခါ သူ့မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်လာလေသည်။

ရုပ်ချောတဲ့ကောင်တွေဆို လျန်ကျုံး အလိုလိုနေရင်း မုန်းနေမိသည့်အတွက် ယုလန်၏ စကားများသည် သူ့ကို တည့်တည့်ထိမှန်နေသည်။

// တိုက်ပွဲမှုရှုံးရင် ရုပ်ချောနေလည်း အလကားပဲ.....လီလော့လို့ ရုပ်ချောတဲ့ကောင်မျိုးကို အပိုင်းပိုင်းကို ခုတ်ပစ်ချင်နေပြီ.....//

All Chapters