လီလော့ကို မျှားခေါ်ခြင်း....
Vol. 4 Ch. 56
လျန်ကျုံးနှင့်သဘောတူညီမှု ပြုလုပ်ပြီးသောအခါ ယုလန်က ဝါးဝိစီတစ်ခုကို အိတ်ကပ်ထဲထုတ်ယူလိုက်ပြီးမှုတ်လိုက်သောအခါ စူးရှသော အသံများသည် မြူခိုးထဲတွင် ပဲ့တင်ထပ်နေလေသည်။
ထိုအသံကိုကြားသောအခါ ကျောက်ခွော် တွန်းထိုးရုန်းကန်လာသဖြင့် ကျောင်းသားလေးယောက်က ဝိုင်းဝန်းချုပ်နှောင်ထားရလေသည်။
ကျောက်ခွော် ရုန်းနေသော်လည်း မလှုပ်နိုင်သောကြောင့် မျက်ရည်များစီးကျနေပြီး ယုလန်ကို အစိမ်းလိုက် ဝါးစားနေချင်သည့်အကြည့်များနှင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။
လျန်ကျုံးသည် ယုလန်ကို သံသယရှိနေသေးသော်လည်း ကျောက်ခွော်၏ အမူအရာကြောင့် အနည်းငယ် ယုံကြည်သွားခဲ့ပြီး ယုလန်ကို ပို၍ပင် အထင်မြင်သေးလာမိသည်။
// ဒီကောင် တကယ့်ကို အရှက်မဲ့တာပဲ...ဘာပဲဖြစ်ဖြစ် အသုံးဝင်နေသ၍ အဆင်ပြေပါတယ်လေ.....//
" လျှောက်....ဖြည်းဖြည်းလျှောက်...."
ယုလန်က လျန်ကျုံးအမိန့်ပေးသည့်အတိုင်း နာခံစွာဖြင့် ရှေ့သို့ လျှောက်လိုက်သည်။
........... .......... ....................
မြူခိုးများပျောက်ကွယ်သွားသည့်အခါ လီလော့ မျက်လုံးဖွင့်ကြည့်လိုက်သည်။
လေချွန်သံသဲ့သဲ့လည်း ကြားနေရသေးသည်။
လီလော့ မျက်မှောင်ကြုံ့ကာ လေချွန်သံကို နားထောင်ရင်း သစ်ပင် ပင်စည်ကို လက်နှင့် ခေါက်လိုက်သည်။
"ငါးချက်ဆိုတော့ လျန်ကျူံးပေါ့....သေစမ်း....ဟိုနှစ်ကောင်တော့ ကံဆိုးပြီပဲ..."
လီလော့တို့သည် ငါးဖမ်းခြင်းလုပ်ငန်းစဉ်မစတင်မှီကတည်းကပင် အချိန်းအချက်ပြုလုပ်ရန် ကြိုတင်တိုင်ပင်ထားခဲ့ကြပြီးဖြစ်သည်။
အားကောင်းသော ရန်သူနှင့် တွေ့ကြုံနေရပြီဆိုပါက အခြားသော နန်ဖန်းကျောင်းသားများကို စစ်ကူခေါ်ရပေမည်။
" လျန်ကျုံး....."
လီလော့ ဓားရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အကြည့်များသည်လည်း ပိုမိုအေးစက်လာသည်။
" ငါမင်းကို တစ်ခါလွှတ်ပေးပြီးပြီ...မင်း ငါ့ကိုလွယ်လွယ် ကိုင်တွယ်နိုင်မယ်ထင်နေတာလား......"
လီလော့ အသံလာရာအရပ်ဆီဉီးတည်ပြီး မြူခိုးများထဲသို့ တိုးဝင်သွားခဲ့လေသည်။
............. ........ .......... .............
မြူခိုးများထဲတွင် စမ်းတဝါးဝါးဖြင့် ရှေ့သို့ ချီတက်နေသူများလည်း ရှိနေသေးသည်။
အရှေ့တွင် လျန်ကျုံးက ယုလန်ကို ဓားထောက်ထားပြီး နောက်တွင် ကျောင်ခွော်ကို ချုပ်ထားသော ကျောင်းသားလေးဉီးလိုက်ပါလာကြသည်။
ဝိစီသံသည် ပျံ့လွှင့်နေဆဲပင်......
" လီလော့ ဘယ်မှာလဲ...."
" မြူတွေ သိပ်ထူနေတယ်....သူတခြားကိုများပြေးသွားပြီလားမသိဘူး...."
လျန်ကျုံး၏ အမေးကို ယုလန် တုန်တုန်ရီရီနဲ့ ပြန်ဖြေလိုက်သည်။
" မြန်မြန်သွားစမ်း..အချိန်ဖြုန်းမနေနဲ့...."
လျန်ကျုံး ထပ်အော်သည့်အခါ ယုလန် အမြန်ပင် ဝိစီထပ်မှုတ်လိုက်ပြန်သည်။
သူတို့၏နောက်ဘက်တွင် ရေမှုန်ရေမွှားများစုဝေးနေသည်ကို မည်သူမျှ သတိမပြုမိခဲ့ကြပေ။လူတိုင်းက အရှေ့ကိုသာ အာရုံစိုက်နေချိန်တွင် မြူခိုးထဲမှ ရုတ်တရက်ထွက်လာသော လက်နှစ်ဖက်သည် ကျောင်းသားတစ်ယောက်၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့်အုပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဝမ်းဗိုက်ဆီ လက်သီးချက်တစ်ခု ပစ်သွင်းလိုက်သည်။
သို့သော်လည်း အခြားကျောင်းသားတစ်ယောက်က သတိထားမိသွားပြီ....
" ချုံခိုတိုက်ခိုက်ခံရပြီ! !!"
လျန်ကျူံးလှည့်ကြည့်လိုက်သည့်အခါ အပြာရောင်အလင်းလုံးများ သူ့ထံပျံဝဲလာနေသည်ကို မြင်လိုက်ရလေသည်။
ဘန်းးးး
အလင်းလုံးများ ပေါက်ကွဲသွားပြီး အလင်းတန်းများ ဖြာထွက်လာသည်။
အရှေ့ပိုင်းရေကန်ကျောင်းသားများသည် အလင်းတန်းများကြောင့် မျက်လုံးများ နာကျင်သွားခဲ့ကြသည်။
ကျောက်ခွော်ကတော့ အချိန်မှီ မျက်လုံးမှိတ်နိူင်ခဲ့ပြီး သူ့ဘေးက ကျောင်းသားများကို မြူခိုးထဲသို့ တွန်းထုတ်လိုက်လေသည်။
" သေစမ်း...ငါတို့ လှည့်စားခံလိုက်ရပြီ!!!!"
လျန်ကျုံး ဒေါသတကြီးအော်ဟစ်လိုက်ပြီး ယုလန်ကို ဓားနဲ့ လှမ်းခုတ်လိုက်သည်။
သို့သော်လည်း သူ့ခြေထောက်နားကို ကျလာသော အလင်းလုံးကြောင့် ယုလန် လေစွမ်းအားသုံးပြီးရှောင်ထွက်သွားနိုင်ခဲ့သည်။
"ဟားး ဟားးး မြည်းငတုံးလေးက လေကိုလိုက်ဖမ်းချင်နေတယ်တဲ့...."
ယုလန် လျန်ကျုံးကို လှောင်ပြောင်လိုက်ပြီး မြူခိုးများထဲသို့ တိုးဝင်သွားခဲ့သည်။
လျန်ကျုံး၏ မျက်နှာသည် ဒေါသကြောင့် စိမ်းပြာနေပြီး အဝါရောင်ပဲ့တင်ထပ်သံများကို ထုတ်ဖော်ပြီး ယုလန် ထွက်သွားသည့် လမ်းကြောင်းဆီသို့ ပစ်လွှတ်လိုက်သည်။
ဘန်းးးးး
သို့သော် လျန်ကျုံး၏ စွမ်းအားများသည် အပြာရောင်ဓားတစ်လက်၏ တားဆီးခြင်းကို ခံလိုက်ရရှာသည်။
လျန်ကျုံး လက်ထဲကဓားကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး မြူခိုးထဲသို့ စူးရဲစွာစိုက်ကြည့်နေသည်။
လီလော့သည် ဓားနှစ်လက်ကိုကိုင်ကာ ကျောက်ခွော်နှင့်ယုလန်တို့နှင့်အတူ လျန်ကျုံးကို ပြုံးပြနေ၏။
" မင်း ငါ့ကိုလှည့်စားရဲတယ်...."
ဝိစီသံထဲတွင် လျှို့ဝှက်ချက်ရှိနေမှန်း လျနိကျုံးသိပေသည်။ သို့သော်လည်း လီလော့၏ ချောင်းမြောင်းတိုက်ခိုက်မှုကိုသာ ခံလိုက်ရသည်။
ယုလန် သက်ပြင်းချလိုက်ပြီး.....
" အစ်ကိုလျန်ကျူံး....ဒါက လှည့်စားတာမဟုတ်ဘူး...စီးပွားရေးလုပ်နေတာပါ....စျေးပိုပေးချင်သေးလား...."
လျန်ကျုံး ဒေါသထွက်လွန်းနေသဖြင့် အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရလေသည်။
" ဟေ့..ဟေ့...ဟိုမှာ ဒေါသကြီးတဲ့ နွားရိုင်းလို နှာမှုတ်ပြီး ခွာရှပ်နေပြီကွ....ငါတို့တွေ နောက်ပြန်ဆုတ်ကြမှာလား...မကြာခင် မြူခိုးတွေ ပျယ်တော့မယ်...."
ယုလန်က စိုးရိမ်တကြီးပြောနေသော်လည်း လီလော့က ရယ်လိုက်ပြီး........
"ပြန်ဆုတ်စရာလား....ဒီလောက်ကြီးတဲ့ငါးကြီးကို မိနေမှတော့ လွှတ်ပေးလိုက်ရမှာ နှမြောဖို့ကောင်းတယ်....."
ယုလန် မျက်လုံးပြူးသွားလေပြီ....
" လီလော့ မင်းမျက်လုံးတွေ ဝက်ဆီသုတ်ထားတာလား...ဟိုက စည်းတံဆိပ်ရှစ်ခုနော်...ပြီးတော့ သူ့မှာ အကူသုံးယောက်ရှိသေးတယ်....."
" မင်းတို့နှစ်ယောက် အကူသုံးကောင်ကို ကိုင်တွယ်လိုက်မယ်ဆို ပြသာနာမရှိလောက်တော့ဘူးမလား...."
လီလော့ ထိုသို့မေးလိုက်သောအခါ ယုလန်က......
" မင်းတကယ်ပြောနေတာလား..."
လီလော့က လျန်ကျုံးကိုပဲ စိုက်ကြည့်နေပြီး ခေါင်းညိတ်ပြလိုက်သည်။
" ဒီကောင်ကြောင့် ငါ့ရဲ့စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးနေပြီ...အဲ့အတွက် တန်ရာတန်ကြေးပြန်တောင်းရမယ်...."
ယုလန်နှင့် ကျောက်ခွော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ခဏလောက်စဉ်းစားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်ကြသည်။
" ကောင်းပြီ...ငါကလည်း ဒီလူယုတ်မာတွေကို ဖယ်ထုတ်ချင်နေတာ ကြာလှပြီ...."
ကျောက်ခွော် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပုဆိန်ကြီးကို လွှဲယမ်းလိုက်လေသည်။
တဖက်တွင်မူ လျန်ကျုံးသည် ဒေါသထွက်နေသော်လည်း လီလော့ကို မယုံနိုင်သောအကြည့်များနှင့် စိုက်ကြည့်နေ၏။
" မင်း မပြေးဘူးလား...."
လျန်ကျုံး လီလော့ကို မယုံနိူင်တော့ပေ။
လီလော့သည် ယုလန်တို့နှစ်ဉီးကို ကယ်တင်ရန် အနာခံကာ စွန့်စားခဲ့သော်လည်း ကယ်တင်ပြီးချိန်တွင် မြူခိုးထဲသို့ ထွက်ပြေးသင့်သည် မဟုတ်ပေလော.....
သို့သော်လည်း လီလော့သည် တိုက်ခိုက်ရန် ရွေးချယ်ခဲ့လေသည်။
ရုပ်ချောလွန်းလို့ ဉီးနှောက်မကောင်းတော့တာများလား......
လျန်ကျုံးသည် လက်ထဲကဓားကို လွှဲယမ်းလိုက်ပြီး လီလော့ကို ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုး ပြုံးပြလိုက်ပြီး.....
"လီလော့ မင်းကို အိမ်တော်သခင်လေးမို့လို့ မထိရဲဘူးမထင်လိုက်နဲ့....မင်း ရှုံးသွားတာနဲ့ လော့လန်အိမ်တော်လည်း ကျဆုံးပြီပဲ....."
" အပြောမစောနဲ့ဉီး....အခြေနေတွေ ပြောင်းပြန်ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ...."
"အိုးးး. မင်းကိုယ်မင်း သိပ်အထင်ကြီးနေတယ်ပေါ့....."
လျန်ကျုံးက အရှေ့ပိုင်းရေကန်ကျောင်းသားသုံးယောက်ဘက်ကို လှည့်လိုက်ပြီး ......
" ယုလန်နဲ့ ကျောင်ခွော်ကို မင်းတို့သုံးယောက် နဲ့လွှဲထားလိုက်ပြီ...ငါကတော့ လီလော့ကို အရင်ရှင်းလိုက်ဉီးမယ်....."
ထိုသုံးယောက်စလုံးသည် စည်းတံဆိပ်ခုနှစ်ခုအဆင့်များဖြစ်ကြသည့်အတွက် ယုလန်တို့ကို မကြောက်ကြပေ။
" ဒါဆို ငါတို့ အရင်တိုက်နှင့်တော့မယ်...မနိုင်လောက်ဘူးထင်ရင် အချက်ပြလိုက်ဉီး...ငါအခြေနေကြည့်ပြီး ပြန်ဆုတ်ဖို့ လမ်းကြောင်းရှာထားလိုက်မယ်....."
ယုလန်က လီလော့နား တိုးလာပြီ တိုးတိုးတိတ်တိတ် သတိပေးပြီး ကျောက်ခွော်နှင့်အတူ သုံးယောက် နှစ်ယောက်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့လေသည်။
ထိုအခါမှသာ လျန်ကျူံးနှင့် လီလော့တို့ မျက်နှာချင်းဆိုင်လိုက်ကြသည်။
လျန်ကျူံးသည် အဝါရောင်မြေပဲ့တင်ထပ်သံစွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်လိုက်ပြီး.....
" လီလော့...မင်း နောင်တရဖို့ အချိန်နှောင်းသွားပြီ.....ငါ မင်းမျက်နှာကို တက်နင်းမယ့်အချိန်ကို စောင့်ကြည့်နေလိုက် !!"
လျန်ကျုံး ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အဝါရောင်အလင်းတန်းများ တောက်ပနေသော ဓားဖြင့် လီလော့ကို ဉီးတည်ခုတ်ပိုင်းလိုက်လေသည်။