← Chapters

နဂါးသတ်ဖြတ်ခြင်း‌ ဆေဘာဆန္ဒ

Vol. 1 Ch. 6

နဂါးသတ်ဖြတ်ခြင်း‌ ဆေဘာဆန္ဒ

Vol. 1 Ch. 6

အခန်း (၆) နဂါး သတ်ဖြတ်ခြင်း‌ ဆေဘာဆန္ဒ

"ငရဲကိုသွားတော့!"

လျူကျင်းသည် ပျံသန်းလာသော မြွေတစ်ကောင်လို လေထဲတွင် ဓားကို ဆုတ်ကိုင်ရင်း ချင်ယွင်၏ မျက်ခုံးကြားရှိ နေရာကို ချိန်လိုက်သည်။

ချင်ယွင်က ရယ်မောလိုက်သည်။ သူ၏ ဓားပညာသည် ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခု လျူကျင်းသည် သူ၏ရှေ့တွင် ဓားကစားနေသည်မှာ သိုင်းမြို့စား ကျွမ်းကျင်သူရှေ့တွင် ဓားရှည်ကို ရိုးရိုးရှင်းရှင်း ကစားနေသလို ဖြစ်‌နေသည်။ သူ၏မျက်လုံးထဲမှာတော့ ဒီလိုဓားပညာရပ်က အပြစ်အနာအဆာတွေနှင့် ပြည့်နေသည်။

"အရမ်းနှေးတယ်၊ အရမ်းကို စိတ်ကူးယဉ်ဆန်နေတာပဲ" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ ဆေဘာက ဓားပျော့၏ တိုက်ခိုက်မူကို တိုက်ရိုက် လွှမ်းခြုံပြီး လျူကျင်း၏ တိုက်ခိုက်မှုကို အလွယ်တကူ ဖျက်ပစ်လိုက်ပါသည်။

ဓား‌ပျော့သည် ပိတ်ဆို့ခံထားရပြီး လျူကျင်းသည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။

"မဖြစ်​နိုင်​ဘူး?" လျူကျင်းသည် မယုံကြည်နိုင်စွာ ပြောလိုက်သည်။ သူ၏ တိုက်ခိုက်မှုမှာ သူ၏ခွန်အား အားလုံးကို အခုချိန်ထိ အသုံးမချထားသေးသော်လည်း၊ လွယ်လွယ်ကူကူ တားဆီးဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါဘူး။

"တိုက်ဆိုင်မှုပဲ၊ ဒါ တိုက်ဆိုင်မှုဖြစ်ရမယ်" လျူကျင်းသည် ချင်ယွင်သည် ပဉ္စမအဆင့် ကောင်းကင်အလွှာတွင်သာ ရှိနေကြောင်း သူ့ကိုယ်သူ သတိပေးနေခဲ့သည်။ ထို့အပြင် သူသည် နှိမ့်ကျစွာ မွေးဖွားလာခဲ့သည်။ နက်နဲသိမ်မွေ့သော သိုင်းပညာရပ်အချို့ကို သူ မည်သို့ ကျင့်ကြံနိုင်မည်နည်း။ သူ၏ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်းနည်း?။

"ဟမ့်၊ ကြွား၀ါလိုက်တာ။ မင်းကများ ဓားပညာရပ်မှာ ငါ့ကို လမ်းညွှန်ပြသဖို့ ထိုက်တန် တယ်များ ထင်နေလား?" လျူကျင်းသည် ဒေါသတကြီး အော်လိုက်သည်။ ယခုပင် ချင်ယွင်၏ စကားလုံးများက သူ၏နှလုံးသားကို မပျော်မရွှင် ဖြစ်စေခဲ့သည်။

နှိမ့်ကျသော ပုရွက်ဆိတ်တစ်ကောင်က သူ၏ဓားပညာရပ်ကို အမှန်တကယ် ညွှန်ကြားနေသည်။ ဒါက အမှန်ပင် သည်းမခံနိုင်စရာ‌ ကောင်းလွန်းသည်။

ချင်ယွင်၏ ပါးစပ်ထောင့်က အနည်းငယ် လှုပ်ယမ်းသွားသည်။ ဤလျူကျင်းသည် သာမန် မာနကြီးသူ မဟုတ်ပေ။ မည်သည့်အရာက ဂုဏ်ယူစရာ‌လဲဆိုသည်ကို သူ အမှန်တကယ် မသိသေးပါဘူး။ ဒုတိယတန်းစား ဝိညာဉ်အရင်းအမြစ်ပိုင်ဆိုင်သည့် သူ၏ အရည်အချင်းလေးကြောင့်လား။ ထို့သို့မဟုတ်လျှင်၊ သူက လျူကလန် ဘဏ္ဍာစိုး၏ သားဖြစ်သည့်အတွက် သာလွန်အဆင့်အတန်းရှိသည်ဟု ထင်နေခြင်း လား?။

သို့သော် ချင်ယွင်၏မျက်လုံးများတွင် ဤအရာများသည် ဖော်ပြရန်ပင် မထိုက်တန်။ လျူကလန် ဘဏ္ဍာစိုး၏ သားငယ်လေးဆိုသည်ကို အသာထား၊ လျူကလန်၏ မျိုးနွယ်စု သခင်ကိုယ်တိုင် ချင်ယွင်ရှေ့မှာ ရပ်နေလျှင်ပင်၊ ချင်ယွင်သည် အနည်းငယ်မျှ ယိမ်းယိုင်သွားလိမ့်မည် မဟုတ်ပေ။

အင်‌မော်တယ်ဧကရာဇ်မင်းမြတ်၏ သားတော်တပါးအနေဖြင့်၊ လျူကျင်းကဲ့သို့သော ပုရွက်ဆိတ်တစ်ကောင်သည် အသက်ခြောက်နှစ်အရွယ်တွင် နဂါးတစ်ကောင်ကို သတ်ပြီး ကိုးနှစ်သားတွင် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ခေါင်းဖြတ်သတ်ခဲ့သည့် ချင်ယွင်၏အရိုးများထဲရှိ မာနကို သူ မည်သို့ နားလည်နိုင်မည် နည်း?။

ချင်ယွင်၏ အေးစက်သော အပြုံးသည် ပိုမိုရှင်းလင်းလာသည်။ လျူကျင်းသည် ၀မ်ဒါဟူကဲ့သို့ မကောင်းသော အကျင့်ကို ပြုလေ့ရှိသည်။ အရေးကြီးဆုံးက သူ၏အစ်မကို တိုက်ခိုက်ဖို့ အမှန်တကယ် သတ္တိရှိခဲ့သည်။ ဒီတော့ ရလာဒ်က တစ်ခုပဲရှိပါသည်။ အဲဒါကတော့ သေခြင်းတရား ဖြစ်သည်။

"မင်းကိုယ်မင်း မြင့်မြတ်တယ်လို့ ထင်နေတဲ့အတွက် မင်းရဲ့ ယုံကြည်မှု အားလုံးကို ဖြိုခွဲပစ်လိုက်မယ်.."

ချင်ယွင်သည် သူ၏လက်ထဲတွင် ဆေဘာကို ကိုင်ထားပြီး ယခုအချိန်တွင် သူသည် နဂါးတစ်ကောင်ကို သတ်ဖြတ်လိုသည့်ဆန္ဒမျိုး ရှိနေပြီဖြစ်သည်။

ရန်သူက မည်မျှပင် သန်မာနေပါစေ သူတို့ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်မည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ" လျူကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ မနှစ်သက်ဆုံးအရာက ချင်ယွင်၏ မာနကြီးသော အပြုအမူ ဖြစ်သည်။ သူ၏ ကြံ့ခိုင်မှုက မကောင်းသော်လည်း၊ သူသည် ကျွမ်းကျင်သူတယောက်လို ဟန်ဆောင် နေဆဲဖြစ်သည်။

"ဒီလိုဆိုမှတော့ မင်းကို တကယ့်သိုင်းပညာကို တွေ့ကြုံခံစားခွင့်ပေးလိုက်မယ်" လျူကျင်း၏ မျက်လုံးများတွင် သတ်ဖြတ်ရန် ရည်ရွယ်ချက်သာ ရှိတော့သည်။ သူသည် ချင်ယွင်ကို အစိတ်ပိုင်းတစ်သောင်းဖြစ်အောင် ခွဲထုတ်ပစ်ချင်သည်။

ထိုစကားကို ပြောပြီးနောက် လျူကျင်း၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး တိုးလာသည်။ သူ၏လက်ထဲတွင်ရှိသော ဓားပျော့ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းသည် ချက်ချင်းလင်းလက်သွားပြီး ပြင်းထန်သောမုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲသွားလေသည်။

"သေလိုက်‌တော့၊ ကြွေကျသစ်ရွက်တွေ ခုတ်ထွင်းခြင်း.." လျူကျင်း၏ မျက်နှာသည် ချက်ချင်းပင် တင်းမာလာသည်။ သူ၏လက်ထဲက ဓား‌ပျော့ကို ခုတ်ချလိုက်ပြီး လေထဲမှာ သုံးပေရှည်သည့် ဓားစက်၀န်းတခု ရေးဆွဲသွားသည်။

ချီဓားသည် မမြင်နိုင်လောက်အောင်ပင် အလွန်ပါးလွှာသော်လည်း အလွန် ပြင်းထန်နေပြီ ဖြစ်သည်။ တခဏအတွင်းမှာပင် ကောင်းကင်ယံကို ဖြတ်ပြီး ချင်ယွင်ဆီ ကို ပစ်လွှတ်လာသည်။ ပတ်ဝန်းကျင်ရှိ သစ်ရွက်များအားလုံးကို ဖြတ်တောက်ပြီး ၎င်းတို့၏အငွေ့အသက်ကလည်း နှိုင်းယှဥ်နိုင်စွမ်း မရှိတော့ပေ။

"ဝိဉာဏ်ချီကို ထုတ်လွှတ်ခြင်းလား?" ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။

သာမန်သိုင်းပညာရှင်များသည် ၎င်းတို့၏ဝိညာဉ်ချီစွမ်းအင်ကို ထုတ်လွှတ်ရန် သိုင်းပညာရှင်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိရန် လိုအပ်သော်လည်း လျူကျင်းသည် သူ၏ဝိညာဉ်စွမ်းအင်ထုတ်လွှတ်ခြင်း၏ အကျိုးသက်ရောက်မှုကို ရရှိရန် သူ၏သိုင်းပညာရပ်ကို အမှန်တကယ် အားကိုးခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့်၊ ဆဋ္ဌမအဆင့်ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ဦးသည် ဤလှုပ်ရှားမှုကို ရင်ဆိုင်ရလျှင်ပင် ၎င်းတို့သည် အကယ်၍၊ မသေဘူးဆိုရင်တောင် ဒဏ်ရာအပြင်းအထန် ရရှိမည် ဖြစ်သည်။

သို့သော်၊ ဓားပညာရပ်မှာ သာမန်ဓားအင်မော်တယ် တယောက်ထက် သာလွန်‌သည့် ဓားပညာရပ်များကို ပိုင်ဆိုင်ထားသူ ချင်ယွင်အတွက်တော့၊ ဤဓားတိုက်ခိုက်မှုသည် ပြင်းထန်သော်လည်း သူ့ကို လုံးဝ မထိခိုက်နိုင်ပေ။

"ဟမ့်၊ ထွင်းဖောက်လှည့်ကွက်.." ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ဝိညာဉ်ချီသည် သူ၏ဒန်တန်မှ ထွက်လာပြီး သူ၏လက်တဘက်ရှိ ဆေဘာသွားထဲသို့ လောင်းထည့်လိုက်သည်။ ဆေဘာသည် ချက်ချင်းပင် အစိမ်းရောင်အလင်းအလွှာဖြင့် ဖုံးလွှမ်းသွားသည်။

ဆေဘာက ခုတ်ပိုင်းလာပြီး ထက်ရှသော ချီဓားနှင့် ထိပ်တိုက်‌တွေ့ဆုံ သွားသည်။

"ဘုန်း!"

ဝိညာဉ်စွမ်းအင်နှစ်မျိုးသည် ထိပ်တိုက်ဆုံတွေ့ပြီး ချက်ခြင်းပေါက်ကွဲသွားကာ ဖုန်မှုန့်များ လွင့်ပျံသွားစေသည်။

"ဟား၊ ဟား၊ မင်းသေပြီ မဟုတ်လားကွ။ ငါ မင်းကို အရူးလို့ ပြောခံရအောင် လုပ်မယ်။ ဟမ့်၊ ပဉ္စမအဆင့် ကောင်းကင်အလွှာပိုင်ရှင် နှံကောင်‌လေးက ငါ့ရှေ့မှာ မြောက်ကြွ မြောက်ကြွ လုပ်ရဲတယ်ပေါ့"

ဝိညာဉ်စွမ်းအင် ထိပ်တိုက်တွေ့ဆုံမူကြောင့် ချင်ယွင် ဖှုန်မှုန့်များအကြား လွင့်စင် နစ်မြှုပ်သွားသည်ကို မြင်လိုက်ရသဖြင့် လျူကျင်းသည် ချက်ချင်းပင် ရယ်မောလိုက် သည်။

"မင်းကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်" ထိုအခိုက်တွင် ဖုန်မှုန့်များကြားမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်း...ဘာလို့ မသေသေးလဲ" လျူကျင်းသည် ကျယ်လောင်သော မျက်လုံးများဖြင့် ဖုန်ကြားထဲမှ ထွက်လာသော ချင်ယွင်ကို စိုက်ကြည့်နေပြီး သူ၏မျက်နှာမှာ မယုံကြည်နိုင်ဟန် အမူအရာများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် မသေရုံသာမက၊ သူ့မှာ ထိခိုက်ဒဏ်ရာရတာ‌တောင် မရှိခဲ့ပါဘူး။ ဒါက လျူကျင်းကို မယုံနိုင်အောင် ဖြစ်စေတယ်။

အခုလေးတင်၊ သာမန် သတ္တမအဆင့်ကောင်းကင်အလွှာ သိုင်းပညာရှင်တောင်မှ ဝိညာဉ်စွမ်းအင်တွေ ပေါက်ကွဲထွက်မူကို ခုခံဖို့ မဝံ့ရဲကြဘူး။ ပဉ္စမအဆင့် ကောင်းကင်အလွှာ ကျင့်ကြံမူနိမ့်ကျသော ချင်ယွင်သည် ၎င်းကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

"ဒါက သေးငယ်တဲ့စွမ်းရည်လေး တစ်ခုပဲလေ၊ တစ်ချက်လေးထိုးနှက်တာကို ခံနိုင်ရည် မရှိရဘူးလားဗျာ" ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး အထင်အမြင်သေးသည့် မျက်နှာဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ မင်းက ပဉ္စမအဆင့်ကောင်းကင်အလွှာမှာပဲ ရှိသေးတယ်။ ဒီဓားကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။" လျူကျင်းသည် သူ့ရှေ့တွင် အဖြစ်မှန်ကို လက်မခံနိုင်သေးဘဲ ချင်ယွင် အား စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"တခါတရံမှာ ကျင့်ကြံခြင်းက အရာအားလုံးလို့ မဆိုလိုပါဘူး!" ချင်ယွင်က အေးစက်စွာ ပြောသည်။

ထိုစကားနှင့်အတူ၊ သူ၏ပုံရိပ်က ပေါက်ကွဲသွားပြီး သူသည် ဆေဘာကို မဆိုင်းမတွ ခုတ်ချလိုက်သည်။ ဆေဘာအလင်းသည် တဖျပ်ဖျပ် လင်းလက်သွားပြီး ထူးထူးခြားခြား လွန်စွာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

လျူကျင်းသည် အံ့သြသွားသည်။ ခုခံရန် သူ၏ ဓားပျော့ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ သို့ပေမယ့် ဤဆေဘာသည် လွန်စွာ ပြင်းထန်လွန်းသည်။ ဓားပျော့သည် ဆေဘာကို ထိလိုက်သည့်အခိုက်တွင် ပြန်ကန်ထွက်သွားသည်။ ဆေဘာသည် သနားခြင်းမရှိဘဲ သူ့လည်ပင်းကို တိုက်ရိုက် လှီးဖြတ်လိုက်သည်။

"မဟုတ်ဘူး…"

လျူကျင်းသည် မျက်လုံးများ ပြူးကျယ်ကာ မယုံနိုင်စွာ ကြည့်နေလေသည်။ သို့သော် လည်ပင်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏အသိဉာဏ်ကား ပျောက်ဆုံးသွားခဲ့သည်။

ချင်ယွင်သည် မြေပြင်ပေါ်တွင် လူးလိမ့်နေသည့် လျူကျင်း၏ ခေါင်းကို ဂရုမစိုက်ဘဲ ကြည့်ကာ သူ၏အမူအရာ လုံးဝ မလှုပ်ရှားပေ။

ကြီးစိုးခြင်းနဂါးသတ်ဆေဘာ၊ ယနေ့ တိုက်ပွဲက အမှန်တကယ် ဆေဘာဆန္ဒ တစွန်းတစကို မွေးဖွားပေးခဲ့ပါသည်။ ဤသည်မှာ မမျှော်လင့်ထားသည့် ပျော်ရွှင်မှု တစ်ခု ဖြစ်ပါသည်။

ချင်ယွင်သည် ယနေ့ လျူကျင်းကို တိုက်ခိုက်ရန်အတွက် ဆေဘာဓား သုံးကွက်ကိုသာ အသုံးပြုခဲ့ပြီး၊ ထိုဆေဘာသုံးကွက်သည်လည်း အခြေခံဆယ့်သုံးမျိုးဟန်ပန်၏ အခြေခံလှုပ်ရှားမှုများဖြစ်ကြောင်း အထူးပြော‌နေစရာ မလိုပါပေ။

လျူကျင်း၏ဓားပညာကို အလွယ်တကူ ဖြတ်ကျော်နိုင်ရခြင်း၏ အကြောင်းရင်းမှာ သူ့တွင် မြင့်မားသော အမြင်ရှိပြီး သူ၏ဓားပညာရပ်၏ ချို့ယွင်းချက်များကို တစ်ချက်တည်းဖြင့် မြင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအနေဖြင့်၊ သူ၏‌ဆေဘာပညာရပ်ကို ဤဆေဘာဆန္ဒတစွန်းတစနှင့် ရောနှောထားခြင်း‌ကြောင့် ဖြစ်သည်။

ကျင့်ကြံခြင်း ကွာခြားချက်​အတွက်လား။

ဟမ့်၊ ချင်ယွင်သည် အင်မော်တယ်ကမ္ဘာ၏ ထိပ်တန်းလျှို့ဝှက်ပညာရပ်ဖြစ်သော ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာကို ကျင့်ကြံခဲ့သည်။ သူသည် ပဉ္စမအဆင့်ကောင်းကင်အလွှာတွင် ရှိနေသော်လည်း၊ သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝမှုသည် လျူကျင်း၏ ဆဋ္ဌမအဆင့်ကောင်းကင်အလွှာထက် အားမနည်းပေ။ ထို့ကြောင့် လျူကျင်းဆုံးရှုံးမှုသည် မှားယွင်းစွာ စွပ်စွဲခြင်းမျိုး လုံးဝ မခံခဲ့ရပေ။

"အယ်? ဒီဓားက မဆိုးဘူးဘဲ" ချင်ယွင်သည် လျူကျင်း၏ ဓားပျော့ကို ကောက်ကိုင်လိုက်ပြီး အသာအယာ ခေါက်ကြည့်လိုက်သည်။ စူးစူးဝါးဝါး အော်မြည်သံကို အမှန်တကယ် ထုတ်လွှတ်ကြောင်း သူတွေ့ရှိခဲ့သည်။

ဤဓားသည် သာမန်အရည်အသွေး မဟုတ်သည်မှာ သေချာပါသည်။ ဓားက လျူကျင်း၏ လက်ထဲမှာ မြှုပ်နှံထားသော်လည်း၊ လျူကျင်း၏လက်ထဲတွင် မည်သို့ အဆုံးသတ်သွားမည်ကို သူ မသိပါဘူး။

မဆိုင်းမတွဘဲ၊ ချင်ယွင်သည် ဓားပျော့ကို ခါးတွင်ချည်ပြီး လျူကျင်း၏ခန္ဓာကိုယ်မှ ငွေ‌အမြောက်အမြားနှင့် ဆေးပြားနှစ်ပြားကို ရှာဖွေယူပြီးနောက် အခန်းထဲသို့ လှမ်းဝင်ကာ သတိလစ်နေသော သူ၏အစ်မကို ပွေ့ချီလိုက်သည်။

ချင်ယွင်ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ချင်နင်းမြို့တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ပေါက်ကွဲသံများထွက်လာသည်။

လျူကျင်း ကွယ်လွန်သည့်သတင်းသည် ပျံ့နှံ့သွားပြီး အနိုင်ကျင့်ခံရသူများ ချက်ချင်း လက်ခုပ်တီးကာ ရွှင်မြူးခဲ့ကြသည်။ သူတို့အားလုံးသည် မည်သည့်သူရဲကောင်းက ဒီလောက် ကြည်နူးစရာကောင်းသည့် လုပ်ရပ်ကို လုပ်ဆောင်ခဲ့လည်းဆိုသည်ကို မှန်းဆနေကြသည်။

လျူကလန် ဘဏ္ဍာစိုး၏ ရူးသွပ်သော လက်စားချေမှုကို ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့် ထိုသူရဲကောင်းအတွက် စိတ်မကောင်းဖြစ်မိသော လူများလည်း ရှိနေပါသည်။

ခဏအကြာတွင် ဤလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ပိုင်ရှင်သည် အမှန်တကယ်တွင် မြို့တွင်း၌ အကျော်ကြားဆုံး အကြောင်းအရာ ဖြစ်လာခဲ့သည်။ ယခုအချိန်တွင်၊ ချီယွမ်အိမ်တော် အဝင်းထဲတွင်။

"လျူအာ..."

လျူယွန်ဟိုင်သည် သားဖြစ်သူ၏ခေါင်းကို ပွေ့ဖက်ထားကာ ဝမ်းနည်းပူဆွေး သောကများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအချိန်တွင် ကျွန်နှင့်တူသော အမျိုးသားတစ်ဦး ဝင်လာသည်။

"ဘယ်သူလုပ်ခဲ့တာလဲ သိလား" လျူယွန်ဟိုင်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည် ။

"ကျွန်တော် သိပါတယ်။ ချင်ယွင်လို့ခေါ်တဲ့ လူငယ်‌လေးပါ။ သူကတော့ မြို့အနောက် ဘက်စွန်းက မြူခိုးတိမ်တိုက်စားသောက်ဆိုင်ပိုင်ရှင် လျူရန်ယွင်ရဲ့မောင်လေးပါ " ထိုကျွန်​​က ​ပြောသည်​။

"ချင်ယွင်လား " လျူယွန်ဟိုင်က သူ၏နာမည်ကို တိတ်တိတ်လေး ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများက ကျဉ်းမြောင်းလာပြီး လက်သီးများကို ဆုပ်ထားသည်။ နောက်ဆုံးတွင် သူသည် သူ၏ခွန်အားအားလုံးကို အသုံးပြုပြီး "ချင်ယွင်၊ ကောင်းကင်ဘုံရှိ ငါ့သားရဲ့ဝိညာဉ်ကို နှစ်သိမ့်ပေးဖို့အတွက် မင်းကို အစိတ်ပိုင်း တစ်သောင်းဖြစ်အောင် နုပ်နုပ်စဉ်းပစ်မယ်ကွ " ဟု ကြွေးကြော်လိုက်သည်။

All Chapters