ဧည့်သည်တစ်ဦး
Vol. 1 Ch. 7
အခန်း (၇) ဧည့်သည်တစ်ဦး
မြူခိုးတိမ်တိုက် စားသောက်ဆိုင်သည် ပုံမှန်အတိုင်း စည်ကားနေဆဲ ဖြစ်ပါသည်။ လူများသည် စကားစမြည်ပြောရင်း အရက် သောက်နေကြသည်။ ယနေ့ ဆွေးနွေးမှု အများဆုံး အကြောင်းအရာမှာ လျူကျင်း သတ်ဖြတ်ခံရခြင်း အကြောင်း ဖြစ်သည်။
ထိုအထဲမှာ ချင်ယွင်ကို စိတ်ဝင်စားစေဆုံးအရာက တံခါးနားမှ လူသုံးယောက်၏ ဆွေးနွေးမှု ဖြစ်သည်။ အရမ်း စိတ်ဝင်စားဖို့ ကောင်းလွန်းသည်။
"ဟေး မင်း ကြားပြီးပြီလား? လျူကျင်းဟာ မနေ့က ချီယွမ်အိမ်တော်မှာ အသတ်ခံခဲ့ရ တယ်”။ လူလတ်ပိုင်း ဖက်တီး တစ်ယောက်က သူ၏ဘေးနားက သူ့အဖော်ကို ပြောသည်။
"ငါကြားပြီးပြီ။ ဒီလိုကြီးကြီး မားမားကိစ္စကြီးကို ငါဘယ်လိုလုပ် မကြားဘဲနေမလဲ။ အခု ချင်နင်းမြို့တစ်ခွင်ကို ပျံ့နှံ့သွားပြီ။" ပိန်ပိန်ပါးပါး လူတစ်ယောက်က ပြန်ဖြေသည်။
"ဟမ့်၊ လျူကျင်းက လျူကလန်ရဲ့ဘဏ္ဍာစိုးဖြစ်တဲ့ သူ့အဖေကို အားကိုးနေတာ ။ သူက မရေမတွက်နိုင်တဲ့ မကောင်းမှုတွေ လုပ်ခဲ့တယ်။ သူ့မှာ ၀မ်ဒါဟူလိုပဲ အလေ့ကျင့်မျိုးရှိတယ်။ သေဖို့ ထိုက်တန်ပါတယ်။" နောက်ခပ်ပုပုလူက အေးစက်စွာ အော်ပြော လိုက်သည်။
"မှန်တယ်၊ မနေ့ကမတိုင်ခင် လမ်းမှာ ငါ သတိမထားမိတဲ့အတွက် သူ့၀တ်စုံ လက်မောင်းတွေ ညစ်ပတ်သွားခဲ့တယ်။ သူက ငါ့ကို သုံးလလောက် အိပ်ရာက မထနိုင်လောက်အောင် ဆိုးဆိုးရွားရွား ရိုက်နှက်ဖို့ သူ့အစေခံတွေကို အမိန့်ပေးခဲ့တယ်။ သူ ဒီလိုဖြစ်လိမ်မယ်လို့ ငါ မျှော်လင့်မထားဘူး။ ဒါက ဘယ်လောက်တောင် နှလုံးချိုမြိန် လိုက်လဲ" ပိန်ပိန်ပါးပါးလူသည် ထိုနည်းတူစွာ ခံစားရတာ ထင်ရှားပြီး ချက်ချင်း ပြောထွက်လာသည်။
"သူက ဘယ်က သူရဲကောင်းမှန်း ငါမသိဘူး။
ငါတို့ ချင်နင်းမြို့အတွက် ကြီးမားတဲ့ ကပ်ဘေးဒုက္ခကြီးကို ဖယ်ရှားပေးခဲ့တယ်။ ဒီသူရဲကောင်းကို ငါတွေ့ရင် ငါက သူ့ကို ခွက်ခြင်းတိုက်ဂုဏ်ပြုဖို့ အဆိုပြုရ မယ်။" သက်လတ်ပိုင်း ဖက်တီးက အနည်းငယ်ထွေသည့် အသံဖြင့် ပြောသည် ။
"ရှပ်၊ မင်းက ဒီသူရဲကောင်းကို ဝိုင်တိုက်ပြီး ဂုဏ်ပြုပေးချင်တယ်ပေါ့။ လျူကျင်းက အနိုင်ကျင့်တတ်ပေမယ့်၊ သူ့ရဲ့ ကျင့်ကြံမှုကတော့ မနိမ့်ကျဘူး။ သူက သိုင်းပညာရှင် နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာကို ရောက်နေပြီ။ အဲဒီသူရဲကောင်းက သူ့ကို သတ်နိုင်တယ်ဆိုတော့ အနည်းဆုံးတော့ သူဟာ သိုင်းပညာရှင်နယ်ပယ်ရဲ့ သတ္တမအဆင့် ကောင်းကင်အလွှာမှာ ရှိရမယ်။ တခြားသူတွေရဲ့အမြင်မှာ မင်းဟာ အဲဒီသူရဲကောင်းကို ဂုဏ်ပြုပေးဖို့ မထိုက်တန်ဘူး။" သူ့ဘေးနားက ပိန်ပိန်ပါးပါးလူက သူ့ကို ချက်ချင်းဆိုသလို အထင်သေးသွားသည် ။
"ဟမ့် ငါက မင်းနဲ့ မထိုက်တန်ဘူးလား?" လူလတ်ပိုင်း ဖက်တီးက ရေရေလည်လည် နားမလည်ဘဲ ချက်ချင်း ပြောသည်။
"ငါ အဲဒီလိုလုပ်ဖို့ မထိုက်တန်ဘူး။ ဒီသူရဲကောင်းကို ခွက်ချင်းတိုက် ဂုဏ်ပြုချင်တယ် လို့ ပြောတာ ငါ မဟုတ်ဘူးကွ" သေချာပါသည်၊ ခပ်ပုပုလူက ခေါင်းမာပြီး ချက်ချင်းပင် ရန်ဖြစ်လိုက်ပါသည်။
ချင်ယွင်သည် ဘေးမှ တိတ်တဆိတ် ရယ်မောလိုက်သည်။ ဒီသုံးယောက်ဟာ တကယ့်ကို ရယ်စရာကောင်းပြီး အခုလို အသေးအမွှားကိစ္စလေး အတွက်နှင့် ရန်ဖြစ်နေကြသည်။
အဆုံးတွင်၊ ပိန်ပိန်ပါးပါးလူကပင် ရန်ပွဲအား အဆုံးသတ်လိုက်ပြီး"တော်ပြီ၊ ငြင်းခုံ မနေကြနဲ့၊ အခု လျူကျင်း အသတ်ခံရတော့ လျူယွန်ဟိုင်က ဒေါသတကြီး ဖြစ်နေပြီ။ လျူယွန်ဟိုင်က ဒီကိစ္စကို စုံစမ်းဖို့ မနေ့က လူတွေကို စေလွှတ်လိုက်တယ်လို့ ကြားမိတယ်။ မင်းတို့ သိပြီးပြီလား?"
"ဟင်း ၊ ဟုတ်တယ်၊ သူတို့ မတွေ့နိုင်ဘူးလို့ မျှော်လင့်ရတာဘဲ။ လျူယွန်ဟိုင်က ရန်စဖို့ လွယ်သူမဟုတ်ဘူး။ သူဟာ သိုင်းပညာရှင်နယ်ပယ် အဋ္ဌအအဆင့် ကောင်းကင်အလွှာအထိ ရောက်သွားပြီလို့ ပြောနေကြတယ်။ လူတိုင်းသည် သက်ပြင်း ချကြသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ခြင်းပဲ လေးလေးနက်နက် တွေးလိုက်မိ သည် ။
မနေ့က သူ ချီယွမ်အိမ်တော်ကို သွားတုန်းက သူနှင့်ပတ်သက်သည့် သဲလွန်စများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်မထားခဲ့ပါဘူး။ ထို့အပြင် သူထွက်သွားပြီးနောက်တွင် သူ၏အစ်မနှင့် အတူ ထွက်ခွာသွားသည်ကို လူအများက မြင်ခဲ့ကြသည်။ ထို့ကြောင့် လျူယွန်ဟိုင်သည် လျူကျင်းဟာ သူ၏လက်ချက်ဖြင့် အသတ်ခံရကြောင်း သိထားပြီး ဖြစ်ပေလိမ့်မည်။
"ဟမ့်၊ သိထားတော့ရော ဘာဖြစ်လဲ၊ ခင်ဗျားလာဝံ့သရွေ့ ကျုပ်က ခင်ဗျားကို ထာ၀ရ မပြန်လမ်းကို ပို့ပေးလိုက်မယ်" ချင်ယွင်က သူ၏စိတ်ထဲမှ အေးစက်စွာ ကြုံးဝါးလိုက် သည်။
မနေ့က သူ၏အစ်မကို ပြန်ခေါ်လာပြီးနောက် ချင်ယွင်သည် လျူကျင်းဆီက လုယူထား သော ဆေးပြားများကို ထုတ်ယူလိုက်သည်။ သူ၏အသိဉာဏ်အရ ထိုဆေးပြားသည် မူလကျင့်ကြံခြင်းဆေးဟု ပြောနိုင်သည်။
မူလကျင့်ကြံခြင်း ဆေးပြားသည် အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများ ပါ၀င်သည့် ဆေးပြားမဟုတ်သော်လည်း အလွန်ရှားပါးနေဆဲ ဖြစ်သည်။ သိုင်းပညာရှင်များ ရှားပါးနေသည့် ဤချင်နင်းမြို့၌ ၎င်းကို အလွန်အဖိုးတန်သော ရတနာတစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။
လျူကျင်းသည် သူ၏ကိုယ်ပေါ်တွင် ဆေးပြားနှစ်ပြားကို အမှန်တကယ် သိမ်းထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် ၎င်းဆေးပြားများအား သတ္တမအဆင့် ကောင်းကင်အလွှာကို ချိုးဖျက်ရန်အတွက် ထိန်းသိမ်းထားသည်ဟု ယူဆရမည်။ ဆေးပြားများကို စားသုံးရန် အချိန်မကျသေးသော်လည်း ဆေးပြားများ သည် ယခုအခါ ချင်ယွင်အတွက် အလကားရလာခြင်း ဖြစ်သည်။
ချင်ယွင်သည် မူလကျင့်ကြံခြင်း ဆေးပြားကို ပြတ်သားစွာ စားသုံးခဲ့ သည်။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ဖြင့်၊ သူသည် မူလကျင့်ကြံခြင်းဆေးပြား၏ ဆေးဖက်ဝင် အာနိသင်ကို အပြည့်အဝ စုပ်ယူနိုင်သည်။ တစ်ညတာ လေ့ကျင့်ပြီးနောက်၊ သူသည် နယ်ပယ်နှစ်ခုကို ဆက်တိုက်ဖြတ်ကျော်ကာ သိုင်းပညာရှင်နယ်ပယ်၏ သတ္တမမြောက်အဆင့် ကောင်းကင်အလွှာသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
သူ၏ လက်ရှိကျင့်ကြံမှုအပြင် ဆေဘာဆန္ဒဖြင့်ဆိုပါက၊ သူသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်များကိုပင် သတ်ဖြတ်နိုင်ကာ၊ န၀မအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်များကိုပင် တွန်းလှန်နိုင်လိမ့်မည်။
အကယ်၍ သူသည် ဓားပညာရပ်တခုကို အသုံးပြုလိုက်ပါက၊ သူသည် သိုင်းပညာရှင် နယ်ပယ်တွင် ပြိုင်ဘက်ကင်း ဖြစ်နိုင်သည်မှာ သေချာသည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တယောက်ကို ရင်ဆိုင်ရရင်တောင် ပြန်လှန်တိုက်ခိုက်ဖို့ စွမ်းအားကင်းမဲ့သည့်အဖြစ်မျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။
ဤယုံကြည်ချက်ကြောင့် ချင်ယွင်သည် ဤနေရာတွင်နေရန် ရွေးချယ်ဝံ့ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ပါက၊ မနေ့က လျူကျင်းကို သတ်ပြီးနောက် သူ၏အစ်မနှင့်အတူ ထွက်ပြေးသွားမည် ဖြစ်သည်။ သူ့အစ်မ၏ လုံခြုံမှုကို သူ စွန့်စားရဲမှာ မဟုတ်ပေ ။
"ချင်ယွင်၊ မင်း လျူကျင်းကို တကယ်သတ်ခဲ့တာလား။" ချင်ယွင် လေးလေးနက်နက် တွေးနေရင်းနဲ့ ဘေးနားသို့ ဒုတိယဖက်တီးက ရုတ်တရက် ပြေးလာပြီး ချင်ယွင်ကို ထိတ်လန့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
မနေ့က ချင်ယွင်သည် သူ၏အစ်မကို ကယ်တင်ချင်သည်ဟု ပြောခဲ့သည်။ ပထမတော့ သူဟာ ချင်ယွင် သည် သေခြင်းတရားကို တောင်းခံနေသည်ဟု ထင်ခဲ့မိပြီး သူ ဘယ်တော့မှ ပြန်မလာတော့တာ ဖြစ် ကောင်း ဖြစ်နိုင်သည်။ သို့သော် ချင်ယွင်က လျူရန်ယွင်ကို ဒဏ်ရာမရှိဘဲ ပြန်ခေါ်လာသောအခါ သူ အံ့သြသွားရသည်။
၎င်းကိုတွေးပြီးနောက်၊ လျူကျင်းသည် လုပ်စရာတစ်ခုခုရှိ၍ ချီယွမ်အိမ်တော်မှ ထွက်သွားသောကြောင့် ချင်ယွင်သည် အလွန်ကံကောင်းခဲ့ဖွယ်ရှိသည်ဟု ထင်ထားခဲ့ သည်။
သို့သော် ယခုအချိန်တွင်တော့ လျူကျင်းသည် သေဆုံးသွားပြီး တစ်စုံတစ်ယောက်က ဦးခေါင်းကိုဓားဖြင့် လှီးဖြတ်သွားကြောင်းကို သူ အမှန်တကယ် ကြားလိုက်ရ သည်။ ချင်ယွင်သည် လျူရန်ယွင်ကို ကျောပေါ်တွင် ထမ်းထားစဉ် သူ၏ခါးတွင် ဓားတစ်ချောင်းရှိနေသေးသည်ကို သတိရမိသေးသည်။
ချင်ယွင်က လျူကျင်းကိုသတ်ခဲ့တာ ဖြစ်နိုင်မလား ။
ဒုတိယဖက်တီးသည် သူ၏အတွေးများကြောင့် ထိတ်လန့်သွားသဖြင့် ချင်ယွင်ထံသို့ အလျင်အမြန်ပြေးပြီး အဖြစ်ပျက်ကို မေးမြန်းခြင်းဖြစ်သည်။
ချင်ယွင်သည် တုန်လှုပ်ခြောက်ခြားနေသော ဒုတိယဖက်တီးကို ကြည့်လိုက်ကာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ဒုတိယဖက်တီး၏ မျက်လုံးများသည် ချင်ယွင်ကို ဘီလူးသရဲတစ်ကောင်ကို ကြည့်နေသလိုမျိုး ချက်ခြင်းပင် ပြူးကျယ်သွားသည်။
ခြောက်နှစ်ကြာအောင် လူနုံလူအဖြစ်ခဲ့သော ချင်ယွင်သည် ဆဋ္ဌမအဆင့် ကောင်းကင်အလွှာရှိ လျူကျင်းကို အမှန်တကယ် သတ်ပစ်နိုင်သည်ကို သူ မယုံနိုင်ပေ။
"မင်း ငါ့ကို ဘာလို့ ဒီလိုကြည့်နေတာလဲ ငါ့အစ်မကို ထိဝံ့ရင် သေရမှာပဲ" ချင်ယွင်က ရယ်မောလိုက်သည်။
ဒုတိယဖက်တီးသည် အသက်ပြင်းပြင်းရှူကာ အချိန်အတော်ကြာ ထိတ်လန့်ရာမှ ပြန်လည်သက်သာလာခဲ့သည်။ သူက တံတွေးကို မျိုချလိုက်ပြီး "မင်းက သိုင်းပညာရှင် တယောက်လား ။ မင်း ကျင့်ကြံမူအဆင့်က ဘယ်ကောင်းကင်အလွှာကို ရောက်နေပြီ လဲ။"
ချင်ယွင်က ခေါင်းညိတ်ပြီး အမှန်တိုင်း ဖြေလိုက်သည် "သတ္တမမြောက် ကောင်းကင် အလွှာ”။
တကယ်တော့ သူသည် ဒုတိယဖက်တီးအပေါ် ကောင်းမွန်သည့် ခံစားချက်ရှိ သည်။ သူ့ကို အများကြီးပြောပြရသည့် အကြောင်းရင်းက မနေ့က သူ့ဆီ သတင်းပို့ပေး ခဲ့သော သူ၏ ကြင်နာမှုအတွက် ကျေးဇူးတင်၍ ဖြစ်သည်။
ဒုတိယဖက်တီး၏ မေးစေ့တစ်ခုလုံး ထိတ်လန့်မူနှင့်အတူ အောက်သို့ကျသွား သည်။ သူ၏နှလုံးသားသည် တုန်လှုပ်ချောက်ချားစရာ လှိုင်းလုံးကြီး လိုပင်၊ သိုင်းပညာ ရှင်နယ်ပယ်၏ သတ္တမမြောက်ကောင်းကင်အလွှာသည် ချင်နင်းမြို့ တစ်ခုလုံးတွင် အလျားလိုက်ရော ဒေါင်လိုက်ပါ လျှောက်ပတ်သွားနိုင်သည်။
"ဟေ့ ကောင်ငယ်လေး မင်း ဘာပြောလိုက်တာလဲ လျူကျင်းကို မင်း သတ်လိုက်တယ် ဟုတ်လား။"
သူရဲကောင်းက ဘယ်လောက် အစွမ်းထက်တယ် ဆိုသည့်အကြောင်းကို အစောပိုင်းက ပြောနေခဲ့သော ခပ်ပုပုလူသည် ဒုတိယဖက်တီး၏ အလန့်တကြားအော်သံကို ကြားလိုက်သည်နှင့် ရုတ်တရက် ထိတ်လန့်သွားတယ်။ သူရဲကောင်းက ဒီမှာရှိနေလိမ့် မည်ဟု သူမထင်ထားခဲ့။
သို့သော် ထိုသူရဲကောင်း၏ ပြေပြစ်သော အသွင်အပြင်ကို ကြည့်လိုက်တော့မှ ဒုတိယ ဖက်တီးသည် မြူခိုးတိမ်တိုက်စားသောက်ဆိုင်ပိုင်ရှင်၏ မောင်ငယ်နှင့် စကားပြောနေ သည်ကို သူ အမှန်တကယ် တွေ့လိုက်ရသည်။
သူသည်မြူခိုးတိမ်တိုက်စားသောက်ဆိုင်၏ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သောကြောင့် လျူရန်ယွင် ၏မွေးစားမောင်လေး ချင်ယွင်သည် လူနုံလူအလေး ဖြစ်ကြောင်း သဘာဝ ကျကျ သိထားသည်။
ဒုတိယဖက်တီးက လျူကျင်းကို ချင်ယွင်က သတ်လိုက်သည်ဟု ပြောခဲ့ပေမယ့် ချင်ယွင်ကိုယ်တိုင်ကလည်း ခေါင်းညိတ်ပြီး ဝန်ခံခဲ့သည်။
ဤအရာက သူ့ကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။ လျူကျင်းကို ဂေါ်ဖီထုပ် တခုလို့ ထင်နေပါသလား။ ခုတ်ချင်တိုင်း ခုတ်လို့ရပါသလား။ သူ၏လျှာကို လေဖြတ် တိုက်မည်ကို သူ မကြောက်ဘူးလား။
"မှန်ပါတယ်လေ ၊ ချင်ယွင်က လျူကျင်းကို သတ်ခဲ့တယ်။ သူကိုယ်တိုင်လည်း ဒါကို ဝန်ခံခဲ့တယ်!" နောက်ဆုံးတော့ ဒုတိယ ဖက်တီးဆိုတာ ကလေးပဲ ရှိပါသေး တယ်။ တစ်စုံတစ်ယောက်၏ အဖြေကို ကြားလျှင် သူသည် အမှန်အတိုင်း ပြောထွက် ပေလိမ့်မည်။
ခပ်ပုပုလူသည် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ သူက ဒုတိယဖက်တီး၏ နောက်ကျောကို ပွတ်သပ်ပြီး ကျယ်လောင်စွာ ကြိမ်းမောင်းသည် "ဟင့်၊ ကောင်စုတ်လေးတွေ ဒီအဖေကို လူအလို့ ထင်နေတာလား။ ချင်နင်းမြို့မှာ ဒီချင်ယွင်က ဉာဏ်ရည်ချို့တဲ့သူဆိုတာကို မသိတဲ့သူ ဘယ်သူရှိလဲ" တကယ်လို့ သူသာ လျူကျင်းကို သတ်နိုင်ရင် ဒီအဖေကလည်း လျူကလန်ရဲ့ မျိုးနွယ်စုသခင်ကို သတ်နိုင်တယ်ကွ"
"မှန်တယ်။ မင်းတို့ကောင်စုတ်လေးတွေ အစားကိုကျပန်းစားလို့ရတယ်။ စကားကို ကြုံသလို ပြောလို့မရဘူး ။" စားပွဲဝိုင်းရှိ သက်လတ်ပိုင်းအရွယ် ဖက်တီးအမျိုးသားနှင့် ပိန်ပိန်ပါးပါး အမျိုးသားတို့လည်း သဘောတူကြသည်။ ရှင်းရှင်းပြောရရင်၊ သူတို့လည်း ဒုတိယဖက်တီး၏စကားကို မယုံကြပေ ။
ဒုတိယဖက်တီးသည် ချင်ယွင်က ရှင်းပြချက်ပေးနိုင်မည်ဟု မျှော်လင့်ကာ ချက်ချင်းပင် အပြစ်ကင်းစွာ ကြည့်နေလေသည်။ သို့သော်လည်း ချင်ယွင်သည်ရယ်မောနေပြီးဒါက သူ့နှလုံးသားထဲတွင် ပြောမပြနိုင်သော ခါးသီးမှုကို ခံစားရစေသည်။
ထိုအချိန်တွင် ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်းပင် အေးစက်သွားခဲ့ သည်။ မလှမ်းမကမ်းက လမ်းကို လှမ်းကြည့်လိုက်ပြီး အရပ်ခပ်ပုပုလူနှင့် ဒုတိယ ဖက်တီးကို "ဧည့်သည်တွေ လာနေပြီ၊ မင်းတို့ အမြန်ဆုံး ထွက်သွားသင့်တယ်!"
ဒုတိယ ဖက်တီး၏ မျက်နှာသည် ဝေခွဲမရ ဖြစ်နေသည်။ ချင်ယွင်က ဘာတွေ ပြောနေမှန်းကို မသိပေမယ့် အရပ်ပုပုလူကတော့ တစ်ခုခုကို အာရုံခံမိပြီး အဝေးက လမ်းကို လှည့်ကြည့်လိုက်တယ်။
မကြည့်တာကမှ ကောင်းလေဦးမည်။ ဒါ့အပြင် မြင်လိုက်သည်နှင့် သူ ချက်ချင်း အံ့သြသွားသည်။ မြင်းငါးကောင်သည် မြူခိုးတိမ်တိုက် စားသောက်ဆိုင်သို့ ပြေးလာနေသည်။ သူတို့အားလုံးဟာ အစွမ်းထက်သည့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ၎င်းတို့ကို ဦးဆောင်သူမှာ လျူကလန်၏ ဘဏ္ဍာစိုး လျူယွန်ဟိုင်မှလွဲ၍ အခြားသူမဟုတ်ပေ။