← Chapters

ခြေ ငါးလှမ်း သွေးစွန်းခြင်း

Vol. 1 Ch. 8

ခြေ ငါးလှမ်း သွေးစွန်းခြင်း

Vol. 1 Ch. 8

အခန်း (၈) ခြေငါးလှမ်း သွေးစွန်းခြင်း

"လျူယွန်ဟိုင်က ဘာကြောင့် မြူခိုးတိမ်တိုက်စားသောက်ဆိုင်ကို လာရတာလဲ၊ လျူကျင်းကို သတ်တဲ့လူက ဒီမြူခိုးတိမ်တိုက်စားသောက်ဆိုင်မှာ ရှိနေတာများ ဖြစ်နိုင်မလား"

လျူယွန်ဟိုင်ရောက်ရှိလာသည်ကို လူတိုင်း အလျင်အမြန် သတိပြုမိကြသည်။ သူတို့သည် ထိတ်လန့်လွန်းသဖြင့် ထိုင်ခုံမှထကာ ဆိုင်ထဲမှ ပြေးထွက်လာခဲ့ သည်။ သို့သော် သူတို့ ဝေးဝေး မပြေးကြ။ အဲဒီအစား အဝေးကရပ်ပြီး စောင့်ကြည့် နေကြသည်။

လျင်မြန်စွာပင် ဆိုင်ထဲမှလူအများသည် ပြေးထွက်သွားပြီး ချင်ယွင်တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

လျူရန်ယွင်သည် ဆိုင်နောက်ခန်းမှ ထွက်လာပြီး ဧည့်သည်များ အားလုံး ထွက်ပြေး သွားကြသည်ကို တွေ့လိုက်ရသည်။ လျူယွန်ဟိုင်သည် အစောင့်လေးယောက်နှင့်အတူ လမ်းလျှောက်လာသည်ကို သူမမြင်သောအခါ သူမ စိတ်ဓာတ်ကျသွားသည်။

လျူယွန်ဟိုင်က ဘာကြောင့် မြူခိုးတိမ်တိုက်စားသောက်ဆိုင်ကို လာရတာလဲ။ သူသည် များသောအားဖြင့် ယစ်မူးပန်းစင်မြင့်ဆီကို သွားနေကြမဟုတ်ဘူးလား။ ၀မ်ဒါဟူ အသတ်ခံရခြင်းကြောင့်များ ဖြစ်နိုင်သလား။

လျူရန်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားသည်။ ချင်ယွင်သည် ၀မ်ဒါဟူကို လွန်ခဲ့သည့် သုံးရက်က သတ်ခဲ့ကြောင်း သတိရမိသည်။ လျူယွန်ဟိုင်က သူ့ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်နိုင်ပါ့မလား။

မဟုတ်ဘူး၊ ချင်ယွင်ကို သူတို့ဖမ်းဆီးမှာကို လုံးဝ ခွင့်မပြုနိုင်ဘူး။ လျူရန်ယွင်သည် နွားတစ်ကောင်ကို စောင့်ကြပ်နေသည့် ကြက်မကဲ့သို့ ချင်ယွင်ဆီသို့ ပြေးသွားပြီး သူ့ရှေ့တွင် ရပ်လိုက်သည်။ သူမက "ဘဏ္ဍာထိန်းလျူ ၊ ကျွန်မမောင်လေးကို မဖမ်းနဲ့၊ ကျွန်မ ၀မ်ဒါဟူကိုသတ်လိုက်တာ၊ ဒါက သူနဲ့ ဘာမှမဆိုင်ဘူး" လို့ အော်ပြော လိုက်သည်။

ထိုစကးကိုကြားတော့ လျူယွန်ဟိုင်သည် ချက်ချင်း မျက်မှောင်ကြုတ်ပြီး ချင်ယွင်ကို ကြည့်ကာ အလွန်အေးစက်သည့် လေသံဖြင့် "ဒါဆို လျူကျင်းကို သတ်လိုက်တာလည်း မင်းလား။"

လျူရန်ယွင်သည် အနည်းငယ် အံ့အားသင့်သွားပြီး ဘာမှမသိသည့် ယောင်ဝါးဝါး အမူယာဖြင့် "ဟုတ်"

"ဟမ့်!" လျူယွန်ဟိုင်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး " ငါက မင်းမောင်ကို မေးနေတာ။

လျူရန်ယွင်သည် ချင်ယွင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည် ။ ချင်ယွင်က သူမကို ပြုံးပြပြီး ပြောသည် "အဆင်ပြေပါတယ်။ မနေ့က အစ်မကို ကယ်တင်ရင်း လျူကျင်းကို သတ်ခဲ့တာကို ငါ ပြောဖို့မေ့သွားတယ်"

လျူရန်ယွင်၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး သူမလက်ထဲက ပန်းကန်လုံးသည်ပင် ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

မောင်လေးက လျူကျင်းကို သတ်လိုက်တာလား။

လျူကျင်းသည် ဆဋ္ဌမအဆင့်ကောင်းကင်အလွှာ သိုင်းပညာရှင်ဖြစ်ပြီး လျူကျင်းကို သူ မည်သို့သတ်နိုင်မည်နည်း။

သူမ‌မောင်လေး၏ကိုယ်တိုင်ပြော စကားကြောင့်သာ မဟုတ်ရင် ချင်ယွင်က လျူကျင်းကို သတ်နိုင်သည်ကို လျူရန်ယွင် ယုံမှာမဟုတ်ပေ။

လျူကျင်းသည် လျူယွန်ဟိုင်သဘောကျသည့် သားတစ်ဦး ဖြစ်သည်။ သားတယောက် ကို သတ်ခြင်း၏ အမုန်းတရားသည် သူသေသည်အထိ ဘယ်တော့မှ ရပ်တန့်သွားမည် မဟုတ်ပေ။

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများသည်လည်း တုန်လှုပ်ခြောက်ခြားသွားကာ စကား မပြောနိုင်ကြတော့။ လျူကျင်းကို သတ်ခဲ့သူမှာ လျူရန်ယွင်၏ မောင်လေး ဖြစ်‌နေသည်။ အထူးသဖြင့် စောစောက ဒုတိယဖက်တီးကို လှောင်ပြောင်ခဲ့ကြသည့် လူသုံးယောက်ဟာ အလွန်တုန်လှုပ်သွားပြီး စကားမပြောနိုင်ကြတော့။

သူတို့ အမြဲချီးကျူးခဲ့ကြသော သူရဲကောင်းကြီးဟာ တကယ်တော့ သူတို့အနားမှာ ရှိနေခဲ့ပြီး သူ စောစောက လှောင်ပြောင်ခဲ့သည့် လူနုံလူအတစ်ယောက် အမှန်တကယ် ဖြစ်နေလေသည် ။

"ချင်ယွင်က လျူကျင်းကို သတ်နိုင်ရင် လျူကလန်ရဲ့ မျိုးနွယ်စုသခင်ကို ငါ သတ်ပစ်နိုင် တယ်" ဟု‌ ပြောခဲ့သည့်အရပ်ခပ်ပုပုလူသည် သူပြောသည့်စကားများကို အမှတ်ရသွား ပြီး တစ်စုံတစ်ယောက်က သူ၏ပါးကို နှစ်ကြိမ် ရိုက်လိုက်သလိုမျိုး သူ၏မျက်နှာမှာ ပူလောင်သည့် ဝေဒနာကို ခံစားလိုက်ရသည်။

သူမမောင်လေး၏ မျက်နှာပေါ်ရှိ အပြုံးမပျက်သော အပြုံးကို ကြည့်လိုက်ရင်း လျူရန်ယွင်သည် သူမ‌ မောင်ငယ်ကို သူမ ထွင်းဖောက်မမြင်နိုင်တော့ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

သူ၏မှတ်ဉာဏ်များ ပြန်ရလာကတည်းက သူမနဲ့ သိပ်မရင်းနှီးသလို သူမ ခံစားရသည်။ သူမသည် မူလက သူမမောင်လေးသည် သူ၏မှတ်ဉာဏ်များသာ ပြန်ကောင်းလာပြီး၊ သူ၏ပင်ကိုယ်စရိုက် ပြောင်းလဲသွားသည်မှာ ပုံမှန်ပင်ဖြစ်သည်ဟု သူမထင်ထားခဲ့သည်။

သို့သော် သူမ‌မောင်လေး ယခု ပြောင်းလဲသွားပုံက သူ၏ ပင်ကိုယ်စရိုက်တစ်ခုသာ မဟုတ်တော့ပေ။

သူမ၏ လက်ရှိ မောင်‌လေးသည် သန်မာပြီး လျှို့ဝှက်ဆန်းကြယ် သည်။ ကုလားကာ တစ်ခုက သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသလိုဖြစ်ပြီး သူမအနေဖြင့် သူ့ကို ထိုးဖြတ်၍ မမြင်နိုင်တော့ပေ။

"ဒီလောက်ကြီးကျယ်တဲ့ ကိစ္စတွေကို မင်း ဘာလို့မပြောတာလဲ" လျူရန်ယွင်က အပြစ်တင်လိုက်သည်။

သူမမောင်လေး လျူကျင်းကို သတ်လိုက်ကြောင်း သူမ သိခဲ့လျှင် လျူရန်ယွင်သည် သူမ မောင်လေးကို ချင်နင်းမြို့၌ ဘယ်တော့မှ နေခိုင်းတော့မည် မဟုတ်။ သူမ၏ မောင်ငယ်သည် မည်မျှပင် အစွမ်းထက်စေကာမူ လျူယွန်ဟိုင်နောက်ကွယ်မှ လျူကလန် တစ်ခုလုံးကို မဆိုထားနှင့်၊ လျူယွန်ဟိုင်တောင် သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

"ဒါတွေ အားလုံးက အစ်မကြီးရဲ့ အမှားပဲ၊ အစ်မကြီးကိုသာ ဖမ်းမမိခဲ့ရင် မင်းလည်း လျူကျင်းကို သတ်မိမှာ မဟုတ်ဘူး။ ငါ့အပြစ်တွေပါ" လျူရန်ယွင်သည် သူမကိုယ်သူမ အပြစ်တင်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် စိတ်ပျက်လက်ပျက်မူနှင့် ပြည့်နေ‌ လေသည်။

"မောင်လေး၊ ပြေး၊ မင်း ဝေးဝေးပြေးလေ ပိုကောင်းလေပဲ။" လျူရန်ယွင်က ကမန်းကတန်း ပြောပြီး ချင်ယွင်ကို တွန်းလိုက်သည်။

"ပြေးမလို့လား၊ လွတ်မြောက်နိုင်ပါ့မလား၊ ဒီနေ့တော့ မင်းတို့နှစ်ယောက်လုံး မထွက်သွားနိုင်‌တော့ဘူး။" လျူယွန်ဟိုင်က အေးစက်စွာ အော်ဟစ်လိုက်သည်။

လျူရန်ယွင်သည် သူမတို့ကို ဝိုင်းထားတဲ့ အစောင့်များကို ကြည့်ပြီး သူမ၏ မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ဒါက ငါ့အမှားပဲ၊ မင်းကို ထိခိုက်စေပြီ မောင်လေး" ဟု သူမက တိုးတိုးလေး ပြောသည်။

ချင်ယွင်သည် အကြောင်းမှန်ကို ဘာမှမသိဘဲ ထိတ်လန့်နေသော သူ၏အစ်မကို တိတ်တဆိတ် ကြည့်နေမိသည်။ သူ့အတွက် စိုးရွံ့နေသည်ကို မြင်လိုက်ရတော့ သူ၏စိတ်က တုန်လှုပ်သွားသည်။ သူက အနည်းငယ် ပြုံးပြီး ပခုံးကို ပုတ်လိုက် သည်။ "အစ်မ ကျွန်တော်ကို ယုံလား" သူက ပြုံးပြုံးလေးနှင့် ပြောသည်။

'"ဟုတ် ၊ ငါ ယုံတယ်၊ ဒါပေမယ့်..." လျူရန်ယွင်သည် တခြားအရာများကို ရှင်းပြချင်နေသည်။

"အစ်မ ကျွန်တော်ကို ယုံကြည်တဲ့အတွက်၊ ဘေးမှာ နာခံမှုရှိရှိ စောင့်ကြည့်‌နေလိုက်ပါ။ လျူကျင်းကို သတ်ပြီးတဲ့နောက် ကျွန်တော်ဟာ ဆက်နေဖို့ ရွေးချယ်ခဲ့တယ်၊ ဒီနေ့ ဒီမြင်ကွင်းမျိုးကို ကျွန်တော် မျှော်လင့်ထား ပြီးသားပါ။ စိတ်မပူပါနဲ့၊ သူတို့က ကျွန်တော်ကို လုံးဝမထိခိုက်‌စေနိုင်ပါဘူး" ချင်ယွင်က သူမကို တိုက်ရိုက်ဖြတ်‌ပြောလိုက်သည်။

"တကယ်လား?" လျူရန်ယွင်၏ မျက်လုံးများသည် တုံ့ဆုတ်မူနှင့်အတူ တောက်ပလာသည်။

"တကယ်ပေါ့!" ချင်ယွင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

လျူရန်ယွင်သည် နောက်ဆုံးတွင် ပြုံးပြလိုက်သည်။ သူမ၏ မောင်ငယ်သည် မဆင်မခြင် လုပ်တတ်သည့် လူမျိုးမဟုတ်ဟု သူမပင်ကိုယ်စိတ်က သိနေသည်။ လျူယွမ်ဟိုင်ကို အနိုင်ယူဖို့ အမှန်တကယ် ဖြစ်ကောင်းဖြစ်နိုင်သည်။

လျူရန်ယွင်ကို နှစ်သိမ့်ပြီးနောက်၊ ချင်ယွင်က လျူယွန်ဟိုင်ဘက်သို့ လှည့်ကြည့် လိုက်ပြီး " ၀မ်ဒါဟူနဲ့ လျူကျင်းကို ငါသတ်ခဲ့တယ်၊ မင်းမှာ အရည်အချင်းရှိရင် လက်စားချေဖို့ ငါ့ကိုလာရှာပါ။ ငါ့အစ်မကို တိုက်ခိုက် ဝံ့တယ်ဆိုရင်တော့ အဲဒီလူတွေ အတွက် သေခြင်းတရားဘဲရှိတယ်ဆိုတာ သိထားရမယ်"

လျူယွမ်ဟိုင်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာ သည်။ မိန်းမပျက်သာသာ‌ ကောင်မတစ်ယောက်အတွက် သူ၏သားနှင့် သူ၏တူတို့ အသတ်ခံခဲ့ရသည်။ အကယ်၍ သူသာ ချင်ယွင်ကို အစိပ်စိပ်အပိုင်းပိုင်း မခွဲရလျှင် သူ၏နှလုံးသားထဲမှ အမုန်းတရားများကို ထုတ်ပစ်ရန် လုံလောက်တော့မည်မဟုတ်။

"သတ်! သတ်ပစ်စမ်း..။ လျူယွန်ဟိုင်ဟာ အော်ဟစ်ပြောလိုက်ပြီး သူ၏သတ်ချင်သည့် ဆန္ဒက လောင်ကျွမ်းလာသည်။ အစောင့်လေးယောက်သည် လျူယွန်ဟိုင်၏ ညွှန်ကြားချက်ကို ကြားသည့်အခါ သူတို့၏ ဆေဘာများကို ဆွဲထုတ်ပြီး ချင်ယွင်ကို ခုတ်ပိုင်းကြသည်။

ချင်ယွင်က လှောင်ပြောင်ပြီး အစောင့်တယောက်ဆီကို ချက်ချင်း ပစ်၀င်သွားသည်။

"ဘုန်း!"

အစောင့် မတုံ့ပြန်ခင်မှာ ထိုအစောင့်သည် ချင်ယွင် ၏ဒူးဖြင့် ပစ်တိုက်မူကိုခံလိုက်ရပြီး ကြိုးပြတ်သွာသည့်စွန်ပမာ လွင့်ထွက်သွားသည်။

ချင်ယွင်သည် သူ၏ ခွန်အားကို တစ်ဖန်ပြန်မြှင့်တင်လိုက်ပြီး သူ၏အရှိန်ဟုန်သည် ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။ သူသည် နောက်မှလိုက်ပြီး လွင့်ထွက်သွားသော အစောင့်၏ ဦးခေါင်းထက်တွင် တိုက်ရိုက်ပေါ်လာသည်။

ဂျင်တစ်ထောင်လောက် အလေးချိန်ရှိသော သူ၏ခြေထောက်က ပြိုကျပြီး မြေပြင်က တစ်လက်မချင်းစီ ကျွံ၀င်သွားသည်။

အစောင့်သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ပြီး လက်တုံ့ပြန်ရန်ပင် နေရာမရှိတော့။

ချင်ယွင်သည် တွင်းထဲတွင် ရပ်နေပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ငရဲမှ ထွက်လာသော နတ်ဆိုးတကောင်ကဲ့သို့ သူ၏ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အငွေ့သက်များက တဟုန်းဟုန်းတောက်နေသည်။

ချင်ယွင်သည် သူ၏ရန်သူများကို ဘယ်တော့မှ သနားကြင်နာမှု မပြပေ။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး ရင်မောသွားကြသည်။

ဤအစောင့်များသည် လုံလောက်အောင် သန်မာမူမရှိသော်လည်း သူတို့သည် စတုတ္ထအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်အဖြစ် ရှိနေဆဲ ဖြစ်သည်။ တကယ်တော့ ထိုသူသည် အလွယ်တကူ သတ်ခံရခြင်း ဖြစ်သည်။

ဒါ့အပြင် ဒါက လူကိုသတ်ဖြတ်တာ မဟုတ်တော့။ ၀က်တကောင်ကို သတ်လိုက်သည် နှင့် ထူးမခြားတော့။

ကျန်အစောင့်သုံးယောက်သည် ဤမြင်ကွင်းကို မြင်သောအခါ အလွန် ကြောက်လန့် သွားကြပြီး၊ လမ်းအလယ်တွင် ရပ်သွားကာ သူတို့၏မျက်နှာများသည် သူရဲဘောကြောင်သည့် အမူအရာများ ပေါ်လွင်နေသည်။

"သွားစမ်း၊ ဒီ​နေ့​ နောက်​တစ်​လှမ်းဆုတ်တဲ့ ဘယ်သူမဆို အဲဒီလူရဲ့မိသားစုတခုလုံးကို ငါကိုယ်တိုင် ဖျက်​ဆီးပစ်မယ်​" လျူယွန်ဟိုင်က အော်ပြောလိုက်သည်။

အစောင့်သုံးယောက်သည် ထိုစကားကိုကြားသောအခါ ချင်ယွင်ဆီကို အရူးအမူး ပြေး၀င်သွားကြပြီး၊ သူတို့၏မျက်နှာများသည် ချက်ချင်းပင် ခက်ထန်သောအမူအရာ ပေါ်လာသည်။

ချင်ယွင်သည် လဲကျနေသောအစောင့်၏ ဆေဘာကို ဆုပ်ကိုင်လိုက်ပြီး သူ၏ စိတ်ထဲတွင် လှောင်ရယ် ရယ်နေမိသည်။ 'သူ့မိသားစုတစ်ခုလုံးကို ဖျက်ပစ် မယ်'။ ဟုတ်ပါသည်။ ထိုလူမှာလည်း လျူယွန်ဟိုင်နှင့်တူညီသည့် အကျင့်စရိုက်မျိုး ရှိသည်။

"သတ်" အစောင့်သုံးယောက်သည် ချင်ယွင်ဆီသို့ အရူးအမူးပြေးလာသည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားကာ သူ၏‌ဆေဘာဆန္ဒက ထွက်ပေါ်လာပြီး ပြေး၀င်လာသူများကိုကြိုဆိုရန် တွန့်ဆုတ်ခြင်းမရှိပေ။

ဆေဘာသည် ပုံရိပ်‌ယောင်တစ်ခုလို ဖြစ်သွားပြီး ဆေဘာ၏ကိုယ်ထည်သည် တုန်လှုပ်ချောက်ချားစရာတစ်ခုလို ဖြစ်လာသည်။

"အား။ အား။ အား …"

သနားစရာ အော်ဟစ်သံ သုံးခု ထွက်ပေါ်လာပြီး အလောင်း ၃ လောင်း လဲကျသွားသည်။

"ဒါ…"

ပတ်၀န်းကျင်တခုလုံး တစ်ချက်ချင်း ထိတ်လန့်သွားကြသည်။ ဓားတချက်တည်းဖြင့် လူ ၃ ဦးလုံး သေဆုံးသွားခဲ့သည်။

ချင်ယွင်က စောက်ရမ်းတုံးအနေသူ တ‌ယောက်အဖြစ် ရှိနေသေးတာလား။

ယခင်ကတော့ ချင်ယွင်သည် အစောင့်လေးဦးကို ရင်ဆိုင်နိုင်ပါ့မလားဟု သံသယရှိခဲ့ကြ သည်။ ယခုတွင် ချင်ယွင်သည် ၎င်းတို့ကို ရင်ဆိုင်နိုင်ရုံသာမက ခွေးများကဲ့သို့ သတ်ပစ်နိုင်သည်ဟုပင် ထင်ရသည်။

သူသည် လူတယောက်၏ ခေါင်း‌ပေါ် တက်နင်းလိုက် သည်နှင့် ထိုလူသည် ဦးနှောက် ကွဲထွက်သွားသည်။

ဆေဘာအလင်း လင်းလက်သွားသည်နှင့် လူသုံးယောက်၏ ဦးခေါင်းများသည် မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

သတ်ဖြတ်မူ၌ အသားကျနေသော စစ်မှုထမ်းဟောင်းများပင်လျှင် ထိုကဲ့သို့ ကြေကွဲဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူတို့၏နှလုံးသားများ တုန်လှုပ်သွားကြသည်။

ယခုအချိန်တွင် ချင်ယွင်သည် လျူကျင်းကို သတ်နိုင်သည်ဆိုသည်ကို မည်သူမျှ သံသယမ၀င်ရဲကြပေ။ ချင်ယွင်၏ လက်ရှိ အစွမ်းထက်သော နည်းလမ်းများဖြင့် ဆဌမအဆင့်ရှိလျူကျင်းတယောက်ကို အသာထား။ လျူကျင်း သုံးယောက်တောင် သူ့အတွက် လိုက်ဖက်ညီသည့် ပြိုင်ဘက်မဟုတ်တော့။

သို့သော်လည်း လျူယွန်ဟိုင်သည် ရင်ဆိုင်ရန် လွယ်ကူမဟုတ်။ သူသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာတွင် ရှိနေသည်။

အဋ္ဌမအဆင့် ကောင်းကင်အလွာသည် ချင်နင်းမြို့တစ်ခုလုံးတွင်ပင် တည်ရှိမှု အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

ချင်ယွင်သည် သတ္တမအဆင့်ကောင်းကင်အလွှာတွင်သာ ရှိ‌သေးပြီး ကျင့်ကြံမူ ကွာခြားချက်က ထိုနေရာတွင် ရှိနေသည်။ ချင်ယွင်ကို နောက်ထပ်တစ်နှစ် အချိန်ပေး လိုက်လျှင်၊ ချင်ယွင်သည် အဋ္ဌမအဆင့် ကောင်းကင်အလွှာကို ကျော်ဖြတ်ပြီး လျူယွန်ဟိုင်ကို တိုက်ခိုက်နိုင်လိမ့်မည်။

အခုအချိန်မှာတော့ လျူယွန်ဟိုင်က သူ့ကို သတ်ဖြတ်သွားနိုင်သည်။

ချင်ယွင်သည် လျူယွမ်ဟိုင်းကို သံသယမရှိ ရှုံးနိမ့်မည်ဟု ရှုမြင်သူများအားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့အားလုံး ချင်ယွင်အတွက် စိတ်မကောင်း ဖြစ်ခဲ့ကြသည်။

ဒုတိယဖက်တီးနှင့် လျူရန်ယွင်၏ မျက်လုံးများသည် မျှော်မှန်းချက်ဖြင့် မှိတ်တုတ် မှိတ်တုတ် ခတ်နေသည်။

"သူ့ရဲ့ ခွန်အားက တကယ်မဆိုးပါဘူး။ လျူအာကို သတ်နိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး" လျူယွန်ဟိုင်သည် ချင်ယွင်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုနက်နဲလာသည်။ "ဒါပေမယ့် ဒါကလည်း မဆိုးဘူးဆိုရုံပါ"

လျူယွန်ဟိုင်၏ အသံသည် မြေပြင်ပေါ်သို့ ရေခဲတုံးတစ်ခုလို ကျဆင်းလာပြီး လေထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"ဟုတ်လား?" ချင်ယွင်က ရယ်မောလိုက်သည်။

"မင်းမှာ စကားပြောရာမှာ ထက်ရှတဲ့လျှာရှိနေတုန်းပဲ၊ ဒီနေ့တော့ အဋ္ဌမအဆင့် ကောင်းကင်အလွှာနဲ့ သတ္တမအဆင့်ကောင်းကင်အလွှာတို့ရဲ့ ခြားနားချက်ကို ငါပြောပြ မယ်။ မင်းရဲ့သွေးကို ငါ့သားအတွက် ယဇ်ပူ‌ဇော်မူအဖြစ်သုံးပြုမယ်"

လျူယွန်ဟိုင်၏ အငွေ့အသက်သည် ချက်ခြင်းထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ရှိ စားပွဲများနှင့် ကုလားထိုင်များပင် ချင်ယွင်ဆီသို့ လွင့်စင်သွားလေသည်။

ချင်ယွင်သည် ရူးသွပ်သွားသော လျူယွန်ဟိုင်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။ သူသည် လက်ထဲမှ‌ဆေဘာကို မြေပြင်ပေါ်ထိုးစိုက်ပြီး လျူယွန်ဟိုင်ဆီသို့ ပစ်၀င်သွားသည်။

ငါက ကြယ်တွေ ပြိုကွဲတဲ့အထိ တိုက်ပွဲဝင်ခဲ့ပြီးပြီ။ ဒါကြောင့် မင်းလို အဋ္ဌမအဆင့် ကောင်းကင်အလွှာ ပုရွက်ဆိတ်လေးကို ဘာလို့ ကြောက်ရမှာလဲ ။

All Chapters