နောက်တကြိမ် မြင့်တက်လာခြင်း။
Vol. 1 Ch. 9
အခန်း (၉ ) နောက်တကြိမ် မြင့်တက်လာခြင်း။
ချင်ယွင်၏ လက်သီးချက်သည် လျူယွန်ဟိုင်၏ သံမဏိလက်သီးနှင့် ထိပ်တိုက် တွေ့မိပြီး ပြင်းထန်သော ပေါက်ကွဲသံတချက် ထွက်ပေါ်လာသည်။ နှစ်ယောက်စလုံး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကြသည်။
"ဟမ့်!"
လျူယွန်ဟိုင်သည် အေးစက်စွာ နှာခေါင်းရှုတ်လိုက်ပြီး သူ၏ခြေချောင်းများကို အားစိုက်ထုတ်လိုက်သည်။ သူ၏အရှိန်ဟုန်က ချက်ချင်းဆိုသလို သုံးဆတိုးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်ရှေ့သို့ ရောက်လာခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် ထိတ်လန့်သွားပြီး သူ့ကိုယ်သူ ကာကွယ်ရန် ချက်ခြင်း ပြင်ဆင်လိုက်ရသည်။ သို့သော်လည်း လျူယွန်ဟိုင်သည် ချင်ယွင်၏ရင်ဘတ်ကို တိုက်ရိုက် ရိုက်ချလိုက်ပြီး မီတာတစ်ဆယ် အကွာထိ လွင့်စင်သွားခဲ့ရသည်။
ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နံရံသို့ ထိမှန်သွားပြီး နံရံသည် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲသွားသည်။
"အဲဒါ... ယင်သတ်ဖြတ်ခြင်းလက်ဝါး မဟုတ်လား?" ဗဟုသုတရှိသူတယောက်က အော်ပြောသည်။
လူတိုင်းလည်း ထိတ်လန့်သွားကြသည်။ ယင်သတ်ဖြတ်ခြင်းလက်ဝါးသည် လျူယွန်ဟိုင်၏ ကျော်ကြားသော ပညာရပ်တခုဖြစ်သည်။ ထိုအချိန်တုန်းက ယင်သတ်ဖြတ်ခြင်းလက်ဝါး၏အကူအညီဖြင့် လျူယွန်ဟိုင်သည် အဆင့်တူ သိုင်းပညာရှင် သုံးဦးကို တစ်ဦးတည်းရင်ဆိုင်ခဲ့ပြီး ထိုသိုင်းပညာရှင်သုံးယောက်ကို သတ်ပစ်ခဲ့သည်။
ယခု လျူယွန်ဟိုင်သည် ချင်နင်းမြို့ တွင် ဂုဏ်သိက္ခာကြီးမားစွာ ကျော်ကြား လာရခြင်းမှာ လျူကလန်၏ ဘဏ္ဍာစိုးဖြစ်သည့်အပြင်၊ သူ၏ အင်အားသည်လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
သို့သော် လျူယွန်ဟိုင်သည် သူစတင်သည်နှင့် ယင်သတ်ဖြတ်ခြင်းလက်ဝါးကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ချင်ယွင်ကိုသတ်ဖြတ်ရန် ကြံရွယ်ထားပုံရသည်။
"မြန်လိုက်တာ၊ ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ လက်ဝါးပညာရပ်လဲ!"
ချင်ယွင်၏လည်ချောင်းသည် ချိုမြိန်သွားပြီး ပါးစပ်မှ သွေးများ ထွက်လာသည်။ သူသည် လျူယွန်ဟိုင်ကို အေးစက်စွာကြည့်နေသည်။
"ယွင်အာ" ချင်ယွင်ဒဏ်ရာရသွားသည်ကိုမြင်တော့ လျူရန်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားပြီး ချက်ခြင်းပြေးထွက်ချင်လာသည်။
"မလာခဲ့နဲ့ ကျွန်တော် အဆင်ပြေတယ်" ချင်ယွင်က ချက်ချင်း တားလိုက်သည်။ စောစောလေးက သူဟာ လျူယွန်ဟိုင်ကို လျှော့တွက်ပြီး သတိမထားမိလိုက်ချေ။ ယင်းကြောင့် သူ၏ခန့်မှန်းချက်သည် မှားယွင်းခဲ့ပြီး လျူယွန်ဟိုင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ဒါ့အပြင် ဒါကလည်း ချင်ယွင်ပြောသည့်အတိုင်း အမှန်ပင်ဖြစ်သည်။ လျူယွန်ဟိုင်၏ တိုက်ခိုက်ခြင်းကို ခံရရင်တောင် ကြီးကြီးမားမား ထိခိုက်ခြင်းမရှိခဲ့။ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်၏ အကာအကွယ်နှင့်ဆို ဤဒဏ်ရာသေးသေးလေးက ဘာမှမဖြစ်ပေ။
"မင်းက အရမ်းစွမ်းဆောင်နိုင်မယ်လို့ ငါထင်ခဲ့တာ။ မင်းမှာ ငါ မျှော်လင့်ထားတဲ့အတိုင်း စကားပြောဖို့ ခွန်အားရှိမနေဘူး။ ငါက ငါ့စွမ်းအားရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုခဲ့ပြီး မင်းက ခံနိုင်ရည်မရှိဘူးပဲ" လျူယွန်ဟိုင်က ကဲ့ရဲ့သလို လှောင်ပြောင် သည်။
သူ၏ ယင်သတ်ဖြတ်ခြင်းလက်ဝါးသည် အဆင့်နိမ့်အဆင့်၊ အလယ်အလတ်တန်းစား ပညာရပ်ဖြစ်သည်။ ၎င်းပညာရပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့်ပြင်းထန်မှုများကြောင့် အမြဲလူသိများခဲ့သည်။ သူ၏ လက်ဝါးပညာရပ်ကို ထုတ်ဖော်လိုက်သည့်အခိုက်တွင်၊ သူ၏ အရှိန်နှင့် စွမ်းအားသည် လေးဆကျော် တိုးလာနိုင်စွမ်းရှိသည်။
စောစောလေးက သူဟာ ချင်ယွင်ကို အဝေးသို့လွှင့်ထွက်သွားအောင် ရိုက်နှက်ရန် သူ၏စွမ်းအား သုံးဆယ်ရာခိုင်နှုန်းသာ အသုံးပြုခဲ့သေးသည်။ သူ၏စွမ်းအားရှိသမျှကို အကုန်အသုံးပြုလျှင် သူသည် လက်ဝါးတစ်ဘက်တည်းဖြင့်ပင် ချင်ယွင်ကို အသေသတ်နိုင်မည် မဟုတ်ပါလော။
"ခင်ဗျားရဲ့ လက်ဝါးပညာရပ်က မဆိုးပေမယ့် ကျုပ်ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး" ချင်ယွင်က ရယ်မောလိုက်သည်။ လျူယွန်ဟိုင်၏ လက်ဝါးပညာရပ်သည် လျင်မြန်ပြီး ပြင်းထန်သော်လည်း ၎င်းကို တွန်းလှန်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
"တကယ်လား? ဒီလိုဆိုတော့ ယင်သတ်ဖြတ်ခြင်းလက်ဝါးရဲ့ စစ်မှန်တဲ့ စွမ်းအားကို မင်းကို မြည်းစမ်းခွင့်ပေးမယ်။"
လျူယွန်ဟိုင်၏ မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာသည်။ ဝိဉာဏ်ချီ၏ အနီရောင်မှိုင်းမှိုင်း သေးငယ်သည့် မြွေလေးကောင်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ၎င်းတို့သည် သူ၏ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်ကြပြီး အနှိုင်းမဲ့ စွမ်းအားကြီးမားသော ယင်မိစ္ဆာချီသည် ချက်ချင်း ထွက်ပေါ်လာသည်။
"ဒါက ယင်သတ်ဖြတ်ခြင်းလက်ဝါးပဲလား? ဘယ်လောက်တောင် ကြောက်စရာကောင်း လိုက်လဲ!"
ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုသူအားလုံး မျက်လုံးပြူးသွားကြသည်။ ဝိညာဉ်စွမ်းအင် ထုတ်လွှတ်ခြင်းသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာသိုင်းပညာရှင်၏ သင်္ကေတ ဖြစ်သည်။ သို့သော် သာမန်အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်များသည် တိုက်ခိုက်သည့်အခါ၌သာ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နိုင်သည်။
သို့သော်၊ လျူယွန်ဟိုင်သည် သူ၏ဝိညာဉ်စွမ်းအင်ကို မြွေသေးသေးလေးများအဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။ ယင်းက သူ၏ဝိညာဉ်စွမ်းအင်အပေါ် အလွန်မြင့်မားသော ထိန်းချုပ်မှုတစ်ခု လိုအပ်သည်။ သာမာန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်ပင်လျှင် ထိုသို့ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ လျူယွန်ဟိုင်သည် အနည်းဆုံး အဋ္ဌမအဆင့်အထွက်ထိပ် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ဦး၏ အစွမ်းသတ္တိရှိသည်။
ဤအကြောင်းကို တွေးပြီး လူအားလုံးသည် အေးစက်သည့်လေကို ရှုရှိုက်ပြီး ချင်ယွင်ကို သနားစိတ်ဖြင့် ကြည့်နေကြသည်။
ချင်ယွင်သည် သတ္တမအဆင့် ကောင်းကင်အလွှာသို့ ၀င်ရောက်ရုံမျှဖြင့် ဤမျှ ကွာဟချက်ကြီးမားသော အဋ္ဌမအဆင့် အထွက်ထိပ် ကောင်းကင်အလွှာ သိုင်းပညာရှင်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
ချင်ယွင်သည် အနီရောင် မြွေလေးကောင် ၀န်းရံထားသည့် လျူယွန်ဟိုင်ကို ကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။ လျူယွန်ဟိုင်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို ဒီလောက်အတိုင်းအတာအထိ ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ကြောက်နေတာလား?" လျူယွန်ဟိုင်၏မျက်နှာသည် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသော်လည်း သူ၏မျက်လုံးများက ပြင်းထန်သောအလင်းရောင်များ ထွက်ပေါ်နေသည်။
ချင်ယွင်ကို သတ်လိုက်ရုံမျှဖြင့် သူ၏နှလုံးသားထဲက မုန်းတီးမှုကို မဖယ်ရှားနိုင်ပေ။ သူသည် ချင်ယွင်ကို ကြောက်ရွံ့စေလိုသည်။ ထိုနောက် အသက်ရှင်ခြင်းက မည်သို့မည်ပုံဖြစ်သည်ကို သိနိုင်စေရန်အတွက် သူ့ကို တစ်ဖြည်းဖြည်း ညှင်းပန်းနှိပ်စက်ပြီး သေခြင်းတရားကို နှိုက်နှိုက်ချွတ်ချွတ် ခံစားရစေမည်။
"အကြောက်တရားလား?" ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ ဤအရာက သူ့ကို ကြောက်ရွံ့စေသည် ဆိုလျှင်၊ သူသည် အင်မော်တယ် ဧကရာဇ်မင်း၏သားတော်အဖြစ် ရှိနေဦးမှာလား။
"မွေးကတည်းက ကြောက်စိတ်ဆိုတာကို ဘယ်တုန်းကမှ မသိခဲ့ဘူး" ချင်ယွင်သည် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ပစ်ကာ ရပ်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် လေတိုက်ခြင်းမရှိဘဲ အလိုအလျောက် လွင့်တက်လာပြီး အစိမ်းရောင် ရောင်ဝါတစ်ခုက သူ့ပတ်ဝန်းကျင်တွင် တဝဲလည်လည် ရှိနေသည်။
"မိုးပြာဝိဉာဏ်လေဓားလက်ဝါး'" ဤသည်မှာ ချင်ယွင်သည် အဆင့်နိမ့်အဆင့်၊ အဆင့်မြင့်တန်းစား တော်၀င်ဓားပညာရပ် မိုးပြာဝိဉာဏ်လေဓားဆယ့်သုံးကွက်ကို လေ့ကျင့်စဉ် ချင်ယွင် မတော်တဆ နားလည်မိခဲ့သော လက်ဝါးပညာရပ်တစ်ခု ဖြစ်သည်။ ဤပညာရပ်ကို သူ မသုံးဖူးသေးပေ။
သို့သော်၊ ချင်ယွင်သည် ဤလက်ဝါးပညာရပ်သည် အလယ်အလတ်အဆင့်၊ အဆင့်နိမ့်တန်းစား သိုင်းပညာရပ်ထက် မနိမ့်ကျကြောင်း ယုံကြည်ခဲ့သည်။ လျူယွန်ဟိုင်၏ ယင်သတ်ဖြတ်ခြင်းလက်ဝါးနှင့် ရင်ဆိုင်ရာတွင် ပြီးပြည့်စုံသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ။!"
လျူယွန်ဟိုင်သည် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချင်ယွင်ဆီသို့ ပစ်၀င်လာသည့် အနီရောင်မှိုင်းမှိုင်း ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ တခဏချင်းမှာပဲ ချင်ယွင်ရှေ့သို့ သူရောက်လာပြီး သူ၏လက်ဝါးကို အညှာတာကင်းမဲ့စွာ ရိုက်ထုတ်လိုက်သည်။
လက်ဝါးတစ်ချက်ရိုက်လိုက်ခြင်းဖြင့် လျူယွန်ဟိုင်၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသော မြွေငယ်လေးများသည် ချက်ချင်းပင် အသက်၀င်လာပုံရပြီး ချင်ယွမ်ဆီသို့ လှမ်းကိုက်လိုက်သည်။
"ဒီလို လျင်မြန်မူ အရှိန်ဟုန်နဲ့ ဒီလို လွှမ်းမိုးကြီးစိုးမူရှိတဲ့ ယင်သတ်ဖြတ်ခြင်း လက်ဝါးပါလား" လူတိုင်းဟာ ထိတ်လန့်စွာ အော်ဟစ်ကြသည်။ သူတို့၏မျက်လုံးများ တွင် လျူယွန်ဟိုင်သည် ငရဲမှထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဗုဒ္ဓသတ်ဖြတ်သူနှင့်တူနေသည်။
"ချင်ယွင် သေသွားပြီလား!" ဒါက လူတိုင်း၏ စိတ်ထဲမှာ တွေးနေသော အတွေးများ ဖြစ်သည်။
သို့သော်၊ လျူယွန်ဟိုင်၏လက်ဖဝါးသည် ချင်ယွင် ကို သတ်ပစ်လိမ့်မည်ဟု လူတိုင်း ထင်နေကြသကဲ့သို့ လျူယွန်ဟိုင်၏လက်ဖဝါးကလည်း ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်သွားခဲ့သည်။
"ဒါက...ပုံရိပ်ယောင်များ ဖြစ်နေမလား?"
လျူယွန်ဟိုင်၏ သူငယ်အိမ်များသည် ချက်ချင်းပင် ကျယ်လာပြီး သူ၏လက်ဝါးသည် ချင်ယွင်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
"ခင်ဗျားရဲ့အမြန်နှုန်းက အရမ်းနှေးလွန်းတယ်!" ထိုအချိန်တွင် လျူယွန်ဟိုင်၏ နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
လျူယွန်ဟိုင်သည် ရုတ်တရက် ခေါင်းလှည့်လိုက်တော့ ချင်ယွင်ကို အေးစက်သော အပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဒါက ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ၊ သူက ငါ့နောက်ကို ဘယ်တုန်းက ပြေးသွားတာလဲ။" လျူယွန်ဟိုင်သည် ထိတ်လန့်သွားပြီး သူ့နောက်မှာရှိနေသော ချင်ယွင်ကို အလျင်အမြန် ရိုက်ချလိုက်သည်။
"အင်...နောက်ထပ် ပုံရိပ်ယောင်တခုလား?"
လျူယွန်ဟိုင် အံ့ဩသွားသည်။
သူသည် ချင်ယွင်၏ ပုံသဏ္ဍာန်ကို အမှန်တကယ် ဖမ်းဆုပ်လို့ မရခဲ့တာလား။
ယင်သတ်ဖြတ်ခြင်းလက်ဝါးကို အစွမ်းကုန်အသုံးပြုပါက ၎င်း၏အရှိန်ဟုန်သည် လေးဆတိုးလာမည်ကို သိထားရမည်ဖြစ်သည်။ ဤအမြန်နှုန်းသည် သာမန် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်၏ အမြန်နှုန်းထက် လုံး၀ နိမ့်ကျလိမ့်မည် မဟုတ်ပေ၊ သို့သော်ငြားလည်း သူသည် ချင်ယွင်၏ရုပ်သွင်ကို မဖမ်းဆုပ်နိုင်သေးပေ။
"မဟုတ်ဘူး... ဒါက လုံးဝမဖြစ်နိုင်ဘူး၊ ငါ မင်းကိုသတ်ပစ်မယ်!"
လျူယွန်ဟိုင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီ သည် ချင်ယွမ်ဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
သို့သော် သူတိုက်ခိုက်လိုက်တိုင်း၊ သူသည် ချင်ယွင် ၏နောက်သို့ လိုက်ပါသွားနေရသည်။ ဒါက သူ့ကို လုံးဝ ရူးသွပ်စေသည်။ သူဂုဏ်ယူခဲ့ရသော အရှိန်အဟုန်သည် အမှန်တကယ်အားဖြင့် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တဦး၏ စော်ကားခြင်းကို ခံနေရသည်။ ဒါကို သူဘယ်လိုလက်ခံနိုင်မှာလဲ။
"ဒါ…"
ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ အားလုံး အံသြသွားကြကာ ဒုတိယဖက်တီးနှင့် လျူရန်ယွင်၏ မျက်လုံးများပင် ပြူးကျယ်သွားကြသည်။
ဤအခိုက်အတန့်တွင် သာမန်လူများအနေဖြင့် ချင်ယွင်၏ရုပ်သွင်ကို ဖမ်းဆုပ်နိုင်စွမ်း မရှိသည်မှာ သဘာဝအတိုင်းပင်။ သူတို့မျက်လုံးထဲတွင် ချင်ယွင် ၏ရုပ်အသွင်ကို စားသောက်ဆိုင်တစ်ခုလုံးတွင်သာ မြင်နိုင်ကြသည်။
ထိုအချိန်တွင်၊ လျူယွန်ဟိုင်သည် စားသောက်ဆိုင်အတွင်း၌ အရူးအမူး ရိုက်နှက်နေ သော်လည်း ဘာမှမတွေ့ရပေ။
"အဆုံးသတ်ဖို့ အချိန်တန်ပြီ!"
ထိုအချိန်တွင် ချင်ယွင်၏ရုပ်အသွင်သည် လျူယွန်ဟိုင်၏နောက်တွင် ပေါ်လာသည်။
လျူယွန်ဟိုင်သည် ချက်ခြင်းပင် ထိတ်လန့်သွားပြီး သူ့ကိုယ်သူ ကာကွယ်ရန် အလျင်အမြန် ပြင်ဆင်လိုက်သည်။
သို့သော် ချင်ယွင်၏အရှိန်ဟုန်သည် မြန်လွန်း၏။ ချက်ချင်းပင် သူ၏လက်၀ါးကို လက်ဖဝါးဓားအဖြစ် ပြောင်းကာ လက်ဝါးတစ်ဖက်နှင့် ခုတ်ချလိုက်သည်။
စူးရှသော မိုးပြာရောင်ဓားသွားသည် မိုးပြာရောင်လျှပ်စီးကဲ့သို့ ချက်ခြင်း ဖြတ်သန်းသွားသည်။
"မဟုတ်ဘူး…"
လျူယွန်ဟိုင်သည် အလွန်မင်း မလိုလားအပ်သော ဟစ်အော်သံကို ထုတ်ဖော်လိုက် သော်လည်း သူ၏ခန္ဓာကိုယ်ကို ပခုံးမှ ခါးအထိ ဓားလက်ဝါးက တစ်ဝက်စီ ခွဲခြားသွားသည်။
"သေသွားပြီ...သေသွားပြီလား!"
ခန္ဓာကိုယ်နှစ်ခြမ်း ကွဲသွားသော လျူယွန်ဟိုင်ကို ကြည့်ရင်း ကြည့်ရှုသူများသည် စကားမပြောနိုင်လောက်အောင် အံ့သြသွားကြသည်။
ဒုတိယ ဖက်တီးနှင့် လျူရန်ယွင်တို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပါးစပ်ကိုပင် ကျယ်ကျယ်ဖွင့်နေကြသည် ။
သို့သော် ချင်ယွင်သည် အောင်ပွဲအတွက် အနည်းငယ်မျှ ပျော်ရွှင်မှု မရှိခဲ့ပေ။ လူအုပ်ထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်လာသော လူငယ်ကို သိမ်းငှက်မျက်လုံးများနှင့်တူသော သူ၏မျက်လုံးများဖြင့် လှမ်းကြည့်ရင်း သူ၏မျက်နှာပေါ် လေးနက်သော အမူအရာ ပေါ်လာသည်။
ဒါက တဖက်စောင်းနင်း အမှန်တကယ်ဖြစ်လာမည့် လှိုင်းတစ်ခု၊ တစ်ဖန်မြင့်တက် လာသော နောက်ထပ် လှိုင်းတစ်ခုပင် ဖြစ်လေသည်။