← Chapters

မိုးခြိမ်းသံလို ပေါက်ကွဲခြင်း

Vol. 1 Ch. 10

မိုးခြိမ်းသံလို ပေါက်ကွဲခြင်း

Vol. 1 Ch. 10

အခန်း (၁၀) မိုးခြိမ်းသံလို ပေါက်ကွဲခြင်း

"ငါတို့ရဲ့ချင်နင်းမြို့မှာ "သဘောတရား"ကို နားလည်နိုင်တဲ့ ပါရမီရှင်တစ်ဦး ရှိနေလိမ့် မယ်လို့ ငါ အမှန်တကယ်ကို မမျှော်လင့်ထားခဲ့ဘူး။"

ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ လျူယွန်ဟိုင်ကို ချင်ယွင် သတ်ဖြတ်မှုတွင် နစ်‌မြောနေကြသော ပတ်ဝန်းကျင်မှ လူများသည် စကားပြောနေသော လူငယ်ကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားကြပြန်သည်။

"လျူကလန်မှ သခင်လေး လျူဖင်းရှန်၊ ချင်နင်းမြို့ရဲ့ အိမ်ရှေ့မင်းသားလေးက အဘယ်ကြောင့် ယခု ဤနေရာတွင် ရှိနေရသနည်း။"

"ဒီအိမ်ရှေ့မင်းသားလေးက ချင်ယွင်အတွက် ဒီနေရာကို ရောက်ရှိလာတာလား။ သူပြောတဲ့ပါရမီရှင်ဆိုတာက ချင်ယွင်ကိုများလား။ "လူတိုင်း အံ့ဩနေကြသည်။

ဒုတိယ ဖက်တီးနှင့် လျူရန်ယွင်တို့သည် လျူယွန်ဟိုင်ကို ချင်ယွင်မှ သတ်လိုက်သော ကြောင့် မူလက ပျော်ရွှင်နေကြသော်လည်း လျူဖင်းရှန်သည် လူအုပ်ထဲမှ ထွက်လာသည်ကို မြင်တွေ့လိုက်သော အခါတွင် သူတို့၏ မျက်နှာများပေါ်ရှိ အပြုံးများသည် ချက်ချင်း အေးခဲသွားပြီး ပြာနှမ်းသွားခဲ့ရသည်။

ချင်နင်းမြို့မှ လျူကလန်အကြီးအကဲ လျူထန်းရှင် ၏ အငယ်ဆုံးသား လျူဖင်းရှန်သည် ယခုအချိန်တွင် အသက်ဆယ့်ခြောက်နှစ်ရှိပြီ ဖြစ်သည်။ သူသည် န၀မအဆင့် ကောင်းကင်အလွှာ၏ အထွတ်အထိပ်တွင်ရှိပြီး ၎င်း၏အကြီးဆုံးအစ်ကို လျူမုဟိုင် ပြီးနောက် ချင်နင်းမြို့၌ ပါရမီရှင်နောက်တစ်ဦး ဖြစ်သည်။

လျူဖင်းရှန်သည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ လျှောက်လာပြီး ချင်ယွင်ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်သည်။

သူ၏နောက်တွင် ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်ရှိသည်။ သူသည် ခန္ဓာကိုယ်က ခါးကိုင်းပြီး ထော့နဲ့ ထော့နဲ့ဖြင့် လျှောက်လာသည်။ သူ၏ပုံစံက အံ့အားသင့်စရာ မရှိပေ။ သို့သော် သူ၏မျက်လုံးများသည် အလွန်စူးရှသည်။ သူသည် မြွေပွေးကဲ့သို့ ခံစားချက်ကို ပေးသည်။ သူ့ကို စိုက်ကြည့်လိုက်သည်နှင့် ခြေမျက်ရိုးတလျှောက် အေးစက်သွားလိမ့်မည်။

"သိုင်းသခင်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာ" ချင်ယွင်သည် ဆံပင်ဖြူ အဘိုးအို၏ ကျင့်ကြံမှုကို မြင်သောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။

သူ၏ ကျင့်ကြံမူမှာ ပြန့်ကျဲသွားသော်လည်း သူ၏စိတ်ဝိညာဉ်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင် ရှိနေသေးသည်။ ထို့ကြောင့်၊ အဘိုးအိုသည် သိုင်းသခင်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်သည်နှင့် သူသိသည်။

ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ပို၍ လေးနက်လာသည်။ အစပိုင်းတွင် သူသည် လျူဖင်းရှန်၏ ကိုယ်ပိုင်အဆင့်တန်းကြောင့် ဖိအားများကိုသာ ခံစားခဲ့ရ သော်လည်း သူ စိတ်မပူပေ။

သို့သော် ဤအဘိုးကြီး၏အသွင်အပြင်သည် ချင်ယွင်ကို ထိတ်လန့်စေခဲ့သည်။

သိုင်းသခင်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာ ပညာရှင်တဦးသည် သူ၏ ဝှက်ဖဲကို အသုံးမပြုပါက သူ့အတွက် သေချာပေါက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ပထမအချက်၊ သူ၏ ကျင့်ကြံမူ ကန့်သတ်ချက်များကြောင့် အလယ်အလတ်အဆင့် အထက် မည်သည့်သိုင်းပညာရပ်ကိုမျှ သူ အသုံးမပြုနိုင်‌ပေ။ ဤသိုင်းပညာရပ်များ ကြောင့် သူကုန်ဆုံးရမည့် ဝိညာဉ်စွမ်းအင်ပမာဏသည် သူ၏ ကျင့်ကြံမူအဆင့်ဖြင့် ခံနိုင်ရည်ရန် အတော့်ကို ၀န်လေးလွန်းသည်။

၎င်းသိုင်းပညာရပ်သည် အလယ်အလတ်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာရပ် ဖြစ်လျှင်ပင်၊ သူသည် တစ်ကြိမ်သာ လှုပ်ရှားနိုင်ပြီး ဝိဉာဏ်ချီပမာဏ ကုန်ခမ်းသွားနိုင်သည်။ ထို့အပြင်၊ ချင်ယွင်သည် အလယ်လတ်အဆင့် အဆင့်မြင့် တန်းစား သိုင်းပညာရပ်ကိုအသုံးပြုရန် သူ၏စွမ်းအားရှိသမျှကို အသုံးပြုခဲ့လျှင်ပင်၊ သူသည် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူကို သာ သတ်ပစ်နိုင်မည် ဖြစ်သည်။

တတိယအဆင့် ကောင်းကင်အလွှာကို ရင်ဆိုင်ရာတွင် ချင်ယွင်သည် အနိုင်ရရန် အခွင့်အလမ်းနည်းပါးသည်။ သူ၏ဝှက်ဖဲကို အသုံးပြုမယ်ဆို အဘိုးအိုကို သူ သတ်ပစ်နိုင်သည်။ သို့သော် သူ၏ ဝှက်ဖဲအတွက် သူပေးဆပ်ရမည့်တန်ဖိုးက အလွန်ကြီးမားလွန်းသည်။ မလိုအပ်ပါက ချင်ယွင်သည် လုံးဝ အသုံးမပြုချင်ပေ။

ယခု သူလုပ်ရမည့် အကောင်းဆုံးအရာက လွတ်မြောက်ဖို့ပါပဲ။

သူထွက်သွားချင်ရင် ဤကွင်းပြင်ထဲမှာ မည်သူမှ သူ့ကို တားလို့မရပါဘူး။

သို့သော် ဤနေရာတွင် သူ၏အစ်မနှင့်အတူရှိနေပြီး သူ၏အစ်မကို ထားခဲ့ပြီး တစ်ယောက်တည်း သူ ထွက်မသွားချင်ပေ။

"ငါတို့ ဘာလုပ်သင့်လဲ?"

ချင်ယွင်သည် သူ၏စိတ်ထဲတွင် တွေးနေမိသည်၊ ယခု တစ်ခုတည်းသော နည်းလမ်းမှာ အဘိုးအိုကို ရန်မစမိအောင် ကြိုးစားရန် ဖြစ်သည်။

"ချင်ယွင်၊ ငါတို့ လျူကလန်ရဲ့ ဘဏ္ဍာစိုးကို သတ်ခဲ့တဲ့ မင်းအပြစ်ကို မင်းသိလား" လျူဖင်းရှန်သည် စားသောက်ဆိုင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး မောက်မာစွာ ပြောလိုက်သည်။

"သခင်လေး လျူဖင်းရှန်က လက်စားချေချင်လို့လား?" ချင်ယွင်၏အမူအရာသည် အေးစက်သွားပြီး သူ၏မျက်လုံးများက ချက်ချင်းပင် နိုးနိုးကြားကြားရှိလာသည်။

"ဟမ့်၊ သူက ကျွန်​​တစ်​​ယောက်သာသာပဲလေ။ သူ​သေသွားမှတော့ ငါ ဂရုမစိုက်​ဘူး။ ဒါပေမယ့် သူက ငါ့လျူကလန်ရဲ့ အဖွဲ့ဝင်​တစ်​​ယောက်​ ဖြစ်နေတယ်။ငါ့ လျူကလန်ရဲ့ အဖွဲ့ဝင်​တစ်​​ယောက်​ကို သတ်​လိုက်​တာက ကြီးကျယ်​တဲ့ ရာဇဝတ်​မှုကြီးပဲ။ အခု​တော့ မင်းရဲ့အသက်ကို ကာကွယ်​ဖို့ တစ်​နည်းပဲ ရှိတော့တယ်​" လျူဖင်းရှန်က မခိုးမခန့် ရယ်ကာ ပြောလိုက်သည်။

"ဘာနည်းလမ်းလဲ?" ချင်ယွင်သည် မျက်လုံးမှိတ်လိုက်သည်။

လျူဖင်းရှန်သည် ချင်ယွင်ကို စူးစူးရဲရဲစိုက်ကြည့်ကာ "ကျိန်ဆိုပါ။ သွေးသစ္စာကျိန်ဆိုပါ။ ငါ့ကို သခင်အဖြစ် အမူထမ်းပါ့မယ်လို့!"

ချင်ယွင်သည် ချက်ချင်း ရယ်မောလိုက်သည်။ အင်အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ ဂုဏ်သိက္ခာရှိသော သားတော်သည် သူ၏သခင်အဖြစ် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တ‌ယောက်ကို အစေခံအဖြစ် မည်ကဲ့သို့ အမူထမ်းနိုင်မည်နည်း။ အကယ်၍ သူ့ကိုသေစေချင်သော အင်အင်မော်တယ်ကမ္ဘာမှ အပေါင်းအဖော်များသည် ဤအကြောင်းကို သိခဲ့လျှင် ကျယ်လောင်စွာ ရယ်မောကြမည် မဟုတ်ပါလော။

ထို့အပြင် ချင်ယွင်၏ မာနအရ သူသည် အခြားသူများကို လက်အောက်ခံလိုစိတ် မည်သို့ ရှိနိုင်မည်နည်း။ သူ့အတွက် အခြားသူများကိုအစေခံဖို့ တစ်ခုတည်းသောလမ်းက သူသေမှဘဲ ဖြစ်လိမ့်မည်။

"ဘာလဲ၊ မင်းမလုပ်ချင်ဘူးလား" လျူဖင်းရှန်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက်နေသည်။ ဒါက ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ခဲ့သည်။ သူ့ကို ကျွန်ဖြစ်စေခြင်းဖြင့် မျက်နှာပေးထားပြီးဖြစ်သော်လည်း သူက ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိပေ။

"တကယ်တော့ မင်းရဲ့ "သဘောတရားကို"နားလည်ခြင်းကြောင့်သာ၊ မဟုတ်ရင် မင်းရဲ့ သတ္တမအဆင့် ကောင်းကင်အလွှာအဖြစ် မင်းရဲ့ကျင့်ကြံမူနှင့်ဆို ငါ့ကျွန်ဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်ဘူး။" လျူဖင်းရှန်သည် အေးစက်စွာ ဆက်ပြောသည်။

"ခင်ဗျားရဲ့ ချစ်ခင်မူအတွက် ကျေးဇူးတင်ပါတယ် သခင်လေး၊ ဒါပေမယ့် ကျုပ်က လွတ်လပ်မှုကို ကြိုက်တယ်။" ချင်ယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

လျူဖင်းရှန်နှင့် မတိုက်ချင်သော်လည်း ကျွန်ဖြစ်ရန်တော့ လုံးဝမဖြစ်နိုင်ပေ။

လျူဖင်းရှန်၏ အယူအဆအရ၊ ၎င်း"သဘောတရား "ကို နားလည်ခြင်းသည် ကျင့်ကြံသူ တဦး၏ ကောင်းကင်နှင့်မြေကြီးကို အမှန်တကယ် နားလည်မှုဖြစ်‌နေပုံရသည်။

ဤနားလည်မူဉာဏ်အမြင်ကိုလည်း သဘောတရားကိုနားလည်ခြင်းနယ်ပယ်၊ သိမ်မွေ့ နက်နဲသောနယ်ပယ်၊ အံ့သြဖွယ်နယ်ပယ်၊ နိယာမနယ်ပယ်နှင့် ကောင်းကင်တာအို နယ်ပယ်ဟူ၍ ငါးမျိုး ခွဲခြားထားသည်။

၎င်းတို့အနက် သဘောတရားကို နားလည်ခြင်းနယ်ပယ်ကို အဆင့်ဆယ်ဆင့် ခွဲခြားထားပြီး သိမ်မွေ့နက်နဲခြင်းနယ်ပယ်နှင့် အံ့ဩဖွယ်နယ်ပယ်တို့ကိုလည်း သေးငယ်သောပြည့်စုံခြင်း၊ ကြီးမြတ်သော ပြည့်စုံခြင်းနှင့် ပြီးပြည့်စုံခြင်းဟူ၍သာ ပိုင်းခြားထားသည်။

နိယာမနယ်ပယ်၊ ကောင်းကင်တာအိုနယ်ပယ်တို့နှင့် ပတ်သက်၍ ၎င်းတို့သည် ပို၍ပင် ဝေဝါးနေခဲ့သည်။ အချို့သော အင်မော်တယ်များပင်လျှင် အလွန်မင်း ဉာဏ်ရည် နိမ့်ကျသည့်အတွက် ဝင်ရောက်နိုင်ခွင့် မရှိကြပေ။

ထိုအချိန်တုန်းက ချင်ယွင်သည် သူ၏‌ဓားပညာရပ်ကို လေ့ကျင့်သောအခါ လေတာအိုကို လေ့လာခဲ့သည်။ သူနားလည်ထားသော နယ်ပယ်သည် နိယာမနယ်ပယ် အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် နိယာမဥပဒေသများ၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း ဤနယ်ပယ်မှ ဖောက်ထွက်ပြီး ခြေတလှမ်းချရန်ပင် မည်မျှ ခက်ခဲခဲ့သနည်း?။

အစောပိုင်းလေးက သူ လျူယွန်ဟိုင်ကို သတ်သောအခါ၊ ချင်ယွင်သည် သူ၏ လှုပ်ရှားမှုနှင့် လက်ဝါးပညာရပ်များကို သူ၏ သဘောတရားကို နားလည်းခြင်း ဉာဏ်အမြင်ကို ပေါင်းစပ်ခဲ့သည်။ ချင်ယွင်၏ လက်ရှိအင်အားဖြင့်၊ သဘောတရားကို နားလည်ခြင်းနယ်ပယ်၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ သူ အသုံးပြုနိုင်သည်။

သိမ်မွေ့နက်နဲသောနယ်ပယ်သည် သိမ်မွေ့နက်နဲခြင်းနယ်ပယ်နှလုံးသားကို သိပ်သည်းရသည်။ ထို့ကြောင့် ချင်ယွင်သည် သိမ်မွေ့နက်နဲသောနယ်ပယ်နှင့် အံ့သြဖွယ်နယ်ပယ် နှစ်ခုလုံးကို အသုံးပြုရန် မဖြစ်နိုင်ပေ။ ချင်ယွင်၏ သိမ်မွေ့ နက်နဲခြင်းနယ်ပယ် နှလုံးသားသည် ကြေကွဲပျက်စီးသွားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး၊ ၎င်းကို တဖန်ပြန်လည် လိုချင်ပါက အချိန် အတော်ကြာအောင် ယူရဦးမည် ဖြစ်သည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!" လျူဖင်းရှန်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ၏မျက်လုံးများသည် လူသတ်ချင်စိတ်များ ပြည့်နှက်နေ သည်။ "မင်းရဲ့သဘောတရားကို နားလည်ရုံနဲ့ မင်းကိုယ်မင်း ပါရမီရှင် တစ်ယောက်လို့ မထင်လိုက်ပါနဲ့၊ ဒီသခင်လေးရဲ့ရှေ့မှာ မင်းဟာ ခွေးတစ်ကောင်လောက် နိမ့်ကျတယ်။ မင်းရဲ့သဘော တရားကို နားလည်မူက တော်တော်‌‌လေးနိမ့်ကျတယ်လို့ ငါထင်တယ်။ မင်း ကလန်ထဲဝင်သင့်တယ်။ ဒီသခင်လေးက မီးသဘောတရားရဲ့ ပထမအဆင့်သို့ ရောက်ရှိတော့မယ့် ပါရမီရှင်တစ်ဦးဖြစ်တယ်။ ငါ့ရဲ့ကျွန်ဖြစ်ရတာ မင်းအတွက် ဂုဏ်ယူစရာပဲ။"

"မီးစွမ်းရည်သဘောတရားရဲ့ ပထမအဆင့်လား?"

ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ ချင်နင်းမြို့ငယ်လေးတွင် သဘောတရားကို နားလည်ခြင်းနယ်ပယ်ရှိ ပါရမီရှင်တစ်ဦးကို တွေ့ရခဲကြောင်း သူဝန်ခံရမည်ဖြစ်သည်။

သို့သော် ချင်ယွင်၏ရှေ့တွင်၊ ဤပါရမီရှင်သည် သေးငယ်နုံရှာပြီး သောက်သုံးမကျသူ တယောက်ဖြစ်သည်။

"မင်းကို ထပ်မေးပါရစေ၊ မင်း ငါ့အစေခံဖြစ်ဖို့ ဆန္ဒရှိလား၊ မရှိဘူးလား" လျူဖင်းရှန် သည် စိတ်မရှည်တော့ဘဲ ချင်ယွင်ကို လင်းတကဲ့သို့ စိုက်ကြည့်နေသည်။ ချင်ယွင်က "ဆန္ဒမရှိဘူး" လို့ ပြောရဲသရွေ့ သူက သူ့ကို သတ်ပစ်လိမ့်မည်။

"မဖြစ်နိုင်ဘူး!" ချင်ယွင်၏အမူအရာက နှင်းများကဲ့သို့ အေးစက်နေသည်။

"ဒါဆိုလဲ သွားသေလိုက်!" လျူဖင်းရှန်က ဒေါသတကြီးပြောပြီး သူ၏ကိုယ်ပေါ်မှာ ဖုန်းကွယ်ထားသည့် သတ်ဖြတ်လိုသည့်ဆန္ဒများ ချက်ချင်း ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေသည်။ သူသည် လျူဖင်းရှန်ကို အေးစက်စွာ ကြည့်ပြီးနောက် သူ့နောက်တွင် တိတ်တဆိတ် ရပ်နေသော အဘိုးအိုကို ကြည့်လိုက်သည်။ ထိုနောက် သူသည် သူ၏ခါးပေါ်ရှိ ဓား‌ပျော့ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

"ငါ မူလကတော့ မင်းရဲ့လျူကလန်နဲ့ ရန်သူ မဖြစ်ချင်ခဲ့ဘူး။ ဒါပေမယ့် မင်းရဲ့ လျူကလန်က ငါ့ကို ထပ်ခါထပ်ခါ အတင်းအကြပ်လုပ်နေခဲ့တယ်။ ငါချင်ယွင် တိုက်ပွဲမှာ သေသွားရင်တောင် မင်းရဲ့ လျူကလန်ကို နာကျင်စရာတန်ဖိုးတခုပေးဆပ်ရအောင် ငါ လုပ်သွားဦးမယ်"။

ချက်ခြင်းပင်၊ ချင်ယွင်၏ တစ်ကိုယ်လုံးသည် လေပြင်းများ ချက်ခြင်း တိုက်ခတ်လာ သည်။ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မိုးပြာရောင် လေဓါးများ တဝဲလည်လည် ထွက်ပေါ်နေပြီး၊ သူ၏ ၀တ်ရုံများက တဖျတ်ဖျတ်အသံများ မှုတ်ထုတ်‌နေသည်။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏ဓားကို သူ၏လက်ထဲတွင် ကိုင်ထားပြီး သူ၏ တစ်ကိုယ်လုံးသည် မြေမှုန့်ထဲတွင်ရှိသည့် အင်အင်မော်တယ်ဓားတ‌ချောင်းကဲ့သို့ ဖြစ်နေသည်။

All Chapters