ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါ။
Vol. 1 Ch. 11
အခန်း (၁၁ ) ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါ။
"ဟမ့်၊ လျူယွန်ဟိုင်ကို သတ်နိုင်တာနဲ့ မင်းက ငါ့ရဲ့ လျူကလန်ကို စိန်ခေါ်ဖို့ ခွန်အားရှိတယ်လို့ ထင်နေလား? ငါ့ရဲ့ လျူကလန်ရှေ့မှာ မင်းက ပုရွက်ဆိတ် တစ်ကောင်ပဲ။ ဒီနေ့ ပုတ်ရွတ်တွေဟာ ပုရွက်ဆိတ် အသိဉာဏ်ပဲရှိတယ်ဆိုတာကို မင်းကို ငါသိအောင်ပြပေးမယ် “ လျူဖင်းရှန်သည် ချင်ယွင်၏စကားကို အထင်အမြင်သေးပြီး ကဲ့ရဲ့ရှုံ့ချသည်။
ပုရွက်ဆိတ်တကောင်က သစ်ပင်ကြီးတစ်ပင်ကို လှုပ်ခါရန် ကြိုးစားရဲသည်။ ဤအရာကို ရိုးရိုးရှင်းရှင်း ပြောရရင် သေမည် မသေမည်ကို မသိ၍ မဟုတ်ပါလား။
ဒီလိုနှင့် သူ၏လက်သီးများမှ ကြက်သွေးရောင်မီးလုံးနှစ်ခု ထွက်လာသည်။ ပူလောင်သော အငွေ့သက်က ချက်ချင်း ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင် အပူချိန်သည် ဒီဂရီများစွာ မြင့်တက်သွားခဲ့သည်။
"သေစမ်း၊ မီးမြွေအက!" လျူဖင်းရှန်သည် အော်ဟစ်ပြီး သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။ သူ၏လက်သီးများပေါ်မှာ တောက်လောင်နေတဲ့ မီးတောက်တွေ ဟာ ချက်ချင်းပင် ပန်းကန်လုံးအရွယ် မီးမြွေနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ချင်ယွင်ဆီး ပျံသန်းသွားခဲ့သည်။
မီးမြွေများသည် လေထဲသို့ ပျံတက်သွားပြီး ၎င်းတို့၏မီးတောက်များက ကောင်းကင်အနှံ့ ပျံ့နှံ့နေသည်။ မီးမြွေများ ပျံသန်းသွားလေရာလမ်းတလျှောက် စားပွဲများနှင့် ကုလားထိုင်များသည် ပြာများအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။
ဒီလို ကြောက်စရာကောင်းသည့် အပူချိန်သည် သာမန်လူကို ထိမိရင် သေစေလိမ့်မည်။ သာမန် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်ပင်လျှင် ၎င်းကို ထိပ်တိုက် မထိဝံ့ပေ။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ သိုင်းပညာရပ်လဲ။ ဒီမီးမြွေလေထဲအကပညာရပ်က အဆင့်နိမ့်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာရပ်တစ်ခုဆိုတာ သေချာပါတယ်။" ပတ်ဝန်းကျင်က လူများသည် တအံ့တသြ အော်ပြောကြပြီး အားလုံးဟာ လေးစားသည့် အရိပ်အယောင်များ ထင်ပေါ်နေသည်။
လျူဖင်းရှန်သည် လျူကလန်၏ ပါရမီရှင်တယောက်ဖြစ်ရန် ထိုက်တန်သည့်အပြင် သူ၏နောက်ခံဟာလည်း မတူထူးခြားသည်။
သာမာန်အားဖြင့်၊ သိုင်းပညာရှင်တစ်ဦးအတွက် အဆင့်နိမ့်အဆင့် အလယ်လတ် တန်းစား သိုင်းပညာရပ်ကို ထုတ်ဖော်ခြင်းသည် ကောင်းမွန်သော်လည်း လျူဖင်းရှန်သည် သူတိုက်ခိုက်ချိန်တွင် အဆင့်နိမ့်အဆင့် အဆင့်မြင့်တန်း စားသိုင်းပညာရပ်တစ်ခုကို အသုံးပြုခြင်း ဖြစ်သည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ။
သူ၏ ကျင့်ကြံမှုနှင့် နှိုင်းယှဉ်ပါက ချင်ယွင်သည် လျူဖင်းရှန်ထက် အဆင့်နှစ်ဆင့် အားနည်းသည်။
လျူဖင်းရှန်သည် လျူကလန်၏ အကြီးဆုံး သခင်လေးဖြစ်သည်။
"သဘောတရားကိုနားလည်ခြင်း" အရဆို၊ ချင်ယွင်သည် သဘောတရားကို နားလည်ခြင်းနယ်ပယ်သို့ ဝင်ရောက်စဖြစ်ကြောင်းနှင့် သူ၏ သဘောတရားကို နားလည်ခြင်းသည် သဘောတရားကို နားလည်ခြင်းနယ်ပယ်၏ ပထမအဆင့်သို့ ရောက်ရှိတော့ မည်ဖြစ်ကြောင်း လျူဖင်းရှန်က ပြောဆိုခဲ့သည်။
မည်သည့်ရူထောင့်ကကြည်သည်ဖြစ်စေ၊ ချင်ယွင်သည် သံသယမရှိ ရှုံးနိမ့်သွားရလိမ့် မည်။
သို့သော် ချင်ယွင်သည် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ သူသည် မလှုပ်မယှက် ရပ်နေပြီး မီးမြွေနှစ်ကောင် သူ့ဆီသို့ ပြေး၀င်လာသည်ကို ခွင့်ပြုထားပြီး သူကိုယ်တိုင်ကတော့ မထူးခြားသလို ရပ်တန့်နေသည်။
"ဟာဟား၊ မင်း မင်း ကြောက်နေပြီလား။ ဒါက ငါ့ရဲ့ အမြည်းပဲ ရှိသေးတယ် " လျူဖင်းရှန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်ရှိ အထင်အမြင်သေးမှုက ပိုပြင်းထန်လာသည်။
မီးမြွေနှစ်ကောင်သည် ချင်ယွင်ကို ကိုက်စားတော့မည်ကို မြင်လိုက်ရသည်၊ လူတိုင်းက ချင်ယွင်ကို သံသယမရှိဘဲ သေတော့မည်ဟု ထင်နေကြသည့်အချိန် ချင်ယွင်သည် လှုပ်ရှားလာပြီး သူ၏ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
အစိမ်းရောင် ဓားအလင်းတစ်လက် လင်းလက်လာပြီး မီးမြွေနှစ်ကောင်သည် ခါးအလည်မှ ချက်ခြင်း ပြတ်တောက်သွားကာ လေထဲသို့ ပျံ့လွင့်သွားသည်။
"အယ်?"
ချင်ယွင်သည် လျူဖင်းရှန်၏ လှုပ်ရှားမှုကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သောကြောင့် ရောက်ရှိ နေသူအားလုံး အံ့သြသွားကြသည်။
"မင်းမှာ တခြားဘာလှုပ်ရှားမှုတွေရှိလဲ၊ အဲဒါကိုသုံးကြည့်လိုက်ပါ။ ဒီစွမ်းရည်လေး တွေက ငါ့ကို ထိခိုက်မှာ မဟုတ်ဘူး။" ချင်ယွင်၏ အမူအရာက အေးစက်၏။
အစမှအဆုံးအထိ လျူဖင်းရှန်ကို သူ၏ပြိုင်ဘက်အဖြစ် မမှတ်ယူခဲ့ပေ။
သူ၏မျက်လုံးများတွင် သူကြောက်သောအရာမှာ စကားမပြောဘဲ လျူဖင်းရှန် နောက်တွင် ရပ်နေသော အဘိုးအိုဖြစ်သည်။
လျူဖင်းရှန် ဒေါသထွက်သွားသည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် သူ့ကို အထင်မြင်သေးလွန်း၏။ သူသည် လျူကလန်၏ ဂုဏ်သိက္ခာရှိသော သခင်လေးတစ်ဦး ဖြစ်သည်။ ချင်နင်းမြို့မှ ဒုတိယပါရမီရှင်သည် လူနုံလူအတစ်ယောက်၏ မထီမဲ့မြင် ပြုခြင်းကို အမှန်တကယ် ခံနေရသည်။ ဒါကို သူဘယ်လိုလုပ် ခံနိုင်ရည် ရှိနိုင်မလဲ။
"ငါ မင်းကို သေစေချင်တယ်!"
လျူဖင်းရှန်သည် ကျားသစ်အရူးတကောင်လို အော်လိုက်သည်။ နီမြန်းသော မီးတောက်များ ချက်ချင်းထွက်လာပြီး သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သူ၏မျက်လုံးများပင်လျှင် နီမြန်းသော မီးတောက်များဖြင့် တောက်လောင်နေသည်။ သူ၏လက်များကို ဝှေ့ယမ်းကာ ဦးခေါင်းအရွယ်အစားရှိ မီးလုံးရှစ်လုံးသည် ချင်ယွင်ဆီသို့ ပစ်၀င်သွားခဲ့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မီးတောက်လဲ!"
လျူဖင်းရှန် ရူးသွပ်သွားသည်ကို ဘေးမှကြည့်သူများ မြင်သောအခါ သူတို့၏ နှလုံးသားများသည် ခုန်ပေါက်သွားကြသည်။ လျူဖင်းရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင် မီးတောက်များ၏ တောက်လောင်နေသော အပူဒဏ်ကြောင့် ၎င်းတို့၏ ပါးပြင်ပေါ် ပူလောင်နာကျင်ခြင်းကို ခံစားနေကြရဆဲပင်။ နည်းနည်းလောက် ထိမိလိုက်သည်နှင့် သူတို့တစ်ကိုယ်လုံး ပြာဖြစ်သွားမည် မဟုတ်ပါလား။
"အလုပ်မဖြစ်ဘူး!" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ဘေးနားရှိ လေလှိုင်းများသည် ချက်ချင်းပေါက်ကွဲသွားပြီး မီးလုံးရှစ်လုံးအား မရေမတွက်နိုင်သော မီးပွားများအဖြစ်သို့ တိုက်ရိုက်ဖြတ်တောက်ကာ မြေပြင်တစ်ခုလုံး ပြန့်ကျဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ လုံးဝမဝင်ရောက်နိုင်တော့ပေ။
ထို့အပြင် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေပြီး အေးမြသောအငွေ့သက်ကို အဆက်မပြတ် ထုတ်လွှတ်နေ သည်။ ထို့ကြောင့် လျူဖင်းရှန်၏ မီးတောက်များသည် ကြောက်မက်ဖွယ်ကောင်း သော်လည်း ချင်ယွင်ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ပေ။
"မဟုတ်ဘူး၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ငါ့ရဲ့တိုက်ခိုက်မှုကို ဘယ်လိုလုပ် တားဆီးနိုင်ရတာလဲ။ ဒါက အဆင့်နိမ့်အဆင့် အလယ်အလတ်တန်းစား သိုင်းပညာရပ် တစ်ခုလေ။" လျူဖင်းရှန်သည် ထိတ်လန့်သွားပြီး မလိုလားမူနှင့်အတူ အော်ပြောလိုက် သည်။
သူ၏တစ်ကိုယ်လုံး ချက်ခြင်း ရှေ့ထွက်လာပြီး ချင်ယွင်ဆီသို့ ပစ်၀င်လိုက်သည် ။
"ဒါက အသုံးမကျဘူး ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားကို တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းသည် တဖျပ်ဖျပ်လင်းလက်ကာ လျူဖင်းရှန်၏ ခန္ဓာကိုယ်ပေါ် နက်ရှိုင်းသည့် ဒဏ်ရာတစ်ခု စုတ်ဖြဲသွားကာ သူ့ကို လွင့်ထွက်သွားစေခဲ့သည်။
"ဘာလဲဟ?"
လူတိုင်း အံသြသွားကြသည်။ ချင်ယွင်သည် လျူဖင်းရှန်ကို အဝေးကို လွင့်ထွက်သွား စေရန် တစ်ခုတည်းသော လှုပ်ရှားမှုကို အသုံးပြုခဲ့ပြီး လျူဖင်းရှန်ကိုလည်း အထင်သေးထားပုံရသည်။
လျူဖင်းရှန်ကများ အရမ်းအားနည်းနေတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လျူယွန်ဟိုင်သည် လျူဖင်းရှန်၏ မီးတောက်များ အောက်တွင် တစ်စက္ကန့်မျှ ကြာအောင် မနေနိုင်သော်လည်း ဤကြောက်စရာကောင်း သော မီးတောက်သည် ချင်ယွင်ကို လုံးဝမထိခိုက်စေနိုင်ခဲ့ပေ။
မဟုတ်ဘူး၊ ချင်ယွင်က သန်မာလွန်းနေတာ။ န၀မအဆင့် ကောင်းကင်အလွှာတွင် အထွတ်အထိပ်ရောက်နေသော လျူဖင်းရှန်ပင်လျှင် သူ၏ပြိုင်ဘက်ဖြစ်ရန် ဝေးကွာနေပါသည်။
ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာနိုင်ရတာလဲ?
လျူရန်ယွင်သည် သူမ၏မောင်ငယ်ကို ထိတ်လန့်စွာကြည့်နေသည်။ သူမ၏ မောင်ငယ်လေးသည် မည်သည့်အချိန်ကတည်းက ဒီလောက်ထိ အစွမ်းထက်လာရသ နည်း?။
၀မ်ဒါဟူမှ လျူကျင်း၊ လျူယွန်ဟိုင်၊ လျူဖင်းရှန် ထိတိုင်အောင် သူမမောင်လေးနှင့် ပတ်သက်ပြီး အချိန်တိုင်း အထင်ကြီးမူမရှိသလို မြင့်မြင့်မားမားလည်း တွေးထားခြင်းမရှိပေ။ ဒါပေမယ့် သူမမောင်လေးသည် သူ၏ပြိုင်ဘက်များကို အနိုင်ယူပြီး သူမမျှော်လင့်ချက်ကိုကျော်လွန်ကာ အချိန်မရွေး သတ်ပစ်နိုင်ခဲ့သည် ။
သူမမောင်ငယ်၏ နောက်ကျောကို တည့်တည့်ကြည့်ရင်း သူ၏နောက်ကျောသည် အလွန်ကြီးကျယ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ချင်ယွင်သည် ပတ်ဝန်းကျင်မှလူများ၏ ထိတ်လန့်တုန်လှုပ်သောအကြည့်များကို လျစ်လျူရှုထားပြီး မြေပြင်ပေါ်လဲကျသွားသော လျူဖင်းရှန်ကိုပင် မကြည့်။ အဲဒီအစား သူသည် ဆံပင်ဖြူ အဘိုးကြီးကို စိုက်ကြည့်နေသည်။
လက်ထဲမှာ ဓားကိုင်ထားသည့်ချင်ယွင်နှင့်လက်ထဲမှာ ဓားမပါသည့် ချင်ယွင်တို့ကြား ကွာဟချက်က မကြီးဘူးလို့ ထင်ရပေမယ့် နှစ်ခုကြားကကွာဟချက်ဟာ တကယ်တော့ ကြီးမားလှ၏။
ချင်ယွင်သည် သူ၏ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်တိုင်း ပတ်ဝန်းကျင်က လူတွေ မြင်သလို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းခြင်းမဟုတ်ပေ။ ၎င်းတွင် လေထုဖြတ်တောက်ခြင်း သဘောတရားအလွှာတစ်ခု ပါရှိသည်။
ဟုတ်ပါသည်၊ ဒါက ချင်ယွင်အသုံးပြုနိုင်သည့် ကန့်သတ်ချက် ဖြစ်နေပါပြီ။ သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်သည် လေထုဖြတ်တောက်ခြင်းသဘောတရားအလွှာကို အသုံးပြုနိုင်ရန်သာ သူ့ကို ထောက်ပံ့ပေးနိုင်ပါသည်။
တကယ်တော့ လူတိုင်း၏ နားလည်မှုများသည် မတူညီကြပါဘူး။ တူညီသော ဒြပ်စင်ပင်လျှင် ရှုထောင့်များစွာ ရှိပါသည်။ ဥပမာအားဖြင့်၊ လေဒြပ်စင်များတွင် ပေါ့ပါးဖြတ်လတ်ခြင်း၊ ဖြတ်တောက်ခြင်းနှင့် အသွင်ပြောင်းခြင်းစသည့် စွမ်းရည်သုံးရပ် ရှိပါသည်။
ထိုအချိန်တုန်းက၊ ချင်ယွင်သည် လေစွမ်းရည်သဘောတရားကို နားလည်သောအခါ၊ လေထုဖြတ်တောက်ခြင်း၏ သဘောတရားကို သူ နားလည်ခဲ့သည်။ ထို့နောက်၊ သူသည် လေထုဖြတ်တောက်ခြင်း သိမ်မွေ့နယ်ပယ်နှလုံးသားကို သိပ်သည်းနိုင်ခဲ့ပြီး သိမ်မွေ့နက်နဲခြင်းနယ်ပယ်ကို ပြောင်းလဲဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် သူသည် အံ့ဖွယ်နှလုံးသားနယ်ပယ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် နိယာမများနှင့် ရှေးဟောင်းခေတ် ဖရိုဖရဲလေဒြဗ်စင်၏ သဲလွန်စများကို နားလည်ပြီး အံ့ဖွယ်နှလုံးသားနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့သည်။ (သဘောတရားကို နားလည်ခြင်း နယ်ပယ်၊ သိမ်မွေ့နက်နဲခြင်းနယ်ပယ်၊ အံ့သြဖွယ်နယ်ပယ်) သုံးခုကို နားလည်ခဲ့သည် ဟူလို။
လျှောက်ရမည့်လမ်းကြောင်းများသည် မရေမတွက်နိုင်အောင် ရှိသောကြောင့် လေဒြပ်စင်များကို နားလည်သူများပင် ထိုလမ်းကြောင်းများအတိုင်း မလျှောက်လှမ်း နိုင်ကြပေ။
အခြားဥပမာတစ်ခုမှာ လျူဖင်းရှန် ဖြစ်သည်။ သူနားလည်ထားသော လောင်ကျွမ်းခြင်း မီး၏အပူရှိန်သည် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ဖြင့် အရာအားလုံးကို အရည်ဖျော်နိုင်ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ အရာအားလုံးကို စောင့်ကြည့်နေသော ဆံပင်ဖြူအဘိုးကြီးသည် မထူးခြားသလို လှုပ်ရှားလာသည်။ သူသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းပြီး လျူဖင်းရှန်၏ ရင်ဘတ်ပေါ်မှ သွေးများကို ရပ်တန့်လိုက်သည်။ ထို့နောက် ချင်ယွင်ကို ကြည့်ရန် သူ၏ခေါင်းကို မြှောက်လိုက်သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ တုန်လှုပ်သွားသည်။
"ငါ အရေးယူမှာလား ဒါမှမဟုတ် မင်း ကိုယ့်ကိုယ်ကို သတ်သေမှာလား။" အဘိုးအို၏ အသက်အရွယ်ကြီးရင့်သော အသံက ထွက်ပေါ်လာပြီး သူ၏မျက်လုံးများက အနည်းငယ် အေးစက်နေပြီး သတ်ပစ်ချင်စိတ်များ လေထဲတွင် ပြည့်နေသည်။
ချင်ယွင်က ရယ်မောလိုက်သည်။ လျူကလန်မှဤလူများသည် အဘယ်ကြောင့် ဤမျှ မာန်မာနထောင်လွှားခဲ့ကြသနည်း။
ဒါက ကိုယ့်ကိုကိုယ် ဖျက်စီးနေတာ မဟုတ်လား။
ခင်ဗျားက သိုင်းသခင်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူ ဆိုရင်ရော ဘာဖြစ်လဲ။
ခင်ဗျားက လျူကလန်ရဲ့ အကြီးအကဲတစ်ယောက်ဆိုရင်ကော ဘာဖြစ်လဲ။
ကျုပ်လက်ထဲက ဓားကိုရော ခင်ဗျား မေးဖူးလား။