ကြောက်ခမန်းလိလိ သတ်ဖြတ်လိုသည့်ဆန္ဒ
Vol. 1 Ch. 12
အခန်း (၁၂) ကြောက်ခမန်းလိလိ သတ်ဖြတ်လိုသည့်ဆန္ဒ
အဘိုးအိုသည် အများကြီး အဓိပ္ပာယ်မဲ့သူဖြစ်သည်။ ချင်ယွင်၏ နှုတ်ခမ်းထောင့် အပေါ်ကို တွန့်ကွေးသွားသည်နှင့် အဘိုးကြီးသည် ချင်ယွင်၏ အဖြေကို သိလိုက်သည်။
သူ၏ခြေထောက်ကို ဆောင့်လိုက်သည်နှင့် မြေပြင်သည် ဆီးနှင်းများဖြင့် ဖုံးလွှမ်းသွားသည်။ အအေးဓာတ်က စားသောက်ဆိုင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အနီးနားရှိ လူများသည်ပင် ကူရာမဲ့ တုန်လှုပ်သွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ် သွားကြသည်။
ဝှီး!
အဘိုးအို၏ မတ်စောက်သော ခန္ဓာကိုယ်သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ သူ၏လက်ထဲတွင် ရေခဲဓားတစ်လက်ပေါ်လာကာ အလွန်ထူးဆန်းပြီး စဉ်းလဲသော ထောင့်မှ ချင်ယွင်၏ နှလုံးသားဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။ သူသည် ချက်ချင်းပင် သူ၏ဓားကို ဝှေ့ယမ်းလိုက်ပြီး အဖိုးအို၏ ရေခဲဓားနှင့် တိုက်မိရာ ရေခဲအမှုန်အမွှားများ ကွဲအက်သွားခဲ့သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ထိလိုက်သည်နှင့် နောက်ပြန် ဆုတ်သွားသည်။ ချက်ချင်းဆိုသလိုပင် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံခဲ့ကြ သည်။ အကြိမ်တိုင်းပင်၊ အဖိုးအိုသည် အလွန်ထူးဆန်းသော ရှုထောင့်တစ်မျိုးမျိူးမှ သူ၏ သေကွင်းသေကွက်နေရာများကို တိုက်ခိုက်ခဲ့သည်။ သူ၏နည်းလမ်းများက ကြမ်းတမ်းပြီး ကြောက်စရာကောင်းသည်။
အဘိုးအိုသည် လွဲချော်သွားပြီးနောက် နောက်ပြန်ဆုတ်သွားသည်။
ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဤအဘိုးအို၏ တိုက်ခိုက်မှုသည် ထူးဆန်းလွန်းပြီး တစ်ချက်မျှ မထိသည်နှင့် အမြန်ပြန်ဆုတ်သွားခဲ့သည်။ သူသည် ချင်ယွင်ကို တိုက်ခိုက်ရန်အခွင့်အရေး ရိုးရှင်းစွာ မပေးခဲ့ပေ။ ဤအရာက သူ၏ဓားကို အသုံးပြုရန် မဖြစ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် အဘိုးအိုသည် တုန်လှုပ်သွားသည်။ သူ၏ ကျင့်ကြံခြင်း နည်းစနစ်နှင့် ပေါင်းစပ်တိုက်ခိုက်မှုများသည် ထူးဆန်းပြီး ညှာတာမှုကင်းမဲ့သည်။ သာမန် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူများပင် ၎င်းတို့ကို ခုခံနိုင်စွမ်းမရှိနိုင်ပေ။
သိုင်းပညာရှင်နယ်ပယ် သတ္တမအဆင့် ကောင်းကင်အလွှာကျင့်ကြံမှုသာရှိခဲ့သော သူ၏ရှေ့ရှိ ဤကလေးသည် သူ၏တိုက်ခိုက်မှုများကို အထပ်ထပ်အခါခါ တားဆီးနိုင်ခဲ့သည်။ ဤထက်မြက်ပြီး ထိုးထွင်းသိမြင်မှုနှင့် တုံ့ပြန်မှုအရှိန်ဟုန်သည် အလွယ်တကူ စိတ်ကူးမယဉ်နိုင်သည့်အရာဖြစ်သည်။
သို့သော် ချင်ယွင် ပို၍ ထူးချွန်လေလေ အဘိုးအို၏ သတ်ပစ်ရန် အကြံအစည်က ပို၍ ပြတ်သားလေလေဖြစ်သည်။ ထိုကဲ့သို့သော ပါရမီရှင်ကိုသာ ကြီးထွားခွင့်ပေးလိုက်ပါက နောင်တွင် လျူမျိုးနွယ်၏ ရန်သူကြီး ဖြစ်လာမည်မှာ သေချာသည်။
ယခင်က သူသည် ချင်ယွင်နှင့် လျူဖင်းရှန်ကြားရှိ ကွာဟချက်ကို သိရှိလိုသည့် ရည်ရွယ်ချက်ဖြင့် ချင်ယွင်ကို ၀င်ရောက်နှောင့်ယှက်ရန် ရည်ရွယ်ချက်မရှိဘဲ လျူဖင်းရှန်ကို ဒဏ်ရာရစေရန်အထိပင် ခွင့်ပြုခဲ့သည်။ အကယ်၍ လျူဖင်းရှန်သာ အသက်အန္တရာယ် အမှန်တကယ် ကြုံတွေ့ရပါက၊ သူသည် တိတ်တဆိတ် ရပ်တန့်နေမည် မဟုတ်သည်မှာ သေချာပါသည်။ လျူကလန်၏ တတိယအကြီးအကဲ တစ်ယောက်အနေဖြင့် လျူကလန်၏ ကြီးကျယ်ခမ်းနားသော ဉာဏ်ရည်ဉာဏ်သွေးရှိ ပါရမီရှင်တယောက် ပျက်သုဉ်းသွားခြင်းကို လျစ်လျူကြည့်ရှုနေရန် မဖြစ်နိုင်ပေ။
"ငါတို့ သူ့ကို အသက်ရှင်ခွင့် လုံးဝ ခွင့်မပြုနိုင်ဘူး!"
အဘိုးအို၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်က ပို၍ပင် ပြင်းထန်လာသည်။ သူ၏ မူလက ကိုင်းနေသည့် ကျောပြင်သည် အမှန်တကယ် ဖြောင့်စင်းသွားခဲ့ပြီး အလွန် ထက်မြက်သော ရေခဲဓားတစ်လက်က သူ၏လက်ထဲတွင် ပေါ်လာသည်။
နောက်အခိုက်အတန့်တွင် အဘိုးအိုသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
"မဖြစ်နိုင်ဘူးမဟုတ်လား?"
ချင်ယွင်သည် ချက်ခြင်းပင် မျက်မှောင်ကြုတ်သွားပြီး ပြင်းထန်သော သတိထားမှု အာရုံက သူ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။ သူ၏စိတ်ဝိညာဉ် ထိုးထွင်းသိမြင်မှုဖြင့်ပင် သူသည် အဖိုးအို၏ လမ်းကြောင်းကို ရှာမတွေ့ခဲ့ပေ။
ရုတ်တရက် ချင်ယွင်သည် သူ၏လည်ပင်းနောက်ဘက်မှ အရိုးစူးလောက်သည့် အေးစက်စက် အလင်းရောင်ကို ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး!"
ချင်ယွင် အံ့သြသွားသည်။ သူသည် လှည့်ပင်မကြည့်တော့ သူ၏ဓားကို နောက်ပြန် ခုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကိုလည်း ညာဘက်ခြမ်းသို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။
အေးစက်သော အလင်းရောင်တစ်ခုက လင်းလက်လာပြီး ချင်ယွင်၏ ရင်ဘတ်တစ်ခွင်ကို ချက်ချင်းဖြတ်သွားကာ ဒဏ်ရာနက်တစ်ခု ကျန်ရစ်ခဲ့သည်။
သို့သော် အဘိုးအိုလည်း ပိုကောင်းခြင်းမရှိ။ ချင်ယွင်၏ချီစွမ်းအင်လေဓားက သူ၏ ညာလက်ကို တိုက်ရိုက်ခုတ်ဖြတ်ပြီး သူ၏ လက်မတစ်ချောင်းလုံးကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။
ချင်ယွင်သည် အမြန်ပြန်ဆုတ်သွားသည်။ သူ၏ရင်ဘတ်ပေါ်ရှိ ဆယ်စင်တီမီတာ ရှည်သော ဒဏ်ရာကို ကြည့်လိုက်သောအခါ စူးစူးရှရှ နာကျင်မှုသည် သူ၏ နှလုံးသားထဲသို့ တိုးဝင်လာသည်။
"ဟမ့်၊ ငါ့ရဲ့ ရေခဲဓားဟာ အအေးစွမ်းအင်ကနေ ဖြစ်ပေါ်လာတာပဲ။ တကြိမ် ထိုးစိုက်ခံရတာနဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ပြီး နှလုံးသားနဲ့အရိုးထဲထိ ထိုးဖောက်သွားမှာ ဖြစ်သလို မင်းလည်း မလှုပ်ရှားနိုင်တော့ဘူး။" အဘိုးအိုသည် လက်ချောင်းဖြတ်ခံရသည်နှင့် သူ၏မျက်နှာပေါ်တွင် ပြင်းထန်သော ဒေါသ အရိပ်ယောင် ပေါ်လာသည်။ ချင်ယွင်၏ နာကျင်သောအမူအရာကိုကြည့်ကာ သူက ရယ်မောရင်း ပြောလိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် အလွန်နာကျင်နေပါသည်။ ဤအဘိုးကြီး၏ မြူနှင်းသိုင်းပညာရပ်သည် အရမ်းကို ပြင်းထန်လွန်းသည်။ အနည်းဆုံးတော့ ဤပညာရပ်သည် အလယ်အလတ်အဆင့်၏ အဆင့်နိမ့်တန်းစား သိုင်းပညာရပ်တစ်ခု ဖြစ်သည်။
အခုအချိန်မှာတော့ ဒီအေးစက်မှုက သူ၏ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေပြီး သူ၏ အတွင်းပိုင်း အင်္ဂါတွေအားလုံးကို ထိုးဖောက်ဝင်ရောက်နေပါပြီ။ ပြင်းထန်သော နာကျင်မှုသည် သူ၏ဦးနှောက်ကို လွှမ်းခြုံသွားပြီး သူ၏ဒန်တန်ကို အေးခဲလုနီးပါး ဖြစ် စေသည်။
"မဖြစ်နိုင်ဘူး!"
ချင်ယွင် အံ့သြသွားသည်။ သူ၏ဝိညာဉ်ချီသည် အမှန်တကယ်ပင် ဤအေးစက်မှုကို ချေဖျက်နိုင်စွမ်းမရှိပေ။ သူ၏ ခန္ဓာကိုယ်ထဲသို့ မ၀င်ရောက်နိုင်သော သူ့ဝိညာဉ်ချီ၏ အရည်အသွေးသည် အဘိုးအိုထက် နိမ့်ကျနေပုံရသည်။ ယခု အအေးဓာတ်က သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်ကို မြင်လိုက်ရတော့ သူသည် ကူကယ်ရာမဲ့ ဖြစ်သွားရသည်။
"ဟား၊ ဟား၊ ရုန်းကန်မနေပါနဲ့၊ မင်းရဲ့ကျင့်ကြံမူအဆင့်က နိမ့်ကျလွန်းတယ်။ ငါ့ရဲ့ ရေခဲအအေးစွမ်းအင်ကို မင်း တွန်းလှန်ဖို့ မဖြစ်နိုင်ဘူး။ မင်းရဲ့ကျင့်ကြံမှုက သိုင်းပညာရှင်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီး မင်းဟာ သိုင်းသခင်နယ်ပယ် ပထမအဆင့် ကောင်းကင်အလွှာ ကျွမ်းကျင်သူတယောက် ဖြစ်ရင်တောင် ဒီလိုပုံစံမျိုးနဲ့ဆို မင်းအနေနဲ့ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး" အဖိုးအိုက ရက်စက်သည့်အမူယာဖြင့် ပြုံးပြသည်။ သူ၏မျက်လုံးထဲတွင် ချင်ယွင်သည် ယခုပင် သေဆုံးသွားခဲ့ပါပြီ။
"ငါ ဒီမှာသေရတော့မှာလား ငါ မသေချင်သေးဘူး!"
ချင်ယွင်သည် အလွန်အမင်း မကျေမနပ်ဖြင့် ဟစ် ကြွေးလိုက်သည်။ သူသည် အခုမှ နိုးထလာခဲ့သည်၊ သူဟာ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူနှင့် သေသွားရတာလဲ။ လက်စားချေဖို့အတွက် အင်မော်တယ်ကမ္ဘာကို ပြန်သွားချင်သေးသည်။ သူ့ကို နာကျင်စေခဲ့သူများကို ပြန်ပေးဆပ်ချင်သေးသည်။ သို့သော် သူ၏ဟစ်ကြွေးသံက အချည်းနှီးသာ။ ယခုချိန်မှာ သူ၏လက် ခြေများသည် အေးခဲတောင့်တင်းနေပြီး သူ၏တစ်ကိုယ်လုံးကို နှင်းခဲအလွှာတွေနဲ့ ဖုံးအုပ်ထားသည်။
"ဟား ဟား ၊ စောစောလေးကမှ မင်း မာနကြီး နေတာ မဟုတ်ဘူးလား၊ ဘာလို့ အခု မမောက်မာတော့လဲ။ ဆက်ပြီးမောက်မာစမ်းပါဦး"
ယခုအချိန်တွင် ချင်ယွင်ကြောင့် ဒဏ်ရာရသွားသော လျူဖင်းရှန်သည် သူ၏ ဒဏ်ရာများကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ ချင်ယွင်အပေါ် တော်၀င်၏ အကြီးအကဲ၏ ဖိနှိပ်မူကို မြင်လိုက်ရသဖြင့် သူသည် ချက်ချင်းပင် ရယ်မော လိုက်လေသည်။
ချင်ယွင်သည် ဒေါသထွက်ပြီး ခုခံချင်ပေမယ့် သူ၏ခန္ဓာကိုယ်က ပိုလို့တောင် မနာခံဖြစ်သွားသည်။
"ဖင်းရှန်၊ သူ့ကို သတ်လိုက်ပါ!" ဆံပင်ဖြူ အဘိုးကြီးက သူ၏လက်ထဲက ရေခဲဓားကို လျူဖင်းရှန်ထံ ချပေးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
လျူဖင်းရှန်သည် ခေါင်းညိတ်လိုက်ပြီး ရေခဲဓားကို ယူကာ ချင်ယွင်ဆီသို့ လျှောက်သွားသည်။
"သေလိုက်တော့။ ငရဲပြည် ပြန်သွားပြီး မင်းလူအ ဆက်လုပ်လိုက်ပါ။ မင်းကိုသတ်ခဲ့တဲ့သူက ငါ.. လျူဖင်းရှန်ဆိုတာကို သတိရပါ။" သူ၏ဓားကို ချင်ယွင်၏ နှလုံးသားဆီသို့ တိုက်ရိုက်ထိုးချစဉ် လျူဖင်းရှန် ၏ မျက်နှာပေါ်တွင် ရက်စက် ပြင်းထန်သောအပြုံးတစ်ခု ပေါ်လာသည်။
စောစောလေးက၊ ချင်ယွင်၏ သူ့အပေါ်အထင်သေးမူများက သူ၏နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးဖောက်သွားသလိုခံစားခဲ့ရပြီး သူ၏ကိုယ်ပေါ်ရှိ ဒဏ်ရာထက်ပင် ပိုနာကျင်နေပြီ။ ယခုတော့ သူ မလှုပ်ရှားနိုင်တော့ဘဲ သနားစရာမြင်ကွင်းကို မြင်လိုက်ရတော့ သူ၏ရင်ထဲမှာ ဖော်မပြနိုင်သော ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ချင်ယွင်၏ နှလုံးသားကို အပြင်းအထန် ထိုးဖောက်ပြီး သွေးများစီးကျလာနေသည့်မြင်ကွင်းကို ပျော်ရွှင်စွာဖြင့် ကြည့်ရူလိုသည်။
"ဝှစ်!"
ဓားကထိုးစိုက်သွားပြီး အသွေးအသားက နေရာအနှံ့ ပျံ့ကျဲသွားသည်။
သို့သော် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်၌ လုံးဝ ဒဏ်ရာအနာတရ မဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ သူ၏ရှေ့တွင် လှပသောရုပ်သွင်တစ်ခု မတ်တပ်ရပ်နေသည်။ ရေခဲဓားသည် သူမ၏ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်ကာ သူမ၏ဝတ်စုံတစ်ခုလုံးကို အနီရောင်ဆိုးထားသည်။ သို့သော်လည်း သူမသည် ရေခဲဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး လက်ကလွှတ်ရန် ငြင်းဆန်နေခဲ့သည်။
"မဟုတ်ဘူး…"
ဓားကိုတားဆီးထားသည့် လျူရန်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ချင်ယွင်၏ ဦးခေါင်းထဲတွင် ချက်ချင်းပင် အံသြသွားသည်။
သူ၏အစ်မသည် သူ့ကို ကယ်တင်ဖို့အတွက် ဒီဓားကို ပိတ်ဆို့ထားလိုက်တာလား။
ချင်ယွင်၏နှလုံးသားသည် အဆုံးစမဲ့ချောက်ထဲသို့ ချက်ချင်းကျသွားပုံရသည်။ အလွန်အေးစက်သော အအေးဓာတ်သည် သူ၏ခြေဖဝါးမှ နဖူးဆီသို့ တည့်တည့် တိုးဝင်ကာ ဦးရေပြားကို ထုံကျင်သွားသည်အထိ တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်ပြီး ပူနွေးသော စီးကြောင်းသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ရုတ်ချည်း စီးဆင်းသွားကာ သူ၏လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှုကို ပြန်လည်ရရှိစေခဲ့သည်။
"ဒါ…"
လျူဖင်းရှန်သည် လျူရန်ယွင်၏ ရုတ်တရက် ဝင်ရောက်လာမူကြောင့် ထိတ်လန့်သွား သည်။ သူသည် ခဏလောက် ထိတ်လန့်သွားသည်။ သူသည် သတိပြန်ရလာပြီး ဓားကိုဆွဲကာ ချင်ယွင်ကို ထပ်မံထိုးသတ်တော့မည့်အချိန်တွင် ချင်ယွင်က သူ့ကို အဝေးသို့ ကန်ထုတ်နေပြီ ဖြစ်သည်။
"အစ်မ…"
ချင်ယွင်သည် လျူရန်ယွင်ကို ပွေ့ဖက်လိုက်ပြီး
သူ့အစ်မ၏ ရင်ဘတ်ပေါ်ရှိ စွန်းထင်းနေသော သွေးများကို ကြည့်လိုက်သည်။ သူ၏တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်ကာ သူ၏မျက်နှာပေါ် မျက်ရည်များ စီးကျနေပြီ။
လျူရန်ယွင်သည် စိတ်ဆင်းရဲစွာ ပြုံးပြီး "ကောင်း... ကောင်း... အသက်ရှင်နေပါ" ဟု ပြောပြီး သူမ၏မျက်နှာသည် စာရွက်တရွက်လို ဖြူဖျော့နေပြီး သူမ၏ခန္ဓာကိုယ်က အလွန်အားနည်းလာနေတသည်။
သူမ၏နှလုံးသားထဲတွင် နောင်တရစရာ မရှိတော့။ သူမမောင်ငယ်လေးအတွက် သူမအသက်နှင့် အလဲလှယ်လုပ်သွားခဲ့သည်။ ဒါက ထိုက်တန်ပါသည်။ ဒီနောက် လျူရန်ယွင်သည် မေ့လဲသွားသည်။
"မဟုတ်ဘူး…"
ချင်ယွင်သည် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်ပြီး သူ၏အစ်မကို သူ၏ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ငိုရှိုက်သည်။
သူ၏အစ်မသည် သူ့ကို ပြုစုကျွေးမွေးစောင့်ရှောက်ပေးရင်း ပွေ့ဖက်အိပ်စက်ကာ နွေရာသီ သူ့အတွက် ခြင်များမောင်းထုတ်ပေးနေသည့် မြင်ကွင်းများက သူ၏ စိတ်တစ်ခုလုံး ပြည့်နှက်နေသည် ။
သို့သော် ဤအရာအားလုံးသည် ယခုအချိန်တွင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
"အစ်မ မသေနဲ့..."
ဤအခိုက်အတန့်တွင် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အဆုံးမဲ့နောင်တကို ခံစားလိုက်ရသည်။ ဆက်နေဖို့သာ သူတုန့်ဆိုင်းမနေခဲ့ရင် သူ၏အစ်မ သေမှာ မဟုတ်ဘူး။ သူသာ အဘိုးကြီး၏ဓားဖြင့်မထိခဲ့ရင် သူ၏ခန္ဓာကိုယ်လည်း အေးခဲမသွားခဲ့ရင် သူ၏အစ်မက သူ့အတွက် ဓားကို ပိတ်ဆို့ဖို့လိုမှာ မဟုတ်ခဲ့ပေ။
ချင်ယွင်သည် သူ့ကိုယ်သူ လေးလေးနက်နက် အပြစ်တင်နေချိန်မှာ လျူဖင်းရှန်၏ အေးစက်စက် နှာခေါင်းရှုတ်သံက သူ၏နားထဲ ၀င်ရောက်လာသည် "ဟမ့်၊ ဒါက ခွေးမတစ်ကောင်ပဲလေ၊ သူမ သေချင်မှတော့ သေလိုက်ပေါ့!"
ချင်ယွင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူ၏မျက်လုံးများက အနှိုင်းမဲ့ နီရဲနေပြီး သတ်ချင်စိတ်များ ပြည့်နေသည့်မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
လျူဖင်းရှန်သည် ထိတ်လန့်သွားပြီး မသိစိတ်က အလိုလို နောက်ပြန်ဆုတ်သွားသည်။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အကြည့်လဲ။ ချင်ယွင် သူ့ကို အခုလေးတင် ကြည့်သည့်အကြည့်ဟာ သူ၏နှလုံးသား အောက်ခြေမှ တုန်လှုပ်သွား သလို ခံစားလိုက်ရသည်။
ဟမ့်၊ မင်းအစ်မက နဂိုကတည်းက ခွေးမတစ်ကောင်ပဲ၊ မင်းလည်း မင်းတတ်နိုင်သ လောက် ကောင်းကောင်း နေလိုက်ဦး။... လျူဖင်းရှန်က သူ့ဘေးနားက တတိယ တော်၀င်အကြီးကဲကို တွေးပြီး သူ၏စိတ်ထဲမှာ ယုံကြည်မှုအပြည့်ကို ခံစားလိုက်ရ သည်။ သူသည် သူမကို ဆက်လက် လှောင်ပြောင်ခဲ့သည်။
"သေလိုက်စမ်း!" ချင်ယွင်သည် သူ၏သွားကြားမှ ဒီစကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။
ရုတ်တရက်ပင် ပတ်ဝန်းကျင်မှ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။ တခဏချင်းမှာပင် ကမ္ဘာကြီးသည် မှောင်မည်းသွားသည်။ ခဏတအကြာတွင် လေနှင့် တိမ်တိုက်များ လွင့်မျောလာသည်။ ချင်ယွင်၏တစ်ကိုယ်လုံးသည် ငရဲမှထွက်သွားသော နတ်ဆိုးကဲ့သို့ ကောင်းကင်သို့ လျှံထွက်နေသည့် သတ်ဖြတ်လိုသည့်ဆန္ဒများက ပြင်းထန်စွာ ကခုန်နေသည်။
ပတ်ဝန်းကျင်မှ လူများပြားသည် အလွန်တုန်လှုပ်သွားကြပြီး ချင်ယွင်ကြည့်လိုက်သော အကြည့်များက သူတို့၏နှလုံးသားအောက်ခြေအထိ အေးစက်သွားစေသည်။
လျူဖင်းရှန်သည် ကြောက်ရွံ့မှု အရိပ်အယောင်ကို ထုတ်ဖော်လာပြီး ကူရာမဲ့ဖြစ်ကာ ချင်ယွင်ကို တိုက်ရိုက်မကြည့်ဝံ့တော့။
ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားကိုကိုင်လျက် မတ်တပ်ရပ်နေကာ သူ၏ နှလုံးသားသည် အေးစက်စက်များနှင့် ပြည့်နှက်နေသည်။ သူ၏စိတ်ထဲတွင် သူ့အစ်မ၏ သနားစဖွယ်နောက်ဆုံး အပြုံးက ပြည့်နှက်နေပြီး သူ၏မျက်လုံးများက သတ်ချင်စိတ်များဖြင့် ပြည့်နေသည်။
"လျူကလန်၊ ဒီနေ့၊ ငါချင်ယွင်က မင်းရဲ့ လျူကလန်ကို စိတ်မသက်မသာ ဖြစ်စေဖို့အတွက် ဓားနာမည်ကို သုံးပြီး ငါကျိန်ဆိုတယ်။"
ချင်ယွင်၏ စကားများသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စားသောက်ဆိုင်တစ်ခုလုံး ချက်ခြင်း ပေါက်ကွဲသွားကာ စူးရှသော ဓားတစ်ချောင်းသည် တိမ်တိုက်ထဲသို့ တိုးဝင်သွားသည်။ ချက်ခြင်းပင် ကောင်းကင်နှင့် မြေကြီးသည် လေပြင်း တိမ်တိုက်များနှင့်အတူ ပေါက်ကွဲသွားသည်။ မိုးခြိမ်းသံနှင့်အတူ မိုးက သည်းထန်စွာ ရွာသွန်းသည်။
ထိုအချိန်တွင် ချင်နင်းမြို့တစ်ခုလုံးသည် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေသည်။ လူတိုင်းက ရပ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ စိတ်ထဲတွင် “ဒါ ဘယ်သူလဲ” ဟု အော်ကြသည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ချင်စိတ်လဲ။
မူလက စားသောက်ဆိုင်တွင် ပြပွဲကြည့်နေသူများသည် သူတို့၏ နှလုံးသားထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ယင်းမှာ 'ပြေး' ဟူ၍ဖြစ်သည်!