ဓားတချက်ဖြင့် သတ်ဖြတ်ခြင်း။
Vol. 1 Ch. 13
အခန်း (၁၃) ဓားတချက်ဖြင့် သတ်ဖြတ်ခြင်း။
လျူကလန်၏ တတိယအကြီးအကဲသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ချင်ယွင်ကိုကြည့်ကာ သူ၏မျက်ခုံးများသည် နက်နဲစွာရှုံ့တွန့်သွား၏။ သူသည် အလွန်တုန်လှုပ်သွားသည်။
သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တစ်ဦးသည် ကောင်းကင်နှင့် မြေကြီးကို နှိုးဆော်ရန် ဓားဆန္ဒကို အမှန်တကယ် အသုံးပြုနိုင်ခဲ့ပါသလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သိုင်းသခင်နယ်ပယ်များပင် လုပ်နိုင်မည် မဟုတ်ပေ။
ငါ့ လျူကလန်က ဘယ်လို မွန်းစတားတကောင်ကို ရန်စမိခဲ့တာပါလိမ့်။
ချက်ခြင်းပင်၊ လျူကလန်၏တတိယအကြီးအကဲသည် ချင်ယွင်ကို ရန်စမိခြင်းအတွက် နောင်တရနေသည်။ သို့သော် ယခု နောက်ကျနေပြီ ဖြစ်သည်။ ယခုအခါ လျူကလန်နှင့် ချင်ယွင်တို့သည် အဆုံးမရှိသော အဆုံးမသတ်နိုင်သော ရန်ငြိုးများကို မွေးဖွား ပေးခဲ့လေပြီ။
သူ၏အနားတွင် လျူဖင်းရှန်၏ခြေထောက်များသည် ကြောက်ရွံ့ခြင်းကြောင့် အားနည်းပြီး တုန်ယင်နေသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် ဆန္ဒများက သူ့ကို မကြုံစဖူး ကြောက်ရွံ့မှုတစ်ခု ဖြစ်စေခဲ့သည်။ သတ်ဖြတ်ချင်စိတ်ပြည့်နှက်နေသည့် သူ၏မျက်လုံးများဟာ သူ၏နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်လာသည့် ပိုးလောက်များကဲ့သို့ တယိုးမရွ ဖြစ်ပေါ်စေသည်။
သူ၏ဓားကို ကိုင်ဆောင်ရင်း လျူဖင်းရှန်ကို စူးစိုက်ကြည့်နေသော ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေခဲ့သည်။
လျူဖင်းရှန် သေရမည်။ သူ့အတွက်ကြောင့်မဟုတ်လျှင်င် သူ၏အစ်မသည် လုံး၀ သေဆုံးလိမ့်မည် မဟုတ်ပေ။၊ ဒါကြောင့် သူသတ်ပစ်ချင်သည့် ပထမဆုံးလူက လျူဖင်းရှန် ဖြစ်သည်။
ချင်ယွင်၏ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားပြီး လျူဖင်းရှန်ဆီသို့ ဦးတည်သွားသော နောက်ဆက်တွဲ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
"တတိယအကြီးအကဲ၊ မြန်မြန်၊ မြန်မြန်ကယ်ပါ!" ချင်ယွင် လာနေသည်ကိုမြင်တော့ လျူဖင်းရှန်သည် ထိတ်လန့်တကြား ဆုတ်သွားပြီး အလျင်စလို အော်လိုက်သည်။
"မင်း ဘယ်လောက်တောင် သတ္တိတွေရှိလိုက်လဲ!" လျူကလန်၏ တတိယအကြီးအကဲ သည် ကျယ်လောင်စွာ အော်ပြီး ချင်ယွင်ဆီသို့ အမြန်ပြေးသွားခဲ့သည်။ သို့သော် သူ၏အရှိန်က မြန်သော်လည်း ယခုအချိန်တွင် ချင်ယွင်ကို အမှီမလိုက်နိုင်။
"ကျုပ် တစုံတယောက်ကို သတ်ချင်ရင် ကျုပ်ကိုဘယ်သူမှ တားလို့မရဘူး!" လျူဖင်းရှန်၏ ရှေ့မှာ ပေါ်လာသည့် ချင်ယွင်၏ မျက်လုံးများက အေးစက်နေသည်။
"မလုပ်နဲ့...ငါ့ကို မသတ်ပါနဲ့။ မင်း ငါ့ကိုသတ်ရင် ငါ့အဖေက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး..." လျူဖင်းရှန်က ထိတ်လန့်စွာ အော်ပြောသည်။ သူ၏ပေါင်ခြံခွကြားက စိုရွှဲနေပြီ။
"သေလိုက်!" နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်က သူ၏ဓားဖြင့် တိုက်ရိုက်ခုတ်ချလိုက်သည်။
ဓားအလင်းသည် တဖျပ်ဖျပ်လင်းလက်နေပြီး လျူဖင်းရှန်၏ မျက်နှာပေါ်ရှိ ထိတ်လန့်သော အမူအရာသည် ချက်ချင်းပင် အေးခဲသွားခဲ့သည်။
"ကောင်စုတ်လေး၊ မင်းက ကပ်ဘေးကြီးဖြစ်အောင် လုပ်နေတာဘဲ!"
လျူကလန်၏ တတိယအကြီးအကဲသည် ထိတ်လန့်သွားသည်။ လျူဖင်းရှန်သည် လျူကလန် မျိုးနွယ်စုသခင်၏သားဖြစ်သည်။ ယခု ချင်ယွင်သည် လျူဖင်းရှန်ကို သတ်လိုက်သောကြောင့် လျူကလန်တစ်ခုလုံး ဒေါသထွက်ပြီး မသေမချင်း ဘယ်တော့မှ ရပ်တန့်တော့မည် မဟုတ်သည်မှာ သေချာပါသည်။
ချင်ယွင်၏ အကြည့်သည် အေးစက်နေပြီး ဘာမှမထူးခြားပေ။ သူသည် ခံစားချက် နည်းနည်းလေးမှ မပြသပေ။ သူသည် လျူဖင်းရှန်ကို သတ်ပစ်လိုက်သည်။ သူ၏ အစ်မကို ဓားဖြင့်ထိုးခဲ့သည့် တန်ဖိုးကို သူ ပြန်ပေးဆပ်ခဲ့ပြီ။
လျူကလန်၏ လက်စားချေမှုနှင့် ပတ်သက်၍တော့-
ဟမ့်၊ သူကိုယ်တိုင်က လျူကလန်ကို ပြဿနာမရှာဘူးဆိုလျှင်ပင်၊ လျူကလန်အနေဖြင့် မိုးကောင်းကင်ကို ကျေးဇူးတင်ရလိမ့်မည်။
"အခု ခင်ဗျားအလှည့် ရောက်ပြီ!"
ချင်ယွင်သည် လျူမျိုးနွယ်စု၏ တတိယအကြီးအကဲကို ကြည့်ကာ သူ၏မျ က်လုံးများအတွင်း သတ်ဖြတ်လိုသည့် ဆန္ဒက တဖျပ်ဖျပ် လင်းလက်နေသည်။ ဓားဆန္ဒက လျှပ်စီးလက်သလို ပေါက်ကွဲ ထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စုတ်ဖြဲခြင်းစွမ်းအားက ကောင်းကင်ယံကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ကောင်းကင်ယံရှိ မိုးရေစက်များသည် ချက်ချင်း ရပ်သွားပုံရပြီး ကွက်လပ်ကြီးတစ်ခု ဖြစ်လာသည်။ ပြင်းထန်သော ဆုတ်ဖြဲအားတခုက ကောင်းကင်မှာ ပျံ့နှံ့သွားသည်။
လျူမျိုးနွယ်စု၏ တတိယအကြီးအကဲသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး နောက်သို့ အမြန်ပြေးသွားခဲ့သည်။ သို့သော်လည်း ဤ ပြင်းထန်သော ဆုတ်ဖြဲအားသည် ကြောက်စရာကောင်းလွန်းလှသည်။ ဆုတ်ဖြဲအားသည် လေဟာနယ်တစ်ခုလုံးတွင် အလွန်ပြင်းထန်သည့် လေ၀ဲတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး လျူကလန်၏ တတိယအကြီးအကဲကို ၎င်းလေ၀ဲထဲသို့ တိုက်ရိုက်ဆွဲစုပ်သွားခဲ့သည်။
"အား...ငါ မသေချင်ဘူး..."
လျူကလန်၏ တတိယအကြီးအကဲသည် ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် ပြင်းထန်သည့် ဆုတ်ဖြဲနိုင်သော စွမ်းအားဖြင့် သူ၏ ခန္ဓာကိုယ် တစ်ဝက်ကို တိုက်ရိုက် ဆွဲဖြတ်သွားသည်။ သူ၏သွေးများက တိုက်ရိုက်စီးကျပြီး မြေပြင်ပေါ်လဲကျသွားကာ ခြောက်သွေ့နေသည့် အလောင်းအဖြစ် ပြောင်းလဲသွားသည်။ ဤမြင်ကွင်းသည် တုနှိုင်းမဲ့ ကြောက်စရာကောင်းလှသည်။
ခပ်ဝေးဝေးမှာ ပုန်းအောင်းနေသည့်လူများသည် တစ္ဆေသရဲမြင်သလို ကြောက်လန့်ပြီး ထွက်ပြေးကြသည်။
ဒါက အဓိပ္ပါယ်မရှိပေ။ သိုင်းသခင်နယ်ပယ် တတိယအဆင့် ကောင်းကင်အလွှာ ပညာရှင်တဦးသည် ဓားတစ်ချက်တည်းဖြင့် တိုက်ရိုက်သေဆုံးသွားခဲ့သည်။ ဒါက ဘယ်လောက် ထက်လိုက်သည့်စွမ်းအားလဲ။
သို့သော် ထိုဓားကို ခုတ်ပိုင်းပြီးနောက် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုကျသွားသည်။ သူ့မှာ သူ၏ဝှက်ဖဲဖြစ်သော ဒီဓားဆန္ဒဖြင့် တိုက်ခိုက်ဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
ချင်ယွင်၏ ဓားပညာသည် ပြီးပြည့်စုံနေပြီဖြစ်ပြီး၊ ယခုအချိန်တွင် ၎င်းအား အစွမ်းကုန်အသုံးပြုခြင်းကြောင့် သဘာဝအရ အလွန်ကြောက်စရာကောင်းသည်။
သို့သော်လည်း ဓားဆန္ဒကို အတင်းအကြပ် ထုတ်ဖော်ခြင်းသည် ချင်ယွင်အတွက် ကြီးမားသည့် တန်ဖိုးကိုလည်း ပေးဆပ်ခဲ့ရသည်။ ဤအခိုက်အတန့်တွင်၊ သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်အားလုံး ဆုတ်ယုတ်သွားခဲ့ပြီး၊ ဓားဆန္ဒကို ပြင်းပြင်း ထန်ထန် ထုတ်ဖော်ခြင်းကြောင့် သူ၏ ချီစွမ်းအင်လမ်းကြောင်းများပင် ပြင်းထန်စွာ ပျက်စီးသွားခဲ့ရသည်။
လျူကလန်သည် အငယ်ဆုံးသားနှင့် လျူကလန်၏ အကြီးကဲတစ်ဦးကို သတ်ခံရသည့် အတွက် သေချာပေါက် ခွင့်လွှတ်လိမ့်မည်မဟုတ်။
သို့သော် သူနောင်တမရခဲ့ပေ။ လျူဖင်းရှန်နှင့် လျူကလန်၏ တတိယအကြီးအကဲကို သတ်ဖြတ်ကာ သူ၏အစ်မအတွက် လက်စားချေရန် စဉ်းစားထားပြီး ဖြစ်သည်။
"ငါတို့ ဒီမှာ အကြာကြီးနေလို့မရဘူး!" ချင်ယွင်က သူ့ကိုယ်သူပြောသည်။
ဤကိစ္စဖြစ်ပြီး သိပ်မကြာခင် လျူကလန်က ရောက်လာလိမ့်။ အဲဒီအချိန်ကျရင် သူ ထွက်သွားချင်ရင်တောင် ထွက်မသွားနိုင်တော့ပါဘူး။
ဒါကိုတွေးပြီး ချင်ယွင်သည် သူ၏ ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ကို ခံနိုင်ရည်ရှိ အောင် တောင့်ခံပြီး လျူရန်ယွင်ကို ကောက်မကာ အမြန်ထွက်သွားခဲ့သည်။
နှစ်နာရီနီးပါး လမ်းလျှောက်ပြီးနောက် လျူကလန်က အမီလိုက်နိုင်မည် မဟုတ်ကြောင်း အတည်ပြုသည်။ ချင်ယွင်သည် သစ်ပင်တစ်ပင်ကို တွေ့ရှိပြီး သူ၏ အစ်မကို သစ်ပင်အရင်းမှာ လှဲချလိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏အစ်မတွင် အသက်ဓာတ် ကျန်နေသေး ကြောင်း အမှန်တကယ် တွေ့ရှိခဲ့ရသည်။ ဤအသက်ရှုသံသည် အလွန်အားနည်းသော်လည်း၊ ၎င်းသည် သူမ၏အသက်ကို ဆွဲဆန့်ထားခဲ့သည်။
"ဒါ မဖြစ်နိုင်ဘူး မဟုတ်လား?" ချင်ယွင် အံ့ဩသွားသည်။
သူ၏အစ်မသည် မူလကတည်းက သာမန်လူတစ်ယောက်ဖြစ်သည်။ ထို့အပြင်၊ လျူဖင်းရှန် ၏ဓားသည် သူမ၏အဆုတ်ကို ထိခိုက်နေပြီ ဖြစ်သည်။ ထို့အပြင်၊ ရေခဲဓားမှ အေးစက်သော စွမ်းအင်အများအပြားသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။ သိုင်းပညာရှင်တောင် သေဆုံးသွားနိုင်သော်လည်း သူ၏ အစ်မဖြစ်သူမှာ အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သည်။
ချင်ယွင်သည် ပဟေဠိဖြစ်နေသော်လည်း၊ သူ၏အစ်မ အသက်ဆက်ရှင်နိုင်ခြင်းက အထူးပျော်ရွှင်စေသည့်အရာဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် သူ့အစ်မ၏ဒဏ်ရာများကို ရပ်တန့်စေရန် ဆေးဝါးအချို့ကို အမြန်ရှာဖွေခဲ့သည်။ ထို့နောက် နှလုံးခုန်နှုန်းကိုကာကွယ်ရန် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်
စွမ်းအင်အချို့ကို သွန်းလောင်းပေးလိုက်သည်။
ဒါတွေအားလုံးပြီးသွားသည့်အခါ ချင်ယွင်သည် ချွေးဒီးဒီးကျနေပေမယ့် သူ၏အစ်မဟာ နောက်ဆုံးတော့ အန္တရာယ်မှ လွတ်မြောက်သွားသည့်အတွက် သူ၏စိတ်ထဲမှာ အရမ်းကိုပျော်နေခဲ့သည်။
"ငါ့ရဲ့ ကျင့်ကြံမှုက အလွန်နည်းနေသေးတယ်။ ဟိုအရင်တုန်းက ငါ့ရဲ့စွမ်းအားကို အသုံးချနိုင်ခဲ့မယ်ဆိုရင် ငါ့အစ်မရဲ့ဒဏ်ရာတွေကို ငါကုစားနိုင်လိမ့်မယ်" ချင်ယွင်က ပြောသည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် တွေးတောနေမိတော့သည်။ ယခုတိုက်ပွဲက သူ့ကို အများကြီး နားလည်သွားစေခဲ့သည်။
သူ့အရင်ဘဝတုန်းက သူ၏ ကျင့်ကြံမှုအရှိန်ဟုန်က အရမ်းမြန်ပြီး အချိန်လည်း မကြာခဲ့ပေ။ ဖရိုဖရဲ အင်မော်တယ် အရိုးများကို အားကိုးပြီး သူသည် သူ၏ ကျင့်ကြံမှု တိုးတက်ရေးကိုသာ အာရုံစိုက်ခဲ့ပြီး သူ၏ကိုယ်ပိုင် ခွန်အားကို လျစ်လျူရှုခဲ့သည်။
အမှန်တော့၊ သူသည် အင်မော်တယ်ဖြစ်လာရန် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသည့် အချိန် ရောက်မှသာ နိယာမများ၏ သဲလွန်စကို ကြုံတွေ့ခဲ့ရသည်။ အချို့သော သာမာန် အင်မော်တယ်များသည် နိယာမတစ်ခုတည်းကိုသာ ဆုပ်ကိုင်ထားကြပြီး အချို့သော ပါရမီရှင်များသည် နိယာမများကို သုံးခုမှလေးခု သို့မဟုတ် ငါးခုမှ ခြောက်ခုအထိပင် ဆုပ်ကိုင်ထားနိုင်ကြသည်။ သူတို့ကြားက ကွာဟချက်က ကြီးကြီးမားမား ဖြစ်နေလိမ့်မည်ဆိုသည်မှာ သံသယဖြစ်စရာ မရှိပါဘူး။
ဒုတိယအနေဖြင့်၊ ချင်ယွင်သည် နိယာမများ၏ စွမ်းအားသဲလွန်စကို နားလည်ခဲ့ သော်လည်း၊ ဤရှေးဟောင်းခေတ် ဖရိုဖရဲစုတ်ဖြဲခြင်း၏ စွမ်းအားကို လုံးဝမထုတ်ဖော်နိုင်ခဲ့သည်ကို သူတွေ့ရှိခဲ့ရသည်။
ကြီးမားသောစွမ်းအားကို ထုတ်ဖော်ပြသနိုင်ရန်အတွက် ဤထိုးထွင်းသိမြင်မှု ဉာဏ်အမြင်များကို သိုင်းပညာရပ်နှင့် ပေါင်းစပ်ရန်လိုအပ်ပြီး သူနှင့်ကိုက်ညီသော သိုင်းစွမ်းရည်ကို ဖန်တီးရန် လိုအပ်သည်၊ သို့မှသာ သူ၏ထိုးထွင်းသိမြင်မှု ဉာဏ်အမြင်များကို ၎င်းတို့၏စွမ်းအားအမြင့်ဆုံးအထိ ပြသနိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူ၏ယခင်ဘဝက အစစ်အမှန် အင်မော်တယ်နယ်ပယ်သည် ပျော့ညံ့လွန်း သည်။ သူ၏ အစွမ်းထက်သော ကိုယ်ခန္ဓာ၊ အဆုံးမရှိသော မှော်ရတနာများနှင့် အစွမ်းထက်သော သိုင်းပညာရပ်များကြောင့်သာ၊ မဟုတ်ပါက၊ အင်မော်တယ်ကမ္ဘာ တွင် သူ၏အမြဲခြေကုပ် တည်နေရာကို ထူထောင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သူသည် ဤဘဝ၏အစကတည်းက ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ရမည် ဖြစ်သည်။ သို့မှသာ သူသည် အင်အင်မော်ကမ္ဘာသို့ ထပ်မံဝင်ရောက်ပြီး သူ့ကို အနိုင်ကျင့်ခဲ့သူများကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
"ကြည့်ရတာ ဒီလေဒြဗ်စင်အပေါ် ပြန်လည်စမ်းစစ်ပြီး အသုံးပြုဖို့ အချိန်တန်ပြီ ထင်တယ်" ချင်ယွင်သည် သူ၏စိတ်ထဲမှ အခိုင်အမာ ပြောလိုက်သည်။
သူ၏ကျင့်ကြံမှု အစီအစဉ်ကို ပြုပြင်ပြောင်းလဲပြီးနောက်၊ သူသည် သူ၏ ဆေဘာပညာရပ်ကို ဆက်လက် ပြုပြင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် လေစွမ်းရည်သဘောတရားများကို နားလည်ပြီး သူ၏ ကိုယ်ပိုင်ဓားလှုပ်ရှားမူများကို ဖန်တီးနိုင်ခဲ့သည်။ ဤနည်းဖြင့်သာလျှင် သူ၏စွမ်းအား ကို အပြည့်အဝ ပြသနိုင်မည်ဖြစ်သည်။
မဆိုင်းမတွဘဲ၊ ချင်ယွင်သည် ယခင်ဘ၀က သူနားလည်ထားခဲ့သော လေထုဖြတ်တောက်ခြင်း သဘောတရားအားလုံးကို စွန့်ပစ်ရန် ရွေးချယ်ခဲ့ပြီး ၎င်းကို နောက်တကြိမ် ပြန်လည်နားလည်ရန် ကြိုးစားရမည်။
ယခုလိုအပြုအမူမျိုးသည် မိမိကိုယ်မိမိ အလွန်ကျွံပြုမူခြင်း မဟုတ်နိုင်ပေမယ့် တောက်တဲ့တစ်ကောင်၏ အမြီးကို ချိုးဖို့အတွက်တောင် ဆုံးဖြတ်ချက် မပြတ်သားဘူး ဆိုရင် သူ မည်သို့ ပြန်ထနိုင်ပါတော့မည်လည်း?။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချင်ယွင်သည် တင်ပျဉ်ခွေထိုင်ကာ သူ၏ ကျင့်ကြံမှုကို ပြန်လည်ရယူခဲ့သည်။ သူသည် သူ၏ချီကို စုဆောင်းပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် အာရုံစိုက်ခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်ကာ အဝေးကို စိုက်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် အဖြူရောင်ဝတ် လူတယောက် လျှောက်လှမ်းလာနေ၏။ သို့သော် သူ၏ခြေလှမ်းများသည် တစ်လက်မမျှ ကျုံ့၀င်သွားသကဲ့သို့ အလွန်ထူးဆန်းနေ၏။ မီတာဆယ်ဂဏန်းများစွာ၊ မီတာရာပေါင်းများ စွာအကွာအဝေးမှပင် မျက်စိတစ်မှိတ် အတွင်း ချင်ယွင်ရှေ့သို့ ရောက်ရှိလာသည်။
ချင်ယွင်သည် ထိုလူကို စူးစိုက်ကြည့်မိ၏။ ထိုလူကို စူးစိုက်ကြည့်ရင်း သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ထိတ်လန့်သွားပြီး
သူ၏စိတ်ထဲမှာ ရေရွတ်မိ၏ " တကယ်ကို သိုင်းဂိုဏ်းချုပ်နယ်ပယ် န၀မအဆင့် ကောင်းကင်အလွှာ တစ်ယောက်ပါလား!"