← Chapters

စိတ်နှလုံး၌ မလိုလားမူ

Vol. 1 Ch. 14

စိတ်နှလုံး၌ မလိုလားမူ

Vol. 1 Ch. 14

အခန်း (၁၄ )စိတ်နှလုံး၌ မလိုလားမူ

ချင်နင်းမြို့တွင် ဤကဲ့သို့ ကျွမ်းကျင်သူ မည်ကဲ့သို့ ရှိနိုင်မည်နည်း။ ၎င်းသည် သိုင်းဂိုဏ်းချုပ်နယ်ပယ် နဝမအဆင့် ကောင်းကင်အလွှာ ဖြစ်နေဆဲ ဖြစ်သည်။ ချင်းယွမ်မြို့တော်သခင်တောင်မှ ဒီလိုခွန်အားမျိုး မရှိနိုင်ဘူး မဟုတ်ပါလား။

လျူကလန်က ဖုံးကွယ်ထားတဲ့ နတ်ဆိုးအိုကြီးများ ဖြစ်နိုင်မလား။

ချင်ယွင်သည် ခါးတွင်ရှိသော ဓားပျော့ကို လက်ဖြင့် ကိုင်ထားရင်း အဖြူရောင်ဝတ်လူကို စိုက်ကြည့်နေသည်။ အကယ်၍၊ ဤလူသည် ရန်လိုသည့် အရိပ်အယောင် ရှိလာသရွေ့၊ သူသေသွားရင်တောင် သူနှင့်အတူ အသေခံ တိုက်ခိုက်ရလိမ့်မည်။

"မင်းရဲ့ဓားကို ဖယ်လိုက်ပါ။ ငါ့မှာ ရန်လိုတဲ့စိတ် မရှိဘူး။ ငါ တကွက် လှုပ်ရှားလိုက်တာ နဲ့ မင်း အခုဆို အလောင်းဖြစ်နေလောက်ပြီ" ဝတ်စုံဖြူ၀တ်လူက မောက်မာစွာ ပြောသည်။

ချင်ယွင်သည် ဓားပျော့ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ အမှန်ကတယ်တော့ ထိုလူပြောသည့် အတိုင်းပင်။ အကယ်၍၊ တခြားတဖက်ကသာ လှုပ်ရှားချင်သည်ဆိုရင်၊ သူ့မှဦ ပြန်တိုက်ဖို့ အင်အားမရှိတော့ပါဘူး။ သို့သော်လည်း ချင်ယွင်သည် သူ၏ သတိထားမှုကို လျှော့ချခြင်း မရှိသေးဘဲ အဖြူရောင်ဝတ် အမျိုးသားကို ဂရုတစိုက် အကဲဖြတ်လိုက်သည်။

ဤလူပုံစံက လူလတ်ပိုင်းအရွယ်ဖြစ်ပြီး အသက်လေးဆယ် ဝန်းကျင် လောက်ရှိပြီ။ သူ၏မျက်နှာက ပြတ်သားပြီး ချောမောသည်။ သူ၏မျက်နှာသည် ပုဆိန်ကို ခုတ်ဖြတ်သည့် ဓားတချောင်းတူသည်။ ဓားနှင့်တူသော မျက်ခုံးတစ်စုံက သူ့ကို သူရဲကောင်းဆန်မှု အနည်းငယ် ပေးသည်။ သူသည် ငယ်ငယ်က အရမ်းချောမောသူ ဖြစ်ရမည် ၊ ထိုအချိန်တုန်းက သူသည် မိန်းမပျိုငယ်လေးများကို သတ်ဖြတ်သူ သေချာပေါက် ဖြစ်ရလိမ့်မည်။ (ဆယ်ကျော်သက်မိန်းမပျို‌လေးများရဲ့သူရဲကောင်းကို သဘောကျတာကို တင်စားပြောချင်ဟန်တူ)

"ခင်ဗျား ဘယ်သူလဲ?" ချင်ယွင်က မေးသည်။

"ငါ ဘယ်သူလဲဆိုတာနဲ့ပတ်သတ်ပြီး မင်း စိတ်မပူပါနဲ့။ မင်း သိထားရမှာက ငါက သူမကို အိမ်ပြန်ခေါ်ဖို့ ဒီကိုရောက်နေတာဘဲ။" ဝတ်ရုံဖြူဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သတိလစ်နေဆဲဖြစ်သော လျူရန်ယွင်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

"အိမ်ပြန်ရမယ်; ဟုတ်လား ။ ငါ့အစ်မက ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တာလေ။ သူမအိမ်က ဘယ်မှာလဲ။" ချင်ယွင်သည် သူ၏လက်ကို ဓားပျော့ပေါ် ဖိထားရင်း သူ၏မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပေါက်ထွက်လာသည်။

"ဟမ့်!" ၀တ်ရုံဖြူဝတ်အမျိုးက အေးစက်စွာ နှာခေါင်းရှုတ်လိုက်ပြီး သူ၏၀တ်ရုံ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်စွမ်းအင်စီးကြောင်းသည် ချက်ချင်းပင် ပျံသန်းသွားကာ ချင်ယွင်၏ ရင်ဘတ်ထဲသို့ ထိုးကျသွားသည်။

"ငါ့အတွက်တော့ ဘယ်ဟာက ကောင်းလဲဆိုတာ ငါ မသိဘူး၊ အမှန်အတိုင်း ပြောရရင် "သူမရဲ့ အစစ်အမှန် ကိုယ်ရေးအချက်လက်က တော်ဝင်ရန်အင်ပါယာမှာရှိတဲ့ သိုင်းမြို့စားချင်းယွန်ရဲ့ သမီးပဲ။ သူမ၏အမည်အရင်းက ရန်ချင်းဝူ ဖြစ်တယ်။ သူမဟာ ငါတို့ တော်၀င်ရန်အင်ပါယာရဲ့ မင်းသမီးတပါး ဖြစ်တယ်။ သူမဟာ နောင်တချိန် ရောက်ရင် နဝမမြောက်မင်းသားကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူရမယ်။ ဒီနေ့ သူမကို အိမ်ပြန်ခေါ်ဖို့ သိုင်းမြို့စားက အမိန့်ပေးထားတယ်။ မင်းတို့ရဲ့ အတိတ်က ဆက်ဆံရေးကို ငါဂရုမစိုက်ဘူး။ အခုချိန်ကစပြီး မင်းတို့နှစ်ယောက်ဟာ ဘာမှ မဆိုင်တော့ဘူး။ မဟုတ်ရင် မင်းပဲ သေရလိမ့်မယ်” အ၀တ်ဖြူ‌၀တ်လူက အေးစက်စွာ ပြောသည်။

"ဘာ?" ချင်ယွင် အံ့သြသွားသည်။

သူ၏အစ်မသည် အမှန်တကယ်ပင် မိုးပြာတိမ်တိုက်(ချင်းယွန်) သိုင်းမြို့စား၏ သမီး ဖြစ်နေသည်။

မင်းသမီးလား?

နဝမမင်းသား၏ အနာဂတ် ကိုယ်လုပ်တော်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"မဟုတ်ဘူး၊ ခင်ဗျား ကျုပ်အစ်မကိုသေချာပေါက် ခေါ်သွားခွင့်မပြုဘူး။ သူမဟာ မိုးပြာတိမ်တိုက် သိုင်းမြို့စားရဲ့သမီးလို့ ပြောရင်တောင် သူမနိုးလာပြီးနောကိ သူမ သဘောထားကိုမေးဖို့ စောင့်နေရဦးမယ်။" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောသည်။ (မိုးပြာတိမ်တိုက်နှင့် ချင်းယွန်သည် နာမည်တူ၏ စာအုပ်ထဲပါသည့်အတိုင်း ရေးသားပါမည်)

သူမ မနိုးလာမချင်း ဒီလူကို သူ၏အစ်မကို ဘယ်တော့မှ ခေါ်ယူသွားခွင့် ပြုမှာမဟုတ်ဘူး။

"ဟမ့်၊ ဒါက မင်းနဲ့မဆိုင်ဘူး!" ၀တ်စုံဖြူလူ၏ မျက်လုံးများတွင် ဒေါသ အရိပ်အယောင်များ ပေါ်လာသည်။

ဤကောင်လေးကို သူမ‌မောင်လေးအဖြစ် တော်ဝင်သမီးလေးက အသိမှတ်ပြု ထားပေမယ့် သူတို့နှစ်ယောက်ဟာ အချိန်အတော်ကြာ လက်တွဲခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ခင်ခဲ့ကြသော်လည်း၊ သူမက မိုးပြာတိမ်တိုက် သိုင်းမြို့စား၏ သမီးဖြစ်နေဆဲပင်။ အနာဂတ်တွင် သူတို့နှစ်ဦးသည် မတူညီသော ကမ္ဘာနှစ်ခုမှလူများ ဖြစ်လာကြမည် ဖြစ်သည်။

ထို့အပြင် သိုင်းဧကရာဇ်ဘုရင်မင်းမြတ်သည် ရန်ချင်းဝူကို နဝမမြောက်မင်းသားနှင့် ထိမ်းမြားပေးခဲ့သည်။ နောင်တွင်၊ သူမသည် နဝမမြောက်မင်းသား၏လူများထဲမှ တစ်ဦးဖြစ်လာရန် ကံတရားက စီမံထားသည်။

နဝမမြောက်မင်းသားသည် အမြဲတမ်း သဘောထား သေးသိမ်ပြီး သူပိုင်သည့် အရာများကို မည်သူမှ ထိတွေ့ခွင့်မပြုနိုင်ပေ။ ဤကလေးသာ သူ့ကို ဆက်ပြီး နှောင့်ယှက်ရင် နောင်တချိန် နဝမမြောက်မင်းသားက သူ့ကို သေချာပေါက် သတ်ပစ်ပါလိမ့်မည်။ ထို့ကြောင့် သူသည် ဒီကောင်လေးကို အတိုင်းအတာတစ်ခုအထိ ကယ်တင်နေတာဖြစ်သည်။ သို့သော် ဒီကောင်လေးသည် အကောင်းနှင့်အဆိုးကို ဤမျှလောက် လျစ်လျူရှုလိမ့်မည်ဟု မထင်ထားခဲ့။

"ငါ့အစ်မကို ခေါ်သွားချင်ရင် ငါ့အလောင်းကို နင်းသွားရလိမ့်မယ်။" ချင်းယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဓားဆန္ဒကို ထုတ်ဖော်မူက သူ့ကိုကယ်တင်နိုင်ပေမယ့် သူ့အစ်မ၏ ရှင်ခြင်း သေခြင်းတော့ မသေချာပေ။ ဝတ်ရုံဖြူ၀တ်လူ ပြောသည့်စကားသည် အမှန်ပင် ဖြစ်သော်ငြားလည်း သူ၏အစ်မကို လွယ်လွယ်ကူကူ ခေါ်သွားခွင့် မပြုနိုင်ပေ။

ထို့အပြင်၊ သူ၏အစ်မသည် နဝမမြောက်မင်းသားကို လက်ထပ်တော့မည်ဟု ထိုလူက ပြောခဲ့သည်။ ဒီစကားက ချင်ယွင်၏ နှလုံးသားအောက်‌ခြေမှ ခံနိုင်ရည်အားကို ခံစားရစေသည့် စကားဖြစ်သည်။

သူ၏အစ်မသည် သူနှင့်အတူ ခြောက်နှစ်ကြာနေထိုင်ခဲ့ပြီး နေ့စဉ်နေ့တိုင်း အတူတကွနေထိုင်ခဲ့ရာ သူတို့နှစ်ဦးကြားက ဆက်ဆံရေးသည် သာမန်မွေးချင်း‌ မောင်နှမများထက် သာလွန်နေပြီ ဖြစ်သည်။

သို့သော် ချင်ယွင်သည် ဤသိမ်မွေ့သော ဆက်ဆံရေးသည် အချစ်ဟုတ် မဟုတ်ကို မသိရှိခဲ့ပေ။ နှစ်ခုစလုံး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ၏အစ်မသည် သူ့အတွက် ဓားနှင့်ထိုးချက်ကို ပိတ်ဆို့လိုက်သည့်အခါ သူ၏ နှလုံးသားသည် ကွဲကြေသွားသလို ခံစားရလိုက်သည်။ ထိုခံစားချက်မျိုးက သူ၏အစ်မကို သူ၏တစ်သက်လုံး ဘယ်တော့မှ ထားမသွားစေလိုသော စိတ်ခံစားချက်ကို ဖြစ်‌ပေါ်စေသည်။

"မိုက်မဲတဲ့ အပြုမူပဲ!" ဝတ်ရုံဖြူ၀တ်လူက ဒေါသတကြီးပြောသည်။ သူသည် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ရင်ဘတ်ကို ရိုက်ချ လိုက်သည်။

ချင်းယွန် မတုံ့ပြန်နိုင်ခင်မှာ သူသည် လွင့်စင်သွားပြီး သွေးတပွက် အန်ထုတ် လိုက်ရသည်။

ကျင့်ကြံမူ ကွာခြားချက်က ကြီးမားလွန်းသည်။ သူ့မှာ ၀တ်စုံဖြူ၀တ်လူကို တွန်းလှန်ဖို့ အင်အားမရှိတော့ဘူး။ သူ၏ဓားကို မဆွဲထုတ်ခင်မှာ အဖြူရောင်ဝတ်လူက သူ၏ခေါင်းကို အလွယ်တကူ ဖြတ်ပစ်နိုင်သည်ဟု သူ ယုံကြည်သည်။

သို့သော် သူ၏အစ်မကို လွယ်လွယ်ကူကူ ခေါ်ထုတ်သွားစေဖို့ ဆန္ဒမရှိပေ။

"ကောင်လေး ၊ မင်း သေသင့်တယ်။ မင်းအစ်မနဲ့ မင်းဟာ မတူညီတဲ့ကမ္ဘာနှစ်ခုက လာခဲ့ကြသူတွေဘဲ ။ ဒါအပြင် မင်း ငါ့ကိုအနိုင်ယူနိုင်တယ်ဆိုရင်‌ရော ဘာဖြစ်လာမှာလဲ။ မင်း သိုင်းမြို့စား ချင်းယွန်ကို အနိုင်ယူနိုင်လို့လား။ အင်အားကြီးတဲ့ နဝမမင်းသားနဲ့ မင်း ရင်ဆိုင်နိုင်လို့လား" ဝတ်ရုံဖြူဝတ်လူက လက်မလျော့လိုသည့် ချင်ယွင်ကို အေးစက်စက် ပြောလိုက်သည်။

သူသည် အတွေ့အကြုံရှိသူဖြစ်သည်။ ဧကရာဇ်သမီးတော်အပေါ် ချင်ယွင်၏ နားမလည်နိုင်သော ခံစားချက်များကို သူ မည်ကဲ့သို့ မမြင်နိုင်ဘဲ ရှိမည်နည်း ။ သို့သော် ဤအရာသည် နောက်ဆုံးတွင် ကံကြမ္မာဆိုးတစ်ခု ဖြစ်လာလိမ့်မည်။ အခု သူ မဖြတ်တောက်ခဲ့လျှင် ချင်ယွင်၊ ရန်ချင်းဝူနှင့် မိုးပြာတိမ်တိုက်သိုင်းမြို့စားစံ (သိုင်းမြို့စားချင်းယွန်)စံအိမ် တစ်ခုလုံးအတွက် ဘေးဥပါဒ် ဖြစ်သွားလိမ့်မည်။

"မဟုတ်​ဘူး...ငါ့အစ်မ​ကို အဝေးကို ခေါ်သွားမှာကို ငါ သေချာပေါက် ခွင့်မပြုလူး!" ချင်ယွင်သည် ပါးစပ်မှ သွေးများကိုသုတ်ကာ မတ်တပ်ထရပ်ပြီး ရူးသွပ်စွာ အော်ပြောလိုက်သည်။

သူ၏နှလုံးသားမှာ မလိုလားမူများနှင့် ပြည့်နေသည်။ သူ၏အစ်မကို ထားခဲ့ရန် သူ တွန့်ဆုတ်နေပြီး သူမကို မိုက်မဲသည့် နဝမမြောက်မင်းသားနှင့် လက်မထပ်စေချင်ပေ။

သို့သော်လည်း လက်ရှိသူသည် ဤအရာအားလုံးကို တားဆီးရန် အားနည်းလွန်းလှသည်။

အဝတ်ဖြူဝတ်လူ ပြောသည့်အတိုင်းပင်၊ မိုးပြာတိမ်တိုက် သိုင်းမြို့စား နှင့် ထူးကဲသော နဝမမင်းသားကို သူ အနိုင်မယူနိုင်။

သို့သော် သူ၏အစ်မကို ခေါ်ဆောင်သွားပြီး နဝမမြောက်မင်းသားနှင့် လက်ထပ်ပေးမည် ကို ကူကယ်ရာမဲ့ စောင့်ကြည့်နေရမည်ဆိုလျှင် သူ မည်သို့ ဆန္ဒရှိမည်နည်း။

သူသေရင်ရော ဘာဖြစ်လဲ။

အကယ်၍ ငါ ချင်ယွင်သည် ငါ၏ချစ်လှစွာသော အမျိုးသမီးတ‌ယောက်ကိုတောင် မကာကွယ်နိုင်ခဲ့ ဘူးဆိုလျှင် ငါဟာ အင်မော်တယ်ကမ္ဘာသို့ ပြန်သွားပြီး တော်၀င်ချင် အင်မော်တယ်မင်းဆက်တစ်ခုလုံးကို မည်ကဲ့သို့ ဖြုတ်ချနိုင်မည်နည်း။ "ခင်ဗျား ကျုပ်အစ်မကို ခေါ်သွားချင်ရင် ကျုပ်အလောင်းကို နင်းသွားရမယ်။ ကျုပ်ရဲ့ နောက်ဆုံး ခွန်အားတွေ ကုန်ဆုံးသွားရင်တောင် ခင်ဗျားကို ကျုပ်အစ်မကို ခေါ်မသွားနိုင်အောင် ကျုပ် တားဆီးရလိမ့်မယ်။" ချင်ယွင်က စကားတစ်ခွန်းပြီး တစ်ခွန်း ဆက်တိုက် ပြောပြီးနောက် သူ၏မျက်လုံးများက သေခြင်းအငွေ့သက်များနှင့် ပြည့်နေသည်။

"မင်းက ခေါင်းမာတာလား?" ဝတ်ရုံဖြူ၀တ်လူက ဒေါသတကြီးပြောသည်။ သူ၏စကား ပြီးဆုံးသွားပေမယ့် ဒီကလေးက အရမ်းခေါင်းမာနေတုန်းပင်။

ကြည့်ရတာ သူ ဒီနေ့ ဒီကောင်လေးကို မလှုပ်ရှားနိုင်သည့်အထိ မရိုက်ဘူးဆိုရင် တော်ဝင်သမီးတော်ကို သူခေါ်သွားလို့ ရမှာမဟုတ် လောက်ဘူး။

"ကောင်စုတ်လေး၊ မင်းကို ငါမသတ်ဝံ့ဘူးလို့ မင်းတကယ် ထင်နေတာလား။ တော်ဝင်သမီးတော်က အနာဂတ်မှာ ငါ့ကို အပြစ်တင်ရင်တောင် မင်းကို ဒီနေ့ အသိတရားက ဘာလဲဆိုတာ ငါပြောပြမယ်" ဝတ်ရုံဖြူ၀တ်လူ၏ အသံသည် ရုတ်တရက် ထွက်‌ပေါ်လာပြီး အေးစက်သည့်အအေးဓာတ်က ချင်ယွင်ကို ချက်ချင်း လွှမ်းမိုးသွားသည်။

တစ်ချိန်တည်းမှာပင် အဖြူရောင်ဝတ်လူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲပြီး ချင်ယွင်ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

ချင်ယွင်သည် ကာကွယ်ရန် ချက်ခြင်းပြင်ဆင်လိုက်ပြီး သူ၏သူငယ်အိမ်က ရုတ်တရက် ကျယ်လောင်လာသည်။ သို့သော်လည်း အဖြူရောင်ဝတ်လူ၏ ခွန်အားသည် ပြင်းထန် လွန်းပြီး ချင်ယွင်၏ ရင်ဘတ်ကို သူ၏လက်ဖဝါးဖြင့် တိုက်ရိုက်ရိုက်ချလိုက်သည်။

ဘန်း။

ချင်ယွင်သည် သူ၏ခေါင်းထဲတွင် အသံတစ်ခု ခံစားလိုက်ရသည်။ သူ၏ ရင်ဘတ်ကို သံတူကြီးဖြင့် ထုရိုက်လိုက်သလို ခံစားလိုက်ရသည်။ သူ၏ရင်ဘတ်သည် ချက်ခြင်း ချိုင့်၀င်ပြီး အတွင်းအင်္ဂါများ လှုပ်ရှားသွားကာ သွေးများ အရူးအမူး အန်သည်။

"အစ်မ…"

ချင်ယွင်၏ မျက်လုံးများသည် ဝေ‌ဝါးသွားပြီး ဝတ်ရုံဖြူ၀တ်လူ သူ၏အစ်မကို အဝေးသို့ ခေါ်ဆောင်သွားသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။

သူတားဆီးချင်သော်လည်း ပြင်းထန်သောနာကျင်မှုကြောင့် ချင်ယွင်သည် မည်သည့်ခွန်အားကိုမျှ အသုံးမပြုနိုင်တော့ပေ။

ရုတ်တရက် ချင်ယွင်၏ မျက်လုံးများ မှေးမှိန်သွားကာ သတိလစ် မေ့မြောသွားတော့သည်။

All Chapters