လျူမျိုးနွယ်စု၏ ဒေါသတကြီးဖြစ်မူ
Vol. 1 Ch. 15
အခန်း (၁၅) လျူမျိုးနွယ်စု၏ ဒေါသတကြီးဖြစ်မူ
ချင်ယွင်သည် မေ့မြောနေသကဲ့သို့ လျူကလန်တွင်လည်း ပြင်းထန်သောမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။
လျူထန်းရှင်သည် ဧည့်ခန်းရှိ ပင်မထိုင်ခုံပေါ်တွင် ထိုင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျွန်များနှင့် အစောင့်များကို ငေးကြည့် နေသည်။ သူ၏ အကြည့်များက ရေခဲလိုအေးစက်ပြီး ကြောက်စရာကောင်းလွန်းသည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျွန်များနှင့် အစောင့်များသည် တုန်တုန်ယင်ယင် ဖြစ်ကာ လျူထန်းရှင်၏ မျက်နှာအမူအရာကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
လက်ရှိအိမ်တော်သခင် ပေါက်ကွဲလုနီးပါး ဖြစ်နေပြီဆိုသည်ကို သူတို့ သိသည်။ ယခုအချိန်တွင် ခေါင်းဆောင်သည် ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ ဒီအချိန်မှာ သူ့ကို ဖြတ်ပြောလိုက်မည်ဆို ဘယ်လိုသေရမှန်းတောင် မသိလောက်ပေ။
"ပြောစမ်း၊ ဘာဖြစ်ကြတာလဲ၊ ရှန်အာ နဲ့ တတိယအကြီးကဲက အကြောင်းပြချက်မရှိဘဲ ဒီမြူခိုးတိမ်တိုက်စားသောက်ဆိုင်ကို ဘာသွားလုပ်ရတာလဲ။" လျူထန်းရှင်သည် ဒေါသတကြီးသော ခြင်္သေ့ကဲ့သို့ ဒေါသတကြီး ဟောက်သည်။
ရှေ့တွင် ဒူးထောက်ထိုင်နေသော အစေခံတစ်ဦးသည် ခြေလှမ်းအနည်းငယ်တိုးကာ တုန်လှုပ်ချောက်ချားစွာဖြင့် "အဲဒါ လျူယွန်ဟိုင်ကြောင့်ပဲ၊ သူ့သား လျူကျင်းကို မြူခိုးတိမ်တိုက်စားသောက်ဆိုင်ပိုင်ရှင် လျူရန်ယွင်ရဲ့ မောင်လေးချင်ယွင်က သတ်ပစ်လိုက်တယ်။ လျူယွန်ဟိုင်က ဒါကို မကျေနပ်ဘူး။ ပြီးတော့ ချင်ယွင်ကို လက်စားချေဖို့သွားခဲ့တယ်။ ဒါပေမယ့် လျူယွန်ဟိုင်က သခင်လေးကို လျူရန်ယွင်ကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ပြန်ရင်ခေါ်လာဖို့ အားပေးအားမြှောက်ပြုလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ တကယ်တော့ သခင်လေးက သူ့ကို ထောက်ပံ့ပေးဖို့ အတွက်သက်သက်ပါ"။
"လျူယွန်ဟိုင်လား !" သူ၏လက်ဖဝါးကို သူ၏ဘေးနားရှိ နံ့သာဖြူစားပွဲပေါ် တင်လိုက်သည်နှင့် လျူထန်းရှင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ ချက်ချင်းပင် ပေါ်လာသည်။ ကျောက်ခဲဟုခေါ်သော နံ့သာဖြူ စားပွဲသည် ချက်ချင်း ကွဲအက်သွားသည်။
ဇ၀နဉာဏ်ရွှင်ပြီး အမေးကိုပြန်ဖြေနေသည့် အစေခံသည် ချက်ခြင်း ထိတ်လန့်သွားပြီး သူ၏ခေါင်းကို မြေကြီးပေါ်တွင် မြှုပ်ထားရင်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
လျူထန်းရှင်၏ ခန္ဓာကိုယ်သည် သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နေပြီး သူက အေးစက်စွာ နှာခေါင်းရှုတ်ရင်း ပြောသည် "ဟမ့်၊ ဘဏ္ဍာစိုးငယ်လေးအတွက်နဲ့ သူက ငါ့သားကို တကယ်သတ်ခဲ့ပြီး ငါ့လျူကလန်ရဲ့ တိုက်ပွဲအင်အားကိုတောင် ဆုံးရှုံးသွား စေခဲ့တယ်။ သွားစမ်း၊ လျူယွန်ဟိုင်ကို ဒီကို ခေါ်လာခဲ့စမ်း။ ငါ သူ့ကို အရှင်လတ်လတ် အစိပ်စိပ်မွှာမွှာ ခုတ်ပိုင်းပစ်မယ်!"
"သခင်ကြီး၊ လျူယွန်ဟိုင်ကို ချင်ယွင်က သတ်လိုက်ပါပြီ!” သူရှေ့မှာရှိနေသည့် ပြန်ဖြေသောကျွန်က ဆက်ပြောသည်။
"ဟမ့်၊ ဒါဆို သူ့မိန်းမနဲ့သမီးတွေအကုန်လုံးကို ရောင်းစားပြီး သူတို့တစ်သက်တာလုံး ကျွန်ဖြစ်သွားအောင် လုပ်လိုက်" လျူထန်းရှင်က ဒေါသတကြီး အော်လိုက်သည်။
"ဟုတ်ကဲ့ပါ!" အစေခံက ပြန်ဖြေသည်။ ထိုစကားကို ပြောပြီးနောက် သက်ပြင်း တစ်ချက် ချကာ အမြန်ပြန်ဆုတ်သွားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လျူယွန်ဟိုင်နှင့် ညီအစ်ကိုအဖြစ် အတူတူ သောက်ခဲ့သော ဤအစေခံသည် သူ၏စိတ်ထဲတွင် ပြုံးကာ "လျူယွန်ဟိုင်၊ ငါ မင်းကို မကူညီတာ မဟုတ်ဘူးနော်၊ သခင်ကြီးက အမိန့်ပေးလိုက်ပြီ။ မင်းရဲ့ဘ၀ကို ကယ်တင်ဖို့ မင်းမိန်းမနဲ့ သမီးကို ဒဏ်ရာပေးဖို့ဘဲ ငါ တတ်နိုင်တော့တယ်။ ဒါပေမယ့် မင်း စိတ်မပူပါနဲ့ ။ မင်းအတွက် ငါ သူမတို့ကို ကောင်းကောင်း ပြုစုပေးပါ့မယ်။"
ထိုအစေခံ နောက်ဆုတ်သွားသည့်အချိန်တွင် လျူထန်းရှင်၏ အမူအရာမှာ အုံ့မှိုင်းနေ သည်။သူသည် ခန်းမ၏ ပင်မထိုင်ခုံပေါ်တွင် ပြန်ထိုင်ကာ ဘယ်သူမှမရှိသည့် ခန်းမလွတ်ကို ပြောလိုက်သည်။ "ပြောပြပါဦး၊ ချင်ယွင်ကို ဖမ်းဖို့ မင်း ဘာကြောင့် တားမြစ်ခဲ့ရလဲဆိုတာ"
"အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်။ မင်းရဲ့အမှိုက်နောက်လိုက်တွေက ချင်ယွင်ကို မယှဉ်နိုင်ဘူး။ သွားကြရင်လည်း သေရုံဘဲရှိလိမ့်မယ်!" ဧည့်ခန်းအတွင်းမှ အနီရောင်မြူခိုးများ ပေါက်ကွဲထွက်လာပြီး နောက်ဆုံးတွင် ၀တ်စုံနီ၀တ် အမျိုးသမီးတစ်ဦးအဖြစ်သို့ စုစည်းသွားခဲ့သည်။ အမျိုးသမီးက လျူထန်းရှင်ကို ကြည့်ကာ အေးစက်စွာ ပြောသည်။
လျူထန်းရှင်သည် မျက်မှောင်ကြုတ်ကာ ဧည့်ခန်းရှိ ၀တ်စုံနီဝတ် အမျိုးသမီးကို အေးတိအေးစက် ကြည့်ကာ ဝေခွဲမရ ဖြစ်သွားသည်။
ချင်ယွင်သည် သိုင်းပညာရှင်နယ်ပယ် သတ္တမအဆင့် ကောင်းကင်အလွှာ တဦး ဖြစ်သည်ဟု ဆိုကြသည်။ ရှန်အာ နှင့် တတိယအကြီးကဲကို သတ်နိုင်လျှင်ပင် အထူးနည်းလမ်းအချို့ကို ငှားရမ်းရလိမ့်မည်။ သူ၏ စစ်မှန်သော ခွန်အားဖြင့် သတ်ဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်။ သူ၏ အဆင့်ထက်ကျော်လွန်သူကို သတ်ဖြတ်ခြင်းသည် အကန့်အသတ်ရှိ၏။ ချင်ယွင် လုပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်။
သူ့မျိုးနွယ်စု၏တပည့် အများအပြားသည် န၀မအဆင့် ကောင်းကင် အလွှာသို့ ရောက်ရှိနေကြပြီး အချို့ဆို သိုင်းသခင်များပင် ဖြစ်ကြသည်။ ထိုချင်ယွင်ကို မကိုင်တွယ်နိုင်ဟု ပြောက သူ ယုံမည်မဟုတ်ပေ။
ဝတ်လုံနီ၀တ်အမျိုးသမီးသည် အထင်အမြင်သေးမူနှင့်အတူ နှာခေါင်း ရှုတ်မိ ၏။ လျူထန်းရှင် ဘာတွေးနေလဲဆိုသည်ကို တစ်ချက်တည်းဖြင့် သူမ ပြောပြနိုင် သည်။ "မိုက်မဲလိုက်တာ။ အရင်က ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည်ကို သတိမထားမိဘူး မဟုတ်လား။ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင် တစ်ယောက်ကိုတောင် သူက သတ်ပစ်လိုက်တယ်။ မင်းမျိုးနွယ်စုရဲ့ တပည့်တွေက သူ့ကို သတ်နိုင်မယ်လို့ ထင်လား။"
"အဲတော့ ဘာဖြစ်လဲ၊ သူ့ကို ထွက်သွားခွင့် ပြုရမှာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ့သေဆုံးမူအတွက် လက်စားချေရမှာပဲ" လျူထန်းရှင်က ကမန်းကတန်း အော်လိုက်သည်။ သူ၏သားအသတ်ခံရပြီးနောက် ချင်ယွင်ကို အပိုင်းပိုင်း ဖြတ်ပစ်ဖို့ပင် ဆန္ဒရှိခဲ့တယ်။ သို့သော်လည်း ဝတ်ရုံနီ၀တ်အမျိုးသမီးက ချင်ယွင်ကို ရန်စဖို့ မဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ သူ ဘယ်လိုလုပ် စိတ်အေးရမှာလဲ။
"မင်း ဘာကို အရမ်းစိတ်ပူနေတာလဲ..လက်စားချေလို့ မရနိုင်ဘူလို့ ပြောတာမဟုတ်ဘူးလေ!" အနီရောင်ဝတ်စုံ၀တ် အမျိုးသမီးသည် လျူထန်းရှင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူမသည် အလွန်မကျေမနပ် ဖြစ်နေသည်။ ဒီလို အဆင်ခြင်ကင်းမဲ့ သည့် လူဟာ မျိုးနွယ်စု၏ အကြီးအကဲ ဘာကြောင့် ဖြစ်လာနိုင်လဲ ဆိုသည်ကို သူမ တကယ်ကို နားမလည်တော့ပေ။ သူမ၏အကြံဉာဏ်ကြောင့်သာ မဟုတ်ပါက၊ လျူကလန်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းကတည်းက ချင်းယွမ်မြို့ရှိ အခြားမျိုးနွယ်စု နှစ်ခု၏ လုံးလုံးလျားလျား ဝါးမြိုသွားခြင်းကို ခံနေရလောက်ပြီ။
"ဟုတ်ပါတယ် ဟုတ်ပါတယ်။ငါ စိတ်ပူနေမိတာပါ" လျူထန်းရှင်က အဆောတလျင်စွာ တောင်းပန်လိုက်ရသည်။
သူ၏ရှေ့က ၀တ်စုံနီဝတ်အမျိုးသမီးသည် သူ့ လျူကလန်၏ ဧည့်သည်အကြီးအကဲဟု အမည်ခံထားပေမယ့် လျူထန်းရှင်သည် သူမ၏နောက်ခံဟာ မရိုးရှင်းဘူးဆိုတာကို သိထားပြီး သူမ၏ကျင့်ကြံမှုက ပိုလို့ပင် နားမလည်နိုင်အောင် ဖြစ်နေသည်။
အဓိကအချက်မှာ လျူထန်းရှင်သည် သူမဟာ ချစ်စရာကောင်းပြီး လှပနေသော်လည်း သူမ၏နည်းလမ်းများသည် အလွန်ရက်စက်ကြမ်း ကြုတ်လွန်းသဖြင့် သူသည် မျိုးနွယ်စုခေါင်းဆောင်ဖြစ်နေလျှင်ပင် သူမကို ကြောက်ရွံ့နေရမည်ဖြစ်သည်။
"ဒါဆို တော်၀င်အကြီးကဲ ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ" လျူထန်းရှင်က မေးလိုက် သည်။
၀တ်စုံနီဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး "ငါ့ခန့်မှန်းချက်အရဆိုရင် သူ့မှာ ပြိုင်ဘက်ကင်း ရတနာအချို့ ရှိရမယ်။ သတင်းဖြန့်ဖို့ ဒီဟာကို သုံးလို့ရတယ်။"
"သတင်းဖြန့်မှာလား?" လျူထန်းရှင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်လေ !" အမျိုးသမီးက ပြန်ဖြေတယ်။
လျူထန်းရှင် အံ့ဩသွားသည်။ ချင်ယွင်သည် သူ၏လက်ထဲတွင် ရတနာအချို့ အမှန်တကယ်ရှိနေမည်ဆိုလျှင် သတင်းကိုပိတ်ထားရမည်
မဟုတ်ဘူးလား။ သူ့ကိုသတ်ပစ်ပြီး ရတနာကို သိမ်းယူသင့်သည် မဟုတ်ပါ လား။ ထိုအချိန်တွင် သူ၏ လျူကလန်သည် အခြားမျိုးနွယ်စုနှစ်ခုကို နှိမ်နင်းနိုင်ပြီး မြို့သခင်စံအိမ်ကိုပင် စိန်ခေါ်နိုင်လိမ့်မည်။
ဒါပေမယ့် ဒီသတင်း ပြန့်သွားမယ်ဆိုရင်တော့ ရတနာကို တခြားသူဆီ လွှဲပေးလိုက် ရတာပဲ မဟုတ်လား။
အနီရောင်ဝတ်လုံအမျိုးသမီးက လျူထန်းရှင်ကို မျက်လုံးပြူးပြီး ထပ်မံကြည့် သည်။ "မင်းက ဒီလောက်တောင် မိုက်မဲတာလား" ချင်ယွင်မှာ ရတနာတစ်ခု ရှိနေမှတော့ သူကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ သတ်ပစ်နိုင်ပါ့မလဲ။ ဒါ့အပြင် ငါတို့က ဘာမှ လုပ်စရာမလိုဘူး။ တိုက်ပွဲမှာ နှစ်ဖက်လုံး ဒဏ်ရာရဖို့ စောင့်နေရုံ ဘဲ။ ဒီနောက် ငါတို့က ပြန်တိုက်ခိုက်ပြီး ရှိခိုးကောင်နှင့် ပုစဉ်းရင်ကွဲကို ဖမ်းရုံ ဘဲ။ ဒီနည်းလမ်းနဲ့ ငါတို့ဟာ အခြားမျိုးနွယ်စုများရဲ့ ခွန်အားကို ကုန်ဆုံးစေရုံသာမက ချင်ယွင်ကိုလည်း ခွန်အားများစွာ စိုက်ထုတ်စရာမလိုဘဲ သတ်နိုင်ပြီး ရတနာတွေကိုလည်း သိမ်းယူနိုင်လိမ့်မယ်။ ဒါက ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ကို သတ်ပစ်တာ မဟုတ်ဘူးလား။
လျူထန်းရှင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာပြီး " မျိုးနွယ်စုကြီး နှစ်ခုသာ တိုက်ခိုက်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ မြို့သခင်စံအိမ်ပါ တိုက်ခိုက်လာ ရင်ရော ငါတို့ ဘာလုပ်သင့်လဲ " မြို့သခင်စံအိမ်မှ အစားအစာကို ခိုးယူရတာက ကောင်းကင်ဘုံကို တက်ရတာထက် ပိုတောင် ခက်ခဲတယ်။"
၀တ်စုံနီအမျိုးသမီးက ရယ်မောပြီး "ဒီကိစ္စကို ငါကိုင်တွယ်မယ်။ ချင်းယွမ်မြို့သခင် ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားဘူးဆိုရင် ဒီရတနာကို ငါ သေချာပေါက်ရလိမ့်မယ်" လျူထန်းရှင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ ၀တ်စုံနီ၀တ်အမျိုးသမီး၏ ကျင့်ကြံမှုအဆင့်ကို သူ မသိသော်လည်း သူမသည် သိုင်းဂိုဏ်းနယ်ပယ် ချုပ်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်မှာ သေချာသည်။ ချင်ယွန်မြို့တစ်ခုလုံးတွင် ချင်းယွမ်မြို့သခင်တဦးသာ ဒီအဆင့်ရှိသည်။
"ဟမ့်၊ ချင်ယွင်၊ ချင်ယွင်၊ ငါ မင်းကို အချိန်ပိုကြာအောင် အသက်ရှင်ခွင့်ပေးလိုက်မယ်။ ရှန်အာကို မင်းသတ်လိုက်မှတော့ ငါ မင်းကို အရှင်လတ်လတ်သတ်ပြီး မင်းရဲ့ ဦးခေါင်းသွေးနဲ့ ရှန်အာအတွက် ယဇ်ပူပေးမယ်။"
လျူထန်းရှင်သည် သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ပါးစပ်ထောင့်ရှိ အေးစက်သည့်အပြုံးက ပို၍ ကြည်လင်လာသည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် သတိလစ်မေ့မြောရာမှ နိုးလာခဲ့သည်။ ဘာမှမရှိ လွတ်နေသည့်ပတ်ဝန်းကျင်မှာ သူ၏အစ်မတစ်ယောက် မရှိတော့သည်ကို မြင်လိုက်ရ တော့ သူ၏စိတ်များ ပေါက်ကွဲသွားခဲ့သည်။
"အစ်မ မင်း ဘာပဲဖြစ်ဖြစ် ငါ မင်းကို သေချာပေါက်တွေ့အောင်ရှာမယ်။ ဘယ်သူက ငါ့ကို တားမှာလဲ၊ တားတဲ့လူကို သေချာပေါက် ငါ သတ်ပစ်မယ်"
ချင်ယွင်သည် ကောင်းကင်သို့ ခေါင်းမော့ကာ အော်ပြောလိုက်သည်၊ သူ၏အသံသည် ဆယ်လီလောက်အထိ ပဲ့တင်ထပ်ပြီး သတ်ဖြတ်လို သည့်ဆန္ဒများက ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
စာစဉ်(၁) ပြီးပြီ။
ဘာသာပြန်သူ နေဇင်