← Chapters

ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်

Vol. 2 Ch. 16

ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်

Vol. 2 Ch. 16

အပိုင်း (၁၆) ဆိတ်သုဉ်းခြင်းရှေးဟောင်းတောအုပ်

ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်သည် ချင်းယွမ်မြို့အနီးရှိ ရှေဟောင်း တောအုပ် ဖြစ်တစ်ခုပြီး စတုရန်းကီလိုမီတာ မိုင်သန်းပေါင်းများစွာ ဧရိယာကို လွမ်းခြုံထားပါ သည်။ တချိန်တည်းမှာပင်၊ ရှေးဟောင်းတောအုပ်သည် ရန်‌တော်၀င်အင်ပါယာ၏ တားမြစ်နယ်မြေသုံးခုထဲမှ တခုဖြစ်သည်။

ဆိတ်သုဉ်းခြင်းရှေးဟောင်းတောအုပ်ထဲတွင် ဆိတ်သုဉ်းခြင်းသားရဲ အများပြား နေထိုင်ကြသည်။. ထိုနေရာသည် ဆိတ်သုဉ်းခြင်းသားရဲများ၏ စုစည်းရာ နေရာတခု ဖြစ်သည်။. ထို့အပြင်, ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်၏ အလယ်သို့ နီးကပ်လေလေ, ပိုမိုအစွမ်းထက်သည့် ဆိတ်သုဉ်းခြင်းသားရဲများ တွေ့ရလေ ဖြစ်သည်။. အကယ်၍ သာမန်လူတယောက်သာ တောအုပ်ထဲ၀င်သွားမည်ဆိုလျှင် သံသယမရှိ သေဆုံးရလိမ့်မည်။.

ဆိတ်သုဉ်းခြင်းသားရဲများကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ ၎င်းတို့ကို သိုင်းပညာရှင်၊ သိုင်းသခင်၊ သိုင်းဂိုဏ်းချုပ်၊ သိုင်းမြို့စား၊ သိုင်းဧကရာဇ်များနှင့် အဆင့်တူညီစွာ အဆင့်တစ်မှ အဆင့်ငါးအထိ ခွဲခြားထားသည်။ အဆင့်ငါးအထက်သားရဲများကို ဆိတ်သုဉ်းခြင်းသားရဲများဟု မခေါ်နိုင်တော့။ ယင်းအစား ၎င်းတို့သည် လူသားပုံစံ အဖြစ် အသွင်ပြောင်းလဲနိုင်သောကြောင့် ၎င်းတို့ကို နတ်ဆိုးသားရဲများဟု ခေါ်ကြ သည်။

ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်၏ အနက်ရှိုင်းဆုံးနေရာ၌ အလွန်စွမ်းထက်သည့် နတ်ဆိုးသားရဲများ ရှိနေကြပြီး လူသားကျွမ်းကျင်သူများပင် ဝင်ရောက်လာပါက သေဆုံးကြလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ် သည် တော်၀င်ရန်အင်ပါယာ၏ တားမြစ်နယ်မြေသုံးခုအနက်မှ တစ်ခုအဖြစ် အမြဲတမ်း စာရင်းသွင်းခဲ့ကြသည်။

ဟုတ်ပါသည်၊ တားမြစ်နယ်မြေဆိုသည်မှာလည်း ကြီးမားသည့် ရတနာသိုက်တစ်ခုထဲ ပါ၀င်သည်ဟု အဓိပ္ပါယ်ရပါသည်။ ဤရှေးဟောင်း တောအုပ်ကြီးထဲတွင် ပေါက်ပွားနိုင် သော အင်မော်တယ် ဆေးဖက်ဝင်အပင်များနှင့် နတ်ဘုရားဆေးများအကြောင်း မပြောနှင့်ဦး၊ ထိုဆိတ်သုဉ်းခြင်းသားရဲများသည်ပင် ရတနာများ ဖြစ်ကြသည်။

ဥပမာအနေဖြင့်; အဆင့်တစ် ဆိတ်သုဉ်းခြင်းသားရဲ ဝံပုလွေအစွယ်နှင်း၀က်ဖြစ်သည်။. ၎င်း၏ အမွှေးမျာသည် ချမ်းသာကြွယ်၀သည့် အမျိုးသမီးများ အကြိုက်ဆုံး အသုံးဆောင် ဖြစ်သည်။ ၎င်း၏အမွှေးကို ရွှေဒင်္ဂါးတထောင်ဖြင့် ရောင်းချနိုင်သည်။ ပြောပြလိုသည့် ဒုတိယရတနာမှာ ဝံပုလွေအစွယ် ဖြစ်သညိ။ ၎င်းအစွယ်ကို လက်နက်များ သွန်းလုပ်ရာမှာ အသုံးပြုနိုင်ပြီး ၎င်း၏နှလုံးကို မျက်လုံးရောဂါ ကုသဆေးအဖြစ် ဖော်စပ်ရာမှာ ဆေးဖက်၀င်ပစ္စည်း အဖြစ် အသုံးပြုနိုင်သည်။.

ထို့ကြောင့် ဆိတ်သုဉ်းခြင်းသားရဲ ဝံပုလွေအစွယ်နှင်း၀က် သားရဲတစ်ကောင်ကို အမဲလိုက်ခြင်းသည် မြူခိုးတိမ်တိုက် စားသောက်ဆိုင်၏ တစ်နှစ်တာ၀င်ငွေနှင့် ညီမျှသော ရွှေဒင်္ဂါး သုံးထောင် နီးပါးကို ရရှိသည်ဟု ဆိုလိုသည်။

သို့သော်လည်း ဝံပုလွေအစွယ်နှင်း၀က်များသည် ကိုင်တွယ်ရန် လွယ်ကူသည် မဟုတ်။ ၎င်း၏ ထိုးစစ်စွမ်းအားသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်တဦးနှင့်သာ ညီမျှသော်လည်း၊ ၎င်း၏ ခုခံအားမှာ န၀မအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်နှင့် နှိုင်းယှဉ်နိုင်သောကြောင့် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်များပင်လျှင် ၎င်းကို ဘာမှ မလုပ်နိုင်ပေ။

ထို့အတွက်ကြောင့် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်သည် အလွန်အန္တရာယ်များ သော်လည်း၊ လူတို့၏ကံကြမ္မာကို တွန်းလှန်ရန်နှင့် ကြီးမားသောစည်းစိမ်ဥစ္စာများကို ရယူရန်အတွက် ၎င်းတောအုပ်ထဲသို့ ၀င်ရောက်ပြီး အသက်စွန့်စားကြသော သိုင်းပညာရှင်အများအပြား ရှိနေဆဲဖြစ်သည်။

"ရွှတ်!"

ချင်ယွင်သည် သူ၏‌ ဆေဘာဖြင့် ဝံပုလွေအစွယ်နှင်း၀က်၏ လည်ကုတ်ကို ခုတ်ပိုင်းလိုက်သည်။. ဆေဘာသည် ဝံပုလွေအစွယ် နှင်း၀က်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သွေးများက လွင့်စင်သွားသည်။

ဤသည်မှာ သူသတ်ခဲ့သော ဆဋ္ဌမမြောက် ဝံပုလွေအစွယ်နှင်း၀က်ဖြစ်နေပြီ ဖြစ်သည်။ အစပိုင်းကတည်းက သူ၏ဆေဘာသည် ဝံပုလွေအစွယ် နှင်း၀က်၏ ထူထဲသောအမွေးကို ထိုးဖြတ်၍မဖောက်နိုင်ခဲ့၊ ယခုအချိန်အထိ သူ၏ဆေဘာသည် ဝံပုလွေအစွယ်နှင်း၀က်၏လည်ပင်းသို့သာ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ သည်။ ဤအရာသည်ပင် သူ၏ ကြီးကျယ်သော တိုးတက်မှုတစ်ခု ဖြစ်သည်။

'"ဟူး၊ နောက်ဆုံးတော့ လေစွမ်းရည်သ‌ဘောတရားနယ်ပယ်ကို နားလည်သွားခဲ့ပြီ။ အနှစ်သာရဖြတ်တောင်ခြင်းလို့ခေါ်တဲ့ လှုပ်ရှားမှုတစ်ခု (သိုင်းကွက်)ကိုလည်း ဖန်တီးနိုင်ခဲ့ပြီ။ အဲဒါက လုံးဝ ပုံသဏ္ဍာန်မပေါ်သေးမယ့် အဆင့်နိမ့်အဆင့် အလယ်အလတ်တန်းစား သိုင်းပညာရပ်တခုအောက် နိမ့်ကျမှာ မဟုတ်ဘူး ။ လုံး၀ ပုံသဏ္ဍာန် ပေါ်လာပါက၊ ဒီသိုင်းကွက်ဟာ အဆင့်နိမ့်အဆင့် အဆင့်မြင့်တန်းစား သိုင်းပညာရပ်အဖြစ်သို့ ကျိန်းသေပေါက် ရောက်ရှိသွားလိမ့်မယ်။ ဒါမဟုတ် အလယ်အလတ်အဆင့် အဆင့်နိမ့်တန်းစား သိုင်းပညာရပ်နဲ့တောင် ယှဉ်နိုင်လိမ့်မယ်။"

ချင်ယွင်သည် သက်ပြင်းချကာ မြစ်ကမ်းနားရှိ မြက်ခင်းပြင်ပေါ်သို့ လဲကျသွား သည်။ ဤသည်မှာ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်သို့ သူဝင်လာခဲ့သည့် သုံးရက်မြောက်နေ့ဖြစ်သည်။

ဤသုံးရက်အတွင်း သူသည် ပြန်နားလည်ထားသော လေ၏သဘော တရားနှင့် သူ၏ဆေဘာပညာရပ်ကို အချိုးကျ ပေါင်းစပ်နေခဲ့သည်။ ဤသိုင်းကွက်သည် သူ နားလည်သဘောပေါက်ခဲ့သည့် လေ၏သဘောတရားကို သူ၏ ဆေဘာပညာရပ်သို့ ပေါင်းစပ်ခြင်းဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

လေ၏သဘောတရားသည် ပထမအဆင့်သာ ဖြစ်သေးသော်လည်း ချင်ယွင်အတွက် ကြီးမားသော တိုးတက်မှုဟု ယူဆနိုင်သည်။

အရင်တုန်းက(အင်မော်တယ်ကမ္ဘာမှာတုန်းက) ချင်ယွင်၏ မိုးကုတ်စက်ဝိုင်းကြီးဟာ အလွန်မြင့်မားလွန်းသောကြောင့် သူကျင့်ကြံ လေ့ကျင့်ခဲ့သည့် ပညာရပ်များ အားလုံး သည် ဧကရာဇ်အဆင့်နှင့် အထက်မှာ ရှိခဲ့သည်။ ယခုအခါတွင် သူ၏ကျင့်ကြံမူဖြင့် ထိုပညာရပ်များကို အလွယ်တကူ အသုံးမချနိုင်ခဲ့တော့။

ထိုအချိန်တုန်းက ချင်ယွင်သည် အဆင့်နိမ့်အဆင့်နှင့် အလယ်လတ်အဆင့် သိုင်းပညာရပ်များကို လေ့ကျင့်ရခြင်းကို လုံးဝ အထင်သေးခဲ့သည်။ သူစိတ်ဝင်စားသည့် ပညာရပ်များကိုသာ လှန်လှော ကြည့်ခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် ယခင်တိုက်ပွဲများတွင် သူရှိသင့်ရှိထိုက်သော ခွန်အားကို မပြသနိုင်ခဲ့ပေ။ လျူယွန်ဟိုင်နှင့် လျူဖင်းရှန်ကို သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း သူသည် လျူကလန်၏ တတိယအကြီးအကဲကို သတ်ဖြတ်နိုင်ရန် သူ၏ဓားဆန္ဒကို လုံးဝအားကိုးခဲ့ရပြီး နောက်ဆုံး သူ၏ဓားပညာရပ်များကို အသုံးပြုခဲ့ရသည်။

ယခုအချိန်တွင်၊ ချင်ယွင်အစကတည်းက လုပ်ဆောင်ရမည့်အရာအားလုံးမှာ ထိုအချိန်တုန်းက သူလေ့လာဖူးသည့် ဆေဘာပညာရပ်၏ အခြေခံ ဆယ့်သုံးမျိုး ဟန်ပန်များကို လေ့ကျင့်သကဲ့သို့ပင်၊ အနာဂတ်မှာ ပိုမိုစွမ်းအားပြသနိုင်ရန် သူ၏ အခြေခံအုတ်မြစ်ကို အဆင့်ဆင့် ခိုင်မာအောင်ပြုလုပ်ရန် ဖြစ်သည်။ .

"အခု ငါ့ရဲ့အနှစ်သာရဖြတ်တောက်ခြင်း ဆေဘာပညာရပ်ကို အသုံးလိုက်တာနဲ့ ငါ နဝမမြောက် ကောင်းကင်အလွှာ သိုင်းပညာရှင်ကို လွယ်လွယ်ကူကူ သတ်နိုင်သင့် တယ်။ ငါ့ရဲ့ ခွန်အားကို အပြည့်အ၀ အသုံးပြုလိုက်ရင် ပထမအဆင့် ကောင်းကင်အလွှာ သိုင်းသခင် အဆင့်တစ်ဦးတောင် ထိပ်တိုက်ရင်ဆိုင်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ ငါ့ဓားသိုင်းပညာရပ်များကို အသုံးပြုလိုက်တာနဲ့ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကို သတ်ပစ်နိုင်မှာကို‌တောင် ငါ ကြောက်မိတယ်။"

ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ ဓားပညာရပ်သည် သူ၏ ဝှက်ဖဲဖြစ်သည်။ အကယ်၍၊ သူ့မှာသာ တခြားရွေးချယ်စရာရှိခဲ့လျှင် သူသည် အလွယ်တကူ တိုက်ခိုက်မှာ မဟုတ်ပါဘူး။ သာမာန်တိုက်ပွဲများတွင် သူ့ကိုယ်သူ ထိန်းချုပ်ပြီး ဆေဘာပညာရပ်များကို အသုံးပြုရမည်ဆိုသည်ကို သူသာ သိသည်။

ဆေဘာပညာရပ်နှင့် ဓားပညာရပ်များသည် ကွဲပြားသော်လည်း အခြေခံ အနှစ်သာရအားဖြင့် ဆက်စပ်နေပါသည်။

ထိုအတိတ်အချိန်တုန်းက လေ၏သဘောတရားကို အကြမ်းဖျင်း နားလည်ခဲ့ သော်လည်း ယခုလေ၏သဘောတရားကို တစ်ဖန် ပြန်လည် နားလည်လာသော အခါတွင် တိမ်များကိုဖြတ်၍ တောင်များကိုကြည့်နေရသကဲ့သို့ ခံစားရသည်။

ဟုတ်ပါသည်၊၊ သူ အံ့အားသင့်ဆုံးအရာကတော့ လျှပ်စီးစွမ်းရည်သဘော တရားသဲလွန်စကို သူ အမှန်တကယ်နားလည် နားလည် သဘောပေါက်လာခဲ့တာ ကိုပါ။ ၎င်းသည် သဲလွန်စတစ်ခုမျှသာဖြစ်ပြီး သူသည် ၎င်း၏မည်သည့် စွမ်းအားကိုမျှ ထုတ်မပြနိုင်သေးသော်လည်း ချင်ယွင်အတွက်၊ ဤသည်မှာ သေချာပေါက် ကြီးမားသောရှေ့သို့ ခုန်တက်သွားခြင်း ဖြစ်သည်။

"အယ်? တယောက်ယောက်လား!"

ဤအခိုက်အတန့်တွင် ချင်ယွင်သည် မနီးမဝေးမှ အသံကို ရုတ်တရက် ခံစားလိုက်ရ သည်။ သူက ချက်ချင်းပင် လေအရိပ်ခြေလှမ်းကိုအသုံးပြုပြီး အနီးနားရှိသစ်ပင်ဆီသို့ အပြေးအလွှားသွားကာ သူ၏တစ်ကိုယ်လုံး အေးမြသော လေညှင်းအဖြစ် ပြောင်းလဲသွားသည်။

လေအရိပ်ခြေလှမ်းသည် ချင်ယွင်မကြာသေးမီက လေ့ကျင့်ခဲ့သော လှုပ်ရှားမှု နည်းပညာတစ်ခု ဖြစ်သည်။ ချင်ယွင်သည် လေ၏သဘောတရားကို ကောင်းစွာ နားလည်ထားသောကြောင့် အဆင့်နိမ့်အဆင့် အဆင့်မြင့် တန်းစား သိုင်းပညာရပ် တစ်ခုမျှသာ ဖြစ်သော်လည်း ချင်ယွင်သည် လေအရိပ်ခြေလှမ်းကို ပြီးပြည့်စုံသည်အထိ လေ့ကျင့်ရန် တစ်ရက်သာ အချိန်ယူခဲ့ရသည်။ ယခု လေတိုက်သည်နှင့်အမျှ မြန်လာပြီး သူ၏အရှိန်သည် ယခင်ကထက် သုံးဆပိုမြန်လာသည်။

ချင်ယွင်သည် သစ်ပင်အရိပ်ထဲမှာ ပုန်းကွယ်နေပြီး စောစောက သူရှိခဲ့သည့်နေရာသို့ လူနှစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရသည်။. သူတို့နှစ်ယောက်သည် တူညီသော အစိမ်းပြာ၀တ်စုံကို ၀တ်ဆင်ထားကြပြီး ၀တ်စုံရင်ဘတ်ပေါ်တွင် "လင်း"ဟူသော စာလုံးတလုံးကို ရေးထိုးထားသည်။

"ချင်းရွှမ်မြို့ရဲ့ လင်းကလန်လား ?" ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ စိတ်ထဲတွင် အံ့ဩသွားပြီး "ချင်းရွှမ်မြို့ လင်းမိသားစု တပည့်တွေက ဆိတ်သုဉ်းခြင်း ရှေးဟောင်း တောအုပ်ထဲ ဘာလာလုပ်ကြတာလဲ၊ တစ်ခုခု ရှာနေပုံပဲ"

ချင်ယွင် ပဟေဠိဖြစ်နေချိန်မှာ လင်းကလန်တပည့်တွေကြားက စကားဝိုင်းဟာ သူ၏ မျှော်လင့်ချက်များကို တောက်ပစေခဲ့သည်။

"ဟေး၊ ချင်ယွင်က ဘယ်ကို ပြေးသွားတာလဲ။ ချင်းနင်းမြို့တစ်ဝိုက် ဧရိယာတွေ ကိုလည်း အမြန်ရှာပြီးပြီ။ သူက ချင်းယွမ်မြို့ကို ထွက်သွားမယ်လို့ မင်းထင် လား။" ခပ်၀၀ လူငယ်တစ်ဦးက ပြောသည်။

"ငါတော့ မထင်ဘူး။. ကြည့်လေ , ဒါဝံပုလွေအစွယ်နှင်း၀က်ရဲ့ သွေးစတွေမဟုတ်လား။. ဒီဝံပုလွေအစွယ်နှင်း၀က်ဟာ မကြာသေးခင်ကမှ အသတ်ခံရတယ်ဆိုတာ သေချာ တယ်။. ဒါက ချင်ယွင် သတ်ဖြတ်ခဲ့ တယ်ဆိုတာ ‌ဖြစ်နိုင်တယ်။ . ငါတို့ အနီးနားကို ရှာကြည့်ရအောင်။. ငါတို့ သူ့ကို မှီကောင်းမှီနိုင်တယ်" အခြား လူငယ်တယောက်က တုန့်ပြန်သည်။.

"အင်း၊ ဒါဆိုလည်း သွားကြစို့။ ဟိုနားဒီနား ရှာကြည့်ရအောင်"။

ထိုသို့ပြောပြီးနောက် နှစ်ယောက်သား အမြန်ထွက်သွားကြတော့သည်။

ချင်ယွင်သည် တပည့်ငယ်နှစ်ယောက် ထွက်သွားသည်ကို ကြည့်နေသော်လည်း သူ၏မျက်ခုံးများက ပို၍နက်ရှိုင်းစွာ တွန့်ရှုံ့သွားသည်။

"လင်းကလန်က ဘာလို့ ငါ့ကိုရှာနေတာလဲ။ ငါ လျူကလန်ရဲ့ သခင်လေးကို သတ်လိုက်တာလေ။ ငါ့ကိုရှာသင့်တာက လျူကလန် မဟုတ်ဘူးလား။ လင်းကလန် အဖွဲ့၀င် တစ်ယောက် ယောက်က ဘာလို့ပေါ်လာရတာလဲ။ ဖြစ်နိုင်တာက လျူကလန်နဲ့ လင်းကလန်က အတူတူ အလုပ်လုပ်နေကြတာများလား ၊ ဒါပေမယ့် ချင်းယွမ်မြို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မျိုးနွယ်စု သုံးခုဟာ တစ်ခုနဲ့တစ်ခု သဘောထား ကွဲနေကြတာ မဟုတ်လား။ သူတို့က လျူကလန်ကို ကူညီပြီး န၀မအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်နှစ်ယောက်ကို ဘာလို့စေလွှတ်ရတာလဲ။

ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် သံသယများစွာကို ရုတ်တရက် ခံစားလိုက်ရ သည်။ ဒီကြားထဲမှာ ငါးစာတခုခုတော့ ရှိရမည်ဟု သူခံစားမိသည်။

ယခင်ကတည်းက သူသည် တစ်ခုခုမှားနေပြီဟု ခံစားခဲ့ရသည်။ သူသည် လျူကလန်၏ သခင်လေးကို သတ်လိုက်သော်လည်း လျူကလန်သည် လုံးဝမလှုပ်ရှားခဲ့ပေ။ သူ့နောက်ကိုလိုက်ဖို့ လူတယောက်ကို‌ တောင် မစေလွှတ်ခဲ့ဘူး။

လျူထန်းရှင်သည် လက်စားချေခြင်းကို စွန့်လွှတ်မည်ဟု သူယုံကြည်ရန် လုံးဝ မဖြစ်နိုင်ပေ။ လျူထန်းရှင်သည် လက်စားချေခြင်းနှင့်ပတ်သတ်ပြီး ချင်နင်း မြို့၌ နာမည်ကြီးသည်။

"ဒီမှာ ပူးပေါင်းကြံစည်မှု တစ်ခုရှိရမယ်။ မဟုတ်ဘူး၊ ငါ သူတို့နှစ်ယောက်ကို ဖမ်းပြီး လျူကလန်မှာ ဘာဖြစ်နေလဲဆိုတာကို သိအောင်မေးရမယ်။"

ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး သူသည် လျှို့ဝှက်ကြည်စည်မူကို အနံ့ခံဖို့ ချက်ချင်းပင် စိတ်အားထက်သန်လာသည်။

"ဟမ့်။ လျူထန်းရှင် ခင်ဗျား ဘာပဲလုပ်လုပ် ကျုပ်ချင်ယွင်က ခင်ဗျားနောက် အဆုံးထိ လိုက်ပါပေးမယ်!"

ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုတ်လို

သည်။ ထို့နောက် သူသည် လေအရိပ်ခြေလှမ်းများကို ထပ်မံအသုံးပြုကာ ၎င်းတို့နှစ်ဦး စောစောကထွက်ခွာသွားသည့် ဦးတည်ရာဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။

All Chapters