ကီဝီငှက်နှင့် ဝါးခုံကောင်တိုက်ပွဲ
Vol. 2 Ch. 17
အခန်း (၁၇) ကီဝီငှက်နှင့် ဝါးခုံကောင်တိုက်ပွဲ
"အဲဒီကလေးက ကြွက်တကောင်များလား။ အခုတော့ တစ္ဆေသရဲလို အရိပ်တောင် မတွေ့ရတော့ဘူး၊ သူ့ကို ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်ထဲမှာ မြင်ဖူးတယ်လို့ တစ်ယောက် ယောက်က မပြောခဲ့ဘူးလား။ သူဘာကြောင့် ကမ္ဘာကြီးကနေ အငွေ့ပျံသလို ပျောက်သွားရတာလဲ"
စောစောကပေါ်လာသည့် လင်းကလန်မှလူငယ်နှစ်ယောက်ဟာ ကျိန်ဆဲနေကြသည်။ ၎င်းတို့သည် အနီးပတ်ဝန်းကျင် ငါးကီလိုမီတာ
အကွာကို ရှာဖွေခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ရပေ။ ဒါက သူတို့ကို ဒေါသထွက်စေသည်။
"ဒီကောင်လေးက ဒီတောနက်ထဲကို ဝင်မယ်လို့ မင်းထင်လား" ပိန်ပိန်ပါးပါး လူငယ်က ပြောသည်။
"ဒါက သေခြင်းတရားကို တောင်းခံနေတာဘဲလေ။ တောအုပ်ထဲ ပိုနက်နက်သွားလေ၊ ဆိတ်သုဉ်းခြင်းသားရဲတွေက ပိုသန်မာလာလေဘဲ။ အဲဒီကောင်လေးက သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်လို့ ပြောလို့ရတယ်။ သူသာ အဆင့်နှစ် ဆိတ်သုဉ်းခြင်းသားရဲနဲ့တွေ့ရင် သေမှာ သေချာပါတယ်။" ခပ်၀၀လူငယ်က လှောင်ပြောင်သည်။
"မှန်တယ်။ ငါတို့တောင်မှ အစွန်းဖျားတစ်ဝိုက်မှာဘဲ လှည့်ပတ်လျှောက်ဝံ့တယ်။ ငါတို့သာ နည်းနည်း လေး အတွင်းကိုထပ်ဝင်သွားမယ်ဆို ဘယ်လို သေသွားမှန်းတောင် သိမှာမဟုတ်ဘူး" လူပိန်က ခေါင်းညိတ်သည်။
သူတို့နှစ်ယောက်သား စိတ်ဓာတ်ကျသွားသည်။ ယခုတကြိမ် သူတို့၏ မျိုးနွယ်စုခေါင်းဆောင်က အမိန့်ပေးထားသည်။ အကယ်၍ မည်သူမဆို ချင်ယွင်ကို ဖမ်းဆီးနိုင်ပါက အဆင့်နိမ့်အဆင့် အလယ်အလတ်တန်းစား သိုင်းပညာရပ်တခုနှင့် မူလကျင့်ကြံဆေး ဆယ်ပြား ချီးမြှင့်ပေးမှာဖြစ်သည်။ ချင်ယွင်၏တည် နေရာကို သတင်းပို့ပေးပါက အမှန်အတိုင်းပြောနိုင်လျှင် သူတို့သည် မူလကျင့်ကြံဆေး သုံးလုံးကိုလည်း ရရှိဦးမည်ဖြစ်သည်။ ထိုကဲ့သို့ ရက်ရောသော ဆုလာဘ်သည် သူတို့ကို ရူးသွပ်စေလိမ့်မည်။
ထို့ကြောင့် လင်းကလန်၏ တပည့်များအားလုံးသည် အိမ်မှ ထွက်လာကြပြီး ချင်ယွင် မည်သည့်နေရာတွင် ရှိသည်ကို စုံစမ်းမေးမြန်းကြသည်။ သို့သော် သုံးရက်နီးပါး ကြာသွားခဲ့ပြီ။ သူတို့သည် လမ်းတလျှောက် ချင်ယွင် အကြောင်း တော်တော်များများ ကြားနေရသည်။ သူတို့သည် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောအုပ်သို့ လိုက်သွားခဲ့ ကြသော်လည်း တစ္ဆေသရဲတစ်ကောင်မျှ ပေါ်မလာပေ။ ဤအရာက သူတို့ကို အလွန်ဒေါသထွက်စေခဲ့သည်။
ထိုအဖွဲ့သားများသည်လည်း သတင်းများရရှိပြီး ဆိတ်သုဉ်းခြင်း ရှေးဟောင်း တောအုပ် သို့ အချိန်သိပ်မကြာခင် အလောတကြီး ရောက်လာကြလိမ့်မည်။ ထိုအချိန်တွင် ၎င်းတို့တစ်ဦးတည်း ရရှိမည့် ထိုအကျိုးကျေးဇူးကို ရရှိရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။
"ဟင့်အင်း၊ ဒီကောင်လေးကို အမြန်ဆုံး ဖမ်းရမယ်။ ဖမ်းပြီးရင် သင်ခန်းစာ ကောင်းကောင်း သင်ပေးရဦးမယ်။" ဖက်တီးက အော်ပြောသည်။
"လူကြီးမင်းတို့ ၊ ကျွန်တော်ကို ရှာနေတာလား"ထိုအချိန်တွင် သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
လင်းကလန်မှ လူငယ်နှစ်ဦးသည် ချက်ချင်းပင် ခေါင်းမော့ကာ ၎င်းတို့နှင့် မဝေးလှသော သစ်ပင်ကြီးတစ်ပင်ပေါ်တွင် လူငယ်တစ်ဦ ရယ်မောနေသော အမူအရာဖြင့် ရပ်ကြည့် နေကြသည်ကို တွေ့လိုက်ရသည်။
"သူက ချင်ယွင်ဘဲ !" ဖက်တီးက ချက်ချင်းအော်လိုက်ပြီး သူ၏မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။
"မြန်မြန်ဖမ်း၊ မလွတ်စေနဲ့!" ပိန်ပါးပါးလူ၏ မျက်နှာသည် ကျားသစ်တစ်ကောင် သားကောင်ငယ်ကို မြင်လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှု အပြည့်ရှိနေသည်။
"စိတ်မပူပါနဲ့ ကျွန်တော် မပြေးပါဘူး။" ချင်ယွင်က ပြုံးပြသည်။ သူသည် စိတ်ထဲမှာတော့ အေးစက်စွာ ဟစ်အော်မိ၏ "ဟမ့်၊ ဒီအဖေက မင်းတို့နောက်ကို လိုက်နေတာကြာပြီကွ။ ဘယ်သူက ပြေးရမှာလဲ ၊ မင်းတို့တွေပဲ ဖြစ်သင့်တယ်!"
ပိန်ပါးပါးလူက ကျယ်လောင်စွာရယ်မောပြီး “ဟား.. ဟား၊ ငါတို့နှစ်ယောက် ဒီလောက်ကံကောင်းမယ်လို့ မမျှော်လင့်ထားပါဘူး။ နေ့တစ်ဝက်ကျော်လောက် သူ့ကို ရှာပြီးတဲ့နောက် သူဟာသူ အိမ်တံခါးကို ရောက်လာခဲ့တယ်။ ဒါကို သံဖိနပ်ကို ခြေနင်းပြီး ဘာမှမရှိတဲ့နေရာမှာ ရှာတယ်လို့ ခေါ်တယ်။ ဒီတောအုပ်ကြီးထဲမှာ ရွာရှိသေးလို့လား”
ပိန်ပါးပါးလူ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုလို တွန့်ကွေးသွားသည်။ သူက မျက်ခုံးပင့်ပြပြီး ဖက်တီးကို "ဟေး ဒီတစ်ခါ အဆင့်နိမ့်အဆင့်အလယ်အလတ်တန်းစား သိုင်းပညာကို ငါဖတ်လိုက်မယ်။ မင်းအတွက် မူလကျင့်ကြံဆေး ဆယ်လုံးဆိုရင် ဘယ်လိုလဲ။"
"ကောင်းပြီ၊ ဒါက သဘောတူညီချက်ပဲ။ ဒီ မူလကျင့်ကြံဆေး ဆယ်ပြားနဲ့ဆို ငါ သေချာပေါက် သိုင်းသခင်နယ်ပယ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်။ ဟဲ ဟဲ၊ အဲဒီအချိန် ရောက်ရင် အဲဒီလူတွေ ငါ့ကို နှိမ့်ချဦးမလား ငါကြည့်မယ်။" ဖက်တီးသည် ချက်ချင်းပင် ဝမ်းသာသွားသည်။
ချင်ယွင်သည် သူတို့၏ စကားများကို ကြားသောအခါ ဒေါသထွက်ပြီး ရယ်မောနေခဲ့ သည်။ ဒီလူနှစ်ယောက်ဟာ သူ့ကို ဖမ်းမမိခင် အကျိုးအမြတ်ကို ဝေစုခွဲနေကြပြီ။ သူ့ကို စဉ်းလှီးတုံးပေါ်ရောက်နေတဲ့ ငါးတကောင်လို့ သူတို့ တကယ်ထင်ထားခဲ့တာလား။ သူကရော သူတို့သတ်ဖြတ်တာကို ငြိမ်ခံနေရမှာလား။
ဒါကိုတွေးကြည့်ရင်း ချင်ယွင်၏နှလုံးသားသည် မကောင်းမူကို စိတ်ဝင်စားသည့်အရိပ်ယောင်နှင့်အတူ ထိန်းမနိုင်ဖြစ်ပြီး ခုန်နေသည်။ အောက်ကလူငယ်နှစ်ယောက်ကို ကြည့်လိုက်ရင်း သူသည် ချက်ချင်း ချိုသာဟန်ဆောင်ကာ "ဟေ့ အစ်ကိုကြီး နှစ်ယောက်၊ အစ်ကိုကြီးတို့ ဘာများလုပ်ချင်လဲ ခင်ဗျ"ဟု ပြောလိုက်သည်။
ချင်ယွင်၏ချိုသာသော အမူအရာကို လူငယ်နှစ်ဦးက မြင်သောအခါ သူတို့၏ အပြုံးများသည် ပို၍ပင် ကြီးမားလာကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တစ်ယောက်၏ မျက်လုံးတွင်ဖြစ်ပေါ်နေသည့် ရက်စက် ကြမ်းကြုတ်မူကို အချင်းချင်း မြင်နေကြသည်။
"ဟား ဟား၊ ကောင်စုတ်လေး၊ အခု အကြောက်တရားဆိုတာကို မင်း သိပြီလား။ စိတ်မပူပါနဲ့၊ ငါတို့စကားကို နာခံပြီး အရှုံးပေးသရွေ့ ငါတို့က မင်းကို သိမ်သိမ်မွေ့မွေ့ဆက်ဆံမယ်လို့ ကတိပေးတယ်။" ဖက်တီးက ကျယ်လောင်စွာ ရယ်သည်။
"မှန်တယ်။ မင်းလက်မြှောက်ပြီး ငါတို့နောက်ကနေ လိုက်လာခဲ့သရွေ့ မင်းကို ဒုက္ခမပေးဘူးလို့ ငါတို့ကတိပေးတယ်ကွာ။" ပိန်ပါးပါးလူသည် သူ၏မျက်နှာပေါ်တွင် လိမ္မာပါးနပ်သော အပြုံးတစ်ခုရှိသည်။
"တကယ်လား? အစ်ကိုကြီးတို့က ငါ့ကိုတကယ်ဒုက္ခမပေးဘူးပေါ့" ချင်ယွင်က ကြောက်လန့် ဟန်ဆောင်ပြီး မဝံ့မရဲ ပြောနေသေးသည်။
"ဟုတ်တယ်။ အရင်ဆင်းလာခဲ့ပါ။ ပြီးရင် ငါတို့နဲ့လိုက်ခဲ့ပါ ။ မင်းကို မထိခိုက်စေရဘူးလို့ ငါတို့ ကတိပေးတယ်။" ဖက်တီးက သူ၏မျက်နှာ၀ယ် အန္တရာယ်ကင်းသည့် အကြည့်ဖြင့် ပြောပေမယ့် သူ၏ဘေးနားက ပိန်ပိန်ပါးပါးလူကို "ဒီကလေးက တကယ်ကို တုံးအတာဘဲ။ သူကို လိမ်ရတာ အရမ်းလွယ်လွန်းတယ်။ ဒါပေမယ့် ဒါလည်း ကောင်းပါတယ်။ ငါတို့ အများကြီး အားစိုက်စရာ မလိုတော့ဘူးပေါ့ "
ဘေးနားရှိ ပိန်ပိန်ပါးပါး အမျိုးသားက အထင်သေးဟန်ဖြင့် "အရင်က၊ ဒီကောင်လေး ဟာ လျူဖင်းရှန်နဲ့ လျူကလန်ရဲ့တတိယအကြီးကဲကို သတ်ပစ်ခဲ့တယ်တဲ့၊ ဒီကောင်လေးဟာ အရမ်းအစွမ်းထက်တယ်လို့ ချင်နင်းမြို့ကလူတွေဆီက ငါ ကြားဘူးတယ်။ ငါ့အမြင်အရ ပြောရမယ်ဆိုရင် ချင်နင်းမြို့ရှိ မသိနားမလည်တဲ့ အရပ်သားတွေဆီက စကားအားလုံးဟာ အဓိပ္ပာယ်မရှိသလို ယုံနိုင်စရာလည်းမရှိဘူး။"
""မှန်တယ်။ ဒီစကားက အမှန်ဆိုရင်တောင် လျူဖင်းရှန်ဟာ နဝမအဆင့်မှာ ရှိနေတယ်ဆိုပေမယ့် သူက ဆေးပြားတွေသုံးပြီး သူ့အဆင့်ကို မြှင့်တင်ထားတာ ဖြစ်ရမယ်။ သူက ချင်နင်းမြို့ရဲ့ ဒုတိယမြောက်နေတစင်းအဖြစ် သတ္တိရှိရှိ ကြေငြာရဲတယ်။ ငါသာဆို သူ့ကို လက်တစ်ချောင်းနဲ့ ချေမွနိုင်မယ်လို့ ခန့်မှန်းမိတယ်"။ ဖက်တီးက အထင်သေးဟန်ဖြင့် ပြောသည်။
သူတို့မျက်နှာပေါ် မာန်မာနကြီးသည့်အမူအရာများနှင့် သူတို့ကိုယ်သူတို့ အသံတိုးတိုးဖြင့် ရေရွတ်နေကြသည့် ထိုလူနှစ်ယောက်ကို ချင်ယွင် မြင်လိုက်ရသည်။ သူတို့နှစ်ယောက်လုံး လှည့်စားခံထားရပြီဆိုသည်ကို သူသိလိုက်သည်။
"ဟမ့်၊ ငါ မင်းတို့ကို တခဏလောက် ဂုဏ်ယူခွင့်ပေးမယ်။ ငါ အဖြစ်ပျက်များကို မေးမြန်းပြီးတာနဲ့ မင်းတို့ နှစ်ယောက် သေရတော့မယ်။" ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခြေထောက်ကို တချက်ပေါက်လိုက်သည်နှင့် သူသည် လူငယ်နှစ်ယောက်ရှေ့ကို အလွယ်တကူ ပြေးသွားလိုက်သည်။
ချင်ယွင်သည် သစ်ပင်ပေါ်မှ နာခံမှုရှိစွာ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်နှင့် လူငယ်နှစ်ဦးသည် ပို၍ပင် ဝမ်းသာသွားကာ ချင်ယွင်ကိုကြည့်သည့် အကြည့်များက ပို၍ပင် အထင်သေးစ ပြုလာကြသည်။
"ကောင်စုတ်လေး၊ မင်း ငါတို့ကို ရှာရလွယ်အောင် လုပ်ပေးလို့မရဘူးလား။ မင်းဟာလေ ငါတို့ကို ဒီဝေးလံခေါင်သီတဲ့ တောအုပ်မှာ သုံးရက်လောက် လှည့်လည်ရှာဖွေရအောင် လုပ်ခဲ့တယ် ။ ငါ မိန်းမတ ယောက်နှင့် မထိတွေ့တာရ သုံးရက်တောင်ရှိနေပြီ။ ငါတို့က မင်းကို စိတ်၀င်စားစရာ အချို့ ပေးသင့်တယ်လို့ မင်း မထင်ဘူးလား။“ ဖက်တီးလူငယ်က ချင်ယွင်၏ပခုံးကို လှောင်ပြောင်သော အမူအရာဖြင့် ပုတ်ခတ်ကာ ဒေါသထွက်နေသောသူ၏အမူအရာကို ထုတ်ဖော်လိုက်သည်။
ချင်ယွင်ကို ဖမ်းမိပြီးသည်နှင့် သူ့အား သင်ခန်းစာတစ်ခု သင်ပေးပြီး ဒေါသကို ပြေပျောက်စေမည်ဟု သူအရင်က ပြောခဲ့ဖူးသည်။ အခု ချင်ယွင်က သူတို့ရှေ့မှာ ရောက်နေမှတော့ သူ့ကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ လွှတ်ထားနိုင်မှာလဲ။ စောစောက သူပြောခဲ့တာက ချင်ယွင်ကို လိမ်ညာနေတာဖြစ်သည် ။
"အစ်ကိုကြီး၊ မင်းငါ့ကို မထိခိုက်စေဘူးလို့ မင်းပြောတာ မဟုတ်ဘူးလား။" ချင်ယွင်က မဝံ့မရဲပြောသည်။
"ဟမ့်၊ ဒီစကားတွေက မင်းကို လိမ်နေတာကွ။ မင်း ဒီလောက် နုံအလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါတို့ကိုတောင် ယုံတယ်" ဖက်တီးက လှောင်ရယ်သည်။
ဘေးနားရှိ ပိန်ပိန်ပါးပါး အမျိုးသားသည်လည်း လှောင်ပြောင်ကာ ချင်ယွင်ကို အရူးတစ်ယောက်လို ကြည့်နေဟန်တူသည်။
“မင်း…မင်း…” ချင်ယွင်က အံ့သြဟန်ဆောင်ကာ သူ၏မျက်နှာက ကွက်ခနဲ ဖြစ်သွားသည်။
ဖက်တီး နှင့် ပိန်ပိန်ပါးပါးလူသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ချင်ယွင်၏ အမူအရာများကို သူတို့ သဘောကျကြသည်။ သူတို့ဟာ လင်းကလန်တွင် မကြာခဏ အနိုင်ကျင့်ခံခဲ့ရသည်။ ယခုတော့ ချင်ယွင်က သူတို့အရူးလုပ်တာ ခံလိုက်ရတော့ သူတို့၏နှလုံးသားထဲမှာ ဖော်မပြနိုင်လောက်အောင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
"ကောင်လေး၊ ငါတို့မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်ကြောင့် မဟုတ်ရင် မင်းပေါ်လာတဲ့ အချိန်မှာပဲ ငါတို့က မင်းကို ခုတ်ပိုင်းပစ်လိုက်ပြီ။ ငါ မင်းနဲ့ အခုအချိန်အထိ အဓိပ္ပာယ်မဲ့ စကားတွေ ဘယ်လိုလုပ် ပြောနေပါ့မလဲ" ဖက်တီးက မခိုးမခန့်အမူဖြင့် ပြောသည်။
"မင်းတို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်ဟုတ်လား။ မင်းတို့ လင်းမျိုးနွယ်စု ခေါင်းဆောင်ကို ငါတောင် မသိဘူးလေ၊ သူက ငါ့ကို ဘာလို့ ဖမ်းခိုင်းရတာလဲ။" ချင်ယွင် အံ့ဩသွားသည်။
"ဟမ့်၊ မင်းမသိသေးဘူးလား၊ ဒါဆို ငါ မင်းကို မသေခင် သိခွင့်ပြုမယ်။ အခုအချိန်မှာတော့ ချင်းယွမ်မြို့တစ်ခုလုံးဟာ သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်ဖြစ်တဲ့ ချင်ယွင်လို့ခေါ်တဲ့ ကလေးတစ်ယောက်ရှိနေပြီဆိုတာကို သိနေကြပြီ။ သူက တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်ကိုတောင် သတ်နိုင်ပြီး ကောင်းကင်နှင့် မြေကြီး၏စွမ်းအားကို အသုံးပြုနိုင်တယ်။ သူ့မှာ ရတနာတွေ ရှိရမယ်။ အခု ကလန်ကြီးသုံးခုမှ ကျွမ်းကျင်သူများအားလုံး ထွက်လာကြပြီး မင်းကို ဖမ်းမိဖို့ စတင်နေကြပြီ။” ဖက်တီးက လှောင်ရယ်ကာ ပြောသည်။
မူလက ချင်ယွင်ပေါ်လာသောအခါ သူတို့စိတ်ထဲတွင် အနည်းငယ် သတိထားနေသေး သည်။ သို့သော် ချင်ယွင်၏ သူရဲဘောကြောင်သော အသွင်အပြင်ကို မြင်လိုက်သော အခါ ချင်ယွင်တွင် ရတနာများ မရှိကြောင်း၊ သို့မဟုတ် တစ်ခါသုံး ရတနာများသာရှိနိုင် ကြောင်း မှန်းဆကြသည်။ ဒီလိုမှမဟုတ်ရင် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် နှစ်ယောက်ကို ဘယ်လိုလုပ် ကြောက်ပါ့မလဲ။
ပိန်ပိန်ပါးပါးလူကလည်း နှာခေါင်းရှုတ်မိ၏။ သူ၏အတွေးများကလည်း ဖက်တီးနှင့် အတူတူပင်။ တတိယအဆင့် ကောင်းကင်အလွှာ သိုင်းသခင်တဦး ကို သတ်ဖြတ်နိုင်သူ တစ်ဦးသည် န၀မအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင်နှစ်ယောက်ကို မည်ကဲ့သို့ ကြောက်လန့်နိုင်မည်နည်း။ ဒါက ချင်ယွမ်သည် ဤမျှလောက် အစွမ်းထက်သော ခွန်အားကို မပေါက်ကွဲနိုင်သလို သူ၏ရတနာများကိုလည်း ထုတ်ဖော် မပြနိုင်ခြင်း မရှိဟုသာ ဆိုလိုနိုင်သည်။ ဒါ့အပြင် ၊ သူသည် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းပညာရှင် တယောက်သာဖြစ်သည်။ သူတို့က ဘာကိုကြောက်ရမှာလဲ။
ချင်ယွင်သည် ဖက်တီး၏စကားကြားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။ မူလက လျူကလန်၏ ဆုကြေးပေးမူကြောင့်လို့ ထင်ခဲ့ပေမယ့် ဒါက လိမ်လည်မှု တစ်ခုဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ ပေ။ သူ့မှာ ရတနာတစ်ခုရှိတယ်လို့ ပြောပေမယ့် ဘာရတနာများရှိနေတာလဲ။
လျူကလန်သည် သူ့အား ဖယ်ရှားရန် အခြားသော မျိုးနွယ်ကြီးနှစ်ခု၏ လက်ကို ငှားယူလိုပြီး ကီဝီငှက်နှင့် ဝါးခုံးကောင်တို့ကြားတိုက်ပွဲမှ ၎င်းတို့သည်အကျိုးကျေးဇူး ရယူလိုသည့်အကြောင်း ထင်ရှားလှသည်။
"လျူကလန်၊ မင်းတို့က ကစားချင်မှတော့ ငါ မင်းတို့နဲ့ အဆုံးထိ ကစားပေးမယ်။" ချင်ယွင်၏ ပါးစပ်ထောင့်သည် မောက်မာသည့်ဟန်ပန်အဖြစ်သို့ ပွင့်ဟသွားသည်။ သူ၏ဘေးမှာ သူ၏အစ်မ မရှိမှတော့ သူ့မှာ စိတ်ပူစရာ လုံးဝမရှိတော့ပေ။
"ဟေ့ လူအကောင်စုတ်လေး၊ ငါ့ရှေ့မှာ မြန်မြန်လာပြီး မတ်တပ်ရပ်လိုက်ပါ။ ငါ့အတွက် သဲအိတ်လာလုပ်စမ်း။ ငါ့လက်တွေ ယားယံလွန်းလို့ အဲဒါတွေကို ထုတ်ပစ်ရမယ်" ချင်ယွင်သည် အမှန်တကယ် ကြောင်တက်တက် ဖြစ်နေသည်ကို ဖက်တီးက မြင်လိုက်ရပြီး ချက်ချင်းပင် ဒေါသတကြီး ဟောက်လိုက်သည်။
ချင်ယွင်သည် မျက်ခုံးပင့်ကာ အဆီထွက်နေသော လူငယ်ကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်တွင် ဖုံးကွယ်မထားသည့် လှောင်ပြောင်ဟန်တစ်ခု ပေါ်လာပြီး ပြောလိုက်သည် "မင်းလက်က ယားယံနေတယ်ဆိုတော့ မင်းကိုယ်စား ငါခုတ်ဖြတ်ပေးရမလား။"